People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်အာဏာရှင်ကိုအမြစ်ဖျက်ဖို့ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိနေပြီလို့မန္တလေးPDFနှိုး​ဆော်

ဇွန်၇၊၂၀၂၅။မေရီ/People's Spring

စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ (၇)ရက်နေ့မှာ၊NUG ၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က "ဓမ္မ နဲ့ အဓမ္မ ကြားမှာ သင်ဘယ်ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်မှာလဲ"ဆိုတဲ့ ပြည်
သူလူထုကို အသိပေးနှိုးဆော်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါလို့ မန္တလေး PDF က နှိုးဆော်ပါတယ်။

"ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာ
ရှင်စနစ်ဆိုးကို မီးကုန်၊ယမ်းကုန်၊တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်ပါတယ်။အာဏာရှင်ကိုအမြစ်ဖျက်ဖို့ပန်းတိုင်ဟာဖြင့် မဝေးတော့ပါဘူး။ဒါ့ကြောင့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျနော်တို့နဲ့အတူ ပူးပါင်းပါဝင်အားဖြည့်ပေးကြပါ။"လို့ မန္တလေး PDFက တိုက်တွန်းပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင်၊ မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလားလို့ မန္တလေး PDFက မေးခွန်း
ထုတ်ထားပါတယ်။

"ပိုက်ဆံပေးနိုင်သူတွေဟာလည်းအချိန်အတိုင်း
အတာ တစ်ခုထိပဲ စာရင်းထဲမပါသေးတာပါ။ မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ပါတယ်။"လို့ မန္တလေး PDF က ဆိုပါတယ်။

စစ်မှုထမ်းခေါ်ယူမှုကလည်း အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ တောရော မြို့ပါ မကျန် လူငယ်တိုင်းသတိပြုကြဖို့ မန္တလေး PDFက ထပ်မံသတိပေးပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/မ မရွေးကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်တဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တ​လေးPDF ဟာ ၁၀၂၇ စစ်ဆင်​ရေးနဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ စဥ့်ကူးမြို့နယ်တစ်ခုလုံးက စစ်တပ်စခန်း​တွေကို ဦး​ဆောင်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ၊​နောင်ချို ၊မိုးကုတ်၊မိုးမိတ် ၊သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ​တွေမှာလည်း​တော်လှန်​ရေးတပ်​​တွေနဲ့အတူ ထိုးစစ်ဆင်သိမ်း
ပိုက်ခဲ့ပါတယ်။မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်တပ်က မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်​ကြောင်းထိုးလာလို့ စစ်တပ်ကိုအပြင်းအထန်ခုခံတိုက်ခိုက်​နေတဲ့ ​တော်လှန်​ရေးအဖွဲ့ဖြစ်ပါတယ် ။
👍6523🥰6👏3🔥1🫡1
67👍17👏4🔥1
KNU တပ်မဟာ (၄)နယ်​မြေကို စစ်ကောင်စီဗုံးကြဲကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ၂ဦးသေဆုံး

ဇွန်-၇၊၂၀၂၅။ထားမြတ်/People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ
(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း) မြို့နယ်ကိုစစ်ကောင်စီက ဇွန်လ ၇ ရက်မနက်ပိုင်းတွင်လေ
ကြောင်းမှဗုံးကြဲခဲ့ရာပြည်သူသေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

မြိတ်-ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်‌တောင်
ပျောက်ကျေးရွာအုပ်စု၊ကျောက်အိုင်(ကွီးလေး)
ကျေးရွာအတွင်းသို့ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုင်တာတစ်စီးဖြင့် ဗုံး(၂)လုံးကြဲချခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲမှုကြောင့် ၁၀နှစ် အရွယ်ကလေးငယ်တစ်ဦးနှင့် ၅၅နှစ်အရွယ်အမျိုးသားတစ်ဦးတို့သေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က အသိပေးသည်။ထိုအပြင် နေအိမ်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတိုလေကြောင်းတိုက်ခိုက်ရာ ကျောက်အိုင်ဒေသ ၌ တိုက်ပွဲ ဖြစ်ပွားမှု ရှိမရှိနှင့်ဒေသတွင်းစစ်ရေးအခြေအနေများကိုမေးမြန်းရန် KNU မြိတ်
-ထားဝယ် ခရိုင် သို့ ဆက်သွယ်ထားဆဲဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ယခု ဇွန်လမှ စ၍တိုက်ပွဲများထပ်မံတိုးမြှင့်ရန်ရှိနေကြောင်း ဇွန် ၁ရက်နေ့တွင် ပြုလုပ်သည့် တနင်္သာရီကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည့် ကရင်တိုင်းရင်း
သား စောဆဲနေစေးကပြောကြားသည်။

