နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရ
မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃) နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။
မတ်လ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် အင်အား ၇၀ခန့်ဖြင့် နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ခွဲမှူးက ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ နှစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း နတ်စစ်သည်တပ်ဖွဲ့က အသိပေးသည်။
ထို့နောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် တပ်ပြန်မဆုတ်သေးဘဲ လယ်မအင်းကျေးရွာအနီးဆက်လက်တပ်စွဲကာ ယင်းနေ့(မတ်လ ၂၄ ရက်)ည ၇နာရီတွင် လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းကွင်းအတွင်းရောက်ရှိလာရာ ဒုတိယအကြိမ်တိုက်ခိုက်မှုအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည် နတ်စစ်သည်တပ်ဖွဲ့က ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦး ထပ်မံသေဆုံးပြီး လယ်မအင်းကျေးရွာမှတဆင့် ပျဥ်ပုံကျေးရွာဘက်သို့ ရန်သူ့စစ်ကြောင်း တပ်ပြန်ဆုတ်သွားကြောင်း နတ်စစ်သည်တပ်ခွဲမှူးက အသိပေးသည်။
အထက်ပါတိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုအခြေအနေအပြည့်အစုံကို လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
"ရန်သူစစ်ကြောင်း ပြန်ဆုတ်သွားချိန် ဒီကနေ့ (မတ်လ ၂၅)မှာ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ပါတယ်"ဟု လက်ရှိအခြေအနေကို နတ်စစ်သည်တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။
နတ်တလင်းမြို့နယ်နှင့် နယ်မြေချင်းထိစပ်လျှက်ရှိသော ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ စမ်းမအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၃ ရက်နှင့် ၂၄ ရက်များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက် ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပြည်သူနှစ်ဦးသေဆုံး၍ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

👏41👍12❤4👎2🥰2🔥1
စစ်ကောင်စီက စစ်မတိုက်သောအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေး
-ဟန်နွေ/People’s Spring
စစ်ကောင်စီက နေပြည်တော်တွင် စစ်မတိုက်ဘဲ ယခင်အစိုးရလက်ထက်များကတည်းက အပစ်ရပ်လက်မှတ်ထိုးထားသာတိုင်းရင်းသာလက်နက်ကိုင်
အဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည်။
စစ်ကောင်စီက နေပြည်တော်ရှိ MICC-2 တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်နှင့်ထိတွေ့ဆက်ဆံမှု ပုံမှန်ပြုလုပ်နေသော NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၊ စစ်ကောင်စီထံတွင်မှတ်ပုံတင်ထားသောပါတီများ ၊ယခင်အစိုးရလက်ထက် MPC အဖွဲ့ဝင်များ ၊လုပ်ငန်းရှင်အချို့စသည်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းစဥ်
