People's Spring
61.6K subscribers
68.4K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
34👍2🔥2
ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု သံသယတရားခံ ၈ဦးကို AA ဖမ်းဆီးစစ်ဆေးနေ

ဇွန်-၆၊ ၂၀၂၅။ ဇော်ရမ်း/People's Spring

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိ (၈) ဦးအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအမှုသည် ဧပြီ ၆ရက်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူ၏ ရုပ်အလောင်းအား ရွာအနီးရှိ သစ်ပင်တွင် ကြိုးဖြင့်တွဲလောင်းချည်ထားခဲ့ခြင်းကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ ကနဦးတွင် အသက် ၃၀အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဆက်စပ်တရားခံများကို ထပ်မံဖမ်းဆီးခြင်းဟု သိရသည်။

"အုပ်စုဖွဲ့ကျူလွန်ခဲ့တဲ့သဘောပဲ။ ကျတော်တို့က ဒီအမှုကို လူသိရှင်ကြားနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ပြောချင်ပါတယ်"ဟု ရခိုင်ဒေသခံ သတင်းရင်းမြစ်ကပြောသည်။

သံသယတရားခံ (၈) ဦးအား DLEPSက ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲတင်ပြစ်ဒဏ်ပေးနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက သတင်းထုတ်ပြန်ထားသည်။

မင်းပြားမြို့နယ်၌ ဖြစ်ပွားခဲ့သည့်အဆိုပါအမှုသည် ကျူးလွန်ခံရသူနှင့် မိသားစုဝင်များသာမက လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နိုင်သည့် ကြီးလေးသော ရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်ချ အရေးယူပေးရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း(၁၁)ဖွဲ့က မေလ ၁၁ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်ဘက်မလိုက်ဘဲ အချိန်နှင့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိရေးအာမခံပြီး စီရင်ချက်ချမှတ်‌ပေးရန်၊ အာရက္ခဒေသနေ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကျူးလွန်ခြင်းများ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်အောင် ကာကွယ်တားဆီး‌ပေးသည့် လုပ်ငန်းစဥ်များ ချမှတ်ပေးရန် ၎င်းတို့က တောင်းဆိုခဲ့သည်။
👍66👏127🤬3🤣3🥰1
👍52🤬11🔥2😱2
စစ်ကောင်စီဟာ ယာဥ်စစ်ဆေးရင်းနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာတွေ လုပ်နေတယ်လို့ စစ်ကိုင်းနဲ့ မန္တလေး မြို့ခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာတင် ယာဥ်စစ်ဆေးခံရပြီး ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေ အများအပြား ရှိနေကာ ဇွန်လ ၃ ရက်နေ့ကတင် လူငယ်တွေ အဖမ်းခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဒီက ထောင်မချဘူး။ပေါ်တာတခါတည်း ဆွဲခေါ်သွားတာ။ ပိုက်ဆံနဲ့ရွေးနိုင်ရင်ရွေး။ မရွေးနိုင်ရင် ပေါ်တာထဲပါတာ။”လို့ မုံရွာမြို့နေ လူလတ်ပိုင်းအမျိုးသားတဦးက ပြောပါတယ်။ ဒီကနေ့ ဇွန်လ ၅ ရက် မနက်ပိုင်းမှာလည်းစစ်ကိုင်းတံတား(ရတ
နာပုံတံတား) စစ်ကိုင်းဘက်ခြမ်းမှာ စစ်ကောင်စီတပ်က ယာဥ်စစ်ဆေးရင်း လူငယ်တွေကို စစ်မှု
ထမ်းဖို့ ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ငွေကြေးတန်ဖိုးပိုကြီးတဲ့ Clickတို့ Scoopi တို့လို ဆိုင်ကယ်တွေကို ဦးစားပေးဖမ်းလေ့ရှိတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။ ပြစ်မှုတခုခုတွေ့တာနဲ့ ယာဥ်တွေကို ကားပေါ်တင်ပြီး တခါတည်းသိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဖမ်းစေချင်ရင် ငွေ​ကြေးသိန်းချီတောင်းယူနေတယ်လို့ သိရပါတယ်။

“ယာဥ်မောင်းလိုင်စင်၊ယာဥ်လိုင်စင်အကုန်ပါတယ်။ မေးသိုင်းကြိုးမတပ်လို့တဲ့။ လေးသိန်းပေးလိုက်ရတယ်။အကုန်ဖမ်းတာ။ရက်ရက်
စက်စက်ကို ဖမ်းတာ။”လို့ မုံရွာမြို့ခံလူငယ်တဦးက ပြောပါတယ်။

စစ်​ကောင်စီက အခုလိုပြည်သူ​တွေကိုဖိနှိပ်​နေတာဟာ စစ်​ကောင်စီစိုးမိုးထားတဲ့ ​ဒေသ​တွေမှာပဲဖြစ်ပါတယ် ။​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထားတဲ့ ၊​တော်လှန်​ရေး အဖွဲ့​တွေစိုးမိုးတဲ့ မြို့​တွေ ၊​ဒေသ​တွေမှာ​တော့မလုပ်နိုင်ပါဘူး ။

