ကြို့ပင်ကောက်မြို့နယ်တွင်ပေါ်တာဆွဲရန်လာသည့်စစ်ကြောင်းကိုPDFများနှစ်ရက်ဆက်တိုက်ခိုက်
ဇွန်-၅၊၂၀၂၅။ ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာများသို့ စစ်မှုထမ်းကိစ္စပေါ်တာဆွဲရန်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း Yoma GBK PDF တပ်ခွဲမှူးက ပြော
သည်။
ကြို့ပင်ကောက်နယ်၊ပိတောက်မြိုင်ရွာသို့ဝင်ရောက်ပေါ်တာဆွဲနေသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဇွန်လ ၁ ရက်နေ့နံနက် ၈ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင်အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့နေ့လယ် ၂ နာရီခန့်တွင် ဘော်ပင်ဆည်ဘက်သို့ ထပ်မံစစ်ကြောင်းထိုးရာ ရေလွှတ်မြောင်းဘောင်ပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်မှ ခြောက်ဦးသေ ဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း Yoma GBK PDF က အသိပေးသည်။
"ပျူစောထီးနဲ့စကစအင်းအား၈၀ခန့်ကပိတောက်မြိုင်ရွာကို ဝင်ရောက်ပေါ်တာဆွဲ မီးရှို့မယ်ကြားလို့ ကျွန်တော်တို့ကို့ အသင့်ပြင်ဆင်ပြီး စောင့်ကြိုမိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ"ဟု စစ်ရေးတိုက်
ခိုက်မှုနှင့်စပ်လျဥ်းပြီး Yoma GBK PDF တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။
ရေလွှတ်မြောင်းဘေင်ပေါ်၌ မိုင်းဆွဲရာတွင်စစ်ကောင်စီတပ်စစ်ကြောင်း၏ရှေ့ပွိုင့်မှအင်အားရှစ်ဦးဖြင့်လာစဥ် မိုင်းခွဲခဲ့ခြင်းဖြစ်ရာ ခြောက်ဦးနေရာတင်လဲကျသေဆုံး၍ တစ်ဦးပြန်ထန်ဒဏ်ရာရသွားခြင်းဟု၎င်းကဆက်ပြောသည်။
ထို့ကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းသည် သေ
ဆုံးနှင့် ဒဏ်ရာရသူများကို အရေးပေါ်သယ်ထုတ်ကာ ဇီးကုန်းမြို့နယ်ဘက်ခြမ်းရှိ ဘော်ဘင်ရွာသို့ တပ်ပြန်ဆုတ်သွားပြီး ယနေ့(ဇွန်လ ၄ ရက်) တပ်အင်အားထပ်မံဖြည့်တင်းကာ ကျေးရွာများသို့ စစ်
ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။
အထက်ပါစစ်ရေးတိုက်ခိုက်မှုကို Yoma GBK PDF ၊ BTZM GBK PDF၊ Dragon Brother တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

