People's Spring
65.1K subscribers
63.7K photos
1.11K videos
3 files
2.78K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရေး - ထားဝယ်လမ်းပိုင်း၌ စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်

◾️RPGအပါအဝင် သေနတ်ငါးလက်ရဟု ဒူရကစစ်ကြောင်းပြော

မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People's Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး - ထားဝယ်လမ်းပိုင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ RPG အပါအဝင် သေနတ်ငါးလက်သိမ်းရခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(မတ်လ ၂၄ ရက်)နံနက် ၉နာရီခန့်က ရေဖြူနယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာကြား ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်း၌ လမ်းကင်းထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

"တိုက်ခိုက်ချိန် ၂နာရီလောက် ကြာပါတယ်ခင်ဗျ။ စကစ အင်အားက ၁၅၀၊၂၀၀ ဝန်ကျင်လောက်ရှိပါတယ်"ဟု စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်မှုအခြေအနေကို ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက လူ ထုနွေဦးသို့ ပြောသည်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရှိသွားရာ လက်နက်ကြီးပစ်ကူအများအပြားပေးသည့်အပြင် စက်တပ်လေထီ (Paramotor)တစ်စီးဖြင့် လေကြောင်းမှ ပစ်ကူပေးခဲ့ကြောင်း ဒူရကစစ်ကြောင်းက အသိ ပေးသည်။

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုနှင့် စပ်လျဥ်း၍ လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသော်လည်း ဒူရကစစ်ကြောင်းမှ ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လမ်းဘေးလဲကျနေသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ထံမှ RPG 7 တစ်လက်၊ MA4 တစ်လက်၊ MA3 တစ်လက်၊ MA1 နှစ်လက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ကစဥ့်ကလျားဖြင့် ရေဖြူမြို့ဘက်သို့ ပြန် လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်နေရာမှာ မြို့ဧရိယာနှင့် မလှမ်းမကမ်းတွင် တည်ရှိကြောင်း ဒုရကစစ်ကြောင်းတာ ဝန်ရှိသူက ရှင်းပြသည်။

အလားတူ မတ်လ ၂၂ ရက်ကလည်း ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်တွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် မတ်လ ၁၈ ရက်က ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စျေးထွက်ချိန် ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားသုံးဦးသေဆုံးကာ သေနတ်သုံးလက် ရရှိခဲ့သည်။
👍71👏115😁2🥰1
(စစ်ကောင်စီတပ်ထံမှ ရရှိသော လက်နက်ခဲယမ်းများနှင့်အတူတွေ့ရသည့် ဒူရကစစ်ကြောင်းမှ ရဲဘော်အချို့။ဓာတ်ပုံ - ဒူရကစစ်ကြောင်း)
71👍20😁4🥰3
ပြည်တက္ကသိုလ်အနီးပစ်ခတ်မှု ဒကစမှူး၏ PSO ဗိုလ်မှူးသေဆုံး ဟုဆို

မတ်-၂၅၊ ၂၀၂၅။ အိမ်သွင်/People's Spring

ပဲခူးတိုင်း၊ ပြည်မြို့ပေါ်တွင် မတ်လ ၂၄ရက်နံနက်က ပစ်ခတ်မှုအတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒကစမှူး၏ ကိုယ်ရေးအရာရှိ(PSO)ဗိုလ်မှူးအောင်မိုးသူသေဆုံးခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

"စစ်ကောင်စီဘက်က အရာရှိသေတာကို ဖြစ်တဲ့ နေ့ကတည်းက သိတယ်။ ညနေမှ အတည်ပြုနိုင်တာက ဗိုလ်မှူးအောင်မိုးသူတဲ့။ သူက ပြည်ဒကစမှူးရဲ့ PSOဖြစ်တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။

ပြည်မြို့တက္ကသိုလ်အနီး အုန်းတောလမ်းထဲတွင် မတ်လ ၂၄ရက် နံနက်အစော ၁နာရီခန့်က ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။ အုန်းတောလမ်းရှိ အဆောင်တစ်ခုတွင် PDFများ ရောက်နေသည်ဟုဆိုကာ စစ်ကောင်စီက အင်အားအများအပြားဖြင့် လာရောက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခြင်းဟု မြို့ခံများကပြောသည်။

