ဒီတိုက်ပွဲတွေမှာ တူညီတာက စစ်ကောင်စီတပ်ဟာစစ်မှုမထမ်းမနေရဥပဒေနဲ့ စုဆောင်းထားတဲ့ သင်တန်းဆင်းစစ်သားသစ်တွေကိုခေါ်လာပြီးရှေ့ကတိုက်ခိုင်းပေမယ့် တိုက်ပွဲမှာ ကျသွားရင်အလောင်းတောင် မကောက်တော့ပဲ ပစ်ထားတာ၊စစ်သားတွေဟာ တိုက်ရည်လိုက်ရည် ညံ့ဖျင်းတာစတာတွေဖြစ်တယ်လို့PDF အချို့ကပြောပါတယ် ။ ဒါကြောင့် စစ်မှုထမ်းနဲ့ စစ်တပ်ထဲပါသွားပြီးရှေ့တန်းပါသွားရင် တိုက်ပွဲမှာ သေဖို့များတဲ့အတွက် လူငယ်တွေ ၊မိဘတွေ ကိုယ့်သားသမီးတွေကို စစ်သားသစ်အစုမခံရအောင်လုပ်ကြဖို့ PDFအချို့ကပြောပါတယ်။
မြင်းခြံခရိုင်၊ ညောင်ဦး ခရိုင်က PDF တွေ ၊တော်လှန်ရေးရဲဘော်တွေကတော့ လက်နက် ခဲယမ်း ၊ကျည်ကာ စတဲ့ စစ်သုံးပစ္စည်းတွေ မပြည့်စုံသေးပေမယ့် စစ်ကောင်စီတပ်ကို အမြစ်ပြတ်အောင်တိုက်ခိုက်ချင်တဲ့ စိတ်ဓါတ်ကြောင့် အခက်အခဲတွေကိုကျော်လွှားပြီးအခုလိုတိုက်ခိုက်နိုင်တာလို့ PDF တွေကပြောပါတယ် ။
အခုလို စစ်တပ် စစ်ကြောင်းတွေ ပြုတ်အောင်၊စစ်ကြောင်းတွေပျက်အောင် အခုလိုတိုက်ခိုက်နိုင်တာဟာ တပ်ဖွဲ့တွေ ဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နဲ့ သတ္တိကောင်းကောင်း၊ ဗျူဟာမြောက်တိုက်ခိုက်နိုင်တာတွေကြောင့်ဖြစ်တယ်လို့ PDF တွေက ပြောကြပါတယ်။
https://youtu.be/Ba49Ee8O-uc?si=jWXQHVXKw2xtcRkH

YouTube
တိုက်စွမ်းရည် ထက်မြတ်လာတဲ့အညာPDF တွေ | People's Spring
တိုက်စွမ်းရည် ထက်မြတ်လာတဲ့အညာPDF တွေ
နေ့သစ်/People's Spring
အညာဒေသမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက စစ်ကြောင်းပြုတ်အောင် ၊ စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်တယ်အထိ့ တိုက်စွမ်းရည် ထက်မြတ်လာတဲ့အကြောင်း ဒီတစ်ပါတ် ပြောပြပါမယ်…

👍94👏7❤6🤣2🖕2
နွားထိုးကြီးမြို့နယ် ရွှေမုဋ္ဌောရွာဘုန်ကြီးကျောင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်
မတ်လ-၂၅၊ ၂၀၂၅။ အာရုဏ်ဦး/People's Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ရွှေမုဋ္ဌောကျေးရွာရှိ လေးမျက်နှာဘုရားအနီး ဘုန်းကြီး ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေ သအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
မတ်လ ၂၄ ရက် ညနေ ၄ နာရီခန့်က တံတားဦးလေတပ်မှလာသော YAK-130 အ မျိုးအစား ဂျက်ဖိုက်တာတစ်စီးသည် လေးမျက်နှာဘုရားတောင်ဘက်ရှိ ဘုန်းကြီးကျောင်းကို ပေါင် ၂၀၀ ဗုံးသီးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။
"အဲဘုန်းကြီးကျောင်းမှာ လူမရှိတဲ့အချိန်ဖြစ်နေတော့ ပြည်သူအထိအခိုက် တစ်စုံတစ်ရာတော့ ဖြစ်မသွားဘူး"ဟု မြေပြင်သို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆောက်လုပ်ဆဲ ဘုန်းတော်ကြီးကျောင်း အမိုးများပြိုကျပျက်စီးသွားသည့်အပြင် ကျောင်းဆောင်အတွင်းနှင့် အပြင်နံရံများ ဗုံးစထိမှန် ပေါက်ပြဲပျက်စီးနေသည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။
