အထက်ခပေါင်းဆည်ရေလွှဲတမံတွင်တပ်စွဲထားသောစစ်စခန်းကို PDFများတိုက်ခိုက်သိမ်းပိုက်
ဇွန်-၆၊၂၀၂၅။ရဲခေါင်၊ကျော်ဇော/People's Spring
ပဲခူးတိုင်း၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်ရှိ အ
ထက်ခပေါင်းဆည်ရေလွှဲတမံ၌ တပ်စွဲထားသည့်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်၄ လက် နှင့် စစ်သုံးပစ္စည်းအချို့ရရှိခဲ့သည်။
ထိုစစ်စခန်းကို ဇွန်လ ၃ ရက်နေ့ နံနက် အစောပိုင်းတွင် တောင်ငူခရိုင်တပ်ရင်းအမှတ်( ၃၅၀၁ ) ၊ တပ်ခွဲ ၁ က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
"အနောက်ရိုးပေါ်ကတပ်ရင်းကဖော်ဆောင်တဲ့တိုက်ပွဲပါ။ထွက်ပြေးသွားတဲ့ စခ ၁၀ ဦးကျော်လောက်ရှိတယ်"ဟုအုတ်တွင်းမြို့နယ်စစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။
တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီ အတွင်း စစ်ကောင်စီစခန်းအား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကာ စခန်းအတွင်းမှ G3 သုံးလက်၊ MA 11 တစ်လက်၊ အီနာဂါငါးလုံး လက်ပစ်ဗုံးတစ်လုံး နှင့် ကျည်ကာအကျ်ီ နှစ်ထည် ရရှိခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်းအမှတ်( ၃၅၀၁ ) ၊ တပ်ခွဲ ၁ ကထုတ်ပြန်သည်။သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီ စခန်းအားမီးရှို့ရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။
စခန်းသိမ်းပြီးချိန်တွင်အင်အား ၆၀ ခန့်ပါစစ်ကူစစ်ကြောင်းကိုလည်း PDF များကအသင့်စောင့်ကြို၍ မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမျက်မြင်သေဆုံးသူ ရှစ်ဦးရှိသည်ဟု တောင်ငူခရိုင် တပ်ရင်းအမှန် ၃၅၀၁ ၏ တပ်ခွဲ ၁ က ဆိုသည်။ထို့ကြောင့်စစ်ဆင်ရေးတွင် စစ်သားအနည်းဆုံး ၁၁ ဦးသေဆုံးခဲ့သည်ဟုပြောသည်။
PDF ရဲဘော်နှစ်ဦးတိုက်ပွဲ၌ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြသည်။
တောင်ငူခရိုင် တပ်ရင်းအမှန် ၃၅၀၁ တာဝန်ရှိသူက "အရင်ကတော့၁၅ယောက်အထက်ရှိတယ်။ကျနော်တို့သွားတိုက် တဲ့နေ့ကတော့ ၇ ယောက်ဝန်း
ကျင်ပဲရှိတော့တာ။စကစ စစ်ကူကတော့ တိုက်ခံရပြီးနေ့မှာပဲ ပြန်ဆုတ်ပြီးနောက်ရက်ကစ စစ် ကြောင်းထိုးနေတယ်။အင်အား ၁၀၀ ဝန်းကျင်လောက်တော့ရှိတယ်"ဟုပြောသည်။
လက်ပံရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် အင် အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်ရှိတွင် ကရင်ရွာကြီးကျေးရွာသို့ ဝင်ရောက်တပ်ဆွဲကာ ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းမွှေနှောက်ရှာဖွေမှုများရှိနေကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"စစ်ကြောင်းတွေ အခုချိန်ထိလှုပ်ရှားပြီး စစ် ကြောင်းထိုးနေဆဲပါ။ ဒီဘက်နယ်မြေအတွင်းကကျေးရွာတွေထဲမှာ သွားလာလှုပ်ရှားပြီး အိမ်တွေမှာ ချက်ပြုတ်စားသောက်နေကြတာပါ"ဟု ၎င်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ထို့ကြောင့် အုတ်တွင်းမြို့နယ်အတွင်းရှိ ဇီးကုန်း ၊ ဘိုကုန်း၊ အင်းဝိုင်း၊ ကရင်ရွာကြီး၊ ရွှေလောင်းနှင့် ကြက်တက်ညောင်ပင် စသည့်ကျေးရွာများမှ ဒေသခံပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တော်လှန် ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများထံမှ စုံ စမ်းသိရသည်။
