People's Spring
61.7K subscribers
68.3K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်၊ ABFSU
52👍12🔥2🥰2👏1
ဖားကန့်လက်နက်ကြီးပေါက်ကွဲပြီးငလျင်လှုပ်

■ပေါက်ကွဲမှုကြောင့် မိသားစုလိုက်သေဆုံး

ဇွန်-၆၊၂၀၂၅။ယောနသံ/People's Spring

ဖားကန့်မြို့နယ်တွင် ယနေ့(‌ဇွန်လ၆ရက်) ည ၉နာရီကျော်ကပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး ‌‌ နေအ်ိမ်အဆောက်အအုံအချို့မီးလောင်နေစဉ် ငလျင်လှုပ်၍ ဒေသခံများထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။

ဖားကန့်မြို့နယ်ခွန်ဆာကုန်းကို စစ်​ကောင်စီတပ်က ည ၉နာရီ ၁၀မိနစ်တွင် ပေါက်ကွဲအား ပြင်းထန်သည့် လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ခြင်းဟုဒေသ
ခံအချို့ကပြောသည်။

အဆောက်အအုံအချို့မီးလောင်နေပြီး လူအချို့ ပိတ်မိနေ၍ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် ငလျင်လှုပ်ခြင်းဟု ဒေသခံတဦးကပြောသည်။

၎င်းက " ငလျင်က ၂ စက္ကန့်လောက်ပဲကြာတယ်။ ဆွဲခါသွားတာ။ ဒီညလက်နက်ကြီးရောငလျင်ရော ကမ္ဘာကိုပျက်နေတာပဲ"ဟုပြောသည်။ငလျင်သည် ဖားကန့်ကိုဗဟိုပြု၍ ည ၉နာရီ ၄၃မိနစ်၌ ရစ်ခ်ျတာစကေး ၄ဒဿမ၁အဆင့်ငလျင် လှုပ်သွားသည်ဟု ငလျင်တိုင်းတာရေးကွန်ပျူတာမော်ဒယ်အချို့တွင် ဖော်ပြထားသည်။

လှုပ်ခတ်မှုအလွန်ပြင်းထန်သည်ဟုဒေသခံများကပြောသည်။ဇွန်လ ၅ ရက်နံနက်ကလည်းဖားကန့်မြို့အနီး တနိုင်းမြို့တွင် ရစ်ခ်တာစကေး ၄ဒဿ
မ၄ အဆင့် ငလျင်လှုပ်ခဲ့သည်။

ဖားကန့်၌ ယ‌နေ့ည ပေါက်ကွဲမှုသည် စစ်ကောင်စီက တပ်မကုန်းဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု ဒေသခံများကပြောသည်။သို့​သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်နက်ကြီးတည့်တည့်ထိမှန်သည့် အိမ်မှ က
လေးငယ်အပါအဝင် မိသားစုလိုက်သေဆုံးသည်ဟု ကနဦးသတင်းရရှိသည်။ က​လေးငယ်အပါ
အဝင် ရုပ်အ​လောင်း ၈ ​လောင်း ​တွေ့ရှိသည်ဟု​ဒေသခံအချို့ကဖေစ်ဘွခ်တွင်​ရေးသားထားသည်။

စစ်ကောင်စီကလမ်းများပိတ်ဆို့ထား၍ လူမှုကူညီရေးကားများ မရောက်လာနိုင်ဘဲ အနီးပတ်ဝန်း
ကျင်မှဒေသခံအချင်းချင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရသည်ဟုသတင်းရရှိသည်။
🤬52😢2114😡3👍1😁1🙏1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ-​ဒေသခံ
🥰22👍11😢106💔4👏1😁1
အမ်း-ပဒါန်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ အလောင်းတလောင်းနှင့် သေနတ်တစ်လက်ရ

