မြန်မာ အပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် | People's Spring
https://youtu.be/6vcCJ6sIClg
https://youtu.be/6vcCJ6sIClg
YouTube
မြန်မာ အပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် | People's Spring
မြန်မာ အပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်
ဇွန် - ၅ ၊၂၀၂၅/People's Spring
မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ ခုက နိုင်ငံသားတွေ အမေရိကန်ဆီ လာရောက်မှုကို ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း ကြေညာချက် တစ်ခု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။…

👍34🤬8❤4😁3👎1
ရွာငံမြို့ NLD လွှတ်တော်ကိုယ်စားလှယ် ဖမ်းခံရပြီးလပိုင်းအတွင်း စစ်ကြောရေးမှာ ကျဆုံး | People's Spring
https://youtu.be/Wj3459BVl4g

ရွာငံမြို့ NLD လွှတ်တော်ကိုယ်စားလှယ် ဖမ်းခံရပြီးလပိုင်းအတွင်း စစ်ကြောရေးမှာ ကျဆုံး
ဇွန် - ၅ ။၂၀၂၅ /People's Spring
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရွာငံမြို့နယ် ပြည်သူလွှတ်တော်ကိုယ် ဦးအောင်စိုးမင်းဖမ်းဆီးခံရပြီး လပိုင်းအကြာမှာပဲ…

