People's Spring
61.6K subscribers
68.4K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍34🔥54😁2
လွိုင်ကော်မြို့ပြင်သပြေကုန်းရွာဘုန်းကြီးကျောင်း
တွင်တပ်စွဲထား​သောစစ်စခန်းကို ကရင်နီတပ်​ပေါင်းစုတိုက်ခိုက်

■စစ်ကူစစ်​ကြောင်းကိုပါဖြတ်​တောက်တိုက်ခိုက်ပြီး ​သေနတ် ၈ လက်ရရှိ

ဇွန်-၅၊၂၀၂၅။ရဲခေါင်/People's Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့၊သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်းရှိ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ၂၀ ဦးထက်မနည်းသေပြီး လက်နက် ရှစ် လက်ရရှိကြောင်း KNDF ဗျူဟာ (၂) က ယနေ့(ဇွန်လ ၅ ရက်)တွင်ထုတ်ပြန်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာအမှတ်-၂ တပ်ရင်းများနှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်စဉ်စစ်ကူစစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက် နှင့် အခြားလက်နက်ခဲယမ်းများ သိမ်းယူရရှိခဲ့ကြောင်း​ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဘက်မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြသည်။

"ဒီလ ၃ ရက်နေ့က တိုက်ပွဲပါ။တိုက်တာက လွိုင်ကော်မြို့ပြင်ကစကစ စခန်းကို။အဲဒီအချိန် လွိုင်ကော်မြို့ ကနေ စကစ စစ်ကူတက်လာတာကိုပါထပ်တိုက်နိုင်ခဲ့တဲ့ မျိုးလို့သိရတယ်"ဟု ကရင်နီစစ်​ရေးသတင်းရင်း မြစ်က လူထုနွေဦးသို့ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီစခန်းသည် လွိိုင်ကော်-မိုးဗြဲလမ်းခွဲအနီးရှိကာ ဆီဆိုင်မြို့သို့သွားသည်လမ်းပိုင်းပေါ်တွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် မိုးဗြဲ မြို့ကို ထိုးစစ်ဆင်​နေသည် မှာငါးလကျော် နေပြီဖြစ်ပြီး တော်လှန်ရေးတပ်ပေါင်းစုက ခုခံကာကွယ်နိုင်နေဆဲ ဖြစ်သည်။

လက်ရှိ ကရင်နီပြည်နယ်တွင် ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲ ဖြစ်ပွားမှုများရှိကာ ကရင်နီတပ်ပေါင်းစုက စစ်တပ်၏ ကာကင်းစခန်းအချို့ကိုသိမ်းပိုက်ရရှိထားသည်။
41👍29👏6🥰2😁1
စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်​ပေါင်းစုကို​တွေ့ရစဥ်။ဓါတ်ပုံ-KNDF ဗျူဟာ(၂)
52👍22🥰3👏2😁1
စစ်ကောင်စီကိုဆန်ကျင်ပြီး ၊အ​ရေးယူ​ရန်
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ ဆန္ဒထုတ်ဖော်

ဇွန် ၅၊၂၀၂၅။ သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့(ဇွန်လ ၅)မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နဲ့ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရအရေးယူရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေ သပိတ်အဖွဲ့တွေက အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ လူထုသပိတ်က ဦးဆောင်ပြီး "Vote ILO Article 33 to save LIVES" စာသားကိုင်ဆောင်ကာ "လူ့အသက်တွေကယ်တင်ဖို့ ILO Article 33 ကိုမဲပေးပါ" ကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်းရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ရဲဘော်ကိုကျော်ဝင်းအောင်ကျဆုံးခြင်း ၈လပြည့် အလေးပြုအခမ်း
အနားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို လုပ်ဆောင်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်
လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းတို့က မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ပါတယ်။

