People's Spring
65.1K subscribers
63.7K photos
1.11K videos
3 files
2.79K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
​"တွေ့ဆုံဆွေးနွေးမှုများမှငြိမ်းချမ်းသော နိုင်ငံ
တော်သစ်ဆီသို့”​ခေါင်းစဥ်ဖြင့်​ ​နေပြည်​တော်တွင်လုပ်​နေ​သောဆွေးနွေးပွဲတွင်စစ်ကောင်စီက ငြိမ်း
ချမ်းရေးကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုရန် ၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာ ရေရှည်တည်တံ့မည်စသဖြင့် ဆွေးနွေးခဲ့​ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြသည်။

သို့​သော်တဖက်တွင် နိုင်ငံတဝန်း စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီသည်စာသင်
ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဆေးရုံဆေးခန်း၊ စစ်​ရှောင်စခန်း၊​​ဈေး၊
ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထား၍ ​လေ​ကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှုများပိုလုပ်​နေသဖြင့် အရပ်သားပြည်သူသေဆုံးမှုများတိုး​နေသည်။စစ်​​ကောင်စီတပ် က ပြည်သူများကိုဗုံးကြဲသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုများကိုထို​ဆွေး​နွေးပွဲတွင် EAO လက်ကျန်အဖွဲ့များ​ရော ၊ပါတီများကပါ ​ဆွေး​နွေး​ပြောကြားခြင်းမရှိကြ​ပေ။
😁51👍9💩4🤮3
စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေး​ဆွေး​နွေပွဲကို​တွေ့
ရစဥ်။ဓါတ်ပုံ-MOI
🤣57💩15🖕10👍4🤮3🤬1
လေးမျက်နှာတိုက်ပွဲမှ စစ်သားများဆုတ်ခွာထွက်ပြေးနေ

■ထွက်ပြေးလာ​သောစစ်သားများကို ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေး၍တပ်ထဲပြန်ပို့​ပေးရ

မတ်-၂၅၊၂၀၂၅။အညာသား/People's Spring

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း တိုက်
ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေးနေရပြီး ဒဏ်ရာရထားသည့် အရပ်ဝတ်စစ်သားများကို ရဲတပ်ဖွဲ့က လုံခြုံရေးယူ၍ ကွင်းကောက်မြို့ရှိ စစ်လေ့ကျင့်ရေးတပ်ကိုပို့ဆောင်ပေးလိုက်ရသည်။

မတ်လ ၂၄ရက်ညနေက အရပ်ဝတ်ဖြင့်သေနတ်များကိုင်ဆောင်ထား​သောစစ်သား ၁၅ဦးသည် ကွင်းကောက်မြို့နယ်တွင်ရောက်ရှိလာခြင်းဖြစ်သည်။ ပုသိမ်-မုံရွာလမ်းအနီး၌ ကင်းစောင့်နေသောရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး အချင်းချင်းပစ်ခတ်မှုဖြစ်မည့်အနေအထားပင်ဖြစ်ခဲ့ကြောင်း လေးမျက်နှာမြို့ဒေသခံတစ်ဦးကပြောသည်။

"ရဲတွေကသေနတ်နဲ့ချိန်တော့ စစ်တပ်ကကောင်တွေကပြန်ဆဲပြီးသူတို့က ဘယ်တပ်ရင်းကပါဆိုပြီးပြောတာ။ ဆုတ်လာတာ လမ်းမှားနေလို့ပါပေါ့။ ရဲတွေက ခဏခေါ်ထားပြီး လေ့ကျင့်ရေး(၅)ထဲ လိုက်ပို့လိုက်တယ်"ဟု ယင်းမြို့ခံကပြောသည်။

ကွင်းကောက်မြို့တွင်အမှတ်(၅)လေ့ကျင့်ရေးတပ်ရှိပြီးဧရာဝတီတိုက်ပွဲကိုယင်းနေရာမှနေ၍စစ်ကောင်စီကအင်အားဖြည့်တင်းနေသည်။

