ပစ်ခတ်သတ်ဖြတ်ခဲ့သူဖြစ်ကြောင်းလည်းထပ်မံစွပ်စွဲထားသည်ကိုတွေ့ရသည်။ပစ်ခတ်သတ်ဖြတ်မှုများအတွက် ၁ကြိမ်လျင် NUG က NUG Pay ဖြင့် ၂သိန်းကျပ်ပေးသည်ဟုလည်းစွပ်စွဲထားသည်။
ရှင်းလင်းခံရသည့် အငြိမ်းစားဗိုလ်မှုးချုပ် ချိုထွန်းအောင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College-NDC) တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားပေးနေပြီး အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို စစ်ဘက်ရေးရာ သင်ကြားမှုများပြုလုပ်နေသူဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် ရှင်းလင်းခဲ့ခြင်းဟု Golden Valley Warriors အဖွဲ့ကအသိပေးထားသည်။
ဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို မေလ ၂၂ ရက် နံနက်က ၎င်းနေထိုင်သည့် မရမ်းကုန်းမြို့နယ် ၌ သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်သည်။

👍45😁11❤3🥰1
သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးခဲ့သော အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို အာဏာသိမ်းခေါင်းဆောင်၊ အာဏာရှင်ဟောင်းဦးနေဝင်းမြေးများနှင့် တပ်မတော်နေ့အခမ်းအနားတွင်တွေ့ရစဥ် ။
❤33🖕20💩15🤮6🤬5😁2👍1👏1
■Essay
"ဖေဖေနဲ့မေမေထံသို့ပေးစာ"
-သစ်ရွက်ရေးသားသည်။
ဖေဖေနဲ့မေမေ
သားစာရေးလိုက်ပါတယ်။ ညကဖေဖေနဲ့မေမေကိုသားအိပ်မက်မက်တယ်။ အိပ်မက်ထဲမှာသားတို့ မိသားစုပြန်ဆုံကြတယ်။စကားတွေပြောဖြစ်ကြတယ်။ သားတို့သုံးယောက်လုံးပြုံးရယ်လို့ပေါ့။
သတိရတယ်ဖေ၊ လွမ်းဆွတ်တယ်မေ။
ပြီးခဲ့တဲ့လေးနှစ်ဟာသားဘဝမှာအပင်ပန်းဆုံးကာ
လပါပဲ။ ရင်ထဲမှာနာကျင်တဲ့အခါတိုင်းမှာဖေနဲ့မေကို တမ်းတမိတယ်။ဒီလိုအခြေအနေမျိုးကိုဖေဖေဆိုရင်ဘာပြောမလဲ၊မေမေဆိုရင်ဘာပြောမလဲလို့သားတွေးနေမိတယ်။
အကြမ်းတမ်းဆုံးကာလတွေကိုသားဖြတ်သန်းနေရပါတယ်။တခါတလေမှာမနက်ဖြန်ဆိုတာကို ရင်
ဆိုင်နိုင်သေးရဲ့လားလို့ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်။ဒါပေမယ့်သားဆီမှာခွန်အားတွေ ရှိပါသေး တယ်။ ရှေ့ကိုဆက်လျှောက်တဲ့သားရဲ့ခြေလှမ်းတွေကလည်းသွက်နေဆဲပါပဲ။ အနာဂတ်အတွက် မျော်လင့်ချက်တွေကလည်း ရင်ထဲမှာမီးလိုတောက်လောင်နေဆဲပါပဲ။
ဖေနဲ့မေကိုသားဝန်ခံစရာတစ်ခုရှိပါတယ်။ ဘယ်တုန်းကမှဖေဖေတို့ခွင့်မပြုခဲ့တဲ့ အမူအကျင့်တစ်ခုကို သားပြုလုပ်နေမိပါတယ်။ ဒီနှစ်တွေမှာ သားရိုင်းလာတယ်ဖေနဲ့မေ။
ကြမ်းတမ်းဆဲဆိုတဲ့စကားကိုဘယ်တုန်းကမှမပြောခဲ့တဲ့သားဟာရိုင်းစိုင်းကြမ်းတမ်းလာတယ်။
မရည်ရွယ်ပါဘူးမေမေ။ သားရည်ရွယ်ချက်နဲ့ရိုင်းမိလာတာမဟုတ်ပါဘူး။ ရင်ထဲကခံစားချက်တွေက သူ့ဖာသာသူပုံဖေါ်လာတာပါ။ သားမရည်ရွယ်ပါဘူး။
မန္တလေးမြို့ကလမ်းပေါ်မှာမိန်းကလေးတစ်ယောက်သေနတ်မှန်ပြီးကျဆုံးသွားတုန်းကသား
ရိုင်းမိပါ တယ်မေမေ။ သားပါးစပ်ကဘာတွေထွက်သွားလဲဆိုတာကိုပြန်မတွေးချင်သလို မေတို့ကိုလည်း ပြန်မပြောရဲပါဘူး။ သူ့မိဘတွေဘယ်
လောက်ခံစားရမလဲဆိုတာဟာသားရဲ့ ညအတော်များများကို ခြောက်လှန့်နေခဲ့ပါတယ်။
ရန်ကုန်မြို့ကလမ်းပေါ်မှာဆေးကျောင်းသားလေးတစ်ယောက်ကျဆုံးသွားတော့လည်းသားရိုင်းမိပါ တယ်ဖေဖေ။ဒီတိုင်းပြည်မှာဈေးအပေါဆုံးဟာလူငယ်တွေရဲ့အသက်လားဖေ။ သားရင်နာလိုက်တာ။
မုံရွာမှာတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ထပ်ကျသွားတော့လည်းသားရိုင်းမိတာပါပဲ။ မကောင်းပါဘူးဖေနဲ့မေရယ်။ သားဟာအရမ်းရိုင်းတတ်လာပါတယ်။
