မြန်မာ့အရေး တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှု ဆန့်ကျင်ကြောင်း အမေရိကန်ရှိ ပြည်သူများ ဆန္ဒပြ
ဇွန်-၇၊ ၂၀၂၅။ သုည/People's Spring
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ တရုတ်အစိုးရက စစ်ကောင်စီဘက်၌ ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နေခြင်းအား ဆန့်ကျင်ရှုတ်ချကြောင်း ယမန်နေ့ (ဇွန်လ ၆) ညနေက ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို NYCBC အဖွဲ့ကဦးဆောင်ပြီး အမေရိကန်နိုင်ငံရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမျှတမှုမရှိသော အတုအယောင် ရွေးကောက်ပွဲကို မထောက်ခံရေး၊ စစ်ကောင်စီကို စစ်လက်နက်များ မထောက်ပံပေးရေး ဆန္ဒပြခဲ့ကြပြီး မြန်မာပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ထောက်ထားရန်လည်း NYCBC က တိုက်တွန်းခဲ့သည်။

👍55❤22👏6👎2🤮2
■Short Story
‘သစ္စာစူးကြသူများ’
◼️Simon
"ဒီနေ့ အမေ တရားရုံးကို သွားရမယ်၊ အမေ့ကို အာမခံပေးဖို့ ငွေလိုတယ် သား၊ အဲ့ငွေမပေးရင် တရားရုံးက အမေ့ကို အချုပ်ချလို့ရတယ်"
ဗျာ !!!
အမေ့အမှုအတွက် အာမခံပေးဖို့ ငွေလိုတယ်ဆိုတဲ့ အသံကိုကြားတော့ ကျနော် ခေါင်းနပန်းကြီးသွားတယ်။
"ငွေက ဘယ်လောက်လိုတာလဲ အမေ"
"သုံးသောင်းခွဲလိုတယ် သား ... အမေ့မှာလည်း ငါးထောင်လောက်ပဲရှိတယ် ... အဲဒါ ကျန်တဲ့ငွေကို သား ဘယ်က ရှာလို့ရမလဲ"
ကျနော့်အလုပ်က တလမှ တသောင်းလောက်ပဲ ရတဲ့အချိန်မှာ အာမခံပေးဖို့ လိုတဲ့ငွေ သုံးသောင်းဆိုတာ ကျနော့်သုံးလစာလောက်ဆိုတော့ ဒီငွေကို ကျနော် ဘယ်နားက သွားရှာရမလဲဆိုတာ တော်တော်လေး စဥ်းစားရခက်တာပါပဲ။
၂၀၀၃၊ ၂၀၀၄ ကာလတုန်းက သာမန်အလုပ်သမားတယောက်ရဲ့ လစာဆိုတာ တလမှ တသောင်းနဲ့ တသောင်းခွဲပဲရှိတယ်။ အသုပ်တပွဲ ၁၀၀၊ မုန့်ဟင်းခါးတပွဲ ၁၀၀ ၊ လိုင်းကားစီးရင် "မထသ" တွေနဲ့ ဘယ်သွားသွား ၂၀ ပဲပေးရတဲ့ ခေတ်ဆိုတော့ ငွေသုံးသောင်းဆိုတာ သာမန်မိသားစုတစုအတွက် နည်းနည်းနောနောငွေ မဟုတ်ဘူး။
မှတ်မှတ်ရရ အိမ်ကချေးထားတဲ့ ငွေသုံးသောင်းကို ကျနော်က တဆယ်တိုးနဲ့ လစဥ် အတိုးသုံးထောင်ပေးပြီး အရင်းကိုပါ ဖဲ့ပြီး ဆပ်နေရတဲ့အချိန်ဆိုတော့ နောက်ထပ်လိုတဲ့ ငွေသုံးသောင်းကို ကျနော် ဘယ်ကသွားရှာပြီး ချေးပေးရမှန်း မသိဘူး။
ကျနော်တို့ မိသားစုမှာ အဖေ၊ အမေ ကျနော်အပါအဝင် ကျနော့်ညီမနဲ့ ညီ အားလုံးပေါင်း ၅ ယောက်ရှိတယ်။ အဖေက စျေးထဲမှာ ကုန်ကားမောင်းတယ်ဆိုပေမယ့် သူရှာတာက သူသောက်တာနဲ့တင် သိပ် အဖတ်မတင်ဘူး။ အမေကတော့ အိမ်ပွဲစား ၊မြေပွဲစား လုပ်တယ်ဆိုပေမယ့်လည်း သူလည်း အမြဲအဆင်ပြေနေတာ မဟုတ်ဘူး။
