People's Spring
65.1K subscribers
63.7K photos
1.11K videos
3 files
2.78K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပုဏ္ဏားကျွန်းမြို့နယ် ယနေ့ည လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်များအပါအဝင် ထိခိုက်မှုရှိ

မတ်-၂၅၊ ၂၀၂၅။ကဖေး/People's Spring

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို ယနေ့(မတ်လ၂၅ရက်) ည၇ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

" အောင်ဖြူပြင်ကို ပစ်သွားတာပါ။ မနက်ပိုင်းက လက်နက်ကြီးတွေပစ်ခဲ့ပြီး အခုညနေမှာလေကြောင်းကနေ လာပစ်တာပါ။ စစ်ဘေးရှောင်တွေနေတဲ့နေရာကို ထိတာလို့သိရတယ်။ ညဘက်ဆိုတော့ သွားလို့လာလို့ မရဖြစ်နေတယ်။ ထိခိုက်သေဆုံးတာတွေက ရှိတယ်"ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

မတ်လ ၂၂ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာနှင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။

စစ်တွေမြို့အား သိမ်းယူရေး အာရက္ခတပ်တော်(AA)က ထိုးစစ်ဆက်လက်ပြင်းထန်နေပြီး မြို့အနီးဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ၂၀ရက်ကလည်း ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ က‌လေးငယ်နှစ်ဦးအပါအဝင် ၄ဦးသေ‌ဆုံးပြီး ၁၇ဦး ဒဏ်ရာရခဲ့သည်။

ထို့အပြင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့ကြား ဝါဘိုကျေးရွာတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း AA ‌ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ပြောကြားထားသည်။
🤬56👍11😭6🔥3😡31
(ပုဏ္ဏားကျွန်းမြို့အား AAသိမ်းပြီးနောက် စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်၍ မီးလောင်ပျက်စီးနေသည်ကို ၂၀၂၄ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬50👍6😡42🔥2👎1
■အ​တွေးအမြင်

"ပထမဆု"

-သစ်ရွက်​ရေးသားသည်

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာ
ရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီး
ရသွား ပါပြီ။

“မြန်မာနိုင်ပြီ၊ ဒို့မြန်မာနိုင်ပြီ”ဆိုတဲ့သီချင်းကို ဖွင့်ပြီးမှ အသာပြန်ပိတ်ခဲ့ရတဲ့ နှစ်တွေကိုနာကျည်းစွာနဲ့ အခုတော့ ဟစ်ကြွေးခွင့်ရပြီမဟုတ်လား။ မြန်မာပတ်စ်ပို့စာအုပ်အနီကို ဝင့်ဝင့်ကြွားကြွားကိုင်ပြီး နိုင်ငံတကာ လေဆိပ်တွေမှာ ဝင်ထွက်ကြပါတော့။ မြန်မာဆိုတာနဲ့ ကြောက်ရွံ့သွားမယ့်လူတွေကို ရှုစားပါတော့။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိင်ငံက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ “စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှု”
(Global Organized Crime Index) ဇယားထဲက Criminality စာရင်းမှာနံပါတ်တစ်ချိတ်စွဲ ထားလို့ပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃နိုင်ငံမှာ နံပါတ်တစ်ချိတ်ပါတယ်၊ အာရှတိုက်ရဲ့ချန်ပီယံလည်း ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့မှာအခြေစိုက်တဲ့ Global Initiative Against Transnational Organized Crime – GI-TOC)က၂၀၂၃မှာထုတ်ပြန်တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ မြန်မာက ၈.၁၅မှတ်နဲ့ အဆင့်တစ် ရတာပါ။

တချိန်က ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ ကုက္ကင်းရာဇာကြီး အက်စ်ကိုဘာရဲ့ ကိုလံဘီယာဟာမြန်မာနဲ့ ယှဉ်တော့ နံပါတ်နှစ်သာချိတ်ရှာပါတော့တယ်။

နံပါတ်၃ကတော့ မူးယစ် Cartel ဂိုဏ်ကြီးတွေ မင်းမူတဲ့ မက္ကဆီကိုပဲဖြစ်ပါတယ်။ စနစ်တကျ
ကျူးလွန်တဲ့ ရာဇဝတ်မှု (Organized Crime) ဆိုတာက ရုတ်တရက်၊ပျံကျ တစ်စုံတစ်ယောက်ကကျူးလွန်တဲ့ ရာဇဝတ်မှုမျိုးမဟုတ်ပါဘူး။