တိုက်ပွဲ တိုးမြင့်လာနိုင်မှုနှင့်အတူပြည်သူများလေ
ကြောင်းအန္တရာယ် ကြုံနေရမှုများလည်းရှိဟု ၎င်းက ဆွေးနွေး‌ပြောကြားခဲ့သည်။

“နေ့တိုင်းကို ကျနော်တို့က နားထောင်နေရတယ်။ လေယာဉ် တက်လာပြီဟေ့ဆို ဗုံးခိုကျင်းထဲ ဆင်းပြေးရတာပေါ့ ။တချို့ ဗုံးခိုကျင်းမလုပ်နိုင်တဲ့အခါကျတော့ချောင်းထဲ မြောင်းထဲ ဆင်းပြေးနေရတဲ့ အခြေအနေတွေရှိတယ်။” ဟု စောဆေဲနေစေးက ပြောကြားသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းအရပ်သားပြည်သူများရှိရာနေရာများကိုလေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။မြန်မာ့သ
မိုင်းတ​လျှောက်လူ​သေဆုံးပျက်စီးဆုံးရှုံးမှူအများဆုံးစစ်ကိုင်ငလျင်လှုပ်အပြီးတွင် စစ်​ကောင်စီကယာယီအပစ်ရပ်​ကြောင်း​ကြေညာပြီး ဗုံးကြဲသတ်ဖြတ်မှုများကို တိုးလုပ်​နေသည်။
🤬538😢7👎1
စစ်​ကောင်စီဗုံးကြဲ၍ အပျက်အစီးများကို​
တွေ့ရစဥ်။ဓါတ်ပုံ-KNU
🤬45😢11👍4🔥3
😢44🤬13👍5👎1🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️တပ်မ(၃၃)တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်နဲ့မိသားစုကို စစ်ကောင်စီဖမ်းဆီး

ဖားကန့်မှာ KIA၊ KPDF ပူးပေါင်းတပ်ကို စစ်ရှုံးခဲ့တဲ့ တပ်မ(၃၃)တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို စစ်ကောင်စီက တပ်မဌာနချုပ်သို့ ပြန်ခေါ်ပြီး မိသားစုဝင်တွေကိုပါ ဖမ်းဆီးလိုက်တယ်လို့ နေပြည်တော် နဲ့ စစ်ကိုင်းတိုင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖားကန့်မှာ တာဝန်ကျနေတဲ့ ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ဇွန်လဆန်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ခေါ်သွားပြီး တပ်မ ၃၃ ဌာနချုပ် စစ်ကိုင်းမြို့သို့အရောက်မှာ မိသားစုဝင်များကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တပ်မ(၃၃)ဟာ ဖားကန့်မှာ ၄နှစ်နီးပါး တပ်စွဲခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လကုန်မှာ မိုးကောင်းမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၃)နဲ့ တပ်အချိန်းအပြောင်းပြုလုပ်ခဲ့ပါတယ်။

◾️လွိုင်ကော် ဒကစမှ ကွန်မန်ဒိုစစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ဟု KNDF တပ်ရင်း-၁၄ ပြော

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ကွန်မန်ဒို စစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၄ မှ ရဲဘော်အချို့က ပြောပါတယ်။ ဇွန်လ ၃ ရက် မနက်ပိုင်းမှာ လွိုင်ကော်မြို့နယ်၊ သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကနဦး တိုက်ခိုက်ခဲ့​တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ ဒကစ မှ ကွန်မန်ဒို စစ်ကူစစ်ကြောင်းကို လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီကွန်မန်ဒိုစစ်ကြောင်းကို တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီး MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက်နဲ့ အခြားလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။

◾️ညောင်ဦးမှာ PDF ကို စစ်တပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦး အဖမ်းခံလိုက်ရ

