တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်
သည်လည်း၂၀၂၄ဇန်နဝါရီလက မြဝတီမြို့နယ်
သင်္ဃန်းညီညီနောင်တွင် ၎င်းလိုက်ပါလာသည့်ရဟတ်ယာဉ်ကို KNUက ပစ်ချစဥ်သေဆုံးသွားခဲ့သည်။တပ်မ(၅၅)တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်းသည် MNDAA၏ ၁၀၂၇ စစ်ဆင်ရေးဖြင့်လောက်ကိုင်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချခဲ့၍ နိုင်ငံတော်ပုန်ကန်မှုအပါအဝင် တပ်မတော်အက်
ဥပဒေများ၊ ပုဒ်မများဖြင့် စစ်ခုံရုံးက သေဒဏ် ချမှတ်ခဲ့သည်။
တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အား PDF ၊KIA ၊ABSDF ၊ပကဖစသောပူးပေါင်း
တပ်များက ၂၀၂၅ ဧပြီလတွင်အင်းတော်မြို့သိမ်း
တိုက်ပွဲ၌ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားသည်။တပ်မ(၈၈)တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦးမှာလည်း ၂၀၂၄ မတ်လ ၂၉ရက်က မိုးမောက်မြို့
နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ သေဆုံးခဲ့သည်။
တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင်သည် ၂၀၂၃ နိုဝင်ဘာလ၇ရက်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။
တပ်မ(၁၀၁)တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်
မတော်(TNLA)၏ ၂၀၂၃ဒီဇင်ဘာလက နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးခံခဲ့ရသည်။အာဏာ
သိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်
လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များအနေဖြင့် ပြည်
သူလူထုအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန် ဗိုလ်မှူးချုပ်မင်းမင်းထွန်းက ရုပ်သံမှတစ်ဆင့်တောင်းဆိုခဲ့သည်။
ငြိမ်ချက်သားကောင်းနေသည်မှာတပ်မ(၆၆)ဖြစ်
သည်။ပဲခူးတိုင်း၊သဲကုန်းမြို့နယ်၊ အင်းမမြို့တွင် တည်ရှိသည့် တပ်မ(၆၆)သည် ဖွဲ့စည်းပုံမပြည့်မိတော့ဘဲ တိုက်ရည်ခိုက်ရည်မရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။တပ်မ(၆၆)၏ တပ်မမှူးမှာဗိုလ်မှူးကြီးကျော်စိုးလင်းဖြစ်သည်။

❤56👏31🤣2
Photo News :::
တောင်ကိုရီးယားတွင် "ပွင့်လန်းပါစေ မြန်မာပြည်" ဓာတ်ပုံပြပွဲ ပြုလုပ်
ဇွန်-၇၊ ၂၀၂၅။ သုည/People's Spring
တောင်ကိုရီးယားနိုင်ငံ အင်ချွန်း၊ ဘူဖျောင်းမြို့တွင် "ပွင့်လန်းပါစေ မြန်မာပြည်" ဟု အမည်ပေးထားသည့် မြန်မာ့အရေးဓာတ်ပုံပြပွဲကို ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဓာတ်ပုံပြပွဲကို ကိုရီးယားနိုင်ငံတွင် ၁၉၈၇ ခုနှစ် ဇွန်လ ၁၀ရက် ကျောင်းသားအရေးခင်း ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေးအခင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကိုရီးယားအဖွဲ့အစည်းများနှင့်မြန်မာအဖွဲ့အစည်းများ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီအရေး ဓာတ်ပုံပြပွဲကို Myanmar VOM နွေဦးစင်တာမှ ဦးစီးပြီး MFDMC၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) တို့နှင့်အတူ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဓာတ်ပုံများကို ဘူဖြောင်းဘူတာရှေ့ ပြည်သူ့ရင်ပြင်အဝိုင်း၌ ခင်းကျင်းပြခဲ့သည်။