ဇွန် - ၆၊ ၂၀၂၅။ ထင်လင်း/People's Spring

မကွေးတိုင်း၊မင်းဘူးမြို့နယ်၊အမ်း-ပဒါန်းလမ်းပိုင်းအသုံးပြု၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုနှင့် သေ နတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းအရှိုချင်းကာကွယ်
ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောသည်။

ဇွန်လ ၂ ရက်နေ့က ACDF လှုပ်ရှားနယ်မြေတစ်နေရာဖြစ်သော အမ်း-ပဒါန်းလမ်းပိုင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်တပ်စစ်​ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းကပြောသည်။

"ကျနော်တို့သေချာတိတိကျကျတော့မသိဘူး။ကျတော် တို့နေရာယူထားတဲ့နေရာတွေစစ် ကြောင်းတက်လာလို့ ထိတွေ့မှုဖြစ်ကြတာပါ​။သူတို့ဘယ်
ကိုသွားမလဲဆိုတာတော့ မသိဘူး။ ဘယ်ကိုဆုတ်သွားတယ်ဆိုတာလည်း သေချာမသိရဘူး"ဟု စစ်ကောင်စီတပ်စစ်ကြောင်းအညခြေအနေကို ဆလိုင်းခနီဗွေက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီစစ်ကြောင်းပြန်ဆုတ်သွားပြီးနောက်နယ်မြေရှင်း
လင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ် သားအလောင်းတစ်လောင်းနှင့် MA1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်ငါးခုအပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အမ်း-ပဒါန်းလမ်းပိုင်းရှိစစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော် AA ဦးဆောင်သည့် မဟာ မိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာနတ်ရေကန်ဗျူဟာ၏ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AA
နှင့် ပူး​ပေါင်းတပ်များကသိမ်းပိုက်ခဲ့သည်။
ထိုအပြင် ဗျူဟာ၏ကာကင်းစခန်းအချို့ကို ပြီးခဲ့သည့်ရက်ပိုင်းတွင်သိမ်းပိုက်ရရှိထားပြီဟု သတင်းများထွက်ပေါ်နေ​သော်လည်း AA ဘက်ကမူ တ
ရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်းAA ၏ထိုးစစ်များစတင်ပြီးနောက်ပိုင်းရခိုင်ပြည်နယ်အမ်းမြို့နယ်နှင့်ထိစပ်လျှက်ရှိသောမကွေးတိုင်း၊ငဖဲမြို့နယ်အ တွင်းရှိ အမ်း-ပဒါန်းလမ်းပိုင်းကို စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ် နေ့စဥ်အသုံးပြုနေသလို တပ်စခန်းများထိုးစစ်ဆင်ခံရချိန် စခန်းစွန့်ထွက်ပြေးလာသောစစ်ကောင်စီတပ်သားများသည်လည်း ယင်းလမ်းပိုင်းအားအသုံးပြု ဆုတ်ခွာနေခြင်း ဖြစ်
သည်။
57👍23🤣3🥰2
👏49👍223🤣3🔥1🥰1
ဖေနဲ့မေကိုသားဝန်ခံစရာတစ်ခုရှိပါတယ်။ ဘယ်
တုန်းကမှဖေဖေတို့ခွင့်မပြုခဲ့တဲ့ အမူအကျင့်တစ်ခုကို သားပြုလုပ်နေမိပါတယ်။ ဒီနှစ်တွေမှာ သား
ရိုင်းလာတယ်ဖေနဲ့မေ။

ကြမ်းတမ်းဆဲဆိုတဲ့စကားကိုဘယ်တုန်းကမှမပြောခဲ့တဲ့သားဟာရိုင်းစိုင်းကြမ်းတမ်းလာတယ်။
မရည်ရွယ်ပါဘူးမေမေ။ သားရည်ရွယ်ချက်နဲ့ရိုင်းမိလာတာမဟုတ်ပါဘူး။ ရင်ထဲကခံစားချက်တွေက သူ့ဖာသာသူပုံဖေါ်လာတာပါ။ သားမရည်ရွယ်ပါဘူး။