သို့သော် နောက်ဆက်တွဲထွက်ပေါ်လာသော သတင်းများတွင် စစ်ကောင်စီတပ်အချင်းချင်း အငြိုးအတေးကြောင့် PDF များရောက်နေသည်ဟု သတင်းအမှားပေးကာ ပစ်ခတ်ကြခြင်းဟု တော်လှန်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ထို့အပြင် ပစ်ခတ်မှုဖြစ်သည့် နေရာအနီးမှ လူငယ် ၁၀ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး နောက်ဆက်တွဲ မသိရသေးပေ။

သေဆုံးသွားသော ဗိုလ်မှူးအောင်မိုးသူသည် အသက်(၄၁)နှစ်အရွယ်ရှိပြီး ပဲခူးတိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများသို့ မသွားလို၍ ပြည်ဒကစမှူး၏ PSOအဖြစ် နေရာရအောင် အထက်အရာရှိများထံခွင့်တောင်းခဲ့သူဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သို့သော် ဗိုလ်မှူးအောင်မိုးသူသေဆုံးသည်နှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုသေးပေ။

၂၀၂၄ ဒီဇင်ဘာ၂၁ရက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တိုက်ခိုက်ခဲ့သည့် မံစီမြို့သိမ်းတိုက်ပွဲ၌ ပြည်မြို့ခံ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသေဆုံးခဲ့ဖူးသည်။

အုန်းတောလမ်းပစ်ခတ်မှုဖြစ်စဥ်ပြီးနောက် ပြည်မြို့တွင်းနှင့် အဝင်၊အထွက်များအား စစ်ကောင်စီက တင်းကြပ်ထားသည်။
👍80👏165🔥2🥰2
👍64😁75👏2
ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာ

မတ်-၂၅၊ ၂၀၂၅။ ရဲခေါင်/People's Spring

ပြည်တွင်းရွှေစျေးကွက် တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ စုံစမ်းသိရသည်။

ယနေ့(မတ်လ ၂၅ ရက်) နံနက်က ပြင်ပရွှေ အရောင်းအဝယ်၌ ၁၆ ပဲရည် အဖွင့်စျေးတန်းမှာ အဝယ် ကျပ် ၆၉သိန်း နှစ်သောင်းနှင့် အရောင်း ကျပ်၆၈သိန်း ငါးသောင်းရှိနေသည်ဟု ဆိုသည်။

မတ်လ ဒုတိယပတ်ကစ၍ ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စ ဒေါ်လာ ၃,၀၀၀ ကျော်ကာ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း ကျပ် ၆၅ သိန်းဝန်းကျင်မှ လက်ရှိစျေးတန်းသို့ မြင့်တက်လာခဲ့သည်။

"ရွှေဈေးတန်းက သက်ြန်မတိုင်ခင်မှာဘဲ အမြင့်ဆုံးဈေးတန်းတခုလို ဖြစ်နေပြီ။WG(ကမ္ဘာ့ရွှေစျေး) က တစ်နှစ်တာဝန်းကျင်ရဲ့ အမြင့်ဆုံးအနေအထား ရှိနေဆဲပဲ။ပြည်တွင်းရွှေစျေးကလည်း ၇၀ကျော်ဖို့ အားယူ နေတယ်ပြောရမယ်။ဒါပေမယ့် အခုတက်နေတာက ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ သိပ်မဆိုင်ဘဲ ကမ္ဘာရွှေစျေးကြောင့် ပဲပြောရမယ်ဆိုရင် အဝယ်၊အရောင်း မမှားဖို့လိုနေတယ်"ဟု ပြည်တွင်းရွှေအရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက ပြောသည်။