မြန်မာ့အရေးဓာတ်ပုံပြပွဲကို ဇွန်လ ၇ ရက်နေ့ နေ့လယ် ၁၂နာရီမှ ညနေ ၆နာရီအထိ ကျင်းပခဲ့ပြီး ဇွန်လ ၈ ရက်တွင်လည်း ဆက်လက်ပြသသွားမည် ဖြစ်ကြောင်း MFDMC က ထုတ်ပြန်သည်။

❤58👍16🥰2🤮1
မရှဲမယ်ရေးခဲ့သည့်စာကလေးတစ်စောင်
ဇွန်-၇၊၂၀၂၅။ရဲခေါင်/People's Spring
ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှအသက် ၁၄နှစ်အရွယ် ၆ တန်းကျောင်းသူစစ်ရှောင်ကလေးငယ်တစ်ဦး မိမိကိုယ့်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့သည်။
အသက်၁၄ နှစ်အရွယ် မရှဲမယ်သည်ဇွန်လ ၆ ရက်
တွင် အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး မိသားစုငွေကြေးအဆင်မပြေမှု နှင့် ကျောင်းထွက်အလုပ်လုပ်ရမည့် အခြေအနေကြောင့် စိတ်ဖိစီးမှုများဖြစ်ခဲ့ရသည်ဟုသိရသည်။
"ကလေးကို ကျောင်းတက်ဖို့လုံးဝအားမပေးဘူးလို့သိရတယ်။အိမ်အလုပ်ပဲခိုင်းချင်တာပြောတယ်။ ကလေးကို အပြစ်ပဲပြောပြီးကျောင်းထွက်ခိုင်းတယ်။ကလေးခမျာလည်းစိတ်ဖိစီးမှုအရမ်းဖြစ်နေပုံရပါတယ်"ဟု သေဆုံးခဲ့သည့် ကလေး ၏ မိသား
စုနှင့်နီးစပ်သူတဦးက People's Springသို့သို့ ပြောသည်။
ကရင်နီပြည်နယ်၌ စစ်ရှောင်အရေးကူညီနေသူ
တစ်ဦးကလည်း "သူနောက်ဆုံးရေးခဲ့တဲ့ စာကိုဖတ်ကြည့်မိတော့ မိဘတွေရဲ့ ခက်ခဲကြပ်တည်းမှုတွေကို သိနားလည်နေတဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစရာ ခံစားချက်ကို တွေ့ရတယ်ဗျာ။စိတ်ဒဏ်ရာတွေရနေတာ။အတော်စိတ်မကောင်းဘူးဗျာ။လူကြီးတွေမှ မဟုတ်ဘူး ၊ကလေးတွေလည်း ဒီဒုက္ခဆင်းရဲ ကြပ်တည်းမှုတွေကို ရင်ဆိုင်ခံစားနေကြရတယ်"ဟု ပြောသည်။
မရှဲမယ်ရေးသားခဲ့သောစာတွင် မိသားစုဝင်တစ်ဦးချင်းနှင့် စာသင်ပေးသောဆရာ ၊ဆရာအပေါ် ကျေးဇူးတင်ကြောင်း နှင့် အမှာစကားများပါပြီး၊ သူမစိတ်ဖိစီးမှုများနေသည်ကိုလည်းရေးသားထားသည်ကိုတွေ့ရသည်။ အဆိုပါစာ နှင့် မရှဲမယ် အဆုံးစီရင်သွားသည့် သတင်းမှာ ဇွန် ၆ ရက်တွင်ဖေစ်ဘွခ်လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူများကြား မရှဲမယ်အတွက် ဝမ်းနည်းစိတ်မကောင်းကြောင်း နှင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများစီးပွားရေး၊ပညာရေး၊လူမှုရေး ဘက်ပေါင်းစုံအကြပ်အတည်းတွေ့နေကြချိန်တွင် ကလေးငယ်များ၏ စိတ်ခံစားချက်များကို ဂရုပြုပေးကြရန်လည်း ရေးသားမှတ်ချက်ပြုနေကြသည်။
စစ်ဘေးရှောင်ကလေးငယ်များနှင့် ပြည်သူများကို တက်နိုင်သမျှ ခွန်အားပေးရန်နှင့် လိုအပ်ချက်များ ကို တတ်စွမ်းသူများက ဖြည့်ဆည်းပေးကြရန် ၎င်းက တိုက်တွန်းသည်။
"လစဥ်ကြေး ကြောင့်လားမေးတော့။ အဲ့ကျောင်းကအရင်နှစ်တွေတည်းကလစဥ်ကြေးတွေမကောက်ခဲ့ကြဘူး။အနည်အကျဥ်းကောက်ရင်
တောင်မှ pass ပေးတာရှိတယ်ပြောပါတယ်။ ဒီနှစ်တောင်မှ ၅၀၀၀ ကျပ်ကောက်ဖို့တောင် မနည်းလုပ်နေရတဲ့ကျောင်းလေးပါ"ဟု သေဆုံးသွား
