People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဖေနဲ့မေကိုသားဝန်ခံစရာတစ်ခုရှိပါတယ်။ ဘယ်
တုန်းကမှဖေဖေတို့ခွင့်မပြုခဲ့တဲ့ အမူအကျင့်တစ်ခုကို သားပြုလုပ်နေမိပါတယ်။ ဒီနှစ်တွေမှာ သား
ရိုင်းလာတယ်ဖေနဲ့မေ။

ကြမ်းတမ်းဆဲဆိုတဲ့စကားကိုဘယ်တုန်းကမှမပြောခဲ့တဲ့သားဟာရိုင်းစိုင်းကြမ်းတမ်းလာတယ်။
မရည်ရွယ်ပါဘူးမေမေ။ သားရည်ရွယ်ချက်နဲ့ရိုင်းမိလာတာမဟုတ်ပါဘူး။ ရင်ထဲကခံစားချက်တွေက သူ့ဖာသာသူပုံဖေါ်လာတာပါ။ သားမရည်ရွယ်ပါဘူး။

မန္တလေးမြို့ကလမ်းပေါ်မှာမိန်းကလေးတစ်ယောက်သေနတ်မှန်ပြီးကျဆုံးသွားတုန်းကသား
ရိုင်းမိပါ တယ်မေမေ။ သားပါးစပ်ကဘာတွေထွက်သွားလဲဆိုတာကိုပြန်မတွေးချင်သလို မေတို့ကိုလည်း ပြန်မပြောရဲပါဘူး။ သူ့မိဘတွေဘယ်
လောက်ခံစားရမလဲဆိုတာဟာသားရဲ့ ညအတော်များများကို ခြောက်လှန့်နေခဲ့ပါတယ်။

ရန်ကုန်မြို့ကလမ်းပေါ်မှာဆေးကျောင်းသားလေးတစ်ယောက်ကျဆုံးသွားတော့လည်းသားရိုင်းမိပါ တယ်ဖေဖေ။ဒီတိုင်းပြည်မှာဈေးအပေါဆုံးဟာလူငယ်တွေရဲ့အသက်လားဖေ။ သားရင်နာလိုက်တာ။

မုံရွာမှာတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ထပ်ကျသွားတော့လည်းသားရိုင်းမိတာပါပဲ။ မကောင်းပါဘူးဖေနဲ့မေရယ်။ သားဟာအရမ်းရိုင်းတတ်လာပါတယ်။

အရင်မျိုးဆက်ကကျောင်းသားခေါင်းဆောင်ဟောင်းကြီးတစ်ယောက် နဲ့ ဟစ်ပ်ဟော့ပ်ဂီတရဲ့ပထမ မျိုးဆက်ဂီတပညာရှင်တစ်ဦးတို့ကို အဆုံး
စီရင်လိုက်တဲ့အခါတုန်းကတော့သားမရိုင်းဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်ကထွက်ဖို့စကားလုံးတွေမရှိတော့သလို၊ မျက်ရည်လည်းမရှိတော့ပါဘူး ဖေနဲ့မေ။ သားရိုင်းစရာလည်းမလိုတော့ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကရိုင်းနေပြီပဲမဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုလုံးကမျက်
ရည်တွေချောင်းတစ်ချောင်းအဖြစ်၊မြစ်တစ်စင်းအဖြစ်စီးဆင်းနေပြီပဲမဟုတ်လား။

အခုဆိုရင်ပင်လယ်သမုဒ္ဒရာတောင်ဖြစ်နေလောက်ပြီမဟုတ်လား။

ဗုဒ္ဓဘာသာဝင်တွေကောင်းကောင်းရိုင်းတတ်နေပါပြီမေမေ။ ကျန်တဲ့ဘာသာဝင်တွေလည်းအတူတူပါပဲ။ သူတို့ကမနက်ခင်းတွေကို မိုဘိုင်းဖုန်းလေးတွေပွတ်ရင်းစတင်ကြပါတယ်။ ဒါဟာနေ့တစ်နေ့ရဲ့ ဝဋ်
ကြွေးတစ်ခုစတင်ခြင်းပါပဲ။