ဖြင့် မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိသုံးရက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲကို စစ်ကောင်စီ၏ အမျိုး
သားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ကဦးဆောင်လုပ်ခဲ့ခြင်းဖြစ်
သည်။
ထူးခြားချက်မှာ ယခုဆွေးနွေးပွဲသို့ လက်ကျန် ၇ ဖွဲ့တွင် အင်အားအကောင်းဆုံးဖြစ်သော RCSS မှ တက်ရောက်ခြင်းမရှိကြောင်း ထိုအဖွဲ့က မီဒီယာအချို့သို့ဖြေဆိုထားသည်။
NCA လက်မှတ်ရေးထိုးထားပြီး စစ်တပ်အာဏာ
သိမ်းပြီးနောက်ပိုင်းပုံမှန်ထိတွေ့ဆက်ဆံနေသောအဖွဲ့များမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ KNU/KNLA -PCငြိမ်းချမ်းရေးကောင်စီ ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မွန်ပြည်သစ်ပါတီ(NMSP) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ဖြစ်သည်။KNU/KNLA -PC သည် စစ်ကောင်စီကို တိုက်ခိုက်နေသော KNU နှင့်မတူဘဲ အင်အားအနည်းငယ်သာရှိသောအဖွဲ့ဖြစ်သည်။
ထို ၇ ဖွဲ့ထဲတွင် PNLO/PNLA သည် ၂၀၂၄ နှစ်ဆန်းပိုင်းမှ စ၍ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေသည်။ သို့သော် အဖွဲ့မှ ဦးဆောင်နယက ခွန်ဥက္ကာမှာ စစ်ကောင်စီ နှင့် ထိတွေ့ဆက်ဆံနေပြီး၎င်းအပါအဝင်အဖွဲ့ဝင် ၃ ဦးကPNLO-NCA
-S ကိုဖွဲ့စည်းကြောင်း ၂၀၂၄အောက်တိုဘာ ၉ ရက်တွင် ကြေညာသည်။ထိုနောက် PNLO/PNLA ဗဟိုကော်မတီကလည်း ၎င်းတို့ သုံးဦးကိုထုတ်ပယ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင်ကြေညာသည်။ထိုနောက်ပိုင်းတွင်လည်း PNLA မှာ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ် နှင့် PNA ပြည့်သူ့စစ်များကိုတိုက်
ခိုက်နေသည်။ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ PNLO
-NCA-S မှာမူ တပ်လက်ကိုင်မရှိဘဲငြိမ်းချမ်းရေး
ဆွေးနွေးပွဲများတက်နေခြင်းဖြစ်သည်။
MNSP မှ ခေါင်းဆောင်အချို့မှာလည်း ခွဲထွက်ပြီး
မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး
(NMSP-AD) ကိုဖွဲ့၍စစ်ကောင်စီတပ်ကိုခုခံတိုက်
ခိုက်နေသည်။
ထိုကြောင့် MNSP နှင့် PNLO-NCA-S ပါဝင်မှုမှာယခင်ကဲ့သို့အပြည့်အဝ မဟုတ်တော့သော်လည်းစစ်ကောင်စီကမူ EAO ၇ဖွဲဟုဆိုနေဆဲဖြစ်သည်။
ထို ၇ ဖွဲ့တွင် RCSS မှာ အင်အားကောင်းပြီးကျန်အဖွဲ့များမှာ အင်အားအနည်းငယ်သာရှိသလို
PNLO-NCA-S တွင်လက်နက်ကိုင်တပ်ပင်မရှိပေ။
ထိုကြောင့်အဆိုပါအဖွဲ့များသည်စစ်ကောင်စီတပ်ကိုလည်း တိုက်ခိုက်ခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်ဆွေးနွေးနေခြင်းဖြစ်သည်။
တဖက်တွင် နိုင်ငံတဝန်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး KIA ၊ KNU ၊ AA ၊ KA ၊ CNA၊ MNDAA ၊ TNLA စသော အင်အားကြီးတိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့များမှာ နွေဦးတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ မြို့များ ၊စစ်တပ်စခန်းများ ၊တပ်ရင်းများ ၊ဌာနချုပ်များကို ထိုးစစ်ဆင်သိမ်းပိုက်နေသည်။
