People's Spring
61.6K subscribers
68.4K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ-စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်၊ DDMSC
🥰40👍1410👏2🔥1
ILO က စစ်​ကောင်စီကိုအ​ရေးယူရန်ဆုံးဖြတ်ခြင်းသည်မြန်မာပြည်သူများ၏​အောင်ပွဲဖြစ်​ကြောင်း
NUGထုတ်ပြန်

ဇွန်-၅၊၂၀၂၅။ရဲခေါင်/People's Spring

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်
သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)
ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်
သူလူထု၏ အောင်ပွဲဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။

ယနေ့ (ဇွန်လ ၅ ရက်) တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ တွင် ILO ကစစ်အုပ်စုကို အရေးယူရန်ဆုံးဖြတ်ခြင်းဟု ဖော်ပြသည်။

သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်လိုက်ခြင်းသည် မြန်မာပြည်သူလူထုအပေါ် တကမ္ဘာလုံးနှင့် ILO တို့က မျက်ကွယ်ပြုမထားကြောင်းကို မျက်မြင်သက်သေပြခြင်းပင်ဖြစ်ကြောင်းလည်း အသိပေးသည်။

ILO ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု
၏ အောင်ပွဲဖြစ်ပြီး မြန်မာပြည်သူလူထုကနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်တပ်၏ သေ
နတ်ကျည်ဆံများ၊နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ၊အ
မျိုးသမီးများအ ပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ၊ အရပ်သားပြည်သူလူထုနှင့် စာသင်ကျောင်းများ၌ ပညာသင်ကြားနေသည့် ကလေးငယ်များအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကြားထဲတွင် ကြံ့ကြံ့
ခံ ရင်ဆိုင်ခြင်းမှရရှိခဲ့သည့် ပြည်သူ့အောင်ပွဲဟု ​ဖော်ပြထားသည်။

မြန်မာပြည်သူများအပေါ်တွင် ဖိနှိပ်သတ်ဖြတ်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ကမ္ဘာ့အလယ်တွင်ဖော်ထုတ်ပြသနိုင်ခဲ့ကြာင်း လူ့အ
ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ပြောသည်။

အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်
အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် ILO ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် နှင့် စုရုံးခွင့်ဆိုင်
ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ နှင့် အဓမ္မအလုပ်ခိုင်း စေခြင်းဆိုင်ရာ ပြ ဋ္ဌာန်းချက်အမှတ် ၂၉ တို့ကို ကျူးလွန်ချိုးဖောက်မှုများကြောင့် ပုဒ်မ ၃၃ (Article 33 ) အရ အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ဟု သိရသည်။

စစ်အုပ်စုကို အရေးယူရေး ဆုံးဖြတ်ချက်ချနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ် အဖွဲ့ ကိုယ်စား မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု (MLA/CTUM) မှ ဦးမောင်မောင်က ညီလာခံတွင် ကနဦးအဖွင့်အမှာစကားတွင် တိုက် တွန်းခဲ့ကြောင်း အသိပေးသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယကိုယ်စားလှယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏သုံးပွင့်ဆိုင်အဖွဲ့ဝင်၊ အလုပ်
သမားကိုယ်စားလှယ်ဒေါ်ဖြိုးစန္ဒာစိုး(MLA/CTUM)က စစ်အုပ်စု၏အခြေခံအလုပ်သမားအ
ခွင့်အရေး၊ လူ့အခွင့် အရေးချိုးဖောက်မှုများ၊အ
နိုင်ကျင့် ဖိနှိပ်မှု များ၊ အကြမ်းဖက်လုပ်ရပ်များကို ဖွင့်ချခဲ့သည်။

Article 33 အရ အရေးယူခြင်းသည်လက်စား
ချေခြင်းမဟုတ်ဘဲ မြန်မာပြည်သူလူထု၏ ဂုဏ်
သိက္ခာ၊ တရားမျှတမှု၊ မြန်မာပြည်သူလူထုများ၏ တိုးတက်ရေး၊ ဘဝပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်ကြောင်း ဒေါ်ဖြိုးစန္ဒာစိုးက​ပြောခဲ့သည်။

ညီလာခံသို့ မြန်မာပြည်သူလူထုအား ကိုယ်စားပြုသည့်အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမား
ဝန်ကြီး ဌာန ဦးဆောင်သည့် အစိုးရ၊ လုပ်ငန်းရှင်၊ အလုပ် သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့် အခြေခံအခွင့် အရေးများ ပြန်လည်ရရှိရေး ကြိုး
ပမ်းဆောင်ရွက်မှုများတွင် ယခုကဲ့သို့ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်လိုက်ခြင်းဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာပြည်သူလူထုနှင့်အတူ ILO အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊အလုပ်ရှင်၊အလုပ်သမားကိုယ်စား လှယ်များ၊ နိုင်ငံတကာတွင် ရှိနေသည့် အလုပ်သမားများ၊အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ခေါင်း
ဆောင်များက မြန်မာပြည်သူလူထုနှင့်အတူတသားတည်းရပ်တည်ကြောင်းပြသခဲ့ခြင်းဟု NUG ကအသိပေးသည်။

စစ်အုပ်စုကို Article 33 အရ အရေးယူမည့်ကိစ္စကို အဆိုတင်သွင်းသည့်အခါတွင် မြန်မာစစ်အုပ်စုနှင့် တကမ္ဘာလုံးကို နိုင်ထက်စီးနင်းပြု၊ အနိုင်ကျင့်ရန် ကြိုး စားနေသည့် ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသည်။