နိုး… နိုး…အမြဲတမ်းငိုကြွေးနေကြတာမဟုတ်ပါဘူးဖေဖေ။

တခါတလေ သူတို့ရယ်မောပျှော်ရွှင်ကြပါတယ်၊ အူလှိုက်သဲလှိုက်ပျှော်ရွှင်တဲ့နေ့တွေတောင်ရှိပါတယ်။လူတချို့သေဆုံးတာကို သားတို့ ပျှော်ရွှင်နေကြတယ်မေမေ။ သားပြောတာကိုမေမေယုံရဲ့လား။ သားအဲဒီလောက် ရိုင်းတတ်လာတယ်ဆိုတာကိုမေမေယုံဖို့ခက်နေတယ်မဟုတ်လားမေ။


https://www.ludunwayoo.com/%e1%80%9b%e1%80%9e/2025/06/07/123173/
👍55😢2013🤣5🥰1
စစ်ကောင်စီဟာ ငွေကြေးတန်ဖိုးပိုကြီးတဲ့ Clickတို့ Scoopi တို့လို ဆိုင်ကယ်တွေကို ဦးစားပေးဖမ်းလေ့ရှိတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။ ပြစ်မှုတခုခုတွေ့တာနဲ့ ယာဥ်တွေကို ကားပေါ်တင်ပြီး တခါတည်းသိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဖမ်းစေချင်ရင် ငွေ​ကြေးသိန်းချီတောင်းယူနေတယ်လို့ သိရပါတယ်။

“ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင် အကုန်ပါတယ်။ မေးသိုင်းကြိုးမတပ်လို့တဲ့။ လေးသိန်းပေးလိုက်ရတယ်။အကုန်ဖမ်းတာ။ရက်ရက်စက်စက်ကို ဖမ်းတာ။”လို့ မုံရွာမြို့ခံ လူငယ်တဦးက ပြောပါတယ်။

ယခုတကြိမ် လိုင်စင်မဲ့ယာဉ် တွေဖမ်းဆီးမှုမှာယာဉ်တွေကို သိမ်းယူပြီး မောင်းနှင်သူ တွေကိုပါဖမ်းဆီးနေသလို ငွေကျပ် ၁သိန်းကနေ သိန်း၅၀ အထိ​တောင်တောင်းယူတာတွေရှိနေပါတယ်။

စစ်​ကောင်စီက အခုလိုပြည်သူ​တွေကိုဖိနှိပ်​နေတာဟာ စစ်​ကောင်စီစိုးမိုးထားတဲ့ ​ဒေသ​တွေမှာပဲဖြစ်ပါတယ် ။​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထားတဲ့ ၊​တော်လှန်​ရေး အဖွဲ့​တွေစိုးမိုးတဲ့ မြို့​တွေ ၊​ဒေသ​တွေမှာ​တော့မလုပ်နိုင်ပါဘူး ။

မွန်ပြည်နယ်က ​​တော်လှန်​ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ​ရေးဘီးလူးအဖွဲ့​ခေါင်း​ဆောင်က ဇွန် ၄ ရက်​နေ့မှာပြည်သူ​တွေ ခက်ခဲကြပ်တည်း​နေချိန်မှာ လိုင်စင်မဲ့ယာဥ်​တွေကို အ​ကြောင်းပြ ဖမ်းဆီးလုပ်စား​နေတာ​တွေကို သတိ​ပေးပါတယ် ။စစ်​ကောင်စီ ဝန်ထမ်း​တွေကိုယ်တိုင် လိုင်စင်မဲ့ယာဥ်​တွေစီးနင်း​နေကြရပြီး ပြည်သူ​တွေကို ဖမ်းဆီး ဒုက္ခ​ပေးရင် အ​ရေးယူမယ်လို့ သတိ​ပေး​ရေးသားထားပါတယ် ။

​ရေးဘီလူးရဲ့ သတိ​ပေးချက်ကို ပြည်သူအများအပြားက သ​ဘောကျခဲ့တာကို​တွေ့ရပါတယ်။

https://www.ludunwayoo.com/feature-mm/2025/06/06/123141/
👍39😡158👎1🤬1🤮1🖕1
စစ်ကိုင်းငလျင်ကြီးမှာအိုးဘိုထောင်တွင်းအကျဥ်းသား ၇၀ ကျော်သေဆုံးပြီး ၅၀ ခန့်မှာနိုင်ကျဥ်းဖြစ်