မွန်ပြည်နယ်က ​​တော်လှန်​ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ​ရေးဘီးလူးအဖွဲ့​ခေါင်း​ဆောင်က ဇွန် ၄ ရက်​နေ့မှာပြည်သူ​တွေ ခက်ခဲကြပ်တည်း​နေချိန်မှာ လိုင်စင်မဲ့ယာဥ်​တွေကို အ​ကြောင်းပြ ဖမ်းဆီးလုပ်စား​နေတာ​တွေကို သတိ​ပေးပါတယ် ။စစ်​ကောင်စီ ဝန်ထမ်း​တွေကိုယ်တိုင် လိုင်စင်မဲ့ယာဥ်​တွေစီးနင်း​နေကြရပြီး ပြည်သူ​တွေကို ဖမ်းဆီး ဒုက္ခ​ပေးရင် အ​ရေးယူမယ်လို့ သတိ​ပေး​ရေးသားထားပါတယ် ။

​ရေးဘီလူးရဲ့ သတိ​ပေးချက်ကို ပြည်သူအများအပြားက သ​ဘောကျခဲ့တာကို​တွေ့ရပါတယ်။


https://www.ludunwayoo.com/feature-mm/2025/06/06/123141/
🤬5716😡4😁2👎1🥰1😢1
ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို
NUG ကာကွယ်​ရေး စီးနင်းဖမ်းဆီး

■ကျပ်သိန်းတစ်​သောင်း​ကျော်၊ ​ရွှေ​​ချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆီးနိုင်ခဲ့

ဇွန်-၆၊၂၀၂၅။ကဖေး/People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲ
သုံးစားမှုများပြုလုပ်နေသဖြင့်NUGကာကွယ်
ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

"MOD က ဆင်းဖမ်းတာပါ။ အဲ့အဖွဲ့ကတစ်စင်ထောင်ချင်တဲ့ အနေအထားရှ်ိလာတာရယ်၊ သိန်းသောင်းချီပြီး အဂတိလုပ်နေတာကြောင့် ဖမ်းတာပါ။အာကာဆိုသူ ဦးဆောင်တဲ့အဖွဲ့ပါ"ဟုဗန်းမောက်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ဇွန်လ ၃ရက်ညနေပိုင်းတွင်ကစီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့ထံမှ ရွှေချောင်းအချို့နှင့် ငွေကျပ်သိန်းတစ်သောင်းခြောက်ထောင်ကျော်သိမ်း
ဆည်းနိုင်ခဲ့ကြောင်းဗန်းမောက်မြို့နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန နှင့် နီးစပ်သူကပြောသည်။

၎င်းက " သူတို့မှာ တရားမ၀င်ရွှေလုပ်ကွက်တွေရှိတယ်။ ငွေအလွဲသုံးစားလုပ်တာလဲရှိတယ်။ သယံ
ဇာတနဲ့ပတ်သက်ရင်မတရားအခွန်ကောက်တာတွေကောပဲ။ဝယ်ထားတဲ့လက်နက်တွေကလည်းအကောင်းစားတွေ။တိုက်ပွဲမှာတောင်မမြင်ဘူးတဲ့ဟာတွေ" ဟုဆက်ပြောသည်။

အဆိုပါအဖွဲ့သည်ဗန်း‌မောက်မြို့နယ်မှထွက်ရှိသည့် သယံဇာတများကို စီမံခန့်ခွဲရန်အတွက် NUGအစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်း
ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့်မတ်လတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အောက်တွင် မြို့နယ်၊ခရိုင်၊တိုင်းအဆင့်များဖွဲ့စည်းထားပြီး ပြည်ထောင်စု နှင့် အောက်ခြေအဖွဲ့များ ထိထိရောက်ရောက်ချိတ်ဆက်နိုင်ရန်အတွက် အထူးသယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ကို ထပ်မံဖွဲ့စည်းထားခြင်းဖြစ်သည်။

"ဗန်းမောက်အထူးအဖွဲ့က Third Partyထောင်ပြီး အာဏာဖီဆန်လာတဲ့ပုံစံရယ်၊ ဒေသခံတွေအပေါ် အာဏာပြလာတာတွေရယ်ကြောင့်MODက လက်
ဦးမှုယူပြီးဖမ်းဆီးလိုက်တာ။ အခုက အခြေအနေအားလုံးတည်ငြိမ်ပါတယ်"ဟု ဗန်းမောက်ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ဖမ်းဆီးလိုက်သည်အဖွဲ့၏ခေါင်းဆောင်မှာ ဦးအာကာ ဆိုသူဖြစ်ပြီး ပြည်ထောင်စုအာကာအမည်ဖြင့် အဖွဲ့တစ်ဖွဲ့ထောင်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး လက်နက်များလည်း တရားမဝင်ဝယ်ယူထားသည်ကိုတွေ့ရသည်ဟု NUG၊MODနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။

"အာကာနဲ့အတူ သူ့အဖွဲ့ကို ဖမ်းဆီးထားကြောင်းအတည်ပြုပါတယ်" ဟုNUG၊MODနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