ထွက်ပြေးလာသောစစ်ကောင်စီစစ်ကြောင်းသည် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း(၅၃၄)မှဖြစ်ကြောင်း People's Spring က စုံစမ်းသိရှိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလကရေကြည်မြို့နယ်သို့ ပို့
ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ရေကြည်မြို့နယ်နှင့်ဆက်စပ်နေသော လေးမျက်နှာမြို့နယ်မှတိုက်ပွဲကို မတ်လ ၁၆ရက်တွင်စတင်တိုက်ခိုက်ခဲ့ရပြီးဆုတ်
ခွာထွက်ပြေးလာခြင်းဖြစ်သည်။

"တိုက်ပွဲတွေမှာသေဆုံးတာတွေများတယ်။အများဆုံးသေတာက စစ်မှုထမ်းဥပဒေနဲ့ အခေါ်ခံရတဲ့ စစ်သင်တန်းဆင်းတွေ။ ပြေးနေသူတွေများပြီး ဒီစစ် ကြောင်းကကံကောင်းလို့ ရဲနဲ့တွေ့သွားတာ။ AA တို့ PDF တို့နဲ့သာတွေရင် ငိုပြနေလောက်ပြီ" ဟုဧရာဝတီစစ်ရေးသတင်းရေးမှူးတစ်ဦးကပြော
သည်။

ဧရာဝတီတိုင်းမှစစ်တပ်ရင်းများသည်ရခိုင်ပြည်
နယ်နှင့် အညာဒေသမှတိုက်ပွဲများတွင်လည်း စစ်ကြောင်းတစ် ကြောင်းလုံးပျက်စီးသည့်အထိ တိုက်ခိုက်ခံရမှုများရှိခဲ့သည်။

ပြီးခဲ့သည့်၂၀၂၄ခုနှစ် နိုဝင်ဘာလက အာရက္ခတပ်တော်(AA)က ဂွမြို့သိမ်းတိုက်ပွဲတိုက်ခိုက်စဉ် စစ်ကူပို့ခံရသည် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊အိမ်မဲမြို့အခြေစိုက် ခလရ (၆၃)၊ ခလရ (၅၁)အပြင် ရန်ကုန်၊ လှိုင်သာယာအခြေ
စိုက် ခမရ (၅၃၂)မှ စစ်ကောင်စီအင်အား ၂၀၀ နီးပါးကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီး ၁၂၀ ဦးကျော်သေဆုံးခဲ့သည်။ စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAက သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၃ခုနှစ်က ရခိုင်ပြည်နယ်၊ မအီမြို့နှင့်ရမ်းဗြဲမြို့သိမ်းတိုက်ပွဲတွင် ရဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ခလရ(၃၆) တပ်ရင်းတစ်ရင်းလုံး တိုက်ခိုက်ခြေမှုန်းခံရပြီး AAက စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။

၂၀၂၄ နှစ်ကုန်ခန့်ကလည်း မော်လမြိုင်ကျွန်းမြို့ ခမရ(၅၃၄)မှ တပ်ရေးဗိုလ်ကြီးတစ်ဦးနှင့် မအူပင်မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့မိန့်ကျပြီးနောက် ထွက်ပြေးမှုဖြစ်ခဲ့သည်။