ဒီတော့ အိမ်လခ တလကို တသောင်းနဲ့ ရေဖိုး၊ မီးဖိုးအပါအဝင် အိမ်ရဲ့မီးဖိုချောင်အတွက် တချို့လိုတဲ့ အသုံးစရိတ် ကိုရှာဖို့ ကျနော်လည်း အလုပ်ထွက်လုပ်ရတယ်။
ဒါပေမယ့် ကျနော်ရတဲ့ငွေက အပေါ်မှာရေးခဲ့သလို အိမ်ကချေးထားတဲ့ငွေကို အတိုးနဲ့အရင်း ဖဲ့ဆပ်နေရတာဆိုတော့ ကျနော်လည်း အလုပ်သာ လုပ်နေရတာ ငွေပိုကမရှိဘူး။ အတိုးနဲ့အရင်း ဖဲ့ဆပ်လို့ ပိုငွေ သုံးထောင်ဖြစ်ဖြစ်၊ လေးထောင်ဖြစ်ဖြစ် ပိုတဲ့ငွေ အကုန်လုံးကိုလည်း အမေ့လက်ထဲ ထည့်ပေးလိုက်တာဆိုတော့ ကျနော့်မှာလည်း လကုန်ရင် ငွေမကျန်တော့ဘူး။ ကြားထဲမှာ စားတာ၊ သောက်တာက အလုပ်ကကျွေးတာရယ်၊ သူငယ်ချင်းအရင်းကြီးတွေက ကောင်းတာရယ်ကြောင့် ကျနော့်မှာ စားရမဲ့သောက်ရမဲ့ မဖြစ်ခဲ့တာ။
ဒီလိုအခြေအနေမှာ နောက်ထပ်လိုတဲ့ ငွေလေး သုံးသောင်းကို ထပ်ရှာရဖို့ဆိုတာ ကျနော့်အတွက်တော့ အတော်လေး ခက်ခဲတဲ့အရာပဲ။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး၊ ဖြစ်လာသမျှ အကောင်းပဲဆိုပြီး ကျနော် အမေ့အတွက် လိုတဲ့ငွေကိုရှာဖို့ ထွက်ခဲ့တယ်။ ငွေရှာထွက်တယ်ဆိုတာလည်း ထုံးစံအတိုင်း သူငယ်ချင်းတွေဆီ ပတ်ချေးရတာပါ။ တယောက်စီကနေ ငါးရာရရ၊ တထောင်ရရ ကျနော် လိုက်တောင်းရတာပါ။ သူငယ်ချင်းတွေကလည်း ကျနော့်ရဲ့ အခြေအနေနဲ့ အမေ့ရဲ့အမှုကို သိထားတော့ သူတို့ရှိသလောက် ထုတ်ပေးရှာတယ်။
ဒီလိုနဲ့ နေ့လယ် ၁၁ လောက်ကနေထွက်ပြီး ရှိသမျှ သူငယ်ချင်းတွေဆီ ငွေလိုက်ချေးတာ ညနေ ၃ နာရီ ထိုးခါနီးတဲ့အထိ ကျနော့်လက်ထဲမှာ ငွေလေး တသောင်းကျော်၊ နှစ်သောင်းလောက်ပဲ ရသေးတယ်။ ညနေ ၄ နာရီမထိုးမီ ရုံးကိုလာခဲ့ဖို့ အမေကမှာတော့ ကျနော်ရောက်နေတဲ့ သာကေတကနေ တောင်ညွန့်တရားရုံးရှိတဲ့ ကန်တော်ကြီးပတ် လမ်းကို လိုင်းကားနဲ့ပဲ ပြေးရပြန်တယ်။
အာမခံဖို့ ငွေလိုနေသေးတာ မှန်ပေမယ့် အမေ့ဆီ အချိန်မီရောက်ဖို့ကလည်း လိုသေးတယ်လေ။ ဟိုရောက်မှ ရှိတဲ့ငွေပေးပြီး တရားသူကြီးကို ထိုင်ပဲကန်တော့ရ ကန်တော့ရ ကျနော် ကန်တော့ပြီး တောင်းပန်မယ်လို့ပဲ တွေးထားတယ်။
လောလောဆယ်တော့ အမေ့မျက်နှာကို အရင်ဆုံးမြင်ချင်တာတော့ တကယ်ပါပဲ။ ဒါနဲ့ပဲ သာကေတကနေ လိုင်းကားစီးပြီး မင်္ဂလာစျေးမှာဆင်းပြီး တောင်ညွန့်တရားရုံး ရှိတဲ့နေရာကို လမ်းလျှောက်ရတယ်။ ဒီနေရာမှာ ပြောပြချင်တာက တောင်ညွန့်တရားရုံးဆိုတာ လိုင်းကားမရောက်တဲ့နေရာဆိုတာ့ ရုံးကိုသွားချင်ရင် ကားငှားရင်ငှား၊ ကားမငှားရင် ဆိုက်ကားငှားရမယ်။ ကျနော့်မှာရှိတဲ့ငွေထဲက ပဲ့မသွားချင်တော့ ဘာမှမငှားတော့ဘဲ လမ်းပဲလျှောက်တော့တယ်။ ဒီအချိန်မှာပဲ မိုးက သည်းသည်းမည်းမည်းကို ရွာချပါလေရော။
