People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - MFDMC
63👍14👏2🤮1
ဓာတ်ပုံ - MFDMC
55👍12👏2🤮1
မရှဲမယ်​ရေးခဲ့သည့်စာက​လေးတ​စ်စောင်

ဇွန်-၇၊၂၀၂၅။ရဲခေါင်/People's Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှအသက် ၁၄နှစ်အရွယ် ၆ တန်းကျောင်းသူစစ်ရှောင်ကလေးငယ်တစ်ဦး မိမိကိုယ့်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့သည်။

အသက်၁၄ နှစ်အရွယ် မရှဲမယ်သည်ဇွန်လ ၆ ရက်
တွင် အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး မိသားစုငွေကြေးအဆင်မပြေမှု နှင့် ကျောင်းထွက်အလုပ်လုပ်ရမည့် အ​ခြေအ​နေကြောင့် စိတ်ဖိစီးမှုများဖြစ်ခဲ့ရသည်ဟုသိရသည်။

"ကလေးကို ကျောင်းတက်ဖို့လုံးဝအားမပေးဘူးလို့သိရတယ်။အိမ်အလုပ်ပဲခိုင်းချင်တာပြောတယ်။ ကလေးကို အပြစ်ပဲပြောပြီးကျောင်းထွက်ခိုင်းတယ်။ကလေးခမျာလည်းစိတ်ဖိစီးမှုအရမ်းဖြစ်နေပုံရပါတယ်"ဟု သေဆုံးခဲ့သည့် ကလေး ၏ မိသား
စုနှင့်နီးစပ်သူတဦးက People's Springသို့သို့ ​ပြောသည်။

ကရင်နီပြည်နယ်၌ စစ်ရှောင်အရေးကူညီနေသူ
တစ်ဦးကလည်း "သူနောက်ဆုံးရေးခဲ့တဲ့ စာကိုဖတ်ကြည့်မိတော့ မိဘတွေရဲ့ ခက်ခဲကြပ်တည်းမှုတွေကို သိနားလည်နေတဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစရာ ခံစားချက်ကို တွေ့ရတယ်ဗျာ။စိတ်ဒဏ်ရာတွေရနေတာ။အတော်စိတ်မကောင်းဘူးဗျာ။လူကြီးတွေမှ မဟုတ်ဘူး ၊ကလေးတွေလည်း ဒီဒုက္ခဆင်းရဲ ကြပ်တည်းမှုတွေကို ရင်ဆိုင်ခံစားနေကြရတယ်"ဟု ပြောသည်။

မရှဲမယ်​ရေးသားခဲ့​သောစာတွင် မိသားစုဝင်တစ်ဦးချင်းနှင့် စာသင်​ပေး​​သောဆရာ ၊ဆရာအ​ပေါ် ​ကျေးဇူးတင်​ကြောင်း နှင့် အမှာစကားများပါပြီး၊ သူမစိတ်ဖိစီးမှုများ​နေသည်ကို​လည်းရေးသားထားသည်ကို​တွေ့ရသည်။ အဆိုပါစာ နှင့် မရှဲမယ် အဆုံးစီရင်သွားသည့် သတင်းမှာ ဇွန် ၆ ရက်တွင်​ဖေစ်ဘွခ်လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး​နောက် ပြည်သူများကြား မရှဲမယ်အတွက် ဝမ်းနည်းစိတ်မ​ကောင်း​ကြောင်း နှင့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူများစီးပွား​ရေး၊ပညာ​ရေး၊လူမှု​ရေး ဘက်​ပေါင်းစုံအကြပ်အတည်း​တွေ့​နေကြချိန်တွင် က​လေးငယ်များ၏ စိတ်ခံစားချက်များကို ဂရုပြု​ပေးကြရန်လည်း ​​ရေးသားမှတ်ချက်ပြု​နေကြသည်။

စစ်ဘေးရှောင်ကလေးငယ်များနှင့် ပြည်သူများကို တက်နိုင်သမျှ ခွန်အားပေးရန်နှင့် လိုအပ်ချက်များ ကို တတ်စွမ်းသူများက ဖြည့်ဆည်းပေးကြရန် ၎င်းက တိုက်တွန်းသည်။