အစုနဲ့အဖွဲ့နဲ့သေသေချာချာပြင်ဆင်ပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေဖြစ်ပါတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (United Nations Office on Drungs and Crime – UNODC) ကဆိုပါတယ်။

မြန်မာရဲ့ရာဇဝတ်မှုကြီးတွေကတော့ အများသူငါ ရင်သပ်ရှုမောဖြစ်ကြရတဲ့ကျားဖြန့်အပြင် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနဲ့ အခြားဂုဏ်ယူစရာလုပ်
ရပ်များစွာဖြစ်ကြောင်းပါ။

ကိုဗစ် - ၁၉နဲ့ ၂၀၂၁ အာဏာသိမ်းမှုတွေကလည်းမြန်မာကို ကမ္ဘာ့ချန်ပီယံဖြစ်ဖို့တွန်းပို့ခဲ့ကြတာပါ။ လူပေါင်းများစွာကို လူကုန်ကူးအဖွဲ့တွေလက်ထဲကိုဆိုက်ရောက်စေခဲ့ပါတယ်။အစိုးရအဖွဲ့အစည်းတွေ
နဲ့ဝန်ထမ်းတွေရဲ့ စံပြအမူအကျင့်တွေဖြစ်တဲ့ လာဘ်စားမှုကလည်း မီးလောင်ရာလေပင့်ရုံမက ဓါတ်ဆီပါလောင်းပေးကြတာဖြစ်တယ်လို့ အစီရင်
ခံစာကဆိုပါတယ်။

လူကုန်ကူးမှုနဲ့ပက်သက်ရင် မြန်မာဟာ အရှေ့
တောင်အာရှနဲ့ မဲခေါင်ရပ်ဝန်းရဲ့ အဓိက ရင်းမြစ်နိုင်ငံ (Source Country) ဖြစ်ပါသတဲ့။'လက်နက်
မှောင်ခိုကူးမှု’ (Arms Trafficking) မှာ‌တော့မြန်မာဟာ ဝယ်သူဖြစ်သလို ရောင်းသူလည်း ဖြစ်ပါတယ်။ အတော်အလုပ်ကြိုးစားကြရှာတာပါ။ ပြည်ပကတင်သွင်းသလိုပြည်တွင်းမှာလည်း ထုတ်လုပ်ကြပါတယ်။ ‘ကုန်ပစ္စည်းအတု’ ထုတ်
လုပ်ရာမှာလည်း မာမာချာချာရှိလှပါတယ်။

မြန်မာထဲကိုလည်းအတုတွေဝင်နေကြပါတယ်။ အိန္ဒိယကဝင်တဲ့ ကိုဗစ်ကာကွယ်ဆေးအတုတွေကစလို့ တရုတ်ကဝင်တဲ့ အခြားဆေးအတုတွေနဲ့ စီးကရက်နဲ့အခြားကုန်ပစ္စည်းများအထိဖြစ်ပါတယ်။

သစ်တောထွက်ကုန်ပစ္စည်းတွေမှောင်ခိုရောင်းချရာမှာလည်း မြန်မာကဆရာကျပြန်ပါတယ်။ တရားမဝင်ကျွန်းသစ်ရောင်းချမှုကတော့ ကမ္ဘာ့ထိပ်သီးပါပဲ။ တပ်မတော်ကြီးက အမြင်မတော်လို့ အာဏာ
သိမ်းအပြီးမှာတော့ “ဘာပြောကောင်းမလဲ” အဆင့်ကိုရောက်သွားပါတော့တယ်။ အိမ်နီးချင်း ကောင်းတွေဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယတို့က အကြီးမားဆုံးဖေါက်သည်တွေပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်း’မုန်းလား’ကတော့ ကျားကစလို့ သင်းခွေချပ်အထိရောင်းချတဲ့ တောရိုင်းတိရိစ္ဆာန်ဈေးကွက် ဖြစ်ပါတယ်။ မြန်မာဟာဒီဈေးကွက်မှာအိမ်ရှင်နိုင်ငံ (Host Country) ဖြစ်သလို အကူးအပြောင်း (Transit) နိုင်ငံလည်းဖြစ်ပါတယ်။ တိရိစ္ဆာန်အရှင်တွေတင်မကပဲ သူတို့အစိတ်အပိုင်းတွေကိုပါရောင်းချနေကြတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေး ပိုမိုကျပ်တည်းလာမှုက တောနယ်တွေမှာနေထိုင်တဲ့ပြည်သူတွေကို ဒီလုပ်ငန်းထဲကိုတွန်းပို့ခဲ့ပါတယ်။
မြန်မာက ကျောက်မျက်မှောင်ခိုရောင်းဝယ်မှုမှာလည်း ဈေးသည်ကြီးဆန်နီပါတဲ့။ ဒီလုပ်ငန်းဟာ တပ်မတော်ကြီးရဲ့အဓိကဝင်ငွေထဲကတစ်ခုပါလို့ အစီရင်ခံစာကမှတ်ချက်ပြုပါတယ်။ ပြည်သူ့စစ်တွေ ကလည်းဒီဝင်ငွေကိုပဲမှီခိုကြတာဖြစ်ပြီး၊ အဖွဲ့တွေကြားထဲမှာ အကျိုးစီးပွားအခြေခံတဲ့ သစ္စာခံနိုင်ငံရေးကို ပိုအရှိန်ကောင်းစေတာပါ။

