People's Spring
61.5K subscribers
68.4K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■Photo News

KNLA၊ PDF ပူးပေါင်းတပ်ယူ‌ဆောင်လာတဲ့
ပြည်သူ့အောင်ပွဲ

-ဇွန်-၅၊၂၀၂၅။People's Sring

မြန်မာ - ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်​၏ ဘလယ်ဒိုစခန်း နှင့် သေ့ဘောဘိုးစခန်းအား သိမ်းယူခဲ့သည့် KNLA၊ KNDO ၊ PDF ပူးပေါင်းတပ်အား ပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒိုစခန်းကို မေလ ၂၃ ရက်နှင့် သေ့ဘောဘိုးစခန်းကို ဇွန်လ ၃ ရက်နေ့တွင် KNLA၊ PDF ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ပြည်သူ့အောင်ပွဲအဖြစ် အောင်ပွဲရယူခဲ့ကြခြင်းဟု CobraColumn2VENOMသတင်းနှင့်ပြန်ကြား
ရေးက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ယနေ့ ‌ဇွန်လ ၅ရက် နေ့လယ်၌ ထုတ်ပြန်ထားသည်။
91👍8🥰3👏3🔥2😁1
မုံရွာမှာ ပြည်သူ့စစ် နှစ်ဦးနဲ့ ရဲတစ်ဦး လက်နက်တွေနဲ့ PDFထံ အလင်းဝင်
ဇွန်-၅၊ ၂၀၂၅။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပြည်သူ့စစ်နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ လက်နက်ကိုယ်စီနဲ့ အလင်းဝင်လာလို့ သိန်း ၅၀ စီ ဆုချီးမြှင့်လိုက်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ကိုအာကူးက ပြောပါတယ်။
မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပျူစောထီး(ပြည်သူ့စစ်)နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ အလင်းဝင်ချင်လို့ ဆက်သွယ်လာတဲ့အတွက် ဧပြီနဲ့ မေလအတွင်းက သွားရောက်ခေါ်ယူပေးခဲ့ကြောင်း ကိုအာကူးက ရှင်းပြပါတယ်။
အလင်းဝင်လာတဲ့ စစ်အုပ်စုဝင်သုံးဦးဟာ သူတို့ကိုင်ဆောင်တဲ့ MA1၊ G3 နဲ့ MA13 လက်နက်တွေကို အပ်တဲ့အတွက် တစ်ဦးကို ကျပ် သိန်း ၅၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသုံးဦးဟာ ရန်ကုန်၊ ပုသိမ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကဖြစ်ပြီး နှစ်ဦးက တော်လှန်ရေးထဲ ဆက်လက်ပါဝင်သွားမယ်လို့ သိရပါတယ်။
အလင်းဝင်လိုသူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်စကားတွေကို နားမယောင်ဘဲ စိတ်ချလက်ချနဲ့ လာရောက်ဆက်သွယ်နိုင်ပြီး သွားလိုရာ ပို့ဆောင်ပေးမယ်လို့ ကိုအာကူးက ထပ်လောင်းပြောကြားပါတယ်။
"ယုံယုံကြည်ကြည်နဲ့ မှန်မှန်ကန်ကန်နဲ့သာ ချိတ်ဆက်ပေး။ ကျနော်တို့ ဘယ်နေရာဖြစ်ဖြစ် လာခေါ်မယ်။"လို့ ကိုအာကူးက ပြောပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီ အရင်ကတည်းက အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ရှိကြောင်း သိရပါတယ်။
52👏21👍12🥰2🤣2👎1😁1
(လက်နက်တွေနဲ့အတူ အလင်းဝင်လာသူ သုံးဦးနဲ့ ကိုအာကူးတို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုအာကူး)
53👍31👏5🥰2🤣2
နောင်ချိုမြို့အနီးအထိ တိုက်ပွဲ တွေနီးကပ်လာလို့
ဒေသခံတချို့စစ်ဘေးရှောင်

ဇွန်-၅၊၂၀၂၅၊မေ၊People Spring

နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေဖြစ်လာပြီးစစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်နေတာမို့မြို့ခံ​တွေ စစ်ဘေးစတင် တိမ်းရှောင်လာကြသလို အသင့်အနေ အထားနဲ့ နေထိုင်နေရတယ်လို့ ဒေသ
ခံပြည်သူ တွေက​ပြောပါတယ်။

‌ဇွန်လ ၅ရက်နေ့မှာနောင်ချိုမြို့နယ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို သွားတဲ့ လမ်းပိုင်းမှာ ရှိတဲ့ ကံကြီးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့​ဒေသခံ​တွေက​​ပြောတယ်။