"ဘုန်းကြီးက ခရီးထွက်နေလို့ လွတ်သွားတာ။ သိရသလောက် အဲဒီတောကျောင်းမှာ သံဃာသုံးပါး သီတင်းသုံးနေထိုင်တယ်ဗျ"ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။
အလားတူ မတ်လ ၂၂ ရက် ညပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာအား စစ်ကောင်စီတပ်မှ စက်တပ်လေထီးဖြင့် တစ်ကြိမ်၊ ဂျက်ဖိုက်တာနှင့် တစ်ကြိမ်၊ Mi-35ဖြင့်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။
တိုက်ခိုက်မှုကြောင့် လက်ဝဲမြင်းနီကျေးရွာမှ ဒေသခံပြည်နှစ်ဦး ထိခိုက်ဒဏ်ရာများရခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပြာကျခဲ့သည်။
နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ဆက်တိုက်ရင်ဆိုင်လာနေရသော စစ်ကောင်စီသည် အ ရပ်သားများ၊ ဆေးရုံဆေးခန်းများ၊ သာသနိက အဆောက်အအုံများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်လျှက်ရှိသည်။

🤬47👍22❤4😭3👎2😡2🔥1
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးသွားသော ဘုန်းကြီးကျောင်းကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ/ပေးပို့)
🤬36👎9👍6😡3
စစ်ကောင်စီနှင့် ဆွေးနွေးခြင်းမရှိဟု KIA ပြော
မတ်လ-၂၅၊ ၂၀၂၅။ ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှန်ကန်မှုမရှိဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIOနှင့် စစ်ကောင်စီတို့ မတ်လ ၂၃ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း လူမှုကွန်ရက်၌ ရေးသားဖော်ပြမှုများနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မှန်ကန်မှုမရှိ တွေ့ဆုံခြင်းလည်း မရှိ”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့(မတ်လ ၂၅ရက်) နံနက်တွင် ပြောသည်။
KIAသည် လက်ရှိတွင် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်နေသကဲ့သို့ စစ်ကောင်စီဘက်ကလည်း မြစ်ကြီးနား ၊ ဝိုင်းမော်၊ တနိုင်း၊ ဖားကန့်နှင့် ပူတာအို ဒေသများ၌ စစ်ရေးလှုပ်ရှားခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းနှင့် စစ်သားစုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။
KIO/KIAက ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်စခန်းကြီးငယ်၂၅၀ကျော်နှင့် မြို့များအား တိုက်ခိုက်သိမ်းပိုက်ထားပြီး ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အရေးပါသည့် အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ် ၊ ခြေလျင်တပ်အချို့နှင့် စစ်ကောင်စီတပ်စွဲရာနေရာများစွာကို သိမ်းပိုက်ထားသည်။ ထို့ပြင် ဗန်းမော်မြို့ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းနေပြီး ကာကင်းအများစု သိမ်းရထားသည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။
