People's Spring
61.5K subscribers
68.4K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
TNLA ပြောရေးဆိုခွင့်ရှိသူ ​လွေး​ယေဦး။
ဓါတ်ပုံ-File Photo
82👍20👏6🤮3
■ဆောင်းပါး

မြို့ပေါ်က ဆိုင်ကယ်သမားများရဲ့သောက

Scorpio/People's Spring

မနက်လင်းပြီဆိုတာနဲ့ ဆိုက်တွဲတစီးနဲ့ ပတ်ထွက်တတ်တဲ့ မန္တလေးမြို့၊ ဆင်ခြေဖုန်းရပ်ကွက်တခုက အသက် ၃၀ ရွယ် ကိုမြင့်(အမည်လွှဲ)တယောက် ဒီကနေ့မနက်မှာတော့ သူ့အိမ်ရှေ့က လမ်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေတယ်။

ဘေးနားမှာလည်း သူ့ဇနီးသည်က မျက်နှာမသာမယာနဲ့ ငုပ်တုပ်ထိုင်နေတယ်။ အရင်ဆို လင်ကောမယားကော လင်းတာနဲ့ ဆိုက်တွဲမောင်းပြီး အလုပ်တွေပတ်ရှာလုပ်နေကြတာပါ။

ကိုမြင့်က သုံးဘီး ဆိုက်တွဲမောင်းရင်း အသက်
မွေးဝမ်းကျောင်းပါတယ်။ ကုန်ပစ္စည်းတွေ ခေါက်တိုသယ်ချင်တာမျိုးဆို ကိုမြင့်ကိုငှားလို့ရပါတယ်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းမှာတော့ ကိုမြင့်တို့လင်မယားနှယောက် မြို့ပတ်ပြီး ပြိုတဲ့တိုက်တွေကသံတွေလိုက်ကောက်ကြတယ်။ ပစ္စည်းပို့ခိုင်းရင်ပို့ပေးတယ်။ ငလျင်လှုပ်ပြီး သူတို့တတွေ အလုပ်တွေ ဇယ်ဆက်သလို လုပ်ရတယ်။

ဒါပေမဲ့ ဇွန်လဆန်းမှာတော့စစ်ကောင်စီက လိုင်စင်
မဲ့ယာဥ်တွေကို အင်တိုက်အားတိုက်ဖမ်းဆီးလာတဲ့အခါမှာတော့ ကိုမြင့်တို့လို သုံးဘီး ဆိုင်ကယ်သ
မားတွေ ငုတ်ပျောက်တော့တာပဲ။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်နဲ့ဖမ်းဆီးမယ်လို့ ပြောကြားခဲ့ပြီး​နောက်မှာစစ်​​ကောင်စီလက်​အောက်ခံဝန်ထမ်း​တွေက အခုလိုအားတက်သ​ရော ဖမ်းဆီး​ငွေရှာနေကြတာပါ။

●အလုံးစုံအပြစ်ရှာဖမ်းတဲ့ ယာဥ်စစ်ရေးအဖွဲ့

စစ်ကောင်စီရဲ့ ယာဥ်စစ်ဆေးရေးအဖွဲ့ဟာ ငလျင်ဘေးဒဏ်သင့် မန္တလေးမြို့မှာလည်း အဖွဲ့စုံနဲ့နေ့စဥ် ပိုက်စိပ်တိုက် ဖမ်းဆီးနေပါပြီ။ ဖမ်းဆီးတဲ့အခါ လိုင်စင်မဲ့ယာဥ်တင်မကဦးထုပ်မဆောင်းတာ၊မေး
သိုင်းကြိုးတပ်မထားတာ၊ နောက်​ကြည့်မှန်မပါတာ၊ ယာဥ်မောင်းလိုင်စင် ပါမပါတွေပါ စစ်ဆေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အရင်ကတည်းက ယာဥ်စစ်ဆေးတာအကြောင်းပြပြီး ခြိမ်းခြောက်ငွေညှစ်တာ၊ လူဖမ်းတာတွေလုပ်လေ့ရှိပြီး အခုအခါမှာ ပိုဆိုးလာတာပါ။

ယာဥ်စစ်​ဆေးတဲ့အဖွဲ့​တွေထဲမှာ လုံခြုံ​ရေးအရဆိုပြီး စစ်သား နဲ့ ရဲ​တွေ ၊ ယာဉ်ထိန်းရဲ​တွေ ၊ ရပ်ကွက်​တွေထဲက အသက်ကြီးပိုင်း​တွေကို စစ်​ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုပြီး ထပ်ဖွဲ့​ပေးထားတဲ့ အပြာဝတ်​တွေ ၊ပျူ​စောထီး​တွေ ၊ စည်ပင် နဲ့ ​ထွေအုပ်ရုံးက သူ​တွေပါ ပါ​တက်ပါတယ် ။

စစ်​ကောင်စီဝန်ထမ်း​တွေလည်းလိုင်စင်မဲ့ယာဥ်​တွေစီးနင်းကြ​ပေမယ့် သူတို့က​တော့ အဖမ်းမခံကြရပါဘူး ။

ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်ခံဌာနတွေဟာ အချင်းချင်း နားလည်မှုနဲ့ ညှိပြီးလွှတ်ပေးနေကြပါတယ်။

"အဲဒီဌာနကလူတွေဆိုစစ်ဆေးရေးကတ်၊(ဝန်ထမ်းကဒ်)ထုတ်ပြရုံပဲ။ဝန်ထမ်းချင်းတဆင့်မြင့်တဲ့ သ
ဘောပေါ့"လို့ အဲဒီဝန်ထမ်းက ဆက်ပြောပါတယ်။