အရင်မျိုးဆက်ကကျောင်းသားခေါင်းဆောင်ဟောင်းကြီးတစ်ယောက် နဲ့ ဟစ်ပ်ဟော့ပ်ဂီတရဲ့ပထမ မျိုးဆက်ဂီတပညာရှင်တစ်ဦးတို့ကို အဆုံး
စီရင်လိုက်တဲ့အခါတုန်းကတော့သားမရိုင်းဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်ကထွက်ဖို့စကားလုံးတွေမရှိတော့သလို၊ မျက်ရည်လည်းမရှိတော့ပါဘူး ဖေနဲ့မေ။ သားရိုင်းစရာလည်းမလိုတော့ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကရိုင်းနေပြီပဲမဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုလုံးကမျက်
ရည်တွေချောင်းတစ်ချောင်းအဖြစ်၊မြစ်တစ်စင်းအဖြစ်စီးဆင်းနေပြီပဲမဟုတ်လား။
အခုဆိုရင်ပင်လယ်သမုဒ္ဒရာတောင်ဖြစ်နေလောက်ပြီမဟုတ်လား။
ဗုဒ္ဓဘာသာဝင်တွေကောင်းကောင်းရိုင်းတတ်နေပါပြီမေမေ။ ကျန်တဲ့ဘာသာဝင်တွေလည်းအတူတူပါပဲ။ သူတို့ကမနက်ခင်းတွေကို မိုဘိုင်းဖုန်းလေးတွေပွတ်ရင်းစတင်ကြပါတယ်။ ဒါဟာနေ့တစ်နေ့ရဲ့ ဝဋ်
ကြွေးတစ်ခုစတင်ခြင်းပါပဲ။
နိုး… နိုး…အမြဲတမ်းငိုကြွေးနေကြတာမဟုတ်ပါဘူးဖေဖေ။
တခါတလေ သူတို့ရယ်မောပျှော်ရွှင်ကြပါတယ်၊ အူလှိုက်သဲလှိုက်ပျှော်ရွှင်တဲ့နေ့တွေတောင်ရှိပါတယ်။လူတချို့သေဆုံးတာကို သားတို့ ပျှော်ရွှင်နေကြတယ်မေမေ။ သားပြောတာကိုမေမေယုံရဲ့လား။ သားအဲဒီလောက် ရိုင်းတတ်လာတယ်ဆိုတာကိုမေမေယုံဖို့ခက်နေတယ်မဟုတ်လားမေ။
သားတို့မြို့လေးကိုဖေနဲ့မေမြင်ရင်မှတ်မိမှာမဟုတ်တော့ဘူး။ မြို့ဟာမြို့မဟုတ်တော့ပါဘူး။ မြို့ဟာ သူ့ကိုသူလည်းမမှတ်မိတော့ပါဘူး။သူ့ကိုယ်သူလည်းမြို့လို့မသိတော့ပါဘူး။ မြို့ဟာသူ့ကိုယ်သူ “ရှေ့တန်းစစ်မျက်နှာ”လို့ထင်နေရှာတယ်ဖေဖေ။ သူကြုံတွေ့ရတာတွေကသူ့ကိုမကျန်းမာစေပါဘူး။
မြို့ထဲကလမ်းတွေကလည်းသူတို့ကိုယ်သူတို့လမ်းလို့မသိကြတော့ပါဘူး။ သူတို့ကကိုယ့်ကိုကိုယ် တောနက်ကြီးတွေလို့ထင်နေကြပါတယ်။တော
နက်ဆိုတာကြီးထဲကိုလူတွေမှာမသွားကြတာ မဟုတ်လား။ အမှောင်တွေဝင်လာတာနဲ့လမ်းတွေဟာသူတို့အမြီးကိုလိပ်ပြီး ငြိမ်သက်သွားကြ တော့တာပါပဲမေမေ။ လမ်းတွေလည်းမကျန်းမာကြရှာပါဘူး။
သားတို့လည်းမကျန်းမာကြပါဘူးဖေဖေ။ မိတ်ဆွေတွေတွေ့တဲ့အခါ “နေကောင်းရဲ့လား” လို့ သားမမေးဖြစ်တော့တာကြာလှပေါ့။“ဘာလုပ်နေလဲ”လို့မမေးဖြစ်တော့တာကြာလှပေါ့။ “ဘယ်မှာနေလဲ”လို့မမေးဖြစ်တော့တာကြာလှပေါ့။
မေးခွန်းတွေမမေးကြတော့တဲ့နေ့ရက်တွေကိုဖြတ်သန်းနေကြပါတယ်ဖေဖေ။
သားစာကိုဒီမှာပဲနားပါတော့မယ်။
အိပ်မက်ထဲမှာသားတိုထပ်ဆုံကြမယ်နော်။ဒီတစ်ခါတွေ့ကြတဲ့အခါဝမ်းနည်းစရာတွေမပြောဘူးလို့သားကတိပေးပါတယ်။
ဖေဖေနဲ့မေမေငြိမ်းချမ်းစွားနားပါနော်။
ဖေနဲ့မေကိုချစ်တဲ့
သား ။ ။

👍42❤19🥰5😢3🤮2
NLDအစိုးရ ရေးဆွဲထားသည့်ပညာရေးသင်ရိုးညွှန်းကို ပြန်ပြင်ဆင်ပြီးပညာရေးစနစ် ဖော်ဆောင် နေဟုTNLA ပြော
■ယခုပညာသင်နှစ်တွင် TNLA ထိန်းချုပ်နယ်မြေ
၌ ကျောင်းပေါင်း ၇၀၀ ကျော်ဖွင့်နိုင်ရန် မျှော်မှန်း
ဇွန်-၆၊၂၀၂၅။ရဲခေါင်၊ ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများ၌ ပညာရေးစနစ်ဖော်ဆောင်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကရေးဆွဲထားသည့်ပညာရေသင်ရိုးညွှန်းကို တအာင်းပြည်ပညာရေးကောင်စီ(TLEC) က ပြန်လည်ပြင်ဆင်ပြီး အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။
ဇွန် ၅ ရက်နေ့ကျင်းပသည့် TNLA၏ သတင်းစာရှင်းလင်းပွဲ၌ ပညာရေးဆိုင်ရာ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။