တနင်္သါရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်
မတီ(DDMSC) မှ ဒီနေ့ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း
သိမ်းရေးနေ့"မှာ "ကမ္ဘာမြေ စိမ်းလန်းပါစေ၊ မြန်မာပြည် ငြိမ်းချမ်းစေ" ခေါင်းစဥ်နဲ့ မိုးရာသီသစ်ပင်စိုက်တဲ့ ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
👍4214🥰2👏2🔥1
ဓာတ်ပုံ-စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်၊ DDMSC
🥰40👍1410👏2🔥1
ILO က စစ်​ကောင်စီကိုအ​ရေးယူရန်ဆုံးဖြတ်ခြင်းသည်မြန်မာပြည်သူများ၏​အောင်ပွဲဖြစ်​ကြောင်း
NUGထုတ်ပြန်

ဇွန်-၅၊၂၀၂၅။ရဲခေါင်/People's Spring

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်
သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)
ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်
သူလူထု၏ အောင်ပွဲဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။

ယနေ့ (ဇွန်လ ၅ ရက်) တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ တွင် ILO ကစစ်အုပ်စုကို အရေးယူရန်ဆုံးဖြတ်ခြင်းဟု ဖော်ပြသည်။

သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်လိုက်ခြင်းသည် မြန်မာပြည်သူလူထုအပေါ် တကမ္ဘာလုံးနှင့် ILO တို့က မျက်ကွယ်ပြုမထားကြောင်းကို မျက်မြင်သက်သေပြခြင်းပင်ဖြစ်ကြောင်းလည်း အသိပေးသည်။

ILO ၏ ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု
၏ အောင်ပွဲဖြစ်ပြီး မြန်မာပြည်သူလူထုကနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်တပ်၏ သေ
နတ်ကျည်ဆံများ၊နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ၊အ
မျိုးသမီးများအ ပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ၊ အရပ်သားပြည်သူလူထုနှင့် စာသင်ကျောင်းများ၌ ပညာသင်ကြားနေသည့် ကလေးငယ်များအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကြားထဲတွင် ကြံ့ကြံ့
ခံ ရင်ဆိုင်ခြင်းမှရရှိခဲ့သည့် ပြည်သူ့အောင်ပွဲဟု ​ဖော်ပြထားသည်။

မြန်မာပြည်သူများအပေါ်တွင် ဖိနှိပ်သတ်ဖြတ်နေသည့် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ကမ္ဘာ့အလယ်တွင်ဖော်ထုတ်ပြသနိုင်ခဲ့ကြာင်း လူ့အ
ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ပြောသည်။

အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်
အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် ILO ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် နှင့် စုရုံးခွင့်ဆိုင်
ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ နှင့် အဓမ္မအလုပ်ခိုင်း စေခြင်းဆိုင်ရာ ပြ ဋ္ဌာန်းချက်အမှတ် ၂၉ တို့ကို ကျူးလွန်ချိုးဖောက်မှုများကြောင့် ပုဒ်မ ၃၃ (Article 33 ) အရ အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ဟု သိရသည်။

စစ်အုပ်စုကို အရေးယူရေး ဆုံးဖြတ်ချက်ချနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ သုံးပွင့်ဆိုင်ကိုယ်စားလှယ် အဖွဲ့ ကိုယ်စား မြန်မာနိုင်ငံအလုပ် သမားတပ်ပေါင်းစု (MLA/CTUM) မှ ဦးမောင်မောင်က ညီလာခံတွင် ကနဦးအဖွင့်အမှာစကားတွင် တိုက် တွန်းခဲ့ကြောင်း အသိပေးသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယကိုယ်စားလှယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏သုံးပွင့်ဆိုင်အဖွဲ့ဝင်၊ အလုပ်
သမားကိုယ်စားလှယ်ဒေါ်ဖြိုးစန္ဒာစိုး(MLA/CTUM)က စစ်အုပ်စု၏အခြေခံအလုပ်သမားအ
ခွင့်အရေး၊ လူ့အခွင့် အရေးချိုးဖောက်မှုများ၊အ
နိုင်ကျင့် ဖိနှိပ်မှု များ၊ အကြမ်းဖက်လုပ်ရပ်များကို ဖွင့်ချခဲ့သည်။

Article 33 အရ အရေးယူခြင်းသည်လက်စား
ချေခြင်းမဟုတ်ဘဲ မြန်မာပြည်သူလူထု၏ ဂုဏ်
သိက္ခာ၊ တရားမျှတမှု၊ မြန်မာပြည်သူလူထုများ၏ တိုးတက်ရေး၊ ဘဝပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်ကြောင်း ဒေါ်ဖြိုးစန္ဒာစိုးက​ပြောခဲ့သည်။

