People's Spring
65.1K subscribers
63.7K photos
1.11K videos
3 files
2.78K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပဲခူးတိုင်း၊ ပြည်မြို့ပေါ်မှာ မနေ့ မနက်ပိုင်းက ပစ်ခတ်မှုအတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)ဒကစမှူးရဲ့ ကိုယ်ရေးအရာရှိ(PSO)ဗိုလ်မှူးအောင်မိုးသူသေဆုံးခဲ့တယ်လို့ အဲဒီမြို့ခံများက ပြောပါတယ်။ ပြည်မြို့တက္ကသိုလ်အနီး အုန်းတောလမ်းထဲမှာ မနေ့ မနက်အစောပိုင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ အုန်းတောလမ်းရှိ အဆောင်တစ်ခုမှာ PDFများ ရောက်နေတယ်ဆိုကာ စစ်ကောင်စီက အင်အားအများအပြားဖြင့် လာရောက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ မြို့ခံများကပြောပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့ နေရာအနီးမှ လူငယ် ၁၀ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး နောက်ဆက်တွဲ အခြေအနေကို မသိရသေးပါဘူး။

◾️ပခုက္ကူ-ရေစကြိုလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာဟု PDFပြော

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲ ၁၀ဦးထက်မနည်း သေဆုံးတယ်လို့ Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက ပြောပါတယ်။ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီရဲ့ ဂျန်ဘာ(ဒရုန်းဖျက်ကိရိယာ) တပ်ဆင်ထားတဲ့ သံပြားကာယာဉ်ကို မတ်လ ၁၇ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ Southern YSO PDF က အသိပေးပါတယ်။ အာပီဂျီ၊၄၀ မမ နှင့် ကျည်ငယ်တို့ကို အချိုးကျပစ်ခတ်ခဲ့ပြီး သံပြားကာယာဉ်ကို စီးနင်းနိုင်ဖို့ ကြိုးပမ်းချိန်မှာ Southern YSO စစ်ကြောင်းမှူးမှာ လက်နက်ချို့ယွင်းပြီး ပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

◾️နှမ်းခါးရွာ CDM ဆရာဝန်မိသားစုသေဆုံးမှုအတွက် ဝမ်းနည်းခြင်း သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက မကွေးတိုင်း ဂန့်​ဂေါမြို့နယ် နှမ်းခါးရွာမှာ မတ်လ ၂၂ရက်​က စစ်ကောင်စီရဲ့ လေ​ကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်ရဲ့ တမိသားစုလုံး အသက်ဆုံးရှူံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ကြရင်း အကြမ်းဖက်သတ်ဖြတ်ခံရသူတွေ၊ တပါးသူရဲ့အသက်ကို ကယ်တင်ရင်း မိမိအသက်ကို ပေးဆပ်ခဲ့ကြရသူတွေအားလုံးရဲ့ ရဲစွမ်းသတ္တိနဲ့ပြတ်သားခိုင်မာတဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ လုပ်ရပ်တွေအပေါ် CDM အားလုံးနဲ့ထပ်တူလေးစားဂုဏ်ယူပါကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နှမ်းခါးရွာဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ပြည်သူလူထုက နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းရှုတ်ချကြဖို့လည်း တိုက်တွန်းပါတယ်။

◾️အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတိုင်ကြားသူ ရှစ်ဦး စစ်မှုထမ်းစာရင်းထည့်သွင်းမယ်လို့ ခြိမ်းခြောက်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် မိုးကာချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူ လုပ်သားရှစ်ဦး ဖမ်းဆီးခံရပြီး စစ်မှုထမ်းစာရင်းထည့်သွင်းမယ်လို့ ခြိမ်းခြောက်ခံရကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့ စက်ရုံဟာ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံဖြစ်ပါတယ်။ အဲဒီမိုးကာစက်ရုံရဲ့ ချိုးဖောက်မှုတိုင်ကြားတဲ့ အလုပ်သမားတွေကို မတ်လ ၂၄ရက် မနေ့ ညပိုင်း ၁၀နာရီခွဲခန့်မှာ ဝါးတရာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လှော်ကားစခန်းမှ ရဲများနဲ့ မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ အလုပ်သမား ၈ ဦးကတော့ စက်ရုံမဆင်းဘဲ ကိုယ့်ဇာတိကိုယ်ပြန်ကြပြီလို့ သိရကြောင်း ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။