■အစ်နေ့ဝတ်ပြုဆုတောင်းပွဲကိုလည်း ထောင်အာ
ဏာပိုင်တွေကလုံခြုံ​ရေးအကြောင်းပြခွင့်မပြု

ဇွန် ၇၊ ၂၀၂၅ ။မေရီ/People's Spring

စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးက အိုးဘိုထောင်တွင်း အကျဥ်းသား ၇၀ ကျော် သေဆုံးပြီး ၅၀ နီးပါးမှာ နိုင်ငံရေးအကျဥ်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့ ဇွန်လ (၇)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံပြိုကျပြီး သေဆုံးသူ (၇၀)ဦးကျော်ရှိခဲ့ပြီး PPNM ရဲ့ စိစစ် စောင့်ကြည့်မှတ်
တမ်းကောက်ယူမှုများအရ အနည်းဆုံး နိုင်ငံရေးအကျဉ််းသား/အကျဉ်းသူ ၄၉ဦး ပါဝင်ခဲ့ကြောင်း PPNMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကျဉ်းသားသေဆုံးမှုများနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုများမှာ မပါဝင်ဘဲ သတင်းအမှောင်ချဖုံးကွယ်ထားတယ်လို့ PPNM
က ဆိုပါတယ်။

အင်အားပြင်း ငလျင်ကြောင့်သာမက ဟောင်းနွမ်းတဲ့ အကျဉ်းထောင်အဆောင်များမှာ လူထူထပ်စွာ ဖမ်းဆီးထားလို့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတာလို့ PPNMက အသိပေးပါတယ်။

ထောင်ပြင်ပမှာ ယခုလို တစ်နေ့တည်း အရေအ
တွက်များစွာသေဆုံးခဲ့ရတာကို သိရှိပါက မြန်မာပြည်သူများနဲ့ နိုင်ငံတကာရဲ့ ကူညီကယ်ဆယ်မှု၊ ထောက်ပံ့ကူညီမှုများ လုပ်ပေးနိုင်ကြမည်ဖြစ်
ကြောင်း၊ သို့သော် မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများဟာ သတင်းအမှောင်ချခံထားရတဲ့အတွက် ပြင်ပက မိသားစုဝင်တွေဟာ အခြေအနေအမှန် မသိရသေးလို့ ရက်
လည်ဆွမ်းကျွေးတောင် မပြုလုပ်ကြရသေးဘူးလို့ PPNM က ဆိုပါတယ်။

ငလျင်လှုပ်တဲ့နေ့ကတာဝန်ကျဝန်ထမ်းက အ
ဆောင်တံခါးပိတ်ထားခဲ့လို့ အကျဥ်းသားတွေနဲ့ စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ အဲဒီအချိန်ကစကားများရန်ဖြစ်ခဲ့တဲ့အကျဥ်းသားအစ္စလာမ်ဘာသာဝင်တွေကို ဒီကနေ့အထိ တိုက်ပိတ်ထားကြောင်း အကျဥ်းသားမိသားစုဝင်တချို့က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာကျရောက်တဲ့ အစ္စလာမ်ဘာ
သာဝင်တွေရဲ့အစ်နေ့ဝတ်ပြုဆုတောင်းပွဲကိုလည်း ထောင်အာဏာပိုင်တွေက လုံခြုံ​ရေးအကြောင်းပြပြီး လုပ်ခွင့်မပေးနိုင်ဘူးလို့ ပိတ်ပင်ထားကြောင်း သိရပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး PPNM တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေ
ကြားခြင်း မရှိသေးပါဘူး။ အကျဥ်းသားသေဆုံးမှုအရေအတွက်ကို လူထုနွေဦးက အတည်ပြုလို့ မရသေးပါဘူး။