ကံကြီးရွာဟာ နောင်ချိုမြို့နဲ့ ၉မိုင် ဝန်းကျင်သာ ဝေးတယ်လို့ သိရပါတယ်။

"မြို့ထဲကျန်တဲ့သူ တွေကလည်း အကုန်ကားပေါ်ပစ္စည်း တွေတင်ပြီး အသင့်ပြင်ထားရတယ်။တိုက်ပွဲက မြို့ပေါ် ပြန်ရောက်လာနိုင်တယ်"လို့ မြို့ခံတဦးကပြောပါတယ်။

​ဒေသခံပြည်သူ​တွေဟာ​ကျောက်မဲမြို့နယ်နဲ့ ​​ဘေးကင်းမယ်ထင်တဲ့ ဘက်ကိုကြိုတင်စစ်ဘေး ရှောင် နေကြပြီလိုဒေသခံ တွေကပြောပါတယ်။

ဇွန် ၄ ရက်နေ့ကလည်း စစ်တပ်ကပစ်ခတ်တဲ့လက်
နက်ကြီးတွေ မြို့တွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပေမယ့် People's Spring ကအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဇွန် ၄ ရက်နေ့ကပဲ ဒရုန်းနဲ့ မြို့တွင်းကို ဆယ်ကြိမ်ထပ်မနည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးသီးတွေ ချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တအောင်းတပ်မတော် (TNLA)ကတော့ ပြည်သူတွေ အနေနဲ့ စစ်ရေးအရ စိတ်ပူစရာမလို ကြောင်း သတင်းပြန်ကြား ရေးတာဝန်ခံ လွေးယေဦး က ဒီကနေ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

"နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်
ရွက်နေတာဖြစ်ပါတယ်။”လို့ လွေးယေဦးကရှင်းလင်းပွဲမှာပြောပါတယ်။

စစ်ကောင်စီက နောင်ချိုမြို့ကိုပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးရွာ တွေဘက်ကနေထိုးစစ်ဆက်ဆင်တိုက်ခိုက် နေပြီး ကျေးရွာတချို့ကိုလည်း ပြန်သိမ်းယူထားတယ်လို့သိရပါတယ်။

နောင်ချိုမြို့ကို ၂၀၂၄ခုနှစ် ဇူလိုင်လက TNLA၊ PDF နဲ့ပူး​ပေါင်းတပ်​တွေကတွေသိမ်းပိုက်ထားတာဖြစ်ပါတယ် ။
35👎11😢11👍8🤣2🔥1😁1🤬1
👍437🔥3🤣1
စစ်ကောင်စီနှင့် ဆွေးနွေးဖြစ်ပါကလည်းရပ်တည်ချက်ပြောင်းလဲမည်မဟုတ်ဟု TNLA ပြော

“တော်လှန်ရေးခံယူချက်ကတော့PSLF/TNLA
သည် စစ်အာဏာရှင် ကျဆုံးတဲ့အထိ အမြဲ အတူ တည်ရှိမှာ ဖြစ်ပါတယ်။” -TNLAပြောရေးဆိုခွင့်
ရှိသူ

ဇွန်-၅၊၂၀၂၅။ရဲခေါင်၊ထားမြတ်/ People’s Spring

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်
(TNLA)အနေဖြင့်ပြည်သူနှင့်အတူရပ်တည်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ထပ်မံ အသိပေးပြီး အကယ်၍ စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာပါကလည်း ယခင်ဆွေးနွေးမှုအတိုင်း ရပ်တည်ဆွေးနွေးသွားမည်ဟု ပြောကြားသည်။

PSLF/TNLAက လက်ရှိ စစ်ရေး ၊နိုင်ငံရေးဆိုင်ရာများနှင့်ပတ်သက်၍ဇွန်လ ၅ရက်၌ သတင်းစာ ရှင်းလင်းပွဲဲတွင်အထက်ပါအတိုင်း ထပ်မံအသိပေး​ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရာ၌ ပြည်သူလူထုအ
တွက် ဦးတည် ပြီးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွင် ရောက်သည့်နေရာမှာ ချက်
ချင်း အပစ်ရပ်ရန် ထိုးစစ်၊တိုက်ခိုက်မှုများရပ်ရန် နှင့် လူထု စားဝတ်နေရေး ဖြေရှင်းနိုင်ရေး ဖြတ်
သန်းသွားလာမှုများ ပြုလုပ်ခွင့်ရရန် အချက်
များကိုသာ TNLA ဘက်က ဆွေးနွေးခဲ့ဟုပြောပြသည်။