သို့သော် ယခုညီလာခံသို့တက်ရောက်လာကြသည့် အလုပ်ရှင်ကိုယ်စားလှယ်များ၊အလုပ်သမားကိုယ်
စားလှယ်များ၊ နိုင်ငံတကာမှတက်ရောက်လာကြသည့် စီးပွားရေးကိုယ်စားလှယ်များမှ မြန်မာလူထုနှင့်အတူ တခဲနက် ထောက်ခံခဲ့ကြောင်းသိရသည်။

Article 33 ဆုံးဖြတ်ချက်အောင်ပွဲသည် တကမ္ဘာလုံးတွင် ရှိနေကြသည့် စစ်အုပ်စုနှင့် စစ်အုပ်စု၏ အပေါင်း ပါများကို လက်နက်ရှိတိုင်း နိုင်ထက်
စီးနင်း လုပ် ဆောင်၍ မရကြောင်းကို သက်သေပြနိုင်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာပြည်သူများအတွက် နိုင်ငံတကာထံ အကြိမ် ကြိမ်အကူအညီတောင်းခံခဲ့သော်လည်းတုံ့ပြန်ဆောင် ရွက်မှုနှင့် ပူးပေါင်းပါဝင်မှု နှေးကွေးနေသော်လည်း ဒီမိုကရေစီစနစ်ကို အပြည့်အဝ လက်
👏44👍2014🥰1🤮1
ခံကျင့်သုံးသည့်ILOသုံးပွင့်ဆိုင်ယန္တရားတွင် တည်
ရှိနေသည့် နိုင်ငံ တကာ အစိုးရများ၊ အလုပ်ရှင်များ၊ အလုပ်သမားများ အနေဖြင့် မြန်မာပြည်သူ
လူထု၏ ဘဝကို မျက်ကွယ်ပြုမထားဘဲ တသားတည်း ရပ်တည်ပြီး စစ်အုပ်စုအနေဖြင့် နိုင်ထက်
စီးနင်း ပြုနေမှုများကို မည်သူကမျှ လက်မခံနိုင်ကြောင်းကို ပြတ်ပြတ် သားသား ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံသို့ သွားရောက်တိုက်ပွဲဝင်နေသူများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ် သမားဝန်ကြီးဌာန ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ် စားလှယ် အဖွဲ့ဝင် အခွင့်အရေးချိုးဖောက်ခံနေရသည့် အဖိနှိပ်ခံ အလုပ်ရှင် နှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
👍7413🥰5👏4🤮1
🥰5820👍18👏7🤮1
ဗိုလ်မှုးချုပ်ချိုထွန်းအောင်ကိုပစ်ခတ်ခဲ့သည့် ရဲဘော်များ ဘေးကင်းဟု GVW တာဝန်ရှိသူပြော

■စစ်​ကောင်စီထုတ်ပြန်ချက်တွင်ကွဲလွဲချက်များစွာရှိ​နေဟု GVW ​​ထောက်ပြ

ဇွန်-၅၊၂၀၂၅။သတိုး/People's Spring

အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ရှင်းလင်းခံရမှုတွင်ပါဝင်ခဲ့သည့် ရဲဘော်များအားလုံးဘေးကင်းပြီး စစ်ကောင်စီ၏ လုပ်ကြံဇာတ်လမ်းဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများအတွက် စိတ်မကောင်းကြောင်း Golden Valley Warriors အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

"အပြစ်မဲ့ပြည်သူတွေကိုပဲ စာနာ သနားမိပါတယ် ။ ရဲဘော်တွေ အားလုံး လုံခြုံဘေးကင်းကြောင်း ကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်။" ဟု ၎င်းကပြောသည်။

စစ်​ကောင်စီထုတ်ပြန်ချက်တွင် ဖြစ်စဥ်နှင့် သိသာထင်ရှားစွာကွဲလွဲချက်များစွာရှိ​နေ​ကြောင်း အဖွဲ့တာဝန်ရှိသူက​ပြောသည်။

​သေနတ်ဖြင့်ပစ်သူများစီး​သောစက်ဘီကိုစစ်​ကောင်စီထုတ်ပြန်မှုအရ CCTV ထဲတွင်​တွေ့ရ​​သောစက်ဘီးမှာ ငွေရောင် ဘက္ကထီ၂ လုံးတပ် ဟု စိစစ်တွေ့ရှိရ​သော်လည်း သက်​သေခံများဖမ်းမိသည်ဆိုကာထုတ်ပြန်ချက်တွင် အဖြူရောင် ဘက္ကထီ ၃ လုံးတပ် စက်ဘီးဖြစ်နေပြီး ကွဲလွဲ​နေသည်ကို​တွေ့ရ​ကြောင်းသိရသည်။

ထို့အပြင် စစ်​ကောင်စီက ဖမ်းမိသက်​သေခံဟု တင်ထားသည့်သေနတ်သည် သေနတ်အစစ်မဟုတ်ဘဲ propane gas ဖြင့်ပစ်ရသည့်ကော်စေ့သေနတ်ဖြစ်​နေကြောင်း လက်နက်ကျွမ်းကျင်သူများ၏ မှတ်ချက်အရသိရသည်ဟု Golden Valley Warriors က​ပြောသည်။