“ပညာရေးစနစ်ကိုပြောမယ်ဆိုရင်လက်ရှိ ၂၀၂၄ ၂၀၂၅ ပညာသင်နှစ်ကတော့ TLEC ကပဲ ဦးဆောင်နေပါတယ်။သင်ရိုးညွှန်းကိုတော့လက်ရှိ TLEC ရဲ့သင်ရိုးညွှန်းအတိုင်းဖြစ်ပါတယ်။TLEC ကမှ ပြီးခဲ့တဲ့ NLD အစိုးရက ရေးဆွဲထားတဲ့ပ
ညာရေးသင်ရိုးညွှန်းကို အခြေ ခံပြီး TLEC သင်ရိုးညွှန်းကို ပြန်လည်ပြင်ဆင်တယ်။ဒီအတိုင်း သင်ရိုးညွှန်းကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
ဒီအပေါ်မှာအမြဲတမ်းအခြေခံပြီး ဖက်ဒရယ်ပညာ
ရေးစနစ်၊ကျောင်းသားတွေရဲ့တွေးခေါ်မှုကို ပိုမို
မြင့်မားစေမယ့် ပညာရေးစနစ်ပေါ့နော်အားလုံး ကိုခြုံငုံပြီးတော့ ပညာရေးသင်ရိုးညွှန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၅ ပညာသင်နှစ်တွင် TNLA ထိန်းချုပ်မြို့နယ်များ၌ကျောင်းပေါင်း၆၀၀ ကျော်
ဖွင့်နိုင်ခဲ့ဟုသိရသည်။
"လာမယ့်၂၀၂၅ ၂၀၂၆ ပညာသင်နှစ်အတွက်လည်း ကျောင်းပေါင်း ၇၀၀ ကျော်ဖွင့်လှစ်ဖိုမျှော်
မှန်းပြီးတော့မှ ဇွန်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိကျောင်းများစတင်ပြီး လက်ခံနေပြီဖြစ်ပါတယ်။မိဘပြည်သူများအနေဖြင့် ကလေးငယ် များကို ကျောင်းအပ်ရန် စတင်ပြီးတော့မှ ဆောင်ရွက် နိုင်ပြီဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။
ဖွင့်လှစ်ရန် မျှော်မှန်းထားသည် ကျောင်း ၇၀၀ ကျော်အတွက် လိုအပ်နေသည့် ဆရာ၊ဆရာမ ဦး
ရေနှင့်ကျောင်းသား ဦးရေ မျှော်မှန်းချက်များ ရှိကြောင်း ပြောကြားပြီး အရေအတွက် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
“မျှော်မှန်းထားတဲ့ကျောင်းသားဦးရေကတော့လက်
ရှိအချိန်ထိစောင့်ကြည့်နေဆဲဖြစ်ပါတယ်။ကျောင်း
လက်ခံတဲ့အခြေအနေကိုဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။TLEC ကနေ ဘာသာရပ်ဆိုင်ရာနည်းပြမွမ်းမံသင်တန်းတွေလုပ်ခဲ့တာရှိပါတယ်။မေလ ထဲမှာဆိုရင်ကွတ်ခိုင်၊နမ့်ခမ်း၊နမ်မ္မတူ၊မိုင်းငေါ့၊မန်တုံနဲ့နမ့်ဆန် အစရှိတဲ့မြိုနယ်ကျေးရွာတွေမှာ ဆရာ
၊ဆရာမများ ဘာသာရပ်တိုင်ရာမွမ်းမံသင်တန်းတွေပြုလုပ်ခဲ့ပါတယ်” ဟုလွေးယေဦးက ပြော
သည်။
TNLAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်က မဟာမိတ်များနှင့်အတူဆင်နွှဲခဲ့သည့် ၁၀၂၇ရေး တစ်နှစ်ကျော်အတွင်း မြို့ ၁၂ မြို့ အပါအဝင် စစ်ကောင်စီတပ်စခန်းများစွာသိမ်းပိုက်နိုင်ခဲ့ပြီးသိမ်း
ပိုက်ထိန်းချုပ်ဒေသများကို အုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိသည်။

👍75❤8🥰7👏3🤮2😁1
စစ်ကောင်စီက သပိတ်ကျင်းရှိဘုန်းကြီးကျောင်း
ကိုထပ်မံဗုံးကြဲသံဃာတစ်ပါးပျံလွန်တော်မူ၊ပြည်သူ ၄ဦး ဒဏ်ရာရ
ဇွန်-၆၊၂၀၂၅။ထားမြတ်/People's Spring
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေ
ကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။
ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံ
တားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်း
တိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။
စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအ
ပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁ရက်က သပိတ်ကျင်းမြို့နယ်၄မိုင်ကန်သာ စာသင်ကျောင်းကိုလည်းစစ်ကောင်စီကဗုံးကြဲခဲ့သေးသည်။