👍62❤21🔥1
ရွာငံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကြောရေး၌ စစ်ကောင်စီ သတ်ဖြတ်ခဲ့ဟု CRPH ထုတ်ပြန်
ဇွန်-၅၊ ၂၀၂၅။ People’s Spring
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောရေး၌ သတ်ဖြတ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် ၂၀၂၄ ဒီဇင်ဘာတွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး လွန်ခဲ့သော လအနည်းငယ်ကတည်းက စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ကြောင်း ခိုင်မာသော သတင်းအရင်းအမြစ်မှတဆင့် ကြားသိရသည်ဟု CRPH က ဆိုသည်။
၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကိုယ်စားပြုအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ လွှတ်တော်အမတ် ဦးအောင်စိုးမင်းသည် မိခင်ဖြစ်သူ၏ နာရေးကို သွားရောက်စဥ် ပြင်ဦးလွင်မြို့၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“ဖမ်းဆီးခံရပြီး ၅လကျော်ကြာတဲ့အချိန်မှာ တဖြည်းဖြည်း ကျွန်တော်တို့ သိရှိလာတာက ဦးအောင်စိုးမင်းကို စစ်ကောင်စီက တရားလည်း စွဲမတင်ဘူး၊ ထောင်ကို ပို့လိုက်တာမဟုတ်ဘဲနဲ့ စစ်ကြောရေးမှာပဲ ရိုက်နှက်ပြီး သတ်ဖြတ်လိုက်ပြီဆိုတာ သတင်းတိကျစွာ ကျွန်တော်တို့ ရရှိခဲ့တယ်”ဟု CRPH အတွင်းရေးမှူး ဦးထွန်းမြင့်က People’s Spring သို့ ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ခြင်းအပေါ် များစွာ စိတ်မကောင်းဖြစ်ရပြီး ယင်းသေဆုံးမှုနှင့်ပတ်သက်၍ အပြည့်အဝ တာဝန်ရှိသည့် အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း CRPH က ထုတ်ပြန်သည်။
တချိန်တည်းတွင် CRPH သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက်လည်း များစွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခြင်း၊ ဆိုးရွားစွာ ပြုမူဆက်ဆံခြင်းနှင့် လုံလောက်သော ဆေးကုသခွင့်မရရှိခြင်းတို့ကြောင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် (၃)ဦးမှာ ထောင်တွင်း၌ပင် သေဆုံးခဲ့ရပြီး မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း CRPH က ထုတ်ပြန်သည်။
နောက်ဆုံးကောက်ယူထားသည့်အချက်အလက်များအရ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးနှင့် တိုင်း/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၄ဦးမှာ လုံလောက်သော ဆေးကုသမှုမရရှိသဖြင့် သေဆုံးခဲ့ရကြောင်း CRPH က ဆိုသည်။
ထို့အပြင် CRPH၏ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီက ကောက်ယူထားသည့် အချက်အလက်များအရ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်ကောင်စီသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၈)ဦးနှင့် တိုင်း/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၅၉ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအပေါ်၌ ကျူးလွန်နေသည့် ညှင်းပန်းနှိပ်စက်မှုများ၊ လက်စလက်န ဖျောက်ရန် လုပ်ဆောင်နေမှုများနှင့် တရားလက်လွန် သတ်ဖြတ်နေမှုများကို အဆုံးသတ်နိုင်ရေး၊ ဖမ်းဆီးခံထားရသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အမြန်ဆုံး လွတ်မြောက်နိုင်ရေး၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အမြန်ဆုံးပြန်လည်ရရှိနိုင်ရေးအတွက် CRPH နှင့် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဆက်လက်ရပ်တည်ပေးရန်နှင့် ပံ့ပိုးကူညီရန် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)နှင့် အဖွဲ့ဝင်နိုင်ငံများကို ထပ်လောင်းတောင်းဆိုထားသည်။
အလားတူ အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီက နေ့စဉ်ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ တရားမဝင် အာဏာသိမ်းမှုကြောင့် ပျက်စီးသွားသည့် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လည်း CRPH က ထပ်လောင်းတောင်းဆိုထားသည်။

🤬70❤12😡5👍4😢3👎2🔥2
စစ်ကောင်စီဗုံးကြဲမှုကြောင့်ကလေးငယ်၄၆၀ ကျော်အပါအဝင် ၃၁၀၀ ဦးကျော်သေဆုံး
ဇွန်-၅၊၂၀၂၅။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီကနိုင်ငံတဝန်းလေ
ကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ရာအာဏာသိမ်းပြီးချိန်မှ ယခုနှစ် မေလကုန်အထိ လေကြောင်း တိုက်ခိုက်မှုများကြောင့် လေးငယ်များအပါအဝင် သေဆုံးသူ ၃,၁၀၀ ကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်သည်။
ဝန်ကြီးဌာနစုစည်းထားသည့် မှတ်တမ်းများအရ စစ်အုပ်စုကျူးလွန်ခဲ့သောလေကြောင်းတိုက်ခိုက်မှုများမှာ မေလကုန်အထိအကြိမ်ပေါင်း ၂,၈၄၁ကြိမ်ရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦး ရှိကြောင်း ဇွန် ၄ ရက်ထုတ် ထုတ်ပြန်ချက်၌ဖော်ပြထား
သည်။
“သေဆုံးသူတွေအထဲမှာအသက်(၁၈)နှစ်အောက်ကလေးသူငယ်၄၆၆ ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ် ၇၁၈ ဦး ပါဝင်ပါတယ်” ဟု ဝန်ကြီးဌာနကအသိပေးသည်။
ကျောင်းသားကျောင်းသူ ၂၂ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးခဲ့သော အိုးတိန်တွင်းရွာကျောင်းဗုံးကြဲခံရမှုတွင် သားနှင့်သမီး ၂ ဦးဆုံးရှုံးခဲ့သော မသင်းမာက “ဒီလိုပဲပစ်ထားမလား။ဒီလိုပဲပစ်ထားဆိုတခြားရွာတွေ ၊တခြားကျောင်းတွေပစ်သွားရင်လူတွေလည်း ဘာမှ ရှိမှာမဟုတ်တော့ဘူး။အဲတာကြောင့် တခြားနိုင်ငံတွေလည်းကူညီပေးပါအုံးလို့။ရှုံ့ချ ရုံကလွဲလို့ သူတို့လည်း ဘာမှ မတက်နိုင်ဘူးလားလို့ မေးချင်တာ”ဟု နိုင်ငံတကာကိုမေးခွန်းထုတ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ခွင့်မလွတ်ဟုလည်း သူကပြောသည်။
ထိုအပြင် လေကြောင်း တိုက်ခိုက်မှုများကြောင့် သင်ကျောင်း (၂၅၁) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၉၉) ခုနှင့် ဘာသာရေးအဆောက်အအုံ (၄၄၃) ခု ပျက်စီးဆုံးရှုံးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရသောဒေ
သများမှာ စစ်ကိုင်း၊မန္တလေး၊ ရက္ခိုင်၊ ရှမ်း နှင့်
မကွေးတို့ဖြစ်သည်။ ပဲခူး၊ ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ တို့ကိုလည်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခံခဲ့ရသည်။
ထိုအပြင် စစ်ကောင်စီကအစုလိုက်အပြုံလိုက်
သတ်ဖြတ်မှု အကြိမ် ၃၉၁ မှု ကျူးလွန်ခဲ့ပြီးသေ
ဆုံးသူ ၄,၁၅၅ ဦး ရှိဟုလည်းဝန်ကြီးဌာနက အသိပေးထားသည်။
စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုနှင့်ပတ်သက်ပြီးဖော်ပြရာတွင် အတင်းအဓမ္မစစ်သားစုဆောင်းခံရမှုဖြစ်စဉ်ပေါင်း (၁,၄၉၃) ကြိမ်ရှိခဲ့ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ ၂၅,၉၄၄ ဦး ရှိဟု ဖော်ပြသည်။ ယင်းအနက် ပဲခူးတိုင်းသည် အများဆုံး အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခံရသည့်ဒေသဖြစ်နေသည်။မန္တလေးတိုင်းသည် ဒုတိယ ဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီသည် မတ်လ ၂၈ ရက်ရက်ကလှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ဟုဆိုကာယာယီ အပစ်ရပ်ကြောင်းကြေညာခဲ့သော်လည်း စစ်ကိုင်းငလျင်လှုပ်ပြီးနောက်ပိုင်း မေလကုန်အထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၂၈ ကြိမ်ရှိပြီး ပြည်သူ ၄၆၂ ဦးသေဆုံး
ခဲ့ပြီး ၈၈၄ ဦးဒဏ်ရာရရှိခဲ့သည်။

