" မန်းPDFက ကူတိုက်ဖို့ တောင်းထားတယ်ကြားတယ်။ လက်နက်လည်းတောင်းထားတယ်ကြားတယ်။ နောင်ချိုတော့ အပါမခံဘူးလို့ ဆိုတယ်"လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်နဲ့အနီးဆုံးမြို့ဖြစ်သလို စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်တာကြောင့် နောင်ချိုမြို့ကို စစ်ကောင်စီကလည်း အပြင်းအထန် ထိုးစစ်ဆင်နေသလိုTNLAပူးပေါင်း
တပ်တွေဟာလည်း နောင်ချိုမြို့ ပြန်မပေးရရေးအတွက် ခုခံကာကွယ်နေပါတယ်။
ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ လက်စွမ်းထက်ပြီး မြို့ပေါင်း ၁၂ မြို့ကိုဦးဆောင်သိမ်းပိုက်ခဲ့တဲ့ TNLA ဟာ နောင်ချိုမှာဘာကြောင့် နောက်ဆုတ်ပေးနေရတာလဲဆိုတာကိုပြည်သူတွေ အားမလိုအားမရဖြစ်နေသလို ၊နားမလည်နိုင်လည်းဖြစ်နေကြပါတယ် ။ အဲဒီထဲမှာ အစိုးရိမ်ဆုံးဖြစ်နေကြတာက အာဏာလာစစ်ကောင်စီကို ဖီဆန်တော်လှန်ခဲ့ကြတဲ့ပြည်သူတွေက စစ်တပ်သာ နောင်ချိုမြို့ကိုရောက်လာရင်ဆိုတဲ့အတွေးတွေနဲ့ အလွန်စိုးရိမ်နေကြရတယ်လို့ တော်လှန်ရေးကို ပါဝင်ကူညီနေတဲ့ ပြည်သူအချို့ကပြောပါတယ် ။
နိုင်ငံတစ်ဝန်းတိုက်ပွဲအများစုမှာ ရှုံးပွဲဆက်နေတဲ့ စစ်တပ်ဟာတောင်းခမ်း၊နောင်ချိုမှာအောင်ပွဲရတယ်၊စခန်းသိမ်းနိုင်တယ်ဆိုပြီး အောင်ပွဲခံနေတဲ့ ဓါတ်ပုံတွေ ၊ဗီဒီယိုတွေကိုလည်းစစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေမှာဖြန့်ချီနေကြပါတယ်။ဒါကြောင့် ပြည်သူတွေပို မခံချည်မခံသာဖြစ်ရသလို ၊ နိုင်ငံတစ်ဝန်း ပတ်ရှုံးနေတဲ့စစ်တပ် နောင်ချိုမှာ အောင်ပွဲရတာ ၊အောင်စိတ်ရတာမျိုးက လုံးဝခွင့်ပြု လက်ခံပေးလို့မရဘူးလို့ PDF အချို့ကပြောပါတယ် ။
TNLA သတင်းနဲ့ပြန်ကြားရေတာဝန်ခံ လွေးယေဦးကတော့ "နောင်ချို၊တောင်းခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ဇွန် ၅ ရက်နေ့မှာပြောပါတယ် ။
စစ်တပ်အတွက် နောင်ချိုရရင် အဲဒေသကို အခြေပြုပြီး ရှမ်းမြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်အရေးပါနေပါတယ်။နောင်ချိုကနေတဆင့် လားရှိုးမြို့ရှိရာ လမ်းပိုင်းက ကျောက်မဲနဲ့ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်နိုင်သလို မန္တလေး
တိုင်းက မိုးကုတ်မြို့ရှိရာကိုလည်း နောင်ချိုကနေတဆင့် သွားရာလမ်းပိုင်းရှိနေပါတယ်။
နောင်ချိုဒေသခံတွေ သုံးသပ်တာက စစ်ကောင်စီဟာ နောင်ချိုကနေ တဆင့် ပြင်ဦးလွင် − လားရှိုးလမ်းမကြီးပြန်လည်စိုးမိုးဖို့အတွက် ကျေက်မဲမြို့ကို ချီတက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဟာ နောင်ချိုကိုရောက်ဖို့ ၊နောင်ချိုကိုရဖို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။နောင်ချိုကို ရောက်ဖို့ကြားမှာ ကျေးရွာ လေးရွာကျော်ဖြတ်ရအုံးမှာပါ။