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေး
မျက်နှာမြို့နယ်ထိစပ်ဧရိယာများတွင်တိုက်ပွဲများဆက်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော စက်တပ်လေထီးဖြင့်ပါ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။AAနှင့် ပူးပေါင်းတပ်များကမတ်လ ၁၅ရက်မှစ၍ရေကြည်မြို့၊ မြောက်
စမ်းရွာအခြေစိုက် အမြောက်တပ်အမတ(၃၄၄)နှင့်
သာပေါင်းမြို့နယ် ရှိခမရ(၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထွက်ပြေးနေသူများရှိသလို သေဆုံးမှုများလည်းရှိနေသည်။မတ်လ၁၉ရက်နေ့ကလည်း စစ်ကောင်စီအရာရှိ ရုပ်အလောင်းအချို့ကိုကွင်းကောက်မြို့ရှိ အုတ်တွင်းကျေးရွာသုသာန်တွင်လုံခြုံရေးယာဉ်တန်းဖြင့် လာရောက်သဂြိုလ်သွားသည်။
👍81🤣65👏4🥰1😁1🖕1
မ​ကွေးတိုင်း ၊ငဖဲမြို့နယ်ရှိ နတ်​ရေကန်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကို AA ကထိုးစစ်ဆင်တိုက်ခိုက်ရာ ကာကင်းစခန်းများမှစစ်သားများ ​၂၀၂၅ ​ဖေ​ဖော်ဝါရီလကုန်ပိုင်းတွင်ထွက်​ပြေးစဥ် CDF အရှိုက ဖမ်းဆီးနိုင်ခဲ့​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-CDFအရှို
👍76👏17😁65
မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။

“မြန်မာနိုင်ပြီ၊ ဒို့မြန်မာနိုင်ပြီ”ဆိုတဲ့သီချင်းကို ဖွင့်ပြီးမှ အသာပြန်ပိတ်ခဲ့ရတဲ့ နှစ်တွေကိုနာကျည်းစွာနဲ့ အခုတော့ ဟစ်ကြွေးခွင့်ရပြီမဟုတ်လား။ မြန်မာပတ်စ်ပို့စာအုပ်အနီကို ဝင့်ဝင့်ကြွားကြွားကိုင်ပြီး နိုင်ငံတကာ လေဆိပ်တွေမှာ ဝင်ထွက်ကြပါတော့။ မြန်မာဆိုတာနဲ့ ကြောက်ရွံ့သွားမယ့်လူတွေကို ရှုစားပါတော့။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိင်ငံက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ “စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှု”(Global Organized Crime Index) ဇယားထဲက Criminality စာရင်းမှာနံပါတ်တစ်ချိတ်စွဲ ထားလို့ပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃နိုင်ငံမှာ နံပါတ်တစ်ချိတ်ပါတယ်၊ အာရှတိုက်ရဲ့ချန်ပီယံလည်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ Global Initiative Against Transnational Organized Crime – GI-TOC)က၂၀၂၃ ခုနှစ်အတွက်ထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ မြန်မာက ၈.၁၅မှတ်နဲ့ အဆင့်တစ် ရတာပါ။

တချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ ကုက္ကင်းရာဇာကြီး အက်စ်ကိုဘာရဲ့ ကိုလံဘီယာဟာမြန်မာနဲ့ ယှဉ်တော့ နံပါတ်နှစ်သာချိတ်ရှာပါတော့တယ်။

နံပါတ်၃ကတော့ မူးယစ် Cartel ဂိုဏ်ကြီးတွေ မင်းမူတဲ့ မက္ကဆီကိုပဲဖြစ်ပါတယ်။ စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှု (Organized Crime) ဆိုတာက ရုတ်တရက်၊ပျံကျ တစ်စုံတစ်ယောက်ကကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးမဟုတ်ပါဘူး။

https://www.ludunwayoo.com/opinion-mm/2025/03/26/115754/
👍71😢14🤣7
ထီးတစ်ချောင်းကို နှစ်ယောက်သား မလုံ့တလုံဆောင်းပြီးချော်မလဲအောင်ကုပ်ကပ်လမ်းလျှောက်လာနေတဲ့ သဏ္ဍန်ရိပ်နှစ်ခု အိမ်တံစက်မြိတ်အောက်မရောက်ခင် တဲအိမ်ပေါ်ကနေ ကိုနေမင်း အပြေးအလွှားဆင်းပြီး ခရီးဦးကြို ပြုလိုက်ပါတယ်။
မိုးထဲရေထဲကနေ ရောက်လာသူနှစ်ဦးကတော့ ထုံးစံအတိုင်း မျက်နှာချိုချိုကြည်ကြည်လင်လင်နဲ့ ပြုံးပြနှုတ်ဆက်ရင်း တဲအိမ်ထဲ ဝင်လာပါတယ်။ ပြီးတော့ မိုးကာအကျီတွေကို ကိုယ်စီချွတ်လိုက်ပြီး ကွပ်ပျစ်ပေါ်က ကလေးငယ်ကို ဆေးကုသပေးပါတယ်။ လိုအပ်တဲ့ ကုသမှုတွေလုပ်ပေးတဲ့နောက် လူနာနောက်တစ်ဦးရှိတဲ့နေရာဆီ ထီးတစ်ချောင်းကိုနှစ်ယောက်ဆောင်းလို့ မိုးထဲလေထဲမှာပဲ ပြန်လည်ထွက်ခွာသွားပါတယ်။