◾️ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာ

ပြည်တွင်းရွှေစျေးကွက် တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ကနေ စုံစမ်းသိရပါတယ်။ ဒီနေ့ မနက်ပိုင်းက ပြင်ပရွှေ အရောင်းအဝယ် ၁၆ ပဲရည် အဖွင့်စျေးတန်းမှာ အဝယ် ကျပ် ၆၉သိန်း ၂သောင်းနဲ့ အရောင်း ကျပ် ၆၈သိန်း ၅သောင်းရှိနေတယ်လို့ ဆိုပါတယ်။ မတ်လ ဒုတိယပတ်ကစလို့ ကမ္ဘာ့ရွှေစျေးဟာ တစ်အောင်စ ဒေါ်လာ ၃,၀၀၀ ကျော်နဲ့ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း ကျပ် ၆၅ သိန်းဝန်းကျင်မှ လက်ရှိစျေးတန်းအထိ မြင့်တက်လာခဲ့တာပါ။ ဒါပေမဲ့ အခုတက်နေတာက ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ သိပ်မဆိုင်ဘဲ ကမ္ဘာ့ရွှေစျေးကြောင့်ဖြစ်ပြီး အဝယ်၊အရောင်း မမှားဖို့ လိုတယ်လို့ သူက သုံးသပ်ပါတယ်။

◾️ရေး-ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်
👍37😁1
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ RPG အပါအဝင် သေနတ် ငါးလက်သိမ်းရခဲ့တယ်လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ မနက် ၉နာရီခန့်က ရေဖြူနယ် ညင်းထွေးရွာနဲ့ ကျောက်ကညှာရွာကြား ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းမှာ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ဒူရကစစ်ကြောင်းက အသိပေးပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဆီကနေ RPG 7 တစ်လက်၊ MA4 တစ်လက်၊ MA3 တစ်လက်၊ MA1 နှစ်လက်နဲ့ ဆက်စပ်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
👍41🔥1
👍39😁2🔥1
နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရ

မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃) နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးက ​လူထုနွေဦးသို့ ပြောသည်။

မတ်လ ၂၄ ရက် နံနက် ၈ နာရီခန့်တွင် အင်အား ၇၀ခန့်ဖြင့် နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ခွဲမှူးက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး၍ နှစ်ဦးထိခိုက်ဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း နတ်စစ်သည်တပ်ဖွဲ့က အသိပေးသည်။

ထို့နောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် တပ်ပြန်မဆုတ်သေးဘဲ လယ်မအင်းကျေးရွာအနီးဆက်လက်တပ်စွဲကာ ယင်းနေ့(မတ်လ ၂၄ ရက်)ည ၇နာရီတွင် လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းကွင်းအတွင်းရောက်ရှိလာရာ ဒုတိယအကြိမ်တိုက်ခိုက်မှုအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည် နတ်စစ်သည်တပ်ဖွဲ့က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦး ထပ်မံသေဆုံးပြီး လယ်မအင်းကျေးရွာမှတဆင့် ပျဥ်ပုံကျေးရွာဘက်သို့ ရန်သူ့စစ်ကြောင်း တပ်ပြန်ဆုတ်သွားကြောင်း နတ်စစ်သည်တပ်ခွဲမှူးက အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုအခြေအနေအပြည့်အစုံကို လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

"ရန်သူစစ်ကြောင်း ပြန်ဆုတ်သွားချိန် ဒီကနေ့ (မတ်လ ၂၅)မှာ ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ပါတယ်"ဟု လက်ရှိအခြေအနေကို နတ်စစ်သည်တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

နတ်တလင်းမြို့နယ်နှင့် နယ်မြေချင်းထိစပ်လျှက်ရှိသော ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ စမ်းမအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၃ ရက်နှင့် ၂၄ ရက်များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက် ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပြည်သူနှစ်ဦးသေဆုံး၍ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
👏41👍124👎2🥰2🔥1
(ဓာတ်ပုံ - နတ်စစ်သည်တပ်ဖွဲ့ မှ ရဲဘော်များအား တွေ့ရစဉ်)
44👍13🥰3👏2🙏2🔥1
စစ်ကောင်စီက စစ်မတိုက်​သောအဖွဲ့များနှင့် ငြိမ်းချမ်း​ရေး​ဆွေး​နွေး

