People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တကယ်တော့ အမေ့အမှုဖြစ်စဥ်မှာ သူ အမှန်တိုင်း ဝန်မခံမိတဲ့ အကြောင်းအရင်းက အဲသည့်တုန်းက သူကိုယ်တိုင် တရားလိုဖြစ်တဲ့ အဘွားကြီးဆီကနေ ငွေချေးထားတဲ့အပြင် သူသာ အမှန်တိုင်းမထွက်ဆိုဘဲ လိမ်ညာပေးခဲ့ရင် ချေးထားတဲ့ငွေ ပြန်ဆပ်စရာမလိုဘူးဆိုတဲ့ မက်လုံးပေးလာတာကြောင့် သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ အမေ့အပေါ်မှာ အခုလို သစ္စာဖောက်ခဲ့မိတယ် ဆိုတာကို သူ ဝန်ခံသွားရှာတယ်။

သူ ဘာကြောင့် အခုလို ဝန်ခံရတာလဲဆိုရင် ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း သူ့လင် ရုတ်တရက်ဆုံးတယ်၊ သူ့လင်ဆုံးပြီးတဲ့နောက် သူ့မှာလည်း မလုပ်တတ်မကိုင်တတ်နဲ့ စီးပွားတွေလည်းပျက်၊ အိမ်ပိုင်၊ ကားပိုင်၊ ဟန်းဖုန်းတွေအပိုင် ရှိတဲ့ ဘဝကနေ တစပြီးတစ ပြိုကျလာခဲ့လိုက်တာ နောက်ဆုံး အခုလို အိမ်ငှားပြီး လမ်းဘေးမရောက်ရုံတမယ် ဖြစ်ရတဲ့ဘ၀အထိကို ရောက်ရတော့တာပဲ။

သူတခုခု အဆင်မပြေဖြစ်တိုင်း သူ့စိတ်ထဲစွဲနေတာက တရားရုံးမှာ မှန်ရာကို ထွက်ဆိုပါမယ်ဆိုပြီး ကျိန်ဆိုခဲ့တဲ့ အဖြစ်ကို ပြန်သတိရပြီး အမေ့အပေါ်မှာ မတရားသဖြင့် အခုလိုလုပ်ခဲ့မိတဲ့ ဥပါဒါန်က သူ့ကို တချိန်လုံး အရိပ်လိုလိုက်နေသလို ခံစားနေရတယ် ဆိုတာကိုလည်း သူက ငိုပြီး ပြောသွားခဲ့ရှာတယ်။ အမေကတော့ ခွင့်လွှတ်ပေးတဲ့အပြင် သူ့သူငယ်ချင်း သုံးဖို့အတွက် ငွေတချို့လည်း ပေးခဲ့လိုက်တယ်။

ဒီတော့ စာကို အနှစ်ချုပ်ရရင် ခင်ဗျားတို့ ကျနော်တို့ မြင်ဖူးကြတဲ့ တရားရုံးမှာ မှန်ရာကိုထွက်ဆိုပါမယ်ဆိုပြီး ကျမ်းကျိန်တိုင်း ကိုင်ရတဲ့ အနီရောင်အထုပ်လေးကို လျှော့မတွက်နဲ့ဗျ။

နောက်ပြီး ကိုယ်တိုင်က မကောင်းတာလုပ်ထားပြီး တဘက်သားအပေါ် ယုတ်မာခဲ့တဲ့ အကုသိုလ်အဟုန်ကလည်း ဒီအတိုင်း ရပ်မနေဘူး ဆိုတာကိုလည်း မမေ့ကြနဲ့။

ငွေချေးငှားတဲ့ သာမန်အမှုမှာတောင် ကျိန်ဆိုခဲ့ရတဲ့သစ္စာက စူးတတ်တယ်ဆိုရင် သူတပါးအပေါ် မတရားသဖြင့် လူပ်ခဲ့ကြပြီး နိုင်ငံ၊ တိုင်းပြည်နဲ့ ပြည်သူအပေါ် သစ္စာစောင့်သိပါမယ်ဆိုပြီး သစ္စာဓိဋ္ဌာန် ဆိုထားကြတဲ့သူတွေ သစ္စာစူးရင် ဘယ်လောက်ခံရမလဲဆိုတာကို တွေးကြည့် မြင်ကြည့်။