ဦးအာကာနှင့်ပတ်သက်​သောအချက်အလက်အ​သေးစိပ်ကို People's Spring ကစုံစမ်းနေဆဲဖြစ်ပါသည်။ ဖမ်းဆီးထားသူ လူဦးရေ နှင့် သိမ်းဆည်းလိုက်သည့်လက်နက်ခဲယမ်း အရေအတွက်ကို မသိရှိရသေးပေ။

ယခုဖြစ်စဥ်အ​ပေါ် NUG၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

လက်ရှိတွင် ဗန်း‌မောက်မြို့နယ်မှ သယံဇာတများစီမံခန့်ခွဲ ရေးအတွက် NUGအစိုးရ၏သယံဇာတ
နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဌာနက ဆက်လက်ဆောင်ရွက်နေသည်ဟုသိရသည်။

ဗန်းမောက်မြို့သည် ကသာ၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များနှင့်အတူ ကသာခရိုင်အတွင်း၌ပါဝင်သည်။ အဆိုပါလေး မြို့နယ်အနက် အင်းတော်မြို့နယ်ကို အမျိုးသားညီညွတ်ရေးအစိုးရက အ
ပြည့်အဝသိမ်းပိုက်ထိန်းချုပ်ထားပြီး ကသာ၊ ထီးချိုင့်နှင့် ဗန်းမောက်မြို့တို့တွင်လည်း မြို့ပေါ်မှလွဲ
၍ ပတ်ဝန်းကျင်ကျေးရွာများကို ထိန်းချုပ်ထား
သည်။

ဗန်းမောက်မြို့နယ်၌ ရွှေတူးဖော်ရေးလုပ်ငန်းများအပြင် သံရိုင်း၊ ခဲ၊ ဘော်၊ ကြေး၊ ရွှေဖြူ စသည့် သတ္တုများများလည်းထွက်ရှိပြီးNUGအစိုးရ၏
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စီမံခန့်ခွဲနေသည်။

NUGကမေလ ၈ ရရက်က ကျင်းပခဲ့သည် ပြည်
ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင်သယံဇာတသည် ပြည်သူအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်အမွေအနှစ်ဖြစ်သောကြောင့် စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ပြီး တစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲခြင်းမျိုး လုံးဝလက်ခံ၍ မရကြောင်း ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်
ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

ဗန်းမောက်မြို့နယ်အပြင် အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားသည့် မြို့နယ်အချို့၌ သယံ
ဇာတထုတ်လုပ်ရေး နှင့် စီမံခန့်ခွဲမှုအပိုင်း၌ အဂ
တိလိုက်စားမှု အချို့ရှိနေ၍ ပြည်ထောင်စုအဆင့်မှနေ၍ ထိန်းသိမ်းကိုင်တွယ်ပေးရန် တောင်းဆိုမှုများရှိနေသည်။
👏9539👍21😁3🫡3🥰1😱1
ဗန်း​မောက်မြို့နယ် ၊မဲဇာ မြစ်အတွင်းတရားမဝင်​ရွှေတူး​ဖော်​နေသည့်လုပ်ငန်းအချို့(ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ
👍84👏11👎2😁2🥰1
ထားဝယ်မြို့ တံခွန်ငါးစျေးအနီး လက်နက်ကြီးအထိုင်ချစစ်တပ်စခန်း တိုက်ခိုက်ခံရ

ဇွန် - ၆၊ ၂၀၂၅။​ကျော်စွာ/People's Spring

ထားဝယ်မြို့၊ တံခွန်ငါးစျေးအနီး လက်နက်ကြီး အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို မဟာ မိတ်တပ်ဖွဲ့နှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စီကောင်စီတပ်ဗျူဟာမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း Special Guerrilla Force - SGF က ယနေ့(ဇွန်လ ၆ ရက်)ထုတ်ပြန်သည်။

မေလ ၃၀ ရက်နေ့ည ၇ နာရီခန့်က ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ တံခွန်ငါးစျေးအနီး လက်နက်ကြီးအထိုင်ချထားသော စစ်ကောင်စီတပ်ကို SGF နှင့် ပင်လယ်ကြယ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

"ကျနော်တို့ ပြောမယ်ဆိုရင် သတင်းကြိုရတဲ့အ
တွက် လက်နက်ကြီးအထိုင်ချထားတဲ့နေရာကို သွားတိုက်ခိုက်တာဗျ။ အဲဒီနေရာက လောင်းလုံဘက်မှာဖြစ်ဖြစ်၊ ထားဝယ်အနီးတိုက်ပွဲဖြစ်တာဖြစ်ဖြစ် လက်ကြီးနဲ့လှမ်းထုနေကြနေရာ"ဟု ထားဝယ်အခြေစိုက် Special Guerrilla Force - SGF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအမြှောက်တပ်တစ်ခုမှ ဗျူဟာမှူးအပါဝင် (၁၁)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကာတော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။ စစ်​ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People's Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိ​ပေ။