"လစဥ်ကြေး ကြောင့်လားမေးတော့။ အဲ့ကျောင်းကအရင်နှစ်တွေတည်းကလစဥ်ကြေးတွေမကောက်ခဲ့ကြဘူး။အနည်အကျဥ်းကောက်ရင်
တောင်မှ pass ပေးတာ​ရှိတယ်ပြောပါတယ်။ ဒီနှစ်တောင်မှ ၅၀၀၀ ကျပ်ကောက်ဖို့တောင် မနည်းလုပ်နေရတဲ့ကျောင်း​လေးပါ"ဟု သေဆုံးသွား
သည့် ကလေး ငယ် တက်ရောက်ခဲ့သော ကျောင်းနှင့် ပတ်သက်၍ ကရင်နီပြည်နယ်ကြား ကာလအစိုးရအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်
ပိုင်း ကရင်နီပြည်နယ်၌ စစ်ရှောင်ရသည့်ပြည်သူ နှစ်သိန်း ခွဲထက်မနည်းရှိနေသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်သောစာရင်းများအရကရင် နီပြည်နယ်နှင့်ကယန်းဒေသအတွင်း စစ်ကောင်စီ ၏ လူ့အခွင့်အရေးအချိုးဖောက်မှုများကြောင့် သတ်ဖြတ်ခံရသည့်အရပ်သား ၅၆၉ ဦး၊ စစ်ရှောင်သေဆုံးသူ ၁၇၇ ဦး ၊မတရားဖမ်းဆီးခံရသူ ၁၆၀ ဦး နှင့် နေအိမ်အလုံး သုံးထောင်ကျော်ဖျက်ဆီးခံထားရသည်။

ထို့အပြင် စစ်အုပ်စုက အာဏသိမ်းပြီး​​နောက်နိုင်ငံတစ်ဝန်းမှပြည်သူ အနည်းဆုံး ၆၇၀၀ ​ကျော်ကိုစစ်​ကောင်စီလက်နက်ကိုင်အဖွဲ့များကသတ်ဖြတ်ခဲ့ပြီး
က​လေးငယ် ၈၀၀ ​ကျော်ကိုစစ်အုပ်စုကသတ်ဖြတ်ထားသည်။
😢5612😭6👎1🤮1
😭51👎1🤮1
စစ်အာဏာရှင်ကိုအမြစ်ဖျက်ဖို့ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိနေပြီလို့မန္တလေးPDFနှိုး​ဆော်

ဇွန်၇၊၂၀၂၅။မေရီ/People's Spring

စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ (၇)ရက်နေ့မှာ၊NUG ၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က "ဓမ္မ နဲ့ အဓမ္မ ကြားမှာ သင်ဘယ်ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်မှာလဲ"ဆိုတဲ့ ပြည်
သူလူထုကို အသိပေးနှိုးဆော်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါလို့ မန္တလေး PDF က နှိုးဆော်ပါတယ်။

"ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာ
ရှင်စနစ်ဆိုးကို မီးကုန်၊ယမ်းကုန်၊တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်ပါတယ်။အာဏာရှင်ကိုအမြစ်ဖျက်ဖို့ပန်းတိုင်ဟာဖြင့် မဝေးတော့ပါဘူး။ဒါ့ကြောင့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျနော်တို့နဲ့အတူ ပူးပါင်းပါဝင်အားဖြည့်ပေးကြပါ။"လို့ မန္တလေး PDFက တိုက်တွန်းပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင်၊ မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလားလို့ မန္တလေး PDFက မေးခွန်း
ထုတ်ထားပါတယ်။

"ပိုက်ဆံပေးနိုင်သူတွေဟာလည်းအချိန်အတိုင်း
အတာ တစ်ခုထိပဲ စာရင်းထဲမပါသေးတာပါ။ မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ပါတယ်။"လို့ မန္တလေး PDF က ဆိုပါတယ်။

