People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍386🔥2
AA ထိန်းချုပ်ထားသော သံတွဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်မကြာခဏပစ်ပြီး ဗုံးကြဲ

ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People's Spring

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်သံတွဲမြို့ကို ဇွန်လဆန်းမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်စစ်ကောင်စီက ယမန်နေ့
(ဇွန်လ ၇ရက်)ညတွင်လေကြောင်းမှဗုံးကြဲခဲ့သည်။

သံတွဲမြို့၊စစ်သားစုဆောင်းရေးတပ်ကိုဇွန် ၇ ရက် ည ၁၀ နာရီ မိနစ် ၄၀မိနစ်တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

"လူအထိအခိုက်မရှိခဲ့ဘူးလို့သိရတယ်။ ထူးခြားမှုအနေနဲ့ကတော့ သံတွဲမြို့ကို ဒီရက်ပိုင်းမှာပင်လယ်
ထဲကနေ လက်နက်ကြီးနဲ့လှမ်းလှမ်းပစ်တယ်။သူတို့မထိန်းချုပ်နိုင်တဲ့နေရာကိုအနှောက်အယှက် ပေးနေတဲ့သဘောပဲ"ဟု ၎င်းကပြောသည်။

စစ်ကောင်စီသည် ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် သံတွဲမြို့နှင့် ဂွမြို့ကို ဇွန်လ၃ရက်နေ့ညမှစ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်။ပင်လယ်ပြင်၌ ရှိနေသည့် စစ်ရေယာဉ် ၃ စီးက ပစ်ခတ်ခြင်းဖြစ်ပြီးဒေသခံများသည် ယခုရက်ပိုင်း ပင်လယ်ပြင်၌ငါဖမ်းမထွက်ကြကြောင်း သတင်းရရှိသည်။

သံတွဲမြို့သည် စစ်ကောင်စီ၏ ​မောင်​ရွှေ​လေး​ရေ
တပ်စခန်းရှိသည့် မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်
တင်ဘာလ ၅ရက်၌ AAက အပြီးသတ် သိမ်းပိုက်
ခဲ့သည်။​ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအ
နက်သံတွဲမြို့သိမ်းတိုက်ပွဲသည် အခက်အခဲဆုံးဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့သည်။

မတ်လ၂၈ရက်ကငလျင်ကြောင့်ပြန်လည်ထူ
ထောင်ရေးလုပ်ငန်းများ လုပ်ရန်ဟုဆိုကာ စစ်ကောင်စီကရော AAကပါ အပစ်ရပ်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက လေကြောင်း နှင့်လက်နက်ကြီးအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့ထုတ်ပြန်ထားသည့်တစ်ဖက်သတ်အပစ်ရပ်မှုကို မလိုက်နာဘဲ ရပ်သားပြည်သူရှိရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း AAက ထုတ်ပြန်ထားသည်။
🤬6210😢5👍3😡2👎1
မောင်​ရွှေ​လေး ရေတပ်ပင်မ​ရေငုပ် နှင့် ဆယ်ယူ​​ရေးတပ်ကို AA က ၂၀၂၄ စက်တင်ဘာ ၅ ရက်တွင်အပြီးသတ်ပိုက်ပြီး​နောက်​တွေ့ရစဥ်။
ဓါတ်ပုံ-AA Infodesk
67👍13🔥1
■ကဗျာ

'အိမ်တက်မင်္ဂလာ’

◼️နေဘုန်းလတ်

ကျောပိုးအိတ်ကိုလွယ်
ဘွတ်ဖိနပ်ကိုစီး
အမေ့ဖုန်းနံပါတ်ကိုအလွတ်ကျက်ပြီး
ဒီခရီးကို စခဲ့ကြ
အချို့ဆို ...
နှုတ်ဆက်ချိန်တောင်မရခဲ့ဘူး။

ပန်းတိုင်လည်းရှိတယ်
လမ်းလည်းသိတယ်
ဒါပေမယ့် ...
ပန်းတိုင်ကို ဘယ်အချိန်ရောက်မှာလဲ
ဒီလမ်းကို ဘယ်လောက်လျှောက်ရမလဲ
သိခြင်းတချို့နဲ့ မသိခြင်းတဝက်
ဒီလိုပဲ ငါတို့ ထွက်ခွာခဲ့ကြတယ်
... ... ...
အမေ့အိမ်ကနေ
မိသားစုတွေဆီကနေ
ပျော်စရာ အခိုက်အတန့်တွေကနေ ...။