"အခု စကစရဲ့ဆွေးနွေးဖက်တွေက စကစနဲ့ ဘာပြသနာမှ မရှိတဲ့ အဖွဲ့တွေပါ၊ တကယ်တော့အာဏာသိမ်းမှုကြောင့် စကစကို တိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမှာလေ။အဲတော့ အခု စကစရဲ့ငြိမ်းချမ်းစွာ အဖြေရှားရေး ချဉ်းကပ်မှုကို ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး"ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ကောင်စီ လုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ် မှတ်ချက်ပြုသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေး
ဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်ကောင်စီမှာငြိမ်းချမ်းရေးကို ပါးစပ်က ပြောပြီး လက်တွေ့တွင် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ
သည့် ၎င်း၏ ပြောဆို လုပ်ဆောင်ချက်များကို ခေါင်းထဲ ထည့်မထားကြောင်းပြောသည်။
"ငြိမ်းချမ်းရေးနဲ့ ပါးစပ်ပြောထားပြီး လူထုကို သတ်ဖြတ်နေတဲ့ဟာတွေက နေ့စဉ်ရက်ဆက်ဖြစ်နေတဲ့အခါကျတော့ ယုံကြည်မှုတွေအကုန်လုံး ပျောက်သွားပြီးတော့ လူထုက စစ်အာဏာရှင် တိုက်ဖျက်ရေး ဆုံးခန်းတိုင် အရောက်သွားဖို့ လုံးပန်းနေတဲ့အနေအထားပါ။” ဟု ပဒိုစောတောနီးက ပြောသည်။
KNU/KNLA ၊ CNF/CNA တို့မှာ စစ်တပ်အာဏာမသိမ်းခင်က NCA တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်ကောင်စီကို ခုခံတော်လှန်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

😁45👍20❤2🤷1
"တွေ့ဆုံဆွေးနွေးမှုများမှငြိမ်းချမ်းသော နိုင်ငံ
တော်သစ်ဆီသို့”ခေါင်းစဥ်ဖြင့် နေပြည်တော်တွင်လုပ်နေသောဆွေးနွေးပွဲတွင်စစ်ကောင်စီက ငြိမ်း
ချမ်းရေးကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုရန် ၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာ ရေရှည်တည်တံ့မည်စသဖြင့် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြသည်။
သို့သော်တဖက်တွင် နိုင်ငံတဝန်း စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီသည်စာသင်
ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဆေးရုံဆေးခန်း၊ စစ်ရှောင်စခန်း၊ဈေး၊
ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှုများပိုလုပ်နေသဖြင့် အရပ်သားပြည်သူသေဆုံးမှုများတိုးနေသည်။စစ်ကောင်စီတပ် က ပြည်သူများကိုဗုံးကြဲသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုများကိုထိုဆွေးနွေးပွဲတွင် EAO လက်ကျန်အဖွဲ့များရော ၊ပါတီများကပါ ဆွေးနွေးပြောကြားခြင်းမရှိကြပေ။

😁51👍9💩4🤮3
လေးမျက်နှာတိုက်ပွဲမှ စစ်သားများဆုတ်ခွာထွက်ပြေးနေ
■ထွက်ပြေးလာသောစစ်သားများကို ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေး၍တပ်ထဲပြန်ပို့ပေးရ
မတ်-၂၅၊၂၀၂၅။အညာသား/People's Spring
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း တိုက်
ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေးနေရပြီး ဒဏ်ရာရထားသည့် အရပ်ဝတ်စစ်သားများကို ရဲတပ်ဖွဲ့က လုံခြုံရေးယူ၍ ကွင်းကောက်မြို့ရှိ စစ်လေ့ကျင့်ရေးတပ်ကိုပို့ဆောင်ပေးလိုက်ရသည်။