တိုက်ခိုက်ခံရသည့် ထားဝယ်ကမ်းနားလမ်း၊ တံခွန်ငါးစျေးရှိ လက်နက်ကြီးအထိုင်တွင် ပုံမှန်အားဖြင့် စစ်ကောင်စီတပ်မှ အင်အား ၁၀ ဦးကျော်တပ်ချထားလေ့ရှိရာ စစ်ဆင်ရေးပြုလုပ်သည့်နေ့တွင် ဗျူဟာမှူးဦးဆောင်၍ ၁၅ ဦးခန့်ရှိနေကြောင်း SGF ထံမှ သိရသည်။

အထက်ပါ တံခွန်ငါးစျေး လက်နက်ကြီးအထိုင်ချနေရာအား တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဆိုသော စစ်ကောင်စီတပ်ဗျူဟာမှူးမှာ အမြှောက်တပ်မှဟုသာသိရှိရပြီး ၎င်း၏နာမည်နှင့် မိခင်တပ်
ရင်းတို့ကိုသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
👏6714👍12😁2
ထားဝယ်အခြေစိုက် Special Guerrilla Force မှ ရဲဘော်အချို့အား စစ်ရေးလှုပ်ရှားမှုတစ်ခုတွင် တွေ့ရစဥ်။     ။ဓာတ်ပုံ - SGF
61👏14😁3👍2👎1🥰1
မဟာမိတ်ကြားပြဿနာများဖြေရှင်းနိုင်ရေး KIA နှင့်ဗဟိုအဆင့်တွေ့ဆုံနိုင်ရန် ကြိုးပမ်းနေဟု TNLA ပြော

ဇွန်-၆၊၂၀၂၅။ရဲခေါင်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) နှင့် မဟာ
မိတ်အချင်းချင်းအကြား ဖြစ်ပေါ်ခဲ့သည့် နယ်မြေဆိုင်ရာ အငြင်းပွားမှုများကို နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံနိုင်ရေးကြိုးပမ်းနေဆဲဖြစ်ကြောင်း PSLF/
TNLA သတင်းနှင့် ပြန်ကြား​ရေးတာဝန်ခံ လွေးယေဦးက ဇွန်လ ၅ရက်တွင်ပြုလုပ်သည့် သတင်း
စာရှင်းလင်းပွဲ၌ ပြောကြားသည်။

KIA နှင့် TNLA တို့သည် ၂၀၂၄ နှစ်ကုန်ပိုင်းနှင့် ယခု နှစ်ဆန်းပိုင်းတွင်ရှမ်းမြောက်ဒေသ၌ နယ်မြေဆိုင်ရာနှင့်ပတ်သက်၍ အောက်ခြေတပ်အကြား အငြင်းပွားမှု၊တင်းမာမှုနှင့်ပြဿနာအချို့ရှိခဲ့သည်။

“မဟာမိတ်နဲ့ပတ်သက်ပြီးလက်ရှိကျမတို့ ရင်ဆိုင်နေတဲ့ နယ်မြေအငြင်းပွားမှုတွေဖြစ်ပါတယ်” ဟု လွေးယေဦးကပြောသည်။

နယ်မြေဆိုင်ရာပြဿနာများသည် TNLAနှင့် KIA အကြားတွင်သာ ရှိသည်မဟုတ်ဘဲ လွတ်မြောက်ပြီးနယ်မြေများ၌ ဖြစ်စေ အခြား နယ်မြေဒေသများ၌ဖြစ်စေနိုင်ငံတဝန်း၌ ရှိနေသည်ဟုလည်းဆို
သည်။

မဟာမိတ်ပြဿနာကိုမဟာမိတ်အချင်းချင်းတွေ့
ဆုံပြီးဖြစ်စေ၊ မဟာမိတ်ဆက်ဆံရေးဌာနက တဆင့်ဖြစ်စေ ဖြေရှင်းကြရမည်ဟု ၎င်းကဆက်ပြောသည်။ နယ်မြေဆိုင်ရာ အငြင်းပွားမှု ရှိနေသည့် KIAနှင့် TNLA အကြား ပြသနာများဖြေရှင်းရန်စာပို့ခြင်း၊ဆက်သွယ်ခြင်းများ ရှိခဲ့ကြောင်းလည်း၎င်းကဆိုသည်။

"တဖက်မှာလည်း ဗဟိုအဆင့် တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေမျိုးလည်းကျမတို့ ကြိုးပမ်းဆောင်
ရွက်နေတာဖြစ်ပါတယ်။”ဟုလွေးယေဦးကပြော
သည်။

KIAနှင့်TNLA အကြား ပြဿနာများဆွေးနွေးဖြေရှင်းနိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်း၏ဗဟိုအဆင့် တွေ့ဆုံရန် ကနဦး ညှိနှိုင်းမှုများပြု လုပ်ထားသည်။ ၂၀၂၅ နှစ်ဆန်းကတည်းက ဗဟိုအဆင့် ခေါင်းဆောင်များ တွေ့နိုင်ရေးညှိနှိုင်းနေသော်လည်း နှစ်ဝက်ခန့် ရောက်သည်အထိ တွေ့ဆုံနိုင်ခြင်းမရှိသေးဘဲဖြစ်နေသည်။