ပြည်တွင်း ရွှေစျေးစံချိန်တင်မြင့်တက်မှုသည် ၂၀၂၄ သြဂုတ်က ဖြစ်ပြီး ၁၆ ပဲရည် တစ်ကျပ်သား ကျပ်သိန်း ခုနစ်ဆယ်နှင့် နှစ်သောင်းရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ယနေ့ (မတ်လ ၂၅ ရက်) ညနေပိုင်း ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စ ၃,၀၂၁ ဒေါ်လာရှိကာ တစ်လ အတွင်း တစ်အောင်စ ၆၃ ဒေါ်လာ တိုးလာခဲ့ခြင်း ဖြစ်သည်။

"လက်ရှိအနေအထားအရ ကမ္ဘာ့ရွှေစျေးတန်းဟာ ဒေါ်လာ ၃၀၀၀စျေးတန်းနဲ့ ဒေါ်လာ ၃၀၅၅ စျေးတန်းကြားမှာ ရှိနေဦးမယ်"ဟု ကမ္ဘာ့ရွှေစျေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောသည်။

ကမ္ဘာ့ရွှေစျေး အတက်၊အကျသည် နိုင်ငံတကာအခင်းအကျင်းများပေါ်တွင်မူတည်ပြီး ယခုစံချိန်တင်စျေးတန်းပေါ်လာခြင်းသည် အမေရိကန်-ရုရှား အရေးနှင့် အမေရိကန်၊တရုတ် နှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား အခွန်စည်းကြပ်မှု အားပြိုင်မှုကြောင့်ဟု နိုင်ငံတကာစီးပွားရေးသတင်း များတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ ၁၆ ပဲရည်တစ်ကျပ်သား သီးခြားသတ်မှတ်စျေးသည်လည်း နှစ်ပတ်အတွင်း ၅,၄၈၀ ,၀၀၀ကျပ်မှ ယနေ့ ၅,၆၁၀, ၀၀၀ကျပ် တက်လာခဲ့သည်။

သို့သော် အဆိုပါစျေးဖြင့် ရွှေဆိုင်များ ရောင်းဝယ်ရန်သတ်မှတ်ထားသော်လည်း ဆိုင်အများစုမှာ အရောင်း အဝယ်မပြုလုပ်ပေ။
👍66👎53😢1
(ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍538
သူ့ရဲ့ခံယူချက်က​တော့ စစ်အာဏာရှင်ကို သူတက်ထားတဲ့ပညာနဲ့ ဆက်လက်တော်လှန်မယ့်လို့ စိတ်ပိုင်းဖြတ်ထားပြီဖြစ်ပါတယ်။ ​နွေဦး​တော်လှန်​ရေးမှာ ပြည်သူ​တွေနိုင်မယ်လို့ သူက ယုံကြည်ပါတယ်။

လက်ရှိကိုကျော်ကို တာဝန်ထမ်း ဆောင် နေတဲ့ ဆေးရုံမှာလည်း ဆရာဝန်နဲ့ ဆေးဝါးလိုအပ်ချက် တွေရှိနေတာမို့ CDMဆရာဝန် တွေ၊ဂျူနီယာဆရာဝန်တွေလည်း တော်လှန်ရေးဘက်ကို အားဖြည့်‌‌ပေးကြပါလို့ တောင်းဆိုထားပါတယ်။

ကိုကျော်ကိုက တော့ လေယာဉ်သံ တွေကြားမှာခွဲခန်းသုံးဓားကို ဆက်ကိုင်ထားအုံးမှာပါ။

“တခါကဆို ခွဲပြီးပြန်ချုပ်နေတုန်း လေယာဉ်လာပစ် တော့ပစ်နေတုန်းခွဲခန်းထဲမှာအမြန် ပြီးအောင်ချုပ်ရတယ်။အကုန်ပြီးမ လူနာရောသယ်ပြီး ဗုံးခိုကျင်းထဲ ဆင်း ပြေးရတာ”လို့ ဗုံး​တွေကြားက အခက်အခဲ​တွေကို ရယ်မောရင်းသူက ပြန်ပြောပြပါတယ်။

ပြည်သူ့ ​တော်လှန်​ရေးနဲ့ပတ်သက်ပြီး ​ဒေါက်တာကို​ကျော်ကို မှာ ယုံကြည်ချက်အပြည့်အဝရှိ​နေပါတယ် ။