မတ်လ ၂၄ရက်ညနေက အရပ်ဝတ်ဖြင့်သေနတ်များကိုင်ဆောင်ထားသောစစ်သား ၁၅ဦးသည် ကွင်းကောက်မြို့နယ်တွင်ရောက်ရှိလာခြင်းဖြစ်သည်။ ပုသိမ်-မုံရွာလမ်းအနီး၌ ကင်းစောင့်နေသောရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး အချင်းချင်းပစ်ခတ်မှုဖြစ်မည့်အနေအထားပင်ဖြစ်ခဲ့ကြောင်း လေးမျက်နှာမြို့ဒေသခံတစ်ဦးကပြောသည်။
"ရဲတွေကသေနတ်နဲ့ချိန်တော့ စစ်တပ်ကကောင်တွေကပြန်ဆဲပြီးသူတို့က ဘယ်တပ်ရင်းကပါဆိုပြီးပြောတာ။ ဆုတ်လာတာ လမ်းမှားနေလို့ပါပေါ့။ ရဲတွေက ခဏခေါ်ထားပြီး လေ့ကျင့်ရေး(၅)ထဲ လိုက်ပို့လိုက်တယ်"ဟု ယင်းမြို့ခံကပြောသည်။
ကွင်းကောက်မြို့တွင်အမှတ်(၅)လေ့ကျင့်ရေးတပ်ရှိပြီးဧရာဝတီတိုက်ပွဲကိုယင်းနေရာမှနေ၍စစ်ကောင်စီကအင်အားဖြည့်တင်းနေသည်။
ထွက်ပြေးလာသောစစ်ကောင်စီစစ်ကြောင်းသည် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း(၅၃၄)မှဖြစ်ကြောင်း People's Spring က စုံစမ်းသိရှိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလကရေကြည်မြို့နယ်သို့ ပို့
ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ရေကြည်မြို့နယ်နှင့်ဆက်စပ်နေသော လေးမျက်နှာမြို့နယ်မှတိုက်ပွဲကို မတ်လ ၁၆ရက်တွင်စတင်တိုက်ခိုက်ခဲ့ရပြီးဆုတ်
ခွာထွက်ပြေးလာခြင်းဖြစ်သည်။
"တိုက်ပွဲတွေမှာသေဆုံးတာတွေများတယ်။အများဆုံးသေတာက စစ်မှုထမ်းဥပဒေနဲ့ အခေါ်ခံရတဲ့ စစ်သင်တန်းဆင်းတွေ။ ပြေးနေသူတွေများပြီး ဒီစစ် ကြောင်းကကံကောင်းလို့ ရဲနဲ့တွေ့သွားတာ။ AA တို့ PDF တို့နဲ့သာတွေရင် ငိုပြနေလောက်ပြီ" ဟုဧရာဝတီစစ်ရေးသတင်းရေးမှူးတစ်ဦးကပြော
သည်။
ဧရာဝတီတိုင်းမှစစ်တပ်ရင်းများသည်ရခိုင်ပြည်
နယ်နှင့် အညာဒေသမှတိုက်ပွဲများတွင်လည်း စစ်ကြောင်းတစ် ကြောင်းလုံးပျက်စီးသည့်အထိ တိုက်ခိုက်ခံရမှုများရှိခဲ့သည်။
ပြီးခဲ့သည့်၂၀၂၄ခုနှစ် နိုဝင်ဘာလက အာရက္ခတပ်တော်(AA)က ဂွမြို့သိမ်းတိုက်ပွဲတိုက်ခိုက်စဉ် စစ်ကူပို့ခံရသည် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊အိမ်မဲမြို့အခြေစိုက် ခလရ (၆၃)၊ ခလရ (၅၁)အပြင် ရန်ကုန်၊ လှိုင်သာယာအခြေ
စိုက် ခမရ (၅၃၂)မှ စစ်ကောင်စီအင်အား ၂၀၀ နီးပါးကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီး ၁၂၀ ဦးကျော်သေဆုံးခဲ့သည်။ စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAက သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၃ခုနှစ်က ရခိုင်ပြည်နယ်၊ မအီမြို့နှင့်ရမ်းဗြဲမြို့သိမ်းတိုက်ပွဲတွင် ရဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ခလရ(၃၆) တပ်ရင်းတစ်ရင်းလုံး တိုက်ခိုက်ခြေမှုန်းခံရပြီး AAက စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။
၂၀၂၄ နှစ်ကုန်ခန့်ကလည်း မော်လမြိုင်ကျွန်းမြို့ ခမရ(၅၃၄)မှ တပ်ရေးဗိုလ်ကြီးတစ်ဦးနှင့် မအူပင်မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့မိန့်ကျပြီးနောက် ထွက်ပြေးမှုဖြစ်ခဲ့သည်။
ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေး
မျက်နှာမြို့နယ်ထိစပ်ဧရိယာများတွင်တိုက်ပွဲများဆက်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော စက်တပ်လေထီးဖြင့်ပါ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။AAနှင့် ပူးပေါင်းတပ်များကမတ်လ ၁၅ရက်မှစ၍ရေကြည်မြို့၊ မြောက်
စမ်းရွာအခြေစိုက် အမြောက်တပ်အမတ(၃၄၄)နှင့်
သာပေါင်းမြို့နယ် ရှိခမရ(၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထွက်ပြေးနေသူများရှိသလို သေဆုံးမှုများလည်းရှိနေသည်။မတ်လ၁၉ရက်နေ့ကလည်း စစ်ကောင်စီအရာရှိ ရုပ်အလောင်းအချို့ကိုကွင်းကောက်မြို့ရှိ အုတ်တွင်းကျေးရွာသုသာန်တွင်လုံခြုံရေးယာဉ်တန်းဖြင့် လာရောက်သဂြိုလ်သွားသည်။

👍81🤣6❤5👏4🥰1😁1🖕1
မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။
“မြန်မာနိုင်ပြီ၊ ဒို့မြန်မာနိုင်ပြီ”ဆိုတဲ့သီချင်းကို ဖွင့်ပြီးမှ အသာပြန်ပိတ်ခဲ့ရတဲ့ နှစ်တွေကိုနာကျည်းစွာနဲ့ အခုတော့ ဟစ်ကြွေးခွင့်ရပြီမဟုတ်လား။ မြန်မာပတ်စ်ပို့စာအုပ်အနီကို ဝင့်ဝင့်ကြွားကြွားကိုင်ပြီး နိုင်ငံတကာ လေဆိပ်တွေမှာ ဝင်ထွက်ကြပါတော့။ မြန်မာဆိုတာနဲ့ ကြောက်ရွံ့သွားမယ့်လူတွေကို ရှုစားပါတော့။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိင်ငံက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ “စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှု”(Global Organized Crime Index) ဇယားထဲက Criminality စာရင်းမှာနံပါတ်တစ်ချိတ်စွဲ ထားလို့ပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃နိုင်ငံမှာ နံပါတ်တစ်ချိတ်ပါတယ်၊ အာရှတိုက်ရဲ့ချန်ပီယံလည်း ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ Global Initiative Against Transnational Organized Crime – GI-TOC)က၂၀၂၃ ခုနှစ်အတွက်ထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ မြန်မာက ၈.၁၅မှတ်နဲ့ အဆင့်တစ် ရတာပါ။
တချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ ကုက္ကင်းရာဇာကြီး အက်စ်ကိုဘာရဲ့ ကိုလံဘီယာဟာမြန်မာနဲ့ ယှဉ်တော့ နံပါတ်နှစ်သာချိတ်ရှာပါတော့တယ်။
နံပါတ်၃ကတော့ မူးယစ် Cartel ဂိုဏ်ကြီးတွေ မင်းမူတဲ့ မက္ကဆီကိုပဲဖြစ်ပါတယ်။ စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှု (Organized Crime) ဆိုတာက ရုတ်တရက်၊ပျံကျ တစ်စုံတစ်ယောက်ကကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးမဟုတ်ပါဘူး။
https://www.ludunwayoo.com/opinion-mm/2025/03/26/115754/

LuduNwayOo
“ပထမဆု”
မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား…
👍71😢14🤣7
ထီးတစ်ချောင်းကို နှစ်ယောက်သား မလုံ့တလုံဆောင်းပြီးချော်မလဲအောင်ကုပ်ကပ်လမ်းလျှောက်လာနေတဲ့ သဏ္ဍန်ရိပ်နှစ်ခု အိမ်တံစက်မြိတ်အောက်မရောက်ခင် တဲအိမ်ပေါ်ကနေ ကိုနေမင်း အပြေးအလွှားဆင်းပြီး ခရီးဦးကြို ပြုလိုက်ပါတယ်။