“ဆက်လက်ပြီးတော့မှတကယ်လို့တွေ့ဆုံမှု ဖြစ်
လာတယ်ဆိုရင်လည်း ဒီအချက်ကိုပဲ အခြေခံပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောကြားသည်။

ထိုအချက်များမှာလည်းလူထု၏အခက်အခဲ အ
ကြပ်အတည်း ကျော်လွှားနိုင်ရန် အတွက်သာဖြစ်ဟုဆိုသည်။

တရုတ်အစိုးရ၏စီစဉ်မှုဖြင့် TNLA နှင့်စစ်ကောင်
စီ တို့သည် ဧပြီလကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ရာ TNLAက အထက်ပါအတိုင်းရပ်တည်ဆွေးနွေးခဲ့သော်လည်း စစ်ကောင်စီက TNLA သိမ်းပိုက်နယ်မြေများမှ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ရာ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ဟု TNLA ကထုတ်ပြန်သည်။

ဩဂုတ်လတွင်ထပ်မံတွေ့ဆုံရန်စီစဉ်ထားကြောင်းလည်း TNLAက အသိပေးပြီးTNLA အဖွဲ့၏ရပ်
တည်ချက်ကိုလည်း ယခုသတင်းစာရှင်းလင်းပွဲ၌ ထပ်မံ ပြောခဲ့သည်။

“တော်လှန်ရေးခံယူချက်ကတော့PSLF/TNLA
သည် စစ်အာဏာရှင် ကျဆုံးတဲ့အထိ အမြဲ အတူ တည်ရှိမှာ ဖြစ်ပါတယ်။ ကျမတို့ မျှော်မှန်းချက်ကလည်း မြန်မာနိုင်ငံ တဝှမ်းလုံးမှာ စစ်အာဏာရှင် ဖိနှိပ်မှု စစ်အာဏာရှင် အုပ်ချုပ်မှု စနစ်ကနေကင်းဝေးပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မှာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

လက်ရှိကာလမှာတော်လှန်ရေးကာလဖြစ်၍ သူ့အရွေ့နှင့်ညသူသွားနေသည်ဟုလည်း ၎င်းက ဆက်ပြောပြသည်။

လက်ရှိတွင် စစ်ကောင်စီက အပစ်ရပ်ကြေညာထားသော်လည်း နောင်ချိုမြို့နယ်ကို ရပ်စောက်ကျောက်ဂူဘက်မှ တဆင့် စစ်အင်အားဖြည့်တင်းမှု၊ လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်းမှု ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဟု TNLA
က​ပြောသည်။

နောင်ချိုတွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊လက်နက်ကြီး
ပစ်ခတ်မှုများရှိနေ၍ လူထုများ၏ လုံခြုံရေးအ
တွက် လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များ လိုက်
နာဆောင်ရွက်ရန် လုံခြုံရေးသတိရှိရန် စစ်ရေးသတိအမြဲရှိရန် TNLA ပြောရေးဆိုခွင့်ရှိသူက
တိုက်တွန်းသည်။
67👍22👏6🤮4🥰1
TNLA ပြောရေးဆိုခွင့်ရှိသူ ​လွေး​ယေဦး။
ဓါတ်ပုံ-File Photo
82👍20👏6🤮3
■ဆောင်းပါး

မြို့ပေါ်က ဆိုင်ကယ်သမားများရဲ့သောက

Scorpio/People's Spring

မနက်လင်းပြီဆိုတာနဲ့ ဆိုက်တွဲတစီးနဲ့ ပတ်ထွက်တတ်တဲ့ မန္တလေးမြို့၊ ဆင်ခြေဖုန်းရပ်ကွက်တခုက အသက် ၃၀ ရွယ် ကိုမြင့်(အမည်လွှဲ)တယောက် ဒီကနေ့မနက်မှာတော့ သူ့အိမ်ရှေ့က လမ်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေတယ်။

ဘေးနားမှာလည်း သူ့ဇနီးသည်က မျက်နှာမသာမယာနဲ့ ငုပ်တုပ်ထိုင်နေတယ်။ အရင်ဆို လင်ကောမယားကော လင်းတာနဲ့ ဆိုက်တွဲမောင်းပြီး အလုပ်တွေပတ်ရှာလုပ်နေကြတာပါ။