ကမ္ဘာကလည်နေသလို တချိန် ကိုယ်ပြုခဲ့ဖူးတဲ့ မကောင်းမှုတွေကလည်း လည်နေတယ်ဆိုတာ မမေ့ကြနဲ့ ဆိုတာပြောရင်း အခုချိန်မှာ ပြည်သူ့သစ္စာ စူးနေကြတဲ့သူတွေကို ကျနော်က ပြုံးပြီး မင်းတို့အလှည့်လည်းလာပြီဆိုတာကိုပဲပြောချင်တယ်။ ။

(The Call - ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းမှာ 'Simon'
ရေးဖွဲ့တဲ့ “သစ္စာစူးကြသူ​တွေ" ဝတ္ထုတို ကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍5315🤮1
👍47🔥1
ရွေးကောက်ပွဲ ကျင်းပမယ့် ကာလကို ဘင်္ဂလားဒေ့ရှ် ကြေညာ

ဇွန်-၇၊၂၀၂၅။People's Spring

ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲကျင်းပမယ့် ကာ
လကို ယာယီ အစိုးရကထုတ်ပြန်ကြေညာလိုက်
ပါတယ်။

၂၀၂၄ ခုနှစ်ဩဂုတ်လမှာ တက္ကသိုလ် ကျောင်း
သားတွေ ဦးဆောင်တဲ့လူထုအုံကြွမှုတစ်ခုကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ အစိုးရ ပြုတ်ကျသွားချိန်ကတည်းက နိုင်ငံကို ဦးဆောင်နေတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ်ရဲ့ ယာ
ယီ အစိုးရဟာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို သတ်သတ်မှတ်မှတ် ကြေညာပေးဖို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ ဖိအားပေးမှုကို ခံနေခဲ့ရပါတယ်။

ယူနွတ်စ်ကတော့ထိရောက်တဲ့ပြုပြင်ပြောင်းလဲရေး အစီအမံတွေရုပ်လုံးပေါ်မလာခင်ရွေးကောက်
ပွဲကို အဆောတလျင် ကျင်းပတာဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်မဖြစ်နိုင်ဘူးလို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ ဇွန်လ ၆ ရက်နေ့မှာတော့သူ့ရဲ့အစိုး
ရဟာ ရွေးကောက်ပွဲ ကျင်းပမယ့် လျာထားကာလကို အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလမှာနိုင်ငံရဲ့အထွေထွေ ရွေး
ကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ယူနွတ်စ်က ပြောပါတယ်။

လက်ရှိအကောင်အထည်ဖော်နေတဲ့ပြုပြင်ပြောင်း
လဲရေး အစီအမံတွေကို ပြန်လည် သုံးသပ်ပြီးတဲ့နောက် လာမယ့်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ ကျင်းပမယ်လို့ ပြည်သူလူထုကို အသိ
ပေးကြေညာလိုက်ကြောင်းယူနွတ်စ်ကဆိုပါတယ်။

လူဦးရေ ၁၇၃ သန်းရှိတဲ့နိုင်ငံမှာရွေးကောက်ပွဲမဲပေးမှုဆိုင်ရာလမ်းပြမြေပုံနဲ့ တခြားလိုအပ်တဲ့လမ်း
ညွှန်ချက်တွေကိုရွေးကောက်ပွဲကော်မရှင်က ထုတ်
ပြန်ပေးသွားမယ်လို့လည်း ယူနွတ်စ်က ဆက်ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်တဲ့ အတိုက်အခံတွေကတော့ ရွေးကောက်ပွဲကို ဒီထက် အချိန်စော ကျင်းပသင့်တယ်လို့ ဝေဖန်ပြီး အခုနှစ် ဒီဇင်ဘာလ မကုန်ခင် ရွေးကောက်ပွဲတွေ မကျင်းပနိုင်ရင် ယာယီ အစိုးရဟာ ပြည်သူလူထုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရပြီး နိုင်ငံ မတည်မငြိမ် ဖြစ်လာနိုင်ကြောင်း ပြောကြားထားပါတယ်။