🤬64❤9👍7🔥3😭3😡1
နေပြည်တော်ငလျင် အထိန့်တလန့်ဖြစ်
ဇွန်-၅၊၂၀၂၅။ဇော်ရမ်း/People's Spring
နေပြည်တော်ကို ဗဟိုပြု၍ ယနေ့ နံနက် ၈နာရီ ၁၂မိနစ်တွင်ရစ်ခ်ျတာစကေး ၃ ဒဿမ ၈အဆင့်ငလျင်ငယ်တစ်ခု လှုပ်ခတ်ရာ ဒေသခံများအထိတ်တလန့်ဖြစ်ခဲ့သည်။
မြေအနက် ၁၀ကီလိုမီတာ(၆မိုင်)ခန့်ကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း ထိုင်းမိုးဇလဌာန(TMD)က သတင်းထုတ်ပြန်ထားပြီး အဆိုပါငလျင်ကို နေပြည် တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များအားလုံးခံစားလိုက်ရသည်။
စစ်ကောင်စီက ကျောင်းများဖွင့်ထားပြီဖြစ်၍
စာသင်ကျောင်းများမှ ဆရာ၊ဆရာမများနှင့်ကျောင်းသူကျောင်းသားများ၊ ရုံးဝန်ထမ်းများ၊ ဒေသခံများ ငလျင်လှုပ်သဖြင့် အထိတ်တလန့်ဖြစ်ခဲ့ကြသည်။
"လှုပ်တာနဲ့ ကလေးတွေ အုပ်လိုက်ကြီး ကျောင်းအပြင်ကိုပြေးထွက်လာကြတာ။လဲတဲ့သူလဲ။ ကွဲသူကွဲ"ဟု ပျဥ်းမနားမြို့၊ အထက(၁)ကျောင်းမှ ကျောင်းသားမိဘတစ်ဦးကပြောသည်။
"အရှိန်ရော အသံပါ ပါတယ်။ ကြောက်စရာကြီး" ဟု ဥတ္တရသီရိမြို့မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။
ယနေ့နံနက်လှုပ်ရှားသည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိကိုမသိရသေးပေ။
မတ်လ ၂၈ရက်နေ့ကလှုပ်ခဲ့သည့်အင်အားပြင်း
ထန်သော စစ်ကိုင်းငလျင်ကြောင့်နေပြည်တော်တွင်လူသေဆုံးထိခိုက်မှုများခဲ့ပြီးအဆောက်
အအုံများစွာပျက်စီးခဲ့သည်။စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း နေပြည်တော်အပါအဝင် မြန်မာနိုင်ငံဒေသအများအပြားတွင် နောက်ဆက်
တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။
ဇွန်လ ၄ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်
ပန်းမြို့တွင် မြေအနက် ၁မိုင်ကျော်၌ ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၄ဒဿမ၅အဆင့်ရှိငလျင်လှုပ်ရှားသွားခဲ့သည်။