ကိုမြင့်က သုံးဘီး ဆိုက်တွဲမောင်းရင်း အသက်
မွေးဝမ်းကျောင်းပါတယ်။ ကုန်ပစ္စည်းတွေ ခေါက်တိုသယ်ချင်တာမျိုးဆို ကိုမြင့်ကိုငှားလို့ရပါတယ်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းမှာတော့ ကိုမြင့်တို့လင်မယားနှယောက် မြို့ပတ်ပြီး ပြိုတဲ့တိုက်တွေကသံတွေလိုက်ကောက်ကြတယ်။ ပစ္စည်းပို့ခိုင်းရင်ပို့ပေးတယ်။ ငလျင်လှုပ်ပြီး သူတို့တတွေ အလုပ်တွေ ဇယ်ဆက်သလို လုပ်ရတယ်။

ဒါပေမဲ့ ဇွန်လဆန်းမှာတော့စစ်ကောင်စီက လိုင်စင်
မဲ့ယာဥ်တွေကို အင်တိုက်အားတိုက်ဖမ်းဆီးလာတဲ့အခါမှာတော့ ကိုမြင့်တို့လို သုံးဘီး ဆိုင်ကယ်သ
မားတွေ ငုတ်ပျောက်တော့တာပဲ။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဉ်တွေကို စီမံချက်နဲ့ဖမ်းဆီးမယ်လို့ ပြောကြားခဲ့ပြီး​နောက်မှာစစ်​​ကောင်စီလက်​အောက်ခံဝန်ထမ်း​တွေက အခုလိုအားတက်သ​ရော ဖမ်းဆီး​ငွေရှာနေကြတာပါ။

●အလုံးစုံအပြစ်ရှာဖမ်းတဲ့ ယာဥ်စစ်ရေးအဖွဲ့

စစ်ကောင်စီရဲ့ ယာဥ်စစ်ဆေးရေးအဖွဲ့ဟာ ငလျင်ဘေးဒဏ်သင့် မန္တလေးမြို့မှာလည်း အဖွဲ့စုံနဲ့နေ့စဥ် ပိုက်စိပ်တိုက် ဖမ်းဆီးနေပါပြီ။ ဖမ်းဆီးတဲ့အခါ လိုင်စင်မဲ့ယာဥ်တင်မကဦးထုပ်မဆောင်းတာ၊မေး
သိုင်းကြိုးတပ်မထားတာ၊ နောက်​ကြည့်မှန်မပါတာ၊ ယာဥ်မောင်းလိုင်စင် ပါမပါတွေပါ စစ်ဆေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အရင်ကတည်းက ယာဥ်စစ်ဆေးတာအကြောင်းပြပြီး ခြိမ်းခြောက်ငွေညှစ်တာ၊ လူဖမ်းတာတွေလုပ်လေ့ရှိပြီး အခုအခါမှာ ပိုဆိုးလာတာပါ။

ယာဥ်စစ်​ဆေးတဲ့အဖွဲ့​တွေထဲမှာ လုံခြုံ​ရေးအရဆိုပြီး စစ်သား နဲ့ ရဲ​တွေ ၊ ယာဉ်ထိန်းရဲ​တွေ ၊ ရပ်ကွက်​တွေထဲက အသက်ကြီးပိုင်း​တွေကို စစ်​ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုပြီး ထပ်ဖွဲ့​ပေးထားတဲ့ အပြာဝတ်​တွေ ၊ပျူ​စောထီး​တွေ ၊ စည်ပင် နဲ့ ​ထွေအုပ်ရုံးက သူ​တွေပါ ပါ​တက်ပါတယ် ။

စစ်​ကောင်စီဝန်ထမ်း​တွေလည်းလိုင်စင်မဲ့ယာဥ်​တွေစီးနင်းကြ​ပေမယ့် သူတို့က​တော့ အဖမ်းမခံကြရပါဘူး ။

ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်ခံဌာနတွေဟာ အချင်းချင်း နားလည်မှုနဲ့ ညှိပြီးလွှတ်ပေးနေကြပါတယ်။

"အဲဒီဌာနကလူတွေဆိုစစ်ဆေးရေးကတ်၊(ဝန်ထမ်းကဒ်)ထုတ်ပြရုံပဲ။ဝန်ထမ်းချင်းတဆင့်မြင့်တဲ့ သ
ဘောပေါ့"လို့ အဲဒီဝန်ထမ်းက ဆက်ပြောပါတယ်။