ညောင်ဦးမှာ PDF ​တွေကိုစစ်ကောင်စီတပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦးအဖမ်းခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ မေလ၂၀ရက်​၊ မနက်၁၀ နာရီခန့်က မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် ကားလမ်းပိုင်းတနေရာမှာ ကာကွယ်ရေးအဖွဲ့တွေက အရပ်ဝတ်နဲ့ စစ်ဆေးနေတဲ့အချိန် ချောက်ဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်ဆေးခဲ့ကြပါတယ်။ အဲဒီကားပေါ်မှာ နေပြည်တော်ကလာတဲ့ ကျန်းမာရေးနဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း Bagan Bo Cho PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

◾️ဗန်းမော်မှာ KIAပူးပေါင်းတပ်နဲ့ စစ်ကောင်စီ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိပေမယ့် အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသည်မှာ ခြောက်လကျော်ရှိပြီဖြစ်ပြီး လတ်တလော စစ်ရေး အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။ KIAဟာ ဗန်းမော်ကို အပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းလျက်ရှိရာ လက်ရှိမှာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)ကို ထိုးစစ်ဆင်နေပါတယ်။

◾️ခွန်ဆာကုန်းပေါက်ကွဲမှု စစ်ကောင်စီလက်နက်ကြီးကြောင့်ဖြစ်ပြီး ပြည်သူ ၉ဦး သေဆုံးဟု KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ လုံးခင်းဒေသခွန်ဆာကုန်းအနီး မနေ့ ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဖြစ်​ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ လုံးခင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တယ်လို့ မျက်မြင်ကိုယ်တွေ့ ပြည်သူများက ပြောဆိုမှု ရှိပြီး ဖြစ်စဥ်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။ သေဆုံးသူ ၉ဦးအနက် ကလေးငယ် ၄ဦး ပါဝင်တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

◾️စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ မဝေးတော့ဘူးလို့ မန္တလေးPDFပြော
👍3312🤮1
စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ‘ဓမ္မ နဲ့ အဓမ္မ ကြားမှာ သင်ဘယ်ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်မှာလဲ’ဆိုတဲ့ ပြည်သူလူထုကို အသိပေးနှိုးဆော်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်၊ ယမ်းကုန်၊ တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်ပြီး အာဏာရှင်ကို အမြစ်ဖျက်ဖို့ ပန်းတိုင်ဟာ မဝေးတော့ဘူးလို့ မန္တလေး PDF က ဖော်ပြပါတယ်။

◾️စစ်ကိုင်းငလျင်ကြီးမှာ အိုးဘိုထောင်တွင်း အကျဥ်းသား ၇၀ ကျော်သေဆုံးပြီး ၅၀ ခန့်မှာ နိုင်ကျဥ်းဖြစ်

စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးက အိုးဘိုထောင်တွင်း အကျဥ်းသား ၇၀ ကျော် သေဆုံးပြီး ၅၀ နီးပါးမှာ နိုင်ငံရေးအကျဥ်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့ ဇွန်လ (၇)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံပြိုကျပြီး သေဆုံးသူ (၇၀)ဦးကျော်ရှိခဲ့ပြီး PPNM ရဲ့ စိစစ် စောင့်ကြည့်မှတ်တမ်းကောက်ယူမှုများအရ အနည်းဆုံး နိုင်ငံရေးအကျဉ််းသား/အကျဉ်းသူ ၄၉ဦး ပါဝင်ခဲ့ကြောင်း PPNMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အကျဉ်းသားသေဆုံးမှုများနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုများမှာ မပါဝင်ဘဲ သတင်းအမှောင်ချဖုံးကွယ်ထားတယ်လို့ PPNMက ဆိုပါတယ်။ အင်အားပြင်း ငလျင်ကြောင့်သာမက ဟောင်းနွမ်းတဲ့ အကျဉ်းထောင်အဆောင်များမှာ လူထူထပ်စွာ ဖမ်းဆီးထားလို့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတာလို့ PPNMက အသိပေးပါတယ်။

◾️အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းအသုံးပြု၍ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုနဲ့ သေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောပါတယ်။ ဇွန်လ ၂ ရက်က ACDF လှုပ်ရှားနယ်မြေတစ်နေရာဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်းတစ်လောင်းနဲ့ MA1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်ငါးခုအပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