မနက်ကတည်းက စွေပြီး တဖွဲဖွဲရွာနေတဲ့မိုးက ညနေရုံးဆင်းချိန်ကြီးမှာ တနေကုန် အောင့်အီးထားသမျှ အငြိုးနဲ့ ရွာချသလားထင်ရတယ်၊ သည်းသည်းမည်းမည်းကို ရွာတာဆိုတော့ ဘယ်သွားသွား ထီးယူမသွားချင်တဲ့ ကျနော့်အတွက် လူစင်စစ်ကနေ ကြွက်စုတ်ဘဝကို ရောက်သွားတော့တာပဲ။
အချိန်ကလည်း ၃ နာရီကျော်ပြီဆိုတော့ မိုးတိတ်တာကို စောင့်မနေတော့ဘဲ မိုးရေထဲမှာ ပြေးလိုက်၊ ပြေးလို့မောရင် လမ်းလျှောက်လိုက်နဲ့ တရားရုံးရှိတဲ့နေရာကို ကန်တော်ကြီးပတ်လမ်းကပဲ လာခဲ့လိုက်တယ်။ လူလည်းစို၊ ဘောင်းဘီအိတ်ထဲက ၅၀ တန်ကနေစပြီး ၁၀၀၀ တန်အထိ ပါလာတဲ့ အကြွေတွေကလည်း စိုပေါ့။

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,533 likes · 3,035 talking about this. News & media website
❤29👍16😢6🥰1🤮1
ဒီကြားထဲ လေကလည်း ခပ်ကြမ်းကြမ်းလေးတိုက်တော့ လူက ခိုက်ခိုက်တုန်အောင်ချမ်းပြီး သွားတွေပါ တဂတ်ဂတ်ဖြစ်တဲ့အထိပဲ။ ဒီလို ခိုက်ခိုက်တုန်နေလည်း အမေ့ဆီရောက်ဖို့ စိတ်ကစောနေတော့ ခြေလှမ်းတွေက ခပ်သွက် သွက်နဲ့ပဲ လျှောက်လာမိတယ်။ စိတ်ထဲမှာ အမေ့ကို မတွေ့ရတော့မှာကို အဲသည့်အချိန်က သိပ်ကြောက်မိတာပါပဲ။
တရားရုံးရောက်တော့ မိုးတွေရွာနေတဲ့အတွက် လူတိုင်းက အမိုးအောက်တွေမှာ ဝင်ရပ်နေတော့ အမေ့ကိုရှာတာ မတွေ့မိဘူး။ စိတ်ထဲမှာလည်း ဗလောင်ဆူနေပြီ။ လက်ထိပ်တွေနဲ့ ထုတ်လာတဲ့ တရားခံတွေကိုတွေ့တော့ ငါ့အမေများ သူတို့လို ပါသွားပြီလားဆိုပြီး လိုက်ရှာနေမိပြန်တယ်။
ဒီလိုလိုက်ရှာနေရင်း တနေရာကနေ "သားရေ" ဆိုပြီး အမေ့ခေါ်သံကို ကြားလိုက်ရတယ်။ လှမ်းကြည့်တော့ အမေက ခွေးခြေလေးတခုပေါ်မှာ ထိုင်နေတယ်၊ ဘေးမှာလည်း အမေ့အမှုကို အလကားကူညီပြီး လိုက်ပေးနေတဲ့ ရှေ့နေကိုလည်း မြင်လိုက်ရတယ်။
ကျနော် အမှန်တိုင်းဝန်ခံရရင် အဲသည့်အချိန်တုန်းက အမေ့ပါးစပ်ကနေ "သားရေ"လို့ လှမ်းခေါ်တဲ့အသံက ကျနော်ကြားဖူးသမျှ အသံတွေထဲမှာ အချိုဆုံးနဲ့ မျက်ရည်အကျမိဆုံး အသံပါပဲ။
အမေ့ကို မမြင်ရတော့ဘူးလို့ ထင်နေတဲ့စိတ်က ရုတ်တရက် အမေ့ကိုမြင်လိုက်ရတော့ ကျနော့်စိတ်က ထိန်းလို့မရဘဲ ငိုမိတော့တယ်။ အမေက ခေါ်လိုက်တယ်ဆိုရင်ပဲ ဘောင်းဘီအိတ်ထဲက ကျနော့်မှာ ပါလာတဲ့ငွေကို လက်နဲ့ဆုပ်လိုက်ပြီး အမေ့ဆီပြေး၊ အမေ့ဆီရောက်တော့ အမေ့ဘေးက ရှေ့နေကို ကျနော်ပါလာတဲ့ ငွေတွေပေးမိရင်း အမေ့အတွက် ကူညီပေးဖို့ပြောမိတယ်။
ကျနော့်အခြေအနေကို မြင်တော့ အမေလည်းငို၊ ရှေ့နေကြီးလည်း မျက်ရည်ဝဲ။
"ဒီမှာ ညီလေး ... မင်း ဘာမှ ပူမနေနဲ့တော့ ... မင်းအမေအတွက် အာမခံတဲ့ငွေကို အကို စိုက်ထားပေးတယ်"
"အခုလည်း မင်းဆီက ငွေကိုယူဖို့ စောင့်နေတာမဟုတ်ဘူး၊ မင်းအမေက ကျမသား ငွေသွားရှာနေတာ ပြန်လာတော့မယ်ဆိုလို့ မင်းနဲ့အတူပြန်ဖို့ စောင့်နေတာ"