●သိန်းချီတဲ့ ဒဏ်ကြေးနဲ့ ဥပဒေမဲ့ ဖမ်း​ဆီးမှုများ

စစ်ကောင်စီက ပြစ်မှုပေါ်မူတည်ပြီး ငွေဒဏ်သိန်းချီတောင်းတာ၊ ဆိုင်ကယ်ကိုသိမ်းတာတွေ ပြုလုပ်နေတယ်လို့ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ဒေသခံတွေက ပြောပါတယ်။ အဆိုးဆုံးကတော့ လူကိုပါ ဖမ်းဆီးထောင်ချတာတွေ ရှိနေတယ်လို့ မန္တလေးနဲ့ မုံရွာမြို့ခံအချို့က ပြောပါတယ်။

"ရပ်ကွက်ထဲက ကလေးတစ်ယောက် လိုင်စင်မပါတာ ထောင်တစ်လချလိုက်တယ်။"လို့ ချမ်းမြသာစည်မြို့နယ်အနောက်ခြမ်းနေ အမျိုးသားတဦးက ပြောပါတယ်။

အလားတူ စစ်ကိုင်းမြို့နဲ့ မုံရွာမြို့တွေမှာလည်း စစ်
တပ်က ယာဥ်စစ်ဆေးရင်းလူကိုပါဖမ်းဆီးတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တကယ်တော့ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်က ပြဌာန်းလိုက်တဲ့ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်
တော်ယာဥ် စီမံခန့်ခွဲမှုဥပဒေအရ ယာဥ်မောင်းလိုင်စင်မပါရင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုတဲ့ ငွေဒဏ်ချမှတ်ရမယ်လို့ ပြဌာန်းထားတာပါ။

●ယာဥ်စစ်ဆေးရင်း စစ်သားသစ်ပါစုဆောင်းနေ

စစ်ကောင်စီဟာ ယာဥ်စစ်ဆေးရင်းနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာတွေ လုပ်နေတယ်လို့ စစ်ကိုင်းနဲ့ မန္တလေး မြို့ခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာတင် ယာဥ်စစ်ဆေးခံရပြီး ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေ အများအပြား ရှိနေကာ ဇွန်
လ ၃ ရက်နေ့ကတင် လူငယ်တွေ အဖမ်းခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ဒီက ထောင်မချဘူး။ပေါ်တာတခါတည်း ဆွဲခေါ်သွားတာ။ ပိုက်ဆံနဲ့ရွေးနိုင်ရင်ရွေး။ မရွေးနိုင်ရင် ပေါ်တာထဲပါတာ။"လို့ မုံရွာမြို့နေ လူလတ်ပိုင်းအမျိုးသားတဦးက ပြောပါတယ်။ ဒီကနေ့ ဇွန်လ ၅ ရက် မနက်ပိုင်းမှာလည်းစစ်ကိုင်းတံတား(ရတနာပုံတံတား)
စစ်ကိုင်းဘက်ခြမ်းမှာ စစ်ကောင်စီတပ်က ယာဥ်စစ်ဆေးရင်း လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်အရေအတွက်ကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

●ငွေတွင်းတူးပေးလိုက်ပြန်တဲ့ စစ်ကောင်စီ

စစ်ကောင်စီဟာ ငွေကြေးတန်ဖိုးပိုကြီးတဲ့ Clickတို့ Scoopi တို့လို ဆိုင်ကယ်တွေကို ဦးစားပေးဖမ်းလေ့ရှိတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။ ပြစ်မှုတခုခုတွေ့တာနဲ့ ယာဥ်တွေကို ကားပေါ်တင်ပြီး တခါတည်းသိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဖမ်းစေချင်ရင် ငွေ​ကြေးသိန်းချီတောင်းယူနေတယ်လို့ သိရပါတယ်။
34👍15🤬7😁3👎1
"ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင် အကုန်ပါတယ်။ မေးသိုင်းကြိုးမတပ်လို့တဲ့။ လေးသိန်းပေးလိုက်ရတယ်။အကုန်ဖမ်းတာ။ရက်ရက်စက်စက်ကို ဖမ်းတာ။"လို့ မုံရွာမြို့ခံ လူငယ်တဦးက ပြောပါတယ်။


အခုတကြိမ် လိုင်စင်မဲ့ယာဉ် တွေဖမ်းဆီးမှုမှာယာဉ်တွေကို သိမ်းယူပြီး မောင်းနှင်သူ တွေကိုပါဖမ်းဆီးနေသလို ငွေကျပ် ၁သိန်းကနေ သိန်း၅၀ အထိ​တောင်တောင်းယူတာတွေရှိနေပါတယ်။