“ဒေါက်တာ ရတနာတို့လင်မယားက ကျတော့်ကျေးဇူးရှင်ပါ” လို့ ၂၀၂၄ ခုနှစ်ကဖြစ်ရပ်ကို ကိုနေမင်းက ပြန်ပြောင်းအောက်မေ့ကျေးဇူးစကားဆိုပါတယ်။

ယောနယ်ရဲ့ တောင်ကျရေးဆင်းလမ်းလေးပေါ်မှာ ကူးလူးသွားလာပြီး မိုးထဲလေထဲ ဆေးလိုက်ကုသပေးနေသူနှစ်ဦးက ဒေါက်တာမြစိုးအောင် နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဖြစ်ပါတယ်။ သူတို့မှာ အသက်၅နှစ်အရွယ်သားငယ်တစ်ယောက်ရှိပါတယ်။ ဒါ့အပြင် ဒေါ်ခိုင်နှင်းဝေဟာ ကိုယ်ဝန်လေးလလွယ်ထားရပြီဖြစ်တဲ့ သားသည်မိခင်လည်းဖြစ်ပါတယ်။သူတို့မိသားစုဟာ ယောနယ်ဒေသခံတွေရဲ့ အချစ်တော်ဖြစ်ပါတယ်။

ဒေါက်တာမြစိုးအောင်နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဟာ ကိုနေမင်းရဲ့တဲအိမ်လေးဆီ‌အရောက်လာပြီး ဆေးကုသမှုပေးတာကအစ ဒေသရဲ့ သာရေးနာရေးကိစ္စတွေကို တက်ညီလက်ညီပါတာအလယ်၊ စက်ဘီစီးခြင်းကို နှစ်သက်တာကအဆုံးအမြဲအတွဲညီတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။နှစ်ဦးစလုံးက စိတ်တူကိုယ်တူ၊ စွယ်တော်ရွက်လိုအမြဲတွဲလျက်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။


https://www.ludunwayoo.com/feature-mm/2025/03/26/115724/
😢92👍12👏1🤮1
ဌာနချုပ်အနီးရှိခလယ့်ဒေးစစ်တပ်စခန်းကို
KNU သိမ်းယူ

မတ်-၂၆၊၂၀၂၅။နိုင်ပကောင်း/People's Spring

မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်အမျိုးသားအ
စည်းအရုံး(KNU) ဌာနချုပ်နား နေရာယူတပ်စွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ယမန်​နေ့ (မတ်လ ၂၅) ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တယ်လို့ ထိုင်းသတင်းဌာန​​တွေ ၊ထိုင်းနယ်စပ်သတင်းရင်းမြစ်နဲ့ ကရင်သတင်းရင်းမြစ်တို့ထံကသိရပါတယ်။

ခလယ့်ဒေးတပ်စခန်းကို မတ်လ ၂၂ ရက်က KNU တပ်မဟာ (၇) ၊ တပ်ရင်း (၂၂) က ဦးဆောင်ပြီး စတင်တိုက်ခိုက်ရာမှာ ၄ ရက်အကြာ မတ် ၂၅ ရက်​​နေ့ ညနေပိုင်း မြန်မာစံတော်ချိန် ၄ နာရီဝန်းကျင်မှာ စခန်းသိမ်းနိုင်တာလို့သိရပါတယ်။