"မင်းအမေကို ဘယ်သူမှ မဖမ်းဘူး၊ အခု မင်းယူလာတဲ့ငွေတွေလည်း မင်းအမေကိုပဲ ပေးလိုက်၊ အကိုလည်း ပြန်ပြီဆိုပြီး" ကျနော်တို့ကို နှုတ်ဆက်ပြီး ပြန်သွားတော့တယ်။
ကျနော်တို့ သားအမိကတော့ မျက်ရည်တွေနဲ့ ကျန်ခဲ့တာပေါ့။
ဒီလိုနဲ့ မိုးတွေရွာနေတဲ့ကြားက အိမ်ကိုပြန်တဲ့ လမ်းတလျှောက်မှာ ကျနော့်ကမ္ဘာကြီးကို ကျနော်ပြန်ရသွားသလို ကျနော်တို့ သားအမိနှစ်ယောက်ရဲ့ စိတ်ထဲမှာလည်း အတော်ပေါ့ပါးပြီး ပြန်လာခဲ့ရတယ်။
ဒီနေရာမှာ အမေ့ရဲ့အမှုကို ကြုံလို့ သင်ခန်းစာရအောင် ပြောပြရမယ်။ တကယ်တော့ အမေက အလုပ်တခုအတွက် သူလိုတဲ့ငွေ သုံးသိန်းကို ငွေတိုးချေးတဲ့သူဆီကနေ ချေးပါတယ်။ အတိုးလည်း ပုံမှန်ပေးနိုင်အောင် ကြိုးစားရင်းနဲ့ အရင်းကိုလည်း ဆပ်နိုင်အောင် ကြိုးစားပြီး ဆပ်ခဲ့တယ်။
ဒါပေမယ့် လူ့ရဲ့စိတ်က သိပ်ကြောက်ဖို့ကောင်းသလို လူတွေရဲ့လောဘကလည်း သိပ်တရားရဖို့ကောင်းတယ်။ အမေက ငွေကို ပြန်ဆပ်တဲ့အခါမှာ ရပ်ကွက်ထဲမှာဆပ်သလိုပဲ လက်ထဲသွားပေးပြီး ပြန်လာခဲ့တာကလွဲရင် ငွေအကြေဆပ်ပြီးကြောင်း စာချုပ်မှာ လက်မှတ်လည်းမထိုးခဲ့သလို ငွေချေးတုန်းက ချုပ်ခဲ့တဲ့စာချုပ်ကိုလည်း ပြန်မတောင်းခဲ့ဘူး။
ဒီအတွက် ငွေချေးတဲ့သူက အမေ့ဆီကနေ မျက်နှာပြောင်တိုက်ပြီး စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့အတွက် နင်ပေးတဲ့ငွေကို အတိုးလို့ပဲ သတ်မှတ်တယ်ဆိုပြီး အရင်းဖြစ်တဲ့ ငွေသုံးသိန်းကို ထပ်တောင်းရာကနေ အမှုဖြစ်တာပါ။ (တကယ်တော့ ပုဂ္ဂိုလ်ရေး မကျေလည်ရာကနေ အချင်းချင်း နာမည်ပျက်အောင် ထိုးချကြတာပါ)
ဒါပေမယ့် အမေက သူ ငွေပြန်ဆပ်ခဲ့တုန်းက သူ့ဘေးမှာ အမေ့ရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကလည်း ပါခဲ့တဲ့အတွက် တကယ်တမ်း အမှုဖြစ်တဲ့အခါ မျက်မြင်သက်သေနေရာမှာ အမေ့သူငယ်ချင်းက အမေ့ဘက်ကနေ လိုက်ပေးခဲ့ပါတယ်။
သို့သော် သူ့ရဲ့ထွက်ဆိုချက်က အမေငွေဆပ်ခဲ့တာကို သူမမြင်ခဲ့ဘူး ဆိုတာပါပဲ။ လူရင်းထိုးတဲ့ဓါးက နက်တယ်ဆိုတာကို ကျနော်တို့ ကိုယ်တိုင်ကြုံခဲ့ရလိုက်တာပါပဲ။
ဒီလိုနဲ့ ကျနော်တို့ အမှုရှုံးပါတယ်။ အမေ့သူငယ်ချင်းဆိုတဲ့ အမျိုးသမီးကြီးနဲ့လည်း ဒီနေရာမှာတင် တခန်းရပ်ခဲ့တယ်။
အခုဆို ဒီအဖြစ်အပျက်တွေဟာ နှစ်ပေါင်း ၂၀ လောက် ကြာခဲ့ပြီ။ ကျနော်တို့လည်း မေ့သွားခဲ့ပြီ။ ဒီအမှုမှာပါခဲ့တဲ့ တရားလို အဘွားကြီးဆိုရင်လည်း ဆုံးပါးသွားပြီ။ သို့်သာ် ကျနော်တို့က မေ့ပြီ၊ ပြီးခဲ့ပြီဆိုပေမယ့် မပြီးသေးတဲ့အရာတွေက ရှိသေးတယ်။