-ဟန်နွေ/People’s Spring

စစ်​ကောင်စီက ​နေပြည်​တော်တွင် စစ်မတိုက်​ဘဲ ယခင်အစိုးရလက်ထက်များကတည်းက အပစ်ရပ်လက်မှတ်ထိုးထားသာတိုင်းရင်းသာလက်နက်ကိုင်
အဖွဲ့များ နှင့် ငြိမ်းချမ်း​ရေး​ဆွေး​​နွေး​နေသည်။

စစ်​ကောင်စီက ​နေပြည်​တော်ရှိ MICC-2 တွင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်နှင့်ထိ​တွေ့ဆက်ဆံမှု ပုံမှန်ပြုလုပ်​နေ​သော NCA လက်မှတ်​ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၊ စစ်​​ကောင်စီထံတွင်မှတ်ပုံတင်ထား​သောပါတီများ ၊ယခင်အစိုးရလက်ထက် MPC အဖွဲ့ဝင်များ ၊လုပ်ငန်းရှင်အချို့စသည်တို့နှင့် ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲ​ခေါင်းစဥ်
ဖြင့် မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိသုံးရက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲကို စစ်​ကောင်စီ၏ အမျိုး
သားစည်းလုံးညီညွတ်​ရေး နှင့် ငြိမ်းချမ်း​ရေး​ဖော်​​ဆောင်မှု​ကော်မတီ ကဦး​ဆောင်လုပ်ခဲ့ခြင်းဖြစ်
သည်။

ထူးခြားချက်မှာ ယခု​ဆွေး​နွေးပွဲသို့ လက်ကျန် ၇ ဖွဲ့တွင် အင်အားအ​ကောင်းဆုံးဖြစ်​သော RCSS မှ တက်​ရောက်ခြင်းမရှိ​ကြောင်း ထိုအဖွဲ့က မီဒီယာအချို့သို့​ဖြေဆိုထားသည်။

NCA လက်မှတ်​ရေးထိုးထားပြီး စစ်တပ်အာဏာ
သိမ်းပြီး​နောက်ပိုင်းပုံမှန်ထိ​တွေ့ဆက်ဆံ​နေ​သောအဖွဲ့များမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ KNU/KNLA -PCငြိမ်းချမ်းရေးကောင်စီ ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မွန်ပြည်သစ်ပါတီ(NMSP) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ဖြစ်သည်။KNU/KNLA -PC သည် စစ်​ကောင်စီကို တိုက်ခိုက်​နေ​သော KNU နှင့်မတူဘဲ အင်အားအနည်းငယ်သာရှိ​သောအဖွဲ့ဖြစ်သည်။

ထို ၇ ဖွဲ့ထဲတွင် PNLO/PNLA သည် ၂၀၂၄ နှစ်ဆန်းပိုင်းမှ စ၍ ​တော်လှန်​ရေးအင်အားစုများနှင့် ပူး​ပေါင်း၍ စစ်​ကောင်စီကို ​တော်လှန်တိုက်ပွဲဝင်​နေသည်။ သို့​သော် အဖွဲ့မှ ဦး​ဆောင်နယက ခွန်ဥက္ကာမှာ စစ်​ကောင်စီ နှင့် ထိ​တွေ့ဆက်ဆံ​နေပြီး၎င်းအပါအဝင်အဖွဲ့ဝင် ၃ ဦးကPNLO-NCA
-S ကိုဖွဲ့စည်း​ကြောင်း​ ၂၀၂၄​အောက်တိုဘာ ၉ ရက်တွင် ကြေညာသည်။ထို​နောက် PNLO/PNLA ဗဟို​ကော်မတီကလည်း ၎င်းတို့ သုံးဦးကိုထုတ်ပယ်​ကြောင်း ​အောက်တိုဘာ ၁၂ ရက်တွင်​ကြေညာသည်။ထို​နောက်ပိုင်းတွင်လည်း PNLA မှာ ​တော်လှန်​ရေးအဖွဲ့များနှင့် ပူး​ပေါင်း၍ စစ်​ကောင်စီတပ် နှင့် PNA ပြည့်သူ့စစ်များကိုတိုက်
ခိုက်​နေသည်။ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ PNLO
-NCA-S မှာမူ တပ်လက်ကိုင်မရှိဘဲငြိမ်းချမ်း​ရေး​
ဆွေး​နွေးပွဲများတက်​နေခြင်းဖြစ်သည်။

