People's Spring
61.7K subscribers
68.3K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်​ရေး စီးနင်းဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ပြည်ထောင်စုအထူးသယံဇာတအဖွဲ့ဟာ အလွဲသုံးစားမှုတွေပြုလုပ်နေတာကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ တိုင်စာတွေအရ စုံစမ်းစစ်ဆေးမေးမြန်းစရာရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုပါတယ်။ အဲဒီအဖွဲ့ကို ဗန်း‌မောက်မြို့နယ်ကထွက်ရှိတဲ့ သယံဇာတတွေကို စီမံခန့်ခွဲဖို့အတွက် NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လမှာ ဖွဲ့စည်းပေးခဲ့တာပါ။ ဖမ်းဆီးလိုက်တဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်မှာ ဦးအာကာ ဆိုသူဖြစ်ပြီး ပြည်ထောင်စုအာကာအမည်နဲ့ အဖွဲ့တစ်ဖွဲ့ထောင်ဖို့ ကြိုးစားခဲ့သူဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီအဖွဲ့ဟာ လက်နက်များလည်း တရားမဝင်ဝယ်ယူထားတာ တွေ့ရတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

◾️ဖားကန့် ခွန်ဆာကုန်းမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပြီး အဆောက်အအုံအချို့မီးလောင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ခွန်ဆာကုန်းမှာ ဒီနေ့ ည ၉နာရီ ၁၀မိနစ်မှာ ပြင်းထန်တဲ့ ​ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဆောက်အအုံအချို့ မီးလောင်နေကာ ​ဒေသခံပြည်သူအချို့ ပိတ်မိနေတယ်လို့ သိရပါတယ်။ အဲဒီပေါက်ကွဲမှုမှာ စစ်​ကောင်စီတပ်က ​ပေါက်ကွဲအားပြင်းထန်တဲ့ လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့တာကြောင့် ဖြစ်​တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ဒါပေမဲ့ အချို့ကလည်း လက်နက်တိုက် ပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ ခန့်မှန်း​နေကြပါတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း မှော်စီစာ၊ မဇွပ်ယာန်၊ ဆန်ခါ၊ မှော်ဘုံ၊ လုံးခြင်း၊ ဖားကန့်၊ ဆိုင်းတောင် တကြောမှ ပြည်သူများ ကြားမြင်ရပြီး ထိတ်လန့်ခဲ့ကြရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️အထက်ခပေါင်းဆည်ရေလွှဲတမံမှာ တပ်စွဲထား​တဲ့ စစ်စခန်းကို PDFတွေတိုက်ခိုက်သိမ်းပိုက်

ပဲခူးတိုင်း၊​တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ အထက်ခပေါင်းဆည်ရေလွှဲတမံမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ၄ လက်နဲ့ စစ်သုံးပစ္စည်းအချို့ရရှိခဲ့ပါတယ်။ အဲဒီ စစ်စခန်းကို ဇွန်လ ၃ ရက် မနက်အစောပိုင်းမှာ တောင်ငူခရိုင်တပ်ရင်းအမှတ်( ၃၅၀၁ )၊ တပ်ခွဲ ၁ က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီ အတွင်း စစ်ကောင်စီစခန်းကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကာ စခန်းအတွင်းမှ G3 သုံးလက်၊ MA 11 တစ်လက်၊ အီနာဂါငါးလုံး လက်ပစ်ဗုံးတစ်လုံးနဲ့ ကျည်ကာအင်္ကျီ နှစ်ထည် ရရှိခဲ့တယ်လို့ တောင်ငူခရိုင်တပ်ရင်းအမှတ်( ၃၅၀၁ ) ၊ တပ်ခွဲ ၁ က ထုတ်ပြန်ပါတယ်။ စခန်းသိမ်းပြီးချိန်မှာ အင်အား ၆၀ ခန့်ပါ စစ်ကူစစ်ကြောင်းကိုလည်း PDF တွေက အသင့်​စောင့်ကြို၍ မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ရှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်စစ်ဆင်​ရေးမှာ စစ်သားအနည်းဆုံး ၁၁ ဦး​သေဆုံးခဲ့တယ်လို့ သိရပါတယ်။