ညီလာခံသို့ မြန်မာပြည်သူလူထုအား ကိုယ်စားပြုသည့်အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမား
ဝန်ကြီး ဌာန ဦးဆောင်သည့် အစိုးရ၊ လုပ်ငန်းရှင်၊ အလုပ် သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများနှင့် အခြေခံအခွင့် အရေးများ ပြန်လည်ရရှိရေး ကြိုး
ပမ်းဆောင်ရွက်မှုများတွင် ယခုကဲ့သို့ သမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်လိုက်ခြင်းဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာပြည်သူလူထုနှင့်အတူ ILO အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊အလုပ်ရှင်၊အလုပ်သမားကိုယ်စား လှယ်များ၊ နိုင်ငံတကာတွင် ရှိနေသည့် အလုပ်သမားများ၊အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ခေါင်း
ဆောင်များက မြန်မာပြည်သူလူထုနှင့်အတူတသားတည်းရပ်တည်ကြောင်းပြသခဲ့ခြင်းဟု NUG ကအသိပေးသည်။

စစ်အုပ်စုကို Article 33 အရ အရေးယူမည့်ကိစ္စကို အဆိုတင်သွင်းသည့်အခါတွင် မြန်မာစစ်အုပ်စုနှင့် တကမ္ဘာလုံးကို နိုင်ထက်စီးနင်းပြု၊ အနိုင်ကျင့်ရန် ကြိုး စားနေသည့် ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသည်။

သို့သော် ယခုညီလာခံသို့တက်ရောက်လာကြသည့် အလုပ်ရှင်ကိုယ်စားလှယ်များ၊အလုပ်သမားကိုယ်
စားလှယ်များ၊ နိုင်ငံတကာမှတက်ရောက်လာကြသည့် စီးပွားရေးကိုယ်စားလှယ်များမှ မြန်မာလူထုနှင့်အတူ တခဲနက် ထောက်ခံခဲ့ကြောင်းသိရသည်။

Article 33 ဆုံးဖြတ်ချက်အောင်ပွဲသည် တကမ္ဘာလုံးတွင် ရှိနေကြသည့် စစ်အုပ်စုနှင့် စစ်အုပ်စု၏ အပေါင်း ပါများကို လက်နက်ရှိတိုင်း နိုင်ထက်
စီးနင်း လုပ် ဆောင်၍ မရကြောင်းကို သက်သေပြနိုင်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာပြည်သူများအတွက် နိုင်ငံတကာထံ အကြိမ် ကြိမ်အကူအညီတောင်းခံခဲ့သော်လည်းတုံ့ပြန်ဆောင် ရွက်မှုနှင့် ပူးပေါင်းပါဝင်မှု နှေးကွေးနေသော်လည်း ဒီမိုကရေစီစနစ်ကို အပြည့်အဝ လက်
👏44👍2014🥰1🤮1
ခံကျင့်သုံးသည့်ILOသုံးပွင့်ဆိုင်ယန္တရားတွင် တည်
ရှိနေသည့် နိုင်ငံ တကာ အစိုးရများ၊ အလုပ်ရှင်များ၊ အလုပ်သမားများ အနေဖြင့် မြန်မာပြည်သူ
လူထု၏ ဘဝကို မျက်ကွယ်ပြုမထားဘဲ တသားတည်း ရပ်တည်ပြီး စစ်အုပ်စုအနေဖြင့် နိုင်ထက်
စီးနင်း ပြုနေမှုများကို မည်သူကမျှ လက်မခံနိုင်ကြောင်းကို ပြတ်ပြတ် သားသား ပြသနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ ညီလာခံသို့ သွားရောက်တိုက်ပွဲဝင်နေသူများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ် သမားဝန်ကြီးဌာန ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ် စားလှယ် အဖွဲ့ဝင် အခွင့်အရေးချိုးဖောက်ခံနေရသည့် အဖိနှိပ်ခံ အလုပ်ရှင် နှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။
👍7413🥰5👏4🤮1
🥰5820👍18👏7🤮1
ဗိုလ်မှုးချုပ်ချိုထွန်းအောင်ကိုပစ်ခတ်ခဲ့သည့် ရဲဘော်များ ဘေးကင်းဟု GVW တာဝန်ရှိသူပြော