●သိန်းချီတဲ့ ဒဏ်ကြေးနဲ့ ဥပဒေမဲ့ ဖမ်း​ဆီးမှုများ

စစ်ကောင်စီက ပြစ်မှုပေါ်မူတည်ပြီး ငွေဒဏ်သိန်းချီတောင်းတာ၊ ဆိုင်ကယ်ကိုသိမ်းတာတွေ ပြုလုပ်နေတယ်လို့ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ဒေသခံတွေက ပြောပါတယ်။ အဆိုးဆုံးကတော့ လူကိုပါ ဖမ်းဆီးထောင်ချတာတွေ ရှိနေတယ်လို့ မန္တလေးနဲ့ မုံရွာမြို့ခံအချို့က ပြောပါတယ်။

"ရပ်ကွက်ထဲက ကလေးတစ်ယောက် လိုင်စင်မပါတာ ထောင်တစ်လချလိုက်တယ်။"လို့ ချမ်းမြသာစည်မြို့နယ်အနောက်ခြမ်းနေ အမျိုးသားတဦးက ပြောပါတယ်။

အလားတူ စစ်ကိုင်းမြို့နဲ့ မုံရွာမြို့တွေမှာလည်း စစ်
တပ်က ယာဥ်စစ်ဆေးရင်းလူကိုပါဖမ်းဆီးတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တကယ်တော့ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်က ပြဌာန်းလိုက်တဲ့ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်
တော်ယာဥ် စီမံခန့်ခွဲမှုဥပဒေအရ ယာဥ်မောင်းလိုင်စင်မပါရင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်ရမယ်လို့ ပြဌာန်းထားတာပါ။

●ယာဥ်စစ်ဆေးရင်း စစ်သားသစ်ပါစုဆောင်းနေ

စစ်ကောင်စီဟာ ယာဥ်စစ်ဆေးရင်းနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာတွေ လုပ်နေတယ်လို့ စစ်ကိုင်းနဲ့ မန္တလေး မြို့ခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာတင် ယာဥ်စစ်ဆေးခံရပြီး ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေ အများအပြား ရှိနေကာ ဇွန်
လ ၃ ရက်နေ့ကတင် လူငယ်တွေ အဖမ်းခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ဒီက ထောင်မချဘူး။ပေါ်တာတခါတည်း ဆွဲခေါ်သွားတာ။ ပိုက်ဆံနဲ့ရွေးနိုင်ရင်ရွေး။ မရွေးနိုင်ရင် ပေါ်တာထဲပါတာ။"လို့ မုံရွာမြို့နေ လူလတ်ပိုင်းအမျိုးသားတဦးက ပြောပါတယ်။ ဒီကနေ့ ဇွန်လ ၅ ရက် မနက်ပိုင်းမှာလည်းစစ်ကိုင်းတံတား(ရတနာပုံတံတား)
စစ်ကိုင်းဘက်ခြမ်းမှာ စစ်ကောင်စီတပ်က ယာဥ်စစ်ဆေးရင်း လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်အရေအတွက်ကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

●ငွေတွင်းတူးပေးလိုက်ပြန်တဲ့ စစ်ကောင်စီ

စစ်ကောင်စီဟာ ငွေကြေးတန်ဖိုးပိုကြီးတဲ့ Clickတို့ Scoopi တို့လို ဆိုင်ကယ်တွေကို ဦးစားပေးဖမ်းလေ့ရှိတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။ ပြစ်မှုတခုခုတွေ့တာနဲ့ ယာဥ်တွေကို ကားပေါ်တင်ပြီး တခါတည်းသိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဖမ်းစေချင်ရင် ငွေ​ကြေးသိန်းချီတောင်းယူနေတယ်လို့ သိရပါတယ်။
34👍15🤬7😁3👎1
"ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင် အကုန်ပါတယ်။ မေးသိုင်းကြိုးမတပ်လို့တဲ့။ လေးသိန်းပေးလိုက်ရတယ်။အကုန်ဖမ်းတာ။ရက်ရက်စက်စက်ကို ဖမ်းတာ။"လို့ မုံရွာမြို့ခံ လူငယ်တဦးက ပြောပါတယ်။


အခုတကြိမ် လိုင်စင်မဲ့ယာဉ် တွေဖမ်းဆီးမှုမှာယာဉ်တွေကို သိမ်းယူပြီး မောင်းနှင်သူ တွေကိုပါဖမ်းဆီးနေသလို ငွေကျပ် ၁သိန်းကနေ သိန်း၅၀ အထိ​တောင်တောင်းယူတာတွေရှိနေပါတယ်။

●စစ်​ကောင်စီစိုးမိုး​ဒေသ​တွေက ပြည်သူ​တွေကိုထပ်တိုးဖိနှိပ်မှုဖြစ်

​စစ်​ကောင်စီက အခုလိုပြည်သူ​တွေကိုဖိနှိပ်​နေတာဟာ စစ်​ကောင်စီစိုးမိုးထားတဲ့ ​ဒေသ​တွေမှာပဲဖြစ်ပါတယ် ။​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထားတဲ့ ၊​တော်လှန်​ရေး အဖွဲ့​တွေစိုးမိုးတဲ့ မြို့​တွေ ၊​ဒေသ​တွေမှာ​တော့မလုပ်နိုင်ပါဘူး ။