အာဏာသိမ်းအပြီးမှာ ‘မြေရှား’ထုတ်လုပ်မှုကလည်း ပိုမြင့်တက်လာနေပါတယ်။ အားလုံးရဲ့ဂိတ်ဆုံးမှတ်တိုင်ကတော့ တရုတ်ပဲဖြစ်ပါတယ်။

မူးယစ်ဆေးမှာတော့ မြန်မာက ကမ္ဘာ့ဖလားကိုနှစ်စဉ်ကန်ထရိုက်ဆွဲထားတာပါ။ မက်သာဖီတာမင်းနဲ့ ဘိန်းထုတ်လုပ်မှုက ချန်ပီယန်ခါးပတ်ကို
မဖြုတ်တမ်းရစေခဲ့ပါတယ်။ အိမ်နီးချင်းတွေမှာ မြန်မာက အလုံးအရင်းနဲ့ရှယ်ပို့တဲ့ အရှိန်ကြောင့် ဆေးပြားတွေဈေးတောင်ကျတယ်လို့ဆိုပါတယ်။အာဏာသိမ်း ပြီးနောက်မှာတော့ ‘သဘောရှိကလောဟိ’ ဖြစ်သွားခဲ့ပါပြီ။
👍40🤮4👎1💯1
ဒီနှစ်ပိုင်းဟိုးလေးတကျော်အဖြစ်ဆုံးကတော့ ဆိုက်ဘာရာဇဝတ်မှုတွေပါပဲ။ အွန်လိုင်းလောင်း
ကစားနဲ့ လိမ်လည်မှုတွေကို မြို့ကြီးတွေတည်
ဆောက်ပြီးဗြောင်ကျကျ လုပ်ကြတာပါ။ အကျိုးစီးပွါးတွေ ဘယ်လောက်ပါဝင်ကြတယ်ဆိုတာ ခန့်မှန်းကြည့်ရင်သိနိုင်တဲ့အရာပါ။

စစ်တပ်က အာဏာသိမ်းအပြီးမှာ အရပ်ဖက်လူ့အဖွဲအစည်းတွေကို နှိပ်ကွပ်လို့ စောင့်ကြည့်မှုအား
နည်းပြီး ထောက်ပြနိုင်တဲ့ အသံတိုးတိတ်လာတဲ့ ဒဏ်ကို လူ့အဖွဲ့အစည်းကခံရတာပဲဖြစ်ပါတယ်။ သတင်းစာဆရာတွေကို ဖမ်းဆီးအရေးယူတာတွေကလည်း မကောင်းမှုတွေကို ကျူးလွန်ကြဖို့ အ
ချက်ပေးခြင်းဖြစ်ပါတယ်။

အခုတော့ မြန်မာကပထမဆုကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိသွားပါပြီ။ အဆိုတော်ဇော်ဝင်းထွဠ်အသံနဲ့ “ပထမဆုရယူဖို့ဟေ့”လို့ကြွေးကြော်နိုင်ပါပြီ။