ထို့​ကြောင့် စစ်​ကောင်စီသည် ဖြစ်စဉ်အနီး ရှိ ဆောက်လုပ်ရေး ဆိုဒ်များထဲမှ အလုပ်သမားများကိုပါ တရားခံ စာရင်းသွင်းခြင်း၊ ၆ နှစ်အရွယ်ကလေးငယ်ကိုပါ တရားခံလုပ်ပြ၍ တော်လှန်ရေး ဘက်တော်သားများကို ကြောက်စိတ်ဝင်စေရန် ခြိမ်းခြောက်ခြင်း ၊CDM များကိုပါခြိမ်းခြောက်လ်ို၍ တရားခံစာရင်းထဲထည့်ထားခြင်း ၊ ​တွေ့ရာတက္ကစီ ၊ဘေးတွဲ ၊ ဆိုင်ကယ်တက္ကစီ ၊ အဝေးပြေး ယာဉ်မောင်း မှန်သမျှ ကို တရားခံ လုပ်ထားသည်ဟု အဖွဲ့ကသုံးသပ်ထားသည်။

စစ်ကောင်စီကမူ ဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို ရှင်းလင်းခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ ၊ ယင်းဖြစ်စဉ်အတွက်ကူညီပေးခဲ့သူများဟုစွပ်စွဲကာ အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၁၆ ဦးကိုဖမ်းဆီးခဲ့ကြောင်း ဇွန် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

" ကလေးလေးတွေ တက္ကစီးသမားတွေ ဘေးတွဲသမား CDM ဆရာဝန်တွေ ကိုပါ ဖမ်းပြပြီးတရား
ခံ လုပ်ပြပုံထောက်ရင် ဒီကောင်တွေကို အထက်က တော်တော်ထောင်းလို့ဖြစ်မယ် ၊ ဖမ်းချင်ရာလျောက်ဖမ်းထားမှန်း စာသေချာ ဖတ်ကြည့်တာနဲ့သိသာနေတယ် ဆက်စပ်မှုလဲမရှိဘူး သေချာတာတော့ တော်တော်အဖိအထောင်းခံထားရလို့ ပြည်သူကိုပြန်မဲနေတာမျိုးပဲ’’ ဟု CDM ကျောင်းဆရာတဦးက ပြောသည်။

စစ်ကောင်စီက အထက်ပါ ဗိုလ်မှုးချုပ်ကို ပစ်ခတ်ခဲ့သည်ဟုစွပ်စွဲခံရသည် မျိုးကိုကို ၊ ၎င်း၏ ဇနီးနှင့် ခြောက်နှစ်အရွယ်သမီးကို ပုဂံမြို့‌ဟောင်း ၌ ဖမ်းဆီးခဲ့ပြီး လိုက်ပါပို့ဆောင်ပေးသူများကိုလည်း ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

ထို့အပြင်မျိုးကိုကို၏ ထွက်ဆိုချက်ဖြင့်ဟုဆိုကာ ပစ်ခတ်ရာတွင်ပါဝင်ခဲ့သည့် ချစ်ကိုကို နှင့် မိသားစုဝင်များကို ပဲခူးမြို့စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခဲ့သည်ဟု လည်းဆိုသည်။

ယင်းဖြစ်စဉ်၌ ကင်းထောက်ပြုလုပ်ပေးသူများဟုဆိုကာကြည့်မြင်တိုင်မြို့နယ်၌ ဖမ်းဆီးခဲ့ပြီး ပစ်
ခတ်မှုတွင် ဒဏ်ရာရသောကြောင့် ကုသပေးသူဟုဆိုကာ သာကေတ မြို့နယ် လင်းဆေးခန်းမှ ဆရာ
ဝန်နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်၌ အသုံးပြုခဲ့သည့် စက်ဘီးကို သုံးဘီးယာဉ်ဖြင့်တင်ဆောင်ခဲ့သည်ဟုဆိုကာ မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသားတစ်ဦးနှင့် ထောက်ပို့ ပြုလုပ်သည်ဟု စွပ်စွဲထားသည့် အမျိုးသားတစ်ဦးကိုလည်းဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများကို ဓာတ်ပုံများနှင့်အတူ ဖော်ပြထားခြင်းဖြစ်ပြီး ခြောက်နှစ်အရွယ်ကလေးကို ပြစ်ဒဏ်ကျူးလွန်သူ၏ စွပ်စွဲထားသည့်အပေါ် ပြည်သူများကပြင်းထန်စွာဝေဖန်မှုများရှိသည်။

ယင်းဖြစ်စဉ်ကို အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး၏ စေခိုင်းချက်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

"သူတို့က အမြဲ ခြေတလှမ်းနောက်ကျနေတာ အားလုံးအသိပဲ အရှက်ပြေလိုက်ဆက်စပ် နေတယ်လိုမြင်တယ်" ဟု မြို့ပြပြောက်ကျားရဲဘော်တစ်ဦးကပြောသည်။