ပြန်တွေ့ကြတာပေါ့လို့တွေး
ကိုယ့်အသက်ကိုယ်မွေးကြရင်း
အပြီးအပိုင်ဝေးဝေးသွားကြတဲ့ ကြယ်တွေ
ပြန်ဆုံကြတဲ့အခါ ...
အရင်လို လူစုံကြပါတော့မလား
အဲဒီ့လိုစိုးရိမ်စိတ်တွေနဲ့ပဲ ...။

မပြီးသေးတဲ့ခရီး
ရေမြေအဆုံးစီးဆင်းကြရုံပေါ့
ငါတို့ပြန်လာခဲ့မှာပါ
... ... ... ...
အဲဒီအချိန်အခါဟာ
ငါတို့ရဲ့ အိမ်တက်မင်္ဂလာ
တယောက်အမာရွတ်ကို
တယောက်ကပွတ်သပ်ရင်း
ပြန်မလာနိုင်တော့သူတွေအကြောင်း
နေစောင်းတဲ့အထိ ပြောကြရင်း
ဒဏ်ရာတွေနဲ့ တည်ခင်းမယ့်ညစာ
မင်းလဲ ငါ့ကိုဖိတ်ပါ
ငါလဲ မင်းကိုဖိတ်မှာ ... ။ ။

The Call - ​ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​နေဘုန်းလတ်' ရေးဖွဲ့တဲ့ "အိမ်တက်မင်္ဂလာ" ကဗျာ ကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
52👍18🎉2🤮1
44👍11🤮1
ရန်ကုန်တွင်အုပ်ကြီးများ အိမ်​ထောင်စုစာရင်းလိုက်​​ကောက်​နေ

ဇွန်-၈၊၂၀၂၅။ရဲခေါင်/People's Spring

ရန်ကုန်မြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်​ရေး အဖွဲ့ဝင်များက ရပ်ကွက်​နေပြည်သူများ၏ အိမ်ထောင်စုစာရင်းစာရင်းစာရွက်များကို လိုက်လံကောက်ယူနေကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၁၈ နှစ်ပြည့်သူများ ရှိ၊မရှိ စစ်ဆေးရန် နှင့် ၁၈ နှစ်ပြည့်ပါက မှတ်ပုံတင် လုပ်ပေးရန် ဆိုကာစာရင်း ကောက်ယူ​နေခြင်းဖြစ်​ကြောင်း စစ်ကောင်
စီ၏အုပ်ချုပ်ရေးအဖွဲ့ဝင် များက ပြောကြောင်း သိရသည်။

"နေ့ခင်းဘက်ကြီး သုံးယောက်လောက် အိမ်ရှေ့ ရောက်လာတာ။ဘာကိစ္စလဲမေးတော့ ဒီအိမ်မှာ ၁၈ နှစ် ပြည့်ခါစ တွေရှိသလား။မရှိဘူး လို့ပြောတော့ အိမ် ထောင်စုစာရင်းစာရွက်တောင်းတယ်။ပြီးတော့ ဓာတ်ပုံ ရိုက်ပြီး ပြန်သွားတယ်"ဟု ရွှေပြည်သာမြို့နယ် နေသူ တစ်ဦးက ပြောသည်။

အင်းစိန်၊မရမ်းကုန်း၊မြောက်ဒဂုံ အရှေ့ဒဂုံ ၊ကမာရွတ်မြို့နယ်တို့တွင်လည်း အလားတူဖြစ်စဥ်မျိုးရှိနေသည်ဟု ဒေသခံများက ​ပြောသည်။

"အိမ်ထောင်စုစာရင်းတွေ ကောက်ဖို့ မြေပြင် ကွင်းဆင်းကောက်ဖို့ ခိုင်းတာ မနေ့က(ဇွန်လ ၇ ရက်) စ တာလို့ပြောရတယ်။သိရတာတော့ ၁၈ နှစ် စ ပြည့်တဲ့သူတွေနဲ့ ပြည့်ပြီးသူတွေ အချက်အလက်အ
သေးစိတ် စာရင်းလိုချင်လို လို့ ကြားတာပဲ"ဟု ကမာရွတ်မြို့နယ်အုပ်ချုပ်ရေး ရုံးနှင့်နီးစပ်သူက ပြောသည်။

ထိုအခြေအနေသည် မတရားအာဏာသိမ်းထားသည့် စစ်ကောင်စီက ဦးစီးပြုလုပ်မည့်ရွေး ကောက်ပွဲအတွက် စာရင်းပြုစုခြင်း အဓိကဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံအချို့က မှတ်ချက်ပြုသည်။