မွန်ပြည်နယ်က ​​တော်လှန်​ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ​ရေးဘီးလူးအဖွဲ့​ခေါင်း​ဆောင်က ဇွန် ၄ ရက်​နေ့မှာ
ပြည်သူ​တွေ ခက်ခဲကြပ်တည်း​နေချိန်မှာ လိုင်စင်မဲ့ယာဥ်​တွေကို အ​ကြောင်းပြ ဖမ်းဆီးလုပ်စား​နေတာ​တွေကို သတိ​ပေးပါတယ် ။စစ်​ကောင်စီ ဝန်ထမ်း​တွေကိုယ်တိုင် လိုင်စင်မဲ့ယာဥ်​တွေစီးနင်း​နေကြရပြီး ပြည်သူ​တွေကို ဖမ်းဆီး ဒုက္ခ​ပေးရင် အ​ရေးယူမယ်လို့ သတိ​ပေး​ရေးသားထားပါတယ် ။

​ရေးဘီလူးရဲ့ သတိ​ပေးချက်ကို ပြည်သူအများအပြားက သ​ဘောကျခဲ့တာကို​တွေ့ရပါတယ်။

●လုပ်ငန်းတွေထိခိုက်လာ

စစ်ကောင်စီရဲ့ ယာဥ်စစ်ဆေးဖမ်းဆီးမှုတွေကြောင့် အခြေခံလူတန်းစားတော်တော်များများ အလုပ်ကနေ ခေတ္တရပ်နားထားရတယ်လို့ မန္တလေး၊ စစ်ကိုင်းနဲ့ မုံရွာမြို့က ဒေသခံတွေက ပြောပါတယ်။

"မြို့ထဲက တိုက်ဆေးသုတ်ဖို့ အလုပ်က ခေါ်နေတာ။ကလေးတွေ ဘယ်သူမှ မသွားရဲလို့ မသွားကြဘူး။"လို့ မန္တလေး ဆင်ခြေဖုန်းရပ်ကွက်တခုက အမျိုးသမီးတဦးက ပြောပြပါတယ်။

စျေးရောင်းသွားတဲ့ဆိုင်ကယ်တွေလည်း အဖမ်းခံရမှာကြောက်လို့ စျေးရောင်းတဲ့အလုပ် ရပ်နားထားရတယ်လို့ စျေးသည်အချို့က ပြောပါတယ်။

မုံရွာမြို့မှာတော့ မြို့ပေါ် ယာဥ်သွားယာဥ်လာ ရှင်း
လင်းနေပြီး ဖွင့်တဲ့ အလုပ်တွေလည်းစောစောဆင်းပေးနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

"ပုံမှန်ဆို ၅ နာရီအလုပ်ဆင်းတာ။ အခုဆို ၄ ခွဲ၊ ၄ နာရီ အဲလိုမဆင်းလို့ မရတော့ဘူး။ အလုပ်သမားတွေလည်း မလာကြတော့ဘူး။"လို့ မုံရွာမြို့နေ အ
မျိုးသားတဦးက ပြောပါတယ်။

ငလျင်ကြောင့် အလုပ်တွေဆက်တိုက်လုပ်ခဲ့ရတဲ့ ကိုမြင့်တယောက် အခုတော့ ငူငူငိုင်ငိုင်ကြီး ထိုင်နေရတယ်။ ဒါတင်မကသေးပါဘူး။ စစ်ကောင်စီက ရပ်ကွက်ထဲတွေအထိ လိုင်စင်မဲ့ယာဥ်တွေ ဖမ်းမယ်ဆိုလို့ ကိုမြင့်ဟာ သူ့ဆိုက်တွဲလေးကို ဝှက်ထားရတယ်လို့ ပြောပြတယ်။

"ဆိုက်တွဲကို စောင်ခြုံထားရတယ်။"လို့ ကိုမြင့်ကပြောရင်း မချိပြုံး ပြုံးနေပါတော့တယ်။ ။
👍36😡136🤬5😁2
ဆိုင်ကယ်တွေကို ဖမ်းဆီးနေတဲ့ စစ်​ကောင်စီယာဥ်ထိန်းရဲ​တွေကိုတွေ့ရစဥ်။ ဓာတ်ပုံ-CJ
🤬55🖕13💩11😁43😡2👎1
ILO က စစ်​ကောင်စီကိုအ​ရေးယူဒဏ်ခတ်ရန်ဆုံးဖြတ်

■စစ်ကောင်စီအပေါ်အရေးယူပိတ်ဆို့မည့် အသေး
စိတ် အချက်အလက်များကိုညီလာခံတွင်ဆက်
လက်ဆွေးနွေးနေ

ဇွန်-၅၊၂၀၂၅။ရဲခေါင်/People's Spring

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ညီလာခံက
စစ်​ကောင်စီကိုအရေးယူဒဏ်ခတ်ပိတ်ဆို့ရန် ယနေ့
(ဇွန်လ ၅ ရက်)တွင် ဆုံးဖြတ်လိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို့တွင် ပြုလုပ်နေသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သ
မားညီလာခံ(ILC) ၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ ပုဒ်မ ၃၃ (Article 33) အရဆုံးဖြတ်ခဲ့ခြင်းဟု သိရသည်။

"စစ်ကောင်စီကို အရေးယူဒဏ်ခတ်ဖို့ အတည်ပြုလိုက်ပါပြီ"ဟု အထက်ပါ ညီလာခံ၌ ရှိနေသည့် မြန် မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က လူထုနွေဦးသို့ပြောသည်။

အာဏာသိမ်းစစ်တပ်သည် လူငယ်များ နှင့် အလုပ် သမားများကို စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ စစ်မှု
ထမ်းစေခြင်း၊လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့် ပြင်း
ထန်စွာချိုးဖောက်ကာ အဓမ္မ ခိုင်းစေသည့် အလုပ် သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကန့်ကွက်သူမရှိညီလာခံက အတည်
ပြုခဲ့ကြောင်း အသိပေးသည်။

ထိုအရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွင် ကုလသမဂ္ဂ အေဂျင်စီများကထောက်ပံ့သည့်နည်းပညာ၊ လူ
သားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတ
မန်ရေးစသည်များကို ရပ်တန့်ပြီး စစ်ကောင်စီကို အကြမ်း ဖက်စစ်တပ်အဖြစ် တရားဝင်သတ်မှတ်ခြင်း၊စစ်တပ်မှကျူးလွန်သူများကို နိုင်ငံတကာတရားရုံး၌ ရုံးတင်စစ်ဆေးအရေးယူခြင်းတို့ ပါဝင်သည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၅ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်တို့သည် စစ်ကောင်စီနှင့်ဆက်နွယ်ပတ်သက်မှုကို ရှောင်ကြဥ်ရတော့မည်လည်းဖြစ်သည်။

စစ်ကောင်စီအပေါ်အရေးယူပိတ်ဆို့မည့် အသေး
စိတ် အချက်အလက်များကို ညီလာခံတွင် ဆက်
လက်ဆွေးနွေးနေဆဲ ဖြစ်ကြောင်းလည်းသိရသည်။

လွန်ခဲ့သော ၂၅ နှစ် (နအဖ)ခေတ် ဦးသန်ရွှေလက် ထက်က မြန်မာနိုင်ငံကို ILO က ပုဒ်မ ၃၃ ဖြင့် အရေး ယူခဲ့ပြီး အကြမ်းဖက်စစ်တပ်အဖြစ် သတ် မှတ်ကာ စီးပွားရေးအလုံးစုံပိတ်ဆို့မှုများပြုလုပ်ခဲ့ဖူးသည်။ ILO က ပုဒ်မ ၃၃ ဖြင့် ၂ နိုင်ငံကိုသာအ​ရေးယူခဲ့ဖူးပြီး ၂၀၀၀ ပြည့်နှစ်ကမြန်မာနိုင်ငံနှင့်
၂၀၂၃ ခုနှစ်တွင် အာဏာရှင် နိုင်ငံဖြစ်​သော
ဘီလာရုစ်နိုင်ငံဖြစ်သည်​။

အကြမ်းဖက်မှုများဆက်တိုက်ကျူးလွန်​နေ​သော
စစ်​ကောင်စီကို ILO က ပုဒ်မ ၃၃ ဖြင့်အ​ရေးယူရန် ​အလုပ်သမားအဖွဲ့များ ၊သပိတ်အဖွဲ့များ ၊တော်လှန်ပြည်သူများက လ​ပေါင်းများစွာ​တောင်းဆိုတိုက်
တွန်းခဲ့ကြခြင်းဖြစ်သည်။
👏5818👍12🤮3🥰1😁1
ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့တွင် ကျင်းပ​နေ​သော
၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သ
မားညီလာခံ(ILC) ကို​​တွေ့ရစဥ်။ဓါတ်ပုံ-ILO
63👍25👏2🔥1
စစ်ကောင်စီ စနိုက်ပါတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ၉/အညာမြေစစ်ဆင်ရေးအတွင်း ဖမ်းမိ

မတ်-၅၊ ၂၀၂၅။ ရဲခေါင်၊မေ/People’s Spring

စစ်ကောင်စီ၏ စနိုက်ပါ တပ်ဖွဲ့ဝင်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ဖမ်းမိခဲ့ပြီး ပေါ်တာဆွဲခံရ၍ စစ်ကြောင်းထဲ ပါလာသည့် အဓမ္မစစ်မှုထမ်းရသူရှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နှင့် ၁၀ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးအောင်က လူထုနွေဦးသို့ ပြောသည်။

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်ကောင်စီအား မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်းနှင့်အတူ မဟာမိတ်ပူပေါင်းတပ်ဖွဲ့များမှ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာမှ စစ်ကောင်စီတပ်သားများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်က ဝက်လူးစခန်းသို့ စစ်ကူအဖြစ်ရောက်ရှိလာသော စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းစေခိုင်းရန် အတင်းအဓမ္မပေါ်တာဆွဲခံရသော လူငယ် ရှစ်ဦးကို ကနဦးကယ်ထုတ်ခဲ့​ကြောင်း အသိပေးသည်။

“ပေါ်တာဆွဲခံရတဲ့သူတွေက (စစ်ကောင်စီ စစ်မှုထမ်း)အပတ်စဉ်(၉)ပါမယ်၊ အပတ်စဉ်၁၀ ပါမယ်။ နေပြည်တော်၊ တာချီလိတ်၊ ဧရာဝတီတိုင်းဘက်က လူတွေဖြစ်ပါတယ်”ဟု မြင်းခြံခရိုင်တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စနိုက်ပါတစ်ဦး ၊ တပ်သားတစ်ဦးတို့ကို မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနှင့် အမှတ်(၁၀)တပ်ရင်းတို့က လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

"ဖြစ်ခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ခေါ်လာတဲ့၊ ပေါ်တာဆွဲလာတဲ့ လူငယ်တွေများတယ်။ လူငယ်တွေအနေနဲ့ ရတဲ့နည်းနဲ့ ပြည်သူ့ရင်ခွင်ဘက်ကို ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေဆီ ထွက်ပြေးတာတွေ၊ လက်နက်ချတာတွေလုပ်ကြပါ"ဟု ကိုစိုးအောင်က တိုက်တွန်းသည်။