မန္တလေးမြို့ကလမ်းပေါ်မှာမိန်းကလေးတစ်ယောက်သေနတ်မှန်ပြီးကျဆုံးသွားတုန်းကသား
ရိုင်းမိပါ တယ်မေမေ။ သားပါးစပ်ကဘာတွေထွက်သွားလဲဆိုတာကိုပြန်မတွေးချင်သလို မေတို့ကိုလည်း ပြန်မပြောရဲပါဘူး။ သူ့မိဘတွေဘယ်
လောက်ခံစားရမလဲဆိုတာဟာသားရဲ့ ညအတော်များများကို ခြောက်လှန့်နေခဲ့ပါတယ်။

ရန်ကုန်မြို့ကလမ်းပေါ်မှာဆေးကျောင်းသားလေးတစ်ယောက်ကျဆုံးသွားတော့လည်းသားရိုင်းမိပါ တယ်ဖေဖေ။ဒီတိုင်းပြည်မှာဈေးအပေါဆုံးဟာလူငယ်တွေရဲ့အသက်လားဖေ။ သားရင်နာလိုက်တာ။

မုံရွာမှာတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ထပ်ကျသွားတော့လည်းသားရိုင်းမိတာပါပဲ။ မကောင်းပါဘူးဖေနဲ့မေရယ်။ သားဟာအရမ်းရိုင်းတတ်လာပါတယ်။

အရင်မျိုးဆက်ကကျောင်းသားခေါင်းဆောင်ဟောင်းကြီးတစ်ယောက် နဲ့ ဟစ်ပ်ဟော့ပ်ဂီတရဲ့ပထမ မျိုးဆက်ဂီတပညာရှင်တစ်ဦးတို့ကို အဆုံး
စီရင်လိုက်တဲ့အခါတုန်းကတော့သားမရိုင်းဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်ကထွက်ဖို့စကားလုံးတွေမရှိတော့သလို၊ မျက်ရည်လည်းမရှိတော့ပါဘူး ဖေနဲ့မေ။ သားရိုင်းစရာလည်းမလိုတော့ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကရိုင်းနေပြီပဲမဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုလုံးကမျက်
ရည်တွေချောင်းတစ်ချောင်းအဖြစ်၊မြစ်တစ်စင်းအဖြစ်စီးဆင်းနေပြီပဲမဟုတ်လား။

အခုဆိုရင်ပင်လယ်သမုဒ္ဒရာတောင်ဖြစ်နေလောက်ပြီမဟုတ်လား။

ဗုဒ္ဓဘာသာဝင်တွေကောင်းကောင်းရိုင်းတတ်နေပါပြီမေမေ။ ကျန်တဲ့ဘာသာဝင်တွေလည်းအတူတူပါပဲ။ သူတို့ကမနက်ခင်းတွေကို မိုဘိုင်းဖုန်းလေးတွေပွတ်ရင်းစတင်ကြပါတယ်။ ဒါဟာနေ့တစ်နေ့ရဲ့ ဝဋ်
ကြွေးတစ်ခုစတင်ခြင်းပါပဲ။

နိုး… နိုး…အမြဲတမ်းငိုကြွေးနေကြတာမဟုတ်ပါဘူးဖေဖေ။

တခါတလေ သူတို့ရယ်မောပျှော်ရွှင်ကြပါတယ်၊ အူလှိုက်သဲလှိုက်ပျှော်ရွှင်တဲ့နေ့တွေတောင်ရှိပါတယ်။လူတချို့သေဆုံးတာကို သားတို့ ပျှော်ရွှင်နေကြတယ်မေမေ။ သားပြောတာကိုမေမေယုံရဲ့လား။ သားအဲဒီလောက် ရိုင်းတတ်လာတယ်ဆိုတာကိုမေမေယုံဖို့ခက်နေတယ်မဟုတ်လားမေ။


https://www.ludunwayoo.com/%e1%80%9b%e1%80%9e/2025/06/07/123173/
👍55😢2013🤣5🥰1
စစ်ကောင်စီဟာ ငွေကြေးတန်ဖိုးပိုကြီးတဲ့ Clickတို့ Scoopi တို့လို ဆိုင်ကယ်တွေကို ဦးစားပေးဖမ်းလေ့ရှိတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။ ပြစ်မှုတခုခုတွေ့တာနဲ့ ယာဥ်တွေကို ကားပေါ်တင်ပြီး တခါတည်းသိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဖမ်းစေချင်ရင် ငွေ​ကြေးသိန်းချီတောင်းယူနေတယ်လို့ သိရပါတယ်။

“ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင် အကုန်ပါတယ်။ မေးသိုင်းကြိုးမတပ်လို့တဲ့။ လေးသိန်းပေးလိုက်ရတယ်။အကုန်ဖမ်းတာ။ရက်ရက်စက်စက်ကို ဖမ်းတာ။”လို့ မုံရွာမြို့ခံ လူငယ်တဦးက ပြောပါတယ်။

ယခုတကြိမ် လိုင်စင်မဲ့ယာဉ် တွေဖမ်းဆီးမှုမှာယာဉ်တွေကို သိမ်းယူပြီး မောင်းနှင်သူ တွေကိုပါဖမ်းဆီးနေသလို ငွေကျပ် ၁သိန်းကနေ သိန်း၅၀ အထိ​တောင်တောင်းယူတာတွေရှိနေပါတယ်။

စစ်​ကောင်စီက အခုလိုပြည်သူ​တွေကိုဖိနှိပ်​နေတာဟာ စစ်​ကောင်စီစိုးမိုးထားတဲ့ ​ဒေသ​တွေမှာပဲဖြစ်ပါတယ် ။​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထားတဲ့ ၊​တော်လှန်​ရေး အဖွဲ့​တွေစိုးမိုးတဲ့ မြို့​တွေ ၊​ဒေသ​တွေမှာ​တော့မလုပ်နိုင်ပါဘူး ။

မွန်ပြည်နယ်က ​​တော်လှန်​ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ​ရေးဘီးလူးအဖွဲ့​ခေါင်း​ဆောင်က ဇွန် ၄ ရက်​နေ့မှာပြည်သူ​တွေ ခက်ခဲကြပ်တည်း​နေချိန်မှာ လိုင်စင်မဲ့ယာဥ်​တွေကို အ​ကြောင်းပြ ဖမ်းဆီးလုပ်စား​နေတာ​တွေကို သတိ​ပေးပါတယ် ။စစ်​ကောင်စီ ဝန်ထမ်း​တွေကိုယ်တိုင် လိုင်စင်မဲ့ယာဥ်​တွေစီးနင်း​နေကြရပြီး ပြည်သူ​တွေကို ဖမ်းဆီး ဒုက္ခ​ပေးရင် အ​ရေးယူမယ်လို့ သတိ​ပေး​ရေးသားထားပါတယ် ။

​ရေးဘီလူးရဲ့ သတိ​ပေးချက်ကို ပြည်သူအများအပြားက သ​ဘောကျခဲ့တာကို​တွေ့ရပါတယ်။

https://www.ludunwayoo.com/feature-mm/2025/06/06/123141/
👍39😡158👎1🤬1🤮1🖕1
စစ်ကိုင်းငလျင်ကြီးမှာအိုးဘိုထောင်တွင်းအကျဥ်းသား ၇၀ ကျော်သေဆုံးပြီး ၅၀ ခန့်မှာနိုင်ကျဥ်းဖြစ်

■အစ်နေ့ဝတ်ပြုဆုတောင်းပွဲကိုလည်း ထောင်အာ
ဏာပိုင်တွေကလုံခြုံ​ရေးအကြောင်းပြခွင့်မပြု