◾️ပုလဲနယ် ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲ ငါးရက်ဆက်ပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲ ငါးရက်ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ပုလဲ-ဂန့်ဂေါလမ်းပိုင်းရှိ ကမ်းဒေါင့်စခန်းကို ဇွန်လ ၂ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ သုံ့ပန်းတချို့ဖမ်းမိထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က စစ်ဆင်ရေးဗျူဟာဆွဲခဲ့ပြီး ဦးဆောင်တိုက်ခိုက်နေတာဖြစ်ပြီး ကျန်တပ်ဖွဲ့တွေက စစ်ကောင်စီစစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

◾️ဗိုလ်မှူးချုပ်ဟောင်းပစ်သတ်ခံရမှုမှာ ပါဝင်သူတပ်ဖွဲ့ဝင်တွေ အားလုံးဘေးကင်းတယ်လို့ GVW ဆို
👍3610🔥2🥰1
ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို ပစ်ခတ်လုပ်ကြံသွားသူတွေကို ဖမ်းမိပြီလို့ စစ်ကောင်စီက ကြေညာပေမယ့် ဖမ်းခံရသူတွေဟာ ပြည်သူတွေသာ ဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ အားလုံး ဘေးကင်းတယ်လို့ ပစ်ခတ်မှုကို ဆောင်ရွက်ခဲ့တဲ့ Golden Valley Warriors အဖွဲ့ ကပြောပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီး ဖမ်းခံရသူတွေဟာ အပြစ်မဲ့ ပြည်သူတွေသာ ဖြစ်ပြီး ပစ်ခတ်မှုမှာပါဝင်သူ တပ်ဖွဲ့ဝင်အားလုံး ဘေးကင်းလုံခြုံတယ်လို့ Golden Valley Warriors အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။ စစ်ကောင်စီ ဖမ်းဆီးထားသူတွေထဲမှာ အသက် ၆ နှစ်အရွယ်ကလေးငယ်ကိုပါ တရားခံစာရင်းသွင်းပြီး ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါသေးတယ်။ ကလေးကိုပါ တရားခံစာရင်းသွင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို လူမှုကွန်ရက်မှာ ပြစ်တင်ဝေဖန်နေကြပါတယ်။ ပစ်ခတ်မှုကိုဆောင်ရွက်ခဲ့တဲ့ Golden Valley Warriors အဖွဲ့ကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ကွဲလွဲချက်တွေရှိနေတယ်လို့ဆိုပါတယ်။

◾️နောင်ချိုမှာ စစ်ကောင်စီ တိုက်ခိုက်၍ ပြည်သူ ၄ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းပျက်စီး

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထား​တဲ့ နောင်ချိုမြို့ စျေးရပ်ကွက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ စစ်​ကောင်စီတပ်က ဇွန်လ ၄ ရက်မှာ နောင်ချိုစျေးရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်၍ အမျိုးသမီး ၂ ဦး အပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂လုံးနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။ လက်ရှိ နောင်ချိုမြို့နဲ့၁၀မိုင်ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊လေကြောင်း၊ဒရုန်းများသုံး၍ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇မိုင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက် ၁၁နာရီလောက်မှာ ၇မိုင် ရှေ့တန်းတနေရာကို တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အလားတူ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာလည်း စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ထိုးနေကာ စစ်ဘေးရှောင်စခန်း တစ်ခုအနီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကလည်း စစ်ကောင်စီတပ်ဟာ တောင်တံရွာ၊ အယ်ဖာဘိလပ်မြေစက်ရုံအနီးနဲ့ စစ်ဘေးရှောင်စခန်းတစ်ခုအနီးတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

◾️KIA သိမ်းထားတဲ့ လန်ဆယ်ဒေသကို ပြန်တိုက်ဖို့ စစ်​ကောင်စီနဲ့ ရဝမ်ပြည်သူ့စစ် ပြင်ဆင်​နေဟုဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်​ကောင်စီတပ်နဲ့ ရဝမ်ပြည်သူ့စစ်များက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ စစ်အင်အားဖြည့်တင်း ပြင်ဆင်နေတယ်လို့ ​ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။ အရင်က ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်ဒေသကို KIA နဲ့ မဟာမိတ်တွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာဒုတိယပတ်မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီဒေသကို ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးနေတယ်လို့ သိရပါတယ်။