■စစ်​ကောင်စီထုတ်ပြန်ချက်တွင်ကွဲလွဲချက်များစွာရှိ​နေဟု GVW ​​ထောက်ပြ

ဇွန်-၅၊၂၀၂၅။သတိုး/People's Spring

အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ရှင်းလင်းခံရမှုတွင်ပါဝင်ခဲ့သည့် ရဲဘော်များအားလုံးဘေးကင်းပြီး စစ်ကောင်စီ၏ လုပ်ကြံဇာတ်လမ်းဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများအတွက် စိတ်မကောင်းကြောင်း Golden Valley Warriors အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

"အပြစ်မဲ့ပြည်သူတွေကိုပဲ စာနာ သနားမိပါတယ် ။ ရဲဘော်တွေ အားလုံး လုံခြုံဘေးကင်းကြောင်း ကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်။" ဟု ၎င်းကပြောသည်။

စစ်​ကောင်စီထုတ်ပြန်ချက်တွင် ဖြစ်စဥ်နှင့် သိသာထင်ရှားစွာကွဲလွဲချက်များစွာရှိ​နေ​ကြောင်း အဖွဲ့တာဝန်ရှိသူက​ပြောသည်။

​သေနတ်ဖြင့်ပစ်သူများစီး​သောစက်ဘီကိုစစ်​ကောင်စီထုတ်ပြန်မှုအရ CCTV ထဲတွင်​တွေ့ရ​​သောစက်ဘီးမှာ ငွေရောင် ဘက္ကထီ၂ လုံးတပ် ဟု စိစစ်တွေ့ရှိရ​သော်လည်း သက်​သေခံများဖမ်းမိသည်ဆိုကာထုတ်ပြန်ချက်တွင် အဖြူရောင် ဘက္ကထီ ၃ လုံးတပ် စက်ဘီးဖြစ်နေပြီး ကွဲလွဲ​နေသည်ကို​တွေ့ရ​ကြောင်းသိရသည်။

ထို့အပြင် စစ်​ကောင်စီက ဖမ်းမိသက်​သေခံဟု တင်ထားသည့်သေနတ်သည် သေနတ်အစစ်မဟုတ်ဘဲ propane gas ဖြင့်ပစ်ရသည့်ကော်စေ့သေနတ်ဖြစ်​နေကြောင်း လက်နက်ကျွမ်းကျင်သူများ၏ မှတ်ချက်အရသိရသည်ဟု Golden Valley Warriors က​ပြောသည်။

ထို့​ကြောင့် စစ်​ကောင်စီသည် ဖြစ်စဉ်အနီး ရှိ ဆောက်လုပ်ရေး ဆိုဒ်များထဲမှ အလုပ်သမားများကိုပါ တရားခံ စာရင်းသွင်းခြင်း၊ ၆ နှစ်အရွယ်ကလေးငယ်ကိုပါ တရားခံလုပ်ပြ၍ တော်လှန်ရေး ဘက်တော်သားများကို ကြောက်စိတ်ဝင်စေရန် ခြိမ်းခြောက်ခြင်း ၊CDM များကိုပါခြိမ်းခြောက်လ်ို၍ တရားခံစာရင်းထဲထည့်ထားခြင်း ၊ ​တွေ့ရာတက္ကစီ ၊ဘေးတွဲ ၊ ဆိုင်ကယ်တက္ကစီ ၊ အဝေးပြေး ယာဉ်မောင်း မှန်သမျှ ကို တရားခံ လုပ်ထားသည်ဟု အဖွဲ့ကသုံးသပ်ထားသည်။

စစ်ကောင်စီကမူ ဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို ရှင်းလင်းခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ ၊ ယင်းဖြစ်စဉ်အတွက်ကူညီပေးခဲ့သူများဟုစွပ်စွဲကာ အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၁၆ ဦးကိုဖမ်းဆီးခဲ့ကြောင်း ဇွန် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