ဇွန် ၇၊ ၂၀၂၅ ။မေရီ/People's Spring

စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးက အိုးဘိုထောင်တွင်း အကျဥ်းသား ၇၀ ကျော် သေဆုံးပြီး ၅၀ နီးပါးမှာ နိုင်ငံရေးအကျဥ်းသားများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့ ဇွန်လ (၇)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်တွင်း အဆောက်အအုံပြိုကျပြီး သေဆုံးသူ (၇၀)ဦးကျော်ရှိခဲ့ပြီး PPNM ရဲ့ စိစစ် စောင့်ကြည့်မှတ်
တမ်းကောက်ယူမှုများအရ အနည်းဆုံး နိုင်ငံရေးအကျဉ််းသား/အကျဉ်းသူ ၄၉ဦး ပါဝင်ခဲ့ကြောင်း PPNMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကျဉ်းသားသေဆုံးမှုများနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုများမှာ မပါဝင်ဘဲ သတင်းအမှောင်ချဖုံးကွယ်ထားတယ်လို့ PPNM
က ဆိုပါတယ်။

အင်အားပြင်း ငလျင်ကြောင့်သာမက ဟောင်းနွမ်းတဲ့ အကျဉ်းထောင်အဆောင်များမှာ လူထူထပ်စွာ ဖမ်းဆီးထားလို့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတာလို့ PPNMက အသိပေးပါတယ်။

ထောင်ပြင်ပမှာ ယခုလို တစ်နေ့တည်း အရေအ
တွက်များစွာသေဆုံးခဲ့ရတာကို သိရှိပါက မြန်မာပြည်သူများနဲ့ နိုင်ငံတကာရဲ့ ကူညီကယ်ဆယ်မှု၊ ထောက်ပံ့ကူညီမှုများ လုပ်ပေးနိုင်ကြမည်ဖြစ်
ကြောင်း၊ သို့သော် မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများဟာ သတင်းအမှောင်ချခံထားရတဲ့အတွက် ပြင်ပက မိသားစုဝင်တွေဟာ အခြေအနေအမှန် မသိရသေးလို့ ရက်
လည်ဆွမ်းကျွေးတောင် မပြုလုပ်ကြရသေးဘူးလို့ PPNM က ဆိုပါတယ်။

ငလျင်လှုပ်တဲ့နေ့ကတာဝန်ကျဝန်ထမ်းက အ
ဆောင်တံခါးပိတ်ထားခဲ့လို့ အကျဥ်းသားတွေနဲ့ စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ အဲဒီအချိန်ကစကားများရန်ဖြစ်ခဲ့တဲ့အကျဥ်းသားအစ္စလာမ်ဘာသာဝင်တွေကို ဒီကနေ့အထိ တိုက်ပိတ်ထားကြောင်း အကျဥ်းသားမိသားစုဝင်တချို့က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မှာကျရောက်တဲ့ အစ္စလာမ်ဘာ
သာဝင်တွေရဲ့အစ်နေ့ဝတ်ပြုဆုတောင်းပွဲကိုလည်း ထောင်အာဏာပိုင်တွေက လုံခြုံ​ရေးအကြောင်းပြပြီး လုပ်ခွင့်မပေးနိုင်ဘူးလို့ ပိတ်ပင်ထားကြောင်း သိရပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး PPNM တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေ
ကြားခြင်း မရှိသေးပါဘူး။ အကျဥ်းသားသေဆုံးမှုအရေအတွက်ကို လူထုနွေဦးက အတည်ပြုလို့ မရသေးပါဘူး။

လက်ရှိအချိန်အထိ အိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်း
သားများဟာ ထောက်ပံ့ကူညီမှုတွေ များစွာလိုအပ်နေတာကြောင့် လူ့အခွင့်အရေးနှင့်တရားမျှတမှုကို ဖော်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးစေလိုကြောင်း တောင်းဆိုထားပါတယ်။
😢5111🤬10👍5💔2👎1🔥1
အိုးဘို​ထောင်ကို Google Earth တွင်​တွေ့ရပုံနှင့်သေဆုံးခဲ့သော နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အရေအတွက်ဇယားအား PPNMက ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ-PPNM
😢70🤬114😁2🙏2👎1🤣1