စစ်​ကောင်စီ၏ ထုတ်ပြန်ချက်တွင် ​သေနတ်ဖြင့်ပစ်ခတ်သူများစီးနင်း​သော စက်ဘီးကို သုံးဘီးဖြင့်တင်သွားသည်ကို​တွေ့​သောသူကသတင်း​ပေး၍ သုံးဘီးယာဥ်​မောင်းမှတဆင့် ​ခြေရာခံ​ဖော်ထုတ်
သည်ဟု​ရှေ့တွင်​​​ဆို​သော်လည်း ၊​ ​သေနတ်ဖြင့်ပစ်သူနှစ်ဦးသည် ရွှေ​ပေါက်ကံမြို့သစ် ရှိ Safe House မှ ဦးချိုထွန်း​အောင်အိမ်သို့စက်ဘီးဖြင့်စီးသွားပြီး​သေနတ်ဖြင့်ပစ်ကာ စက်ဘီးဖြင့်ပင် ပြန်သွား​ကြကြောင်း​ဖော်ပြထားပြန်သည်။ထို​ကြောင့် သုံးဘီးဖြင့်တင်သွားသည်ဆို​​သောအချက်ဖြင့်ကွဲလွဲ​နေသည်။

ထို့အပြင် ဦးချိုထွန်း​အောင်ကို ​သေနတ်ဖြင့်ပစ်ခတ်သူဟုစွပ်စွဲခံထား​ရ​သော မျိုးကိုကို(​ခေါ်)စိုင်းကိုကို သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ဦးမင်း​တေဇညွန့်တင် ၊အမျိုးသားဒီမိုက​ရေစီပါတီသစ် ဥက္ကဌ ဦးသန်းထွန်း နှင့် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးတို့ကို ရန်ကုန်၌
51👍12🤣4🔥1😁1
ပစ်ခတ်သတ်ဖြတ်ခဲ့သူဖြစ်​ကြောင်းလည်းထပ်မံစွပ်စွဲထားသည်ကို​တွေ့ရသည်။ပစ်ခတ်သတ်ဖြတ်မှုများအတွက် ၁ကြိမ်လျင် NUG က NUG Pay ဖြင့် ၂သိန်းကျပ်​ပေးသည်ဟုလည်းစွပ်စွဲထားသည်။

ရှင်းလင်းခံရသည့် အငြိမ်းစားဗိုလ်မှုးချုပ် ချိုထွန်းအောင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College-NDC) တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားပေးနေပြီး အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို စစ်ဘက်ရေးရာ သင်ကြားမှုများပြုလုပ်နေသူဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် ရှင်းလင်းခဲ့ခြင်းဟု Golden Valley Warriors အဖွဲ့ကအသိပေးထားသည်။

ဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို မေလ ၂၂ ရက် နံနက်က ၎င်းနေထိုင်သည့် မရမ်းကုန်းမြို့နယ် ၌ သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်သည်။
👍45😁113🥰1
​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး​သေဆုံးခဲ့​သော အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို အာဏာသိမ်း​ခေါင်း​ဆောင်၊ ​ အာဏာရှင်​ဟောင်းဦး​နေဝင်း​မြေးများနှင့် တပ်မ​တော်​နေ့အခမ်းအနားတွင်​တွေ့ရစဥ် ။
33🖕20💩15🤮6🤬5😁2👍1👏1
■Essay

"ဖေဖေနဲ့မေမေထံသို့ပေးစာ"

-သစ်ရွက်ရေးသားသည်။

ဖေဖေနဲ့မေမေ
သားစာရေးလိုက်ပါတယ်။ ညကဖေဖေနဲ့မေမေကိုသားအိပ်မက်မက်တယ်။ အိပ်မက်ထဲမှာသားတို့ မိသားစုပြန်ဆုံကြတယ်။စကားတွေပြောဖြစ်ကြတယ်။ သားတို့သုံးယောက်လုံးပြုံးရယ်လို့ပေါ့။

သတိရတယ်ဖေ၊ လွမ်းဆွတ်တယ်မေ။
ပြီးခဲ့တဲ့လေးနှစ်ဟာသားဘဝမှာအပင်ပန်းဆုံးကာ
လပါပဲ။ ရင်ထဲမှာနာကျင်တဲ့အခါတိုင်းမှာဖေနဲ့မေကို တမ်းတမိတယ်။ဒီလိုအခြေအနေမျိုးကိုဖေဖေဆိုရင်ဘာပြောမလဲ၊မေမေဆိုရင်ဘာပြောမလဲလို့သားတွေးနေမိတယ်။

အကြမ်းတမ်းဆုံးကာလတွေကိုသားဖြတ်သန်းနေရပါတယ်။တခါတလေမှာမနက်ဖြန်ဆိုတာကို ရင်
ဆိုင်နိုင်သေးရဲ့လားလို့ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်။ဒါပေမယ့်သားဆီမှာခွန်အားတွေ ရှိပါသေး တယ်။ ရှေ့ကိုဆက်လျှောက်တဲ့သားရဲ့ခြေလှမ်းတွေကလည်းသွက်နေဆဲပါပဲ။ အနာဂတ်အတွက် မျော်လင့်ချက်တွေကလည်း ရင်ထဲမှာမီးလိုတောက်လောင်နေဆဲပါပဲ။

ဖေနဲ့မေကိုသားဝန်ခံစရာတစ်ခုရှိပါတယ်။ ဘယ်တုန်းကမှဖေဖေတို့ခွင့်မပြုခဲ့တဲ့ အမူအကျင့်တစ်ခုကို သားပြုလုပ်နေမိပါတယ်။ ဒီနှစ်တွေမှာ သားရိုင်းလာတယ်ဖေနဲ့မေ။