BNP ရဲ့ ခေါင်းဆောင်ဖြစ်သူဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာဟာ အဂတိ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပေမယ့် ၂၀၀၈ ခုနှစ်မှာ ကွင်းလုံးကျွတ် လွတ်
မြောက်ခဲ့ပြီး ဖြစ်တာကြောင့် ရွေးကောက်ပွဲ ပြန်ဝင်ခွင့် ရှိနေပြီး အနိုင်ရဖို့လည်း ရေပန်းစားနေပါတယ်။

ယူနွတ်စ်ရဲ့ ယာယီအစိုးရဟာ ဟာဆီနာဦးဆောင်ခဲ့တဲ့ အေဝါမီ အဖွဲ့ချုပ် ပါတီကိုတော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအောက်ကနေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် အားလုံးကို တားဆီးပိတ်ပင်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ကာလရှည်ကြာအုပ်ချုပ်ခဲ့သူ ဟာဆီနာဟာ နိုင်ငံစီးပွားရေး တိုးတက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်တဲ့အတွက် ချီးကျူး ခံခဲ့ရပေမယ့် အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတာ၊ ဖိနှိပ်တာတွေအပါအဝင်လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်အတော်လေးနာမည်ပျက်ခဲ့ပါတယ်။ လက်ရှိမှာတော့ဟာဆီနာဟာအိန္ဒိယနိုင်ငံမှာခိုလှုံ
နေရဆဲ ဖြစ်ပါတယ်။

ကိုးကား- Reuters
👍609😁3🔥1👏1
👍47🔥2
ညောင်ဦးမှာ PDF ကို စစ်တပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦး အဖမ်းခံလိုက်ရ

ဇွန် ၇၊ ၂၀၂၅။ မေရီ/People's Spring

ညောင်ဦးမှာ PDF ​တွေကိုစစ်ကောင်စီတပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦးအဖမ်းခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့မေလ၂၀ရက်​နေ့၊မနက်၁၀ နာရီခန့်က မန္တ
လေးတိုင်း၊ညောင်ဦးမြို့နယ်၊ညောင်ဦး-ချောက် ကားလမ်းပိုင်းတနေရာမှာ ကာကွယ်ရေးအဖွဲ့တွေကအရပ်ဝတ်နဲ့ စစ်ဆေးနေတဲ့အချိန် ချောက်ဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်
ဆေးခဲ့ကြပါတယ်။

အဲဒီကားပေါ်မှာ နေပြည်တော်ကလာတဲ့ ကျန်းမာ
ရေးနဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း Bagan Bo Cho PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ကျနော်တို့က လမ်းပိုင်းစစ်ဆေးတုန်းအရပ်ဝတ်နဲ့ ကားတစီးရောက်လာပြီး ညီလေးရေ အကိုတို့က ဒီလိုဆိုပြီး ကတ်ထုတ်ပြပါတယ်။ သေနတ်တွေဘာတွေတော့ မပစ်လိုက်ရဘူး။အသာတကြည်လိုက်
ပါတယ် မပြေးနဲ့ပေါ့ပြေးရင်တော့ပစ်မှာ။"လို့ အ
ထက်ပါတာဝန်ရှိသူက ပြောပါတယ်။

သူတို့နှစ်ဦးရဲ့ စိစစ်ရေးကတ်၊ ယူနီဖောင်းတချို့နဲ့ အိမ်စီးကားကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဗိုလ်ကြီး နှစ်ဦးကို စစ်သုံ့ပန်း ဥပ‌ဒေအရ သက်
ဆိုင်ရာ ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံထံဆီ လွှဲအပ်ထားတယ်လို့ သိရပါတယ်။
🤣7010👏7👍1🥰1
ဖမ်းဆီးရမိသော စစ်ကောင်စီဗိုလ်ကြီး၂ဦး ဓာတ်ပုံ-Bagan Bocho
🤣75👍14👏74😁2
ဗန်းမော်၌ KIAပူးပေါင်းတပ် နှင့် စစ်ကောင်စီ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်