လက်ရှိအချိန်အထိ အိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်း
သားများဟာ ထောက်ပံ့ကူညီမှုတွေ များစွာလိုအပ်နေတာကြောင့် လူ့အခွင့်အရေးနှင့်တရားမျှတမှုကို ဖော်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုထားပါတယ်။
😢5111🤬10👍5💔2👎1🔥1
အိုးဘို​ထောင်ကို Google Earth တွင်​တွေ့ရပုံနှင့်သေဆုံးခဲ့သော နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အရေအတွက်ဇယားအား PPNMက ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ-PPNM
😢70🤬114😁2🙏2👎1🤣1
MNDAAဖမ်းသွားသည့် ဟန်နားရွာလူကြီးကို
ပြန်လွှတ်ပေးရန်ဒေသခံများတောင်းဆို

ဇွန်-၇၊၂၀၂၅။ယောနသံ/People's Spring

လားရှိုးမြို့နယ်အတွင်း MNDAAနှင့် SSPP နှစ်ဘက်အင်အားဖြည့်တင်းနေသည့် ဟန်နားကျေးရွာမှ ရွာလူကြီးကို MNDAAက ဖမ်းဆီးသွား၍ အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေသခံများကတောင်းဆိုသည်။

ဟန်နာကျေးရွာ ရွာလူကြီး ဦးဆိုင်ကြာကို ဇွန်လ ၅ ရက်ညနေတွင် MNDAAတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီးဇွန်လ ၇ရက် နံနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံတဦးကပြောသည်။

" ၅ရက်နေ့က တိုက်ပွဲဖြစ်ပြီး ခဏ ပြန်ဆုတ်သွားတယ်။ ပြီးတော့ အင်အားအများကြီးနဲ့တပ်ပြန်စွဲလာတယ်။ ဦးဆိုင်ကြာကိုလည်း အသားလွတ်ဖမ်းသွားတာ။သူ(ဦးဆိုင်ကြာ)က ရွာကခန့်ထားတဲ့ရွာလူကြီးဖြစ်ပါတယ်။အမြန်ဆုံးပြန်လွှတ်ပေးဖို့ ရွာ
သားတွေအနေနဲ့တောင်းဆိုပါတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

ဦးဆိုင်ကြာအား ဖမ်းဆီးသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ MNDAAက သတင်းမထုတ်ပြန်သေးပေ။ MNDAA နှင့် နီးစပ်သူမှတဆင့် ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်
မတော်(MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)သည် ဟန်နားကျေးရွာနှင့်နားလိုင်ကျေးရွာအနီးတွင် ဇွန်လ ၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

SSPP/SSA စစ်ကြောင်းကို MNDAA တပ်မ အမှတ် (၆၁၁) လက်အောက်ခံတပ်က ခြုံခိုတိုက်ခိုက်၍နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ခြင်းဟု SSPPက ထုတ်ပြန်ခဲ့သည်။MNDAA တပ်ဖွဲ့ဝင် ၈ ဦးကျဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့သည် ထုတ်ပြန်ခဲ့သည်။ အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်စလုံးကအင်အားထပ်မံဖြည့်တင်းထား၍နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာမှဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

MNDAAနှင့် မဟာမိတ်များကလားရှိုးမြို့ကို ၂၀၂၄ ခုနှစ်သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်အုပ်
ချုပ်ခဲ့သည်။သို့သော်တရုတ်အစိုးရ၏ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ MNDAA ပြန်လည်ဆုတ်ခွာခဲ့ရပြီး မြို့ပေါ်ရပ်ကွက် ၁၂ခုကို ပြီးခဲ့သည့် ဧပြီလမှစတင်က စစ်ကောင်စီ ပြန်ထိန်းချုပ်ထားသည်။ ယခုတိုက်ပွဲဖြစ်ပွားသည့် နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာအပါအဝင် ပတ်ဝန်း
ကျင်ကျေးရွာများသည် SSPP စစ်ရေးလှုပ်ရှားသည့်နယ်မြေများတွင်ပါဝင်နေသည်။