ကြမ်းတမ်းဆဲဆိုတဲ့စကားကိုဘယ်တုန်းကမှမပြောခဲ့တဲ့သားဟာရိုင်းစိုင်းကြမ်းတမ်းလာတယ်။
မရည်ရွယ်ပါဘူးမေမေ။ သားရည်ရွယ်ချက်နဲ့ရိုင်းမိလာတာမဟုတ်ပါဘူး။ ရင်ထဲကခံစားချက်တွေက သူ့ဖာသာသူပုံဖေါ်လာတာပါ။ သားမရည်ရွယ်ပါဘူး။

မန္တလေးမြို့ကလမ်းပေါ်မှာမိန်းကလေးတစ်ယောက်သေနတ်မှန်ပြီးကျဆုံးသွားတုန်းကသား
ရိုင်းမိပါ တယ်မေမေ။ သားပါးစပ်ကဘာတွေထွက်သွားလဲဆိုတာကိုပြန်မတွေးချင်သလို မေတို့ကိုလည်း ပြန်မပြောရဲပါဘူး။ သူ့မိဘတွေဘယ်
လောက်ခံစားရမလဲဆိုတာဟာသားရဲ့ ညအတော်များများကို ခြောက်လှန့်နေခဲ့ပါတယ်။

ရန်ကုန်မြို့ကလမ်းပေါ်မှာဆေးကျောင်းသားလေးတစ်ယောက်ကျဆုံးသွားတော့လည်းသားရိုင်းမိပါ တယ်ဖေဖေ။ဒီတိုင်းပြည်မှာဈေးအပေါဆုံးဟာလူငယ်တွေရဲ့အသက်လားဖေ။ သားရင်နာလိုက်တာ။

မုံရွာမှာတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ထပ်ကျသွားတော့လည်းသားရိုင်းမိတာပါပဲ။ မကောင်းပါဘူးဖေနဲ့မေရယ်။ သားဟာအရမ်းရိုင်းတတ်လာပါတယ်။

အရင်မျိုးဆက်ကကျောင်းသားခေါင်းဆောင်ဟောင်းကြီးတစ်ယောက် နဲ့ ဟစ်ပ်ဟော့ပ်ဂီတရဲ့ပထမ မျိုးဆက်ဂီတပညာရှင်တစ်ဦးတို့ကို အဆုံး
စီရင်လိုက်တဲ့အခါတုန်းကတော့သားမရိုင်းဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်ကထွက်ဖို့စကားလုံးတွေမရှိတော့သလို၊ မျက်ရည်လည်းမရှိတော့ပါဘူး ဖေနဲ့မေ။ သားရိုင်းစရာလည်းမလိုတော့ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကရိုင်းနေပြီပဲမဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုလုံးကမျက်
ရည်တွေချောင်းတစ်ချောင်းအဖြစ်၊မြစ်တစ်စင်းအဖြစ်စီးဆင်းနေပြီပဲမဟုတ်လား။

အခုဆိုရင်ပင်လယ်သမုဒ္ဒရာတောင်ဖြစ်နေလောက်ပြီမဟုတ်လား။

ဗုဒ္ဓဘာသာဝင်တွေကောင်းကောင်းရိုင်းတတ်နေပါပြီမေမေ။ ကျန်တဲ့ဘာသာဝင်တွေလည်းအတူတူပါပဲ။ သူတို့ကမနက်ခင်းတွေကို မိုဘိုင်းဖုန်းလေးတွေပွတ်ရင်းစတင်ကြပါတယ်။ ဒါဟာနေ့တစ်နေ့ရဲ့ ဝဋ်
ကြွေးတစ်ခုစတင်ခြင်းပါပဲ။

နိုး… နိုး…အမြဲတမ်းငိုကြွေးနေကြတာမဟုတ်ပါဘူးဖေဖေ။

တခါတလေ သူတို့ရယ်မောပျှော်ရွှင်ကြပါတယ်၊ အူလှိုက်သဲလှိုက်ပျှော်ရွှင်တဲ့နေ့တွေတောင်ရှိပါတယ်။လူတချို့သေဆုံးတာကို သားတို့ ပျှော်ရွှင်နေကြတယ်မေမေ။ သားပြောတာကိုမေမေယုံရဲ့လား။ သားအဲဒီလောက် ရိုင်းတတ်လာတယ်ဆိုတာကိုမေမေယုံဖို့ခက်နေတယ်မဟုတ်လားမေ။

သားတို့မြို့လေးကိုဖေနဲ့မေမြင်ရင်မှတ်မိမှာမဟုတ်တော့ဘူး။ မြို့ဟာမြို့မဟုတ်တော့ပါဘူး။ မြို့ဟာ သူ့ကိုသူလည်းမမှတ်မိတော့ပါဘူး။သူ့ကိုယ်သူလည်းမြို့လို့မသိတော့ပါဘူး။ မြို့ဟာသူ့ကိုယ်သူ “ရှေ့တန်းစစ်မျက်နှာ”လို့ထင်နေရှာတယ်ဖေဖေ။ သူကြုံတွေ့ရတာတွေကသူ့ကိုမကျန်းမာစေပါဘူး။