●စစ်​ကောင်စီစိုးမိုး​ဒေသ​တွေက ပြည်သူ​တွေကိုထပ်တိုးဖိနှိပ်မှုဖြစ်

​စစ်​ကောင်စီက အခုလိုပြည်သူ​တွေကိုဖိနှိပ်​နေတာဟာ စစ်​ကောင်စီစိုးမိုးထားတဲ့ ​ဒေသ​တွေမှာပဲဖြစ်ပါတယ် ။​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထားတဲ့ ၊​တော်လှန်​ရေး အဖွဲ့​တွေစိုးမိုးတဲ့ မြို့​တွေ ၊​ဒေသ​တွေမှာ​တော့မလုပ်နိုင်ပါဘူး ။

မွန်ပြည်နယ်က ​​တော်လှန်​ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ​ရေးဘီးလူးအဖွဲ့​ခေါင်း​ဆောင်က ဇွန် ၄ ရက်​နေ့မှာ
ပြည်သူ​တွေ ခက်ခဲကြပ်တည်း​နေချိန်မှာ လိုင်စင်မဲ့ယာဥ်​တွေကို အ​ကြောင်းပြ ဖမ်းဆီးလုပ်စား​နေတာ​တွေကို သတိ​ပေးပါတယ် ။စစ်​ကောင်စီ ဝန်ထမ်း​တွေကိုယ်တိုင် လိုင်စင်မဲ့ယာဥ်​တွေစီးနင်း​နေကြရပြီး ပြည်သူ​တွေကို ဖမ်းဆီး ဒုက္ခ​ပေးရင် အ​ရေးယူမယ်လို့ သတိ​ပေး​ရေးသားထားပါတယ် ။

​ရေးဘီလူးရဲ့ သတိ​ပေးချက်ကို ပြည်သူအများအပြားက သ​ဘောကျခဲ့တာကို​တွေ့ရပါတယ်။

●လုပ်ငန်းတွေထိခိုက်လာ

စစ်ကောင်စီရဲ့ ယာဥ်စစ်ဆေးဖမ်းဆီးမှုတွေကြောင့် အခြေခံလူတန်းစားတော်တော်များများ အလုပ်ကနေ ခေတ္တရပ်နားထားရတယ်လို့ မန္တလေး၊ စစ်ကိုင်းနဲ့ မုံရွာမြို့က ဒေသခံတွေက ပြောပါတယ်။

"မြို့ထဲက တိုက်ဆေးသုတ်ဖို့ အလုပ်က ခေါ်နေတာ။ကလေးတွေ ဘယ်သူမှ မသွားရဲလို့ မသွားကြဘူး။"လို့ မန္တလေး ဆင်ခြေဖုန်းရပ်ကွက်တခုက အမျိုးသမီးတဦးက ပြောပြပါတယ်။

စျေးရောင်းသွားတဲ့ဆိုင်ကယ်တွေလည်း အဖမ်းခံရမှာကြောက်လို့ စျေးရောင်းတဲ့အလုပ် ရပ်နားထားရတယ်လို့ စျေးသည်အချို့က ပြောပါတယ်။

မုံရွာမြို့မှာတော့ မြို့ပေါ် ယာဥ်သွားယာဥ်လာ ရှင်း
လင်းနေပြီး ဖွင့်တဲ့ အလုပ်တွေလည်းစောစောဆင်းပေးနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

"ပုံမှန်ဆို ၅ နာရီအလုပ်ဆင်းတာ။ အခုဆို ၄ ခွဲ၊ ၄ နာရီ အဲလိုမဆင်းလို့ မရတော့ဘူး။ အလုပ်သမားတွေလည်း မလာကြတော့ဘူး။"လို့ မုံရွာမြို့နေ အ
မျိုးသားတဦးက ပြောပါတယ်။

ငလျင်ကြောင့် အလုပ်တွေဆက်တိုက်လုပ်ခဲ့ရတဲ့ ကိုမြင့်တယောက် အခုတော့ ငူငူငိုင်ငိုင်ကြီး ထိုင်နေရတယ်။ ဒါတင်မကသေးပါဘူး။ စစ်ကောင်စီက ရပ်ကွက်ထဲတွေအထိ လိုင်စင်မဲ့ယာဥ်တွေ ဖမ်းမယ်ဆိုလို့ ကိုမြင့်ဟာ သူ့ဆိုက်တွဲလေးကို ဝှက်ထားရတယ်လို့ ပြောပြတယ်။