😢40🤬12❤4😁2👎1
လားရှိုးမြို့ကို စစ်ကောင်စီအင်အားဖြည့်
■MNDAAနှင့် TNLA ထိန်းချုပ်ဒေသများကို
လေကြောင်းကင်းထောက်နေ
ယောနသံ/People's Spring
လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းမှ အင်
အားပို့နေသလို MNDAAနှင့် TNLA ထိန်းချုပ်ထားသည့် မြို့နယ်အချို့ကို လေကြောင်းမှကင်း
ထောက်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံအချို့ကပြောသည်။
လားရှိုးမြို့သို့ ဇွန်လ ၄ရက်က စစ်ကောင်စီ တပ်ရဟတ်ယာဉ်အချို့ ဆင်းသက်ခဲ့သလို MNDAA ထိန်းချုပ်ထားသော သိန္နီမြို့နယ်၊TNLA ထိန်းချုပ်
ထားသော နမ့်ဆန်မြို့နယ်တို့ကို ကင်းထောက်လေယာဥ်မကြာခဏ ပျံဝဲနေခဲ့ကြောင်း ဒေသခံများကပြောသည်။ ဇွတ်လ ၅ရက် နံနက် ၉နာရီခန့်ကလည်း တောင်ကြီးမြို့တွင် တိုက်လေယာဉ်တစ်စီး ကျယ်လောင်စွာဖြတ်ပျံသွား၍ ဒေသခံများအထိတ်တလန့်ဖြစ်ခဲ့ကြသည်။
"လားရှိုးကို အင်အားဖြည့်နေတာ သိသိသာသာပဲဗျ။ ဌာနဆိုင်ရာရုံးတွေ ဖွင့်မယ်လို့ခေါင်းစဉ်နဲ့ ရောက်လာတဲ့အထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အ
များကြီးပါလာတယ်။ဒီရက်ပိုင်းထူးခြားတာက ကင်းထောက်လေယာဉ်တွေဝဲတာ။ စစ်ရေးအခြေ
အနေဘာဖြစ်မလဲဆိုတဲ့ သံသယနဲ့နေကြရတယ်ဗျ"ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ဇွန်လ ၄ ရက်နေ့ကသိန္နီနှင့် နမ့်
ဆန်အပါအဝင် ရှမ်းပြည်နယ်များပိုင်းမှမြို့နယ်အချို့တွင် ကင်းထောက်လေယာဉ်ပျံဝဲမှုသည် ထူး
ခြားသည့်အခြေအနေဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
"လားရှိုးမှာဆို အခု စစ်ကောင်စီက မှတ်ပုံတင်တွေ ပြန်လုပ်ပေးနေတယ်။ကျမတို့လည်းသွားလုပ်ထားတယ်။တိုက်ပွဲတွေပြန်ဖြစ်ရင်ပြေးလို့လွယ်အောင်"
ဟု ဒေသခံတစ်ဦးကပြောသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်
မတော်(MNDAA)က အရှေ့မြောက်တိုင်းစစ်ဌာ
နချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို ၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)
အဖြစ် ထည့်သွင်းသတ်မှတ်အုပ်ချုပ်ခဲ့သည်။
သို့သော် တရုတ်အစိုးရ၏ ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ MNDAA ပြန်လည်ဆုတ်ခွာခဲ့ရပြီး မြို့ပေါ်ရပ်ကွက် ၁၂ခုကို ပြီးခဲ့သည့် ဧပြီလမှစတင်က စစ်ကောင်စီ ပြန်ထိန်းချုပ်ထားသည်။ လားရှိုးမြို့နယ်အတွင်းကျန်ဒေသများနှင့် ၁၀၂၇ စစ်ဆင်
ရေးတွင်သိမ်းပိုက်ခဲ့သည့်မြို့နယ်များကို MNDAA
က ဆက်လက်ထိန်းချုပ်ထားသည်။
လားရှိုးမြို့ပေါ်ကိုထိန်းချုပ်ထားသည့် စစ်ကောင်စီက ကျောင်းများပြန်ဖွင့်ထားပြီး ကျောင်းအပ်လက်
ခံနေသည်။ လုံခြုံရေးအခြေအနေစိတ်မချခြင်းနှင့် တိုက်ပွဲများပြန်ဖြစ်နိုင်သည်ဟုစိုးရိမ်မှုများကြောင့် ကျောင်းတက်ရောက်သူနည်းပါးသည်ဟု ဒေသခံများကပြောသည်။ ထို့အတူ MNDAAကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် ဇွန်လ ၅ရက်မှစ၍ ကျောင်းအပ်လက်ခံနေသည်။ လားရှိုးမြို့နယ်အတွင်း မယ်ဟန်၊ ခေးနင်း၊ နောင်မွန်ရွာအပါအဝင် ကျေးရွာ ၂၀မှ အခြေခံပညာကျောင်းများတွင်ကျောင်းအပ်လက်ခံမည်ဟု MNDAA၏ အထူးဒေသ(၁)မြန်မာပညာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA)နှင့် စစ်ကောင်စီသည် လက်ရှိတွင် နောင်ချိုမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေသည်။
TNLAနှင့် စစ်ကောင်စီသည်တရုတ်အစိုးရ၏
တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ဖေဖော်ဝါရီလက တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆင်မပြေဘဲ ဆွေးနွေးမှုရပ်သွားခဲ့သည်။ ထို့နောက် စစ်ကောင်စီကနောင်ချိုမြို့ကို လေ
ကြောင်းမှ မကြာခဏဗုံးကြဲပြီး မြေပြင်မှာလည်းစစ်ကြောင်းထိုးနေသည်။
ပြည်သူလူထုသဘောထားအတိုင်းစစ်အာဏာရှင်
ပြုတ်ကျသည်အထိ တိုက်ပွဲဝင်မည်ဟု ကြွေး
ကြော်ပြီး စတင်ခဲ့သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏၁၀၂၇ စစ်ဆင်ရေးအတွင်း TNLAက ရှမ်း
ပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊မိုးမိတ်နှင့် သီပေါမြို့နယ်၊မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်တို့ကို သိမ်းယူခဲ့သည်။
MNDAAက ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံကိုး၊ သိန္နီ၊ လားရှိုး မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
လက်ရှိတွင် MNDAA၊TNLAနှင့် အာရက္ခတပ်တော်(AA)တို့ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မတ်လ ၂၈ရက်က ငလျင်ကြောင့် ပြည်သူ
လူထုအကြပ်အတည်းတွေ့နေခြင်းနှင့် ပြန်လည်
ထူထောင်ရေးလုပ်ငန်းများ လုပ်နေချိန်ဖြစ်သော
ကြောင့်ဟုဆိုကာဇွန်လ ၃၀ရက်အထိ ယာယီအပစ်ရပ်ထားကြောင်း ကြေညာထားသည်။

