စစ်ကောင်စီအပေါ် ထိရောက်စွာ အရေးယူပေးဖို့ နိုင်ငံတကာအလုပ်သမားညီလာခံမှ အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက ဆုံးဖြတ်ချက်ချကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇွန်လ ၂ ရက်မှစ၍ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ( 113th ILC)ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီအပေါ် အရေးယူမယ့် ဆုံးဖြတ်ချက်များကို ဒီလမှာ ပြုလုပ်မယ့် ILO ရဲ့အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ် အတည်ပြုမှာ ဖြစ်ပါတယ်။
◾️စစ်ကောင်စီက TNLA နယ်မြေကို မေလအတွင်း လက်နက်ကြီးနဲ့ ဗုံးအလုံး တထောင်ကျော်ကြဲချ
စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် မေလတစ်လအတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(TNLA)နယ်မြေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ဦး သေဆုံးပြီး ၁၈ဦး ဒဏ်ရာရခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။ မေလအတွင်း စစ်ကောင်စီက TNLA နယ်မြေတွေဖြစ်တဲ့ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့ ၊ မိုင်းလုံနဲ့ မန်တုံမြို့နယ်တွေကို မကြာခဏဗုံးကြဲခဲ့တာပါ။ အဲဒီနယ်မြေတွေကို စစ်ကောင်စီက မေလအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၆ကြိမ်၊ လက်နက်ကြီး (၇၇၆)လုံး၊ ဒရုန်းဖြင့် ဗုံး (၃၂၉)လုံး နဲ့ အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက နောင်ချိုမြို့နယ်ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ မေလအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်၊ လက်နက်ကြီး(၇၇၆)လုံး၊ ဒရုန်းကနေ ဗုံး (၃၂၉)လုံးနဲ့ အဆိပ်ငွေ့ဗုံး(၁၄၄)လုံး တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဖော်ပြပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ "Vote ILO Article 33 to save LIVES" စာသားကိုင်ဆောင်ကာ ဆန္ဒထုတ်
ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်ကျေးရွာတစ်ရွာမှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းဟာ "တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာလူထုမှတပါးအခြားမရှိ" ၊ "တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်" စာသားတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

👍41❤11🥰5🤮2
နှစ်လအတွင်း စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် ချေမှုန်းနိုင်ခဲ့ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ ထုတ်ပြန်
ဇွန်-၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring
စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် နှစ်လအတွင်း ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ရင်ဆိုင်သည့် ရှေ့တန်းတိုက်ပွဲများ၌ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါရဲဘော်များမှ ရန်သူ့စခန်းအနီးနားအထိ သွားရောက်ချေမှုန်းခဲ့မှုများလည်း ပါဝင်ခဲ့ကြောင်း အသိပေးသည်။
"ကယား(ကရင်နီပြည်နယ်)အတွင်းမှာပဲ။ အခုထိလည်း စစ်ဆိုင်ထားတဲ့အခြေအနေ ရှိပါတယ်"ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့တာဝန်ရှိသူက စနိုက်ပါ ဖြင့်ချေမှုန်းခဲ့သည့်ဖြစ်စဥ်များကို ရှင်းပြသည်။