"စစ်မှုထမ်းကိစ္စထက် သူတို့လုပ်မယ့် ရွေးကောက်
ပွဲ က ပိုပြီးဖြစ်နိုင်တယ်။စစ်မှုထမ်းကိစ္စဆိုရင် အဲဒီလောက် သူတို့ယဥ်ယဥ်ကျေးကျေးဆင်းမကောက်ဘူး"ဟု မရမ်းကုန်းမြို့နယ်နေသူတစ်ဦးက ၎င်း၏ ထင်မြင်ချက်ကို ပြောသည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်တွင်လည်းသ​န်းခေါင်းစာရင်း​ကောက်ယူခဲ့​​​သေးသည်။

အာဏာသိမ်းပြီး လေးနှစ်ကျော်အကြာ ယခုနှစ် ဒီဇင်ဘာလနှင့်၂၀၂၆ ဇန်နဝါရီလတွင်ရွေး
ကောက် ပွဲ ပြုလုပ်မည့်ဟု အာဏာသိမ်းစစ်ခေါင်း
ဆောင်မင်းအောင်လှိုင်က ပြောထားသည်။

စစ်ကာင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲသည် စစ်အုပ်စုက နိုင်ငံရေးအရ ထွက်​ပေါက်ရှာရန် ဖြစ်ပြီး တရားမဝင်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန် ထားသည်။
👎27😡2410😁4🔥2👍1🤬1🖕1
(ရန်ကုန်မြို့လယ် တ​နေရာကို ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring
30👍13🔥3
ရွှေဘိုမှာ ပျူရွာက ပျူစောထီးတဦး
လက်နက်ခဲယမ်းတွေနဲ့ ပကဖထံ အလင်းဝင်

ဇွန်-၈၊၂၀၂၅။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ကစစ်ကောင်စီလက်
အောက်ခံ မြင်းချင်း​ပျူကျေးရွာကနေ ပျူစောထီးတဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

ဇွန်လ (၆)ရက်နေ့ကစစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာက ပျူလက်နက်ကိုင်တစ်ဦးဟာ G3 (၁)လက်၊ကျည်ဘောက်(၃)ခု၊ G3ကျည် (၉၂)
တောင့်တို့ကိုယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်
ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"သူတို့ကကောင်းကောင်းမွန်မွန်နေချင်တယ်။ အ
ကြောက်တရားတွေနဲ့ မရှင်သန်ချင်တော့ဘူးလို့ ပြောပါတယ်။ ကျနော်တို့က အစောကတည်း အ
လင်းဝင်ဖို့ စည်းရုံးလှုံ့ဆော်ခဲ့တာတွေ အများကြီးရှိပါတယ်။"လို့ရွှေဘိုပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

အလင်းဝင်ရောက်လာသူကိုထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ပြီး သူနဲ့အတူပါလာတဲ့ မိသားစုဝင်တွေကိုပါ လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်ထားတယ်လို့ ရွှေဘိုပကဖက အသိပေးပါတယ်။

ရွှေဘိုပကဖထံ အလင်းဝင်ထားတဲ့ စစ်သား၊ ရဲနဲ့ပျူ စုစုပေါင်း(၁၀)ဦးထက်မနည်းရှိကြောင်းသိရပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာဖြစ်တာကြောင့် စကစတပ်ဖွဲ့ဝင်များ၊ ပျူများအနေဖြင့်လည်း အမြန်ဆုံး အလင်း
ဝင်ရောက်ဖို့ လိုအပ်နေကြောင်း၊အချိန်မရွေး ဆက်
သွယ်ပြီး အလင်းဝင်ရောက်နိုင်ဖို့ ဖိတ်ခေါ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်
တွန်းထားပါတယ်။
👍5913🔥2😁2
အလင်းဝင်လာသူပျူစောထီးအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုပကဖ
👍769😁2👏1
စစ်ကောင်စီဘက် ရပ်တည်ပေးသည့် တရုတ်အစိုးရကိုဆန့်ကျင်​ကြောင်း အမေရိကန်ရောက် မြန်မာများတရုတ်သံရုံးရှေ့ ဆန္ဒပြ

ဇွန်-၈၊၂၀၂၅။People’s Spring

မြန်မာ့အရေးတွင် တရုတ်အစိုးရ ဝင်ရောက်စွက်
ဖက်မှု ဆန့်ကျင်ကြောင်းနှင့် စစ်​ကောင်စီဘက်မှရပ်တည်​သော တရုတ်အစိုးရကို ဆန့်​ကျင်​ကြောင်းအမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိကုလသ
မဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် နယူး​ယောခ်ရှိမြန်မာများစုဖွဲ့ထား​သော NYCBCကဦး​ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ဇွန်လ ၆ရက်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရက စစ်ကောင်စီဘက် ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေခြင်းများ ရပ်တန့်ရန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနှင့် NYCBC အဖွဲ့က ဦးဆောင် ဆန္ဒ ပြခဲ့ခြင်းဖြစ်​ကြောင်းဖော်ပြထားသည်။