👍47👏12❤6😱2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
နေပြည်တော်ပျဥ်းမနား အထက(၁)တွင် ဇွန် ၅ ရက်မနက်ပိုင်းကငလျင်လှုပ်ပြီးနောက် ကျောင်း
သား၊ကျောင်းသူများ အဆောက်အအုံအတွင်းမှထွက်ပြေးလာကြစဥ်နှင့် ရင်သွေးငယ်များအတွက် စိုးရိမ်၍ရောက်လာကြသောမိဘများ။
ရုပ်သံ-ဧကရာဇ်မင်းFB

👍36👏17❤5🤮2😭2👎1🥰1
တကယ်တော့ မသင်းမာတို့မိသားစုဟာ အသက် ၁၂နှစ်အရွယ်သားဖြစ်သူ ဟိန်းချမ်း မြေ့အောင်တပို့တွဲလမှာရှင်ပြုဖို့ပြင်ဆင်နေတာပါ ။
သားဖြစ်သူလေးက အဖြစ်ဆိုးကြီးမကြုံခင်အရင်ရက်ကမှ “အမေ အလှူရက်မရွေးရသေးဘူးလား”လို့ မေးနေခဲ့တာပါ ။
အလှူအတွက် စိတ်အားထက်သန်နေတဲ့ သားလတ် ဟိန်းချမ်းမြေ့အောင် နဲ့ သမီးလတ်ရွှန်းလဲ့ဝေ တို့က အလှူမှာ ပိုက်ဆံကြဲဖို့အတွက် စုဗူးလေး တွေကိုယ်စီစုထားကြပါတယ်။
သားနဲ့ သမီး စစ်ကောင်စီရဲ့လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် သေဆုံးပြီးတဲ့နောက် မသင်းမာလည်း စိတ်ထောင်းကိုယ်ကြေအိပ်ယာထဲလဲသွားပါတယ်။ကလေးတွေ သေဆုံးပြီး ၃ ရက်မြောက်နေ့ နေ့ခင်း
ပိုင်းမှာတော့ အလှူမှာ ကြဲဖို့စုထားတဲ့ ကလေးတွေရဲ့စုဗူးနှစ်ခုက ရုတ်တရက်ပြုတ်ကျပါတယ်။
https://www.ludunwayoo.com/feature-mm/2025/05/30/122455/

LuduNwayOo
"မခွဲလိုက်ရတဲ့စုဘူးလေးတွေ" | LuduNwayOo
အိုးတိန်တွင်းရွာရဲ့မေလ ၁၂ ရက်နေ့ မနက်ခင်းဟာ သာသာယာယာပင် နိုးထလာပါတယ် ။ကျောင်းသားတွေက ကျောင်းသွားဖို့ပြင်ဆင်နေကြပါတယ်။ပုံမှန်ဆိုရင်တော့မေလဟာနွေကျောင်းပိတ်ရက်တွေဖြစ်ပါတယ်။ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အညာမြေဟာ တော်လှန်ရေးကာလအတွင်း က…
😢63❤9👍4👎1🔥1
ပခုက္ကူတွင် တပ်မ(၁၀၁)လက်အောက်ခံ ပြည်သူစစ်အဖွဲ့တိုက်ခိုက်ခံရပြီး ခေါင်းဆောင်အပါ အဝင် လေးဦးသေ
ဇွန်- ၅၊ ၂၀၂၅။ ထင်လင်း/People's Spring
ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီ တပ်မ(၁၀၁) လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ကျော်စိုးနိုင်နှင့်အဖွဲ့အား လမ်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၁၆)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ဇွန်လ ၁ ရက် နံနက် ၈ နာရီခန့်က ပခုက္ကူနယ် ဆင်မင်းကျေးရွာသို့ တာဝန်ပြောင်းရန်လာသော တပ်မ(၁၀၁)လက်အောက်ခံ ပြည်သူစစ်အဖွဲ့မှ ကျော်စိုးနိုင်ဦးဆောင်သော ရှစ်ဦးအဖွဲ့လိုက်ပါလာသည့် ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။
တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်ခန့်ကြာမြင့်ပြီး ပြည်သူ့စစ်ခေါင်းဆောင် ကျော်စိုးနိုင်အပါအဝင် လေးဦးသေဆုံးခဲ့ကာ ၎င်းတို့ထံမှ MA3 တစ်လက်၊ ပစ္စတိုတစ်လက်၊ ဖုန်းလေးလုံး၊ ခဲယမ်းများနှင့်အတူ ငွေသား(၃၁)သိန်း သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၆)က အသိပေးသည်။
"ကားတွေက စုတ်ပြတ်။ မောင်းမရဘူး။ ကရိန်းနဲ့တင်သွားရတာ"ဟု အထက်ပါတိုက်ခိုက်မှုမှ ပြည်သူ့စစ်များစီးနင်းလာသည့် ယာဥ်နှစ်စီးနှင့်စပ်လျဥ်းပြီး တပ်ရင်း(၁၆)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အလားတူ ဇွန်လ ၃ ရက်နေ့ကလည်း ပခုက္ကူမြို့နယ်၊ ချည်မျှင်ဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်သွားကြောင်း၊ ထို့အပြင် ပန်းတိုင်းခြုံကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ကို ဗုံးသီးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုမသိရသေးဟု တပ်ရင်း(၁၆)က ထုတ်ပြန်သည်။
အထက်ပါ တိုက်ခိုက်မှုများကို ပခုက္ကူခရိုင် တပ်ရင်း(၁၆)နှင့် မဟာမိတ်ဖြစ်သော မြင်းခြံတပ်ရင်း(၁)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် ဗိုလ်ကလယ်တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