" ကလေးလေးတွေ တက္ကစီးသမားတွေ ဘေးတွဲသမား CDM ဆရာဝန်တွေ ကိုပါ ဖမ်းပြပြီးတရား
ခံ လုပ်ပြပုံထောက်ရင် ဒီကောင်တွေကို အထက်က တော်တော်ထောင်းလို့ဖြစ်မယ် ၊ ဖမ်းချင်ရာလျောက်ဖမ်းထားမှန်း စာသေချာ ဖတ်ကြည့်တာနဲ့သိသာနေတယ် ဆက်စပ်မှုလဲမရှိဘူး သေချာတာတော့ တော်တော်အဖိအထောင်းခံထားရလို့ ပြည်သူကိုပြန်မဲနေတာမျိုးပဲ’’ ဟု CDM ကျောင်းဆရာတဦးက ပြောသည်။

စစ်ကောင်စီက အထက်ပါ ဗိုလ်မှုးချုပ်ကို ပစ်ခတ်ခဲ့သည်ဟုစွပ်စွဲခံရသည် မျိုးကိုကို ၊ ၎င်း၏ ဇနီးနှင့် ခြောက်နှစ်အရွယ်သမီးကို ပုဂံမြို့‌ဟောင်း ၌ ဖမ်းဆီးခဲ့ပြီး လိုက်ပါပို့ဆောင်ပေးသူများကိုလည်း ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

ထို့အပြင်မျိုးကိုကို၏ ထွက်ဆိုချက်ဖြင့်ဟုဆိုကာ ပစ်ခတ်ရာတွင်ပါဝင်ခဲ့သည့် ချစ်ကိုကို နှင့် မိသားစုဝင်များကို ပဲခူးမြို့စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခဲ့သည်ဟု လည်းဆိုသည်။

ယင်းဖြစ်စဉ်၌ ကင်းထောက်ပြုလုပ်ပေးသူများဟုဆိုကာကြည့်မြင်တိုင်မြို့နယ်၌ ဖမ်းဆီးခဲ့ပြီး ပစ်
ခတ်မှုတွင် ဒဏ်ရာရသောကြောင့် ကုသပေးသူဟုဆိုကာ သာကေတ မြို့နယ် လင်းဆေးခန်းမှ ဆရာ
ဝန်နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်၌ အသုံးပြုခဲ့သည့် စက်ဘီးကို သုံးဘီးယာဉ်ဖြင့်တင်ဆောင်ခဲ့သည်ဟုဆိုကာ မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသားတစ်ဦးနှင့် ထောက်ပို့ ပြုလုပ်သည်ဟု စွပ်စွဲထားသည့် အမျိုးသားတစ်ဦးကိုလည်းဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများကို ဓာတ်ပုံများနှင့်အတူ ဖော်ပြထားခြင်းဖြစ်ပြီး ခြောက်နှစ်အရွယ်ကလေးကို ပြစ်ဒဏ်ကျူးလွန်သူ၏ စွပ်စွဲထားသည့်အပေါ် ပြည်သူများကပြင်းထန်စွာဝေဖန်မှုများရှိသည်။

ယင်းဖြစ်စဉ်ကို အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး၏ စေခိုင်းချက်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

"သူတို့က အမြဲ ခြေတလှမ်းနောက်ကျနေတာ အားလုံးအသိပဲ အရှက်ပြေလိုက်ဆက်စပ် နေတယ်လိုမြင်တယ်" ဟု မြို့ပြပြောက်ကျားရဲဘော်တစ်ဦးကပြောသည်။