ပြီးခဲ့သည့်ဧပြီလ၂၉ ရက်နေ့ကလည်း သီပေါမြို့
နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP တပ်စခန်းကို ဖယ်ရှားရန်MNDAAက လာရောက်တောင်းဆိုရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံဖြေရှင်းမည်ဟု SSPPက မတ်လ ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။
33👍26🥰2🔥1😡1
👍23🔥2
ဟိုးတစ်ချိန်က ရန်ကုန်ကို “အရှေ့တိုင်းရဲ့” (Pearl of East) လို့ခေါ်ခဲ့ကြတယ်လို့ဖတ်ဖူးပါတယ်။ တချို့ကလည်း “အာရှတိုက်ရဲ့ပဲရစ်” (Paris of the East) လို့တောင်ညွှန်းခဲ့ကြပါသတဲ့။

နှစ်ကာလတွေ ကြာသွားတဲ့အခါ၊ ခေတ်စနစ်တွေအမျိုးမျိုးနဲ့ ဘေးအန္တရာယ်အသွယ်သွယ် တွေကို ဖြတ်သန်းပြီးတဲ့ အခါရန်ကုန်ဟာရန်ကုန်မဟုတ်တော့ပါဘူး။

တစ်ချိန်က နယ်ကပြည်သူတွေဝတ္ထုတွေ၊ရုပ်ရှင်တွေထဲကတစ်ဆင့် အရောက်လာဖို့စိတ်ကူးခဲ့တဲ့ ရန်ကုန်ဟာအတိတ်မှာကျန်ခဲ့ပြီ။ ရန်ကုန်ဆိုတာရုန်းကန်ရင်ဆိုင်ရခြင်း၊ မွန်းကြပ်လှောင်ပိတ်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေဆီကိုရွေ့လျားခဲ့တာကြာခဲ့ပါပြီ။


https://www.ludunwayoo.com/opinion-mm/2025/06/05/122971/
👍354🔥1🥰1😁1👌1
လွိုင်ကော် ဒကစမှ ကွန်မန်ဒိုစစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ဟု KNDF တပ်ရင်း-၁၄ ပြော

ဇွန်-၇၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ ကွန်မန်ဒို စစ်ကြောင်းတစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၄ မှ ရဲဘော်အချို့က ပြောသည်။

ဇွန်လ ၃ ရက် နံနက် ၅ နာရီခန့် တွင် လွိုင်ကော်မြို့နယ်၊ သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ကနဦး တိုက်ခိုက်ခဲ့​သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စွဲထားသော စခန်းအား တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ ဒကစ မှ ကွန်မန်ဒို စစ်ကူစစ်ကြောင်းအား လက်ဦးမှုရယူကာ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကွန်မန်ဒိုတွေ၊ ကျားတွေ၊ နဂါးတွေ လာမလုပ်နဲ့၊ အကုန်ရှောသွားပြီ"ဟု KNDF တပ်ရင်း-၁၄ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကွန်မန်ဒိုစစ်ကြောင်းကို တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီး KNDF မှ ရဲဘော်၂ဦး ဒဏ်ရာ(မပြင်းထန်)ရရှိခဲ့ကြောင်း တပ်ရင်း-၁၄က ဖော်ပြသည်။

"စကစတပ် အသေအဆုံးတွေရှိခဲ့ပြီးတော့ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပါတယ်"ဟု KNDF တာဝန်ရှိသူက အဆိုပါတိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ လူထုနွေဦးသို့​ပြောသည်။

သိမ်းဆည်းရရှိခဲ့သော လက်နက်စာရင်းများအရ MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက်နှင့် အခြားလက်နက်ခဲယမ်းများပါရှိသည်။

လက်ရှိတွင် စစ်ကောင်စီသည် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေသည်မှာ လနှင့်ချီရှိနေပြီး တော်လှန်ရေးတပ်ပေါင်းစုက ခုခံနေဆဲ ဖြစ်သည်။

ကရင်နီပြည်နယ်တွင် ဘောလခဲနှင့် ဖားဆောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေကာ ကရင်နီတပ်ပေါင်းစုက ကာကင်းစခန်းအချို့ရရှိထားသည်။
69👏23👍10🥰2😁1🫡1
(စစ်ကောင်စီ ကွန်မန်ဒိုစစ်ကြောင်းထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Min Gyi/FB)
👍6117🔥2🥰1👏1
ထိုင်း-မြန်မာ နယ်စပ်မှာငလျင်ငယ်တွေ ဆက်တိုက်လှုပ်