ဒီစခန်းဟာ မြန်မာ-ထိုင်းနယ်စပ်မှာတည်ရှိပြီး​တော့ နယ်စပ်စည်း နဲ့ ၃ ကီလိုမီတာသာကွာ​ဝေးတာမို့ တိုက်ပွဲဖြစ်ပွား​နေစဥ်မှာထိုင်းဘက်က လုံခြုံ​ရေး
မြှင့်တင်ထားသလို စခန်းသိမ်းတိုက်ပွဲကိုအနီးကပ်​စောင့်ကြည့်ခဲ့ပါတယ် ။

စခန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က YAK 130 ၊ MIG 29 စတဲ့တိုက်လေယာဉ်​တွေကို သုံးပြီး ဗုံးကြဲတာ ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့ပေမယ့် စခန်းကို KNU ကသိမ်းယူနိုင်ခဲ့တာပါ။ စစ်တပ်ရဲ့လေ​ကြောင်းတိုက်ခိုက်မှု​တွေဟာမထိ​ရောက်ဖူးလို့ထိုင်းသတင်း
ဌာနက​ဖော်ပြပါတယ်။

ခလယ့်ဒေးတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ ထိုင်းနယ်စပ်သတင်းရင်းမြစ်ကအသိပေးပါတယ်။

"စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်၊ လေ
ကြောင်းပစ်ခတ်မှုက ထိရောက်မှုမရှိခဲ့ဘူး"လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနယ်စပ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်း ကို ဝင်ပြေးသွားတာ ရှိ ၊မရှိကို တိတိကျကျမသိရသေးပါဘူး။

ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း
"ခလယ့်ဒေးစခန်း ရပြီ ၄ နာရီအချိန်မှာနော် ၊ထွက်ပြေးတာလည်း ရှိတယ်၊ တပ်ရင်း ၂၂ ကလူတွေ တက်သိမ်းတာ" လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပေမယ့် လက်နက်
ခဲယမ်းအရေအတွက် နဲ့အမျိုးအစား အ​သေးစိပ်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။

KNU ရဲ့ စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရ
ခလယ့်ဒေး စခန်းဟာတပ်မဟာ(၇ ) နယ်မြေထဲမှာ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။

ခလယ်ဒေးစခန်းတိုက်ပွဲ ကြောင့် အနီးတဝိုက်မှာရှိတဲ့ ခလယ့်ဒေး၊ နို့လော်ဖလိုးကျေးရွာတွေက ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ခြမ်းဆီ စစ် ရှောင်နေရတယ်လို့ သိရပါတယ်။

KNU ဗဟိုဌာနချုပ်အနီးဝန်းကျင်မှာစစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးစခန်းအပြင် မယ်သဝေါစခန်း၊ ရှမ်းရွာသစ်ဗျူဟာတို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၄ ရက်ကလည်း KNU တပ်မဟာ (၇) နယ်မြေ ထဲကစစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈
( ပူလူတူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ကနှစ်ပတ်ကြာ အပြင်းအထန်တိုက်ပြီး သိမ်းယူထားပါတယ်။

ပူလူတူတပ်စခန်းသိမ်းတိုက်ပွဲမှာ ဒေသခံ ပြည်သူ ၅၀၀ ခန့် ထိုင်းဘက်ခြမ်း စစ်ရှောင်ခဲ့ရသလို စခန်းသိမ်းခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းနယ်ခြားမြစ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်နိုင်ငံထဲ ဝင်ပြေးခဲ့ကြပါတယ်။