“ဘယ်နေရာကပဲဖြစ်ဖြစ် တော်လှန်နေကြဖို့ပါပဲ။ကျွန်တော်တို့နိုင်တော့မှာပါ”လို့ ကိုကျော်ကိုကယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်။


https://www.ludunwayoo.com/feature-mm/2025/03/19/115118/
65👍22🤣2🥰1🤮1🫡1
■​ဆောင်းပါး

"​ယောနယ်မှာငို​နေပြီ အညာရတနာ​ရေ"

ယောမောင်/People's Spring

ပြီးခဲ့တဲ့ ၂၀၂၄ မိုးတွင်းကာလက ယောနယ်မှာ
မိုးရောလေပါ ကြမ်းတဲ့ နေ့တစ်နေ့။

နီကျင့်ကျင့်တောင်ကျရေတွေစီးနေပြီးခြေသလုံးရောက်လုနီးနီးရွှံ့တွေ ပြည့်နေတဲ့ လမ်းကျဉ်းကျဉ်းလေးထဲမှာ ‌တ‌ရွေ့ရွေ့နီးလာတဲ့ လူနှစ်ဦး
သဏ္ဍန်ရိပ်ကို ယောနယ်သားကိုနေမင်းတစ်ယောက် ခပ်ဝါးဝါးလှမ်း‌မြင်နေရပါတယ်။ ဒီလိုမြင်တော့မှလည်း ကိုနေမင်း သက်ပြင်းချနိုင်တာပါ။ အပြင်းဖျားပြီး ကွပ်ပျစ်ပေါ်မှာ လဲနေတဲ့ သားငယ်ရဲ့ ညည်းညူသံကြောင့် ဗလောင်ဆူနေတဲ့ ဖခင်တစ်ယောက်ရဲ့ ခံစားချက်ဟာ အပြင်မှာ တအုန်း
အုန်းရွာနေတဲ့ မိုးသံလေသံထက် ပိုပြင်းတာ ကိုနေမင်းသာ အသိဆုံးဖြစ်ပါတယ်။

ထီးတစ်ချောင်းကို နှစ်ယောက်သား မလုံ့တလုံဆောင်းပြီးချော်မလဲအောင်ကုပ်ကပ်လမ်း
လျှောက်လာနေတဲ့ သဏ္ဍန်ရိပ်နှစ်ခု အိမ်တံစက်
မြိတ်အောက်မရောက်ခင် တဲအိမ်ပေါ်ကနေ ကိုနေမင်း အပြေးအလွှားဆင်းပြီး ခရီးဦးကြို ပြုလိုက်ပါတယ်။

မိုးထဲရေထဲကနေ ရောက်လာသူနှစ်ဦးကတော့ ထုံးစံအတိုင်း မျက်နှာချိုချိုကြည်ကြည်လင်လင်နဲ့ ပြုံးပြနှုတ်ဆက်ရင်း တဲအိမ်ထဲ ဝင်လာပါတယ်။ ပြီးတော့ မိုးကာအကျီတွေကို ကိုယ်စီချွတ်လိုက်ပြီး ကွပ်ပျစ်ပေါ်က ကလေးငယ်ကို ဆေးကုသပေးပါတယ်။ လိုအပ်တဲ့ ကုသမှုတွေလုပ်ပေးတဲ့နောက် လူနာနောက်တစ်ဦးရှိတဲ့နေရာဆီ ထီးတစ်ချောင်းကိုနှစ်ယောက်ဆောင်းလို့ မိုးထဲလေထဲမှာပဲ ပြန်လည်ထွက်ခွာသွားပါတယ်။

" ဒေါက်တာ ရတနာတို့လင်မယားက ကျတော့်ကျေးဇူးရှင်ပါ" လို့ ၂၀၂၄ ခုနှစ်ကဖြစ်ရပ်ကို
ကိုနေမင်းက ပြန်ပြောင်းအောက်မေ့ကျေးဇူးစကားဆိုပါတယ်။