ပတ်စ်ပို့စာအုပ်အနီကိုတွေ့ရင် သူများနိုင်ငံသားတွေ ဖြုံကြမှာပါ၊ အနည်းဆုံးတော့ ပိုက်ဆံအိတ်တို့၊နာရီတို့ကို ကသောကမျော သိမ်းဆည်းကြမယ်ထင်ပါရဲ့။ ။
👍41🤮2
👍41🤮4😢1
စစ်ခေါင်းဆောင်များ သစ္စာလေးချက်ဖောက်ဖျက်ပြီး နိုင်ငံတော်ဖျက်ဆီးနေဟု ဗန်းမော်တိုက်ပွဲ KIAထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ကြပ်များ ပြော

မတ်-၂၅၊ ၂၀၂၅။ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နှင့် အရာရှိများသည် တပ်မတော်၏ သစ္စာလေးချက်ကို ဖောက်ဖျက်ခြင်း၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့် ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်းများလုပ်နေသည်ဟု ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ကြပ်များက ပြောသည်။

ဗန်းမော်တိုက်ပွဲအတွင်း အမှတ်(၃)ဝန်တင်တပ်ရင်း ဗန်းမော်တပ်ဆွယ်မှ အလင်းဝင်လာသည့် လုပ်သက်ရင့် တပ်ကြပ်အဆင့်ရှိသူများနှင့် မေးမြန်းချက်ကို ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေး ဖော်ပြခဲ့ရာ တပ်ကြပ်သန်းဇော်၊ တပ်ကြပ်အောင်အောင်နှင့် တပ်ကြပ်ဇော်မင်းနိုင်တို့က တပ်တွင်းအခြေအနေနှင့် ၎င်းတို့၏ အမြင်သုံးသပ်ချက်များကို ပြောကြားခဲ့သည်။

"တပ်မတော်မှာ သစ္စာလေးချက်ရှိပါတယ်။ သစ္စာလေးချက်ရှိတဲ့အထဲမှာ ပထမဦးဆုံးအချက်တော့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ သစ္စာကို စောင့်သိရိုသေပါမည်ဆိုတာ။ အခုဖြစ်နေတဲ့ဟာနဲ့ သစ္စာလေးချက်နဲ့က လုံး၀ ကိုက်ညီမှုမရှိဘူးလို့ ယူဆပါတယ်”ဟု တပ်ကြပ်အောင်အောင်က ပြောသည်။

စစ်ကောင်စီ၏ လက်ရှိလုပ်ရပ်များသည် တပ်မတော်၏ သစ္စာလေးချက်နှင့် တလွဲစီဖြစ်နေသည်ဟု ၎င်းက ပြောသည်။

" ကျနော်တို့ဆိုထားတဲ့သစ္စာလေးချက်က နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ သစ္စာစောင့်သိရိုသေပါမယ်ဆိုတာ ဒါပေမဲ့အခုက နိုင်ငံတော် နဲ့ နိုင်ငံသား စောင့်သိဖို့ နေနေသာသာ အခုက နိုင်ငံတော်ကိုဖျက်ဆီးသလိုဖြစ်နေတာ"ဟု တပ်ကြပ်အောင်အောင်က ပြောသည်။

စစ်ကောင်စီက တပ်မတော်သစ္စာကို ပြောင်းပြန် ကျင့်သုံးနေခြင်းဖြစ်သည်ဟု ဆိုသည်။

အထက်ကပေးအပ်သည့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါမည်ဆိုသည့် အချက်ကိုလည်း စစ်ကောင်စီ အရာရှိများက ကိုယ်ကျိုးအတွက်သာလုပ်ဆောင်နေပြီး အောက်ခြေရဲဘော်များအား ဖိနှိပ်နေသည်ဟု တပ်ကြပ်ဇော်မင်းနိုင်က ပြောသည်။

နိုင်ငံတော် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး နှင့်ပတ်သက်ပြီးလည်း စစ်ကောင်စီက ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ လုပ်ဆောင်နေသည်ဟု ၎င်းက ပြောသည်။

"အောက်က စစ်သည်ကိုမငဲ့တော့ဘူး"ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။