ထိုအပြင် စစ်ကောင်စီသည် ဘုန်းကြီးကျောင်းများကိုပစ်မှတ်ထားတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။
ဇွန်လ ၃ရက်နေ့ မနက် ၁၁နာရီ ၅မိနစ်ကလည်း
စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားနှင့် ဘုန်းကြီး
ကျောင်းအား တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့ရာဘုန်းတော်ကြီးကျောင်းဆောင် ၂လုံး ပျက်စီးခဲ့သည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာတွင်နေထိုင်ကြရန်၊ လေကြောင်းရန်ကာကွယ်နိုင်ရေး
အတွက်ပုန်းခိုကျင်းများတူးထားကြရန် ပြင်ဦးလွင်ခရိုင်ပကဖ က နှိုးဆော်ထားသည်။
ထိုအပြင်စစ်ကောင်စီဟန်ပြအပစ်ရပ် ကြေညာပြီး ဝါဒဖြန့်မှုကို ပြည်သူများမယုံကြရန် ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူကပြောကြားထားသည်။
စစ်ကိုင်းငလျင် အပြီး သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၁၃ကြိမ်ထက်မ
နည်း ပြုလုပ်ခဲ့ကာ ပြည်သူ ၄၀ကျော် သေဆုံးကာ ၉၀ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။

😭43😡20🤬10💔4❤2👍2👎2🔥2⚡1😁1
ဗုံးကြဲခံရပြီးနောက် ဘုန်းကြီးကျောင်းကိုတွေ့ရစဥ် နှင့် ဒဏ်ရာရ ပြည်သူတဦး။
ဓါတ်ပုံ-ပြင်ဦးလွင်ပကဖ )
ဓါတ်ပုံ-ပြင်ဦးလွင်ပကဖ )
😭68😡20🤬7❤5💔3👍1👎1
ရွှေဈေးနှစ်ရက်အတွင်းတစ်သိန်းခုန်တက်ပြီး ၇၈သိန်းနီးပါးဖြစ်လာ
■ဒေါ်လာအဝယ်လိုက်လာပြီးဈေးလှုပ်
ဇွန် ၆ ၊၂၀၂၅။ ရဲခေါင်/People's Spring
ပြည်တွင်းရွှေစျေး တစ်ကျပ်သား ၇၈ သိန်းနား
ကပ်လာပြီး ဒေါ်လာငွေလဲနှုန်းလည်း စျေးတက်လာနေကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်း
အဝယ်ပြုလုပ်နေသူအချို့က ပြောသည်။
ယနေ့(ဇွန်လ ၆ ရက်) နံနက်ပိုင်း ပြင်ပရွှေစျေးကွက် အရ ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇၇ သိန်း ရှစ်သောင်း ကျပ် နှင့် ၁၅ ပဲရည်တစ်ကျပ်သား ရောင်း စျေး ၇၃ သိန်း ခြောက်သောင်းကျပ်ဝန်းကျင်ရှိလာသည်။
ထို့အတူ ဒေါ်လာငွေလဲနှုန်းသည် ယမန်နေ့ထက် တစ်ဒေါ်လာ လျှင် ဝယ်စျေး ၄၄၀၀ ကျပ် နှင့်
ရောင်းစျေး ၄,၄၃၀ ကျပ် ရှိသည်။
"ရွှေစျေးကတော့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း တစ်ကျပ်သား ကျပ်တစ်သိန်းလောက်တက်တယ်။ ကမ္ဘာ့ စျေးအပေါ်မူတည် ပြီးတက်နေတာလို့ပြောရတယ်"ဟု ပြင်ပ ရွှေစျေးကွက်၌ အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ရွှေစျေးတက်နေသည်ကို ရှင်းပြသည်။
ဒေါ်လာစျေးမှာမူ အရောင်းထက် အဝယ်လိုက်လာ၍ ယခင်ရက်ပိုင်း စျေးထက် တစ်ဒေါ်လာ ၃၀ ကျပ်တက်လာကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူက အသိပေးသည်။
"ငလျင်အပြီး စီးပွားရေးနဲ့ ဒေါ်လာလိုအပ်ချက် က လိုကိုလိုနေတာ။ပိုဆိုးတာက မနေ့က ILO ရဲ့ Article 33 ပါ ပါလာတော့ ဘာဆက်ဖြစ်မလဲဆိုတာ တွေးကြည့် ပြေးကြည့်တာနဲ့ရှင်းပါတယ်"ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဒေါ်လာစျေးတက်လာနိုင်မှုကို ပြောသည်။
ယမန်နေ့(ဇွန်လ ၅ ရက်)က စစ်ကောင်စီကိုအရေးယူဒဏ်ခတ်ရန် ILO ၏ အပြည်ပြည်ဆိုင်ရာအ
လုပ်သမားအဖွဲ့ ညီလာခံ ၌ ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် စစ်တပ်အာဏာသိမ်းထားသည့် မြန်မာ နိုင်ငံနှင့်ပတ်သက်၍ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွင် ကုလသမဂ္ဂ အေဂျင်စီများကထောက်ပံ့သည့်နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစသည်များကို ရပ်တန့်ကာ စစ်ကောင်စီကို အကြမ်း ဖက်စစ်တပ်အဖြစ် တရားဝင်သတ်မှတ်ခြင်းနှင့် စစ်တပ်မှကျူးလွန်သူများကို နိုင်ငံတကာတရားရုံး၌ ရုံးတင်စစ်ဆေးအရေးယူခြင်းတို့ ပါဝင်သည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ စီး