မိုးထဲရေထဲကနေ ရောက်လာသူနှစ်ဦးကတော့ ထုံးစံအတိုင်း မျက်နှာချိုချိုကြည်ကြည်လင်လင်နဲ့ ပြုံးပြနှုတ်ဆက်ရင်း တဲအိမ်ထဲ ဝင်လာပါတယ်။ ပြီးတော့ မိုးကာအကျီတွေကို ကိုယ်စီချွတ်လိုက်ပြီး ကွပ်ပျစ်ပေါ်က ကလေးငယ်ကို ဆေးကုသပေးပါတယ်။ လိုအပ်တဲ့ ကုသမှုတွေလုပ်ပေးတဲ့နောက် လူနာနောက်တစ်ဦးရှိတဲ့နေရာဆီ ထီးတစ်ချောင်းကိုနှစ်ယောက်ဆောင်းလို့ မိုးထဲလေထဲမှာပဲ ပြန်လည်ထွက်ခွာသွားပါတယ်။
“ဒေါက်တာ ရတနာတို့လင်မယားက ကျတော့်ကျေးဇူးရှင်ပါ” လို့ ၂၀၂၄ ခုနှစ်ကဖြစ်ရပ်ကို ကိုနေမင်းက ပြန်ပြောင်းအောက်မေ့ကျေးဇူးစကားဆိုပါတယ်။
ယောနယ်ရဲ့ တောင်ကျရေးဆင်းလမ်းလေးပေါ်မှာ ကူးလူးသွားလာပြီး မိုးထဲလေထဲ ဆေးလိုက်ကုသပေးနေသူနှစ်ဦးက ဒေါက်တာမြစိုးအောင် နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဖြစ်ပါတယ်။ သူတို့မှာ အသက်၅နှစ်အရွယ်သားငယ်တစ်ယောက်ရှိပါတယ်။ ဒါ့အပြင် ဒေါ်ခိုင်နှင်းဝေဟာ ကိုယ်ဝန်လေးလလွယ်ထားရပြီဖြစ်တဲ့ သားသည်မိခင်လည်းဖြစ်ပါတယ်။သူတို့မိသားစုဟာ ယောနယ်ဒေသခံတွေရဲ့ အချစ်တော်ဖြစ်ပါတယ်။
ဒေါက်တာမြစိုးအောင်နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဟာ ကိုနေမင်းရဲ့တဲအိမ်လေးဆီအရောက်လာပြီး ဆေးကုသမှုပေးတာကအစ ဒေသရဲ့ သာရေးနာရေးကိစ္စတွေကို တက်ညီလက်ညီပါတာအလယ်၊ စက်ဘီစီးခြင်းကို နှစ်သက်တာကအဆုံးအမြဲအတွဲညီတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။နှစ်ဦးစလုံးက စိတ်တူကိုယ်တူ၊ စွယ်တော်ရွက်လိုအမြဲတွဲလျက်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2025/03/26/115724/

“ယောနယ်မှာငိုနေပြီ အညာရတနာရေ”
မတ်လ ၂၂ရက် မနက်မှာတော့ ဒေါက်တာမြစိုးအောင်နဲ့ အထက်တန်းသူနာပြုဇနီးဒေါ်ခိုင်နှင်းဝေ၊ ငါးနှစ်အရွယ် သူတို့ရဲ့ သားလေးအပြင် လူနာတွေပါရှိနေတဲ့ ယောနယ်က ဆေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး ချေမွဖျက်ဆီးပစ်ခဲ့ပါတယ်။
😢92👍12👏1🤮1
ဌာနချုပ်အနီးရှိခလယ့်ဒေးစစ်တပ်စခန်းကို
KNU သိမ်းယူ
မတ်-၂၆၊၂၀၂၅။နိုင်ပကောင်း/People's Spring
မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်အမျိုးသားအ
စည်းအရုံး(KNU) ဌာနချုပ်နား နေရာယူတပ်စွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ယမန်နေ့ (မတ်လ ၂၅) ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တယ်လို့ ထိုင်းသတင်းဌာနတွေ ၊ထိုင်းနယ်စပ်သတင်းရင်းမြစ်နဲ့ ကရင်သတင်းရင်းမြစ်တို့ထံကသိရပါတယ်။
ခလယ့်ဒေးတပ်စခန်းကို မတ်လ ၂၂ ရက်က KNU တပ်မဟာ (၇) ၊ တပ်ရင်း (၂၂) က ဦးဆောင်ပြီး စတင်တိုက်ခိုက်ရာမှာ ၄ ရက်အကြာ မတ် ၂၅ ရက်နေ့ ညနေပိုင်း မြန်မာစံတော်ချိန် ၄ နာရီဝန်းကျင်မှာ စခန်းသိမ်းနိုင်တာလို့သိရပါတယ်။
ဒီစခန်းဟာ မြန်မာ-ထိုင်းနယ်စပ်မှာတည်ရှိပြီးတော့ နယ်စပ်စည်း နဲ့ ၃ ကီလိုမီတာသာကွာဝေးတာမို့ တိုက်ပွဲဖြစ်ပွားနေစဥ်မှာထိုင်းဘက်က လုံခြုံရေး
မြှင့်တင်ထားသလို စခန်းသိမ်းတိုက်ပွဲကိုအနီးကပ်စောင့်ကြည့်ခဲ့ပါတယ် ။
စခန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က YAK 130 ၊ MIG 29 စတဲ့တိုက်လေယာဉ်တွေကို သုံးပြီး ဗုံးကြဲတာ ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့ပေမယ့် စခန်းကို KNU ကသိမ်းယူနိုင်ခဲ့တာပါ။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာမထိရောက်ဖူးလို့ထိုင်းသတင်း