◾️KNU တပ်မဟာ(၄)နယ်​မြေကို စစ်ကောင်စီဗုံးကြဲ၊ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ၂ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း)မြို့နယ်ကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲခဲ့ရာ ပြည်သူသေဆုံးထိခိုက်ရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်‌တောင်ပျောက်ကျေးရွာအုပ်စု၊ ကျောက်အိုင်(ကွီးလေး)ကျေးရွာအတွင်းသို့ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုင်တာတစ်စီးဖြင့် ဗုံး(၂)လုံးကြဲချခဲ့တာပါ။ ဗုံးကြဲမှုကြောင့် ၁၀နှစ် အရွယ်ကလေးငယ်တစ်ဦးနဲ့ ၅၅နှစ်အရွယ်အမျိုးသားတစ်ဦးတို့ သေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က အသိပေးပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွာပေါင်းစုံသပိတ်ကော်မတီ၊ အားမာန်သစ်သပိတ်အင်အားစုနဲ့ တော်လှန်ပြည်သူတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ စစ်တပ်ရဲ့ မီးရှို့သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသော အာဇာနည်သူရဲကောင်း ရဲဘော်(၁၀)ဦး ၃နှစ်နဲ့ ၆လပြည့် အလေးနီပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ "Vote ILO Article 33 to save LIVES" စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
👍397🤮1
👍43🔥2🥰2
■ဆောင်းပါး

​နောင်ချိုပုစ္ဆာကို အ​ဖြေထုတ်​ပေးရ​မယ့် TNLA

ကိုဘီဂျီ/People's Spring

နောင်ချိုမြို့က စျေးသည်တွေ အားထားရောင်းရတဲ့စျေးတစ်ခုဟာ ကံကြီးရွာက စျေးဖြစ်ပါတယ်။ ကံကြီးစျေးဟာ ငါးရက်မှာတစ်ကြိမ်လုပ်တဲ့ ဒေသအခေါ်အဝေါ် စျေးပတ်စျေးဖြစ်ပါတယ်။ ရွှေထည်နဲ့ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် အိမ်သုံးစားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အသီးအရွက်နဲ့ အသားငါးတွေကို ကံကြီးရွာက ငါးရက်မှာတစ်ကြိမ်ပြုလုပ်တဲ့ စျေးမှာ သွားရောက်ရောင်း
ချကြတာပါ။

ကံကြီးရွာစျေးနေ့ဆို အနီးအနားကျေးရွာတွေက စျေးဝယ်လာသူတွေ ၊ အလည်အပတ်လာကြသူတွေနဲ့ တိုးဝှေ့စည်ကားတဲ့ စျေးဖြစ်ပါတယ်။

နောင်ချိုမြို့နဲ့ (၈)မိုင်ကျော်ကွာဝေးပြီး ၂၀၁၄
သန်းခေါင်စာရင်းအရ လူဦးရေ ​လေးထောင်ကျော်နေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး ဓနုလူမျိုးတွေ အများစုနေထိုင်တဲ့ ရွာဖြစ်ပါတယ်။ ရှမ်းပြည်နယ်က ဒေသခံတွေရဲ့ ဓလေ့အရ ကျေးရွာကြီးတွေမှာ ငါးရက်တစ်ကြိမ် အလှည့်ကျ လုပ်ကြတဲ့ စျေးပတ်ဟာ လူသိများ ထင်ရှားပါတယ်။

ဇွန်လဆန်းမှာတော့ ငါးရက်တစ်ကြိမ်စျေးပတ်လုပ်
တဲ့ ကံကြီးရွာမှာ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေပါတယ်။ ဒါပေမယ့် သေနတ်သံတွေတော့ ဆူညံနေပါတယ်။ တိုက်ပွဲဖြစ်နေတာကြောင့်ပါ။

စစ်ကောင်စီတပ်တွေဟာဇွန်လ ၇ရက်​နေ့မှာဘဲ ကံကြီးရွာကို သိမ်းပိုက်ခဲ့ပြီး တဖြေးဖြေး နောင်ချိုမြို့ဆီ ဦးတည်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်ခဲ့တဲ့ ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာဘဲ တအာင်းတပ်မတော်
(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အခု ၁၀၂၇ အပိုင်း(၂) စတင်ခဲ့တဲ့ နှစ်ပတ်လည် လပိုင်းမှာဘဲ နောင်ချိုမြို့နားမှာ သေနတ်သံတွေပြန်ကြားရပြီး နောင်ချိုမြို့ခံတွေလည်း မြို့ကနေ တစ်ခါထွက်​ပြေးတိမ်းရှောင်ခဲ့ကြရပြန်ပါတယ်။

ကံကြီးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့ခံတွေကို ဇွန်လ ၆ရက်နောက်ဆုံးထားပြီး မြို့ကနေထွက်ထွက်ခွာဖို့ သတိပေးတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။ မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာတာရယ်၊ စစ်ကောင်စီတပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကြောင့် နောင်ချိုမြို့ခံတွေဟာလည်း ဇွန်လဆန်းစပြီး နီးစပ်ရာမြို့ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဇွန်လ ၆ရက်ညမှာ စစ်ကောင်စီတပ်က ကံကြီးရွာနားကနေ လက်နက်ကြီးတွေနဲ့ နောင်ချိုမြို့ ပေါ်ကို လှမ်းပစ်ရာ ၁၀လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ ရက်မှာလည်း စျေးရပ်ကွက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂လုံးနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့ပါသေးတယ်။

" ပြေးကုန်ပြီ မြို့မှာမနေရဲတော့ဘူး။လက်နက်ကြီး
နဲ့က မှီလာပြီ"လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာရှုံးပွဲဆက်​နေတဲ့ စစ်တပ်ကို
​​တောင်းခမ်းမှာ TNLAဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေက လ​ပေါင်းများစွာထိုးစစ်ဆင်တိုက်ခိုက်​နေရာက​နေ တဖြည်းဖြည်းဆုတ်ခွာရပြီး မြို့အနီးစစ်ကောင်စီတပ်တွေ ရောက်လာတဲ့အပေါ် နောင်ချိုမြို့ခံတွေက TNLAပူးပေါင်းတပ်အပေါ် မေးခွန်းထုတ်ပြီး အားမလို၊အားမရတွေ ဖြစ်နေပါတယ်။

"လွတ်မြောက်ခဲ့ပြီဆိုပြီး နေခဲ့တာ"လို့ နောင်ချိုမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

●စစ်တပ်နောင်ချိုမြို့အနီးဘာကြောင့်ရောက်လာတာလဲ

နောင်ချိုမြို့ကို TNLAနဲ့ ပူးပေါင်းတပ်တွေက စစ်
ဆင်ရေးစတင်တဲ့နေ့မှာဘဲ အလွယ်တကူ သိမ်း
ပိုက်နိုင်ခဲ့ပေမယ့် မြို့ရဲ့ တောင်ဘက်က အမြောက်
တပ်ရင်းတွေရှိနေတဲ့ တောင်းခမ်းရွာကို တစ်နှစ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)နဲ့ အမတ
(၄၀၆)တပ်ရင်းတို့ ရှိပါတယ်။

တောင်းခမ်းဒေသက အမြောက်တပ်တွေရှိတဲ့နေရာမှာ တစ်နှစ်နီးပါး တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်တပ်တွေ ထိခိုက်မှုတွေများခဲ့ပါတယ်။

စစ်ကောင်စီတပ်က ၂၀၂၄ နှစ်ကုန်ပိုင်းလောက်ကစပြီး အင်အားအလုံးအရင်းတိုး၊ တပ်တွေချိန်းပြီး ၊​လေ​ကြောင်းနဲ့ ဒရုန်းကိုအများအပြားအသုံးပြုပြီးထိုးဆင်မှုတွေ တိုးလုပ်လာပါတယ်။ စစ်တပ်ဟာ အဆိပ်​ငွေ့ဗုံး​တွေကိုလည်းမကြာခဏအသုံးပြုခဲ့ပါတယ် ။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်က ပြန်ရောက်အပြီးမှာ တောင်းခမ်းဒေသကို စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်လာတာလို့ နောင်ချိုမြို့ခံ အမျိုးသားက သုံးသပ်ပါတယ်။မင်းအောင်လှိုင်ဟာ တရုတ်ပြည်ခရီးစဉ်ကို ၂၀၂၄ နိုဝင်ဘာ ပထမအပတ်က သွားရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်တာတွေလည်း ပိုလုပ်လာတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
👍3119🔥2🤮2🙏1
ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ကောင်စီတပ်ဟာ တောင်းခမ်းရွာနားက မဲပုတ်ရွာကို စတင်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီကနေ တဖြည်းဖြည်း နောင်လင်ရွာကို ထပ်မံသိမ်းပိုက်ပြီးနောက် နောင်ချိုမြို့နဲ့ ၈ မိုင်​လောက်ပဲ​ဝေး​တော့တဲ့ကံကြီးရွာအထိ ရောက်လာပါတယ်။

နောင်ချိုမြို့ကို စတင်သိမ်းပိုက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပါဝင်တိုက်
ခိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ မန္တလေး PDFက နောင်ချိုမြို့ကနေ တပ်ဆုတ်သွားတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