❤38🤬26👍12👎2😁2🥰1
နောင်ချိုတွင် စစ်ကောင်စီနှင့် အပြန်အလှန် ထိုးစစ်များ ရှိနေဟု TNLA ပြော
■လူထုများလုံခြုံရေးဂရုစိုက်ရန် နှင့် စစ်ရေးအရ စိတ်ပူစရာမလို၊ ဗျူဟာအတိုင်းဆောင်ရွက်နေဟု အသိပေး
ဇွန်-၅၊၂၀၂၅။ရဲခေါင်၊ ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA) တိုက်ခိုက်သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများအနေဖြင့်စစ်ရေးအရ စိတ်ပူစရာ မလိုကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ယနေ့ကျင်း
ပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ဇွန်လ ၅ရက်မနက်တွင်TNLAက စစ်ရေး၊ နိုင်ငံ
ရေးဆိုင်ရာများ သတင်းစာရှင်းလင်းစဉ် နောင်ချိုဒေသ တိုက်ပွဲ အခြေအနေကို ယခုကဲ့သို့ပြောပြခြင်းဖြစ်သည်။
“နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်
ရွက်နေတာဖြစ်ပါတယ်။” ဟု လွေးယေဦးက ပြောကြားသည်။
စစ်ကောင်စီ က ဇွန်လ ကုန်အထိ အပစ်ရပ်သက်
တမ်းတိုးကြောင်း ကြေညာခဲ့သော်လည်း နောင်ချိုကိုလေကြောင်း ၊ ဒရုန်း နှင့်လက်နက်ကြီးတိုက်
ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဧပြီနှင့် မေလကလည်း ငလျင်အကြောင်းပြ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ကြေ
ညာခဲ့သော်လည်း နောင်ချိုမြို့နယ်အတွင်း TNLA တပ်ရှိရာနေရာများကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
TNLA၏ဇွန်လ ၄ ရက်နေ့ထုတ်ပြန်ချက်အရ မေ
လ အတွင်း နောင်ချိုမြို့ရှိ ကျေးရွာများနှင့် TNLA တပ်ရှိရာ နေရာများကို ဦးတည်ပြီး စစ်ကောင်စီက လေကြောင်းမှ ၁၂ကြိမ်၊ လက်နက်ကြီးဖြင့် ၇၇၆လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၃၂၉ လုံး၊ အဆိပ်ငွေ့ဗုံး ၁၄၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟုသိရသည်။
ထိုသို့တိုက်ခိုက်မှုများကြောင့်ပြည်သူ၆ဦးသေဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။
စစ်ကောင်စီသည် နောင်ချိုမြို့နယ်အပြင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ကျောက်မဲ၊ မိုင်းငေါ့၊မိုင်းလုံနှင့် မန်တုံမြို့နယ်များကိုလည်း မေလအ
တွင်း လေကြောင်း တိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့သည်။
စစ်ကောင်စီနှင့် TNLA တို့သည် တရုတ်အစိုးရ၏ ကြားဝင် စီစဉ်မှုဖြင့် ဧပြီလကုန်ပိုင်းက အပစ်ရပ်စဲရေး ဆွေးနွေးခဲ့ရာ စစ်ကောင်စီက TNLA သိမ်း
ပိုက်ထားသည့် မြို့ရွာများ ပြန်ပေးရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီ၏တောင်းဆိုချက်ကို TNLA
က လက်မခံဘဲ ပယ်ချခဲ့ရာ ဆွေးနွေးပွဲ အဖြေမရဘဲ ပြီးဆုံးခဲ့သည်။
ဩဂုတ်လတွင် နှစ်ဖက်ပြန်လည်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း စစ်ကောင်စီက TNLAနယ်မြေကို ထိုးစစ်ဆင်မှုတိုက်ခိုက်မှုများ ဆက်လုပ်နေခြင်းဖြစ်သည်။
TNLA အနေဖြင့်လည်း ကိုးကန့် MNDAA၊ ရက္ခိုင် AA တို့နှင့်အတူ တဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးခဲ့သော်လည်း စစ်ကောင်စီ၏ ထိုးစစ်၊ စစ်ရေးလှုပ်ရှားမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။

❤47👍34🤣2🥰1
ရခိုင်ရိုးမပေါ်က ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAသိမ်းယူ | People's Spring
https://youtu.be/tTmD2q76J84