စစ်မှုထမ်းခေါ်ယူမှုကလည်း အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ တောရော မြို့ပါ မကျန် လူငယ်တိုင်းသတိပြုကြဖို့ မန္တလေး PDFက ထပ်မံသတိပေးပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/မ မရွေးကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်တဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တ​လေးPDF ဟာ ၁၀၂၇ စစ်ဆင်​ရေးနဲ့ ရှမ်းမန်းစစ်ဆင်​ရေးမှာ စဥ့်ကူးမြို့နယ်တစ်ခုလုံးက စစ်တပ်စခန်း​တွေကို ဦး​ဆောင်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ၊​နောင်ချို ၊မိုးကုတ်၊မိုးမိတ် ၊သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ​တွေမှာလည်း​တော်လှန်​ရေးတပ်​​တွေနဲ့အတူ ထိုးစစ်ဆင်သိမ်း
ပိုက်ခဲ့ပါတယ်။မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်တပ်က မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်​ကြောင်းထိုးလာလို့ စစ်တပ်ကိုအပြင်းအထန်ခုခံတိုက်ခိုက်​နေတဲ့ ​တော်လှန်​ရေးအဖွဲ့ဖြစ်ပါတယ် ။
👍6523🥰6👏3🔥1🫡1
67👍17👏4🔥1
KNU တပ်မဟာ (၄)နယ်​မြေကို စစ်ကောင်စီဗုံးကြဲကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ၂ဦးသေဆုံး

ဇွန်-၇၊၂၀၂၅။ထားမြတ်/People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ
(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း) မြို့နယ်ကိုစစ်ကောင်စီက ဇွန်လ ၇ ရက်မနက်ပိုင်းတွင်လေ
ကြောင်းမှဗုံးကြဲခဲ့ရာပြည်သူသေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

မြိတ်-ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်‌တောင်
ပျောက်ကျေးရွာအုပ်စု၊ကျောက်အိုင်(ကွီးလေး)
ကျေးရွာအတွင်းသို့ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုင်တာတစ်စီးဖြင့် ဗုံး(၂)လုံးကြဲချခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲမှုကြောင့် ၁၀နှစ် အရွယ်ကလေးငယ်တစ်ဦးနှင့် ၅၅နှစ်အရွယ်အမျိုးသားတစ်ဦးတို့သေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က အသိပေးသည်။ထိုအပြင် နေအိမ်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတိုလေကြောင်းတိုက်ခိုက်ရာ ကျောက်အိုင်ဒေသ ၌ တိုက်ပွဲ ဖြစ်ပွားမှု ရှိမရှိနှင့်ဒေသတွင်းစစ်ရေးအခြေအနေများကိုမေးမြန်းရန် KNU မြိတ်
-ထားဝယ် ခရိုင် သို့ ဆက်သွယ်ထားဆဲဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ယခု ဇွန်လမှ စ၍တိုက်ပွဲများထပ်မံတိုးမြှင့်ရန်ရှိနေကြောင်း ဇွန် ၁ရက်နေ့တွင် ပြုလုပ်သည့် တနင်္သာရီကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည့် ကရင်တိုင်းရင်း
သား စောဆဲနေစေးကပြောကြားသည်။

တိုက်ပွဲ တိုးမြင့်လာနိုင်မှုနှင့်အတူပြည်သူများလေ
ကြောင်းအန္တရာယ် ကြုံနေရမှုများလည်းရှိဟု ၎င်းက ဆွေးနွေး‌ပြောကြားခဲ့သည်။

“နေ့တိုင်းကို ကျနော်တို့က နားထောင်နေရတယ်။ လေယာဉ် တက်လာပြီဟေ့ဆို ဗုံးခိုကျင်းထဲ ဆင်းပြေးရတာပေါ့ ။တချို့ ဗုံးခိုကျင်းမလုပ်နိုင်တဲ့အခါကျတော့ချောင်းထဲ မြောင်းထဲ ဆင်းပြေးနေရတဲ့ အခြေအနေတွေရှိတယ်။” ဟု စောဆေဲနေစေးက ပြောကြားသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းအရပ်သားပြည်သူများရှိရာနေရာများကိုလေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။မြန်မာ့သ
မိုင်းတ​လျှောက်လူ​သေဆုံးပျက်စီးဆုံးရှုံးမှူအများဆုံးစစ်ကိုင်ငလျင်လှုပ်အပြီးတွင် စစ်​ကောင်စီကယာယီအပစ်ရပ်​ကြောင်း​ကြေညာပြီး ဗုံးကြဲသတ်ဖြတ်မှုများကို တိုးလုပ်​နေသည်။
🤬538😢7👎1
စစ်​ကောင်စီဗုံးကြဲ၍ အပျက်အစီးများကို​
တွေ့ရစဥ်။ဓါတ်ပုံ-KNU
🤬45😢11👍4🔥3
😢44🤬13👍5👎1🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️တပ်မ(၃၃)တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်နဲ့မိသားစုကို စစ်ကောင်စီဖမ်းဆီး