◾️ဝမ်းတွင်းမှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ ထွက်ပြေးနေရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ လူငယ်တွေ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ်၊ သာစည်နဲ့ ဝမ်းတွင်းနယ်စပ်၊ ပျားစွဲရွာ အစရှိတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ပျားစွဲရွာနားမှာတော့ ဖရဲသီးတင်နေကြတဲ့ ရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။ နေ့ခင်းပိုင်းမှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးက ဝမ်းတွင်းမြို့နယ်၊ ကန်ပတ်လည်ကျေးရွာ အပါအဝင် ရွာတွေထဲ ကား၄စီးနဲ့ ဝင်ရောက်ပြီး လူငယ်တွေကို ဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု သံသယတရားခံ ၈ဦးကို AA ဖမ်းဆီးစစ်ဆေးနေ
👍346🔥2
မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိ (၈) ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မနေ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီအမှုဟာ ဧပြီ ၆ရက်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူရဲ့ ရုပ်အလောင်းကို ရွာအနီးရှိ သစ်ပင်မှာ ကြိုးဖြင့်တွဲလောင်းချည်ထားခဲ့တာကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်။ ကနဦးမှာ အသက် ၃၀အရွယ်အမျိုးသားတစ်ဦးကို DLEPS က ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဆက်စပ်တရားခံများကို ထပ်မံဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

◾️ရွှေဈေးနှစ်ရက်အတွင်း တစ်သိန်းခုန်တက်ပြီး ၇၈သိန်းနီးပါးဖြစ်လာ

ပြည်တွင်းရွှေစျေး တစ်ကျပ်သား ၇၈ သိန်းနားကပ်လာပြီး ဒေါ်လာငွေလဲနှုန်းလည်း စျေးတက်လာနေတယ်လို့ ရွှေနဲ့ ငွေစျေးကွက်မှာ အရောင်းအဝယ်ပြုလုပ်နေသူတချို့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်း ပြင်ပရွှေစျေးကွက်အရ ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇၇ သိန်း ၈သောင်းကျပ် နဲ့ ၁၅ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇၃ သိန်း ၆သောင်းကျပ်ဝန်းကျင်ရှိလာပါတယ်။ ဒေါ်လာငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာကို ဝယ်စျေး ၄၄၀၀ ကျပ်နဲ့ ရောင်းစျေး ၄,၄၃၀ ကျပ် ရှိနေပါတယ်။ ဒေါ်လာစျေးမှာ အရောင်းထက် အဝယ် လိုက်လာတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းစျေးထက် တစ်ဒေါ်လာ ၃၀ကျပ်ဝန်းကျင် တက်လာတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူက ပြောပါတယ်။

◾️မြန်မာစက်လှေ နစ်လို့ သန္တာကျောက်တန်း ပျက်စီးမှုတွေအတွက် ဘတ် ၁၂ သန်း နစ်နာကြေးတောင်းဖို့ ထိုင်းစီစဉ်

ဖူးခက်ကျွန်းမှာ သောင်တင်ရာက နောက်ဆက်တွဲ နစ်မြုပ်သွားတဲ့ မြန်မာ စက်လှေကြောင့် ရေအောက် သန္တာကျောက်တန်းတွေနဲ့ ဂေဟစနစ် ထိခိုက်ခဲ့မှုအတွက် ဘတ် ၁၂ သန်းထက်မနည်း နစ်နာကြေး တောင်းဆိုဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။ MV Ayar Linn ရေယာဉ်ဟာ ဖူးခက်ရဲ့ မူခိုဆူရင် အမျိုးသား သဘာဝဥယျာဉ်အဖြစ် သတ်မှတ်ထားရာ ရေပြင်မှာ ဇွန်လ ၁ ရက်နေ့က သောင်တင်ပြီး နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ရေယာဉ် နစ်မြုပ်မှုကြောင့် ၁၅၀ စတုရန်း မီတာလောက် အကျယ်အဝန်းရှိတဲ့ သန္တာကျောက်တန်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
👍433🔥1
👍372🔥2🥰2
ပုလဲမြို့၏ အဓိကစခန်းဖြစ်သော ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲ ငါးရက်ဆက်ပြင်းထန်နေ

■စစ်တပ်ကလေကြောင်းမှအပြင်းအထန်ခုခံနေပြီး လက်နက်ခဲယမ်းများနှင့်သုံ့ပန်းအချို့ ​တော်လှန်​ရေးတပ်များရရှိထား