ယောနယ်ရဲ့ တောင်ကျရေးဆင်းလမ်းလေးပေါ်မှာ ကူးလူးသွားလာပြီး မိုးထဲလေထဲ ဆေးလိုက်ကုသပေးနေသူနှစ်ဦးက ဒေါက်တာမြစိုးအောင် နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဖြစ်ပါတယ်။ သူတို့မှာ အသက်၅နှစ်အရွယ်သားငယ်တစ်ယောက်ရှိပါတယ်။ ဒါ့အပြင် ဒေါ်ခိုင်နှင်းဝေဟာ ကိုယ်ဝန်လေးလလွယ်ထားရပြီဖြစ်တဲ့ သားသည်မိခင်လည်းဖြစ်ပါတယ်။သူတို့မိသားစုဟာ ယောနယ်ဒေသခံတွေရဲ့ အချစ်တော်ဖြစ်ပါတယ်။

ဒေါက်တာမြစိုးအောင်နဲ့ ဇနီးဒေါ်ခိုင်နှင်းဝေဟာ
ကိုနေမင်းရဲ့တဲအိမ်လေးဆီ‌အရောက်လာပြီး ဆေး
ကုသမှုပေးတာကအစ ဒေသရဲ့ သာရေးနာရေးကိစ္စတွေကို တက်ညီလက်ညီပါတာအလယ်၊ စက်ဘီစီးခြင်းကို နှစ်သက်တာကအဆုံးအမြဲအတွဲညီတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။နှစ်ဦးစလုံးက စိတ်တူကိုယ်တူ၊ စွယ်တော်ရွက်လိုအမြဲတွဲလျက်ရှိခဲ့တယ်
လို့ ဒေသခံတွေကပြောပါတယ်။

"နှစ်ယောက်စလုံးအင်မတန်‌ရှေ့သွားနောက်လိုက်
ညီပြီး ချောချောလှလှ‌လေးတွေ" လို့ ယောနယ်က အမျိုးသမီးတဦးကပြောပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်နဲ့အထက်
တန်းသူနာပြုအဖြစ် တာဝန်အတူတူထမ်းဆောင်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM)မှာ ပါဝင်ခဲ့ပြီး အညာဒေသတကြောမှာ ဒေသခံတွေကို လိုက်လံဆေးကုသမှုပေးနေခဲ့ကြတာပါ။

လူထုတော်လှန်ရေးကာလအစက စစ်ကောင်စီရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေမျိုးစုံကြားမှာ CDM
ဆရာဝန်ဇနီးမောင်နှံဟာ စစ်အာဏာရှင်လက်ကလွတ်အောင်နည်းမျိုးစုံရှောင်တိမ်းခဲ့ကြရပါတယ်။
အမည်အရင်းခေါ်လို့ မရတော့တဲ့ အခြေအနေမှာဒေါက်တာမြစိုးအောင်ကို ရင်းနီးသူတွေက ကိုမြကြီးလည်း ခေါ်ကြသူတွေရှိသလို ဒေါက်တာရတနာလို့လည်း ခေါ်ကြပါတယ်။ အမည်မှာ မြပါလို့ ‌ကိုမြကြီးလို့ ခေါ်တာဖြစ်သလို သူကျင်လည်သွားလာရာ အညာတကြောကလူထုအတွက် ရတနာလိုအဖိုးထိုက်သူမို့ ဒေါက်တာရတနာလို့လည်း ညွှန်းဆိုကြတာပါ။

"ရတနာဆိုတာ သူတို့ရပ်တည်မှုကို ပြန်ပြီး ရောင်
ပြန်ဟပ်တဲ့ တန်ဖိုးပါ"လို့ဒေါက်တာမြစိုးအောင်ရဲ့ မိတ်ဆွေဖြစ်တဲ့ အညာအခြေစိုက် Mobile Meidical Team – West Divisionကဒေါ်ရတီအုန်းက ပြောပါတယ်။

"လူနာတွေကို မြေပြင်ကုသမှုတိုင်းမှာလိုအပ်တာလှမ်းမေးတိုင်း ၂၄နာရီ အသင့်ရှိနေတတ်သူဖြစ်ပါတယ်" လို့ ဒေါ်ရတီအုန်းက ပြောပါတယ်။