ထို့အပြင် ဇွန်လ ၃ ရက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၄)ဦးထက်မနည်း သေဆုံးပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ခဲယမ်းအချို့နှင့် ရန်သူ့အလောင်း တစ်လောင်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်မှစ၍ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန် မြို့နယ်တို့မှ စစ်ကောင်စီဂိတ်စခန်းများကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးသူ ၅၀ ထက်မနည်းရှိကာ လက်နက် ၂၇လက် သိမ်းဆည်းရရှိကြောင်း ၉/ အညာမြေ စစ်ဆင်ရေးက ထုတ်ပြန်ထားသည်။

မြင်းခြံမြို့နယ်ရှိ ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာပျူစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ ၁၈ ရပ်ကွက်နှင့် ခရိုင်ထွေအုပ်ရုံး ၊ နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်း Gas ပိုက်လိုင်းနှင့် မြို့မစခန်း၊ ဇီရွာအနီးစစ်ကြောင်း၊ တောင်သာမြို့နယ်တွင် ထနောင်းကုန်းပျူရွာစခန်း၊ မြို့ဝင်ဂိတ် Gas ပိုက်လိုင်းနှင့် ငါန်းဇွန်မြို့နယ်ရှိ မြို့ဝင်ဂိတ်၊ မြို့သာဘဏ်စောင့်ကင်းစခန်းတို့ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
👏5325👍16🤮2🥰1
ဓာတ်ပုံ - Soe Aung/FB
62👍26👏6🤮1
တရုတ်အစိုးရ၏ဖိအားပေးမှု နည်းလမ်းရှာဆောင်
ရွက်မည်ဟုTNLA ပြော

ဇွန်-၅၊၂၀၂၅။ ရဲခေါင်၊ ထားမြတ်/People’s Spring

တရုတ်အစိုးရက စစ်ကောင်စီ နှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ရန် ဖိအားပေးနေမှု ဆက်ရှိနေပြီး ယင်းကို နည်းလမ်းရှာ ဆောင်ရွက်သွားမည်ဟု တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

ဇွန်လ ၅ရက်၌ ပြုလုပ်သည့် TNLA၏ နိုင်ငံရေး စစ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌စစ်ကောင်
စီ နှင့်တွေ့ဆုံဆွေးနွေးမှုအခြေအနေ၊တရုတ် အစိုး
ရက TNLA အား ဖိအားပေးနေမှုကိုအသိပေး​ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရဦး​ဆောင်၍ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုအပြီး ဩဂုတ်လကုန်တွင် ပြန်တွေ့ဆုံရန် ချိန်းဆိုထားကြောင်း ၎င်းက ပြောသည်။ ဆွေးနွေးပွဲကို ဧပြီလကုန်ပိုင်းက ၂ ရက်ကြာပြု
လုပ်ခဲ့သော်လည်း စစ်ကောင်စီက TNLA သိမ်းပိုက်ထိန်းချုပ်ထား​သော မြို့နယ် ၅ မြို့နယ်နမှ တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆို ခဲ့သည်။TNLAက ရောက်သည့်နေရာ၌ အပစ်ရပ်စဲရန် သဘောထား ရပ်တည်ခဲ့ရာ ဆွေးနွေးပွဲ
မပြေလည်ဘဲ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

“တရုတ်အစိုးရရဲ့ဖိအားကလည်းဆက်ရှိနေပါတယ်။ ဒါမေပဲ့ ကျမတို့ဒီဟာကိုနည်းလမ်းရှာပြီးတော့မှ ရှာဖွေဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ နှင့် TNLA ပါဝင်သည့်ညီနောင်သုံးဖွဲ့က ဇွန်လကုန်အထိ အပြန်အလှန် အပစ်ရပ်ကြေညာထားသော်လည်း တိုက်ပွဲများဆက်ရှိနေကြောင်း၊အထူးသဖြင့်နောင်ချိုမြို့နယ်အ
တွင်း TNLAနှင့်တိုက်ပွဲများ ရှိနေသည်ဟုသိရသည်။

TNLA အနေဖြင့် ပြည်သူနှင့်အတူ ရပ်တည်ပြီးစစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဆောင်ရွက်သွားမည်ဟု လည်း အသိပေးထားသည်။

စစ်ရေးနိုင်ငံရေး လေ့လာသူ တဦးက တရုတ် အစိုးရသည် စစ်​ကောင်စီဘက်က ရပ်တည်နေခြင်းကြောင်း TNLA အနေဖြင့် တရုတ်၏ ဖိအားကို ကြုံနေရကြောင်း၊ တရုတ်အစိုးရ၏ ဖိအား၊ စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းနှင့်ခြေလျင်ထိုးစစ်ဆင်နေမှုကြောင့် နောင်ချို၌တိုက်ပွဲများ ရှိနေကြောင်းပြောသည်။ အကယ်၍သာ တရုတ်ဖိအားကြောင့် မလွှဲမရှောင်သာသည့် အခြေအနေတွင် စစ်ကောင်စီနှင့် TNLA အပစ်ရပ်ပြီးထိန်း
ချုပ်နယ်မြေများ ပြန်ပေးလိုက်ရပါကဆိုးကျိုးမှာနွေဦးတော်လှန်ရေး တပ်ဖွဲ့နှင့် အခြား တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့များအပေါ်ဖိအားပိုများလာနိုင်သည်ဟု၎င်းကသုံးသပ်သည်။