တနေ့က သာကေတ Capital ကို ကျနော်တို့မိသားစု ရောက်ခဲ့တယ်။ အဲသည့်မှာ တချိန်တုန်းက အမေ့အမှုမှာ မျက်မြင်သက်သေ လိုက်ပေးခဲ့တယ်ဆိုတဲ့ အမေ့သူငယ်ချင်း အမျိုးသမီးကြီးနဲ့ ပြန်ဆုံရတယ်။ သူ့ကိုမြင်တော့ မမှတ်မိလောက်အောင် အရောင်အဆင်းကမဲ့နေပြီး တကယ့်ကိုမှ စုတ်တိစုတ်ချာ ဖြစ်နေတာကိုလည်း တွေ့ရတယ်။
ဒါကိုတွေ့တော့ အမေက ငါ့သူငယ်ချင်း ဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်ပြီး သွားခေါ်တယ်။ အမေက အခုလိုသွားခေါ်တော့ ဟိုအမျိုးသမီးကြီးက မျက်ရည်တွေကျပြီး အမေ့အပေါ် တချိန်က သူယုတ်မာခဲ့မိတာတွေအတွက် ထိုင်မကန်တော့ရုံတမယ် တောင်းပန်တယ်။

👍36❤9🥰1🤮1
တကယ်တော့ အမေ့အမှုဖြစ်စဥ်မှာ သူ အမှန်တိုင်း ဝန်မခံမိတဲ့ အကြောင်းအရင်းက အဲသည့်တုန်းက သူကိုယ်တိုင် တရားလိုဖြစ်တဲ့ အဘွားကြီးဆီကနေ ငွေချေးထားတဲ့အပြင် သူသာ အမှန်တိုင်းမထွက်ဆိုဘဲ လိမ်ညာပေးခဲ့ရင် ချေးထားတဲ့ငွေ ပြန်ဆပ်စရာမလိုဘူးဆိုတဲ့ မက်လုံးပေးလာတာကြောင့် သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ အမေ့အပေါ်မှာ အခုလို သစ္စာဖောက်ခဲ့မိတယ် ဆိုတာကို သူ ဝန်ခံသွားရှာတယ်။
သူ ဘာကြောင့် အခုလို ဝန်ခံရတာလဲဆိုရင် ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း သူ့လင် ရုတ်တရက်ဆုံးတယ်၊ သူ့လင်ဆုံးပြီးတဲ့နောက် သူ့မှာလည်း မလုပ်တတ်မကိုင်တတ်နဲ့ စီးပွားတွေလည်းပျက်၊ အိမ်ပိုင်၊ ကားပိုင်၊ ဟန်းဖုန်းတွေအပိုင် ရှိတဲ့ ဘဝကနေ တစပြီးတစ ပြိုကျလာခဲ့လိုက်တာ နောက်ဆုံး အခုလို အိမ်ငှားပြီး လမ်းဘေးမရောက်ရုံတမယ် ဖြစ်ရတဲ့ဘ၀အထိကို ရောက်ရတော့တာပဲ။
သူတခုခု အဆင်မပြေဖြစ်တိုင်း သူ့စိတ်ထဲစွဲနေတာက တရားရုံးမှာ မှန်ရာကို ထွက်ဆိုပါမယ်ဆိုပြီး ကျိန်ဆိုခဲ့တဲ့ အဖြစ်ကို ပြန်သတိရပြီး အမေ့အပေါ်မှာ မတရားသဖြင့် အခုလိုလုပ်ခဲ့မိတဲ့ ဥပါဒါန်က သူ့ကို တချိန်လုံး အရိပ်လိုလိုက်နေသလို ခံစားနေရတယ် ဆိုတာကိုလည်း သူက ငိုပြီး ပြောသွားခဲ့ရှာတယ်။ အမေကတော့ ခွင့်လွှတ်ပေးတဲ့အပြင် သူ့သူငယ်ချင်း သုံးဖို့အတွက် ငွေတချို့လည်း ပေးခဲ့လိုက်တယ်။
ဒီတော့ စာကို အနှစ်ချုပ်ရရင် ခင်ဗျားတို့ ကျနော်တို့ မြင်ဖူးကြတဲ့ တရားရုံးမှာ မှန်ရာကိုထွက်ဆိုပါမယ်ဆိုပြီး ကျမ်းကျိန်တိုင်း ကိုင်ရတဲ့ အနီရောင်အထုပ်လေးကို လျှော့မတွက်နဲ့ဗျ။
နောက်ပြီး ကိုယ်တိုင်က မကောင်းတာလုပ်ထားပြီး တဘက်သားအပေါ် ယုတ်မာခဲ့တဲ့ အကုသိုလ်အဟုန်ကလည်း ဒီအတိုင်း ရပ်မနေဘူး ဆိုတာကိုလည်း မမေ့ကြနဲ့။
ငွေချေးငှားတဲ့ သာမန်အမှုမှာတောင် ကျိန်ဆိုခဲ့ရတဲ့သစ္စာက စူးတတ်တယ်ဆိုရင် သူတပါးအပေါ် မတရားသဖြင့် လူပ်ခဲ့ကြပြီး နိုင်ငံ၊ တိုင်းပြည်နဲ့ ပြည်သူအပေါ် သစ္စာစောင့်သိပါမယ်ဆိုပြီး သစ္စာဓိဋ္ဌာန် ဆိုထားကြတဲ့သူတွေ သစ္စာစူးရင် ဘယ်လောက်ခံရမလဲဆိုတာကို တွေးကြည့် မြင်ကြည့်။