ဖားကန့်မှာ KIA၊ KPDF ပူးပေါင်းတပ်ကို စစ်ရှုံးခဲ့တဲ့ တပ်မ(၃၃)တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို စစ်ကောင်စီက တပ်မဌာနချုပ်သို့ ပြန်ခေါ်ပြီး မိသားစုဝင်တွေကိုပါ ဖမ်းဆီးလိုက်တယ်လို့ နေပြည်တော် နဲ့ စစ်ကိုင်းတိုင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖားကန့်မှာ တာဝန်ကျနေတဲ့ ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ဇွန်လဆန်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ခေါ်သွားပြီး တပ်မ ၃၃ ဌာနချုပ် စစ်ကိုင်းမြို့သို့အရောက်မှာ မိသားစုဝင်များကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တပ်မ(၃၃)ဟာ ဖားကန့်မှာ ၄နှစ်နီးပါး တပ်စွဲခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လကုန်မှာ မိုးကောင်းမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၃)နဲ့ တပ်အချိန်းအပြောင်းပြုလုပ်ခဲ့ပါတယ်။

◾️လွိုင်ကော် ဒကစမှ ကွန်မန်ဒိုစစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ဟု KNDF တပ်ရင်း-၁၄ ပြော

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ကွန်မန်ဒို စစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၄ မှ ရဲဘော်အချို့က ပြောပါတယ်။ ဇွန်လ ၃ ရက် မနက်ပိုင်းမှာ လွိုင်ကော်မြို့နယ်၊ သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကနဦး တိုက်ခိုက်ခဲ့​တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ ဒကစ မှ ကွန်မန်ဒို စစ်ကူစစ်ကြောင်းကို လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီကွန်မန်ဒိုစစ်ကြောင်းကို တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီး MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက်နဲ့ အခြားလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။

◾️ညောင်ဦးမှာ PDF ကို စစ်တပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦး အဖမ်းခံလိုက်ရ

ညောင်ဦးမှာ PDF ​တွေကိုစစ်ကောင်စီတပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦးအဖမ်းခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ မေလ၂၀ရက်​၊ မနက်၁၀ နာရီခန့်က မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် ကားလမ်းပိုင်းတနေရာမှာ ကာကွယ်ရေးအဖွဲ့တွေက အရပ်ဝတ်နဲ့ စစ်ဆေးနေတဲ့အချိန် ချောက်ဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်ဆေးခဲ့ကြပါတယ်။ အဲဒီကားပေါ်မှာ နေပြည်တော်ကလာတဲ့ ကျန်းမာရေးနဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း Bagan Bo Cho PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

◾️ဗန်းမော်မှာ KIAပူးပေါင်းတပ်နဲ့ စစ်ကောင်စီ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိပေမယ့် အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသည်မှာ ခြောက်လကျော်ရှိပြီဖြစ်ပြီး လတ်တလော စစ်ရေး အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။ KIAဟာ ဗန်းမော်ကို အပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းလျက်ရှိရာ လက်ရှိမှာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)ကို ထိုးစစ်ဆင်နေပါတယ်။

◾️ခွန်ဆာကုန်းပေါက်ကွဲမှု စစ်ကောင်စီလက်နက်ကြီးကြောင့်ဖြစ်ပြီး ပြည်သူ ၉ဦး သေဆုံးဟု KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ လုံးခင်းဒေသခွန်ဆာကုန်းအနီး မနေ့ ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဖြစ်​ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ လုံးခင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တယ်လို့ မျက်မြင်ကိုယ်တွေ့ ပြည်သူများက ပြောဆိုမှု ရှိပြီး ဖြစ်စဥ်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။ သေဆုံးသူ ၉ဦးအနက် ကလေးငယ် ၄ဦး ပါဝင်တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။