❤60👍19👏6😁3🥰2
(ပြည်သူ့စစ်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ - တပ်ရင်း ၁၆)
👍77❤9🥰3😁3
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဗြိတိန်ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင်ဖို့တောင်းဆိုမှုတွေရှိလာ
ဇွန်-၅၊၂၀၂၅။People's Spring
အာဏာသိမ်းစစ်ကောင်စီရဲ့မတရားဖမ်းဆီး အ
ကျဉ်းချမှုကို ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး
ဗြိတိန် ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင် ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်ရဲ့ မတရား အာဏာသိမ်း ဖြုတ်ချတာခံခဲ့ရတဲ့ ဒီမိုကရေစီအစိုးရရဲ့ခေါင်းဆောင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအချိန်ကစပြီး အကျဉ်းချ ခံထားရတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်နဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၂၂,၀၀၀ လောက်ကိုလည်း ဖမ်းဆီးထားပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့ ခံစားနေရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေ
အနေတွေအကြောင်းကို Independent သတင်းဌာနရဲ့ Cancelled: The Rise and Fall of Aung San Suu Kyi ဆိုတဲ့ သတင်းမှတ်တမ်း ဗီဒီယိုထဲမှာ ဖော်ပြထားခဲ့ဖူးပါတယ်။
ပြီးတော့အဲဒီဗီဒီယိုထဲမှာ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်ဟောင်း၊ အတိုက်အခံ ခေါင်းဆောင်ဟောင်းဝီလျံဟေးဂ်ကလက်ရှိ ဗြိတိန်အစိုးရအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အရေးကိစ္စရော၊ မြန်မာ
နိုင်ငံမှာ ပိုမိုဆိုးရွားလာနေတဲ့ အကျပ်အတည်းတွေ အတွက်ပါ ကိုယ်တိုင်ကိုယ်ကျကြားဝင်သင့်ပြီလို့ တိုက်တွန်းခဲ့ဖူးပါတယ်။
သူက ဗြိတိန်ဝန်ကြီးချုပ် စတာမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ထိထိရောက်ရောက် ဆော်ဩ တောင်းဆိုသင့်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်တဲ့ ကင်မ်အဲရစ်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံသင့်တယ်လို့ အကြံ
ပြုခဲ့ဖူးပါတယ်။
အလားတူ ကွန်ဆာဗေးတစ်ပါတီရဲ့လူ့အခွင့်အရေး ကော်မရှင်က လောလောလတ်လတ် တင်ပြခဲ့တဲ့ မြန်မာ့ ပြည်တွင်းရေး အခြေအနေတွေအကြောင်း အစီရင်ခံစာမှာလည်းဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဝန်ကြီးချုပ် စတာမာက ပိုပြီးထဲထဲဝင်ဝင်အားထည့် ကြိုးပမ်းသင့်ကြောင်း
တိုက်တွန်းထားတာ တွေ့ရပါတယ်။
မြန်မာစစ်တပ်ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ
ရေး အကျဉ်းသားတွေကို ဖမ်းဆီးထားဆဲ ဖြစ်ရုံသာမက နိုင်ငံအနှံ့မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ အစုအပြုံ
လိုက် သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ မုဒိမ်းမှုတွေကိုလည်း ကျူးလွန်နေတဲ့အကြောင်း Independentရဲ့ သတင်းထဲမှာ ဖော်ပြထားခဲ့ပါတယ်။
အစီရင်ခံစာကို ဦးဆောင်ပြုစုသူတွေထဲ တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း တင်မ်လူတန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ကြုံတွေ့နေတဲ့ အခြေအနေတွေဟာ ထုတ်ပြောပြဖို့ ခက်ခဲလွန်းတဲ့ ဆင်းရဲဒုက္ခမျိုးတွေလို့ မှတ်ချက်ပေးခဲ့ပြီး ဗြိတိန်အစိုးရ အနေနဲ့ချက်ချင်းလက်ငင်းတုံ့ပြန်ကိုင်တွယ်ပေးဖို့ လိုနေပြီလို့ ထောက်ပြထားခဲ့ပါတယ်။
ကော်မရှင်ကအစီရင်ခံစာကိုပြုစုရာမှာ ကင်မ်အဲရစ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့သူရှောင်တာနဲလ်၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အန်
ဒရူးစ်တို့ကလည်း ပံ့ပိုးပေးခဲ့ကြတယ်လို့ သိရပါတယ်။
အစီရင်ခံစာရဲ့အတိုချုပ်ကတော့မြန်မာနိုင်ငံကို နိုင်
ငံတကာလက်နက်တင်ပို့မှုတွေပိတ်ပင်နိုင်ရေးတွန်း
အားပေးဖို့၊ မြန်မာစစ်တပ်ဆီ စီးဝင်နေတဲ့ ဘဏ္ဍာငွေလမ်းကြောင်းတွေဖြတ်တောက်ဖို့၊ မြန်မာ့အ
ရေးမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထိထိရောက်ရောက် ကိုင်တွယ်ရေး တောင်းဆိုဖို့ ဆိုတာတွေ ဖြစ်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လူသိရှင်
ကြားတောင်းဆိုထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုတွေနဲ့ စွပ်
စွဲပြီး နှစ်ရှည် ထောင်ချထားပေမယ့် လမ်မီက
တော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ နိုင်ငံရေး အကျဉ်းသား တစ်ဦးသာဖြစ်တယ်လို့ လက်ခံထားပြီး ဗြိတိန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်
မြောက်ရေးအတွက် ပိုမို အားထည့်သင့်တယ်လို့ အသိအမှတ် ပြုထားပါတယ်။
မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်မှာ နှစ်အတော်များများ နေထိုင်ခဲ့ဖူးပြီး သားနှစ်ဦးဖြစ်တဲ့ ကင်မ်နဲ့ အလက်ဇန္ဒားတို့ကို ကွယ်
လွန်သူ ဗြိတိန်သား ခင်ပွန်းသူ မိုက်ကယ် အဲရစ်နဲ့အတူ ပျိုးထောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီတောင်းဆိုလှုပ်ရှားမှု အ
ရေးတော်ပုံကြီးမှာ ဦးစီးဦးဆောင် နေရာကို ရယူခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ပါတီ အနိုင်ရပြီး အစိုးရ ဖြစ်လာခဲ့သလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရခဲ့ပေမယ့်လည်း စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။
ကိုးကား- Independent