KNLA နဲ့ ပူး​ပေါင်းတပ်​တွေဟာ ၂၀၂၄ ဒီဇင်ဘာ
လ ၁၆ ရက်က မြန်မာ-ထိုင်းနယ်စပ်ရှိ မာနယ်ပ​လောကစစ်တပ်စခန်းကိုသိမ်းပိုက်ခဲ့ပါတယ် ။ KNU နဲ့ ဌာနချုပ်​ဟောင်းဖြစ်တဲ့ မာနယ်ပ​လောစခန်းကို KNLA နဲ့ ပူး​ပေါင်းတပ်​တွေက စစ်တပ်လက်က​​နေ နှစ် ၃၀ အကြာမှာပြန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။ မာနယ်ပ​လောသိမ်းပြီး​နောက်ပိုင်း KNU/KNLA ဟာ မြန်မာ-ထိုင်းနယ်စစ်က စစ်တပ်လက်ကျန်စခန်း​တွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ် ။
55👍33👏4🤣3
ခလယ့်ဒေး တပ်စခန်းကို ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်စဥ်။      ။ဓာတ်ပုံ -AEC
👍6621🤣1🖕1
ခလယ့်ဒေး တပ်စခန်းကို ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်စဥ်/ထိုင်းစစ်တပ်ကနယ်စပ်မှတိုက်
ပွဲဖြစ်ပွား​နေသည်ကို အနီးကပ်​စောင့်ကြည့်စဥ်။ ။ဓာတ်ပုံ -AEC
🤣25👏11👍9
ဌာနချုပ်အနီးရှိခလယ့်ဒေးစစ်တပ်စခန်းကို
KNU သိမ်းယူ

မတ်-၂၆၊၂၀၂၅။နိုင်ပကောင်း/People's Spring

မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်အမျိုးသားအ
စည်းအရုံး(KNU) ဌာနချုပ်နား နေရာယူတပ်စွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ယမန်​နေ့ (မတ်လ ၂၅) ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တယ်လို့ ထိုင်းသတင်းဌာန​​တွေ ၊ထိုင်းနယ်စပ်သတင်းရင်းမြစ်နဲ့ ကရင်သတင်းရင်းမြစ်တို့ထံကသိရပါတယ်။

ခလယ့်ဒေးတပ်စခန်းကို မတ်လ ၂၂ ရက်က KNU တပ်မဟာ (၇) ၊ တပ်ရင်း (၂၂) က ဦးဆောင်ပြီး စတင်တိုက်ခိုက်ရာမှာ ၄ ရက်အကြာ မတ် ၂၅ ရက်​​နေ့ ညနေပိုင်း မြန်မာစံတော်ချိန် ၄ နာရီဝန်းကျင်မှာ စခန်းသိမ်းနိုင်တာလို့သိရပါတယ်။

ဒီစခန်းဟာ မြန်မာ-ထိုင်းနယ်စပ်မှာတည်ရှိပြီး​တော့ နယ်စပ်စည်း နဲ့ ၃ ကီလိုမီတာသာကွာ​ဝေးတာမို့ တိုက်ပွဲဖြစ်ပွား​နေစဥ်မှာထိုင်းဘက်က လုံခြုံ​ရေး
မြှင့်တင်ထားသလို စခန်းသိမ်းတိုက်ပွဲကိုအနီးကပ်​စောင့်ကြည့်ခဲ့ပါတယ် ။

စခန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က YAK 130 ၊ MIG 29 စတဲ့တိုက်လေယာဉ်​တွေကို သုံးပြီး ဗုံးကြဲတာ ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့ပေမယ့် စခန်းကို KNU ကသိမ်းယူနိုင်ခဲ့တာပါ။ စစ်တပ်ရဲ့လေ​ကြောင်းတိုက်ခိုက်မှု​တွေဟာမထိ​ရောက်ဖူးလို့ထိုင်းသတင်း
ဌာနက​ဖော်ပြပါတယ်။

ခလယ့်ဒေးတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ ထိုင်းနယ်စပ်သတင်းရင်းမြစ်ကအသိပေးပါတယ်။

"စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်၊ လေ
ကြောင်းပစ်ခတ်မှုက ထိရောက်မှုမရှိခဲ့ဘူး"လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနယ်စပ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်း ကို ဝင်ပြေးသွားတာ ရှိ ၊မရှိကို တိတိကျကျမသိရသေးပါဘူး။

ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း
"ခလယ့်ဒေးစခန်း ရပြီ ၄ နာရီအချိန်မှာနော် ၊ထွက်ပြေးတာလည်း ရှိတယ်၊ တပ်ရင်း ၂၂ ကလူတွေ တက်သိမ်းတာ" လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပေမယ့် လက်နက်
ခဲယမ်းအရေအတွက် နဲ့အမျိုးအစား အ​သေးစိပ်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။