◾️စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ မဝေးတော့ဘူးလို့ မန္တလေးPDFပြော
👍3312🤮1
စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ‘ဓမ္မ နဲ့ အဓမ္မ ကြားမှာ သင်ဘယ်ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်မှာလဲ’ဆိုတဲ့ ပြည်သူလူထုကို အသိပေးနှိုးဆော်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်၊ ယမ်းကုန်၊ တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်ပြီး အာဏာရှင်ကို အမြစ်ဖျက်ဖို့ ပန်းတိုင်ဟာ မဝေးတော့ဘူးလို့ မန္တလေး PDF က ဖော်ပြပါတယ်။

◾️စစ်ကိုင်းငလျင်ကြီးမှာ အိုးဘိုထောင်တွင်း အကျဥ်းသား ၇၀ ကျော်သေဆုံးပြီး ၅၀ ခန့်မှာ နိုင်ကျဥ်းဖြစ်

စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးက အိုးဘိုထောင်တွင်း အကျဥ်းသား ၇၀ ကျော် သေဆုံးပြီး ၅၀ နီးပါးမှာ နိုင်ငံရေးအကျဥ်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့ ဇွန်လ (၇)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံပြိုကျပြီး သေဆုံးသူ (၇၀)ဦးကျော်ရှိခဲ့ပြီး PPNM ရဲ့ စိစစ် စောင့်ကြည့်မှတ်တမ်းကောက်ယူမှုများအရ အနည်းဆုံး နိုင်ငံရေးအကျဉ််းသား/အကျဉ်းသူ ၄၉ဦး ပါဝင်ခဲ့ကြောင်း PPNMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အကျဉ်းသားသေဆုံးမှုများနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုများမှာ မပါဝင်ဘဲ သတင်းအမှောင်ချဖုံးကွယ်ထားတယ်လို့ PPNMက ဆိုပါတယ်။ အင်အားပြင်း ငလျင်ကြောင့်သာမက ဟောင်းနွမ်းတဲ့ အကျဉ်းထောင်အဆောင်များမှာ လူထူထပ်စွာ ဖမ်းဆီးထားလို့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတာလို့ PPNMက အသိပေးပါတယ်။

◾️အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းအသုံးပြု၍ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုနဲ့ သေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောပါတယ်။ ဇွန်လ ၂ ရက်က ACDF လှုပ်ရှားနယ်မြေတစ်နေရာဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်သွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သားအလောင်းတစ်လောင်းနဲ့ MA1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်ငါးခုအပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

◾️KNU တပ်မဟာ(၄)နယ်​မြေကို စစ်ကောင်စီဗုံးကြဲ၊ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ၂ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း)မြို့နယ်ကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲခဲ့ရာ ပြည်သူသေဆုံးထိခိုက်ရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်‌တောင်ပျောက်ကျေးရွာအုပ်စု၊ ကျောက်အိုင်(ကွီးလေး)ကျေးရွာအတွင်းသို့ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုင်တာတစ်စီးဖြင့် ဗုံး(၂)လုံးကြဲချခဲ့တာပါ။ ဗုံးကြဲမှုကြောင့် ၁၀နှစ် အရွယ်ကလေးငယ်တစ်ဦးနဲ့ ၅၅နှစ်အရွယ်အမျိုးသားတစ်ဦးတို့ သေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က အသိပေးပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွာပေါင်းစုံသပိတ်ကော်မတီ၊ အားမာန်သစ်သပိတ်အင်အားစုနဲ့ တော်လှန်ပြည်သူတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ စစ်တပ်ရဲ့ မီးရှို့သတ်ဖြတ်မှုကြောင့် ကျဆုံးသွားသော အာဇာနည်သူရဲကောင်း ရဲဘော်(၁၀)ဦး ၃နှစ်နဲ့ ၆လပြည့် အလေးနီပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ "Vote ILO Article 33 to save LIVES" စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
👍397🤮1