ရှမ်းမြောက်တွင် KIA တပ်မဟာ ၄ ၊ ၆ နှင် ၁၀ စုစုပေါင်း တပ်မဟာ သုံးခုရှိပြီး မေလဆန်းတွင် ယင်းတပ်မဟာ နယ်မြေများသို့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် သွားရောက်ခဲ့သည်။
👍6812🥰2😁2🤮1
PSLF/TNLA သတင်းနှင့် ပြန်ကြား​ရေးတာဝန်ခံ လွေးယေဦး။ဓါတ်ပုံ-File Photo
👍5415🥰3😁1🤮1
ဝမ်းတွင်းမှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ ထွက်ပြေးနေရ

ဇွန်-၆၊ ၂၀၂၅။ ဇေအောင်/People's Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ လူငယ်တွေ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၆ ရက် မနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ်၊ သာစည်နဲ့ ဝမ်းတွင်းနယ်စပ်၊ ပျားစွဲရွာ အစရှိတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ပျားစွဲရွာနားမှာတော့ ဖရဲသီးတင်နေကြတဲ့ ရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

နေ့လယ်ပိုင်းမှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးက ဝမ်းတွင်းမြို့နယ်၊ ကန်ပတ်လည်ကျေးရွာ အပါအဝင် ရွာတွေထဲ ကား၄စီးနဲ့ ဝင်ရောက်ပြီး လူငယ်တွေကို ဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဒီရက် တအားလိုက်ဖမ်းနေလို့ လူငယ်တွေ ရွာမှာမနေရဲကြတော့ဘူး။ တောသွားတောပြန်တဲ့သူတွေလည်း စောစောသွား၊ ညနေကျလည်း မှောင်ရီပျိုးမှ ပြန်လာကြတော့တာ။"လို့ ဝမ်းတွင်းဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

မနေ့က ဇွန်လ ၅ ရက်ညပိုင်းကလည်း ဒိုင်ကောင်းကုန်းရွာ စာသင်ကျောင်းတပ်စွဲထားတဲ့ စစ်အုပ်စုက တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းစစ်ပြီး ရွာသားရှစ်ဦးကို ဖမ်းဆီးသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

မန္တလေး၊ စစ်ကိုင်းနဲ့ မုံရွာအပါအဝင် မြို့ကြီးတွေမှာလည်း စစ်ကောင်စီတပ်က ယာဥ်လိုင်စင်စစ်ဆေးရင်း လူတွေကိုပါ ဥပဒေမဲ့ဖမ်းဆီးနေတာတွေ ရှိနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
🤬43👎173🔥2👍1😢1
(စစ်ကောင်စီ အဓမ္မစစ်မှုထမ်းဥပဒေနဲ့စုဆောင်းထားသူအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ)
👎39🤬196😢2👍1🔥1🖕1
အထက်ခပေါင်းဆည်ရေလွှဲတမံတွင်တပ်စွဲထား​သောစစ်စခန်းကို PDFများတိုက်ခိုက်သိမ်းပိုက်

ဇွန်-၆၊၂၀၂၅။ရဲခေါင်၊​ကျော်​ဇော/People's Spring

ပဲခူးတိုင်း၊​တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်ရှိ အ
ထက်ခပေါင်းဆည်ရေလွှဲတမံ၌ တပ်စွဲထားသည့်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာလက်နက်၄ လက် နှင့် စစ်သုံးပစ္စည်းအချို့ရရှိခဲ့သည်။

ထိုစစ်စခန်းကို ဇွန်လ ၃ ရက်နေ့ နံနက် အစောပိုင်းတွင် တောင်ငူခရိုင်တပ်ရင်းအမှတ်( ၃၅၀၁ ) ၊ တပ်ခွဲ ၁ က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

"အနောက်ရိုးပေါ်ကတပ်ရင်းကဖော်ဆောင်တဲ့တိုက်ပွဲပါ။ထွက်ပြေးသွားတဲ့ စခ ၁၀ ဦးကျော်လောက်ရှိတယ်"ဟုအုတ်တွင်းမြို့နယ်စစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီ အတွင်း စစ်ကောင်စီစခန်းအား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကာ စခန်းအတွင်းမှ G3 သုံးလက်၊ MA 11 တစ်လက်၊ အီနာဂါငါးလုံး လက်ပစ်ဗုံးတစ်လုံး နှင့် ကျည်ကာအကျ်ီ နှစ်ထည် ရရှိခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်းအမှတ်( ၃၅၀၁ ) ၊ တပ်ခွဲ ၁ ကထုတ်ပြန်သည်။သိမ်းပိုက်ရရှိပြီး​နောက် စစ်ကောင်စီ စခန်းအားမီးရှို့ရှင်းလင်းခဲ့ကြောင်းလည်း သိရသည်။