နောင်ချိုမြို့ကို စစ်ကောင်စီတပ် မရောက်ရေး TNLAအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ အပြင်းအထန် ကာကွယ်မယ်လို့ ယုံကြည်နေတယ်လို့လည်း အသက်(၄၀)အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာမြို့အများကြီးကိုတောင်သိမ်းနိုင်ခဲ့တဲ့ TNLA နောင်ချိုတိုက်ပွဲမှာ အစွမ်းမပြသေးပေမယ့် ယုံကြည်နေဆဲလို့သူကဆိုပါတယ် ။ဒါ့ကြောင့် လက်ရှိအချိန်ထိ နောင်ချိုမြို့ကနေ စွန့်ခွာမသွားသေးဘူးလို့လည်း သူက ဇွန်လ ၇ရက် ညနေပိုင်းမှာ ပြောပါတယ်။
"ရောက်လာခဲ့ရင်တောင် ပြေးစရာရှိတယ်။ ဒါပေမယ့် သူတို့(စစ်တပ်) ကျော်ရမယ့် စည်းတွေ ရှိနေသေးတယ်"လို့ သူက ဖွင့်ဟပါတယ်။ ။

❤45👍22🤮2🥰1
နောင်ချို၊ကံကြီးရွာ ၊တောင်းခမ်းတည်နေရာပြမြေပုံနဲ့ TNLA တပ်ဖွဲ့ဝင်များ /ကံကြီးရွာအထိ့ရှေ့တိုးလာနိုင်သည်ဆိုကာ အောင်ပွဲခံနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ။
ဓါတ်ပုံ-TNLA ၊ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်
ဓါတ်ပုံ-TNLA ၊ စစ်တပ်ဝါဒဖြန့်တယ်လီဂရန်
👍42🔥8❤2😁2🖕1
စစ်ကောင်စီတပ်ကအင်အားအများအပြားဖြင့်
မိုးဗြဲမြို့ကိုထပ်မံထိုးစစ်ဆင်
ဇွန်-၇၊၂၀၂၅။ရဲခေါင်/People's Spring
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများထိန်းချုပ်ထားသည့် ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံး၍ ယနေ့ (ဇွန်လ ၇ ရက်) တွင် ထိုးစစ်ဆင်လာသည်။
ယခုနှစ်စပိုင်းကစ၍ မိုးဗြဲ မြို့ကိုပြန်သိမ်းပိုက်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ငါးကြိမ်ထက်မနည်း ထိုးစစ်ဆင်ခဲ့ပြီး မအောင်မြင်ဘဲ အကြိမ်ကြိမ်နောက်ဆုတ်သွားခဲ့ရပြီး ယခုအကြိမ်ထိုးစစ်သည်လည်းပြင်းထန်သည်ဟု မြေပြင်ရဲဘော် အချို့က ဆိုသည်။ ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ကို ၂၀၂၃ နိုဝင်ဘာ ၁၁ ရ်တွင်စတင်သည့် တစ်လေးလုံးစစ်ဆင်ရေးတွင်သိမ်းပိုက်ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။
"အင်းအားတော်တော်များတယ်။ရှိသမျှအားသုံးပြီး တက်လာတဲ့ပုံစံမျိုး။ဒီလောက်ပဲ ပြောနိုင်သေးတယ် "ဟု မိုးဗြဲမြို့တွင်ခုခံကာကွယ်နေသည့် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
လက်ရှိစစ်ရေးအခြေအနေကြောင့် ရှမ်း-ကရင်နီနယ်ဒေသရှိ မိုးဗြဲတွင် တော်လှန်ရေးတပ်ပေါင်းစုများသည် မိုးဗြဲလမ်းမကြီးကို ဖြတ်သန်းခွင့်အချိန်ကာလအကန့်အသတ်မရှိပိတ်ထားမည်ဖြစ်ကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ဇွန်လ ၇ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။
ထို့ကြောင့်ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ဒေသခံပြည် သူလူထုများ ၊ စစ်ဘေးရှောင်ပြည်သူများအနေ
ဖြင့် မိုးဗြဲလမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် ဆက်စပ်သတိပေးသည်။