■ဝိုင်းမော်လမြန်ဒေသတွင်လည်းတိုက်ပွဲဖြစ်

ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိသော်လည်း အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြား
ရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KIA နှင့် မဟာမိတ် ပူးပေါင်းတပ်သည်ဗန်းမော်မြို့ ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ
သည်မှာ ခြောက်လ ကျော်ရှိပြီဖြစ်ပြီး လတ်တ
လော စစ်ရေး အခြေအနေ မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခြင်းဖြစ်သည်။

“ဗန်းမော်ဘက်ကအခြေအနေကသိပ်ထူးတာတော့မရှိပါဘူး။ခါတိုင်းလိုပေါ့ လေကြောင်းနဲ့ ဗုံးကြဲတာတွေ ဒရုန်းနဲ့ဗုံးကြဲတာတွေကတော့ရှိတယ်။နောက်လက်နက်ကြီးနဲ့ အပြန်အလှန် ထုတာတွေတောရှိတယ်။ မြေပြင်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် တော့မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KIAသည်ဗန်းမော်ကိုအပြီးသတ်သိမ်းနိုင်ရေး ကြိုး
ပမ်းလျက်ရှိရာ လက်ရှိတွင် အမှတ်(၂၁) စစ်
ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)ကို ထိုးစစ်ဆင်နေသည်။ စကခ(၂၁) ကာကင်း စခန်းအချို့ သိမ်းပိုက်ထားပြီးဖြစ်သကဲ့သို ပြီးခဲ့သည့် နှစ်ဝက်အတွင်း စကခ(၂၁) ကာကင်း စခန်းအချို့၊ သံချပ်ကာတပ်၊အမြောက်တပ် ၊ တင့်ကားတပ်၊ ဗန်းမော်လေယာဉ်ကွင်းနေရာ အပါအဝင် စစ်ကောင်စီ တပ်စွဲထားသည့် နေရာများ၊ တပ်စန်းများကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ထိုအပြင် ဝိုင်းမော်မြို့နယ်လမြန်ဒေသ၌လည်းဇွန်
လ ၇ရက်မနက်အစောတွင်စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ဟု ၎င်းကပြောသည်။

“ဝိုင်းမော် လမြန်ဘက် ယနေ့ မနက်ပိုင်း ခဏလေး အချိန်မှာ တိုက်ပွဲဖစ်တာ အခုတော့ ငြိမ်တော့ ပြန်ငြိမ်သွားပြီးတော့ ဒရုန်း၊ လက်နက်ကြီးနဲ့ ရံဖန်ရံခါ ပစ်တဲ့အခြေအနေတော့ ရှိနေပါတယ်” ဟု ဗိုလ်မှူး
ကြီးနော်ဘူက ပြောကြားသည်။

စစ်ကောင်စီသည် ဧပြီလကတည်းကဝိုင်းမော်၊လမြန်ဒေသသို့စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေ​သော​ကြောင့်KIAနှင့်ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။
👍6418🤣2🥰1
ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှ KIA တပ်ဖွဲ့ဝင်များ
85👍14🥰8😁3🥱2
■ကဗျာ

‘ပေါ့ပါးနိူင်ကြစေ’