ယခင်လပိုင်းကလည်း ပဲခူးတိုင်းရှိ မင်းလှ၊အုတ်တွင်း နှင့် ပေါင်းတည်မြိုနယ်များမှစစ်ကောင်စီစခန်းများကို ကာကွယ်ရေးတပ်များက သိမ်းပိုက်ရှင်းလင်းထားသည်။

👍72❤27👏9🥰1😁1👌1
KIA သိမ်းထားသည့် လန်ဆယ်ဒေသကို ပြန်တိုက်ရန် စစ်ကောင်စီ နှင့် ရဝမ်ပြည်သူ့စစ်ပြင်ဆင်နေဟုဆို
ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ရဝမ်ပြည်သူ့စစ်များက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် စစ်အင်အားဖြည့်တင်း ပြင်ဆင်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။
ယခင်က ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် လန်ဆယ်ဒေသကို KIA နှင့် မဟာမိတ်များက ၂၀၂၄ ခုနှစ် ၊နိုဝင်ဘာဒုတိယပတ်တွင် အပြီးသတ်သိမ်း
ပိုက်ထိန်းချုပ်ခဲ့သည်။ အဆိုပါ ဒေသကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြည်သူ့စစ်များကိုလက်နက်တပ်ဆင်ပေးနေသည်ဟု သိရသည်။
“KIAကို တိုက်ဖို့ပဲ။ ပူတာအိုဘက်KIA တွေဝင်မလာနိုင်အောင်ကာကွယ်ဖို့တဲ့။လန်ဆယ်ဒေသကိုလည်း ပြန်လည်သိမ်းယူမယ်လို့ ပြောနေကြတယ်။ အခု ပူတာအိုက ရဝမ် ပြည်သူ့စစ်တွေ စစ်ကောင်စီ ရဲ့ လက်နက်ထောက်ပံ့မှု နဲ့သူတို့ဆုံးရှုံးထားတဲ့နယ်
မြေ လန်ဆယ်ဆိုတဲ့ဟာ ရွှေမှော် ရွှေထွက်တဲ့ ဒေ
သပေါ့ လန်ဆယ်ကို ပြန်သိမ်းယူမယ်ဆိုပြီးမှ အကြီးအကျယ် ပြည်သူ့စစ် စစ်သင်တန်းတွေ ပေးနေတာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အခြား စစ်ရေး သတင်းရင်းမြစ်တဦးကလည်း လန်ဆယ်ရှိ ရွှေမှော်ဒေသဘက်သို့ စစ်ကြောင်းထိုးခိုင်းနေသည်ဟုသိရကြောင်းပြောသည်။ ထို့အ
တွက် စစ်ကောင်စီကလေယာဉ်ဖြင့်လက်နက်ဧခဲယမ်းများပို့ပေးနေသည့် ရုပ်သံမှတ်တမ်း နှင့်ပတ်သက်၍ပြောပြသည်။
တတိယမြောက်သတင်းရင်းမြစ်ကလည်း ပြည်
သူ့စစ်များကို လက်နက်များ ထောက်ပံ့ပေးနေသည့် အဆိုပါ ရုပ်သံ မှတ်တမ်းပါ ဖြစ်ရပ်သည် လအနည်းငယ်ကြာနေပြီဖြစ်ပြီး ယခုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြောပြသည်။
“ရဝမ်ပြည်သူ့စစ်ပေါ့။မသိနားမလည်အသိမကြွယ်သေးတဲ့ တောင်ပေါ် ဒေသက ဒေသခံတွေကိုငွေ
ကြေးနဲ့ မက်လုံးပေး စည်းရုံးပြီး ခေါင်းဆေးခံထားရတဲ့ အဖွဲ့လို့ ပြောရမယ်။ “ ဟု ၎င်းက ပြောသည်။
ရဝမ်ပြည်သူ့စစ်ခေါင်းဆောင်မှာ ဦးတန်ဂူးတန်ဆိုသူဖြစ်သည်ဟုလည်း ၎င်းကပြောပြသည်။
KIA နှင့်မဟာမိတ် ပူးပေါင်းတပ်သည် လန်ဆယ်အပါအဝင် ဦးဇခုန်တိန့်ယိမ်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) ဟုခေါ်ဆိုသောနယ်မြေများကို ၂၀၂၄ နှစ်ကုန်ပိုင်းက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုနောက် ၂၀၂၄ နိုဝင်ဘာလ လယ်တွင် ကချင်အထူးဒေသ (၁)ကိုဖျက်သိမ်းကြောင်း KIO ကကြေညာခဲ့သည်။