စခန်းသိမ်းပြီးချိန်တွင်အင်အား ၆၀ ခန့်ပါစစ်ကူစစ်ကြောင်းကိုလည်း PDF များကအသင့်​စောင့်ကြို၍ မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမျက်မြင်သေဆုံးသူ ရှစ်ဦးရှိသည်ဟု တောင်ငူခရိုင် တပ်ရင်းအမှန် ၃၅၀၁ ၏ တပ်ခွဲ ၁ က ဆိုသည်။ထို့​ကြောင့်စစ်ဆင်​ရေးတွင် စစ်သားအနည်းဆုံး ၁၁ ဦး​သေဆုံးခဲ့သည်ဟု​ပြောသည်။
PDF ရဲဘော်နှစ်ဦးတိုက်ပွဲ၌ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြသည်။

တောင်ငူခရိုင် တပ်ရင်းအမှန် ၃၅၀၁ တာဝန်ရှိသူက "အရင်ကတော့၁၅ယောက်အထက်ရှိတယ်။ကျနော်တို့သွားတိုက် တဲ့နေ့ကတော့ ၇ ယောက်ဝန်း
ကျင်ပဲရှိတော့တာ။စကစ စစ်ကူကတော့ တိုက်ခံရပြီးနေ့မှာပဲ ပြန်ဆုတ်ပြီးနောက်ရက်ကစ စစ် ကြောင်းထိုးနေတယ်။အင်အား ၁၀၀ ဝန်းကျင်လောက်တော့ရှိတယ်"ဟု​ပြောသည်။

လက်ပံရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် အင် အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်ရှိတွင် ကရင်ရွာကြီးကျေးရွာသို့ ဝင်ရောက်တပ်ဆွဲကာ ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းမွှေနှောက်ရှာဖွေမှုများရှိနေကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"စစ်ကြောင်းတွေ အခုချိန်ထိလှုပ်ရှားပြီး စစ် ကြောင်းထိုးနေဆဲပါ။ ဒီဘက်နယ်မြေအတွင်းကကျေးရွာတွေထဲမှာ သွားလာလှုပ်ရှားပြီး အိမ်တွေမှာ ချက်ပြုတ်စားသောက်နေကြတာပါ"ဟု ၎င်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် အုတ်တွင်းမြို့နယ်အတွင်းရှိ ဇီးကုန်း ၊ ဘိုကုန်း၊ အင်းဝိုင်း၊ ကရင်ရွာကြီး၊ ရွှေလောင်းနှင့် ကြက်တက်ညောင်ပင် စသည့်ကျေးရွာများမှ ဒေသခံပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တော်လှန် ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများထံမှ စုံ စမ်းသိရသည်။


ယခင်လပိုင်းကလည်း ပဲခူးတိုင်းရှိ မင်းလှ၊အုတ်တွင်း နှင့် ပေါင်းတည်မြိုနယ်များမှစစ်ကောင်စီစခန်းများကို ကာကွယ်ရေးတပ်များက သိမ်းပိုက်ရှင်းလင်းထားသည်။
👍7227👏9🥰1😁1👌1
စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-အုတ်တွင်းPDF
55👍24👏2🥰1😁1
Media is too big
VIEW IN TELEGRAM
👍6215🥰2👎1😁1🙏1
KIA သိမ်းထားသည့် လန်ဆယ်ဒေသကို ပြန်တိုက်ရန် စစ်​ကောင်စီ နှင့် ရဝမ်ပြည်သူ့စစ်ပြင်ဆင်​နေဟုဆို

ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်​ကောင်စီတပ်နှင့် ရဝမ်ပြည်သူ့စစ်များက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် စစ်အင်အားဖြည့်တင်း ပြင်ဆင်နေကြောင်း ​ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

ယခင်က ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် လန်ဆယ်ဒေသကို KIA နှင့် မဟာမိတ်များက ၂၀၂၄ ခုနှစ် ၊နိုဝင်ဘာဒုတိယပတ်တွင် အပြီးသတ်သိမ်း
ပိုက်ထိန်းချုပ်ခဲ့သည်။ အဆိုပါ ဒေသကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြည်သူ့စစ်များကိုလက်နက်တပ်ဆင်ပေးနေသည်ဟု သိရသည်။

“KIAကို တိုက်ဖို့ပဲ။ ပူတာအိုဘက်KIA တွေဝင်မလာနိုင်အောင်ကာကွယ်ဖို့တဲ့။လန်ဆယ်ဒေသကိုလည်း ပြန်လည်သိမ်းယူမယ်လို့ ပြောနေကြတယ်။ အခု ပူတာအိုက ရဝမ် ပြည်သူ့စစ်တွေ စစ်ကောင်စီ ရဲ့ လက်နက်ထောက်ပံ့မှု နဲ့သူတို့ဆုံးရှုံးထားတဲ့နယ်
မြေ လန်ဆယ်ဆိုတဲ့ဟာ ရွှေမှော် ရွှေထွက်တဲ့ ဒေ
သပေါ့ လန်ဆယ်ကို ပြန်သိမ်းယူမယ်ဆိုပြီးမှ အကြီးအကျယ် ပြည်သူ့စစ် စစ်သင်တန်းတွေ ပေးနေတာ”ဟု ကချင်စစ်​ရေးသတင်းရင်းမြစ်က ပြောသည်။