ဇွန်-၆​၊၂၀၂၅။ယောနသံ/People's Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ အ​ရေးပါ​သောစခန်းတစ်ခုဖြစ်သည့် ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲ ၅ ရက်ဆက်ပြင်းထန်နေပြီး ​တော်လှန်​ရေးတပ်များက စစ်တပ်ထံမှလက်နက်ခဲယမ်းများနှင့် သုံ့ပန်းအချို့ဖမ်းမိထားကာ စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံတိုက်ခိုက်နေသည်။

ဂန့်ဂေါ-ပုလဲလမ်းပိုင်းရှိကမ်းဒေါင့်စခန်းကို ဇွန်လ ၂ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဦးဆောင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျန်တပ်ဖွဲ့များက စစ်ကောင်စီစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

" စစ်ဆင်ရေးဗျူဟာအတိမ်း အစောင်းဖြစ်မှာစိုးလို့ PLAက ရှေ့တန်းကနေတိုက်နေတာပါ။ ရလဒ်ကောင်းပါတယ်။ PLA ကထုတ်ပြန်ပါလိမ့်မယ်"ဟု ပူးပေါင်းစစ်ဆင်ရေးတွင်ပါဝင်နေသည့်​တော်လှန်​ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲစတင်သည့်‌ နေ့ကတည်းက စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ဇွန်လ ၆ရက်တွင်လည်း နံနက် ၁နာရီမထိုးခင်မှစ၍ ဂျက်ဖိုက်တာဖြင့်ရော၊ Y12 ​လေယာဥ်ဖြင့်ပါဗုံးကြဲ၍ စခန်းမကျ​အောင် ခုခံတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။

ထို့အပြင်ကမ်းဒေါင့်စခန်းကိုစစ်ကူရန်လာသည့် အင်မထီးရွာမှ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှာလည်း​တော်လှန်​ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ပြီး ငါးဦးကို အရှင်ဖမ်းမိထားကြောင်း သတင်းရရှိသည်။

ပုလဲမြို့နယ်တွင် ကမ်းဒေါင့်စခန်း၊ အင်မထီးရွာ၊ ဇီးဖြူကုန်းရွာ၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့တွင် စစ်ကောင်စီကတပ်စွဲထားပြီး ကမ်းဒေါင့်စခန်းသည် စစ်ကောင်စီနှင့်ပျူစောထီး အင်အားအများဆုံးရှိ​သောစခန်းဖြစ်သည်။ ၈မိုင်ခန့်ဝေးသောအင်မထီးရွာမှစစ်ကူလာရန်ကြိုးပမ်းခဲ့သော်လည်း ပူးပေါင်း
တပ်များက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။

ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲသည် ဇွန် ၆ ရက်ည
နေအထိပြင်းထန်နေပြီး စစ်ကောင်စီကလေ
ကြောင်းမှဆက်လက်ဗုံးကြဲခုခံနေကြောင်းသတင်း
ရရှိသည်။စခန်းကို စီးနင်းတိုက်ခိုက်နေဆဲဖြစ်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

သို့​သော်တော်လှန်ရေးပူးပေါင်းတပ်များက သ
တင်းမထုတ်ပြန်သေးပေ။

ပုလဲမြို့နယ်တွင် ကမ်းဒေါင့်စခန်းကိုသိမ်းယူနိုင်ပါက ကျန်စခန်းများသည် ဖြတ်တောက်ပိတ်ဆို့ထားရုံဖြင့် လက်နက်ချနိုင်ကြောင်း ကာကွယ်ရေးရဲဘော်များကပြောသည်။
👍6524👏6🥰4😁3
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PLA
👏4923👍9🥰2🔥1😁1🫡1
စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ကိုင်းတိုင်းတွင်ဆန္ဒပြ