◼️ခွန်းနီ

မီးတွေ မီးတွေ
ဒီနိူင်ငံမှာမီးတွေကြီးပဲ
မချိမဆန့်လောင်မြိုက်နေကြတာ
တွေ့လား
တွေ့ကြရဲ့လား။
မီးတွေကပြောတယ်
ငါတို့ကိုအသက်ညှာဆုံးဝါးမြိုပစ်မယ်တဲ့
လေပူတွေကနေတစ်ဆင့်ငါသတင်းရတယ်
နားကြားမှားတာလို့နှစ်သိမ့်သူမရှိပါဘူး
အရိုးပြိုင်းပြိုင်းနဲ့အိမ်တိုင်အတိုအရှည်တွေဟာ
မသေပဲကျန်ခဲ့တဲ့သူရဲကောင်းတွေလို
ခေါင်းတွေမော့ထားလျှက်။
ဆုံးရှုံးခဲ့တဲ့ဘဝတွေအတွက်
သူဆယ်ယူပေးနိူင်ခဲ့တာဒါပဲရှိမယ်
မီးကျွမ်းပြီးကျန်ခဲ့တဲ့အိမ်တိုင်တွေမှန်း
ရိပ်မိလာတဲ့အခါခေါင်းတွေပြန်ငုံ့သွားတယ်
ဒုတိယအကြိမ်လောင်ကျွမ်းခံဖို့ခက်နေရှာမှာ။
စစ်တလင်းမှာကိုယ်ကျိုးနည်းခဲ့ကြသူတွေ
ပြာထုတ်တွေပိုက်ပြီး
ဘဝတွေကိုဆန်ပြာသလိုပြာကြည့်နေရှာတယ်
မျက်ရည်တွေသာတစ်ဖွဲဖွဲကျလာပြီး
ဘဝတွေဟာပြာတွေနဲ့ရောထွေးသွားပြီ။
ပေါ့ပါးပါစေဘဝတွေရေ
တစ်ကယ်ပေါ့ပါးလွတ်မြောက်ကြပါစေ
ထွက်သွားသူတွေလဲပေါ့ပါးပါစေ
ငါတို့မှာတော့လေးလံနေရဆဲ
မသေနိူင်သေးလို့ဖြစ်မှာပါ။
အသက်ရှုရတာခက်သလောက်
သေရတာကျလွယ်လွန်းတဲ့နိူင်ငံမှာ
အားလုံး အားလုံး ပေါ့ပါးကြပါစေ
နာရေးသတင်းတွေထုံမွှန်းထားတဲ့
မနက်ဖြန်တွေလဲပေါ့ပါးနိူင်ကြပါစေ
အဓမ္မတရားတွေလဲပေါ့ပါးစွာထွက်ခွာနိူင်ပါစေ
ဓမ္မတရားတွေလဲပေါ့ပါးစွာရောက်ရှိနိူင်ပါစေ
ကမ္ဘာကြီးလဲပေါ့ပါးပါစေ.....။ ။

(The Call - ​ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ခွန်းနီ'
'ရေးဖွဲ့တဲ့ “ပေါ့ပါးနိူင်ကြစေ" ကဗျာ ကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍386🥰2🔥1🤮1
👍33🔥3🥰3🤮21
တပ်မ(၃၃)တပ်မမှူးဗိုလ်မှူးချုပ်ကျော်ဆက်မြင့်
နှင့် မိသားစုကို စစ်ကောင်စီဖမ်းဆီး

■စစ်​ကောင်စီ၏တပ်မ ၁၀ ခုတွင် တပ်မမှူး ၅ ဦးမှာစစ်ပွဲတွင်​သေဆုံးပြီး ၂ ဦးကို​တော်လှန်​ရေးတပ်များကဖမ်းဆီးထားကာ၊ ၂ဦးကိုစစ်တပ်ကပြန်ဖမ်း
တပ်မ ၆၆ တပ်မမှူးတစ်ဦးသာ​ဘေးကင်း​နေ​သေး

ဇွန်-၇၊၂၀၂၅။ ကဖေး/People's Spring

ဖားကန့်တွင်KIA၊KPDF ပူးပေါင်းတပ်အား စစ်ရှုံးခဲ့သည့် တပ်မ(၃၃)၏တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို စစ်ကောင်စီက တပ်မဌာနချုပ်သို့ပြန်ခေါ်ပြီး မိသားစုဝင်များကိုပါ ဖမ်းဆီးလိုက်သည်ဟု နေပြည်တော် နှင့် စစ်ကိုင်းတိုင်းစစ်ရေးသ
တင်းရင်းမြစ်များကပြောသည်။

ဖားကန့်တွင် တာဝန်ကျနေသည့် ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို ဇွန်လဆန်းတွင်စစ်ကောင်စီက ရ
ဟတ်ယာဉ်ဖြင့် ခေါ်သွားပြီး ဌာနချုပ်ဖြစ်သည့် စစ်ကိုင်းမြို့သို့အရောက်တွင် မိသားစုဝင်များကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