ကာကွယ်ရေးတပ်များမှ လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပူးပေါင်းပါဝင်ပေးရန် ပါ မေတ္တာရပ်ခံထားသည်။
"စကစ ဘက်က အပြင်းအထန်ထိုးစစ်ဆင်နေတာ ဟုတ်တယ်"ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ဗျူဟာ အမှတ် ၁ တာဝန်ရှိသူက လူထုနွေဦးသို့ ဇွန် ၇ ရက်ည ၁၁ နာရီတွင်အတည်ပြုသည်။
စစ်ကောင်စီသည် ကရင်နီပြည်သို့ ဝင်ပေါက်ဖြစ်သော မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် အဓမ္မစုဆောင်းထားသောစစ်သားသစ်များနှင့် PNO ပြည်သူ့စစ်များစွာ အသုံးပြု၍ အပြင်းအထန်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
အင်အား ၆၀၀ ထက်မနည်းသည့် စစ်ကောင်စီ၏ မိုးဗြဲ မြို့ စစ်ကြောင်းအပြင် မိုးဗြဲ-ကုန်းသာ နှင့် ဖယ်ခုံ- ညောင်ရွေမြို့နယ်တို့မှ စစ်ကောင်စီ၏ ဘက်ပေါင်းစုံထိုးစစ်ကို တော်လှန်ရေးအင်အားစုများကလည်း ခုခံကာကွယ်နေခြင်းဖြစ်သည်။
ထုတ်ပြန်ထားသည့် စစ်ရေးအချက်အလက်များအရ ယခုနှစ် မိုးဗြဲ မြို့ တိုက်ပွဲများအတွင်း ကရင်
နီပူးပေါင်းတပ်မှ ရဲဘော် ၁၀ ဦးကျော်ကျဆုံးထားကာ စစ်ကောင်စီဘက်မှ သေဆုံး သူ ၆၀ ထက်မနည်းရှိပြီး ၎င်းတို့ထံမှ လက်နက် ၂၀ ခန့်ကို သိမ်းဆည်းရရှိထားသည်။
စစ်ကောင်စီအနေဖြင့်မိုးဗြဲမြို့ကိုပြန်လည်ရရှိပါက လွိုင်ကော်နှင့် မိုးဗြဲ မြို့ဆက်ထားသည့် လမ်းမကြီးကို ထိန်းချုပ်ကာ ရှမ်းပြည်တောင်ပိုင်း၎င်း၏ တပ်ကူများကို ကရင်နီပြည်နယ်အတွင်းသို့ အလွယ်တကူ စစ်ကူပို့နိုင်သည့်အခြေအနေရှိလာနိုင်မည်ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်များက သုံးသပ်ထားသည်။

👍43❤9🥰4🔥3👎1👏1😱1
စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး စစ်ကိုင်းမှာ ဆန္ဒပြ
ဇွန်-၇၊၂၀၂၅။ သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၇)မှာစစ်အာဏာ
ရှင်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွာပေါင်းစုံသပိတ်ကော်မတီ၊ အားမာန်သစ်သပိတ်အင်အားစုနဲ့ တော်လှန်ပြည်သူတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ စစ်တပ်ရဲ့ မီး
ရှို့သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသော အာဇာ
နည်သူရဲကောင်း ရဲဘော်(၁၀)ဦး ၃နှစ်နဲ့ ၆လပြည့် အလေးနီပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ "Vote ILO Article 33 to save LIVES" စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

❤50👍15🤮1
၂၀၂၄ ခုနှစ် ဇန်နဝါရီမှာယူကရိန်းအစိုးရကစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ I Want to Find (ကျွန်ုပ်ရှာဖွေချင်သည်) ဆိုတဲ့ပရောဂျက်ပဲဖြစ်ပါတယ်။