တောင်းခမ်းတိုက်ပွဲကို TNLA ဦးဆောင်ပြီး ဓနုတပ်(DPLA)နဲ့ ကျောက်မဲ PDFတို့ အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။နောင်ချိုမြို့ကိုသိမ်းပိုက်
ပြီးနောက်TNLAကမြို့အုပ်ချုပ်ရေးဦး​ဆောင်
လုပ်ကိုင်ခဲ့တာပါ ။

၁၀၂၇ စစ်ဆင်​ရေးပထမလှိုင်း နဲ့ ဒုတိယလှိုင်းမှာ TNLA နဲ့ ပူး​ပေါင်းတပ်​တွေကက ​​နောင်ချိုအပါ
အဝင်မြို့​ပေါင်း ၁၂ မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ဒီ​ဒေသ​တွေကိုTNLAကပဲဦး​ဆောင်ပြီး အုပ်ချုပ်​ရေးယန္တရားလည်ပတ်​နေတာဖြစ်ပါတယ်။ ​နောင်ချိုမြို့ကို TNLA ဦး​​ဆောင်ပြီးအုပ်
ချုပ်​ရေးလုပ်ခဲ့တာမှာ အားလုံးအဆင်​ပြေခဲ့တာ​တော့မဟုတ်ပဲ ဝေဖန်​ထောက်ပြမှုအချို့လည်းရှိခဲ့ပါတယ်။ ဒါ​ပေမယ့် စစ်တပ်ကပြန်ထိုးစစ်ဆင်လာတဲ့အခါမှာလည်း ​တော်လှန်​ရေးတပ်​တွေကအတူပူး​ပေါင်းတိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ် ။

●နောင်ချိုကို စစ်တပ်ကစစ်ကြောင်း ၂ကြောင်းနဲ့ ထိုးစစ်ဆင်

စစ်ကောင်စီဟာ နောင်ချိုမြို့ကို လမ်း​ကြောင်းနှစ်​ခုကနေ စစ်ကြောင်းထိုးနေပါတယ်။ တောင်းခမ်း - ရပ်စောက်လမ်းပိုင်းကနေ စစ်ကြောင်းထိုး အင်
အားပို့နေသလို ၊ နောင်ချို - ပြင်ဦးလွင်လမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာပါ။

တောင်းခမ်းက စစ်ကြောင်းဟာ နောင်ချိုမြို့အနီးကို ရောက်လာခဲ့ပေမယ့် ပြင်ဦးလွင်လမ်းပိုင်းက စစ်ကြောင်းကတော့​ ​ရှေ့အတိုးနိုင်ပဲ အရင်းအတိုင်းပဲ ရှိနေပါ​သေးတယ် ။ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာနားမှာဘဲ ရှိနေပါသေးတယ်။ အဲဒီကျေးရွာတွေအနီးမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက​တော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်‌ကြောင်းထိုးဝင်​ရောက်ဖို့ကြိုးစား​နေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက် ဇွန်လ ၅ရက်နဲ့ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကနေ ပြင်ဦးလွင်ဘက်ကို စစ်ကူကားတွေ နှစ်ရက်ဆက် ပို့ခဲ့တယ်လို့ (၂၁)မိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။

" စစ်ကားတွေ ဆက်တိုက်တက်နေတာ"လို့ သူက ပြောပါတယ်။

●တရုတ်အစိုးရရဲ့ ဖိအားပေးမှု

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အပြီးမှာတော့တရုတ်အစိုးရဟာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ TNLA တပ်တွေကို ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်လာပါတယ်။ ရှမ်းမြောက်က လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAAဆို တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ သင်္ကြန်အပြီးမှာ လားရှိုးမြို့ ဆုတ်ခွာပေးခဲ့ရပါတယ်။

TNLA ကိုလည်း တရုတ်အစိုးရစကားနားမ​ထောင်ပဲ စစ်တပ်ကိုထပ်တိုက်​နေရင် ရိုးကျိုး​အောင်ဆုံးမမယ်ဆိုပြီး သံတမန်လုံးဝမဆန်ပဲ ခြိမ်း​ခြောက်တဲ့ ပစ်စာဆန်ဆန်စာကိုပါ​ရေးသားခြိမ်း​ခြောက်ခဲ့တာပါ။ဒါအပြင်ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ ဧပြီလကုန်းပိုင်းမှာ တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့ TNLA ဟာ စစ်ကောင်စီနဲ့တရုတ်နိုင်ငံ ၊ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရပါတယ်။ ဒါပေမယ့် စစ်​ကောင်စီက ​နောင်ချိုအပါအဝင် မြို့ ၅ မြို့ပြန်​ပေးဖို့​တောင်းဆိုတာမှာ TNLA ကသ​ဘောမတူလို့ဆွေးနွေးမှုတွေမှာ အဆင်မပြေခဲ့ဘူးလို့ TNLA ကထုတ်ပြန်ပါတယ်။