ပွားရေးလုပ်ငန်းရှင်တို့သည် စစ်ကောင်စီနှင့်ဆက်
နွယ်ပတ် သက်မှုကိုရှောင်ကြဥ်ရတော့မည်လည်းဖြစ်သည်။

👍67❤23😁3🥰2
ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု သံသယတရားခံ ၈ဦးကို AA ဖမ်းဆီးစစ်ဆေးနေ
ဇွန်-၆၊ ၂၀၂၅။ ဇော်ရမ်း/People's Spring
မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိ (၈) ဦးအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါအမှုသည် ဧပြီ ၆ရက်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူ၏ ရုပ်အလောင်းအား ရွာအနီးရှိ သစ်ပင်တွင် ကြိုးဖြင့်တွဲလောင်းချည်ထားခဲ့ခြင်းကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ ကနဦးတွင် အသက် ၃၀အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဆက်စပ်တရားခံများကို ထပ်မံဖမ်းဆီးခြင်းဟု သိရသည်။
"အုပ်စုဖွဲ့ကျူလွန်ခဲ့တဲ့သဘောပဲ။ ကျတော်တို့က ဒီအမှုကို လူသိရှင်ကြားနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ပြောချင်ပါတယ်"ဟု ရခိုင်ဒေသခံ သတင်းရင်းမြစ်ကပြောသည်။
သံသယတရားခံ (၈) ဦးအား DLEPSက ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲတင်ပြစ်ဒဏ်ပေးနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက သတင်းထုတ်ပြန်ထားသည်။
မင်းပြားမြို့နယ်၌ ဖြစ်ပွားခဲ့သည့်အဆိုပါအမှုသည် ကျူးလွန်ခံရသူနှင့် မိသားစုဝင်များသာမက လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နိုင်သည့် ကြီးလေးသော ရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်ချ အရေးယူပေးရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း(၁၁)ဖွဲ့က မေလ ၁၁ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်ဘက်မလိုက်ဘဲ အချိန်နှင့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိရေးအာမခံပြီး စီရင်ချက်ချမှတ်ပေးရန်၊ အာရက္ခဒေသနေ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကျူးလွန်ခြင်းများ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်အောင် ကာကွယ်တားဆီးပေးသည့် လုပ်ငန်းစဥ်များ ချမှတ်ပေးရန် ၎င်းတို့က တောင်းဆိုခဲ့သည်။

👍66👏12❤7🤬3🤣3🥰1
ညီရင်းအကိုလို ချစ်ခင်ကြတဲ့ နိုင်ငံရေး မဟာမိတ်နှစ်ဦး အကွဲအပြဲ စတင် | People's Spring
https://youtu.be/anCOnhdLcTY
https://youtu.be/anCOnhdLcTY
YouTube
ညီရင်းအကိုလို ချစ်ခင်ကြတဲ့ နိုင်ငံရေး မဟာမိတ်နှစ်ဦး အကွဲအပြဲ စတင် | People's Spring
ညီရင်းအကိုလို ချစ်ခင်ကြတဲ့ နိုင်ငံရေး မဟာမိတ်နှစ်ဦး အကွဲအပြဲ စတင်
ဇွန် - ၆ ၊၂၀၂၅ /People's Spring
နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ကြဖူးပေမယ့် အခုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အီလွန်မတ်စ်ခ်တို့ကြားက လူသိရှင်ကြား ပဋိပက္ခတွေဟာ…

🤣50❤11🔥1