❤79👍29🥰4🤮1
သေ့ဘောဘိုးစခန်း မြေအောက်လက်နက်ခဲယမ်းဂိုဒေါင်မှ ခဲယမ်းများKNU ပူးပေါင်းတပ်ရရှိ
■သိမ်းပိုက်ရရှိ လက်နက်ခဲယမ်းများဖြင့် စစ်တပ် ၏နောက်ထပ်စခန်းတနေရာကို ပြန်တိုက်ခိုက်မည်ဟု ကော်ဘရာ စစ်ကြောင်းမှူးပြော
ဇွန်-၅၊၂၀၂၅။ထားမြတ်/People’s Spring
မြန်မာ-ထိုင်းနယ်စပ်ရှိ သေ့ဘောဘိုးစခန်းအား တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်း
ပိုက်နိုင်ခဲ့ရာတွင် လက်နက်ခဲယမ်းများထားရှိရာ မြေအောက်ဂိုဒေါင်မှ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်း စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က လူမှုကွန်ရက်၌ ဖော်ပြသည့် ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။
KNLA ဦးဆောင်သောပူးပေါင်းတပ်ကသေ့ဘော
ဘိုးစခန်းကို ဇွန်လ ၃ရက် က သိမ်းပိုက်နိုင်ခဲ့ပြီးထိုနေ့ ညပိုင်းတွင် ကော်ဘရာ စစ်ကြောင်း စစ်ဆင်
ရေးမှူး ဗိုလ်ဒါဘော ပါဝင်သည့် အဖွဲ့က သေ့ဘောဘိုးစခန်းရှိ မြေအောက်လက်နက်ဂိုဒေါင်ကိုကြည့်
ရှုခဲ့သည်ကို ရုပ်သံမှတ်တမ်းတင်ထားခြင်းဖြစ်သည်။
နှစ်မိနစ်ကျော်သည့် ရုပ်သံတွင် ဗိုလ်မှူးဒါဘောသည် ညဝတ် အင်္ကျီဝတ်ဆင်ထားပြီး ရဲဘော်များနှင့်အတူ လက်နက်ဂိုဒေါင်အတွင်း ဝင်ကြည့်ရာ ခဲယမ်း၊ ကျည်များစွာ တွေ့ရှိခဲ့ကြသည်ကို တွေ့ရသည်။
“ဒါကြောင့်ဒီကောင်တွေငါတို့ကိုစိတ်ကြိုက်ထုတ်
ပစ်တာကိုး” ဟု ဗိုလ်ဒါဘောက ပြောသည်။
ဂိုဒေါင်၌ ၆၀မမကျည်၊ ၁၂၀မမကျည်၊ ၈၁ နောက်ပွင့်ကျည်များ၊ RPG ကျည်များ အပါအဝင် ခဲယမ်းများ၊မိုင်းများ ၊ ခဲယမ်းမျိုးစုံအများအပြားရှိနေသည်ကိုတွေ့ရသည်။
“ရှာလိုက်ရတာ ဒီဂိုဒေါင်ကြီးကို။ကျည်တွေ သုံးမကုန် ဖြုန်းမကုန်ပဲ ဒီကောင်တွေ။တွေ့ပြီ။ နောက်တနေရာတော့ ဒီကောင်တွေ ပြန်ကြိတ်လို့ရပြီ” ဟု ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူးကပြော
သည်။
ဗိုလ်စောကော်၏ ရေးသားချက်တွင် Cobra Nay Gyi ဆိုသူက “ သူများ ပစ္စည်း ကြာကြာ မယူထားကောင်းပါဘူး။ ပြောင်းထဲ ထည့်ပြီး ပိုင်ရှင်တွေဆီ ၁လုံး မကျန် ပစ်ပို့ပေးသင့်ပါတယ်ကိုကြီး”ဟုဝင်ရောက်မှတ်ချက်ပြုရာဗိုလ်စောကော်က “ဟုတ်ကဲ့ပါလို့” ဟု ပြန်လည်မှတ်ချက်ပေးထားသည်။
၁၉၉၇ ခုနှစ်ကတည်းက စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲထားသည့် သေဘောဘိုးစခန်းကို KNU တပ်မဟာ(၆) ဦးဆောင်သော KNLA၊KNDO၊ PDF ပူးပေါင်းတပ်က ဇွန် ၃ ရက်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီဘက်က ၃၀ဦးကျော်သေဆုံးကာ ၇၀ ကျော်လက်နက်ချခဲ့ကြောင်း KNU သတင်းရင်းမြစ်တဦးက ပြောပြသည်။
လက်နက်ချသူများကို ထိုင်းဘက်သို့ သွားရောက်ခွင့်ပေးခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြော
သည်။
KNU ပူးပေါင်းတပ်သည် မေလ ၂၃ရက်က သိမ်း
ပိုက်ခဲ့သည့် ဘလယ်ဒို တပ်စခန်း၊ မေလ ၂၈ရက်က သိမ်းပိုက်ခဲ့သည့် ကနဲလေး တပ်စခန်းများတွင်လည်း လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။