ရခိုင်ရိုးမပေါ်က ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAသိမ်းယူ
ဇွန် - ၅ ၊ ၂၀၂၅ / People's Spring
မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြားရှိ အမ်း-ပဒါန်းလမ်းမပေါ်က စစ်ကောင်စီတပ် ရဲ့ နတ်ရေကန်ဗျူဟာကုန်းအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို အာရက္ခတပ်တော်(AA)က…

👍62❤14🥰2🤣2
ကျောက်ကြီးတွင် ပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သားသစ် သုံးဦး လက်နက် ၃လက်ယူလာပြီး PDF ထံ အလင်းဝင်
■“သူတို့ကို လူသားဒိုင်းသဖွယ် အသုံးပြုပြီးတော့ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တစုက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာဖြစ်တယ်” - Spring Warriors Column တာဝန်ရှိသူ
ဇွန်-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်မှ စစ်ကောင်စီတပ်သား သုံးဦး လက်နက်ခဲယမ်းများနှင့်အတူ Spring Warriors Column ထံ အလင်းဝင်လာကြောင်း အဆိုပါ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ကျောက်ကြီးမြို့နယ် နောင်ကုန်းကျေးရွာသို စစ်ကြောင်းထိုးလာသော ခမရ (၅၈၄)မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ကောင်စီတပ်သား (၃)ဦးသည် မေလ (၁၆)ရက်နေ့တွင် MA 1 တစ်လက် ၊ MA3 နှစ်လက် ယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်ဟု ဖော်ပြသည်။
အလင်းဝင်လာသော စကစ တပ်သားများမှာ စစ်ကောင်စီ၏ မတရားစစ်မှူထမ်းရန် ပေါ်တာဆွဲခေါ်ဆောင်ခံရသော လူငယ်များဖြစ်ပြီး ၎င်းတို့အား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ကာ ဆုငွေ ပေးအပ်ခဲ့ဟု Spring Warriors Column က ထုတ်ပြန်သည်။
“စစ်ကောင်စီရဲ့ လက်ကျန်တပ်သားတွေ ပြည်သူ့ရင်ခွင် ခိုလှုံဖို့ ပြောချင်တယ်။ နောက်ပြီးတော့ စစ်ကောင်စီတပ်သားဟောင်းတွေက အခု ပေါ်တာ ဆွဲပြီး အတင်းအဓမ္မ စေခိုင်းထားတဲ့ ပစတွေကို အချင်းချင်း ခွဲခြားပြီးဖိနှိပ်နှိပ်စက်တာတွေရှိတယ်လို့ ကျနော်တို့ သိရတယ်။ ဆိုတော့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီဆီမှာ အသက်ကို အလဟသ အဖြစ်ခံမယ့်အစား ပြည်သူ့ရင်ခွင် ခိုလှုံကြပါလို့ ပြောချင်ပါတယ်” ဟု Spring Warriors Column တာဝန်ရှိသူက ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူ့ သွေးသား၊ ပြည်သူ့ဘက်တော်သားများ ဖြစ်သကဲ့သို့ စစ်ကောင်စီ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်း ခိုင်းစေခံရသည့် တပ်သားများသည်လည်း ပြည်သူများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
“စစ်ကောင်စီက ဘယ်လိုပုံစံမျိုးလုပ်လဲဆိုတော့ ပြည်သူကို ပြည်သူနဲ့ ပြန်တိုက်တဲ့ ပုံစံမျိုး သူတို့တွေက ဖန်တီးနေတာ။ နောက်ပြီးတော့ စစ်ကောင်စီတပ်သားသစ်တွေအနေနဲ့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ တပ်သားသစ်တွေပေါ့လေ သူတို့ဟာ တကယ်တန်းပြောရရင် သူတို့ကို လူသားဒိုင်းသဖွယ် အသုံးပြုပြီးတော့ မင်းအောင်လှိုင်နဲ့စစ်အာဏာရှင်တစုက သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်နေတာဖြစ်တယ်” ဟု Spring Warriors Column တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ၏ အောက်ခြေရဲဘော်များ အထူးသဖြင့် တပ်သားသစ်များ၏ အသက်ကို မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်များက ဂရုစိုက်ခြင်းမရှိဟု ပြောသည်။
“အဲဒီတော့ မင်းအောင်လှိုင်အတွက် စစ်အာဏာရှင်အတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အသက်ကို အကြောင်းမဲ့ မစွန့်လွှတ်ဖို့ ၊ ပြည်သူ့ ရင်ခွင်ခိုလှုံပြီးတော့ ပြည်သူတွေနဲ့တသွေးတည်း တသားတည်း ရပ်တည်ဖို့ကြိုးစားကြပါ ကျနော်အဲဒီလိုပဲ တိုက်တွန်းချင်တယ်” ဟု Spring Warriors Column တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီမှ မတရားစစ်မှုထမ်းရန်ခေါ်ဆောင်ခံရသော လူငယ်များနှင့် မတရားစစ်ကောင်စီလက်ပါးစေဘဝမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံချင်ပါက မိမိတို့တာဝန်ကျရာနှင့် နီးစပ်ရာတပ်ရင်း၊ စစ်ကြောင်း သို့မဟုတ် Spring Warriors Column တပ်ရင်း page messenger သို့ဆက်သွယ်၍ အလင်းဝင်ရောက်နိုင်ကြောင်းလည်း အသိပေးထားသည်။
Spring Warriors Column တပ်ရင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း-၁(တပ်ရင်း -၇၀၀၁) ဖြစ်သည်။