စစ်ကောင်စီဟာ ယာဥ်စစ်ဆေးရင်းနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာတွေ လုပ်နေတယ်လို့ စစ်ကိုင်းနဲ့ မန္တလေး မြို့ခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာတင် ယာဥ်စစ်ဆေးခံရပြီး ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေ အများအပြား ရှိနေကာ ဇွန်လ ၃ ရက်နေ့ကတင် လူငယ်တွေ အဖမ်းခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒီက ထောင်မချဘူး။ပေါ်တာတခါတည်း ဆွဲခေါ်သွားတာ။ ပိုက်ဆံနဲ့ရွေးနိုင်ရင်ရွေး။ မရွေးနိုင်ရင် ပေါ်တာထဲပါတာ။”လို့ မုံရွာမြို့နေ လူလတ်ပိုင်းအမျိုးသားတဦးက ပြောပါတယ်။ ဒီကနေ့ ဇွန်လ ၅ ရက် မနက်ပိုင်းမှာလည်းစစ်ကိုင်းတံတား(ရတ
နာပုံတံတား) စစ်ကိုင်းဘက်ခြမ်းမှာ စစ်ကောင်စီတပ်က ယာဥ်စစ်ဆေးရင်း လူငယ်တွေကို စစ်မှု
ထမ်းဖို့ ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ ငွေကြေးတန်ဖိုးပိုကြီးတဲ့ Clickတို့ Scoopi တို့လို ဆိုင်ကယ်တွေကို ဦးစားပေးဖမ်းလေ့ရှိတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။ ပြစ်မှုတခုခုတွေ့တာနဲ့ ယာဥ်တွေကို ကားပေါ်တင်ပြီး တခါတည်းသိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဖမ်းစေချင်ရင် ငွေကြေးသိန်းချီတောင်းယူနေတယ်လို့ သိရပါတယ်။
“ယာဥ်မောင်းလိုင်စင်၊ယာဥ်လိုင်စင်အကုန်ပါတယ်။ မေးသိုင်းကြိုးမတပ်လို့တဲ့။ လေးသိန်းပေးလိုက်ရတယ်။အကုန်ဖမ်းတာ။ရက်ရက်
စက်စက်ကို ဖမ်းတာ။”လို့ မုံရွာမြို့ခံလူငယ်တဦးက ပြောပါတယ်။
စစ်ကောင်စီက အခုလိုပြည်သူတွေကိုဖိနှိပ်နေတာဟာ စစ်ကောင်စီစိုးမိုးထားတဲ့ ဒေသတွေမှာပဲဖြစ်ပါတယ် ။တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ၊တော်လှန်ရေး အဖွဲ့တွေစိုးမိုးတဲ့ မြို့တွေ ၊ဒေသတွေမှာတော့မလုပ်နိုင်ပါဘူး ။
မွန်ပြည်နယ်က တော်လှန်ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ဇွန် ၄ ရက်နေ့မှာပြည်သူတွေ ခက်ခဲကြပ်တည်းနေချိန်မှာ လိုင်စင်မဲ့ယာဥ်တွေကို အကြောင်းပြ ဖမ်းဆီးလုပ်စားနေတာတွေကို သတိပေးပါတယ် ။စစ်ကောင်စီ ဝန်ထမ်းတွေကိုယ်တိုင် လိုင်စင်မဲ့ယာဥ်တွေစီးနင်းနေကြရပြီး ပြည်သူတွေကို ဖမ်းဆီး ဒုက္ခပေးရင် အရေးယူမယ်လို့ သတိပေးရေးသားထားပါတယ် ။
ရေးဘီလူးရဲ့ သတိပေးချက်ကို ပြည်သူအများအပြားက သဘောကျခဲ့တာကိုတွေ့ရပါတယ်။
https://www.ludunwayoo.com/feature-mm/2025/06/06/123141/

LuduNwayOo
မြို့ပေါ်က ဆိုင်ကယ်သမားများရဲ့သောက
မနက်လင်းပြီဆိုတာနဲ့ ဆိုက်တွဲတစီးနဲ့ ပတ်ထွက်တတ်တဲ့ မန္တလေးမြို့၊ ဆင်ခြေဖုန်းရပ်ကွက်တခုက အသက် ၃၀ ရွယ် ကိုမြင့်(အမည်လွှဲ)တယောက် ဒီကနေ့မနက်မှာတော့ သူ့အိမ်ရှေ့က လမ်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေတယ်။
🤬57❤16😡4😁2👎1🥰1😢1
ဗိုလ်မှုးချုပ်ဟောင်းပစ်သတ်ခံရမှုမှာပါဝင်သူတပ်ဖွဲ့ဝင်တွေအားလုံးဘေးကင်းတယ်လို့GVWဆို | People's Spring
https://youtu.be/V5ZDmcTpbUs

ဗိုလ်မှုးချုပ်ဟောင်းပစ်သတ်ခံရမှုမှာ ပါဝင်သူတပ်ဖွဲ့ဝင်တွေအားလုံးဘေးကင်းတယ်လို့ GVW ဆို
ဇွန် - ၆၊၂၀၂၅ / People's Spring
ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့မှာ ဗိုလ်မှုးချုပ်ဟောင်း ချိုထွန်းအောင်ကို ပစ်ခတ်လုပ်ကြံသွားသူ တွေကို ဖမ်းမိပြီလို့ စစ်ကောင်စီက ကြေညာပေမယ့်…

👍70❤12🖕3🔥1🥱1🤣1
ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို
NUG ကာကွယ်ရေး စီးနင်းဖမ်းဆီး
■ကျပ်သိန်းတစ်သောင်းကျော်၊ ရွှေချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆီးနိုင်ခဲ့