🤬55❤13👍11👎3🤮2😁1
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကောင်စီက ရဝမ်ပြည်သူ့စစ်အဖွဲ့အတွက်လက်နက်ခဲယမ်းများပို့ဆောင်ခဲ့သည်ဆိုသောရုပ်သံမှတ်တမ်း။ ရုပ်သံ- Padang Shingni
💩48🖕14👍6🤮5❤4🤬2👎1🔥1😁1🤔1
ငွေလိမ်ဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေ
ဇွန်-၆၊၂၀၂၅။People's Spring
ထိုင်းနိုင်ငံကချင်းမိုင်တက္ကသိုလ် (CMU)မှာ တက်ရောက်နေတဲ့ ကျောင်းသား ၁၀ ယောက်ထိ တစ်
နေ့တည်းနဲ့တင် ငွေကြေးလိမ်လည်တာ ခံခဲ့ရတယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီဖြစ်စဉ်အပြီး CMUရော၊ရဲတပ်ဖွဲ့ကပါကျောင်း
သားတွေ အနေနဲ့ လိမ်လည်မှု သားကောင် မဖြစ်အောင် သတိထားကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
မေလ ၃၁ ရက်နေ့ကနေဇွန်လ၂ရက်နေ့ထိကျောင်း
ပိတ်ရက် ကာလအတွင်း CMU ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ ငွေလိမ်မှုတွေ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ချင်းမိုင် ရဲတပ်ဖွဲ့ရဲ့ ရဲမှူးကြီး မာနတ်ချိုင် အင်သီအန်က ဆိုပါတယ်။
ကျောင်းသား တစ်ယောက်ဟာ ၄ သုတ်ခွဲပြီး စုစု
ပေါင်း ဘတ် ၂ သန်းကျော် ငွေလွှဲမိတဲ့ထိ အလိမ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။ ငွေလိမ်သူတွေဟာ အွန်လိုင်းကနေ အစုအဖွဲ့နဲ့ ချိတ်
ဆက် လှုပ်ရှားပြီး တက္ကသိုလ်နဲ့ဆိုင်တဲ့ စာရွက်
စာတမ်း အတုတွေ ပေးပို့ပြီး ငွေကြေး တောင်းခံလေ့ ရှိကြတယ်လို့ သိရပါတယ်။
အဲဒီစာရွက်စာတမ်းအတုတွေမှာတက္ကသိုလ်ရဲ့ ဖောင်ပုံစံတွေနဲ့ ကျောင်းအုပ်ကြီးရဲ့လက်မှတ်အတုတွေတောင် ပါဝင်လေ့ရှိတယ်လို့ လိမ်လည်ခံခဲ့ရသူ ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေက ပြောပါတယ်။
ဘတ် ၂ သန်းကျော် ငွေလိမ်ခံခဲ့ရတဲ့ ကျောင်းသားရဲ့ မိခင်ကတော့ဘတ် ၄ သိန်းနဲ့ ၆ သိန်းကြားလောက်များပြားတဲ့ ငွေတွေကို ၄ သုတ်ခွဲပြီး လွှဲပေးခဲ့မိကြောင်း၊ တချို့ငွေတွေကို ချေးငှားပြီး ပေးလိုက်ရတာဖြစ်ကြောင်း ရဲတွေဆီ ထွက်ဆိုထားပါတယ်။
တချို့ ဖြစ်စဉ်တွေမှာတော့ ငွေလိမ်ဂိုဏ်းတွေဟာ သူတို့ ပစ်မှတ်ထားတဲ့ သားကောင်ကို ဆက်တိုက် ဖုန်းဆက် ခြိမ်းခြောက်ပြီးဘယ်လိုနေထိုင်ပြုမူရမယ် ဆိုတာမျိုးထိ ဖိအားပေး ညွှန်ကြားလေ့ ရှိကြောင်းလည်း သိရပါတယ်။
ဖြစ်စဉ် တစ်ခုမှာဆိုရင် ကျောင်းသူ တစ်ယောက်ဟာနားကြပ်တပ်၊စျေးဝယ်ခြင်းတွန်းလှည်းကိုတွန်း
၊ ဓားတစ်ချောင်းကို ကိုင်ပြီး ရဲစခန်းတစ်ခုဆီ သွားရမယ်လို့ ညွှန်ကြား ခံခဲ့ရပါတယ်။တာဝန်ကျရဲတစ်
ယောက်က အဲဒီကိစ္စကို သတိပြုမိပြီး မိန်းကလေးကို နှစ်သိမ့် ကူညီပြီး ဓားကို သိမ်းဆည်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဒုစရိုက်ဂိုဏ်းတွေကပစ်မှတ်ထားတဲ့ ကျောင်းသားတွေဟာ ကျောင်းစာမှာအာရုံစိုက် နှစ်မြှုပ်ထားပြီး လက်တွေ့ပြင်ပ ဗဟုသုတ နည်းပါးသူတွေ ဖြစ်လေ့ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။