ဗန်းမော်မြို့စစ်ရေး အခြေအနေမေးမြန်းရာ လတ်တလော ထူးထူးခြားခြားမရှိဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ယခုရက်ပိုင်းအတွင်း KIAနှင့် စစ်ကောင်စီအကြား ဆွေးနွေးပွဲ မရှိသေးဟုသိရပြီး ဧပြီလဆန်းတွင်မူ နှစ်ဖက်တွေ့ဆုံနိုင်ရေး ပြင်ဆင်နေသည်ဟု ကြားသိရကြောင်း ပြောသည်။
"ပြည်သူ့ အာဏာမတရားသိမ်းယူထားတဲ့ စကစက နယ်စပ်ဒေသမှာရှိတဲ့ EAO တွေအားလုံးကို တရုတ်အစိုးရကို ဖိအားပေးခိုင်းနေတယ်လို့ မြင်ပါတယ်။ တရုတ်ရဲ့ ဖိအားက MNDAAနဲ့ TNLA အပေါ်တော့ အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ KIO ဘက်ကတော့ အပေးအယူ မမျှ မခြင်း တရုတ်အစိုးရကို လျှော့ပေးမယ့် အနေအထား မတွေ့ရပါဘူး။ တရုတ်ဖိအားထက် နယ်မြေစိုးမိုးရေးကို KIAက ဆက်လက်ဆောင်ရွက်သွားလိမ့်မယ်လို့ သုံးသပ်ရပါတယ်"ဟု ဦးဇော်ဆန်က ပြောသည်။
တရုတ်အစိုးရသည် KIAကို စစ်ကောင်စီနှင့်အပစ်ရပ်စဲရန် ဖိအားပေးမှုများ ရှိနေသကဲ့သို့ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA) နှင့် စစ်ကောင်စီအကြား ဆွေနွေးပွဲများ ဖြစ်ပေါ်လာရန်လည်းစီစဉ်ပေးခဲ့သည်။
၂၀၂၅ဇန်နဝါရီတွင် စစ်ကောင်စီနှင့်MNDAAတို့အကြား အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့သည်။
ထို့ပြင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီလလယ်၌ တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် တွေ့ဆုံခဲ့သည်။ သို့သော် မည်သည့် သဘောတူညီချက်မှ မရဘဲ စစ်ကောင်စီက TNLA ထိန်းချုပ်မြို့ရွာများကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီနှင့်တွေ့ဆုံစဉ် TNLA ဘက်က အချက် ၃ချက်ကို အဓိကထားဆွေးနွေးခဲ့ရာ နှစ်ဖက်တပ်များ ရောက်သည့်နေရာ၌ရပ်ထားပြီး အပစ်ရပ်စဲရန်၊ လေကြောင်း၊ ဒရုန်း လက်နက်ကြီး တိုက်ခိုက်မှုများ မလုပ်ရန်၊ နှစ်ဖက်ထိန်းချုပ်နယ်မြေရှိ ပြည်သူများစားဝတ်နေရေးနှင့်ဆေးဝါးများ သယ်ဆောင်နိုင်ရေး ဖြတ်သန်းသွားလာခွင့်ပြုရန် အချက်များဖြစ်သည်ဟု TNLA ဘက်က အသိပေးထားသည်။
တဖက်တွင် စစ်ကောင်စီသည် ၎င်းတို့နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် အပစ်ရပ်အဖွဲ့များ၊ လူထုထောက်ခံမှုမရှိဘဲ စစ်ကောင်စီ အလိုကျ ဆောင်ရွက်နေသည့် နိုင်ငံရေးပါတီကိုယ်စားလှယ်များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟန်ပြပြုလုပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ အကျိုးရှိမည့် လမ်းကြောင်းများ ပေါ်လာဟု ဝါဒဖြန့်မှုများရှိနေသည်။
ထို့ပြင် နိုင်ငံတဝန်း ပြည်သူနေထိုင်ရာနေရာများ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အဦးများအား ပစ်မှတ်ထားပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်နေသည့် စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် အကြမ်းဖက်သောနည်းဖြင့် ဆောင်ရွက်မှ ရေရှည်တည်တန့်မည်ဟု စစ်ကောင်စီ ကိုယ်စားလှယ်များက ဆွေးနွေးပြောဆိုမှုများ ရှိနေသည်။
စစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟု အမည်တပ်ပြီး နေပြည်တော်၌ မတ်လ ၂၄ရက်မှ ၂၆ရက်အထိ ဆွေးနွေးပွဲ ကျင်းပလျက်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြထားသည်ကိုတွေ့ရသည်။
ယင်းဆွေးနွေးပွဲသို့စစ်တပ်အငြိမ်းစား အရာရှိများဖြင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ၊ ဦးစိုင်းအိုက်ပေါင်း ဦးကိုကိုကြီး၊ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာအေးမောင်၊ ဒေါ်ညိုညိုသင်း ကဲ့သို့ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ၌ ပူးပေါင်းပါဝင်သည့် နိုင်ငံရေးပါတီများ၊ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် အပစ်ရပ် အဖွဲ့အချို့ ကိုယ်စားလှယ်များ တက်ရောက်နေသည်ကိုတွေ့ရသည်။

👍94❤5👏3🥰1
ဝဒေသတွင် ဝက်ဝံကိုက်၍ကလေးတစ်ဦးသေဆုံး
မိထက်/People's Spring
"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
(UWSA)ထိန်းချုပ် ဒေသမိုင်းပေါက်မြို့တွင် လှောင်အိမ်ဖြင့် မွေးထားသော ဝက်ဝံကိုက်၍ ကလေးငယ်တစ်ဦး သေဆုံးသွားသည်။
"ဝက်ဝံက သံလှောင်အိမ်နဲ့ မွေးတာ။ ကလေးက အစာသွားကျွေးတာကို သံတိုင်ကြားကနေ လှမ်းဆွဲကိုက်တာ။ လက်နှစ်ဖက်စလုံးအရင်းကနေ ပြတ်ပြီး သွေးလွန်သေဆုံးတာ" ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဖြစ်စဉ်သည် မတ်လ ၂၂ရက်က ဖြစ်ခဲ့ပြီး သေဆုံးသည့် ကလေးငယ်မှာ အသက် ၇ နှစ်အ
ရွယ်ဖြစ်သည်။ကလေးငယ်အား ဆေးရုံသို့ ပို့
ဆောင်၍ ကုသခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်
သည်။
"ဒီဘက်မှာ အဲ့လိုတောကောင်တွေကို ဈေးကြီးပေးဝယ်မွေးကြတယ်။ UWSA ကလည် အရေးတယူမလုပ်ဘူး။ဝက်ဝံကလူသားစားပြီးရင်မလွယ်ဘူး" ဟု ဒေသခံတစ်ဦးကပြောသည်။
ကလေးငယ်အားကိုက်သည့် ဝက်တံကို မည်ကဲ့သို့ဆက်လုပ်သည်ကိုမူ မသိရသေးပေ။
ဝက်ဝံသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်း ဥ
ပဒေ ပုဒ်မ ၃၇(က)အရ လုံးဝကာကွယ်ထားတဲ့တောရိုင်းတိရစ္ဆာန် (Completely protected species)အဖြစ် သတ်မှတ်ထားသည်။
"သူ့ဘာသာသူ သဘာဝအတိုင်း တောထဲနေရမယ့် ဝက်ဝံကိုသံလှောင်အိမ်ထဲထည့်မွေးတဲ့အထိ ဦး
နှောက်သိမ်ဖျင်းတာကို ဥပဒေနဲ့ အရေးယူပေးပါ"ဟု မိုင်းပေါက်ဒေသခံတစ်ဦးကပြောသည်။

👍44😢18🤬11🔥1
စစ်ရေးကိစ္စတွေ ဆွေးနွေးတဲ့ group chatပေါက်ကြားမှုကြောင့် အမေရိကန်အစိုးရ ဝေဖန်ခံနေရ | People's Spring
https://youtu.be/5Batk05jJmU

စစ်ရေးကိစ္စတွေ ဆွေးနွေးတဲ့ group chat ပေါက်ကြားမှုကြောင့် အမေရိကန် အစိုးရ ဝေဖန်ခံနေရ
People's Spring
အမေရိကန် သမ္မတနဲ့ အစိုးရ အဖွဲ့ရဲ့ ထိပ်ပိုင်း အရာရှိတွေ မတော်တဆ အမှားကျူးလွန်မိရင် နစ်နာမှု ကြီးမားသွားနိုင်တဲ့ ကိစ္စတွေ ရှိပါတယ်။
အဲဒီထဲမှာ အမေရိကန်ရဲ့…

👍51😁14🤔2🔥1
မတရားစစ်ဆင်နွှဲနေတာကြောင့် စစ်ကောင်စီတပ် မလွှဲမသွေကျရှုံးမယ်လို့ ဗန်းမော်တိုက်ပွဲက အလင်းဝင်စစ်သားတွေပြော