“အားလုံးစစ်ရေးနိုင်ငံရေးအမြန်ဆုံးပူးပေါင်းသင့်ပါပြီ။မဟုတ်ရင် စကစသက်ဆိုးရှည်တော့မှာ”ဟု စစ်ရေး နိုင်ငံရေးလေ့လာသူဦးဇော်ဆန်ကပြော
သည်။

လက်ရှိတွင်တရုတ်အစိုးရသည်စစ်ကောင်စီသက်
ဆိုးရှည်စေရေး ကူညီဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း ၎င်းကဆိုသည်။ ကိုးကန့်တပ် MNDAA
ကို တရုတ်အစိုးရက တိုက်ရိုက်ဖိအားပေး၍ စစ်ကောင်စီနှင့် အပစ်ရပ်စဲခဲ့ရကြောင်း၊ TNLA ကိုမူ ပထဝီ အနေအထားအရ တရုတ်အစိုးရက တိုက်
ရိုက်ဖိအားပေး၍မရသည့် အခြေအနေတွင်၀တပ်
ဖွဲ့(UWSA)ကို အသုံးချပြီးဖိအားပေးနေသည်ကို တွေ့ရကြောင်း ဦးဇော်ဆန်က ပြောသည်။

ထို့ကြောင့် တရုတ်အစိုးရ၏စစ်ရေးနိုင်ငံရေး အပါ
အဝင် ဖြတ်တောက်ပိတ်ဆို့မှုများ အား ဖြေရှင်းနိုင်ရန် တအာင်းတပ် TNLA၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ
(SSPP) တို့ အမြန်ဆုံး ပူးပေါင်းဆောင်ရွက်သင့်ပြီဟုလည်း ဦးဇော်ဆန်ကအကြံပြုသည်။
👍7418🤣3🥰1🤬1
PSLF/TNLA သတင်းစာရှင်းလင်ပွဲတွင် ​ပြော​ရေးဆိုခွင့်ရှိသူ ​လွေး​ယေဦးကို​တွေ့ရစဥ်
👍7113🍌4🥰2🔥1
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)
က စစ်​ကောင်စီအ​ပေါ် အ​ရေးယူနိုင်မှုများကို
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာ​အောင်ကို ၂၀၂၄ နိုဝင်ဘာ ဒုတိယပါတ်တွင် လူထု​နွေဦးကဆက်သွယ်​မေးမြန်းထားမှုကို ပြန်လည်​ဖော်ပြ​ပေးလိုက်ပါတယ် ။

●"ဒီလိုမျိုး ဖိအားပေးမှုဟာ မြန်မာနိုင်ငံရဲ့အတွေ့ အကြုံအရဆိုရင် နိုင်ငံရေးအပြောင်းအလဲဟာ ကောင်းမွန်တဲ့ဘက်ကို ဦးတည်ပြီးပြောင်းလဲတဲ့ ဖိအားတစ်ရပ်ဖြစ်ခဲ့တာကို ကျွန်မတို့တွေ့ရမှာ ဖြစ်တယ်"

●"စစ်ကောင်စီကို ILOရဲ့ ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ ၃၃ အရ အရေးယူမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲလို့ ပြောရရင် အဆင့်သတ်မှတ်ချက်သုံးခုနဲ့ အရေးယူလာနိုင်တယ်။ ပထမအဆင့်မှာက မည်သည့်ပူးပေါင်းဆောင်ရွက်မှုမှ မလုပ်ဘူး။ နည်းပညာပိုင်းအရရော၊ ဘဏ္ဍာရေးပိုင်းအရရော၊ ဘာမှထောက်ပံ့မှုမလုပ်ဘူးဆိုတဲ့ ILO အဆင့် Sanction(ဒဏ်ခတ်အ​ရေးယူ)ဖြစ်တယ်။ နောက်တစ်ချက်က နိုင်ငံအဆင့် ILO အဖွဲ့ဝင်တွေက အရေးယူမယ့် အဆင့်မျိုးတစ်ခုရှိပါတယ်။ အဲဒီက အကယ်၍ ILO ကနေပြီး အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ILO အဖွဲ့ဝင်များသည် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်ပြီး သုံးသပ်ပါဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့မယ်ဆိုရင် ILO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့အစိုးရတွေကော ILOရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အလုပ်ရှင်တွေရော ကုမ္ပဏီတွေရောကနေပြီး ILO ရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး အကောင်အထည်ဖော်ရမယ့်ကိစ္စ ဖြစ်သွားရပါလိမ့်မယ်။ ဒါက ဒုတိယအဆင့် Sanctionပေါ့နော်။ နိုင်ငံတကာကနေ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်လိုက်တယ်ဆိုတဲ့ Sanctionမျိုးက ထပ်ပြီးဖြစ်မှာ ဖြစ်ပါတယ်"

●"စစ်ကောင်စီအနေနဲ့ ချိုးဖောက်မှုတွေ ဆက်တိုက်ဆက်တိုက် ဆက်ကျူးလွန်နေတာကြောင့် မြန်မာနိုင်ငံကို ILOက ပုဒ်မ ၃၃အရ အရေးယူဖို့ အခြေအနေဖြစ်လာတယ်ဆိုတာကို ပြည်တွင်းမှာရှိတဲ့ အလုပ်သမားတွေနဲ့ ပြည်သူတွေကို နားလည်းသိရှိစေလိုပါတယ်"


https://www.ludunwayoo.com/interviews-mm/2024/11/14/104165/
50👏14👍5🤣2🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ILO က စစ်​ကောင်စီကို အ​ရေးယူဒဏ်ခတ်ဖို့ ဆုံးဖြတ်