👍77❤30👏7🥰2🤣2
တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးရန် တရုတ်အစိုးရကအမြဲတမ်းပြောဟု KIA ပြော
■ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးယခုရက်ပိုင်း
ပြန်ငြိမ်နေ
ဇွန်-၅၊၂၀၂၅။ထားမြတ်/People’s Spring
တရုတ်အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ /ကကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)အား တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးရန် အမြဲတမ်းပြောဆိုနေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIAက ၆လကြာ ဆင်နွှဲနေသည့် ဗန်းမော် မြို့သိမ်းတိုက်ပွဲကို ဆက်မတိုက်ဘဲ အပစ်ရပ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးရန်တရုတ် အထူးကိုယ်စား
လှယ်က ပြောဆိုကြောင်း သတင်းများထွက်ပေါ် နေသဖြင့်မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခဲ့ခြင်းဖြစ်သည်။
“တရုတ်အစိုးရကတော့ တိုက်ပွဲမဖြစ်ဖို့ကိစ္စက
တော့အမြဲတမ်းပြောနေတာပါပဲ။ ထူးထူးထွေထွေပြောတာ မကြားဘူး။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ အမြဲ
တမ်းပြောနေတာပဲ။ခင်ဗျားတို့တိုက်ပွဲ မဖော်ဆောင်ဘဲနဲ့ ဆွေးနွေးကြပါ စကားပြောကြပါဆိုတာကတော့အမြဲတမ်းပြောနေတာပါပဲ။ဒါကတော့
သိပ်ပြီးမှ ထူးခြားမှုမရှိဘူးလို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ဖားကန့်ဒေသ ပြန်
လည်ထိန်းချုပ်နိုင်ရန်စစ်ကြောင်းထိုးနေသကဲ့သို့
၀ိုင်းမော်၊ မြစ်ကြီးနား ၊ တနိုင်း လီဒိုလမ်း၊ မိုးညှင်းဒေသ စသည့် မြို့နယ်များ၊ ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ၊ ထိုး
စစ်ဆင်မှုများလုပ်ဆောင်လျက်ရှိသည်။
KIA အနေဖြင့်လည်းဗန်းမော်မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ လတ်တ
လောတွင် စစ်ရေး ပြန်လည်ငြိမ်သက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ထို့ပြင်တက်ဖက်တွင်လည်းဗန်းမော်တိုက်ပွဲ၌စစ်ကောင်စီ၏ စစ်သုံ့ပမ်းများ ဖမ်းဆီးရရှိသည့် ရုပ်သံမှတ်တမ်းအချို့ကို လူမှုကွန်ရက်၌ ဖြန့်ဝေနေမှုများ ရှိနေဟု ကချင်သတင်းရင်းမြစ်က ပြော
သည်။
“ မြန်မာစစ်တပ်ကသုံ့ပန်းမိတဲ့အထဲကချင်အမျိုး
သမီးတွေပါနေတာကိုပြန်ဖွနေကြတာ။ရုပ်သံက ဗမ(ဗန်းမော်) အဟောင်းပါ” ဟုကချင်သတင်းရင်းမြစ်တဦးက ပြောသည်။
အခြား စစ်ရေးသတင်းရင်းမြစ်နှစ်ဦးကလည်း ဗန်းမော်တိုက်ပွဲ လတ်တလော ငြိမ်နေပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ကို ဝင်ရောက်ရှင်းလင်းနေပြီဆိုသည်မှာလည်း သတင်းမှားဖြစ်ကြောင်း၊ မကြားမိကြောင်း ပြောသည်။
စကခ(၂၁)ကိုဝင်ရောက်ရှင်းလင်းနေသည်ဆို
သည်မှာ သတင်းမှား သတင်းတုဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြေသည်။
KIA အနေဖြင့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ အရေးပါသည့် တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများသိမ်းပိုက်ရရှိထားပြီး တင့်ကား၊ သံချပ်ကာ အပါအဝင် စစ်သုံးယာဉ်များ၊ ဒရုန်းများ နှင့် စစ်ကောင်စီ ရဟတ်ယာဉ် ၂စီး တို့ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။
ထိုအပြင် စစ်သုံ့ပမ်းများစွာကိုလည်း ဖမ်းဆီးရရှိထားပြီး မြို့ဧရိယာ အများစုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ စစ်ကောင်စီကလည်း ဗန်းမော် မကျရေးအတွက် လေကြောင်း ပစ်ကူအပြင်းအထန်ပြုလုပ်ခုလျက်ရှိသည်။