ဇွန် ၆၊၂၀၂၅။ သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၆)မှာစစ်အာဏာ
ရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီး
သီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ကအများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတစ်နေရာမှာ "လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါဘန်နာကို ချိတ်ဆွဲ၍ ပြည်သူတရပ်လုံးကို သွေးစွန်းစေမယ့် ပညာရေး၊ သွေးစွန်းငွေတွေနဲ့ ညှိနှိုင်းလာတာမျိုးကို ကျောင်းသားထုအနေနဲ့ လုံးဝ လက်မခံစေလိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းဆန္ဒပြမှုကို ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်းလက်ပံတောင်းတောင်ဒေသ လူထုသပိတ်က ဦးဆောင်ပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ပိုမိုထိရောက်မယ့် ဒဏ်ခတ်အရေးယူမှုမျိုး ဆောင်
ရွက်ပေးရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေနဲ့အတူ "Vote ILO Article 33 to save LIVES" စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေး
ကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်​​​​မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ဒီကနေ့မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာနယ်မြေမငြိမ်သက်မှုကြားထဲကနေစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
45👍16🥰3👏3🔥2
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်၊ ABFSU
52👍12🔥2🥰2👏1
ဖားကန့်လက်နက်ကြီးပေါက်ကွဲပြီးငလျင်လှုပ်

■ပေါက်ကွဲမှုကြောင့် မိသားစုလိုက်သေဆုံး

ဇွန်-၆၊၂၀၂၅။ယောနသံ/People's Spring

ဖားကန့်မြို့နယ်တွင် ယနေ့(‌ဇွန်လ၆ရက်) ည ၉နာရီကျော်ကပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး ‌‌ နေအ်ိမ်အဆောက်အအုံအချို့မီးလောင်နေစဉ် ငလျင်လှုပ်၍ ဒေသခံများထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။

ဖားကန့်မြို့နယ်ခွန်ဆာကုန်းကို စစ်​ကောင်စီတပ်က ည ၉နာရီ ၁၀မိနစ်တွင် ပေါက်ကွဲအား ပြင်းထန်သည့် လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့ခြင်းဟုဒေသ
ခံအချို့ကပြောသည်။

အဆောက်အအုံအချို့မီးလောင်နေပြီး လူအချို့ ပိတ်မိနေ၍ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် ငလျင်လှုပ်ခြင်းဟု ဒေသခံတဦးကပြောသည်။

၎င်းက " ငလျင်က ၂ စက္ကန့်လောက်ပဲကြာတယ်။ ဆွဲခါသွားတာ။ ဒီညလက်နက်ကြီးရောငလျင်ရော ကမ္ဘာကိုပျက်နေတာပဲ"ဟုပြောသည်။ငလျင်သည် ဖားကန့်ကိုဗဟိုပြု၍ ည ၉နာရီ ၄၃မိနစ်၌ ရစ်ခ်ျတာစကေး ၄ဒဿမ၁အဆင့်ငလျင် လှုပ်သွားသည်ဟု ငလျင်တိုင်းတာရေးကွန်ပျူတာမော်ဒယ်အချို့တွင် ဖော်ပြထားသည်။

လှုပ်ခတ်မှုအလွန်ပြင်းထန်သည်ဟုဒေသခံများကပြောသည်။ဇွန်လ ၅ ရက်နံနက်ကလည်းဖားကန့်မြို့အနီး တနိုင်းမြို့တွင် ရစ်ခ်တာစကေး ၄ဒဿ
မ၄ အဆင့် ငလျင်လှုပ်ခဲ့သည်။

ဖားကန့်၌ ယ‌နေ့ည ပေါက်ကွဲမှုသည် စစ်ကောင်စီက တပ်မကုန်းဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု ဒေသခံများကပြောသည်။သို့​သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်နက်ကြီးတည့်တည့်ထိမှန်သည့် အိမ်မှ က
လေးငယ်အပါအဝင် မိသားစုလိုက်သေဆုံးသည်ဟု ကနဦးသတင်းရရှိသည်။ က​လေးငယ်အပါ
အဝင် ရုပ်အ​လောင်း ၈ ​လောင်း ​တွေ့ရှိသည်ဟု​ဒေသခံအချို့ကဖေစ်ဘွခ်တွင်​ရေးသားထားသည်။

စစ်ကောင်စီကလမ်းများပိတ်ဆို့ထား၍ လူမှုကူညီရေးကားများ မရောက်လာနိုင်ဘဲ အနီးပတ်ဝန်း
ကျင်မှဒေသခံအချင်းချင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရသည်ဟုသတင်းရရှိသည်။
🤬52😢2114😡3👍1😁1🙏1