KNU ရဲ့ စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရ
ခလယ့်ဒေး စခန်းဟာတပ်မဟာ(၇ ) နယ်မြေထဲမှာ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။

ခလယ်ဒေးစခန်းတိုက်ပွဲ ကြောင့် အနီးတဝိုက်မှာရှိတဲ့ ခလယ့်ဒေး၊ နို့လော်ဖလိုးကျေးရွာတွေက ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ခြမ်းဆီ စစ် ရှောင်နေရတယ်လို့ သိရပါတယ်။

KNU ဗဟိုဌာနချုပ်အနီးဝန်းကျင်မှာစစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးစခန်းအပြင် မယ်သဝေါစခန်း၊ ရှမ်းရွာသစ်ဗျူဟာတို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၄ ရက်ကလည်း KNU တပ်မဟာ (၇) နယ်မြေ ထဲကစစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈
( ပူလူတူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ကနှစ်ပတ်ကြာ အပြင်းအထန်တိုက်ပြီး သိမ်းယူထားပါတယ်။

ပူလူတူတပ်စခန်းသိမ်းတိုက်ပွဲမှာ ဒေသခံ ပြည်သူ ၅၀၀ ခန့် ထိုင်းဘက်ခြမ်း စစ်ရှောင်ခဲ့ရသလို စခန်းသိမ်းခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းနယ်ခြားမြစ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်နိုင်ငံထဲ ဝင်ပြေးခဲ့ကြပါတယ်။

KNLA နဲ့ ပူး​ပေါင်းတပ်​တွေဟာ ၂၀၂၄ ဒီဇင်ဘာ
လ ၁၆ ရက်က မြန်မာ-ထိုင်းနယ်စပ်ရှိ မာနယ်ပ​လောကစစ်တပ်စခန်းကိုသိမ်းပိုက်ခဲ့ပါတယ် ။ KNU နဲ့ ဌာနချုပ်​ဟောင်းဖြစ်တဲ့ မာနယ်ပ​လောစခန်းကို KNLA နဲ့ ပူး​ပေါင်းတပ်​တွေက စစ်တပ်လက်က​​နေ နှစ် ၃၀ အကြာမှာပြန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။ မာနယ်ပ​လောသိမ်းပြီး​နောက်ပိုင်း KNU/KNLA ဟာ မြန်မာ-ထိုင်းနယ်စစ်က စစ်တပ်လက်ကျန်စခန်း​တွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ် ။
👍7011🔥3👏1🤣1🖕1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ-AEC
58👍22👏3🔥2🖕1
ဖားကန့်နယ်၌ KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီပူးပေါင်းတပ် တိုက်ပွဲဆက်ပြင်းထန်

▪️ဗန်းမော်မြို့ အပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းနေကြောင်း KIA ထပ်မံ အသိပေး

မတ်၂၆၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီး၌ စစ်ကောင်စီ ၊ ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်အကြား မတ်လ ၂၅ရက်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဟု KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်က တနိုင်း-လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာအတွင်း ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ မရန်ကထောင်ဂိတ်ရှိ စစ်ကောင်စီတပ်၊ ကားမိုင်းဗျူဟာရှိ စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် ၃ရက်ခန့်ကစ၍ မရန်ကထောင်ဂိတ်ကို ပိတ်ပြီး စစ်ရေးလှုပ်ရှားလာသကဲ့သို့ မင်းဇေသန့် ပြည်သူ့စစ်က ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း အသိပေးသည်။