မြို့ထဲကလမ်းတွေကလည်းသူတို့ကိုယ်သူတို့လမ်းလို့မသိကြတော့ပါဘူး။ သူတို့ကကိုယ့်ကိုကိုယ် တောနက်ကြီးတွေလို့ထင်နေကြပါတယ်။တော
နက်ဆိုတာကြီးထဲကိုလူတွေမှာမသွားကြတာ မဟုတ်လား။ အမှောင်တွေဝင်လာတာနဲ့လမ်းတွေဟာသူတို့အမြီးကိုလိပ်ပြီး ငြိမ်သက်သွားကြ တော့တာပါပဲမေမေ။ လမ်းတွေလည်းမကျန်းမာကြရှာပါဘူး။

သားတို့လည်းမကျန်းမာကြပါဘူးဖေဖေ။ မိတ်ဆွေတွေတွေ့တဲ့အခါ “နေကောင်းရဲ့လား” လို့ သားမမေးဖြစ်တော့တာကြာလှပေါ့။“ဘာလုပ်နေလဲ”လို့မမေးဖြစ်တော့တာကြာလှပေါ့။ “ဘယ်မှာနေလဲ”လို့မမေးဖြစ်တော့တာကြာလှပေါ့။

မေးခွန်းတွေမမေးကြတော့တဲ့နေ့ရက်တွေကိုဖြတ်သန်းနေကြပါတယ်ဖေဖေ။

သားစာကိုဒီမှာပဲနားပါတော့မယ်။

အိပ်မက်ထဲမှာသားတိုထပ်ဆုံကြမယ်နော်။ဒီတစ်ခါတွေ့ကြတဲ့အခါဝမ်းနည်းစရာတွေမပြောဘူးလို့သားကတိပေးပါတယ်။

ဖေဖေနဲ့မေမေငြိမ်းချမ်းစွားနားပါနော်။
ဖေနဲ့မေကိုချစ်တဲ့
သား ။ ။
👍4219🥰5😢3🤮2
👍46🥰8😢42🤮2
NLDအစိုးရ ရေးဆွဲထားသည့်ပညာရေးသင်ရိုးညွှန်းကို ပြန်ပြင်ဆင်ပြီးပညာရေးစနစ် ဖော်ဆောင် နေဟုTNLA ပြော

■ယခုပညာသင်နှစ်တွင် TNLA ထိန်းချုပ်နယ်မြေ
၌ ကျောင်းပေါင်း ၇၀၀ ကျော်ဖွင့်နိုင်ရန် မျှော်မှန်း

​ဇွန်-၆၊၂၀၂၅။ရဲခေါင်၊ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများ၌ ပညာရေးစနစ်ဖော်ဆောင်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကရေးဆွဲထားသည့်ပညာရေသင်ရိုးညွှန်းကို တအာင်းပြည်ပညာရေးကောင်စီ(TLEC) က ပြန်လည်ပြင်ဆင်ပြီး အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

ဇွန် ၅ ရက်​နေ့ကျင်းပသည့် TNLA၏ သတင်းစာရှင်းလင်းပွဲ၌ ပညာရေးဆိုင်ရာ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။

“ပညာရေးစနစ်ကိုပြောမယ်ဆိုရင်လက်ရှိ ၂၀၂၄ ၂၀၂၅ ပညာသင်နှစ်ကတော့ TLEC ကပဲ ဦးဆောင်နေပါတယ်။သင်ရိုးညွှန်းကိုတော့လက်ရှိ TLEC ရဲ့သင်ရိုးညွှန်းအတိုင်းဖြစ်ပါတယ်။TLEC ကမှ ပြီးခဲ့တဲ့ NLD အစိုးရက ရေးဆွဲထားတဲ့ပ
ညာရေးသင်ရိုးညွှန်းကို အခြေ ခံပြီး TLEC သင်ရိုးညွှန်းကို ပြန်လည်ပြင်ဆင်တယ်။ဒီအတိုင်း သင်ရိုးညွှန်းကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
ဒီအပေါ်မှာအမြဲတမ်းအခြေခံပြီး ဖက်ဒရယ်ပညာ
ရေးစနစ်၊ကျောင်းသားတွေရဲ့တွေးခေါ်မှုကို ပိုမို
မြင့်မားစေမယ့် ပညာရေးစနစ်ပေါ့နော်အားလုံး ကိုခြုံငုံပြီးတော့ ပညာရေးသင်ရိုးညွှန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄-၂၅ ပညာသင်နှစ်တွင် TNLA ထိန်းချုပ်မြို့နယ်များ၌ကျောင်းပေါင်း၆၀၀ ကျော်
ဖွင့်နိုင်ခဲ့ဟုသိရသည်။

"လာမယ့်၂၀၂၅ ၂၀၂၆ ပညာသင်နှစ်အတွက်လည်း ကျောင်းပေါင်း ၇၀၀ ကျော်ဖွင့်လှစ်ဖိုမျှော်
မှန်းပြီးတော့မှ ဇွန်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိကျောင်းများစတင်ပြီး လက်ခံနေပြီဖြစ်ပါတယ်။မိဘပြည်သူများအနေဖြင့် ကလေးငယ် များကို ကျောင်းအပ်ရန် စတင်ပြီးတော့မှ ဆောင်ရွက် နိုင်ပြီဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

ဖွင့်လှစ်ရန် မျှော်မှန်းထားသည် ကျောင်း ၇၀၀ ကျော်အတွက် လိုအပ်နေသည့် ဆရာ၊ဆရာမ ဦး
ရေနှင့်ကျောင်းသား ဦးရေ မျှော်မှန်းချက်များ ရှိကြောင်း ပြောကြားပြီး အရေအတွက် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