၂၀၂၅ ဩဂုတ်လကုန်ပိုင်းမှာလည်း တရုတ်နိုင်ငံမှာပြန်တွေ့ဆုံဖို့ ချိန်းဆိုထားကြောင်းလည်း တ
အာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

“တရုတ်အစိုးရရဲ့ဖိအားကလည်းဆက်ရှိနေပါတယ်။ ဒါမေပဲ့ ကျမတို့ဒီဟာကိုနည်းလမ်းရှာပြီးတော့မှ ရှာဖွေဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ လွေးယေဦးက ဆိုပါတယ်။

တရုတ်အစိုးရက စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးလုပ်ဆောင်ဖို့ ဖိအားပေးနေတာဟာ ဆက်ရှိနေပြီး ဒါကို နည်းလမ်းရှာ ဆောင်ရွက်သွားမယ်လို့လည်း လွေးယေဦးက ဇွန်လ ၅ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

●ပူးပေါင်းတိုက်ခိုက်ကြဖို့ နောင်ချိုမြို့ခံတွေ တောင်းဆို

အခုတော့ နောင်ချိုမြို့နဲ့ (၈)မိုင်ကျော်သာကွာဝေးတဲ့ ကံကြီးရွာကို စစ်ကောင်စီတပ်တွေ ရောက်နေပြီဖြစ်ပါတယ်။ ကံကြီးရွာရဲ့ တော်လှန်ရေးတပ်တွေရဲ့ ခံစစ်စည်းကို ကျော်လာရင် နောင်ချိုမြို့ရဲ့ အခြေအနေဟာ စိုးရိမ်ရမယ့်အနေအထားလို့ မြို့ခံတွေကသုံးသပ်နေတာပါ။

လူထုနွေဦးက အတည်မပြုနိုင်ပေမယ့် နောင်ချိုမြို့ကို ထိန်းသိမ်းထားဖို့အတွက် မန္တလေး PDFက စစ်ကူလာဖို့ TNLAထံ ခွင့်ပြုချက်တောင်းထားတယ်လို့ စုံစမ်းသိရပါတယ်။
35👍16🤮3🔥2🙏1
" မန်းPDFက ကူတိုက်ဖို့ တောင်းထားတယ်ကြားတယ်။ လက်နက်လည်းတောင်းထားတယ်ကြားတယ်။ နောင်ချိုတော့ အပါမခံဘူးလို့ ဆိုတယ်"လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်နဲ့အနီးဆုံးမြို့ဖြစ်သလို စစ်​ရေးအရအ​ရေးပါတဲ့မြို့ဖြစ်တာ​ကြောင့် နောင်ချိုမြို့ကို စစ်ကောင်စီကလည်း အပြင်းအထန် ထိုးစစ်ဆင်နေသလိုTNLAပူးပေါင်း
တပ်တွေဟာလည်း နောင်ချိုမြို့ ပြန်မပေးရရေးအတွက် ခုခံကာကွယ်နေပါတယ်။

ဒါ​ပေမယ့် ၁၀၂၇ စစ်ဆင်​ရေးပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ လက်စွမ်းထက်ပြီး မြို့​ပေါင်း ၁၂ မြို့ကိုဦး​ဆောင်သိမ်းပိုက်ခဲ့တဲ့ TNLA ဟာ ​နောင်ချိုမှာဘာ​ကြောင့် ​နောက်ဆုတ်​ပေး​နေရတာလဲဆိုတာကိုပြည်သူ​တွေ အားမလိုအားမရဖြစ်​နေသလို ၊နားမလည်နိုင်လည်းဖြစ်​နေကြပါတယ် ။ အဲဒီထဲမှာ အစိုးရိမ်ဆုံးဖြစ်​နေကြတာက အာဏာလာစစ်​ကောင်စီကို ဖီဆန်​တော်လှန်ခဲ့ကြတဲ့ပြည်သူ​တွေက စစ်တပ်သာ ​နောင်ချိုမြို့ကို​ရောက်လာရင်ဆိုတဲ့အ​တွေး​တွေနဲ့ အလွန်စိုးရိမ်​နေကြရတယ်လို့ ​​​တော်လှန်​ရေးကို ပါဝင်ကူညီ​နေတဲ့ ပြည်သူအချို့က​ပြောပါတယ် ။