တရုတ်အစိုးရ အနေဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမျှတမှုမရှိသည့်အတုအယောင် ရွေးကောက်
ပွဲကို မထောက်ခံရန် ၊ စစ်ကောင်စီကိုစစ်လက်နက်များ မထောက်ပံ့ရန် မြန်မာနွယ်ဖွားများက တောင်းဆိုခဲ့ပြီး မြန်မာပြည်သူများကြုံနေရသည့် အခက်
အခဲများကို ထောက်ထားပေးရန် တိုက်တွန်းခဲ့ဟု NYCBCက အသိပေးသည်။

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် မြန်မာပြည်သူများ အပေါ် တရားဥပဒေမဲ့ အကြမ်း
ဖက် သတ်ဖြတ် မီးရှို့ဗုံးကြဲမှုများ နေ့စဉ်ရက်ဆက်ပြုလုပ်နေသော မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုအားရပ်တည်ထောက်ခံပေးနေသည့် တရုတ်
ကွန်မြူနစ်အစိုးရ၏ မှားယွင်းသော မူဝါဒကို ပြင်း
ထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒထုတ်​ဖော်မှုကိုလည်းတိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

၂၀၂၁တွင် ဒီမိုကရေစီအစိုးရထံမှ မတရား အာ
ဏာလုယူပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့် အပါ
အဝင် အစိုးရ ခေါင်းဆောင်များ၊ လွတ်တော်ကိုယ်
စားလှယ်များအား ဖမ်းဆီးထောင်ခဲ့ကြသည့် အာ
ဏာရှင်များကို ပြည်သူများက မထောက်ခံဘဲ တွန်းလှန်ခဲ့ကြသည်မှာ လေးနှစ်ကျော်ရှိပြီဖြစ်
ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ အမျိုးသားတဦးက ပြောကြားခဲ့ပြီး တော်လှန်ရေးကပေါက်ဖွားလာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
ကို တခဲနက်ထောက်ခံကြောင်း အသိပေးသည်။

အာဏာသိမ်းပြီးလေးနှစ်ကျော်အတွင်းစစ်ကောင်
စီက သတ်ဖြတ်ခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ များစွာကို သတ်ဖြတ်ခဲ့သည့် စစ်အုပ်စုအား ရပ်တည်ပေးနေမှုကို တရုတ်အစိုးရ အနေ
ဖြင့် ရပ်တန်းက ရပ်ပေးရန်လည်း ၎င်းကတောင်းဆိုခဲ့သည်။

“တရုတ်ရှီကျင်းပင် အစိုးရ အနေနဲ့ ရပ်တန်းက
ရပ်ဖို့ကျနော်တို့ဒီနေရာကတောင်းဆိုပါတယ်။ ပြင်းပြင်းထန်ထန်လည်း ကန့်ကွက်ပါတယ်။” ဟုဆန္ဒပြပွဲ ဦးဆောင်သူက ပြောကြားသည်။

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်
သူများက ခွင့်မပြုကြောင်း၊ ပြည်သူ့ ဆန္ဒမပါဘဲ ရွေးကောက်ပွဲ လုပ်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့်ရွေးကောက်ပွဲ လုပ်ဆောင်သူများကို ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူက ပြောကြားသည်။

တရုတ်ကွန်မြူနစ်အစိုးရ ကျရှုံးပါစေ၊ ရှီကျင်းပင်အစိုးရ ကျရှုံးပါစေ ဟုလည်း ဆန္ဒ ပြသူများက ကြွေးခဲ့ကြပြီးနွေဦးတော်လှန်ရေးအောင်ရမည် အရေးတော်ပုံ အောင်ကိုအောင်ရမည်ဟု ကြွေး
ကြော်ခဲ့သည်။

ထို့ပြင် CHINA Get Out of Burma ၊ China Shame on You စာသားများ ရေးသား ဖော်ပြပြီး တရုတ်သမ္မတ ရှီကျင်းပင်အား အလိုမရှိကြောင်း ဖော်ပြသည့် ပုံကို ကိုင်ဆောင်ဆန္ဒထုတ်ဖော်ပြ
သည်ကိုလည်းတွေ့ရသည်။

"ငါတို့အနာဂတ်ငါတို့ ကိုယ်တိုင်ဆုံးဖြတ်မယ်"ဟုလည်း ဆန္ဒထုတ်ဖော်သူတို့က ဖော်ပြကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ကြသည်။
👏6330👍2🤮1
ဓါတ်ပုံ-NYCBC
78👍17🤮1
80👍13🤮1