သည့် ကလေး ငယ် တက်ရောက်ခဲ့သော ကျောင်းနှင့် ပတ်သက်၍ ကရင်နီပြည်နယ်ကြား ကာလအစိုးရအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်
ပိုင်း ကရင်နီပြည်နယ်၌ စစ်ရှောင်ရသည့်ပြည်သူ နှစ်သိန်း ခွဲထက်မနည်းရှိနေသည်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်သောစာရင်းများအရကရင် နီပြည်နယ်နှင့်ကယန်းဒေသအတွင်း စစ်ကောင်စီ ၏ လူ့အခွင့်အရေးအချိုးဖောက်မှုများကြောင့် သတ်ဖြတ်ခံရသည့်အရပ်သား ၅၆၉ ဦး၊ စစ်ရှောင်သေဆုံးသူ ၁၇၇ ဦး ၊မတရားဖမ်းဆီးခံရသူ ၁၆၀ ဦး နှင့် နေအိမ်အလုံး သုံးထောင်ကျော်ဖျက်ဆီးခံထားရသည်။
ထို့အပြင် စစ်အုပ်စုက အာဏသိမ်းပြီးနောက်နိုင်ငံတစ်ဝန်းမှပြည်သူ အနည်းဆုံး ၆၇၀၀ ကျော်ကိုစစ်ကောင်စီလက်နက်ကိုင်အဖွဲ့များကသတ်ဖြတ်ခဲ့ပြီး
ကလေးငယ် ၈၀၀ ကျော်ကိုစစ်အုပ်စုကသတ်ဖြတ်ထားသည်။

😢56❤12😭6👎1🤮1
စစ်အာဏာရှင်ကိုအမြစ်ဖျက်ဖို့ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိနေပြီလို့မန္တလေးPDFနှိုးဆော်
ဇွန်၇၊၂၀၂၅။မေရီ/People's Spring
စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ပန်းတိုင်ဟာ မဝေးတော့တာကြောင့် တက်ကုန်ဖွင့် တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတိပေးလိုက်ပါတယ်။
ဒီကနေ့ ဇွန်လ (၇)ရက်နေ့မှာ၊NUG ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က "ဓမ္မ နဲ့ အဓမ္မ ကြားမှာ သင်ဘယ်ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်မှာလဲ"ဆိုတဲ့ ပြည်
သူလူထုကို အသိပေးနှိုးဆော်ချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါလို့ မန္တလေး PDF က နှိုးဆော်ပါတယ်။
"ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာ
ရှင်စနစ်ဆိုးကို မီးကုန်၊ယမ်းကုန်၊တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်ပါတယ်။အာဏာရှင်ကိုအမြစ်ဖျက်ဖို့ပန်းတိုင်ဟာဖြင့် မဝေးတော့ပါဘူး။ဒါ့ကြောင့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျနော်တို့နဲ့အတူ ပူးပါင်းပါဝင်အားဖြည့်ပေးကြပါ။"လို့ မန္တလေး PDFက တိုက်တွန်းပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအပြင်၊ မတရားပေါ်တာဆွဲနေတာတွေလုပ်နေတယ်ဆိုတာ သိသိနဲ့ငြိမ်ခံနေကြမှာလားလို့ မန္တလေး PDFက မေးခွန်း
ထုတ်ထားပါတယ်။
"ပိုက်ဆံပေးနိုင်သူတွေဟာလည်းအချိန်အတိုင်း
အတာ တစ်ခုထိပဲ စာရင်းထဲမပါသေးတာပါ။ မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ပါတယ်။"လို့ မန္တလေး PDF က ဆိုပါတယ်။
စစ်မှုထမ်းခေါ်ယူမှုကလည်း အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ တောရော မြို့ပါ မကျန် လူငယ်တိုင်းသတိပြုကြဖို့ မန္တလေး PDFက ထပ်မံသတိပေးပါတယ်။
စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/မ မရွေးကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်တဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မန္တလေးPDF ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ စဥ့်ကူးမြို့နယ်တစ်ခုလုံးက စစ်တပ်စခန်းတွေကို ဦးဆောင်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ၊နောင်ချို ၊မိုးကုတ်၊မိုးမိတ် ၊သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲတွေမှာလည်းတော်လှန်ရေးတပ်တွေနဲ့အတူ ထိုးစစ်ဆင်သိမ်း
ပိုက်ခဲ့ပါတယ်။မတ္တရာမြို့နယ်အရှေ့ခြမ်းကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာလို့ စစ်တပ်ကိုအပြင်းအထန်ခုခံတိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့ဖြစ်ပါတယ် ။

👍65❤23🥰6👏3🔥1🫡1
KNU တပ်မဟာ (၄)နယ်မြေကို စစ်ကောင်စီဗုံးကြဲကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ၂ဦးသေဆုံး
ဇွန်-၇၊၂၀၂၅။ထားမြတ်/People's Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ
(၄) နယ်မြေ ကစယ်ဒို(သရက်ချောင်း) မြို့နယ်ကိုစစ်ကောင်စီက ဇွန်လ ၇ ရက်မနက်ပိုင်းတွင်လေ
ကြောင်းမှဗုံးကြဲခဲ့ရာပြည်သူသေဆုံးထိခိုက်ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
မြိတ်-ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်တောင်
ပျောက်ကျေးရွာအုပ်စု၊ကျောက်အိုင်(ကွီးလေး)
ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုင်တာတစ်စီးဖြင့် ဗုံး(၂)လုံးကြဲချခဲ့ခြင်းဖြစ်သည်။
ဗုံးကြဲမှုကြောင့် ၁၀နှစ် အရွယ်ကလေးငယ်တစ်ဦးနှင့် ၅၅နှစ်အရွယ်အမျိုးသားတစ်ဦးတို့သေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က အသိပေးသည်။ထိုအပြင် နေအိမ်ပျက်စီးမှု ရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတိုလေကြောင်းတိုက်ခိုက်ရာ ကျောက်အိုင်ဒေသ ၌ တိုက်ပွဲ ဖြစ်ပွားမှု ရှိမရှိနှင့်ဒေသတွင်းစစ်ရေးအခြေအနေများကိုမေးမြန်းရန် KNU မြိတ်
-ထားဝယ် ခရိုင် သို့ ဆက်သွယ်ထားဆဲဖြစ်သည်။
တနင်္သာရီတိုင်းအတွင်း ယခု ဇွန်လမှ စ၍တိုက်ပွဲများထပ်မံတိုးမြှင့်ရန်ရှိနေကြောင်း ဇွန် ၁ရက်နေ့တွင် ပြုလုပ်သည့် တနင်္သာရီကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည့် ကရင်တိုင်းရင်း
သား စောဆဲနေစေးကပြောကြားသည်။
တိုက်ပွဲ တိုးမြင့်လာနိုင်မှုနှင့်အတူပြည်သူများလေ
ကြောင်းအန္တရာယ် ကြုံနေရမှုများလည်းရှိဟု ၎င်းက ဆွေးနွေးပြောကြားခဲ့သည်။
“နေ့တိုင်းကို ကျနော်တို့က နားထောင်နေရတယ်။ လေယာဉ် တက်လာပြီဟေ့ဆို ဗုံးခိုကျင်းထဲ ဆင်းပြေးရတာပေါ့ ။တချို့ ဗုံးခိုကျင်းမလုပ်နိုင်တဲ့အခါကျတော့ချောင်းထဲ မြောင်းထဲ ဆင်းပြေးနေရတဲ့ အခြေအနေတွေရှိတယ်။” ဟု စောဆေဲနေစေးက ပြောကြားသည်။
စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းအရပ်သားပြည်သူများရှိရာနေရာများကိုလေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။မြန်မာ့သ
မိုင်းတလျှောက်လူသေဆုံးပျက်စီးဆုံးရှုံးမှူအများဆုံးစစ်ကိုင်ငလျင်လှုပ်အပြီးတွင် စစ်ကောင်စီကယာယီအပစ်ရပ်ကြောင်းကြေညာပြီး ဗုံးကြဲသတ်ဖြတ်မှုများကို တိုးလုပ်နေသည်။

🤬53❤8😢7👎1