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၏ တိုက်ပွဲထုတ်ပြန်ချက်များအရ ကရင်နီနှင့်ရှမ်းတောင်တိုက်ပွဲများ၌ အခြားသောတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။
အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်တွင် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။

❤69👍30🤣4🥰2
ဖားကန့်မဇွမ်ယာန်ရွာအနီး တိုက်ပွဲဖြစ်
ဇွန်-၅၊၂၀၂၅။ယောနသံ/People's Spring
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း နှစ်ခုထွက်လာသောကြောင့်ယနေ့ နံနက်ပိုင်းတွင်
မဇွမ်ယာန်ရွာအနီး၌ စစ်ကောင်စီနှင့် KIA၊KPDF ပူးပေါင်းတပ်တိုက်ပွဲဖြစ်နေသည်။
"မဇွပ်ယာန်နဲ့ဆန်ခါဘက်ကိုစစ်ကြောင်းနှစ်ကြောင်းထွက်လာတာ။တိုက်ပွဲဖြစ်တာကမဇွန်
ယာန်မှာ။ လက်နက်အသေးသံရော၊ အကြီးသံရော ကြားရတယ်။မှော်ထဲတောအားလုံးသတိအနေ
အထားနေနေရတယ်"ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။
တိုက်ပွဲသည် နံနက် ၆နာရီ ၅၀မိနစ်ခန့်မှစတင်ခဲ့ပြီး နံနက် ၇နာရီခွဲအထိသေနတ်သံကြားနေရဆဲဖြစ်
သည်ဟုဒေသခံအချို့ကပြောသည်။
အခြားဒေသခံတဦးကလည်း "KIA စစ်ကြောင်းနဲ့ စစ်ကောင်စီစစ်ကြောင်း ထိပ်တိုက်တွေ့ပြီး လမ်း
ကြောင်းရှင်းအောင်ပစ်ခတ်တာလည်းဖြစ်နိုင်တယ်။ သေနတ်သံတွေ ပြန်ငြိမ်နေတယ်။သေချာတာက ဖားကန့်နဲ့ လုံးခင်းတကြောမှာ စစ်ကောင်စီစစ်ကြောင်းတွေ ထွက်လာတာများတယ်။ တိုက်ပွဲတွေ ဆက်လာနိုင်တယ်"ဟုဇွန် ၅ ရက် နံနက် ၈နာရီခန့်၌ပြောသည်။
ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်းဧပြီလ ၂၃
ရက်ကဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် မေလ၂၇ ရက်၌လုံးခင်းယမ်းချက်စက်ရုံသို့ရောက်
ရှိလာပြီးနောက်မေလ ၂၈ရက်မှစ၍လုံးခင်းပတ်
ဝန်းကျင်တွင်စစ်ကြောင်းထိုးခဲ့သည်။
မေလ ၂၉ ရက်နေ့လယ်ပိုင်းတွင် ဖားကန့်သို့ထွက်ခွာလာပြီး ယင်းနေ့ညနေပိုင်းတွင်ဖားကန့်စုပေါင်းရုံး၊ မြို့ဦးစေတီ၊ အထက၊ မရှီကထောင်တရုတ်
ဘုံကျောင်း၊သီတဂူမျက်စိကုဆေးရုံ၊ ပန်းတင်တံ
တား၊ ဗျူဟာကုန်းတို့တွင် နေရာယူခဲ့သည်။ ထို့
နောက် ဖားကန့်ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားနေပြီး KIA တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။
ဇွန်လ ၄ရက် နံနက်အစောပိုင်း၌ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် နေ့လယ် ၁နာရီခန့်တွင် ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခု၌ မြေစာသယ်သောကားနှစ်စီးကို မီးရှို့ခဲ့သည်။ ညနေပိုင်းတွင် စစ်ကောင်စီသည် ဖားကန့်ဗျူဟာကုန်းကို ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်တင်းရန်ကြိုးစားခဲ့ပြီး အဆိုပါ ရဟတ်ယာဉ်ကို KIA က ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ရဟတ်ယဉ်ပေါ်မှစစ်ကောင်စီကပစ်ခတ်စဉ် ဗျူ
ဟာကုန်း နှင့် ကပ်လျက်ရှိသော မှော်ဝမ်းရပ်ကွက်မှ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့သည်။
ဇွန်လ ၃ရက်ကလည်းဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိတင်အောင်ကြိုင်လုပ်ကွက်အမည်ရ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်က ကလက်နက်ကြီးဖြင့်ပစ်ခတ်ရာမှ ယမ်းသိုလှောင်ရာဂိုဒေါင်ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး လူသုံးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ထိူ့အပြင် ဇွန် ၃ ရက်နံနက်ကလည်း မှော်စီဆာလုပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီပိုင်တစ်ခုပိုင် မြေသယ်ကား နှင့် ဘက်ဟိုးကား စုစုပေါင်း ၃ စီးကိုမီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။