👏51❤15👍6🥰2😁1
■Photo News
KNLA၊ PDF ပူးပေါင်းတပ်ယူဆောင်လာတဲ့
ပြည်သူ့အောင်ပွဲ
-ဇွန်-၅၊၂၀၂၅။People's Sring
မြန်မာ - ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဘလယ်ဒိုစခန်း နှင့် သေ့ဘောဘိုးစခန်းအား သိမ်းယူခဲ့သည့် KNLA၊ KNDO ၊ PDF ပူးပေါင်းတပ်အား ပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒိုစခန်းကို မေလ ၂၃ ရက်နှင့် သေ့ဘောဘိုးစခန်းကို ဇွန်လ ၃ ရက်နေ့တွင် KNLA၊ PDF ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ပြည်သူ့အောင်ပွဲအဖြစ် အောင်ပွဲရယူခဲ့ကြခြင်းဟု CobraColumn2VENOMသတင်းနှင့်ပြန်ကြား
ရေးက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ယနေ့ ဇွန်လ ၅ရက် နေ့လယ်၌ ထုတ်ပြန်ထားသည်။

❤91👍8🥰3👏3🔥2😁1
မုံရွာမှာ ပြည်သူ့စစ် နှစ်ဦးနဲ့ ရဲတစ်ဦး လက်နက်တွေနဲ့ PDFထံ အလင်းဝင်
ဇွန်-၅၊ ၂၀၂၅။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပြည်သူ့စစ်နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ လက်နက်ကိုယ်စီနဲ့ အလင်းဝင်လာလို့ သိန်း ၅၀ စီ ဆုချီးမြှင့်လိုက်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ကိုအာကူးက ပြောပါတယ်။
မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပျူစောထီး(ပြည်သူ့စစ်)နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ အလင်းဝင်ချင်လို့ ဆက်သွယ်လာတဲ့အတွက် ဧပြီနဲ့ မေလအတွင်းက သွားရောက်ခေါ်ယူပေးခဲ့ကြောင်း ကိုအာကူးက ရှင်းပြပါတယ်။
အလင်းဝင်လာတဲ့ စစ်အုပ်စုဝင်သုံးဦးဟာ သူတို့ကိုင်ဆောင်တဲ့ MA1၊ G3 နဲ့ MA13 လက်နက်တွေကို အပ်တဲ့အတွက် တစ်ဦးကို ကျပ် သိန်း ၅၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသုံးဦးဟာ ရန်ကုန်၊ ပုသိမ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကဖြစ်ပြီး နှစ်ဦးက တော်လှန်ရေးထဲ ဆက်လက်ပါဝင်သွားမယ်လို့ သိရပါတယ်။
အလင်းဝင်လိုသူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်စကားတွေကို နားမယောင်ဘဲ စိတ်ချလက်ချနဲ့ လာရောက်ဆက်သွယ်နိုင်ပြီး သွားလိုရာ ပို့ဆောင်ပေးမယ်လို့ ကိုအာကူးက ထပ်လောင်းပြောကြားပါတယ်။
"ယုံယုံကြည်ကြည်နဲ့ မှန်မှန်ကန်ကန်နဲ့သာ ချိတ်ဆက်ပေး။ ကျနော်တို့ ဘယ်နေရာဖြစ်ဖြစ် လာခေါ်မယ်။"လို့ ကိုအာကူးက ပြောပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီ အရင်ကတည်းက အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ရှိကြောင်း သိရပါတယ်။