"ဆိုက်တွဲကို စောင်ခြုံထားရတယ်။"လို့ ကိုမြင့်ကပြောရင်း မချိပြုံး ပြုံးနေပါတော့တယ်။ ။
👍36😡136🤬5😁2
ဆိုင်ကယ်တွေကို ဖမ်းဆီးနေတဲ့ စစ်​ကောင်စီယာဥ်ထိန်းရဲ​တွေကိုတွေ့ရစဥ်။ ဓာတ်ပုံ-CJ
🤬55🖕13💩11😁43😡2👎1
ILO က စစ်​ကောင်စီကိုအ​ရေးယူဒဏ်ခတ်ရန်ဆုံးဖြတ်

■စစ်ကောင်စီအပေါ်အရေးယူပိတ်ဆို့မည့် အသေး
စိတ် အချက်အလက်များကိုညီလာခံတွင်ဆက်
လက်ဆွေးနွေးနေ

ဇွန်-၅၊၂၀၂၅။ရဲခေါင်/People's Spring

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ညီလာခံက
စစ်​ကောင်စီကိုအရေးယူဒဏ်ခတ်ပိတ်ဆို့ရန် ယနေ့
(ဇွန်လ ၅ ရက်)တွင် ဆုံးဖြတ်လိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို့တွင် ပြုလုပ်နေသည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သ
မားညီလာခံ(ILC) ၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ ပုဒ်မ ၃၃ (Article 33) အရဆုံးဖြတ်ခဲ့ခြင်းဟု သိရသည်။

"စစ်ကောင်စီကို အရေးယူဒဏ်ခတ်ဖို့ အတည်ပြုလိုက်ပါပြီ"ဟု အထက်ပါ ညီလာခံ၌ ရှိနေသည့် မြန် မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က လူထုနွေဦးသို့ပြောသည်။

အာဏာသိမ်းစစ်တပ်သည် လူငယ်များ နှင့် အလုပ် သမားများကို စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ စစ်မှု
ထမ်းစေခြင်း၊လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့် ပြင်း
ထန်စွာချိုးဖောက်ကာ အဓမ္မ ခိုင်းစေသည့် အလုပ် သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကန့်ကွက်သူမရှိညီလာခံက အတည်
ပြုခဲ့ကြောင်း အသိပေးသည်။

ထိုအရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွင် ကုလသမဂ္ဂ အေဂျင်စီများကထောက်ပံ့သည့်နည်းပညာ၊ လူ
သားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတ
မန်ရေးစသည်များကို ရပ်တန့်ပြီး စစ်ကောင်စီကို အကြမ်း ဖက်စစ်တပ်အဖြစ် တရားဝင်သတ်မှတ်ခြင်း၊စစ်တပ်မှကျူးလွန်သူများကို နိုင်ငံတကာတရားရုံး၌ ရုံးတင်စစ်ဆေးအရေးယူခြင်းတို့ ပါဝင်သည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) အဖွဲ့ဝင် နိုင်ငံပေါင်း ၁၈၅ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်တို့သည် စစ်ကောင်စီနှင့်ဆက်နွယ်ပတ်သက်မှုကို ရှောင်ကြဥ်ရတော့မည်လည်းဖြစ်သည်။

စစ်ကောင်စီအပေါ်အရေးယူပိတ်ဆို့မည့် အသေး
စိတ် အချက်အလက်များကို ညီလာခံတွင် ဆက်
လက်ဆွေးနွေးနေဆဲ ဖြစ်ကြောင်းလည်းသိရသည်။

လွန်ခဲ့သော ၂၅ နှစ် (နအဖ)ခေတ် ဦးသန်ရွှေလက် ထက်က မြန်မာနိုင်ငံကို ILO က ပုဒ်မ ၃၃ ဖြင့် အရေး ယူခဲ့ပြီး အကြမ်းဖက်စစ်တပ်အဖြစ် သတ် မှတ်ကာ စီးပွားရေးအလုံးစုံပိတ်ဆို့မှုများပြုလုပ်ခဲ့ဖူးသည်။ ILO က ပုဒ်မ ၃၃ ဖြင့် ၂ နိုင်ငံကိုသာအ​ရေးယူခဲ့ဖူးပြီး ၂၀၀၀ ပြည့်နှစ်ကမြန်မာနိုင်ငံနှင့်
၂၀၂၃ ခုနှစ်တွင် အာဏာရှင် နိုင်ငံဖြစ်​သော
ဘီလာရုစ်နိုင်ငံဖြစ်သည်​။