MNSP မှ ​ခေါင်း​ဆောင်အချို့မှာလည်း ခွဲထွက်ပြီး
မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး
(NMSP-AD) ကိုဖွဲ့၍စစ်​ကောင်စီတပ်ကိုခုခံတိုက်
ခိုက်​နေသည်။

ထို​ကြောင့် MNSP နှင့် PNLO-NCA-S ပါဝင်မှုမှာယခင်ကဲ့သို့အပြည့်အဝ မဟုတ်​တော့​​သော်လည်းစစ်​ကောင်စီကမူ EAO ၇ဖွဲဟုဆို​နေဆဲဖြစ်သည်။
ထို ၇ ဖွဲ့တွင် RCSS မှာ အင်အား​ကောင်းပြီးကျန်အဖွဲ့များမှာ အင်အားအနည်းငယ်သာရှိသလို
PNLO-NCA-S တွင်လက်နက်ကိုင်တပ်ပင်မရှိ​ပေ။

ထို​ကြောင့်အဆိုပါအဖွဲ့များသည်စစ်​ကောင်စီတပ်ကိုလည်း တိုက်ခိုက်ခြင်းမရှိ​သော်လည်း ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲများကို အကြိမ်ကြိမ်​ဆွေး​နွေး​နေခြင်းဖြစ်သည်။

တဖက်တွင် နိုင်ငံတဝန်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေပြီး KIA ၊ KNU ၊ AA ၊ KA ၊ CNA၊ MNDAA ၊ TNLA စ​သော အင်အားကြီးတိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ​နွေဦး​တော်လှန်​ရေးအင်အားစုများနှင့်ပူး​ပေါင်း၍ မြို့များ ၊စစ်တပ်စခန်းများ ၊တပ်ရင်းများ ၊ဌာနချုပ်များကို ထိုးစစ်ဆင်သိမ်းပိုက်​နေသည်။

"အခု စကစရဲ့ဆွေးနွေးဖက်တွေက စကစနဲ့ ဘာပြသနာမှ မရှိတဲ့ အဖွဲ့တွေပါ၊ တကယ်တော့အာဏာသိမ်းမှုကြောင့် စကစကို တိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမှာလေ။အဲတော့ အခု စကစရဲ့ငြိမ်းချမ်းစွာ အဖြေရှားရေး ချဉ်းကပ်မှုကို ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး"ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ကောင်စီ လုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ် မှတ်ချက်ပြုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေး
ဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်​ကောင်စီမှာငြိမ်းချမ်းရေးကို ပါးစပ်က ပြောပြီး လက်တွေ့တွင် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ
သည့် ၎င်း၏ ပြောဆို လုပ်ဆောင်ချက်များကို ခေါင်းထဲ ထည့်မထားကြောင်း​ပြောသည်။

"ငြိမ်းချမ်းရေးနဲ့ ပါးစပ်ပြောထားပြီး လူထုကို သတ်ဖြတ်နေတဲ့ဟာတွေက နေ့စဉ်ရက်ဆက်ဖြစ်နေတဲ့အခါကျတော့ ယုံကြည်မှုတွေအကုန်လုံး ပျောက်သွားပြီးတော့ လူထုက စစ်အာဏာရှင် တိုက်ဖျက်ရေး ဆုံးခန်းတိုင် အရောက်သွားဖို့ လုံးပန်းနေတဲ့အနေအထားပါ။” ဟု ပဒိုစောတောနီးက ပြောသည်။

KNU/KNLA ၊ CNF/CNA တို့မှာ စစ်တပ်အာဏာမသိမ်းခင်က NCA တွင်ပါဝင်လက်မှတ်​ရေးထိုးခဲ့​သော်လည်း စစ်တပ်အာဏာသိမ်းပြီး​နောက် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်​ကောင်စီကို ခုခံ​တော်လှန်တိုက်ခိုက်​နေကြခြင်းဖြစ်သည်။
😁45👍202🤷1
​"တွေ့ဆုံဆွေးနွေးမှုများမှငြိမ်းချမ်းသော နိုင်ငံ
တော်သစ်ဆီသို့”​ခေါင်းစဥ်ဖြင့်​ ​နေပြည်​တော်တွင်လုပ်​နေ​သောဆွေးနွေးပွဲတွင်စစ်ကောင်စီက ငြိမ်း
ချမ်းရေးကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုရန် ၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာ ရေရှည်တည်တံ့မည်စသဖြင့် ဆွေးနွေးခဲ့​ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြသည်။