“မျှော်မှန်းထားတဲ့ကျောင်းသားဦးရေကတော့လက်
ရှိအချိန်ထိစောင့်ကြည့်နေဆဲဖြစ်ပါတယ်။ကျောင်း
လက်ခံတဲ့အခြေအနေကိုဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။TLEC ကနေ ဘာသာရပ်ဆိုင်ရာနည်းပြမွမ်းမံသင်တန်းတွေလုပ်ခဲ့တာရှိပါတယ်။မေလ ထဲမှာဆိုရင်ကွတ်ခိုင်၊နမ့်ခမ်း၊နမ်မ္မတူ၊မိုင်းငေါ့၊မန်တုံနဲ့နမ့်ဆန် အစရှိတဲ့မြိုနယ်ကျေးရွာတွေမှာ ဆရာ
၊ဆရာမများ ဘာသာရပ်တိုင်ရာမွမ်းမံသင်တန်းတွေပြုလုပ်ခဲ့ပါတယ်” ဟုလွေးယေဦးက ပြော
သည်။

TNLAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်က မဟာမိတ်များနှင့်အတူဆင်နွှဲခဲ့သည့် ၁၀၂၇ရေး တစ်နှစ်ကျော်အတွင်း မြို့ ၁၂ မြို့ အပါအဝင် စစ်ကောင်စီတပ်စခန်းများစွာသိမ်းပိုက်နိုင်ခဲ့ပြီးသိမ်း
ပိုက်ထိန်းချုပ်ဒေသများကို အုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိသည်။
👍758🥰7👏3🤮2😁1
👍476🤮5👏3🤣2
စစ်ကောင်စီက သပိတ်ကျင်းရှိဘုန်းကြီးကျောင်း
ကိုထပ်မံဗုံးကြဲသံဃာတစ်ပါးပျံလွန်တော်မူ၊ပြည်သူ ၄ဦး ဒဏ်ရာရ

ဇွန်-၆၊၂၀၂၅။ထားမြတ်/People's Spring

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေ
ကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံ
တားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်း
တိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။

စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအ
ပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁ရက်က သပိတ်ကျင်းမြို့နယ်၄မိုင်ကန်သာ စာသင်ကျောင်းကိုလည်းစစ်ကောင်စီကဗုံးကြဲခဲ့သေးသည်။

ထိုအပြင် စစ်ကောင်စီသည် ဘုန်းကြီးကျောင်းများကိုပစ်မှတ်ထားတိုက်ခိုက်မှုဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

ဇွန်လ ၃ရက်နေ့ မနက် ၁၁နာရီ ၅မိနစ်ကလည်း
စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားနှင့် ဘုန်းကြီး
ကျောင်းအား တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့ရာဘုန်းတော်ကြီးကျောင်းဆောင် ၂လုံး ပျက်စီးခဲ့သည်။

ပြည်သူများအနေဖြင့် စစ်‌ကောင်စီနှင့် ဝေးရာတွင်နေထိုင်ကြရန်၊ လေကြောင်းရန်ကာကွယ်နိုင်‌ရေး
အတွက်ပုန်းခိုကျင်းများတူးထားကြရန် ပြင်ဦးလွင်ခရိုင်ပကဖ က နှိုးဆော်ထားသည်။

ထိုအပြင်စစ်ကောင်စီဟန်ပြအပစ်ရပ် ကြေညာပြီး ဝါဒဖြန့်မှုကို ပြည်သူများမယုံကြရန် ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူကပြောကြားထားသည်။

စစ်ကိုင်းငလျင် အပြီး သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ၁၃ကြိမ်ထက်မ
နည်း ပြုလုပ်ခဲ့ကာ ပြည်သူ ၄၀ကျော် သေဆုံးကာ ၉၀ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။
😭43😡20🤬10💔42👍2👎2🔥21😁1
ဗုံးကြဲခံရပြီး​နောက် ဘုန်းကြီး​ကျောင်းကို​တွေ့ရစဥ် နှင့် ဒဏ်ရာရ ပြည်သူတဦး။

ဓါတ်ပုံ-ပြင်ဦးလွင်ပကဖ )
😭68😡20🤬75💔3👍1👎1
ရွှေဈေးနှစ်ရက်အတွင်းတစ်သိန်းခုန်တက်ပြီး ၇၈သိန်းနီးပါးဖြစ်လာ

■ဒေါ်လာအဝယ်လိုက်လာပြီးဈေးလှုပ်

ဇွန် ၆ ၊၂၀၂၅။ ရဲခေါင်/People's Spring

ပြည်တွင်းရွှေစျေး တစ်ကျပ်သား ၇၈ သိန်းနား
ကပ်လာပြီး ဒေါ်လာငွေလဲနှုန်းလည်း စျေးတက်လာနေကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်း
အဝယ်ပြုလုပ်နေသူအချို့က ပြောသည်။

ယနေ့(ဇွန်လ ၆ ရက်) နံနက်ပိုင်း ပြင်ပရွှေစျေးကွက် အရ ၁၆ ပဲရည်တစ်ကျပ်သား ရောင်းစျေး ၇၇ သိန်း ရှစ်သောင်း ကျပ် နှင့် ၁၅ ပဲရည်တစ်ကျပ်သား ရောင်း စျေး ၇၃ သိန်း ခြောက်သောင်းကျပ်ဝန်းကျင်ရှိလာသည်။