ကျဆုံးလေပြီးသော တပ်မတော်သားများ၏ သစ္စာကိုစောင့်သိရိုသေပါမည်ဆိုသည့် အချက်နှင့်ပတ်သက်၍ သစ္စာစောင့်သိရန် မပြောနှင့်ရှေ့တန်း၌ အမိန့်စာပင်မပြန်ဘဲ စောင်ကြားပတ် မြောင်းထဲ ပစ်ထားခဲ့ခြင်းအပါအဝင် ကောင်းမွန်စွာ သင်္ဂြိုလ်ခြင်းမရှိဘဲ ပစ်ထားသည်ကို ကြားသိရကြောင်း အလင်းဝင်လာသည့် တပ်ကြပ်များက ပြောသည်။

ထို့ပြင် ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန်အဓိဌာန်ပြုပါသည်ဆိုသည့်အချက်နှင့်လည်း ကိုက်ညီခြင်းမရှိဟု ပြောသည်။

"တပ်မတော်အတွက်ကိုမပြောနဲ့ သူတို့မိသားစုအတွက် သူတို့ကာကွယ်စောင့်ရှောက်သွားတာရှိတယ်" ဟု တပ်ကြပ်ဇော်မင်းနိုင်က ပြောသည်။

တိုက်ပွဲဖြစ်မည့်သတင်းများကြောင့် စစ်ကောင်စီအရာရှိ ဇနီးများကို ဘေးကင်းရာသို့ ပို့ဆောင်ခဲ့သော်လည်း စစ်သည်ရဲဘော်များ၏ ဇနီးများကိုမူ တပ်ထဲ၌သာနေထိုင်ခိုင်းသည်ဟု ပြောသည်။

"တိုက်ပွဲတွေလည်း ဖြစ်တယ် အသံကြားတဲ့အခါကျတော့ သူတို့ အရာရှိကတော်တွေကို သူတို့ နီးစပ်ရာ လွတ်ရာကျွတ်ရာ သူတို့ရဲ့အိမ်တွေသူတို့ရဲ့ ဌာနေကို ပြန်ပို့လိုက်ကြတယ်"ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။

ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သော်လည်း ကျေးရွာများကို လေယာဉ်များဖြင့် ဗုံးကြဲခြင်းများ လုပ်ဆောင်နေကြောင်းလည်း တပ်ကြပ်အောင်အောင်က ဆွေးနွေးသည်။

"ပြည်သူလူထုကို အသက်အိုးအိမ်ကာကွယ်ဖို့ မပြောနဲ့ အခုလို ဖျက်ဆီးနေတော့ ဘယ်လိုကိုက်ညီတော့မလဲ"ဟု တပ်ကြပ်အောင်အောင်က ပြောသည်။

ပြည်သူများအနေဖြင့် နေအိမ်တစ်လုံးရရန်များစွာ ရုန်းကန်နေကြရကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူကို ပြန်ကြည့်ရမည်ဖြစ်သော်လည်း ပြန်မကြည့်ဘဲ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်ဟု တပ်ကြပ်အောင်အောင်က ပြောသည်။
👍763🔥2🥰2
(ဓာတ်ပုံ - ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် ဗန်းမော်ဝန်တင်တပ်ရင်းမှ လုပ်သက်ရင့် စစ်ကောင်စီတပ်ကြပ်များ)
👍66🥰3🔥2
စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ အိမ်ခြံမြေများကို CDF ထန်တလန် သိမ်းဆည်း

■​အစိုးရသစ်ထံ လွှဲအပ်သွားမည်ဟု အသိပေး

မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People's Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်၏ အိမ်၊ ခြံနှင့် မြေများအား သိမ်းဆည်းလိုက်ကြောင်း Chinland Defense Force - Thantlang(CDF-TT)က မတ်လ ၂၄ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်သည်။

မတရား အာဏာသိမ်းထားသည်သာမက ထန်တလန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်ကို အားပေးနေသူ၊ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်နေသော လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်သူဟု ဒေါက်တာမှုထန်၏ ရပ်တည်ချက်ကို CDF ထန်တလန်က ထောက်ပြသည်။

ထန်တလန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ဒေါက်တာမှုထန်၏ နေအိမ် ၂ လုံး၊ မြေကွက် ၃ကွက်နှင့် မြေဧက ၅ ဧကခန့်ရှိ ခြံများအား သိမ်းဆည်းလိုက်ခြင်းဟု စုံစမ်းသိရသည်။

ထို့ကြောင့် Chinland Defense Force - Thantlang(CDF-TT)၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိသော ဒေါက်တာမှုထန်၏ အိမ်၊ ခြံနှင့် မြေများကို အပြီးသိမ်းဆည်း၍ အသစ်တက်လာမည့် အစိုးရသစ်ထံ လွှဲပြောင်းပေးသွားမည်ဟု ဆိုသည်။