သို့​သော်တဖက်တွင် နိုင်ငံတဝန်း စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီသည်စာသင်
ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဆေးရုံဆေးခန်း၊ စစ်​ရှောင်စခန်း၊​​ဈေး၊
ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထား၍ ​လေ​ကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှုများပိုလုပ်​နေသဖြင့် အရပ်သားပြည်သူသေဆုံးမှုများတိုး​နေသည်။စစ်​​ကောင်စီတပ် က ပြည်သူများကိုဗုံးကြဲသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုများကိုထို​ဆွေး​နွေးပွဲတွင် EAO လက်ကျန်အဖွဲ့များ​ရော ၊ပါတီများကပါ ​ဆွေး​နွေး​ပြောကြားခြင်းမရှိကြ​ပေ။
😁51👍9💩4🤮3
စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေး​ဆွေး​နွေပွဲကို​တွေ့
ရစဥ်။ဓါတ်ပုံ-MOI
🤣57💩15🖕10👍4🤮3🤬1
လေးမျက်နှာတိုက်ပွဲမှ စစ်သားများဆုတ်ခွာထွက်ပြေးနေ

■ထွက်ပြေးလာ​သောစစ်သားများကို ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေး၍တပ်ထဲပြန်ပို့​ပေးရ

မတ်-၂၅၊၂၀၂၅။အညာသား/People's Spring

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း တိုက်
ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေးနေရပြီး ဒဏ်ရာရထားသည့် အရပ်ဝတ်စစ်သားများကို ရဲတပ်ဖွဲ့က လုံခြုံရေးယူ၍ ကွင်းကောက်မြို့ရှိ စစ်လေ့ကျင့်ရေးတပ်ကိုပို့ဆောင်ပေးလိုက်ရသည်။

မတ်လ ၂၄ရက်ညနေက အရပ်ဝတ်ဖြင့်သေနတ်များကိုင်ဆောင်ထား​သောစစ်သား ၁၅ဦးသည် ကွင်းကောက်မြို့နယ်တွင်ရောက်ရှိလာခြင်းဖြစ်သည်။ ပုသိမ်-မုံရွာလမ်းအနီး၌ ကင်းစောင့်နေသောရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး အချင်းချင်းပစ်ခတ်မှုဖြစ်မည့်အနေအထားပင်ဖြစ်ခဲ့ကြောင်း လေးမျက်နှာမြို့ဒေသခံတစ်ဦးကပြောသည်။

"ရဲတွေကသေနတ်နဲ့ချိန်တော့ စစ်တပ်ကကောင်တွေကပြန်ဆဲပြီးသူတို့က ဘယ်တပ်ရင်းကပါဆိုပြီးပြောတာ။ ဆုတ်လာတာ လမ်းမှားနေလို့ပါပေါ့။ ရဲတွေက ခဏခေါ်ထားပြီး လေ့ကျင့်ရေး(၅)ထဲ လိုက်ပို့လိုက်တယ်"ဟု ယင်းမြို့ခံကပြောသည်။

ကွင်းကောက်မြို့တွင်အမှတ်(၅)လေ့ကျင့်ရေးတပ်ရှိပြီးဧရာဝတီတိုက်ပွဲကိုယင်းနေရာမှနေ၍စစ်ကောင်စီကအင်အားဖြည့်တင်းနေသည်။

ထွက်ပြေးလာသောစစ်ကောင်စီစစ်ကြောင်းသည် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း(၅၃၄)မှဖြစ်ကြောင်း People's Spring က စုံစမ်းသိရှိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလကရေကြည်မြို့နယ်သို့ ပို့
ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ရေကြည်မြို့နယ်နှင့်ဆက်စပ်နေသော လေးမျက်နှာမြို့နယ်မှတိုက်ပွဲကို မတ်လ ၁၆ရက်တွင်စတင်တိုက်ခိုက်ခဲ့ရပြီးဆုတ်
ခွာထွက်ပြေးလာခြင်းဖြစ်သည်။