"KIA နဲ့ PDF တပ်စွဲထားတဲ့နေရာတွေကို ဖယ်ဖို့ စစ်တပ်က ဖိအားပေးနေတာ။ တိုက်ပွဲတွေက အ
ချိန်မရွေးဖြစ်လာနိုင်တယ်လို့ ယူဆရတယ်"ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။
ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေစဉ် အရပ်သားပြည်သူများအနေဖြင့်ည ၉နာရီမှမနက်
၄ နာရီအတွင်း ပြင်ပသို့မထွက်ရန် KIA၊KPDF ပူးပေါင်းတပ်က သတိပေးထားကြောင်းဒေသခံများကပြောသည်။ စစ်ကောင်စီစစ်ကြောင်းများရှိနေ၍ ဒေသခံများအနေဖြင့် လုံခြုံရေးဂရုပြုနေ
ထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)
သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေးသည်။

👍64❤9🔥3🥰2
ကြို့ပင်ကောက်မြို့နယ်တွင်ပေါ်တာဆွဲရန်လာသည့်စစ်ကြောင်းကိုPDFများနှစ်ရက်ဆက်တိုက်ခိုက်
ဇွန်-၅၊၂၀၂၅။ ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာများသို့ စစ်မှုထမ်းကိစ္စပေါ်တာဆွဲရန်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း Yoma GBK PDF တပ်ခွဲမှူးက ပြော
သည်။
ကြို့ပင်ကောက်နယ်၊ပိတောက်မြိုင်ရွာသို့ဝင်ရောက်ပေါ်တာဆွဲနေသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဇွန်လ ၁ ရက်နေ့နံနက် ၈ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင်အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂ ရက်နေ့နေ့လယ် ၂ နာရီခန့်တွင် ဘော်ပင်ဆည်ဘက်သို့ ထပ်မံစစ်ကြောင်းထိုးရာ ရေလွှတ်မြောင်းဘောင်ပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်မှ ခြောက်ဦးသေ ဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း Yoma GBK PDF က အသိပေးသည်။
"ပျူစောထီးနဲ့စကစအင်းအား၈၀ခန့်ကပိတောက်မြိုင်ရွာကို ဝင်ရောက်ပေါ်တာဆွဲ မီးရှို့မယ်ကြားလို့ ကျွန်တော်တို့ကို့ အသင့်ပြင်ဆင်ပြီး စောင့်ကြိုမိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ"ဟု စစ်ရေးတိုက်
ခိုက်မှုနှင့်စပ်လျဥ်းပြီး Yoma GBK PDF တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။
ရေလွှတ်မြောင်းဘေင်ပေါ်၌ မိုင်းဆွဲရာတွင်စစ်ကောင်စီတပ်စစ်ကြောင်း၏ရှေ့ပွိုင့်မှအင်အားရှစ်ဦးဖြင့်လာစဥ် မိုင်းခွဲခဲ့ခြင်းဖြစ်ရာ ခြောက်ဦးနေရာတင်လဲကျသေဆုံး၍ တစ်ဦးပြန်ထန်ဒဏ်ရာရသွားခြင်းဟု၎င်းကဆက်ပြောသည်။
ထို့ကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းသည် သေ
ဆုံးနှင့် ဒဏ်ရာရသူများကို အရေးပေါ်သယ်ထုတ်ကာ ဇီးကုန်းမြို့နယ်ဘက်ခြမ်းရှိ ဘော်ဘင်ရွာသို့ တပ်ပြန်ဆုတ်သွားပြီး ယနေ့(ဇွန်လ ၄ ရက်) တပ်အင်အားထပ်မံဖြည့်တင်းကာ ကျေးရွာများသို့ စစ်
ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။
အထက်ပါစစ်ရေးတိုက်ခိုက်မှုကို Yoma GBK PDF ၊ BTZM GBK PDF၊ Dragon Brother တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

👍62❤21🔥1
ရွာငံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကြောရေး၌ စစ်ကောင်စီ သတ်ဖြတ်ခဲ့ဟု CRPH ထုတ်ပြန်
ဇွန်-၅၊ ၂၀၂၅။ People’s Spring
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက စစ်ကြောရေး၌ သတ်ဖြတ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် ၂၀၂၄ ဒီဇင်ဘာတွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး လွန်ခဲ့သော လအနည်းငယ်ကတည်းက စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ကြောင်း ခိုင်မာသော သတင်းအရင်းအမြစ်မှတဆင့် ကြားသိရသည်ဟု CRPH က ဆိုသည်။
၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကိုယ်စားပြုအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ လွှတ်တော်အမတ် ဦးအောင်စိုးမင်းသည် မိခင်ဖြစ်သူ၏ နာရေးကို သွားရောက်စဥ် ပြင်ဦးလွင်မြို့၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“ဖမ်းဆီးခံရပြီး ၅လကျော်ကြာတဲ့အချိန်မှာ တဖြည်းဖြည်း ကျွန်တော်တို့ သိရှိလာတာက ဦးအောင်စိုးမင်းကို စစ်ကောင်စီက တရားလည်း စွဲမတင်ဘူး၊ ထောင်ကို ပို့လိုက်တာမဟုတ်ဘဲနဲ့ စစ်ကြောရေးမှာပဲ ရိုက်နှက်ပြီး သတ်ဖြတ်လိုက်ပြီဆိုတာ သတင်းတိကျစွာ ကျွန်တော်တို့ ရရှိခဲ့တယ်”ဟု CRPH အတွင်းရေးမှူး ဦးထွန်းမြင့်က People’s Spring သို့ ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ခြင်းအပေါ် များစွာ စိတ်မကောင်းဖြစ်ရပြီး ယင်းသေဆုံးမှုနှင့်ပတ်သက်၍ အပြည့်အဝ တာဝန်ရှိသည့် အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း CRPH က ထုတ်ပြန်သည်။
တချိန်တည်းတွင် CRPH သည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက်လည်း များစွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခြင်း၊ ဆိုးရွားစွာ ပြုမူဆက်ဆံခြင်းနှင့် လုံလောက်သော ဆေးကုသခွင့်မရရှိခြင်းတို့ကြောင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် (၃)ဦးမှာ ထောင်တွင်း၌ပင် သေဆုံးခဲ့ရပြီး မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း CRPH က ထုတ်ပြန်သည်။
နောက်ဆုံးကောက်ယူထားသည့်အချက်အလက်များအရ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးနှင့် တိုင်း/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၄ဦးမှာ လုံလောက်သော ဆေးကုသမှုမရရှိသဖြင့် သေဆုံးခဲ့ရကြောင်း CRPH က ဆိုသည်။
ထို့အပြင် CRPH၏ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီက ကောက်ယူထားသည့် အချက်အလက်များအရ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်ကောင်စီသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၈)ဦးနှင့် တိုင်း/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၅၉ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအပေါ်၌ ကျူးလွန်နေသည့် ညှင်းပန်းနှိပ်စက်မှုများ၊ လက်စလက်န ဖျောက်ရန် လုပ်ဆောင်နေမှုများနှင့် တရားလက်လွန် သတ်ဖြတ်နေမှုများကို အဆုံးသတ်နိုင်ရေး၊ ဖမ်းဆီးခံထားရသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အမြန်ဆုံး လွတ်မြောက်နိုင်ရေး၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အမြန်ဆုံးပြန်လည်ရရှိနိုင်ရေးအတွက် CRPH နှင့် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဆက်လက်ရပ်တည်ပေးရန်နှင့် ပံ့ပိုးကူညီရန် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)နှင့် အဖွဲ့ဝင်နိုင်ငံများကို ထပ်လောင်းတောင်းဆိုထားသည်။
အလားတူ အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီက နေ့စဉ်ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ တရားမဝင် အာဏာသိမ်းမှုကြောင့် ပျက်စီးသွားသည့် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လည်း CRPH က ထပ်လောင်းတောင်းဆိုထားသည်။

🤬70❤12😡5👍4😢3👎2🔥2