အလိမ်ခံရသူတွေထဲမှာ ၅ ဦးဟာ ကျားဖြန့်လို့ခေါ်တဲ့အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီကတိုက်ရိုက် ဖုန်း
ဆက်တာကို ခံခဲ့ရပါတယ်။ တခြားသူတွေကတော့ အစိုးရ အရာရှိအဖြစ် ဟန်ဆောင်ပြီး ခြိမ်းခြောက် ငွေတောင်းတာတွေ၊ video call ခေါ်ပြီး ငွေညှစ်တာတွေ ကြုံခဲ့ကြရပါတယ်။
အာဏာပိုင်တွေကတော့ငွေလိမ်ဂိုဏ်းတွေ အသုံး
ပြုတာနဲ့ ဆက်စပ်တဲ့ ဘဏ်အကောင့်တွေကို ချက်
ချင်း ဆိုင်းငံ့ထားပြီး ငွေလွှဲပြောင်းမှု လမ်းကြောင်းတွေကို ခြေရာခံ စုံစမ်းနေပါတယ်။ အဲဒီထဲက ငွေတချို့ကို ပြန်ရပြီး တချို့ကတော့ မရသေးဘူးလို့လည်းသိရပါတယ်။ဘတ် ၂ သန်း အလိမ်ခံရတဲ့ ကိစ္စမှာတော့ မိသားစုက ဖုန်းနံပါတ် တစ်ခုနဲ့ ဘဏ်အကောင့်နံပါတ်တစ်ခုကို ရဲတွေဆီ ပေးအပ်ထားပေမယ့် ထူးခြားမှု မရှိသေးပါဘူး။
CMUကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဒေသခံ ရဲတပ်ဖွဲ့နဲ့ အနီးကပ် ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ နောက်ပြီး ကျောင်းသူကျောင်း
သားတွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ တက္ကသိုလ်ဖက်ကနေ လုံခြုံရေး ကျိုးပေါက်သွားတဲ့ အထောက်အထား မတွေ့ရဘူးလို့လည်း ဆိုပါတယ်။
ပြီးတော့ ရဲတွေရော၊ CMUကပါ ကျောင်းသားတွေရော၊ မိဘတွေပါ ငွေလိမ်ဂိုဏ်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့သတိရှိကြဖို့ တိုက်တွန်းအကြံပြုထားပြီး မသင်္ကာစရာ အခြေအနေတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာကိုချက်ချင်းအသိပေးဖို့လည်း နှိုး
ဆော်ထားကြောင်း သိရပါတယ်။
ကိုးကား-Bangkok Post

❤30👍24😱3🤮2👎1
သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်
ဇွန်-၆၊၂၀၂၅။ မေ/People Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇မိုင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၁၁နာရီလောက်မှာ ၇မိုင် ရှေ့တန်းတနေရာကို တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
"တမနက်လုံး ကြဲနေတာပါ။ တိုက်ပွဲတွေကတော့ ဆက်တိုက်ကိုဖြစ်နေတာပဲ"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အလားတူ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာလည်း စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ထိုးနေကာ စစ်ဘေးရှောင်စခန်း တစ်ခုအနီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကလည်း စစ်ကောင်စီတပ်ဟာ တောင်တံရွာ၊ အယ်ဖာဘိလပ်မြေစက်ရုံအနီးနဲ့ စစ်ဘေးရှောင်စခန်းတစ်ခုအနီးတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
"မတ္တရာ အရှေ့ခြမ်းကတိုက်ပွဲက မနားတာ နှစ်ဝက် လောက်ရှိပြီ။ စကစဘက်ကလည်း အင်အားတွေ ထပ်တိုးပြီး လေယာဉ်ပစ်ကူနဲ့ စစ်ကြောင်းတွေထိုးနေတယ်"လို့ မတ္တရာမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ မန္တလေးတိုင်းအတွင်းက သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး မနေ့က သပိတ်ကျင်းမြို့နယ်၊ ကျက်ရိုးပင်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူခဲ့ပါတယ်။