ဇွန်-၆၊၂၀၂၅။ကဖေး/People's Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲ
သုံးစားမှုများပြုလုပ်နေသဖြင့်NUGကာကွယ်
ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
"MOD က ဆင်းဖမ်းတာပါ။ အဲ့အဖွဲ့ကတစ်စင်ထောင်ချင်တဲ့ အနေအထားရှ်ိလာတာရယ်၊ သိန်းသောင်းချီပြီး အဂတိလုပ်နေတာကြောင့် ဖမ်းတာပါ။အာကာဆိုသူ ဦးဆောင်တဲ့အဖွဲ့ပါ"ဟုဗန်းမောက်ဒေသခံသတင်းရင်းမြစ်ကပြောသည်။
ဇွန်လ ၃ရက်ညနေပိုင်းတွင်ကစီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့ထံမှ ရွှေချောင်းအချို့နှင့် ငွေကျပ်သိန်းတစ်သောင်းခြောက်ထောင်ကျော်သိမ်း
ဆည်းနိုင်ခဲ့ကြောင်းဗန်းမောက်မြို့နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန နှင့် နီးစပ်သူကပြောသည်။
၎င်းက " သူတို့မှာ တရားမ၀င်ရွှေလုပ်ကွက်တွေရှိတယ်။ ငွေအလွဲသုံးစားလုပ်တာလဲရှိတယ်။ သယံ
ဇာတနဲ့ပတ်သက်ရင်မတရားအခွန်ကောက်တာတွေကောပဲ။ဝယ်ထားတဲ့လက်နက်တွေကလည်းအကောင်းစားတွေ။တိုက်ပွဲမှာတောင်မမြင်ဘူးတဲ့ဟာတွေ" ဟုဆက်ပြောသည်။
အဆိုပါအဖွဲ့သည်ဗန်းမောက်မြို့နယ်မှထွက်ရှိသည့် သယံဇာတများကို စီမံခန့်ခွဲရန်အတွက် NUGအစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်း
ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့်မတ်လတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အောက်တွင် မြို့နယ်၊ခရိုင်၊တိုင်းအဆင့်များဖွဲ့စည်းထားပြီး ပြည်ထောင်စု နှင့် အောက်ခြေအဖွဲ့များ ထိထိရောက်ရောက်ချိတ်ဆက်နိုင်ရန်အတွက် အထူးသယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ကို ထပ်မံဖွဲ့စည်းထားခြင်းဖြစ်သည်။
"ဗန်းမောက်အထူးအဖွဲ့က Third Partyထောင်ပြီး အာဏာဖီဆန်လာတဲ့ပုံစံရယ်၊ ဒေသခံတွေအပေါ် အာဏာပြလာတာတွေရယ်ကြောင့်MODက လက်
ဦးမှုယူပြီးဖမ်းဆီးလိုက်တာ။ အခုက အခြေအနေအားလုံးတည်ငြိမ်ပါတယ်"ဟု ဗန်းမောက်ဒေသခံသတင်းရင်းမြစ်ကပြောသည်။
ဖမ်းဆီးလိုက်သည်အဖွဲ့၏ခေါင်းဆောင်မှာ ဦးအာကာ ဆိုသူဖြစ်ပြီး ပြည်ထောင်စုအာကာအမည်ဖြင့် အဖွဲ့တစ်ဖွဲ့ထောင်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး လက်နက်များလည်း တရားမဝင်ဝယ်ယူထားသည်ကိုတွေ့ရသည်ဟု NUG၊MODနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။
"အာကာနဲ့အတူ သူ့အဖွဲ့ကို ဖမ်းဆီးထားကြောင်းအတည်ပြုပါတယ်" ဟုNUG၊MODနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
ဦးအာကာနှင့်ပတ်သက်သောအချက်အလက်အသေးစိပ်ကို People's Spring ကစုံစမ်းနေဆဲဖြစ်ပါသည်။ ဖမ်းဆီးထားသူ လူဦးရေ နှင့် သိမ်းဆည်းလိုက်သည့်လက်နက်ခဲယမ်း အရေအတွက်ကို မသိရှိရသေးပေ။
ယခုဖြစ်စဥ်အပေါ် NUG၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
လက်ရှိတွင် ဗန်းမောက်မြို့နယ်မှ သယံဇာတများစီမံခန့်ခွဲ ရေးအတွက် NUGအစိုးရ၏သယံဇာတ
နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဌာနက ဆက်လက်ဆောင်ရွက်နေသည်ဟုသိရသည်။
ဗန်းမောက်မြို့သည် ကသာ၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များနှင့်အတူ ကသာခရိုင်အတွင်း၌ပါဝင်သည်။ အဆိုပါလေး မြို့နယ်အနက် အင်းတော်မြို့နယ်ကို အမျိုးသားညီညွတ်ရေးအစိုးရက အ
ပြည့်အဝသိမ်းပိုက်ထိန်းချုပ်ထားပြီး ကသာ၊ ထီးချိုင့်နှင့် ဗန်းမောက်မြို့တို့တွင်လည်း မြို့ပေါ်မှလွဲ