"၃၃ မှူးချုပ် အဖမ်းခံလိုက်ရပြီ။ မိသားစုဝင်တွေပါ ဖမ်းတာ။ သူကကချင်မှာစစ်ရှုံးသလိုအုပ်ချုပ်စီမံညံ့ဖျင်းတာရယ်၊ လာဘ်စားပြီးလုံခြုံရေးပေါ့လျော့တယ်ဆိုတဲ့ မှတ်ချက်တွေနဲ့ အဖမ်းခံရတာ။သူ ထောင်ကျမှာပါ" ဟု အထက်ပါစစ်ရေးသတင်ရင်း
မြစ်ကပြောသည်။

အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်သည် အနောက်
မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သောစစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် အခြေစိုက်သည်။ တပ်မ(၃၃)သည် ဖားကန့်တွင် ၄နှစ်နီးပါး တပ်စွဲခဲ့ပြီး ပြီးခဲ့သည့် ဇွန်လကုန်တွင် မိုးကောင်းမြို့အ
ခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၃)
နှင့် တပ်အချိန်းအပြောင်းပြုလုပ်ခဲ့သည့်။

စကခ (၃) ဦးဆောင်သည့်စစ်ကောင်စီစစ်ကြောင်းသည်ကာမိုင်း -လုံးခင်း -ဖားကန့်လမ်းအတိုင်း ဧ
ပြီလ ၂၃ရက်မှစ၍ စစ်ကြောင်းထိုးခဲ့ပြီး ‌မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံ၊ မေလ ၂၉ရက် နေ့လယ်ပိုင်းတွင်ဖားကန့်သို့ရောက်ရှိသွားခဲ့သည်။
ထို့နောက်ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကိုရဟတ်
ယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်သွားခြင်းဟု သတင်း
ရရှိသည်။ မည်သည့်နေ့တွင်ပြန်လည်ခေါ်ဆောင်
သွားသည်ကို အသေးစိတ်အတည်ပြု၍မရသော်
လည်း ဇွန်လ ၄ရက်က ညနေပိုင်းတွင် ဖားကန့်ဗျူဟာကုန်းကို စစ်ကူပို့ရင်းလာသည့် ရဟတ်
ယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းဟုသတင်းများထွက်ပေါ်ခဲ့သည်။

ထို​နေ့က ရဟတ်ယာဥ် ၂ စင်းလာပြီး ၁ စင်းမှာဆင်းသက်ပြီးကျန် ၁ စင်းမှာမဆင်းဘဲ ပတ်ပျံ၍ကင်းလှည့်ခဲ့သည်။အဆိုပါရဟတ်ယာဉ်ကို
KIA၊KPDFတို့ကပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသ
ခံများကပြောသည်။ လူမှုကွန်ရက်ပေါ်ထွက်ပေါ်
လာသည်ရုပ်သံမှတ်တမ်းများတွင် ဖားကန့်ဗျူဟာကုန်းအနီး၌ ရဟတ်ယာဉ် အနိမ့်ပိုင်းမှပျံသန်းနေစဉ် သေနတ်ပစ်ခတ်သံများထွက်ပေါ်နေခဲ့သည်။ ရဟတ်ယာဉ်ပေါ်မှပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။ ဖားကန့်ဗျူဟာကုန်းသည် မှော်ဝမ်းရပ်ကွက်၌
တည်ရှိပြီး လူနေအိမ်များနှင့်လည်းနီးသည်။

"ရဟတ်ယာဉ်နဲ့ခေါ်သွားတာ။ကျန်တဲ့စစ်ကြောင်းတွေကလာရာလမ်းအတိုင်းပြန်မှာပါ။ဖားကန့်-ကာမိုင်းလမ်းအတိုင်း ထွက်ဖို့ ပြင်ဆင်နေတာပါ"ဟု ကားမိုင်းမြို့မှ ရှမ်းနီတပ်(SNA)နှင့် နီးစပ်သောသတင်းရင်းမြစ်ကပြောသည်။