အဲ့ဒီစွယ်တော်မောင်နှံဟာစစ်ကောင်စီကစစ်လက်
နက်တွေနဲ့ ဓားမိုးမိုးထားပြီး ဖြတ်တောက်ပိတ်ဆို့ထားတဲ့ မကွေးနဲ့ စစ်ကိုင်းဆက်စပ်အညာတကြောကဒေသခံတွေရဲ့ကျန်းမာရေးပြဿနာတွေကို သူတို့ရဲ့သားလေးနဲ့အတူလိုက်လံကုသပေးနေခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၂ရက် မနက်မှာတော့ ဒေါက်တာမြစိုးအောင်နဲ့ အထက်တန်းသူနာပြုဇနီးဒေါ်ခိုင်နှင်းဝေ၊ ငါးနှစ်အရွယ် သူတို့ရဲ့ သားလေးအပြင် လူနာတွေပါရှိနေတဲ့ ယောနယ်က ဆေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး ချေမွဖျက်ဆီးပစ်ခဲ့ပါတယ်။

ဒေါက်တာမြစိုးအောင်တို့မိသားစုအပြင်လူနာ၊လူ
နာစောင့်နဲ့ပြည်သူ ၈ဦး၊ စုစုပေါင်း၁၁ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၅ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရသူ၆ဦး ရှိခဲ့ပါတယ်။ ဆေးခန်း
ရော ပတ်ဝန်းကျင်က အိမ်တွေပါ လွင့်စင်ပျက်စီးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဒေါက်တာမြစိုးအောင်က အသက်(၄၀)၊ ဒေါ်ခိုင်နှင်းဝေက ၃၉နှစ်နဲ့ သူတို့ရဲ့ သားလေးက ၅နှစ်ရှိပါပြီ။ဒါ့အပြင်ဒေါ်ခိုင်နှင်း
ဝေက လေးလအရွယ်ကိုယ်ဝန်ဆောင်ထားသူပါ။
👍35😢281🔥1🤣1
စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တဲ့ ဆေးခန်းဟာ
ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာမှာရှိပြီး လက်ရှိမှာ တိုက်ပွဲနဲ့စစ်ရေးလှုပ်ရှားမှုတွေမရှိဘဲ စစ်ကောင်စီက စစ်ဆင်ရေးတစ်ခုလိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ ဒီသတင်းကို ကြားရတဲ့အခါ သူ့သားလေးကို ဖက်ရင်း အံကြိတ်ငိုမိတယ်လို့ ယောနယ်သား ကိုနေမင်းကပြောပါတယ်။

ဒီလိုမတိုက်ခိုက်ခင်လအနည်းငယ်တုန်းက နွေကာ
လ ဒေသခံတွေရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမဟုတ်လို့ ယောနယ်ကနေပြန်လာခဲ့ဖို့ မိတ်
ဆွေအချို့ကတိုက်တွန်းခဲ့ပါသေးတယ်လို့​မချီတင်ကဲ့ပြောပါတယ်။

"သူ့လူနာတွေကို စိတ်မချလို့ ဆက်နေမယ်လို့ ပြောခဲ့တာ" လို့ ဒေါက်တာမြစိုးအောင်ရဲ့ မိတ်ဆွေဆ
ရာဝန်တစ်ဦးကပြောပါတယ်။

ဆရာဝန်ကလူနာကို စိတ်မချ၊လူနာကဆရာဝန်ကို စိတ်ပူကြရတဲ့ အကျပ်အတည်းကာလမှာ ဒေါက်
တာမြစိုးအောင်တို့ မိသားစုက ပေးဆပ်လိုခြင်းကြီးမားတဲ့ ‌မေတ္တာရှင်မိသားစုပါလို့ ကိုနေမင်းကပြောပါတယ်။

CDM အာဇာနည်သူရဲကောင်းတွေအဖြစ် အသိ
အမှတ်ပြုအပ်ပြီး ကျန်ရစ်သူ မိသားစုတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။တရားမျှတမှုကို ဆောင်ကျဉ်းသွားမယ်လို့လည်း ဆိုပါတယ်။