ယခုကြေညာချက်နှင့် စပ်လျဥ်း၍ ဖြစ်စဥ်အား အပြည့်အစုံသိရှိနိုင်ရန် Chinland Defense Force - Thantlang(CDF-TT)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃ ဖေဖော်ဝါရီ ၁၇ရက်တွင် စစ်ကောင်စီအဖွဲ့ဝင် ပူဂင့်ကမ်းလျန်၏နေရာ၌ အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာမှုထန်သည် စစ်ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်မခံရမီအချိန်ထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ချင်းပြည်နယ်ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်သည်။
👍5211👏5🥰2🔥1
(ထန်တလန်မြို့ရှိ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်၏ နေအိမ် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Salai Tial Hram Ling)
37👍14👏10🥰2🔥1
35👍12🥰2🔥1👏1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မတ်လ ၂၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဌာနချုပ်အနီးရှိ ခလယ့်ဒေး စစ်တပ်စခန်းကို KNU သိမ်းယူ

ထိုင်း-မြန်မာနယ်စပ်အနီး ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ်နား နေရာယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးတပ်စခန်းကို KNUနဲ့ ပူးပေါင်းတပ်က ဒီနေ့ ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တယ်လို့ ထိုင်းနယ်စပ် သတင်းရင်းမြစ်နဲ့ ကရင်သတင်းရင်းမြစ်တို့က ပြောပါတယ်။ ခလယ့်ဒေးတပ်စခန်းကို မတ်လ ၂၂ ရက်က KNU တပ်မဟာ (၇) ၊ တပ်ရင်း (၂၂) က ဦးဆောင်ပြီး စတင်တိုက်ခိုက်ရာမှာ ၄ ရက်အကြာ ဒီနေ့ ညနေပိုင်း ၄ နာရီဝန်းကျင်မှာ စခန်းသိမ်းနိုင်တာလို့ သိရပါတယ်။ စခန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်၊ အပေါ့စားထောက်ပို့လေယာဉ်တွေ သုံးပြီး ဗုံးကြဲတာ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့ပေမယ့် စခန်းကို KNU က သိမ်းယူနိုင်ခဲ့တာပါ။

◾️စစ်ကောင်စီနဲ့ ဆွေးနွေးခြင်းမရှိကြောင်း KIA အတည်ပြု

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းမှန်ကန်မှုမရှိဘူးလို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုပါတယ်။ KIOနဲ့ စစ်ကောင်စီတို့ မတ်လ ၂၃ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း လူမှုကွန်ရက်မှာ ရေးသားဖော်ပြမှုတွေနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလို တုံ့ပြန်လာတာပါ။ ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ဒီရက်ပိုင်းအတွင်း KIAနဲ့ စစ်ကောင်စီအကြား ဆွေးနွေးပွဲ မရှိသေးဘူးလို့သိရပြီး ဧပြီလဆန်းမှာ နှစ်ဖက်တွေ့ဆုံနိုင်ရေး ပြင်ဆင်နေတယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

◾️စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ရဲ့ အိမ်ခြံမြေများကို CDF ထန်တလန် သိမ်းဆည်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမှုထန်ရဲ့ အိမ်၊ ခြံနဲ့ မြေများကို သိမ်းဆည်းလိုက်ကြောင်း Chinland Defense Force - Thantlang(CDF-TT)က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ မတရား အာဏာသိမ်းထားသည်သာမက ထန်တလန်မြို့တခုလုံးကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကို အားပေးနေသူ၊ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်သူ ဒေါက်တာမှုထန်ရဲ့ ရပ်တည်ချက်ကို CDF ထန်တလန်က ထောက်ပြပါတယ်။ ထန်တလန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ဒေါက်တာမှုထန်ရဲ့ နေအိမ် ၂ လုံး၊ မြေကွက် ၃ကွက်နဲ့ မြေဧက ၅ ဧကခန့်ရှိ ခြံများကို သိမ်းဆည်းလိုက်တာလို့ စုံစမ်းသိရပါတယ်။ အဲဒီသိမ်းဆည်းလိုက်တဲ့ ပိုင်ဆိုင်မှုတွေကို အသစ်တက်လာမယ့် အစိုးရသစ်ထံ လွှဲပြောင်းပေးသွားမယ်လို့လည်း CDF ထန်တလန်က အသိပေးပါတယ်။