ဇွန်-၇၊၂၀၂၅။People's Spring

ထိုင်း-မြန်မာ နယ်စပ်နားမှာ ငလျင်ငယ်တွေ ဆက်
တိုက် လှုပ်ခတ်တာကိုထောက်လှမ်း သိရှိခဲ့တယ်လို့ ထိုင်းမိုးလေဝသ ဌာနက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်ရာ မယ်ဟောင်ဆောင်နဲ့ မြန်မာဖက်ခြမ်း နေရာတချို့မှာ ဇွန်လ ၆ ရက်က လှုပ်
ရှားခဲ့တဲ့ ငလျင်ငယ်တွေဟာ အရမ်းမပြင်းထန်သလို ထိခိုက်ပျက်စီးမှုတွေလည်း မကြုံခဲ့ရပါဘူး။ ဒါပေမဲ့ မြေအောက် ကျောက်လွှာတွေ ရွေ့လျားနေမှုကို သိသာစေခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းမိုးလေဝသ ဌာနလက်အောက်ခံ ငလျင်ဌာနခွဲက ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ငလျင်နဲ့ ဆက်စပ်တဲ့ မြေအောက် လှုပ်ရှားမှုတွေ တဖြည်း
ဖြည်း တိုးလာတာကို ထောက်လှမ်း ရရှိထားတယ်လို့ ပြောပါတယ်။

မယ်ဟောင်ဆောင်မှာ လတ်တလော လှုပ်ခတ်ခဲ့တဲ့ ငလျင်ငယ်တွေဟာ ကြိမ်နှုန်းအားဖြင့် အမြင့်ဖက် ဦးတည်လာနေတာကို တွေ့ရပြီး ပြင်းအား မဂ္ဂနီကျုတွေကတော့ ဖျက်ဆီးအား ပြင်းထန်တဲ့ အ
ဆင့်မျိုး မဟုတ်ဘဲ အားနည်းတယ်လို့လည်း သိရပါတယ်။

ငလျင်ဌာနခွဲဟာအဲဒီမြေအောက်လှုပ်ရှားမှု အခြေ
အနေတွေကို မျက်ခြေမပြတ်၊ နီးနီးကပ်ကပ် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက မဂ္ဂနီကျု ၁.၉ အဆင့်ရှိတဲ့ ငလျင်ငယ်ဟာ မယ်ဟောင်ဆောင်ရဲ့ ဖိုင်ခရိုင်ထဲက ဝယန်နျူအာ ဒေသကို ဦးတည်လှုပ်ခတ်ခဲ့ပါတယ်။ ပြင်းအား အရမ်းနည်းပြီး အပျက်အစီး မရှိပေမယ့် ငလျင်ရဲ့ ဗဟိုချက်ဟာ မြေတိမ်ပိုင်း ၁ ကီလိုမီတာ အနက်လောက်ကို ဦးတည်ခဲ့တာကြောင့် လှုပ်ခတ်မှုကို အတန်အသင့် သက်ရောက် ခံစားခဲ့ရပါတယ်။

အဲဒီနေ့မှာပဲ မြန်မာဖက်ခြမ်းမှာလည်း မဂ္ဂနီကျု ၁.၇၊ ၂.၀ နဲ့ ၂.၂ အဆင့် အသေးစား ငလျင်တွေ သုံးကြိမ်ဆက် လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်းဖက်မှာရော၊ မြန်မာဖက်မှာပါ လှုပ်နေတဲ့ ငလျင်တွေဟာ အင်အားနည်းပါးပေမယ့် ဆက်
တိုက် လှုပ်နေတာကြောင့် မြေအောက် ကျောက်ချပ်တွေ ရွေ့လျားမှုတွေ သိသိသာသာ ဖြစ်ပေါ်နေတဲ့ သဘောမျိုးလို့ ပညာရှင်တွေက ပြောပါတယ်။

အဲဒီဇုန် နေရာတွေမှာ နေထိုင်သူတွေ အနေနဲ့ ထိုင်းမိုးလေဝသ ဌာနရဲ့ လမ်းညွှန်ချက်တွေ၊ ထုတ်လွှင့်ကြေညာချက်တွေကို အချိန်နဲ့ တပြေးညီ နားစွင့်နေပြီး အသက်အိုးအိမ် လုံခြုံရေးဆိုင်ရာ ကြိုတင် အစီအမံတွေ လုပ်ဆောင်ထားဖို့လည်း ငလျင်ဌာနခွဲရဲ့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