😡36🤬15❤8👎3😢3🥰1
မန္တလေးမှာ ငလျင်ကောလဟာလကြောင့်
ကျောင်းတချို့ ရုတ်ရုတ်သဲသဲဖြစ်
ဇွန် ၆၊ ၂၀၂၅။မေရီ/People's Spring
မန္တလေးမှာ ဒီကနေ့ ညနေပိုင်းက ငလျင်ကောလ
ဟာလကြောင့် အခြေခံပညာကျောင်းတချို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။
ဇွန်လ(၆)ရက် ညနေ(၄)နာရီခန့်က မန္တလေးမြို့မှာ ငလျင်ကြီးထပ်လှုပ်မယ်ဆိုတဲ့ ကောလဟာလ ပြန့်လာလို့ အခြေခံပညာကျောင်းတချို့မှာ ကလေးတွေကို မိဘတွေက လာရောက်ခေါ်ယူတာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံအချို့က ပြောပါတယ်။
"ကျောင်းအပေါက်ဝမှာမိဘတွေအကုန်စုပြုံရောက်နေတာ။ အကုန်လုံး စိတ်ပူပြီး လာခေါ်ကြတာ။"လို့ အမရပူရမြို့ကကလေးမိဘတဦးကပြောပါတယ်။ ဒါပေမဲ့ ကျောင်းဆင်းချိန်ကျမှသာ ကလေးတွေကို ပြန်လွှတ်လိုက်တယ်လို့ မိဘတွေက ဆိုပါတယ်။
မနေ့ကလည်း နေပြည်တော်မှာ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်ပြီးနောက် အခြေခံပညာကျောင်းတွေမှာ မိဘတွေက ကလေးတွေကို လာရောက်ခေါ်ယူခဲ့ရပြီး ကျောင်းဆင်းမပေးတဲ့ ဆရာမတွေကြောင့် ကျောင်းသားမိဘတွေနဲ့ စကားများခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။
မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အခြေခံပညာကျောင်းတွေမှာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ စစ်ကောင်စီကတော့ ဇွန်လဆန်းမှာ ကျောင်းဖွင့်စေခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေကို အတန်းအလိုက်မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း နှစ်ပိုင်းခွဲပြီး ကျောင်းတက်ခိုင်းထားတယ်လို့ သိရပါတယ်။

👍43❤6🔥5😁4👎3
နောင်ချိုတွင် စစ်ကောင်စီ တိုက်ခိုက်၍ပြည်သူ
၄ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းပျက်စီး
■နောင်ချိုမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တိုက်ပွဲများဆက်ဖြစ်နေ
ဇွန်-၆၊၂၀၂၅။ ထားမြတ်/People’s Spring
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA)သိမ်းပိုက်ထိန်းချုပ်ထားသော နောင်ချိုမြို့ စျေးရပ်ကွက်ကိုစစ်ကောင်စီက လက်နက်ကြီး
ဖြင့် တိုက်ခိုက်ခဲ့၍ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAကထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ဇွန်လ ၄ ရက်တွင်ကနောင်ချိုစျေးရပ်ကွက်အား လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီး ၂ ဦး အပါအဝင် ပြည်သူ ၄ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ် ၂လုံး နှင့် ဘုန်းကြီး
ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ဟုဖော်ပြသည်။
"၄ရက်(ဇွန်).နေ့က လက်နက်ကြီးတွေ မြို့ထဲကို တော်တော်ကျတယ်။အမျိုးသား၂ဦးသေတယ်လို့တော့ သတင်းကြားတယ်။ဒရုန်းတွေနဲ့လည်း ဗုံးကြဲတယ်"လို့ မြို့တွင်းနေထိုင်သူတဦးကပြောသည်။
လက်ရှိနောင်ချိုမြို့နှင့် ၁၀မိုင်ပတ်လည်တွင် တိုက်
ပွဲ များဖြစ်ပွားနေပြီးစစ်ကောင်စီတပ်က လက်နက်