ယူကရိန်းစစ်တပ်ကဖမ်းမိတဲ့ စစ်အကျဉ်းသားတွေအရေးကို ပူးပေါင်းဆောင်ရွက်တဲ့ Coordination Headquarters for The Treatment of Prisoners of War ဌာနကဆောင်ရွက်တာဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ရှေ့တန်းမှာပျောက်ဆုံးသွားခဲ့ကြတဲ့ရုရှစစ်သားပေါင်းမြောက်များစွာကိုရှာဖွေ ချင်နေကြတဲ့သူတို့မိသားစုတွေကိုကူညီဖို့ပါပဲ။ ထူးခြားတာကတော့ ကျူးကျော်ခံရတဲ့နိုင်ငံက ကျူးကျော်သူစစ်သားတွေကိုသူတို့မိသားစုတွေနဲ့ပြန်ပေါင်းထုပ်နိုင်ဖို့ကြိုးပမ်းအားထုတ်တာပဲဖြစ်ပါ တယ်။
https://www.ludunwayoo.com/opinion-mm/2025/05/20/121514/

LuduNwayOo
အညတရပျောက်ဆုံးခြင်း
၂၀၂၄ ခုနှစ် ဇန်နဝါရီမှာယူကရိန်းအစိုးရကစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ I Want to Find (ကျွန်ုပ်ရှာဖွေချင်သည်) ဆိုတဲ့ပရောဂျက်ပဲဖြစ်ပါတယ်။
👍41❤6😁2🥰1
ဧရာဝတီမြစ်ရေတက်လို့မန္တလေး- မိုးကုတ်ကားတွေ ဇက်ကူးလို့မရတာကြောင့် ပိတ်မိနေ
ဇွန်၈၊၂၀၂၅။မေရီ/People's Spring
ဧရာဝတီမြစ်ရေတက်လို့မန္တလေး- မိုးကုတ်သွားတဲ့ယာဥ်တွေဇက်ကူးလို့မရတာကြောင့်ကားတွေပိတ်မိနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
မတ္တရာနယ်ကိုဖြတ်သန်းရတဲ့မန္တလေး-မိုးကုတ်လမ်းပိုင်းနဲ့ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းဟာတိုက်
ပွဲတွေကြောင့် သွားလာလို့အဆင်မပြေတဲ့အတွက် မန္တလေးကနေ မိုးကုတ်သွားမယ်ဆိုရင် စစ်ကိုင်း၊ ရွှေဘိုဘက်ကနေ ဧရာဝတီမြစ်ကို ဇက်သင်္ဘောနဲ့ကူးပြီးမှ စဥ့်ကူးနယ်ကနေတဆင့်မိုးကုတ်ကိုခရီးဆက်နေရတာပါ။
အခုရက်ထဲမှာဧရာဝတီမြစ်ရေမြင့်တက်လာပြီးရေ
ပြင်ကျယ်လာတာကြောင့်ဇွန်လ (၇)ရက်နေ့ကစပြီးဇက်သင်္ဘောတွေနဲ့ဖြတ်သန်းဖို့အဆင်မပြေဖြစ်နေကြောင်းခရီးသွားတွေကပြောပါတယ်။
"မြစ်ရေတိုးလို့ဇက်တွေကကမ်းကပ်မရတဲ့အတွက်
မန်းလေး-မိုးကုတ်သွားမရသေးတာ။"လို့ ခရီးသွားတဦးက ပြောပါတယ်။
ဒါ့ကြောင့်ဧရာဝတီမြစ်တဘက်စီမှာမန္တလေး-မိုးကုတ်သွားလာကြမယ့်ယာဥ်တွေပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။တချို့ယာဥ်တွေက
တော့ မန္တလေး-ပြင်ဦးလွင်လမ်းကနေ သွားလာနေကြပြီးလုံခြုံရေးအရစိတ်မချရဘူးလို့လည်း ဒေသ
ခံတွေက ပြောပါတယ်။
မန္တလေး-မိုးကုတ်လမ်းတလျှောက်မှာ မတ္တရာနယ်မြောက်ခြမ်းကစပြီးစဥ့်ကူး၊ သပိတ်ကျင်း၊မိုးကုတ်
နယ်အထိ မန္တလေး PDF အပါအဝင်တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။
မေလကုန်၊ဇွန်လဆန်းမှာ ကချင်ပြည်နယ်အပါအ
ဝင်မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာမိုးသည်း
ထန်စွာရွာသွန်းခဲ့ပြီး မေခ ၊မလိခမြစ်တွေမှာ မြစ်ရေကြီးခဲ့ပါတယ် ။

👍42❤10🔥3😢2🙏2
တောင်ဒဂုံ တရားရုံးကို YAပစ်ခတ်တိုက်ခိုက်
ဇွန်-၈၊၂၀၂၅။သတိုး/People's Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရား
ရုံး၌ လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၄၀ မမ ဖြင့်တိုက်ခိုက်ခဲ့ကြောင်း Yangon