❤47👍24😁7🤬3🥰1
လေတပ်စခန်းတွေ တိုက်ခိုက်ခံရမှုအပေါ် ယူကရိန်းကို ပူတင် လက်စားချေလိမ့်မယ်လို့ ထရမ့် သတိပေး
https://youtu.be/nP0id6XNIRA
https://youtu.be/nP0id6XNIRA
YouTube
ယူကရိန်းကို ပူတင် လက်စားချေလိမ့်မယ်လို့ ထရမ့် သတိပေး | People's Spring
လေတပ်စခန်းတွေ တိုက်ခိုက်ခံရမှုအပေါ် ယူကရိန်းကို ပူတင် လက်စားချေလိမ့်မယ်လို့ ထရမ့် သတိပေး
ဇွန် - ၅ ၊ ၂၀၂၅/People's Spring
ရုရှား လေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ အုံလိုက်ကျင်းလိုက် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကို ရုရှားဖက်က လက်စားချေလာလိမ့်မယ်လို့…

👍41❤9🔥4👌4😁1
မြန်မာ အပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် | People's Spring
https://youtu.be/6vcCJ6sIClg

မြန်မာ အပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်
ဇွန် - ၅ ၊၂၀၂၅/People's Spring
မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ ခုက နိုင်ငံသားတွေ အမေရိကန်ဆီ လာရောက်မှုကို ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း ကြေညာချက် တစ်ခု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။…

👍34🤬8❤4😁3👎1
ရွာငံမြို့ NLD လွှတ်တော်ကိုယ်စားလှယ် ဖမ်းခံရပြီးလပိုင်းအတွင်း စစ်ကြောရေးမှာ ကျဆုံး | People's Spring
https://youtu.be/Wj3459BVl4g

ရွာငံမြို့ NLD လွှတ်တော်ကိုယ်စားလှယ် ဖမ်းခံရပြီးလပိုင်းအတွင်း စစ်ကြောရေးမှာ ကျဆုံး
ဇွန် - ၅ ။၂၀၂၅ /People's Spring
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရွာငံမြို့နယ် ပြည်သူလွှတ်တော်ကိုယ် ဦးအောင်စိုးမင်းဖမ်းဆီးခံရပြီး လပိုင်းအကြာမှာပဲ…

😢40🤬12❤4😁2👎1