နိုင်ငံတစ်ဝန်းတိုက်ပွဲအများစုမှာ ရှုံးပွဲဆက်​နေတဲ့ စစ်တပ်ဟာ​တောင်းခမ်း၊​နောင်ချိုမှာ​အောင်ပွဲရတယ်၊စခန်းသိမ်းနိုင်တယ်ဆိုပြီး ​အောင်ပွဲခံ​နေတဲ့ ဓါတ်ပုံ​တွေ ၊ဗီဒီယို​တွေကိုလည်းစစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေမှာဖြန့်ချီ​နေကြပါတယ်။ဒါ​ကြောင့် ပြည်သူ​တွေပို မခံချည်မခံသာဖြစ်ရသလို ၊ နိုင်ငံတစ်ဝန်း ပတ်ရှုံး​နေတဲ့စစ်တပ် ​နောင်ချိုမှာ ​အောင်ပွဲရတာ ၊​အောင်စိတ်ရတာမျိုးက လုံးဝခွင့်ပြု လက်ခံ​​ပေးလို့မရဘူးလို့ PDF အချို့က​ပြောပါတယ် ။

TNLA သတင်းနဲ့ပြန်ကြား​ရေတာဝန်ခံ ​လွေး​ယေဦးက​တော့ "နောင်ချို၊တောင်းခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ဇွန် ၅ ရက်​နေ့မှာ​ပြောပါတယ် ။

စစ်တပ်အတွက် ​နောင်ချိုရရင် အဲ​ဒေသကို အ​ခြေပြုပြီး ရှမ်း​မြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်အ​ရေးပါ​နေပါတယ်။နောင်ချိုကနေတဆင့် လားရှိုးမြို့ရှိရာ လမ်းပိုင်းက ကျောက်မဲနဲ့ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်နိုင်သလို မန္တလေး
တိုင်းက မိုးကုတ်မြို့ရှိရာကိုလည်း နောင်ချိုကနေတဆင့် သွားရာလမ်းပိုင်းရှိနေပါတယ်။

နောင်ချိုဒေသခံတွေ သုံးသပ်တာက စစ်ကောင်စီဟာ နောင်ချိုကနေ တဆင့် ပြင်ဦးလွင် − လားရှိုးလမ်းမကြီးပြန်လည်စိုးမိုးဖို့အတွက် ကျေက်မဲမြို့ကို ချီတက်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဟာ နောင်ချိုကို​​ရောက်ဖို့ ၊​နောင်ချိုကိုရဖို့ လွယ်ကူမှာ​တော့မဟုတ်ပါဘူး။နောင်ချိုကို ရောက်ဖို့ကြားမှာ ကျေးရွာ လေးရွာကျော်ဖြတ်ရအုံးမှာပါ။

နောင်ချိုမြို့ကို စစ်ကောင်စီတပ် မရောက်ရေး TNLAအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ အပြင်းအထန် ကာကွယ်မယ်လို့ ယုံကြည်နေတယ်လို့လည်း အသက်(၄၀)အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်​ရေးမှာမြို့အများကြီးကို​တောင်သိမ်းနိုင်ခဲ့တဲ့ TNLA ​နောင်ချိုတိုက်ပွဲမှာ အစွမ်းမပြ​သေး​ပေမယ့် ယုံကြည်​နေဆဲလို့သူကဆိုပါတယ် ။ဒါ့ကြောင့် လက်ရှိအချိန်ထိ နောင်ချိုမြို့ကနေ စွန့်ခွာမသွားသေးဘူးလို့လည်း သူက ဇွန်လ ၇ရက် ညနေပိုင်းမှာ ပြောပါတယ်။

"ရောက်လာခဲ့ရင်တောင် ပြေးစရာရှိတယ်။ ဒါပေမယ့် သူတို့(စစ်တပ်) ကျော်ရမယ့် စည်းတွေ ရှိနေသေးတယ်"လို့ သူက ဖွင့်ဟပါတယ်။ ။
45👍22🤮2🥰1