ကမ္ဘာကလည်နေသလို တချိန် ကိုယ်ပြုခဲ့ဖူးတဲ့ မကောင်းမှုတွေကလည်း လည်နေတယ်ဆိုတာ မမေ့ကြနဲ့ ဆိုတာပြောရင်း အခုချိန်မှာ ပြည်သူ့သစ္စာ စူးနေကြတဲ့သူတွေကို ကျနော်က ပြုံးပြီး မင်းတို့အလှည့်လည်းလာပြီဆိုတာကိုပဲပြောချင်တယ်။ ။
(The Call - ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းမှာ 'Simon'
ရေးဖွဲ့တဲ့ “သစ္စာစူးကြသူတွေ" ဝတ္ထုတို ကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍53❤15🤮1
ရွေးကောက်ပွဲ ကျင်းပမယ့် ကာလကို ဘင်္ဂလားဒေ့ရှ် ကြေညာ
ဇွန်-၇၊၂၀၂၅။People's Spring
ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲကျင်းပမယ့် ကာ
လကို ယာယီ အစိုးရကထုတ်ပြန်ကြေညာလိုက်
ပါတယ်။
၂၀၂၄ ခုနှစ်ဩဂုတ်လမှာ တက္ကသိုလ် ကျောင်း
သားတွေ ဦးဆောင်တဲ့လူထုအုံကြွမှုတစ်ခုကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ အစိုးရ ပြုတ်ကျသွားချိန်ကတည်းက နိုင်ငံကို ဦးဆောင်နေတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ်ရဲ့ ယာ
ယီ အစိုးရဟာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကို သတ်သတ်မှတ်မှတ် ကြေညာပေးဖို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေရဲ့ ဖိအားပေးမှုကို ခံနေခဲ့ရပါတယ်။
ယူနွတ်စ်ကတော့ထိရောက်တဲ့ပြုပြင်ပြောင်းလဲရေး အစီအမံတွေရုပ်လုံးပေါ်မလာခင်ရွေးကောက်
ပွဲကို အဆောတလျင် ကျင်းပတာဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်မဖြစ်နိုင်ဘူးလို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ ဇွန်လ ၆ ရက်နေ့မှာတော့သူ့ရဲ့အစိုး
ရဟာ ရွေးကောက်ပွဲ ကျင်းပမယ့် လျာထားကာလကို အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလမှာနိုင်ငံရဲ့အထွေထွေ ရွေး
ကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ယူနွတ်စ်က ပြောပါတယ်။
လက်ရှိအကောင်အထည်ဖော်နေတဲ့ပြုပြင်ပြောင်း
လဲရေး အစီအမံတွေကို ပြန်လည် သုံးသပ်ပြီးတဲ့နောက် လာမယ့်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ ကျင်းပမယ်လို့ ပြည်သူလူထုကို အသိ
ပေးကြေညာလိုက်ကြောင်းယူနွတ်စ်ကဆိုပါတယ်။
လူဦးရေ ၁၇၃ သန်းရှိတဲ့နိုင်ငံမှာရွေးကောက်ပွဲမဲပေးမှုဆိုင်ရာလမ်းပြမြေပုံနဲ့ တခြားလိုအပ်တဲ့လမ်း
ညွှန်ချက်တွေကိုရွေးကောက်ပွဲကော်မရှင်က ထုတ်