အခြား စစ်ရေး သတင်းရင်းမြစ်တဦးကလည်း လန်ဆယ်ရှိ ရွှေမှော်ဒေသဘက်သို့ စစ်ကြောင်းထိုးခိုင်း​နေသည်ဟုသိရ​ကြောင်း​ပြောသည်။ ထို့အ
တွက် စစ်ကောင်စီကလေယာဉ်ဖြင့်လက်နက်ဧခဲယမ်းများပို့​ပေးနေသည့် ရုပ်သံမှတ်တမ်း နှင့်ပတ်သက်၍ပြောပြသည်။

တတိယ​မြောက်သတင်းရင်းမြစ်ကလည်း ပြည်
သူ့စစ်များကို လက်နက်များ ထောက်ပံ့ပေးနေသည့် အဆိုပါ ရုပ်သံ မှတ်တမ်းပါ ဖြစ်ရပ်သည် လအနည်းငယ်ကြာနေပြီဖြစ်ပြီး ယခုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြောပြသည်။

“ရဝမ်ပြည်သူ့စစ်ပေါ့။မသိနားမလည်အသိမကြွယ်သေးတဲ့ တောင်ပေါ် ဒေသက ဒေသခံတွေကိုငွေ
ကြေးနဲ့ မက်လုံးပေး စည်းရုံးပြီး ခေါင်းဆေးခံထားရတဲ့ အဖွဲ့လို့ ပြောရမယ်။ “ ဟု ၎င်းက ပြောသည်။

ရဝမ်ပြည်သူ့စစ်ခေါင်းဆောင်မှာ ဦးတန်ဂူးတန်ဆိုသူဖြစ်သည်ဟုလည်း ၎င်းကပြောပြသည်။

KIA နှင့်မဟာမိတ် ပူးပေါင်းတပ်သည် လန်ဆယ်အပါအဝင် ဦးဇခုန်တိန့်ယိမ်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) ဟုခေါ်ဆိုသောနယ်မြေများကို ၂၀၂၄ နှစ်ကုန်ပိုင်းက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို​နောက် ၂၀၂၄ နိုဝင်ဘာလ လယ်တွင် ကချင်အထူး​ဒေသ (၁)ကိုဖျက်သိမ်း​ကြောင်း KIO က​ကြေညာခဲ့သည်။
🤬5513👍11👎3🤮2😁1
This media is not supported in your browser
VIEW IN TELEGRAM
စစ်​ကောင်စီက ရဝမ်ပြည်သူ့စစ်အဖွဲ့အတွက်လက်နက်ခဲယမ်းများပို့​ဆောင်ခဲ့သည်ဆို​သောရုပ်သံမှတ်တမ်း။ ရုပ်သံ- Padang Shingni
💩48🖕14👍6🤮54🤬2👎1🔥1😁1🤔1
ငွေလိမ်ဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေ

ဇွန်-၆၊၂၀၂၅။People's Spring

ထိုင်းနိုင်ငံကချင်းမိုင်တက္ကသိုလ် (CMU)မှာ တက်ရောက်နေတဲ့ ကျောင်းသား ၁၀ ယောက်ထိ တစ်
နေ့တည်းနဲ့တင် ငွေကြေးလိမ်လည်တာ ခံခဲ့ရတယ်လို့ ချင်းမိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီဖြစ်စဉ်အပြီး CMUရော၊ရဲတပ်ဖွဲ့ကပါကျောင်း
သားတွေ အနေနဲ့ လိမ်လည်မှု သားကောင် မဖြစ်အောင် သတိထားကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

မေလ ၃၁ ရက်နေ့ကနေဇွန်လ၂ရက်နေ့ထိကျောင်း
ပိတ်ရက် ကာလအတွင်း CMU ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ ငွေလိမ်မှုတွေ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ ချင်းမိုင် ရဲတပ်ဖွဲ့ရဲ့ ရဲမှူးကြီး မာနတ်ချိုင် အင်သီအန်က ဆိုပါတယ်။

ကျောင်းသား တစ်ယောက်ဟာ ၄ သုတ်ခွဲပြီး စုစု
ပေါင်း ဘတ် ၂ သန်းကျော် ငွေလွှဲမိတဲ့ထိ အလိမ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။ ငွေလိမ်သူတွေဟာ အွန်လိုင်းကနေ အစုအဖွဲ့နဲ့ ချိတ်
ဆက် လှုပ်ရှားပြီး တက္ကသိုလ်နဲ့ဆိုင်တဲ့ စာရွက်
စာတမ်း အတုတွေ ပေးပို့ပြီး ငွေကြေး တောင်းခံလေ့ ရှိကြတယ်လို့ သိရပါတယ်။

အဲဒီစာရွက်စာတမ်းအတုတွေမှာတက္ကသိုလ်ရဲ့ ဖောင်ပုံစံတွေနဲ့ ကျောင်းအုပ်ကြီးရဲ့လက်မှတ်အတုတွေတောင် ပါဝင်လေ့ရှိတယ်လို့ လိမ်လည်ခံခဲ့ရသူ ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေက ပြောပါတယ်။