တိုက်ပွဲကြောင့် လဝါးကျေးရွာနှင့်အနီးရှိ ပြည်သူ များ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ် တနိုင်းလီဒိုလမ်းတလျှောက် ပူတာအို - ဆွမ်ပရာဘွမ် လမ်းပိုင်း၊ ဝိုင်းမော် - လမြန်ဒေသဘက်တွင်စစ်ရေးလှုပ်ရှားနေပြီး KIA ပူးပေါင်းတပ်ကလည်း ဗန်းမော်မြို့ကို အပြီးအစီးသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ပြောသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း ဗန်းမော်မြို့တွင် မတ်လ ၂၃ရက်နှင့် ၂၄ရက်များက တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ပြောသည်။

" တက္ကသိုလ် ကျောင်းဝင်းအထဲက စခတွေ လှုပ်ရှားလာလို့ တိုက်ပွဲပြင်းထန်တယ်။ မနေ့က ငြိမ်တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို KIA ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ တိုက်ပွဲ ၅လ နီးပါးအတွင်း စစ်ကောင်စီ၏ အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ်၊ ခြေလျင်တပ်၊ လေယာဉ်ကွင်း အပါအဝင် အရေးပါသည့် နေရာများစွာ သိမ်းပိုက်ထားပြီး အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး မတ်လအတွင်း စစ်ရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ ကာကင်းစခန်းအများစု သိမ်းရထားသည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသတွင်လည်း မတ်လ ၂၁ရက်ကစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

လမြန်ဒေသကို စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ရေး အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ် နေရာအနှံ့ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ပြုလုပ်လာနေသည်ဟု KIAက အသိပေးသည်။
👍82👏97🔥4🥰2
👍6923🔥4🥰1🖕1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်အချို့အား ရှေ့တန်းစစ်မျက်နှာပြင်၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်းဖြစ်ပါသည်)
👍6020🔥4🖕1
ပုဏ္ဏားကျွန်းလေကြောင်းတိုက်ခိုက်ခံရမှု စစ်ဘေးရှောင်မိသားစုဝင် သုံးဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရ

မတ် ၂၆၊ ၂၀၂၆။ အိမ်သွင်/People's Spring

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ဘုန်းကြီး‌ကျောင်းကို ယမန်နေ့ မတ်လ ၂၅ရက်၊ ည ၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်မိသားစုဝင် သုံးဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့သည်။

အောင်ဖြူပြင်ရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲချခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းတွင်ရှိ​နေသော စစ်ရှောင်များထိခိုက်‌ သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"ရွာထဲကိုလည်း ကြဲတယ်ဗျာ။ ဘုန်းကြီးကျောင်းကို ကြဲတာမှာ ထိကုန်တာပဲ" ဟု ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးကပြောသည်။

သေဆုံးသူသုံးဦးမှာ အသက် ၅၃ နှစ်အရွယ် ဦးသန်းမောင်၊ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်မရီ နှင့် သားဖြစ်သူ အသက် ၁၉ နှစ်အရွယ်ကိုမောင်သက်နိုင်တို့ ဖြစ်သည်။ ဒဏ်ရာရသူများအနက် ပြင်းထန်သူအချို့ရှိနေပြီး ဆေးကုသမှုခံနေကြောင်းသတင်းရရှိသည်။

စစ်တွေမြို့အား သိမ်းယူရေး အာရက္ခတပ်တော်(AA)ကထိုးစစ်ဆက်လက်ပြင်းထန်နေပြီး မြို့ပတ်ဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေသည်။

မတ်လ ၂၂ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာနှင့် ပေါက်တောမြို့နယ် သဲခုံရွာကို စစ်ကောင်စီက လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံအချို့ပျက်စီးခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ရက်က ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦး အပါအဝင် ၄ဦး သေ‌ဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။

AAသည် လက်ရှိတွင် ရခိုင်ပြည်နယ်မှ စစ်တွေနှင့်ကျောက်ဖြူမြို့ကို သိမ်းယူနိုင်ရေးတိုက်ပွဲဖော်ဆောင်နေပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းမှ စစ်ကောင်စီစခန်းချို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်နေသည်။
🤬61👍8😢82🔥2😡2😁1🤡1
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူအချို့နှင့် အဆောင်အဦးပျက်စီးမှုအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Princess Media)
🤬66😢13👍7😡4👎1🔥1