ထို့အတူ ဒေါ်လာငွေလဲနှုန်းသည် ယမန်နေ့ထက် တစ်ဒေါ်လာ လျှင် ဝယ်စျေး ၄၄၀၀ ကျပ် နှင့်
ရောင်းစျေး ၄,၄၃၀ ကျပ် ရှိသည်။

"ရွှေစျေးကတော့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း တစ်ကျပ်သား ကျပ်တစ်သိန်းလောက်တက်တယ်။ ကမ္ဘာ့ စျေးအပေါ်မူတည် ပြီးတက်နေတာလို့ပြောရတယ်"ဟု ပြင်ပ ရွှေစျေးကွက်၌ အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ရွှေစျေးတက်နေသည်ကို ရှင်းပြသည်။

ဒေါ်လာစျေးမှာမူ အရောင်းထက် အဝယ်လိုက်လာ၍ ယခင်ရက်ပိုင်း စျေးထက် တစ်ဒေါ်လာ ၃၀ ကျပ်တက်လာကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူက အသိပေးသည်။

"ငလျင်အပြီး စီးပွားရေးနဲ့ ဒေါ်လာလိုအပ်ချက် က လိုကိုလိုနေတာ။ပိုဆိုးတာက မနေ့က ILO ရဲ့ Article 33 ပါ ပါလာတော့ ဘာဆက်ဖြစ်မလဲဆိုတာ တွေးကြည့် ပြေးကြည့်တာနဲ့ရှင်းပါတယ်"ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဒေါ်လာစျေးတက်လာနိုင်မှုကို ပြောသည်။

ယမန်နေ့(ဇွန်လ ၅ ရက်)က စစ်​ကောင်စီကိုအ​ရေးယူဒဏ်ခတ်ရန် ILO ၏ အပြည်ပြည်ဆိုင်ရာအ
လုပ်သမားအဖွဲ့ ညီလာခံ ၌ ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် စစ်တပ်အာဏာသိမ်းထားသည့် မြန်မာ နိုင်ငံနှင့်ပတ်သက်၍ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွင် ကုလသမဂ္ဂ အေဂျင်စီများကထောက်ပံ့သည့်နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစသည်များကို ရပ်တန့်ကာ စစ်ကောင်စီကို အကြမ်း ဖက်စစ်တပ်အဖြစ် တရားဝင်သတ်မှတ်ခြင်းနှင့် စစ်တပ်မှကျူးလွန်သူများကို နိုင်ငံတကာတရားရုံး၌ ရုံးတင်စစ်ဆေးအရေးယူခြင်းတို့ ပါဝင်သည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ စီး
ပွားရေးလုပ်ငန်းရှင်တို့သည် စစ်ကောင်စီနှင့်ဆက်
နွယ်ပတ် သက်မှုကိုရှောင်ကြဥ်ရတော့မည်လည်းဖြစ်သည်။
👍6723😁3🥰2
34👍2🔥2
ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု သံသယတရားခံ ၈ဦးကို AA ဖမ်းဆီးစစ်ဆေးနေ

ဇွန်-၆၊ ၂၀၂၅။ ဇော်ရမ်း/People's Spring

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိ (၈) ဦးအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအမှုသည် ဧပြီ ၆ရက်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူ၏ ရုပ်အလောင်းအား ရွာအနီးရှိ သစ်ပင်တွင် ကြိုးဖြင့်တွဲလောင်းချည်ထားခဲ့ခြင်းကြောင့် ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ ကနဦးတွင် အသက် ၃၀အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ဆက်စပ်တရားခံများကို ထပ်မံဖမ်းဆီးခြင်းဟု သိရသည်။

"အုပ်စုဖွဲ့ကျူလွန်ခဲ့တဲ့သဘောပဲ။ ကျတော်တို့က ဒီအမှုကို လူသိရှင်ကြားနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ပြောချင်ပါတယ်"ဟု ရခိုင်ဒေသခံ သတင်းရင်းမြစ်ကပြောသည်။

သံသယတရားခံ (၈) ဦးအား DLEPSက ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားပြီး တရားစွဲတင်ပြစ်ဒဏ်ပေးနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နေကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက သတင်းထုတ်ပြန်ထားသည်။

မင်းပြားမြို့နယ်၌ ဖြစ်ပွားခဲ့သည့်အဆိုပါအမှုသည် ကျူးလွန်ခံရသူနှင့် မိသားစုဝင်များသာမက လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နိုင်သည့် ကြီးလေးသော ရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်ချ အရေးယူပေးရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း(၁၁)ဖွဲ့က မေလ ၁၁ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်ဘက်မလိုက်ဘဲ အချိန်နှင့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန်၊ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များအတွက်လူမှုတရားမျှတမှုရရှိရေးအာမခံပြီး စီရင်ချက်ချမှတ်‌ပေးရန်၊ အာရက္ခဒေသနေ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကျူးလွန်ခြင်းများ နောက်နောင် အဖြစ်ပွားရအောင် ထိရောက်အောင် ကာကွယ်တားဆီး‌ပေးသည့် လုပ်ငန်းစဥ်များ ချမှတ်ပေးရန် ၎င်းတို့က တောင်းဆိုခဲ့သည်။
👍66👏127🤬3🤣3🥰1
👍52🤬11🔥2😱2