◾️ပုဏ္ဏားကျွန်းမြို့နယ် ဒီနေ့ည လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်များအပါအဝင် ထိခိုက်မှုရှိ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို ဒီနေ့ ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုများရှိတယ်လို့ သိရပါတယ်။ မတ်လ ၂၂ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံကျေးရွာနဲ့ ပေါက်တောမြို့နယ် သဲခုံကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တွေမြို့ကို သိမ်းယူရေး အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ဆက်လက်ပြင်းထန်နေပြီး မြို့အနီးဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။

◾️နွားထိုးကြီးနယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ မိသားစုဝင်သုံးဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ မိသားစုဝင်သုံးဦး သေဆုံးခဲ့တယ်လို့ နွားထိုးကြီးမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီနေ့ နေ့ခင်းက မာန်လည်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်ပြီး နေအိမ်ပေါ်ကျကာ ၉နှစ်အရွယ် မိန်းကလေးအပါအဝင် မိသားစုဝင်သုံးဦး သေဆုံးခဲ့တာလို့ သိရပါတယ်။ "မျက်နှာတွေက မပီတော့ဘူးဗျာ။ ရက်ရက်စက်စက်ပါ။ အိမ်လည်း စိစိညက်ညက်ကိုကြေလို့ပဲ"လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။ မနေ့ ညနေပိုင်းကလည်း နွားထိုးကြီးမြို့နယ် ရွှေမုဋ္ဌောကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆောက်လုပ်ဆဲ ဘုန်းတော်ကြီးကျောင်း အမိုးများပြိုကျပျက်စီးသွားပြီး ကျောင်းဆောင်အတွင်းနဲ့ အပြင်နံရံများ ဗုံးစထိမှန် ပေါက်ပြဲပျက်စီးနေတာကို ဓာတ်ပုံမှတ်တမ်းများမှာ တွေ့ရပါတယ်။

◾️ပြည်တက္ကသိုလ်အနီးပစ်ခတ်မှု ဒကစမှူးရဲ့ PSO ဗိုလ်မှူးသေဆုံးဟုဆို
👍37😁21😢1
ပဲခူးတိုင်း၊ ပြည်မြို့ပေါ်မှာ မနေ့ မနက်ပိုင်းက ပစ်ခတ်မှုအတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)ဒကစမှူးရဲ့ ကိုယ်ရေးအရာရှိ(PSO)ဗိုလ်မှူးအောင်မိုးသူသေဆုံးခဲ့တယ်လို့ အဲဒီမြို့ခံများက ပြောပါတယ်။ ပြည်မြို့တက္ကသိုလ်အနီး အုန်းတောလမ်းထဲမှာ မနေ့ မနက်အစောပိုင်းမှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ အုန်းတောလမ်းရှိ အဆောင်တစ်ခုမှာ PDFများ ရောက်နေတယ်ဆိုကာ စစ်ကောင်စီက အင်အားအများအပြားဖြင့် လာရောက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ မြို့ခံများကပြောပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့ နေရာအနီးမှ လူငယ် ၁၀ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး နောက်ဆက်တွဲ အခြေအနေကို မသိရသေးပါဘူး။

◾️ပခုက္ကူ-ရေစကြိုလမ်းပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာဟု PDFပြော

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲ ၁၀ဦးထက်မနည်း သေဆုံးတယ်လို့ Southern YSO PDF တာဝန်ရှိသူ ကိုအောင်မောင်းက ပြောပါတယ်။ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီရဲ့ ဂျန်ဘာ(ဒရုန်းဖျက်ကိရိယာ) တပ်ဆင်ထားတဲ့ သံပြားကာယာဉ်ကို မတ်လ ၁၇ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ Southern YSO PDF က အသိပေးပါတယ်။ အာပီဂျီ၊၄၀ မမ နှင့် ကျည်ငယ်တို့ကို အချိုးကျပစ်ခတ်ခဲ့ပြီး သံပြားကာယာဉ်ကို စီးနင်းနိုင်ဖို့ ကြိုးပမ်းချိန်မှာ Southern YSO စစ်ကြောင်းမှူးမှာ လက်နက်ချို့ယွင်းပြီး ပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။