စစ်​ကောင်စီ၏ ထုတ်ပြန်ချက်တွင် ​သေနတ်ဖြင့်ပစ်ခတ်သူများစီးနင်း​သော စက်ဘီးကို သုံးဘီးဖြင့်တင်သွားသည်ကို​တွေ့​သောသူကသတင်း​ပေး၍ သုံးဘီးယာဥ်​မောင်းမှတဆင့် ​ခြေရာခံ​ဖော်ထုတ်
သည်ဟု​ရှေ့တွင်​​​ဆို​သော်လည်း ၊​ ​သေနတ်ဖြင့်ပစ်သူနှစ်ဦးသည် ရွှေ​ပေါက်ကံမြို့သစ် ရှိ Safe House မှ ဦးချိုထွန်း​အောင်အိမ်သို့စက်ဘီးဖြင့်စီးသွားပြီး​သေနတ်ဖြင့်ပစ်ကာ စက်ဘီးဖြင့်ပင် ပြန်သွား​ကြကြောင်း​ဖော်ပြထားပြန်သည်။ထို​ကြောင့် သုံးဘီးဖြင့်တင်သွားသည်ဆို​​သောအချက်ဖြင့်ကွဲလွဲ​နေသည်။

ထို့အပြင် ဦးချိုထွန်း​အောင်ကို ​သေနတ်ဖြင့်ပစ်ခတ်သူဟုစွပ်စွဲခံထား​ရ​သော မျိုးကိုကို(​ခေါ်)စိုင်းကိုကို သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ဦးမင်း​တေဇညွန့်တင် ၊အမျိုးသားဒီမိုက​ရေစီပါတီသစ် ဥက္ကဌ ဦးသန်းထွန်း နှင့် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးတို့ကို ရန်ကုန်၌
51👍12🤣4🔥1😁1
ပစ်ခတ်သတ်ဖြတ်ခဲ့သူဖြစ်​ကြောင်းလည်းထပ်မံစွပ်စွဲထားသည်ကို​တွေ့ရသည်။ပစ်ခတ်သတ်ဖြတ်မှုများအတွက် ၁ကြိမ်လျင် NUG က NUG Pay ဖြင့် ၂သိန်းကျပ်​ပေးသည်ဟုလည်းစွပ်စွဲထားသည်။

ရှင်းလင်းခံရသည့် အငြိမ်းစားဗိုလ်မှုးချုပ် ချိုထွန်းအောင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College-NDC) တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားပေးနေပြီး အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို စစ်ဘက်ရေးရာ သင်ကြားမှုများပြုလုပ်နေသူဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် ရှင်းလင်းခဲ့ခြင်းဟု Golden Valley Warriors အဖွဲ့ကအသိပေးထားသည်။

ဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို မေလ ၂၂ ရက် နံနက်က ၎င်းနေထိုင်သည့် မရမ်းကုန်းမြို့နယ် ၌ သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်သည်။
👍45😁113🥰1
​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး​သေဆုံးခဲ့​သော အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို အာဏာသိမ်း​ခေါင်း​ဆောင်၊ ​ အာဏာရှင်​ဟောင်းဦး​နေဝင်း​မြေးများနှင့် တပ်မ​တော်​နေ့အခမ်းအနားတွင်​တွေ့ရစဥ် ။
33🖕20💩15🤮6🤬5😁2👍1👏1
■Essay

"ဖေဖေနဲ့မေမေထံသို့ပေးစာ"

-သစ်ရွက်ရေးသားသည်။

ဖေဖေနဲ့မေမေ
သားစာရေးလိုက်ပါတယ်။ ညကဖေဖေနဲ့မေမေကိုသားအိပ်မက်မက်တယ်။ အိပ်မက်ထဲမှာသားတို့ မိသားစုပြန်ဆုံကြတယ်။စကားတွေပြောဖြစ်ကြတယ်။ သားတို့သုံးယောက်လုံးပြုံးရယ်လို့ပေါ့။

သတိရတယ်ဖေ၊ လွမ်းဆွတ်တယ်မေ။
ပြီးခဲ့တဲ့လေးနှစ်ဟာသားဘဝမှာအပင်ပန်းဆုံးကာ
လပါပဲ။ ရင်ထဲမှာနာကျင်တဲ့အခါတိုင်းမှာဖေနဲ့မေကို တမ်းတမိတယ်။ဒီလိုအခြေအနေမျိုးကိုဖေဖေဆိုရင်ဘာပြောမလဲ၊မေမေဆိုရင်ဘာပြောမလဲလို့သားတွေးနေမိတယ်။