❤52👏21👍12🥰2🤣2👎1😁1
(လက်နက်တွေနဲ့အတူ အလင်းဝင်လာသူ သုံးဦးနဲ့ ကိုအာကူးတို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုအာကူး)
❤53👍31👏5🥰2🤣2
နောင်ချိုမြို့အနီးအထိ တိုက်ပွဲ တွေနီးကပ်လာလို့
ဒေသခံတချို့စစ်ဘေးရှောင်
ဇွန်-၅၊၂၀၂၅၊မေ၊People Spring
နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေဖြစ်လာပြီးစစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်နေတာမို့မြို့ခံတွေ စစ်ဘေးစတင် တိမ်းရှောင်လာကြသလို အသင့်အနေ အထားနဲ့ နေထိုင်နေရတယ်လို့ ဒေသ
ခံပြည်သူ တွေကပြောပါတယ်။
ဇွန်လ ၅ရက်နေ့မှာနောင်ချိုမြို့နယ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို သွားတဲ့ လမ်းပိုင်းမှာ ရှိတဲ့ ကံကြီးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ဒေသခံတွေကပြောတယ်။
ကံကြီးရွာဟာ နောင်ချိုမြို့နဲ့ ၉မိုင် ဝန်းကျင်သာ ဝေးတယ်လို့ သိရပါတယ်။
"မြို့ထဲကျန်တဲ့သူ တွေကလည်း အကုန်ကားပေါ်ပစ္စည်း တွေတင်ပြီး အသင့်ပြင်ထားရတယ်။တိုက်ပွဲက မြို့ပေါ် ပြန်ရောက်လာနိုင်တယ်"လို့ မြို့ခံတဦးကပြောပါတယ်။
ဒေသခံပြည်သူတွေဟာကျောက်မဲမြို့နယ်နဲ့ ဘေးကင်းမယ်ထင်တဲ့ ဘက်ကိုကြိုတင်စစ်ဘေး ရှောင် နေကြပြီလိုဒေသခံ တွေကပြောပါတယ်။
ဇွန် ၄ ရက်နေ့ကလည်း စစ်တပ်ကပစ်ခတ်တဲ့လက်
နက်ကြီးတွေ မြို့တွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပေမယ့် People's Spring ကအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ဇွန် ၄ ရက်နေ့ကပဲ ဒရုန်းနဲ့ မြို့တွင်းကို ဆယ်ကြိမ်ထပ်မနည်း ဗုံးသီးတွေ ချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
တအောင်းတပ်မတော် (TNLA)ကတော့ ပြည်သူတွေ အနေနဲ့ စစ်ရေးအရ စိတ်ပူစရာမလို ကြောင်း သတင်းပြန်ကြား ရေးတာဝန်ခံ လွေးယေဦး က ဒီကနေ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
"နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်
ရွက်နေတာဖြစ်ပါတယ်။”လို့ လွေးယေဦးကရှင်းလင်းပွဲမှာပြောပါတယ်။
စစ်ကောင်စီက နောင်ချိုမြို့ကိုပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးရွာ တွေဘက်ကနေထိုးစစ်ဆက်ဆင်တိုက်ခိုက် နေပြီး ကျေးရွာတချို့ကိုလည်း ပြန်သိမ်းယူထားတယ်လို့သိရပါတယ်။
နောင်ချိုမြို့ကို ၂၀၂၄ခုနှစ် ဇူလိုင်လက TNLA၊ PDF နဲ့ပူးပေါင်းတပ်တွေကတွေသိမ်းပိုက်ထားတာဖြစ်ပါတယ် ။

❤35👎11😢11👍8🤣2🔥1😁1🤬1