Army(YA) အဖွဲ့ တာဝန်ရှိသူကပြောသည်။
"ထိခိုက်မှုရှိနိုင်တယ်။နှစ်လုံးပစ်တာနှစ်လုံးလုံး ရည်မှန်းချက်နေရာထိတယ်။" ဟု ၎င်းကပြော
သည်။
အဆိုပါတိုက်ခိုက်မှုကိုYangon Armyနှင့်အ
နောက်ပိုင်းခရိုင်ပကဖ တို့ ပူးပေါင်း၍ ဇွန် ၇ ရက် ည ၁၀ နာရီခွဲခန့်တွင် 79အဝေးပစ်လောင်ချာဖြင့် ၄၀မမ နှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းတရားရုံး၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေး၊ငါးဦးခန့် အမြဲရှိကြောင်းသိရသည်။
Yangon Army အနေဖြင့် စစ်ကောင်စီနှင့်သက်
ဆိုင်သော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
၎င်းတို့အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မေ၂၉ ရက်က မှော်ဘီမြို့နယ် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှုး၏ ဆိုင်ခန်းများကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်။

❤52👍23👏2😁2👌2
ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က
ဘရာဇီးဖိုက်တာကို အလဲထိုးအနိုင်ရ
■UFCတွင်၈ပွဲယှဥ်ပြိုင်ထိုးသတ်ရာ၊၇ပွဲအနိုင်ရထား
ဇွန်-၈၊၂၀၂၅။ သုည/People's Spring
ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် ပြိုင်ဘက် ဘရာဇီးဖိုက်တာကို တတိယအချီတွင် အလဲထိုး အနိုင်ရရှိခဲ့ပြီး UFC MMA ပြိုင်ပွဲတွင် (၇)ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့သည်။
ဇွန်လ ၈ ရက် နံနက်က အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် UFC 316 ပြိုင်ပွဲ Flyweight ဝိတ်တန်းပွဲစဥ်တွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် ယှဥ်ပြိုင်ထိုးသတ်ခဲ့သည်။
ယင်းပွဲစဥ်တွင် ဂျိုရှုအာဗန်သည် ဘရူနိုဆေးလ်ဗား ဘယ်၊ ညာ လက်သီးချက််များ၊ ထောက်လက်သီးများဖြင့် ၃ ချီစလုံး အသာစီးထိုးသတ်နိုင်ခဲ့သည်။
တတိယအခြိီပွီးဆုံးခါနီး တစ်မိနစ်အလို၌ ဂျိုရှုအာဗန်က ဘရူနိုဆေးလ်ဗားကို အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
အဆိုပါပွဲစဥ်သည် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် UFC MMA ပြိုင်ပွဲ (၈) ပွဲမြောက် ပွဲစဥ် ဖြစ်ပြီး (၇)ပွဲအထိ နိုင်ပွဲ ရယူနိုင်ခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။
ဗန်သည် ချင်းတိုင်းရင်းသားဖြစ်ပြီး ငယ်စဥ်က
တည်းက အမေရိကန်နိုင်ငံသို့ မိသားစုနှင့် ပြောင်းရွေ့ရောက်ရှိခဲ့ကာ နေထိုင်သူဖြစ်သည်။
သိုင်းပေါင်စုံပြိုင်ပွဲများတွင် UFCမှာနာမည်အကြီး
ဆုံး ပြိုင်ပွဲ ဖြစ်ပြီး ဂျိုရှုအာဗန်သည် UFC ပြိုင်ပွဲတွင် ဝင်ပြိုင်သော ပထမဆုံး မြန်မာဖြစ်သည်။
ဗန်သည် ယခုနိုင်ပွဲကြောင့်UFC ဖလိုင်းဝိတ်တန်းတွင်အဆင့်သတ်မှတ်ချက် မြင့်လာမည်ဖြစ်သည်။

❤61👍21👌3🥰1🤮1