ဗိုလ်မှူးချုပ်ကျော်ဆက်မြင့် ဖားကန့်၌ရှိနေစဉ် ၂၀၂၃၊၂၀၂၄ခုနှစ်မှစ၍ဖားကန့်မြို့နယ်၊ဆယ်ဇင်းရွာမှ စစ်ကောင်စီနှင့် SNAစခန်းများကို KIA၊KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူခဲ့သည်။ ၂၀၂၄ ဇူလိုင်လတွင် ဖားကန့်မြို့၊ ဆိုင်တောင်ရဲစခန်းကိုKIA၊KPDF ပူးပေါင်းတပ်က သိမ်းယူခဲ့ပြီး နယ်မြေစိုးမိုးမှုရယူခဲ့သည်။

စစ်ကောင်စီသည်ဖားကန့်ကို အပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲဖားကန့်ဗျူဟာကုန်း၊မဇွပ်ယာန်အချုပ်ထောင်၊ လုံးခင်းဗျူဟာကုန်း၊ လုံးခင်းရဲစခန်း၊ ယမ်းချက်စခန်း၊ကံဆီးဗျူဟာကုန်းနှင့်ဖားကန့်မြို့မရဲစခန်း၌ တပ်စွဲထားခဲ့သည်။ထိုနေရာများ၌လက်နက်ကြီးများတပ်ဆင်ထားပြီးKIA၊KPDF ပူးပေါင်းတပ် တပ်စွဲထားသည့်နေရာများ၊ တိုက်ပွဲဖြစ်‌သောနေရာများကိုပစ်ခတ်ကာဒေသတွင်းစခန်းများမဆုံးရှုံးအောင်ခုခံစစ်ပုံစံနေခဲ့ရသည်။

ယခုအခါ စစ်ကောင်စီကစကခ(၃)ဦးဆောင်သည့် SNA နှင့် ပြည်သူ့စစ် စစ်ကြောင်းများကို ဖားကန့်တဝိုက်တွင်နေရာချထားပြီးစစ်ကြောင်းထိုးနေ
သည်။

စစ်ကောင်စီတွင် တပ်မ ၁၀ ခုရှိပြီး တပ်မ(၃၃)နှင့် တပ်မ(၆၆)မှလွဲ၍ ကျန်တပ်မ ၈ ခုမှ တပ်မမှူးများသည် တိုက်ပွဲ၌ ၅ ဦး သေဆုံးပြီးစစ်သုံပန်းအဖြစ် ၂ဦးဖမ်းဆီးခံထားရသည်။ ၁ဦးသည် တိုက်ပွဲအတွင်းလက်နက်ချ၍ စစ်ကောင်စီကသေဒဏ်ချမှတ်ထားသည်။

တပ်မ(၁၁)တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းသည်၂၀၂၄ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အ
တွင်းအသေဖမ်းမိခဲ့ကြောင်း အာရက္ခတပ်တော်
AAက ထုတ်ပြန်ခဲ့သည်။တပ်မ (၂၂)တပ်မမှူး ဗိုလ်
မှူးကြီး အောင်နေမျိုးသည် ၂၀၂၄ ဒီဇင်ဘာလက မောင်တောမြို့သိမ်းတိုက်ပွဲတွင်ထွက်ပြေးစဉ် မိုင်းထိ သေဆုံးခဲ့ကြောင်း AAက ထုတ်ပြန်ခဲ့သည်။
62👏26👍9🤣2🥰1😁1🤔1
တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်
သည်လည်း၂၀၂၄ဇန်နဝါရီလက မြဝတီမြို့နယ်
သင်္ဃန်းညီညီနောင်တွင် ၎င်းလိုက်ပါလာသည့်ရဟတ်ယာဉ်ကို KNUက ပစ်ချစဥ်သေဆုံးသွားခဲ့သည်။တပ်မ(၅၅)တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်းသည် MNDAA၏ ၁၀၂၇ စစ်ဆင်ရေးဖြင့်လောက်ကိုင်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချခဲ့၍ နိုင်ငံတော်ပုန်ကန်မှုအပါအဝင် တပ်မတော်အက်
ဥပဒေများ၊ ပုဒ်မများဖြင့် စစ်ခုံရုံးက သေဒဏ် ချမှတ်ခဲ့သည်။

တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အား PDF ၊KIA ၊ABSDF ၊ပကဖစ​သောပူးပေါင်း
တပ်များက ၂၀၂၅ ဧပြီလတွင်အင်းတော်မြို့သိမ်း
တိုက်ပွဲ၌ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားသည်။တပ်မ(၈၈)တပ်မမှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦးမှာလည်း ၂၀၂၄ မတ်လ ၂၉ရက်က မိုးမောက်မြို့
နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ သေဆုံးခဲ့သည်။

တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင်သည် ၂၀၂၃ နိုဝင်ဘာလ၇ရက်က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်‌ မြောက်ပိုင်း မုန်းကိုးမြို့သိမ်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။

တပ်မ(၁၀၁)တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်
မတော်(TNLA)၏ ၂၀၂၃ဒီဇင်ဘာလက နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးခံခဲ့ရသည်။အာဏာ
သိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်
လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များအနေဖြင့် ပြည်
သူလူထုအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန် ဗိုလ်မှူးချုပ်မင်းမင်းထွန်းက ရုပ်သံမှတစ်ဆင့်တောင်းဆိုခဲ့သည်။

ငြိမ်ချက်သားကောင်းနေသည်မှာတပ်မ(၆၆)ဖြစ်
သည်။ပဲခူးတိုင်း၊သဲကုန်းမြို့နယ်၊ အင်းမမြို့တွင် တည်ရှိသည့် တပ်မ(၆၆)သည် ဖွဲ့စည်းပုံမပြည့်မိတော့ဘဲ တိုက်ရည်ခိုက်ရည်မရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။တပ်မ(၆၆)၏ တပ်မမှူးမှာဗိုလ်မှူးကြီးကျော်စိုးလင်းဖြစ်သည်။
56👏31🤣2
ဇွန်လ ၄ ရက်တွင် ဖားကန့် ဗျူဟာကုန်းသို့လာ​ရောက်ခဲ့​သော ရဟတ်ယာဥ်နှစ်စီးထဲကတစ်စီး ။
ဓါတ်ပုံ-Naw Tu Awng
33💩11👏8🖕5👎3🔥1
Photo News :::
တောင်ကိုရီးယားတွင် "ပွင့်လန်းပါစေ မြန်မာပြည်" ဓာတ်ပုံပြပွဲ ပြုလုပ်
ဇွန်-၇၊ ၂၀၂၅။ သုည/People's Spring
တောင်ကိုရီးယားနိုင်ငံ အင်ချွန်း၊ ဘူဖျောင်းမြို့တွင် "ပွင့်လန်းပါစေ မြန်မာပြည်" ဟု အမည်ပေးထားသည့် မြန်မာ့အရေးဓာတ်ပုံပြပွဲကို ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဓာတ်ပုံပြပွဲကို ကိုရီးယားနိုင်ငံတွင် ၁၉၈၇ ခုနှစ် ဇွန်လ ၁၀ရက် ကျောင်းသားအရေးခင်း ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေးအခင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကိုရီးယားအဖွဲ့အစည်းများနှင့်မြန်မာအဖွဲ့အစည်းများ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီအရေး ဓာတ်ပုံပြပွဲကို Myanmar VOM နွေဦးစင်တာမှ ဦးစီးပြီး MFDMC၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) တို့နှင့်အတူ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဓာတ်ပုံများကို ဘူဖြောင်းဘူတာရှေ့ ပြည်သူ့ရင်ပြင်အဝိုင်း၌ ခင်းကျင်းပြခဲ့သည်။
မြန်မာ့အရေးဓာတ်ပုံပြပွဲကို ဇွန်လ ၇ ရက်နေ့ နေ့လယ် ၁၂နာရီမှ ညနေ ၆နာရီအထိ ကျင်းပခဲ့ပြီး ဇွန်လ ၈ ရက်တွင်လည်း ဆက်လက်ပြသသွားမည် ဖြစ်ကြောင်း MFDMC က ထုတ်ပြန်သည်။
58👍16🥰2🤮1
ဓာတ်ပုံ - MFDMC
63👍14👏2🤮1