ပြန်ပေးသွားမယ်လို့လည်း ယူနွတ်စ်က ဆက်ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်တဲ့ အတိုက်အခံတွေကတော့ ရွေးကောက်ပွဲကို ဒီထက် အချိန်စော ကျင်းပသင့်တယ်လို့ ဝေဖန်ပြီး အခုနှစ် ဒီဇင်ဘာလ မကုန်ခင် ရွေးကောက်ပွဲတွေ မကျင်းပနိုင်ရင် ယာယီ အစိုးရဟာ ပြည်သူလူထုရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရပြီး နိုင်ငံ မတည်မငြိမ် ဖြစ်လာနိုင်ကြောင်း ပြောကြားထားပါတယ်။
BNP ရဲ့ ခေါင်းဆောင်ဖြစ်သူဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာဟာ အဂတိ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပေမယ့် ၂၀၀၈ ခုနှစ်မှာ ကွင်းလုံးကျွတ် လွတ်
မြောက်ခဲ့ပြီး ဖြစ်တာကြောင့် ရွေးကောက်ပွဲ ပြန်ဝင်ခွင့် ရှိနေပြီး အနိုင်ရဖို့လည်း ရေပန်းစားနေပါတယ်။
ယူနွတ်စ်ရဲ့ ယာယီအစိုးရဟာ ဟာဆီနာဦးဆောင်ခဲ့တဲ့ အေဝါမီ အဖွဲ့ချုပ် ပါတီကိုတော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအောက်ကနေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် အားလုံးကို တားဆီးပိတ်ပင်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ကာလရှည်ကြာအုပ်ချုပ်ခဲ့သူ ဟာဆီနာဟာ နိုင်ငံစီးပွားရေး တိုးတက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်တဲ့အတွက် ချီးကျူး ခံခဲ့ရပေမယ့် အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတာ၊ ဖိနှိပ်တာတွေအပါအဝင်လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်အတော်လေးနာမည်ပျက်ခဲ့ပါတယ်။ လက်ရှိမှာတော့ဟာဆီနာဟာအိန္ဒိယနိုင်ငံမှာခိုလှုံ
နေရဆဲ ဖြစ်ပါတယ်။
ကိုးကား- Reuters

👍60❤9😁3🔥1👏1
ညောင်ဦးမှာ PDF ကို စစ်တပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦး အဖမ်းခံလိုက်ရ
ဇွန် ၇၊ ၂၀၂၅။ မေရီ/People's Spring
ညောင်ဦးမှာ PDF တွေကိုစစ်ကောင်စီတပ်ထင်ပြီး ဝန်ထမ်းကတ်ထုတ်ပြတဲ့ စစ်ဆေးအရာရှိနှစ်ဦးအဖမ်းခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့မေလ၂၀ရက်နေ့၊မနက်၁၀ နာရီခန့်က မန္တ
လေးတိုင်း၊ညောင်ဦးမြို့နယ်၊ညောင်ဦး-ချောက် ကားလမ်းပိုင်းတနေရာမှာ ကာကွယ်ရေးအဖွဲ့တွေကအရပ်ဝတ်နဲ့ စစ်ဆေးနေတဲ့အချိန် ချောက်ဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်
ဆေးခဲ့ကြပါတယ်။
အဲဒီကားပေါ်မှာ နေပြည်တော်ကလာတဲ့ ကျန်းမာ
ရေးနဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း Bagan Bo Cho PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ကျနော်တို့က လမ်းပိုင်းစစ်ဆေးတုန်းအရပ်ဝတ်နဲ့ ကားတစီးရောက်လာပြီး ညီလေးရေ အကိုတို့က ဒီလိုဆိုပြီး ကတ်ထုတ်ပြပါတယ်။ သေနတ်တွေဘာတွေတော့ မပစ်လိုက်ရဘူး။အသာတကြည်လိုက်
ပါတယ် မပြေးနဲ့ပေါ့ပြေးရင်တော့ပစ်မှာ။"လို့ အ
ထက်ပါတာဝန်ရှိသူက ပြောပါတယ်။