ကြီး၊လေကြောင်း၊ဒရုန်းများသုံး၍ ထိုးစစ်ဆင် နေခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
"အခြေအနေကတော့ မကောင်းဘူး။အကုန်အသင့်ပြင်ထားရတယ်။သတင်းတွေလည်းသိပ်မသိရဘူး။အင်တာနက်ရော၊ဖုန်းလိုင်း ရောမရဘူး"ဟု မြို့ခံတဦး က ဇွန် ၆ ရက်တွင်ပြောသည်။
စစ်ကောင်စီသည်ဇွန်လဆန်းတွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် နှင့် စဉ့်ကူးမြို့နယ်များကို လေကြောင်းမှ ဗုံးကြဲရာတွင်လည်းဘုန်းကြီး
ကျောင်းများကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။
ထိုအပြင်စစ်ကောင်စီသည် ဇွန်လ ၃ရက်ကလည်းနောင်ချိုမြို့နယ် ၊ဂန့်ဂေါကျေးရွာအတွင်းသို ဒရုန်းဖြင့် ဗုံး(၆)လုံးချခဲ့ပြီး ညနေပိုင်းတွင် ကန်ကြီးရွာကို ဒရုန်းဖြင့် ၁ကြိမ် တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
TNLA၊ MNDAA၊ AA ညီနောင်မဟာမိတ် (၃)ဖွဲက ငလျင်ဒဏ်သင့်ပြည်သူများ နှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား ဇွန်လကုန်အထိ သက်တမ်းတိုးကြောင်း ဇွန်းလဆန်းတွင်ကြေညာထားသည်။သို့သော်လည်း စစ်ကောင်စီကမူနောင်ချိုမြို့ကိုဆက်လက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
ညီနောင်သုံးဖွဲ့ကအပစ်ရပ်ကြေညာထားသော်
လည်း စစ်ကောင်စီကထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း၊ စစ်ကောင်စီက ရပ်စောက်-ကျောက်ဂူမှ တဆင့် နောင်ချိုဘက်သို့ စစ်အင်အားဖြည့်တင်းနေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဇွန်လ ၅ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“လေကြောင်းကနေတဆင့်လက်နက်ခဲယမ်းဖြည့်
တင်းတာမျိုးတွေလည်းရှိပါတယ်” ဟု လွေးယေဦးကပြောသည်။
တောင်းခမ်းဒေသတွင်လည်း တဖက်နှင့်တဖက် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မကြာခဏ ရှိနေပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသည်ဟု
လည်း လွေးယေဦးက ပြောကြားသည်။
စစ်ကောင်စီအနေဖြင့်လည်းဇွန်လကုန်အထိ အ
ပစ်ရပ်သက်တမ်းတိုးကြောင်းကြေညာထားသော်
လည်း နိုင်ငံတဝန်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိ ရန်လိုအပ်သည်ဟု TNLAက သတိပေးသည်။ ထို့ပြင် လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း TNLAက ထုတ်ပြန်ခဲ့သည်။

🤬45👍18❤10😡4🔥3😢2👎1🤣1
စစ်ကောင်စီကို ဆက်လက်အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် GSCB တိုက်တွန်း
ဇွန်-၆၊ ၂၀၂၅။ တေဇ/People's Spring
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO မှ မြန်မာနိုင်ငံအပေါ် ပုဒ်မ ၃၃ဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေးအတွက် ကြီးမားသည့် အောင်မြင်မှုဖြစ်ပြီး စစ်ကောင်စီကို ထိရောက်သည့် အရေးယူမှူများဆက်လက်ပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က တိုက်တွန်းသည်။
"အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စု၏ လောင်စာဆီနှင့် ငွေကြေးစီးဆင်းမှုများကို နိုင်ငံတကာမှ စောင့်ကြည့် ဖိအားပေးမှုများဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုအား ထိရောက်သော အရေးယူမှုများ ဆက်လက်ဖြစ်ပေါ်လာစေရန်အတွက်လည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါရန် GSCB အနေဖြင့် ထပ်မံ တိုက်တွန်းနှိုးဆော်အပ်ပါသည်" ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ဇွန် ၅ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၌ ILO အဖွဲ့က မြန်မာနိုင်ငံအပေါ် ပုဒ်မ ၃၃ ဖြင့် အရေးယူကြောင်း ဆုံးဖြတ်ချက်ချသည့်အပေါ် ကြိုဆိုထောက်ခံပြီး ယခုကဲ့သို့ ဆုံးဖြတ်နိုင်ရန် ကြိုးစားလုပ်ဆောင်သည့် ရဲဘော်ရဲဘက်များအားလုံးအတွက် အထူးဂုဏ်ယူကြောင်း GSCB က ထုတ်ပြန်ထားသည်။
"အကြမ်းဖက်စစ်အုပ်စု၏ ချိုးဖောက်ကျူးလွန်မှုများအပေါ် ILO ပုဒ်မ(၃၃)ဖြင့် အရေးယူခြင်းဆိုသည်မှာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များစွာနှင့် ဘဝကို အကာအကွယ်ပေးသော ယန္တရားကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ ယန္တရားကို ပိတ်ဆို့ အရေးယူသည့် ဆောင်ရွက်ချက် ဖြစ်ပါသည်"ဟု GSCB ကဆိုသည်။
ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းသည် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို စဉ်ဆက်မပြတ် ဖော်ထုတ်ပေးခဲ့သော ပြည်သူ့ဆန္ဒဖော်ထုတ်မှုများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ပြည်တွင်း/ ပြည်ပ အစိုးရအဖွဲ့များ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပအလုပ်သမားသမဂ္ဂအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြေပြင်သပိတ်အဖွဲ့များနှင့် တော်လှန်ရေးတွင် ကျရာပါဝင်ဆောင်ရွက်ခဲ့ကြသူ အားလုံးတို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်သည်ဟု GSCB ကဆိုသည်။
ယင်းအရေးယူမှုကို မထောက်ခံခဲ့သည့် ရုရှား၊ တရုတ်၊ ဘီလာရုဇ်၊ ပိုလန် နှင့် လာအိုနိုင်ငံ အစိုးရတို့မှလွဲ၍ ထောက်ခံအားပေးခဲ့သည့် အခြားနိုင်ငံများ၏ အစိုးရများကိုလည်း ပြည်သူများကိုယ်စားကျေးဇူးတင်သည်ဟု ထုတ်ပြန်ထားသည်။

❤60👍23🤣3🙏2🥰1
ဖားကန့် ခွန်ဆာကုန်းတွင်ပြင်းထန်သည့်ပေါက်ကွဲ
မှုနှစ်ကြိမ်ဖြစ်ပြီးအဆောက်အအုံအချို့မီးလောင်
■စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဒေသခံအချို့ပြော
ဇွန်-၆၊၂၀၂၅။ယောနသံ၊ထားမြတ်/People's Spring
ဖားကန့်မြို့နယ်၊ခွန်ဆာကုန်းတွင်ယနေ့ည ၉နာရီ
၁၀မိနစ်တွင် ပြင်းထန်သည့် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီ အဆောက်အအုံအချို့မီးလောင်နေကာ ဒေသခံပြည်သူအချို့ ပိတ်မိနေသည်။
ဒေသခံအချို့က အဆိုပါ ပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်က ပေါက်ကွဲအားပြင်းထန်သည့် လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့သောကြောင့်ဖြစ်ကြောင်းပြောသည်။
ခွန်ဆာကုန်းရှိ ဘုန်းကြီးကျောင်းအနီးပေါက်ကွဲပြီး နေအိမ်အချို့မီးစွဲလောင်နေ၍ ဒေသခံများက ဝိုင်းငြှိမ်းသတ်နေကြသည်။