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ညီလာခံက စစ်​ကောင်စီကို အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့မှာ ပြုလုပ်နေတဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ(ILC)မှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ ပုဒ်မ ၃၃ (Article 33) အရ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီကို အရေးယူဒဏ်ခတ်ဖို့ အတည်ပြုလိုက်ပါပြီလို့ ညီလာခံတက်ရောက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မယ့် အသေးစိတ် အချက်အလက်များကို ညီလာခံမှာ ဆက်လက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

◾️စစ်ကောင်စီနဲ့ ဆွေးနွေးဖြစ်ပါကလည်း ရပ်တည်ချက်ပြောင်းလဲမှာ မဟုတ်ဘူးလို့ TNLA ပြော

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)ဟာ ပြည်သူနှင့်အတူ ရပ်တည်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ထပ်မံ အသိပေးပြီး အကယ်၍ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာပါကလည်း အရင်ဆွေးနွေးမှုအတိုင်း ရပ်တည်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ PSLF/TNLAက လက်ရှိ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာတွေနဲ့ ပတ်သက်လို့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲဲမှာ အတည်ပြု အသိပေးခဲ့တာပါ။ တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရာမှာ ပြည်သူလူထုအတွက် ဦးတည်ပြီးဆွေးနွေးခဲ့တာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုမှာ ရောက်တဲ့နေရာမှာ ချက်ချင်း အပစ်ရပ်ဖို့၊ ထိုးစစ်၊တိုက်ခိုက်မှုများရပ်ဖို့နဲ့ လူထု စားဝတ်နေရေး ဖြေရှင်းနိုင်ရေး ဖြတ်သန်းသွားလာမှုများ ပြုလုပ်ခွင့်ရဖို့ အချက်များကိုသာ TNLA ဘက်က ဆွေးနွေးခဲ့တယ်လို့ ရှင်းလင်းပါတယ်။

◾️နောင်ချိုမှာ စစ်ကောင်စီနဲ့ အပြန်အလှန် ထိုးစစ်တွေ ရှိနေတယ်လို့ TNLA ပြော

တအာင်းတပ်မတော်(TNLA)တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူတွေအနေနဲ့ စစ်ရေးအရ စိတ်ပူစရာ မလိုကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နောင်ချိုမြို့နယ် တောင်းခမ်းဘက်မှာ လက်ရှိအချိန်အထိ တဖက်နဲ့တဖက် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး စစ်ရေးအပိုင်းကို စိတ်ပူစရာမလိုဘဲ စစ်ရေးဗျူဟာအတိုင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ လွေးယေဦးက ရှင်းလင်းပါတယ်။ နောင်ချိုမြို့နဲ့ ၉မိုင်ဝန်းကျင်သာ ဝေးတဲ့ ကံကြီးရွာ အနီးမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာကြောင့် မြို့ခံတွေ စစ်ဘေးစတင်တိမ်းရှောင်လာကြသလို အသင့်အနေအထားနဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

◾️တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ KIA ကို တရုတ် တိုက်တွန်း

တရုတ်အစိုးရဟာ ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA)ကို တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အမြဲတမ်းပြောဆိုနေတယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIAက ၆လကြာ ဆင်နွှဲနေတဲ့ ဗန်းမော် မြို့သိမ်းတိုက်ပွဲကို ဆက်မတိုက်ဘဲ အပစ်ရပ်ပြီး စစ်​ကောင်စီနဲ့ ​ဆွေး​နွေးဖို့ တရုတ်အထူးကိုယ်စားလှယ်က ပြောဆိုကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ တိုက်ပွဲမဖြစ်ဖို့ ကိစ္စကတော့အမြဲတမ်းပြောနေတာလို့ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIAဟာ ဗန်းမော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေပေမယ့် လတ်တလောမှာ စစ်ရေး ပြန်လည်ငြိမ်သက်နေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

◾️လားရှိုးမြို့ကို စစ်ကောင်စီအင်အားဖြည့်

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းမှ အင်အားပို့နေသလို MNDAAနဲ့ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို လေကြောင်းကနေ ကင်းထောက်မှုများ ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံအချို့က​ပြောပါတယ်။ လားရှိုးမြို့သို့ မနေ့က စစ်ကောင်စီ တပ်ရဟတ်ယာဉ်အချို့ ဆင်းသက်ခဲ့သလို MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်၊ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်တို့ကို ကင်းထောက်လေယာဥ်မကြာခဏ ပျံဝဲနေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က စစ်ကောင်စီဟာ သိန္နီနဲ့ နမ့်ဆန်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့နယ်အချို့မှာ ကင်းထောက်လေယာဉ်ပျံဝဲမှု ထူးခြားတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဗြိတိန်ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင်ဖို့ တောင်းဆိုမှုတွေရှိလာ
33👍5🤮3
အာဏာသိမ်းစစ်ကောင်စီရဲ့မတရားဖမ်းဆီး အကျဉ်းချမှုကို ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဗြိတိန် ဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင် ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ ကွန်ဆာဗေးတစ်ပါတီရဲ့လူ့အခွင့်အရေး ကော်မရှင်က လောလောလတ်လတ် တင်ပြခဲ့တဲ့ မြန်မာ့ ပြည်တွင်းရေး အခြေအနေတွေအကြောင်း အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပိုပြီးထဲထဲဝင်ဝင်အားထည့် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းထားတာ တွေ့ရပါတယ်။ မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထားဆဲ ဖြစ်ရုံသာမက နိုင်ငံအနှံ့မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ မုဒိမ်းမှုတွေကိုလည်း ကျူးလွန်နေတဲ့အကြောင်း Independentရဲ့ သတင်းထဲမှာ ဖော်ပြထားခဲ့ပါတယ်။ အစီရင်ခံစာကို ဦးဆောင်ပြုစုသူတွေထဲ တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း တင်မ်လူတန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ကြုံတွေ့နေတဲ့ အခြေအနေတွေဟာ ထုတ်ပြောပြဖို့ ခက်ခဲလွန်းတဲ့ ဆင်းရဲဒုက္ခမျိုးတွေလို့ မှတ်ချက်ပေးခဲ့ပြီး ဗြိတိန်အစိုးရ အနေနဲ့ချက်ချင်းလက်ငင်းတုံ့ပြန်ကိုင်တွယ်ပေးဖို့ လိုနေပြီလို့ ထောက်ပြထားခဲ့ပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လူသိရှင်ကြားတောင်းဆိုထားပြီးဖြစ်ပါတယ်။