အကြမ်းတမ်းဆုံးကာလတွေကိုသားဖြတ်သန်းနေရပါတယ်။တခါတလေမှာမနက်ဖြန်ဆိုတာကို ရင်
ဆိုင်နိုင်သေးရဲ့လားလို့ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်။ဒါပေမယ့်သားဆီမှာခွန်အားတွေ ရှိပါသေး တယ်။ ရှေ့ကိုဆက်လျှောက်တဲ့သားရဲ့ခြေလှမ်းတွေကလည်းသွက်နေဆဲပါပဲ။ အနာဂတ်အတွက် မျော်လင့်ချက်တွေကလည်း ရင်ထဲမှာမီးလိုတောက်လောင်နေဆဲပါပဲ။

ဖေနဲ့မေကိုသားဝန်ခံစရာတစ်ခုရှိပါတယ်။ ဘယ်တုန်းကမှဖေဖေတို့ခွင့်မပြုခဲ့တဲ့ အမူအကျင့်တစ်ခုကို သားပြုလုပ်နေမိပါတယ်။ ဒီနှစ်တွေမှာ သားရိုင်းလာတယ်ဖေနဲ့မေ။

ကြမ်းတမ်းဆဲဆိုတဲ့စကားကိုဘယ်တုန်းကမှမပြောခဲ့တဲ့သားဟာရိုင်းစိုင်းကြမ်းတမ်းလာတယ်။
မရည်ရွယ်ပါဘူးမေမေ။ သားရည်ရွယ်ချက်နဲ့ရိုင်းမိလာတာမဟုတ်ပါဘူး။ ရင်ထဲကခံစားချက်တွေက သူ့ဖာသာသူပုံဖေါ်လာတာပါ။ သားမရည်ရွယ်ပါဘူး။

မန္တလေးမြို့ကလမ်းပေါ်မှာမိန်းကလေးတစ်ယောက်သေနတ်မှန်ပြီးကျဆုံးသွားတုန်းကသား
ရိုင်းမိပါ တယ်မေမေ။ သားပါးစပ်ကဘာတွေထွက်သွားလဲဆိုတာကိုပြန်မတွေးချင်သလို မေတို့ကိုလည်း ပြန်မပြောရဲပါဘူး။ သူ့မိဘတွေဘယ်
လောက်ခံစားရမလဲဆိုတာဟာသားရဲ့ ညအတော်များများကို ခြောက်လှန့်နေခဲ့ပါတယ်။

ရန်ကုန်မြို့ကလမ်းပေါ်မှာဆေးကျောင်းသားလေးတစ်ယောက်ကျဆုံးသွားတော့လည်းသားရိုင်းမိပါ တယ်ဖေဖေ။ဒီတိုင်းပြည်မှာဈေးအပေါဆုံးဟာလူငယ်တွေရဲ့အသက်လားဖေ။ သားရင်နာလိုက်တာ။

မုံရွာမှာတက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ထပ်ကျသွားတော့လည်းသားရိုင်းမိတာပါပဲ။ မကောင်းပါဘူးဖေနဲ့မေရယ်။ သားဟာအရမ်းရိုင်းတတ်လာပါတယ်။

အရင်မျိုးဆက်ကကျောင်းသားခေါင်းဆောင်ဟောင်းကြီးတစ်ယောက် နဲ့ ဟစ်ပ်ဟော့ပ်ဂီတရဲ့ပထမ မျိုးဆက်ဂီတပညာရှင်တစ်ဦးတို့ကို အဆုံး
စီရင်လိုက်တဲ့အခါတုန်းကတော့သားမရိုင်းဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်ကထွက်ဖို့စကားလုံးတွေမရှိတော့သလို၊ မျက်ရည်လည်းမရှိတော့ပါဘူး ဖေနဲ့မေ။ သားရိုင်းစရာလည်းမလိုတော့ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကရိုင်းနေပြီပဲမဟုတ်လား။ လူ့အဖွဲ့အစည်းတစ်ခုလုံးကမျက်
ရည်တွေချောင်းတစ်ချောင်းအဖြစ်၊မြစ်တစ်စင်းအဖြစ်စီးဆင်းနေပြီပဲမဟုတ်လား။