"အနုမြူဗုံးလိုပါပဲဗျာ။ရက်စက်တယ်။ လူတွေလည်း ပိတ်မိနေတယ်" ဟုဒေသခံတစ်ဦးကစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဟု အထက်ပါအတိုင်းပြောသည်။
ပေါက်ကွဲမှု ကြီးမားပြီး မီးတောက်များ မီးခိုးလုံးများ အဝေးမှ မြင်နေရသည့် မှတ်တမ်းဓာတ်ပုံအချို့နှင့် မီးစွဲလောင်နေသည့် ရုပ်သံအချို့လည်း ထွက်ပေါ်လာသည်။
မီးလောင်နေသည့် ရုပ်သံကိုလည်း ဖော်ပြထားရာ “မီးငြှိမ်းမှ ရမှာ။ ဒါ ဘုန်းကြီးကျောင်းနားမှာ။ဟေ့ရောင် ဆီတွေ သိပ်မကပ်နဲ့ “ ဟု ရုပ်သံ၌ ပြောကြားနေသံကို ကြားရသည်။
ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း မှော်စီစာ၊ မဇွပ်ယာန်၊ ဆန်ခါ၊ မှော်ဘုံ၊ လုံးခြင်း၊ ဖားကန့်၊ ဆိုင်းတောင် တကြောမှ ပြည်သူများ ကြားမြင်ရပြီး ထိတ်လန့်ခဲ့ကြရသည်ဟု သတင်းရင်းမြစ်က အသိပေးထားသည်။
ကာမိုင်း - လုံးခင်း - ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက်မေလ ၂၈ ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးခဲ့သည်။
မေလ၂၉ရက်နေ့လယ်ပိုင်းတွင် ဖားကန့်သို့ထွက်ခွာလာပြီး ထိုနေ့ညနေပိုင်းတွင် ဖားကန့်စုပေါင်းရုံး၊ မြို့ဦးစေတီ၊အထက၊ မရှီကထောင်တရုတ်ဘုံ
ကျောင်း၊သီတဂူမျက်စိကုဆေးရုံ၊ပန်းတင်တံတား
၊ဗျူဟာကုန်းတို့တွင် နေရာယူပြီးနောက် ဖားကန့်ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားနေသည်။ KIA တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။
ဇွန်လ ၃ရက်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေး
ရွာရှိတင်အောင်ကြိုင်လုပ်ကွက်အမည်ရ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်က ကလက်နက်ကြီးဖြင့်ပစ်ခတ်ရာ ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီးလူသုံးဦးသေဆုံး၊ဆယ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့သည်။ထိုနေ့ နံနက်ကလည်း မှော်စီဆာလုပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီပိုင်တစ်ခုပိုင် မြေသယ်ကား ၂ စီး၊ဘက်ဟိုးကား၁စီးကိုမီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။
ဇွန်လ ၄ရက်ကလည်းမှော်စီစာကျေးရွာရှိကျောက်
စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုကို မီးရှို့ခဲ့သည်။ ညနေပိုင်းတွင် စစ်ကောင်စီသည် ဖားကန့်ဗျူဟာကုန်းကို ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်တင်း
ရန်ကြိုးစားခဲ့ပြီး အဆိုပါ ရဟတ်ယာဉ်ကို KIA က ပစ်ခတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ရဟတ်ယဉ်ပေါ်မှ စစ်ကောင်စီက ပစ်ခတ်စဉ် ဗျူ
ဟာကုန်းနှင့်ကပ်လျက်ရှိသော မှော်ဝမ်းရပ်ကွက်မှ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့သည်။ဇွန်လ၅ရက်နှင့် ဇွန် ၆ ရက်နံနက်ပိုင်းကလည်း ကျောက်စိမ်းလုပ်ကွက်နှစ်ခုကို စစ်ကောင်စီတပ်က မီးရှိုးခဲ့သည်။
ရုပ်သံ-Padang Shingni ၊ နောင်ရိုး

❤31👍15🤬14🔥2😱2👎1👏1💔1

👍25🔥5😱4🤬3👎2👏1