◾️ငလျင်သင့်ဒေသတွေမှာ စာသင်ဆောင်တွေ မလုံလောက်လို့ နှစ်သုတ်ခွဲပြီး ကျောင်းတက်နေရ

ငလျင်သင့်ဒေသတွေမှာ စစ်ကောင်စီက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရာ စာသင်ဆောင်တွေ မလုံလောက်လို့ ကျောင်းသူ၊ ကျောင်းသားတွေ နှစ်သုတ်ခွဲပြီး ကျောင်းတက်နေရပါတယ်။ ငလျင်ကြောင့် ထိခိုက်၊ ပြိုကျ ပျက်စီးသွားတဲ့ ကျောင်းဆောင်တွေကို ပြန်လည်ပြုပြင် တည်ဆောက်မှု မပြီးစီးသေးခင် ဇွန်လ ၁ရက်မှာ စစ်ကောင်စီက ၂၀၂၅ -၂၀၂၆ စာသင်နှစ် ကို စတင်စေခဲ့တာပါ။ စစ်ကိုင်း ၊ မန္တလေး နဲ့ နေပြည်တော်တို့မှာ စာသင်ကျောင်းတွေ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့ပေမယ့် ပြန်လည်တည်ဆောက်ရေး မစတင်နိုင်ခင်မှာပဲ ကျောင်းတွေကို စစ်ကောင်စီက အလျှင်အမြန်ဖွင့်စေတာလည်းဖြစ်ပါတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များပြားတဲ့ စစ်ကိုင်းမြို့မှာဆိုရင် ယာယီကျောင်းဆောင်အချို့ ကို စစ်ကောင်စီပညာရေးဝန်ကြီးက ဆောက်လုပ်တာရှိပေမယ့် စာသင်ဆောင်တွေ မလုံလောက်ဘူးလို့မြို့ခံ ကျောင်းသားမိဘတွေဆီကသိရပါတယ်။

◾️စစ်ကောင်စီဗုံးကြဲမှု​ကြောင့် ကလေးငယ် ၄၆၀ ကျော်အပါအဝင် ပြည်သူ ၃၁၀၀ ကျော် သေဆုံး

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အာဏာသိမ်းပြီးချိန်မှ ပြီးခဲ့တဲ့ မေလကုန်အထိ လေကြောင်း တိုက်ခိုက်မှုများကြောင့် လေးငယ်များအပါအဝင် သေဆုံးသူ ၃,၁၀၀ ကျော်ရှိခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဝန်ကြီးဌာနစုစည်းထားတဲ့ မှတ်တမ်းများအရ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုများမှာ မေလကုန်အထိအကြိမ်ပေါင်း ၂,၈၄၁ကြိမ်ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦး ရှိ​ကြောင်း မနေ့က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေအထဲမှာ အသက်(၁၈)နှစ်အောက်ကလေးသူငယ်၄၆၆ ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ် ၇၁၈ ဦး ပါဝင်တယ်လို့ ဝန်ကြီးဌာနက အသိ​ပေးပါတယ်။

◾️ငလျင်ဒဏ်သင့် ပြည်သူတွေဆီ ရိက္ခာဖြန့်ဖြူပေးဖို့ ယူရိုငါးသန်းကို WFP ကတဆင့် EU ထောက်ပံ့

ငလျင်ဒဏ်သင့်ဒေသက မြန်မာလူထုအတွက် စားနပ်ရိက္ခာ ထောက်ပံ့ဖို့ ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP)ကတဆင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂ က ပေးလာတဲ့ အဲဒီ ရန်ပုံငွေ နဲ့ ငလျင်ဘေးဒဏ်အဆိုးရွားဆုံး ခံစားခဲ့ရသူတွေအတွက် စားနပ်ရိက္ခာ ဒါမှမဟုတ် ရိက္ခာ ဝယ်ဖို့ ငွေသားအကူအညီပေးအပ်သွားမယ်လို့ WFP က ဆိုပါတယ်။ ဒါ့အပြင် ကလေးတွေနဲ့မိခင်တွေအတွက်ပါ အထူးအာဟာရ အထောက်အပံ့တွေပေးအပ်သွားမယ်လို့ ဇွန်လ ၄ ရက်မှာ WFP က သတင်းထုတ်ပြန်ထားပါတယ်။ အထောက်အပံ့အကူအညီလိုအပ်နေသူတွေထံ တိုက်ရိုက်ပေးအပ်သွားမှာဖြစ်ပြီး ဒေသခံ မိတ်ဖက်တွေ ၊ အစိုးရ မဟုတ်တဲ့ NGO တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ WFP က အသိပေးပါတယ်။
👍388🤮2
👍34🔥54😁2