"တိုက်ပွဲတွေမှာသေဆုံးတာတွေများတယ်။အများဆုံးသေတာက စစ်မှုထမ်းဥပဒေနဲ့ အခေါ်ခံရတဲ့ စစ်သင်တန်းဆင်းတွေ။ ပြေးနေသူတွေများပြီး ဒီစစ် ကြောင်းကကံကောင်းလို့ ရဲနဲ့တွေ့သွားတာ။ AA တို့ PDF တို့နဲ့သာတွေရင် ငိုပြနေလောက်ပြီ" ဟုဧရာဝတီစစ်ရေးသတင်းရေးမှူးတစ်ဦးကပြော
သည်။

ဧရာဝတီတိုင်းမှစစ်တပ်ရင်းများသည်ရခိုင်ပြည်
နယ်နှင့် အညာဒေသမှတိုက်ပွဲများတွင်လည်း စစ်ကြောင်းတစ် ကြောင်းလုံးပျက်စီးသည့်အထိ တိုက်ခိုက်ခံရမှုများရှိခဲ့သည်။

ပြီးခဲ့သည့်၂၀၂၄ခုနှစ် နိုဝင်ဘာလက အာရက္ခတပ်တော်(AA)က ဂွမြို့သိမ်းတိုက်ပွဲတိုက်ခိုက်စဉ် စစ်ကူပို့ခံရသည် ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊အိမ်မဲမြို့အခြေစိုက် ခလရ (၆၃)၊ ခလရ (၅၁)အပြင် ရန်ကုန်၊ လှိုင်သာယာအခြေ
စိုက် ခမရ (၅၃၂)မှ စစ်ကောင်စီအင်အား ၂၀၀ နီးပါးကို ဂွမြို့နယ်၊သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့်ကင်းပုံကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီး ၁၂၀ ဦးကျော်သေဆုံးခဲ့သည်။ စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAက သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၃ခုနှစ်က ရခိုင်ပြည်နယ်၊ မအီမြို့နှင့်ရမ်းဗြဲမြို့သိမ်းတိုက်ပွဲတွင် ရဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ခလရ(၃၆) တပ်ရင်းတစ်ရင်းလုံး တိုက်ခိုက်ခြေမှုန်းခံရပြီး AAက စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။

၂၀၂၄ နှစ်ကုန်ခန့်ကလည်း မော်လမြိုင်ကျွန်းမြို့ ခမရ(၅၃၄)မှ တပ်ရေးဗိုလ်ကြီးတစ်ဦးနှင့် မအူပင်မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့မိန့်ကျပြီးနောက် ထွက်ပြေးမှုဖြစ်ခဲ့သည်။

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေး
မျက်နှာမြို့နယ်ထိစပ်ဧရိယာများတွင်တိုက်ပွဲများဆက်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော စက်တပ်လေထီးဖြင့်ပါ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။AAနှင့် ပူးပေါင်းတပ်များကမတ်လ ၁၅ရက်မှစ၍ရေကြည်မြို့၊ မြောက်
စမ်းရွာအခြေစိုက် အမြောက်တပ်အမတ(၃၄၄)နှင့်
သာပေါင်းမြို့နယ် ရှိခမရ(၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထွက်ပြေးနေသူများရှိသလို သေဆုံးမှုများလည်းရှိနေသည်။မတ်လ၁၉ရက်နေ့ကလည်း စစ်ကောင်စီအရာရှိ ရုပ်အလောင်းအချို့ကိုကွင်းကောက်မြို့ရှိ အုတ်တွင်းကျေးရွာသုသာန်တွင်လုံခြုံရေးယာဉ်တန်းဖြင့် လာရောက်သဂြိုလ်သွားသည်။
👍81🤣65👏4🥰1😁1🖕1
မ​ကွေးတိုင်း ၊ငဖဲမြို့နယ်ရှိ နတ်​ရေကန်​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကို AA ကထိုးစစ်ဆင်တိုက်ခိုက်ရာ ကာကင်းစခန်းများမှစစ်သားများ ​၂၀၂၅ ​ဖေ​ဖော်ဝါရီလကုန်ပိုင်းတွင်ထွက်​ပြေးစဥ် CDF အရှိုက ဖမ်းဆီးနိုင်ခဲ့​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-CDFအရှို
👍76👏17😁65