ဌာနကဖော်ပြပါတယ်။
ခလယ့်ဒေးတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ ထိုင်းနယ်စပ်သတင်းရင်းမြစ်ကအသိပေးပါတယ်။
"စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်၊ လေ
ကြောင်းပစ်ခတ်မှုက ထိရောက်မှုမရှိခဲ့ဘူး"လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနယ်စပ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်း ကို ဝင်ပြေးသွားတာ ရှိ ၊မရှိကို တိတိကျကျမသိရသေးပါဘူး။
ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း
"ခလယ့်ဒေးစခန်း ရပြီ ၄ နာရီအချိန်မှာနော် ၊ထွက်ပြေးတာလည်း ရှိတယ်၊ တပ်ရင်း ၂၂ ကလူတွေ တက်သိမ်းတာ" လို့ ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပေမယ့် လက်နက်
ခဲယမ်းအရေအတွက် နဲ့အမျိုးအစား အသေးစိပ်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။
KNU ရဲ့ စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရ
ခလယ့်ဒေး စခန်းဟာတပ်မဟာ(၇ ) နယ်မြေထဲမှာ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။
ခလယ်ဒေးစခန်းတိုက်ပွဲ ကြောင့် အနီးတဝိုက်မှာရှိတဲ့ ခလယ့်ဒေး၊ နို့လော်ဖလိုးကျေးရွာတွေက ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ခြမ်းဆီ စစ် ရှောင်နေရတယ်လို့ သိရပါတယ်။
KNU ဗဟိုဌာနချုပ်အနီးဝန်းကျင်မှာစစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးစခန်းအပြင် မယ်သဝေါစခန်း၊ ရှမ်းရွာသစ်ဗျူဟာတို့လည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၄ ရက်ကလည်း KNU တပ်မဟာ (၇) နယ်မြေ ထဲကစစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈
( ပူလူတူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ကနှစ်ပတ်ကြာ အပြင်းအထန်တိုက်ပြီး သိမ်းယူထားပါတယ်။
ပူလူတူတပ်စခန်းသိမ်းတိုက်ပွဲမှာ ဒေသခံ ပြည်သူ ၅၀၀ ခန့် ထိုင်းဘက်ခြမ်း စစ်ရှောင်ခဲ့ရသလို စခန်းသိမ်းခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းနယ်ခြားမြစ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်နိုင်ငံထဲ ဝင်ပြေးခဲ့ကြပါတယ်။
KNLA နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ဒီဇင်ဘာ
လ ၁၆ ရက်က မြန်မာ-ထိုင်းနယ်စပ်ရှိ မာနယ်ပလောကစစ်တပ်စခန်းကိုသိမ်းပိုက်ခဲ့ပါတယ် ။ KNU နဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလောစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက စစ်တပ်လက်ကနေ နှစ် ၃၀ အကြာမှာပြန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။ မာနယ်ပလောသိမ်းပြီးနောက်ပိုင်း KNU/KNLA ဟာ မြန်မာ-ထိုင်းနယ်စစ်က စစ်တပ်လက်ကျန်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ် ။

❤55👍33👏4🤣3
ခလယ့်ဒေး တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်စဥ်။ ။ဓာတ်ပုံ -AEC
👍66❤21🤣1🖕1