သူတို့နှစ်ဦးရဲ့ စိစစ်ရေးကတ်၊ ယူနီဖောင်းတချို့နဲ့ အိမ်စီးကားကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဗိုလ်ကြီး နှစ်ဦးကို စစ်သုံ့ပန်း ဥပဒေအရ သက်
ဆိုင်ရာ ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံထံဆီ လွှဲအပ်ထားတယ်လို့ သိရပါတယ်။

🤣70❤10👏7👍1🥰1
ဗန်းမော်၌ KIAပူးပေါင်းတပ် နှင့် စစ်ကောင်စီ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်
■ဝိုင်းမော်လမြန်ဒေသတွင်လည်းတိုက်ပွဲဖြစ်
ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိသော်လည်း အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြား
ရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောသည်။
KIA နှင့် မဟာမိတ် ပူးပေါင်းတပ်သည်ဗန်းမော်မြို့ ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ
သည်မှာ ခြောက်လ ကျော်ရှိပြီဖြစ်ပြီး လတ်တ
လော စစ်ရေး အခြေအနေ မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခြင်းဖြစ်သည်။
“ဗန်းမော်ဘက်ကအခြေအနေကသိပ်ထူးတာတော့မရှိပါဘူး။ခါတိုင်းလိုပေါ့ လေကြောင်းနဲ့ ဗုံးကြဲတာတွေ ဒရုန်းနဲ့ဗုံးကြဲတာတွေကတော့ရှိတယ်။နောက်လက်နက်ကြီးနဲ့ အပြန်အလှန် ထုတာတွေတောရှိတယ်။ မြေပြင်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် တော့မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
KIAသည်ဗန်းမော်ကိုအပြီးသတ်သိမ်းနိုင်ရေး ကြိုး
ပမ်းလျက်ရှိရာ လက်ရှိတွင် အမှတ်(၂၁) စစ်
ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)ကို ထိုးစစ်ဆင်နေသည်။ စကခ(၂၁) ကာကင်း စခန်းအချို့ သိမ်းပိုက်ထားပြီးဖြစ်သကဲ့သို ပြီးခဲ့သည့် နှစ်ဝက်အတွင်း စကခ(၂၁) ကာကင်း စခန်းအချို့၊ သံချပ်ကာတပ်၊အမြောက်တပ် ၊ တင့်ကားတပ်၊ ဗန်းမော်လေယာဉ်ကွင်းနေရာ အပါအဝင် စစ်ကောင်စီ တပ်စွဲထားသည့် နေရာများ၊ တပ်စန်းများကို သိမ်းပိုက်ထားပြီးဖြစ်သည်။
ထိုအပြင် ဝိုင်းမော်မြို့နယ်လမြန်ဒေသ၌လည်းဇွန်
လ ၇ရက်မနက်အစောတွင်စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ဟု ၎င်းကပြောသည်။
“ဝိုင်းမော် လမြန်ဘက် ယနေ့ မနက်ပိုင်း ခဏလေး အချိန်မှာ တိုက်ပွဲဖစ်တာ အခုတော့ ငြိမ်တော့ ပြန်ငြိမ်သွားပြီးတော့ ဒရုန်း၊ လက်နက်ကြီးနဲ့ ရံဖန်ရံခါ ပစ်တဲ့အခြေအနေတော့ ရှိနေပါတယ်” ဟု ဗိုလ်မှူး
ကြီးနော်ဘူက ပြောကြားသည်။
စစ်ကောင်စီသည် ဧပြီလကတည်းကဝိုင်းမော်၊လမြန်ဒေသသို့စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသောကြောင့်KIAနှင့်ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

👍64❤18🤣2🥰1