အကြမ်းဖက်မှုများဆက်တိုက်ကျူးလွန်​နေ​သော
စစ်​ကောင်စီကို ILO က ပုဒ်မ ၃၃ ဖြင့်အ​ရေးယူရန် ​အလုပ်သမားအဖွဲ့များ ၊သပိတ်အဖွဲ့များ ၊တော်လှန်ပြည်သူများက လ​ပေါင်းများစွာ​တောင်းဆိုတိုက်
တွန်းခဲ့ကြခြင်းဖြစ်သည်။
👏5818👍12🤮3🥰1😁1
ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့တွင် ကျင်းပ​နေ​သော
၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သ
မားညီလာခံ(ILC) ကို​​တွေ့ရစဥ်။ဓါတ်ပုံ-ILO
63👍25👏2🔥1
စစ်ကောင်စီ စနိုက်ပါတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ၉/အညာမြေစစ်ဆင်ရေးအတွင်း ဖမ်းမိ

မတ်-၅၊ ၂၀၂၅။ ရဲခေါင်၊မေ/People’s Spring

စစ်ကောင်စီ၏ စနိုက်ပါ တပ်ဖွဲ့ဝင်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ဖမ်းမိခဲ့ပြီး ပေါ်တာဆွဲခံရ၍ စစ်ကြောင်းထဲ ပါလာသည့် အဓမ္မစစ်မှုထမ်းရသူရှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နှင့် ၁၀ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးအောင်က လူထုနွေဦးသို့ ပြောသည်။

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်ကောင်စီအား မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်းနှင့်အတူ မဟာမိတ်ပူပေါင်းတပ်ဖွဲ့များမှ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာမှ စစ်ကောင်စီတပ်သားများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်က ဝက်လူးစခန်းသို့ စစ်ကူအဖြစ်ရောက်ရှိလာသော စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းစေခိုင်းရန် အတင်းအဓမ္မပေါ်တာဆွဲခံရသော လူငယ် ရှစ်ဦးကို ကနဦးကယ်ထုတ်ခဲ့​ကြောင်း အသိပေးသည်။

“ပေါ်တာဆွဲခံရတဲ့သူတွေက (စစ်ကောင်စီ စစ်မှုထမ်း)အပတ်စဉ်(၉)ပါမယ်၊ အပတ်စဉ်၁၀ ပါမယ်။ နေပြည်တော်၊ တာချီလိတ်၊ ဧရာဝတီတိုင်းဘက်က လူတွေဖြစ်ပါတယ်”ဟု မြင်းခြံခရိုင်တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စနိုက်ပါတစ်ဦး ၊ တပ်သားတစ်ဦးတို့ကို မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနှင့် အမှတ်(၁၀)တပ်ရင်းတို့က လက်ဝယ် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

"ဖြစ်ခဲ့တဲ့ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ခေါ်လာတဲ့၊ ပေါ်တာဆွဲလာတဲ့ လူငယ်တွေများတယ်။ လူငယ်တွေအနေနဲ့ ရတဲ့နည်းနဲ့ ပြည်သူ့ရင်ခွင်ဘက်ကို ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေဆီ ထွက်ပြေးတာတွေ၊ လက်နက်ချတာတွေလုပ်ကြပါ"ဟု ကိုစိုးအောင်က တိုက်တွန်းသည်။

ထို့အပြင် ဇွန်လ ၃ ရက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၄)ဦးထက်မနည်း သေဆုံးပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ခဲယမ်းအချို့နှင့် ရန်သူ့အလောင်း တစ်လောင်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်မှစ၍ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန် မြို့နယ်တို့မှ စစ်ကောင်စီဂိတ်စခန်းများကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးသူ ၅၀ ထက်မနည်းရှိကာ လက်နက် ၂၇လက် သိမ်းဆည်းရရှိကြောင်း ၉/ အညာမြေ စစ်ဆင်ရေးက ထုတ်ပြန်ထားသည်။

မြင်းခြံမြို့နယ်ရှိ ဆီးမီးခုံရဲစခန်း၊ ကျောက်ပြုတ်ရွာပျူစခန်း၊ တောင်ရှေ့ဂိတ်အထိုင်စခန်း၊ ၁၈ ရပ်ကွက်နှင့် ခရိုင်ထွေအုပ်ရုံး ၊ နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်း Gas ပိုက်လိုင်းနှင့် မြို့မစခန်း၊ ဇီရွာအနီးစစ်ကြောင်း၊ တောင်သာမြို့နယ်တွင် ထနောင်းကုန်းပျူရွာစခန်း၊ မြို့ဝင်ဂိတ် Gas ပိုက်လိုင်းနှင့် ငါန်းဇွန်မြို့နယ်ရှိ မြို့ဝင်ဂိတ်၊ မြို့သာဘဏ်စောင့်ကင်းစခန်းတို့ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
👏5325👍16🤮2🥰1