လက်ကျန်နွေရာသီနဲ့ လာမယ့်မိုးတွင်းမှာတော့ ယောနဲ့အညာတကြောမှာ အရင်၄နှစ်ကာလကလို ဒေါက်တာရတနာတို့မိသားစုကို တွေ့မြင်ရတော့ပါဘူး။ အဲ့ဒီအသိနဲ့ ခံစားချက်ဟာအရှိုက်တည့်တည့်ကိုလက်သီးပြင်းထိုးသလိုတဆစ်ဆစ်ကိုက်ခဲနာ
ကျင်နေရတော့မှာလို့ ယောနယ်သားတချို့က ပြောပါတယ်။

"လိုအပ်နေတဲ့နေရာမှာ ကျတော် ရှိနေမယ်။ အားမ‌လျှော့ဘူးလို့ သူအမြဲပြောခဲ့တယ်။ဒေသခံတွေအစား အရမ်း‌နှမြောတယ်" လို့ ဒေါ်ရတီအုန်းက ပြောပါတယ်။ ။
👍33😢246🔥2
ဒေါက်တာမြစိုး​အောင် ၊ဇနီး အထက်တန်းသူနာပြု ​ဒေါ်ခိုင်နှင်း​ဝေ နဲ့ သားငယ် ​လေးတို့ရဲ့မိသားစု။ စစ်​ကောင်စီက နှင်းခါးရွာက ​ဆေးခန်းကို ဗုံးကြဲတိုက်ခိုက်ပြီး​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-NUG ၊​ပေးပို့
😢1136🔥5👍4
နှမ်းခါးရွာ CDM ဆရာဝန်မိသားစုသေဆုံးမှုအတွက် ဝမ်းနည်းခြင်း သပိတ်ပြုလုပ်

မတ်လ-၂၅၊၂၀၂၅။

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဂန့်​ဂေါမြို့နယ် နှမ်းခါးရွာတွင် မတ်လ ၂၂ ရက်​က
စစ်ကောင်စီ၏ လေ​ကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၏ တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို မတ်လ ၂၄ရက်၌ ပြုလုပ်ခဲ့သည်။

"အကြမ်းမဖက်အာဏာဖီဆန်ကြရင်း အကြမ်းဖက်သတ်ဖြတ်ခံရသူတွေ၊ တပါးသူရဲ့အသက်ကို ကယ်တင်ရင်း မိမိအသက်ကို ပေးဆပ်ခဲ့ကြရသူတွေအားလုံးရဲ့ ရဲစွမ်းသတ္တိနဲ့ပြတ်သားခိုင်မာတဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ လုပ်ရပ်တွေအပေါ် CDM အားလုံးနဲ့ထပ်တူလေးစားဂုဏ်ယူပါကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် နှမ်းခါးရွာဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အပေါ် ပြည်သူ
လူထုမှ နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းရှုတ်ချကြပါရန်" ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တိုက်တွန်းထားသည်။

မတ်လ ၂၂ ရက်တွင် စစ်တပ်က ဂန့်​ဂေါမြို့နယ်အတွင်းရှိ နှမ်းခါးရွာ​​ဆေးခန်း ကိုဗုံးကြဲသတ်ဖြတ်မှု​ကြောင့်​​ဒေါက်တာမြစိုး​အောင်၊ ဇနီးသည် အထက်တန်းသူနာပြု ​ ​လေးလသား ကိုယ်ဝန်​ဆောင်ထား​သောဒေါ်ခိုင်နှင်း​ဝေ ၊ အသက် ၅ နှစ်အရွယ်သားငယ် တို့ မိသားစု နှင့် နှင်းခါးရွာ​ဆေးခန်းလာ လူနာနဲ့ လူနာ​စောင့် ပြည်သူ ၈ ဦး စုစု​ပေါင်း ၁၁ ဦး​သေဆုံးခဲ့ပြီး ၊ ၆ ဦးဒဏ်ရာရခဲ့သည်။ ​သေဆုံးသူ များထဲတွင် က​လေးငယ် ၅ ဦးပါဝင်သည်။
😢68👍162🥰2😁2🤮2💊1
ဓါတ်ပုံ-ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ
😢118👍8😭8😁2🤮2😨1