၍ ပတ်ဝန်းကျင်ကျေးရွာများကို ထိန်းချုပ်ထား
သည်။
ဗန်းမောက်မြို့နယ်၌ ရွှေတူးဖော်ရေးလုပ်ငန်းများအပြင် သံရိုင်း၊ ခဲ၊ ဘော်၊ ကြေး၊ ရွှေဖြူ စသည့် သတ္တုများများလည်းထွက်ရှိပြီးNUGအစိုးရ၏
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စီမံခန့်ခွဲနေသည်။
NUGကမေလ ၈ ရရက်က ကျင်းပခဲ့သည် ပြည်
ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင်သယံဇာတသည် ပြည်သူအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်အမွေအနှစ်ဖြစ်သောကြောင့် စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ပြီး တစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲခြင်းမျိုး လုံးဝလက်ခံ၍ မရကြောင်း ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်
ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။
ဗန်းမောက်မြို့နယ်အပြင် အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားသည့် မြို့နယ်အချို့၌ သယံ
ဇာတထုတ်လုပ်ရေး နှင့် စီမံခန့်ခွဲမှုအပိုင်း၌ အဂ
တိလိုက်စားမှု အချို့ရှိနေ၍ ပြည်ထောင်စုအဆင့်မှနေ၍ ထိန်းသိမ်းကိုင်တွယ်ပေးရန် တောင်းဆိုမှုများရှိနေသည်။

👏95❤39👍21😁3🫡3🥰1😱1
ထားဝယ်မြို့ တံခွန်ငါးစျေးအနီး လက်နက်ကြီးအထိုင်ချစစ်တပ်စခန်း တိုက်ခိုက်ခံရ
ဇွန် - ၆၊ ၂၀၂၅။ကျော်စွာ/People's Spring
ထားဝယ်မြို့၊ တံခွန်ငါးစျေးအနီး လက်နက်ကြီး အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို မဟာ မိတ်တပ်ဖွဲ့နှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စီကောင်စီတပ်ဗျူဟာမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း Special Guerrilla Force - SGF က ယနေ့(ဇွန်လ ၆ ရက်)ထုတ်ပြန်သည်။
မေလ ၃၀ ရက်နေ့ည ၇ နာရီခန့်က ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ တံခွန်ငါးစျေးအနီး လက်နက်ကြီးအထိုင်ချထားသော စစ်ကောင်စီတပ်ကို SGF နှင့် ပင်လယ်ကြယ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
"ကျနော်တို့ ပြောမယ်ဆိုရင် သတင်းကြိုရတဲ့အ
တွက် လက်နက်ကြီးအထိုင်ချထားတဲ့နေရာကို သွားတိုက်ခိုက်တာဗျ။ အဲဒီနေရာက လောင်းလုံဘက်မှာဖြစ်ဖြစ်၊ ထားဝယ်အနီးတိုက်ပွဲဖြစ်တာဖြစ်ဖြစ် လက်ကြီးနဲ့လှမ်းထုနေကြနေရာ"ဟု ထားဝယ်အခြေစိုက် Special Guerrilla Force - SGF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအမြှောက်တပ်တစ်ခုမှ ဗျူဟာမှူးအပါဝင် (၁၁)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကာတော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုအခြေအနေကို People's Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
တိုက်ခိုက်ခံရသည့် ထားဝယ်ကမ်းနားလမ်း၊ တံခွန်ငါးစျေးရှိ လက်နက်ကြီးအထိုင်တွင် ပုံမှန်အားဖြင့် စစ်ကောင်စီတပ်မှ အင်အား ၁၀ ဦးကျော်တပ်ချထားလေ့ရှိရာ စစ်ဆင်ရေးပြုလုပ်သည့်နေ့တွင် ဗျူဟာမှူးဦးဆောင်၍ ၁၅ ဦးခန့်ရှိနေကြောင်း SGF ထံမှ သိရသည်။
အထက်ပါ တံခွန်ငါးစျေး လက်နက်ကြီးအထိုင်ချနေရာအား တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဆိုသော စစ်ကောင်စီတပ်ဗျူဟာမှူးမှာ အမြှောက်တပ်မှဟုသာသိရှိရပြီး ၎င်း၏နာမည်နှင့် မိခင်တပ်
ရင်းတို့ကိုသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

👏67❤14👍12😁2