ဘတ် ၂ သန်းကျော် ငွေလိမ်ခံခဲ့ရတဲ့ ကျောင်းသားရဲ့ မိခင်ကတော့ဘတ် ၄ သိန်းနဲ့ ၆ သိန်းကြားလောက်များပြားတဲ့ ငွေတွေကို ၄ သုတ်ခွဲပြီး လွှဲပေးခဲ့မိကြောင်း၊ တချို့ငွေတွေကို ချေးငှားပြီး ပေးလိုက်ရတာဖြစ်ကြောင်း ရဲတွေဆီ ထွက်ဆိုထားပါတယ်။

တချို့ ဖြစ်စဉ်တွေမှာတော့ ငွေလိမ်ဂိုဏ်းတွေဟာ သူတို့ ပစ်မှတ်ထားတဲ့ သားကောင်ကို ဆက်တိုက် ဖုန်းဆက် ခြိမ်းခြောက်ပြီးဘယ်လိုနေထိုင်ပြုမူရမယ် ဆိုတာမျိုးထိ ဖိအားပေး ညွှန်ကြားလေ့ ရှိကြောင်းလည်း သိရပါတယ်။

ဖြစ်စဉ် တစ်ခုမှာဆိုရင် ကျောင်းသူ တစ်ယောက်ဟာနားကြပ်တပ်၊စျေးဝယ်ခြင်းတွန်းလှည်းကိုတွန်း
၊ ဓားတစ်ချောင်းကို ကိုင်ပြီး ရဲစခန်းတစ်ခုဆီ သွားရမယ်လို့ ညွှန်ကြား ခံခဲ့ရပါတယ်။တာဝန်ကျရဲတစ်
ယောက်က အဲဒီကိစ္စကို သတိပြုမိပြီး မိန်းကလေးကို နှစ်သိမ့် ကူညီပြီး ဓားကို သိမ်းဆည်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဒုစရိုက်ဂိုဏ်းတွေကပစ်မှတ်ထားတဲ့ ကျောင်းသားတွေဟာ ကျောင်းစာမှာအာရုံစိုက် နှစ်မြှုပ်ထားပြီး လက်တွေ့ပြင်ပ ဗဟုသုတ နည်းပါးသူတွေ ဖြစ်လေ့ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။

အလိမ်ခံရသူတွေထဲမှာ ၅ ဦးဟာ ကျားဖြန့်လို့ခေါ်တဲ့အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီကတိုက်ရိုက် ဖုန်း
ဆက်တာကို ခံခဲ့ရပါတယ်။ တခြားသူတွေကတော့ အစိုးရ အရာရှိအဖြစ် ဟန်ဆောင်ပြီး ခြိမ်းခြောက် ငွေတောင်းတာတွေ၊ video call ခေါ်ပြီး ငွေညှစ်တာတွေ ကြုံခဲ့ကြရပါတယ်။

အာဏာပိုင်တွေကတော့ငွေလိမ်ဂိုဏ်းတွေ အသုံး
ပြုတာနဲ့ ဆက်စပ်တဲ့ ဘဏ်အကောင့်တွေကို ချက်
ချင်း ဆိုင်းငံ့ထားပြီး ငွေလွှဲပြောင်းမှု လမ်းကြောင်းတွေကို ခြေရာခံ စုံစမ်းနေပါတယ်။ အဲဒီထဲက ငွေတချို့ကို ပြန်ရပြီး တချို့ကတော့ မရသေးဘူးလို့လည်းသိရပါတယ်။ဘတ် ၂ သန်း အလိမ်ခံရတဲ့ ကိစ္စမှာတော့ မိသားစုက ဖုန်းနံပါတ် တစ်ခုနဲ့ ဘဏ်အကောင့်နံပါတ်တစ်ခုကို ရဲတွေဆီ ပေးအပ်ထားပေမယ့် ထူးခြားမှု မရှိသေးပါဘူး။

CMUကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဒေသခံ ရဲတပ်ဖွဲ့နဲ့ အနီးကပ် ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ နောက်ပြီး ကျောင်းသူကျောင်း
သားတွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ တက္ကသိုလ်ဖက်ကနေ လုံခြုံရေး ကျိုးပေါက်သွားတဲ့ အထောက်အထား မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

ပြီးတော့ ရဲတွေရော၊ CMUကပါ ကျောင်းသားတွေရော၊ မိဘတွေပါ ငွေလိမ်ဂိုဏ်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့သတိရှိကြဖို့ တိုက်တွန်းအကြံပြုထားပြီး မသင်္ကာစရာ အခြေအနေတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာကိုချက်ချင်းအသိပေးဖို့လည်း နှိုး
ဆော်ထားကြောင်း သိရပါတယ်။

ကိုးကား-Bangkok Post
30👍24😱3🤮2👎1
ချင်းမိုင်တက္ကသိုလ် နဲ့ ထိုင်းရဲတပ်ဖွဲ့ မှတာဝန်ရှိသူ​တွေသတင်းစာရှင်းလင်းပွဲပြုလုပ်စဥ်။ဓါတ်ပုံ-ဘန်​ကောက်ပိုစ်
👍415🔥1