အခုဆိုရင်ပင်လယ်သမုဒ္ဒရာတောင်ဖြစ်နေလောက်ပြီမဟုတ်လား။

ဗုဒ္ဓဘာသာဝင်တွေကောင်းကောင်းရိုင်းတတ်နေပါပြီမေမေ။ ကျန်တဲ့ဘာသာဝင်တွေလည်းအတူတူပါပဲ။ သူတို့ကမနက်ခင်းတွေကို မိုဘိုင်းဖုန်းလေးတွေပွတ်ရင်းစတင်ကြပါတယ်။ ဒါဟာနေ့တစ်နေ့ရဲ့ ဝဋ်
ကြွေးတစ်ခုစတင်ခြင်းပါပဲ။

နိုး… နိုး…အမြဲတမ်းငိုကြွေးနေကြတာမဟုတ်ပါဘူးဖေဖေ။

တခါတလေ သူတို့ရယ်မောပျှော်ရွှင်ကြပါတယ်၊ အူလှိုက်သဲလှိုက်ပျှော်ရွှင်တဲ့နေ့တွေတောင်ရှိပါတယ်။လူတချို့သေဆုံးတာကို သားတို့ ပျှော်ရွှင်နေကြတယ်မေမေ။ သားပြောတာကိုမေမေယုံရဲ့လား။ သားအဲဒီလောက် ရိုင်းတတ်လာတယ်ဆိုတာကိုမေမေယုံဖို့ခက်နေတယ်မဟုတ်လားမေ။

သားတို့မြို့လေးကိုဖေနဲ့မေမြင်ရင်မှတ်မိမှာမဟုတ်တော့ဘူး။ မြို့ဟာမြို့မဟုတ်တော့ပါဘူး။ မြို့ဟာ သူ့ကိုသူလည်းမမှတ်မိတော့ပါဘူး။သူ့ကိုယ်သူလည်းမြို့လို့မသိတော့ပါဘူး။ မြို့ဟာသူ့ကိုယ်သူ “ရှေ့တန်းစစ်မျက်နှာ”လို့ထင်နေရှာတယ်ဖေဖေ။ သူကြုံတွေ့ရတာတွေကသူ့ကိုမကျန်းမာစေပါဘူး။

မြို့ထဲကလမ်းတွေကလည်းသူတို့ကိုယ်သူတို့လမ်းလို့မသိကြတော့ပါဘူး။ သူတို့ကကိုယ့်ကိုကိုယ် တောနက်ကြီးတွေလို့ထင်နေကြပါတယ်။တော
နက်ဆိုတာကြီးထဲကိုလူတွေမှာမသွားကြတာ မဟုတ်လား။ အမှောင်တွေဝင်လာတာနဲ့လမ်းတွေဟာသူတို့အမြီးကိုလိပ်ပြီး ငြိမ်သက်သွားကြ တော့တာပါပဲမေမေ။ လမ်းတွေလည်းမကျန်းမာကြရှာပါဘူး။

သားတို့လည်းမကျန်းမာကြပါဘူးဖေဖေ။ မိတ်ဆွေတွေတွေ့တဲ့အခါ “နေကောင်းရဲ့လား” လို့ သားမမေးဖြစ်တော့တာကြာလှပေါ့။“ဘာလုပ်နေလဲ”လို့မမေးဖြစ်တော့တာကြာလှပေါ့။ “ဘယ်မှာနေလဲ”လို့မမေးဖြစ်တော့တာကြာလှပေါ့။

မေးခွန်းတွေမမေးကြတော့တဲ့နေ့ရက်တွေကိုဖြတ်သန်းနေကြပါတယ်ဖေဖေ။

သားစာကိုဒီမှာပဲနားပါတော့မယ်။

အိပ်မက်ထဲမှာသားတိုထပ်ဆုံကြမယ်နော်။ဒီတစ်ခါတွေ့ကြတဲ့အခါဝမ်းနည်းစရာတွေမပြောဘူးလို့သားကတိပေးပါတယ်။

ဖေဖေနဲ့မေမေငြိမ်းချမ်းစွားနားပါနော်။
ဖေနဲ့မေကိုချစ်တဲ့
သား ။ ။
👍4219🥰5😢3🤮2