◾️နှမ်းခါးရွာ CDM ဆရာဝန်မိသားစုသေဆုံးမှုအတွက် ဝမ်းနည်းခြင်း သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက မကွေးတိုင်း ဂန့်​ဂေါမြို့နယ် နှမ်းခါးရွာမှာ မတ်လ ၂၂ရက်​က စစ်ကောင်စီရဲ့ လေ​ကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်ရဲ့ တမိသားစုလုံး အသက်ဆုံးရှူံးခဲ့ရတဲ့ ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ကြရင်း အကြမ်းဖက်သတ်ဖြတ်ခံရသူတွေ၊ တပါးသူရဲ့အသက်ကို ကယ်တင်ရင်း မိမိအသက်ကို ပေးဆပ်ခဲ့ကြရသူတွေအားလုံးရဲ့ ရဲစွမ်းသတ္တိနဲ့ပြတ်သားခိုင်မာတဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ လုပ်ရပ်တွေအပေါ် CDM အားလုံးနဲ့ထပ်တူလေးစားဂုဏ်ယူပါကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နှမ်းခါးရွာဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းနဲ့ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ပြည်သူလူထုက နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းရှုတ်ချကြဖို့လည်း တိုက်တွန်းပါတယ်။

◾️အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတိုင်ကြားသူ ရှစ်ဦး စစ်မှုထမ်းစာရင်းထည့်သွင်းမယ်လို့ ခြိမ်းခြောက်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် မိုးကာချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူ လုပ်သားရှစ်ဦး ဖမ်းဆီးခံရပြီး စစ်မှုထမ်းစာရင်းထည့်သွင်းမယ်လို့ ခြိမ်းခြောက်ခံရကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့ စက်ရုံဟာ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံဖြစ်ပါတယ်။ အဲဒီမိုးကာစက်ရုံရဲ့ ချိုးဖောက်မှုတိုင်ကြားတဲ့ အလုပ်သမားတွေကို မတ်လ ၂၄ရက် မနေ့ ညပိုင်း ၁၀နာရီခွဲခန့်မှာ ဝါးတရာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လှော်ကားစခန်းမှ ရဲများနဲ့ မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ အလုပ်သမား ၈ ဦးကတော့ စက်ရုံမဆင်းဘဲ ကိုယ့်ဇာတိကိုယ်ပြန်ကြပြီလို့ သိရကြောင်း ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။

◾️ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာ

ပြည်တွင်းရွှေစျေးကွက် တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ကနေ စုံစမ်းသိရပါတယ်။ ဒီနေ့ မနက်ပိုင်းက ပြင်ပရွှေ အရောင်းအဝယ် ၁၆ ပဲရည် အဖွင့်စျေးတန်းမှာ အဝယ် ကျပ် ၆၉သိန်း ၂သောင်းနဲ့ အရောင်း ကျပ် ၆၈သိန်း ၅သောင်းရှိနေတယ်လို့ ဆိုပါတယ်။ မတ်လ ဒုတိယပတ်ကစလို့ ကမ္ဘာ့ရွှေစျေးဟာ တစ်အောင်စ ဒေါ်လာ ၃,၀၀၀ ကျော်နဲ့ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း ကျပ် ၆၅ သိန်းဝန်းကျင်မှ လက်ရှိစျေးတန်းအထိ မြင့်တက်လာခဲ့တာပါ။ ဒါပေမဲ့ အခုတက်နေတာက ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ သိပ်မဆိုင်ဘဲ ကမ္ဘာ့ရွှေစျေးကြောင့်ဖြစ်ပြီး အဝယ်၊အရောင်း မမှားဖို့ လိုတယ်လို့ သူက သုံးသပ်ပါတယ်။

◾️ရေး-ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်
👍37😁1
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ RPG အပါအဝင် သေနတ် ငါးလက်သိမ်းရခဲ့တယ်လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ မနက် ၉နာရီခန့်က ရေဖြူနယ် ညင်းထွေးရွာနဲ့ ကျောက်ကညှာရွာကြား ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းမှာ လမ်းကင်းထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ ဒူရကစစ်ကြောင်းက အသိပေးပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဆီကနေ RPG 7 တစ်လက်၊ MA4 တစ်လက်၊ MA3 တစ်လက်၊ MA1 နှစ်လက်နဲ့ ဆက်စပ်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
👍41🔥1