ကိုးကား- The Nation
33👍21🔥3🙏2
👍225🔥2
ခွန်ဆာကုန်းပေါက်ကွဲမှု စစ်ကောင်စီလက်နက်ကြီးကြောင့်ဖြစ်ပြီးပြည်သူ ၉ဦး သေဆုံးဟု KIA ပြော

ဇွန်-၇၊၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်ဖားကန့်မြိုနယ်၊ လုံးခင်းဒေသခွန်ဆာကုန်းအ နီးဇွန်လ ၆ရက်ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ဖြစ်​ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“စကစ ဘက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆံ ၂ခုပေါက်ကွဲလို့ ပြည်သူလူထုအိမ်တွေ တော်တော်များများ ထိသွားတာ။အခုထက်ထိကျနော်တို့ဆီမှာ သတင်းရတာက အိမ်ခြေပေါင်း ၃၀ လောက်ပျက်စီးသွားတယ်လို့ သတင်းပေးလာတာရှိပါတယ်။နောက်လူတွေလည်း ဒီမနက်အဲဒီ ပေါက်ကွဲတဲ့နေရာမှာ သန့်ရှင်းရေး လုပ်တဲ့အခါမှာတွေ့ရတာတော့ အလောင်းက ကိုးလောင်းတွေ့တယ်တဲ့။ ကလေးတွေလည်းပါတယ် လူကြီးတွေလည်းပါတယ်။” ဟုဗိုလ်မှူးကြီးနော်ဘူက ပြော
သည်။

လုံးခင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟုမျက်မြင်ကိုယ်တွေ့ ပြည်သူများက ပြောဆိုမှု ရှိကြောင်းလည်း ၎င်းကဆက်​ပြော
သည်။

"ဒါပေမဲ့ ပေါက်ကွဲတဲ့ နေရာတွေကျတော့ တော်
တော်ပြင်းထန်တဲ့ ပေါက်ကွဲတဲ့ နေရာတွေ တွေ့ရတဲ့အါကျတော့ ပြည်သူလူထုတွေ ခန့်မှန်းကြတာက အဲဒီ ဆိုင်မှာမီးလောင်တဲ့ပစ္စည်းတွေသိုလှောင်ထားတာလား ဖားကန့်ဆိုတော့ဓာတ်မြေဩဇာတွေများ သိုလှောင်ထားလို့ပေါ့နော်။ အဲဒီလို သိုလှောင်ထားလို့ အဲဒီမှာ ပေါက်ကွဲသွားလို့ ပတ်ဝန်းကျင် အိမ်တွေ တရပ်ကွက်လုံး ပုံစံမျိုးပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖြစ်စဉ်ကို ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သေဆုံးသူ ၉ဦးအနက် ကလေးငယ် ၄ဦး ပါဝင်သည်ဟု ဒေသ သတင်းရင်းမြစ်အချို့ကပြော
သည်။ ထို့ပြင်ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု ဒေသ သတင်းရင်းမြစ်ကပြောသည်။

“သေဆုံးတာ ပြည်သူတွေပါ။ မိသားစုလိုက်ပါသွားကြတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုး
ပမ်းနေသည့် စစ်ကောင်စီတပ်သည် မေလ ၂၇ရက်တွင် လုံးခင်းဒေသသို ဝင်ရောက်ခဲ့ရာ မေလ ၂၈ရက်တွင် ယင်းဒေသ၌ တော်လှန်ရေးတပ်ဖွဲများနှင့် တိုက်ပွဲဖြစ်ခဲ့သည်။

ထိုနောက် စစ်ကောင်စီက လုံးခင်းဒေသ၌ ကုမ္ပဏီ အချို၏ အဆောက်အဦး နှင့် ယာဉ်ယန္တရား အချိုကို ဝင်ရောက်မီးရှိုဖျက်ဆီးမှုများလည်းပြု လုပ်ခဲ့သည်။
🤬6210👍3😡3👎2😢2🙏1