https://youtu.be/Z9uWYnlYq8M
https://youtu.be/Z9uWYnlYq8M
YouTube
မတရားစစ်ဆင်နွှဲနေတာကြောင့်စစ်ကောင်စီတပ်မလွှဲမသွေကျရှုံးမယ်လို့အလင်းဝင်စစ်သားတွေပြော |People's Spring
မတရားစစ်ဆင်နွှဲနေတာကြောင့် စစ်ကောင်စီတပ် မလွှဲမသွေကျရှုံးမယ်လို့ ဗန်းမော်တိုက်ပွဲက အလင်းဝင်စစ်သားတွေပြော
People’s Spring
အာဏာသိမ်းစစ်ကောင်စီက မတရားတဲ့စစ် ဆင်နွှဲနေတာဖြစ်လို့ မလွဲမသွေ ကျရှုံးမှာ သေချာကြောင်း၊ စစ်ကောင်စီတပ်ခေါင်းဆောင်နဲ့ တပ်သားတွေအနေနဲ့ အရှုံးကို…

👍71🔥3🖕3🥰1👏1
MNDAAနဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ သဘောတူညီချက်မရခဲ့လို့ လားရှိုးမြို့မှာ လေကြောင်းအန္တရာယ်သတိပေး
https://youtu.be/taKEZYSyUdE
https://youtu.be/taKEZYSyUdE
YouTube
MNDAAနဲ့စစ်ကောင်စီသဘောတူညီချက်မရခဲ့လို့ လားရှိုးမြို့မှာလေကြောင်းအန္တရာယ်သတိပေး | People's Spring
MNDAAနဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ သဘောတူညီချက်မရခဲ့လို့ လားရှိုးမြို့မှာ လေကြောင်းအန္တရာယ်သတိပေး
People's Spring
တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)နဲ့ စစ်ကောင…

👍75👏5🔥2
ရေး - ထားဝယ်လမ်းပိုင်း၌ စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်
◾️RPGအပါအဝင် သေနတ်ငါးလက်ရဟု ဒူရကစစ်ကြောင်းပြော
မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People's Spring
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး - ထားဝယ်လမ်းပိုင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ RPG အပါအဝင် သေနတ်ငါးလက်သိမ်းရခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(မတ်လ ၂၄ ရက်)နံနက် ၉နာရီခန့်က ရေဖြူနယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာကြား ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်း၌ လမ်းကင်းထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။
"တိုက်ခိုက်ချိန် ၂နာရီလောက် ကြာပါတယ်ခင်ဗျ။ စကစ အင်အားက ၁၅၀၊၂၀၀ ဝန်ကျင်လောက်ရှိပါတယ်"ဟု စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်မှုအခြေအနေကို ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက လူ ထုနွေဦးသို့ ပြောသည်။
ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရှိသွားရာ လက်နက်ကြီးပစ်ကူအများအပြားပေးသည့်အပြင် စက်တပ်လေထီ (Paramotor)တစ်စီးဖြင့် လေကြောင်းမှ ပစ်ကူပေးခဲ့ကြောင်း ဒူရကစစ်ကြောင်းက အသိ ပေးသည်။
စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုနှင့် စပ်လျဥ်း၍ လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသော်လည်း ဒူရကစစ်ကြောင်းမှ ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လမ်းဘေးလဲကျနေသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်ထံမှ RPG 7 တစ်လက်၊ MA4 တစ်လက်၊ MA3 တစ်လက်၊ MA1 နှစ်လက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ကစဥ့်ကလျားဖြင့် ရေဖြူမြို့ဘက်သို့ ပြန် လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်နေရာမှာ မြို့ဧရိယာနှင့် မလှမ်းမကမ်းတွင် တည်ရှိကြောင်း ဒုရကစစ်ကြောင်းတာ ဝန်ရှိသူက ရှင်းပြသည်။
အလားတူ မတ်လ ၂၂ ရက်ကလည်း ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်တွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
ထို့အပြင် မတ်လ ၁၈ ရက်က ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စျေးထွက်ချိန် ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားသုံးဦးသေဆုံးကာ သေနတ်သုံးလက် ရရှိခဲ့သည်။

👍71👏11❤5😁2🥰1
ပြည်တက္ကသိုလ်အနီးပစ်ခတ်မှု ဒကစမှူး၏ PSO ဗိုလ်မှူးသေဆုံး ဟုဆို
မတ်-၂၅၊ ၂၀၂၅။ အိမ်သွင်/People's Spring
ပဲခူးတိုင်း၊ ပြည်မြို့ပေါ်တွင် မတ်လ ၂၄ရက်နံနက်က ပစ်ခတ်မှုအတွင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒကစမှူး၏ ကိုယ်ရေးအရာရှိ(PSO)ဗိုလ်မှူးအောင်မိုးသူသေဆုံးခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။
"စစ်ကောင်စီဘက်က အရာရှိသေတာကို ဖြစ်တဲ့ နေ့ကတည်းက သိတယ်။ ညနေမှ အတည်ပြုနိုင်တာက ဗိုလ်မှူးအောင်မိုးသူတဲ့။ သူက ပြည်ဒကစမှူးရဲ့ PSOဖြစ်တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။
ပြည်မြို့တက္ကသိုလ်အနီး အုန်းတောလမ်းထဲတွင် မတ်လ ၂၄ရက် နံနက်အစော ၁နာရီခန့်က ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။ အုန်းတောလမ်းရှိ အဆောင်တစ်ခုတွင် PDFများ ရောက်နေသည်ဟုဆိုကာ စစ်ကောင်စီက အင်အားအများအပြားဖြင့် လာရောက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခြင်းဟု မြို့ခံများကပြောသည်။
သို့သော် နောက်ဆက်တွဲထွက်ပေါ်လာသော သတင်းများတွင် စစ်ကောင်စီတပ်အချင်းချင်း အငြိုးအတေးကြောင့် PDF များရောက်နေသည်ဟု သတင်းအမှားပေးကာ ပစ်ခတ်ကြခြင်းဟု တော်လှန်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
ထို့အပြင် ပစ်ခတ်မှုဖြစ်သည့် နေရာအနီးမှ လူငယ် ၁၀ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး နောက်ဆက်တွဲ မသိရသေးပေ။
သေဆုံးသွားသော ဗိုလ်မှူးအောင်မိုးသူသည် အသက်(၄၁)နှစ်အရွယ်ရှိပြီး ပဲခူးတိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများသို့ မသွားလို၍ ပြည်ဒကစမှူး၏ PSOအဖြစ် နေရာရအောင် အထက်အရာရှိများထံခွင့်တောင်းခဲ့သူဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
သို့သော် ဗိုလ်မှူးအောင်မိုးသူသေဆုံးသည်နှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုသေးပေ။
၂၀၂၄ ဒီဇင်ဘာ၂၁ရက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တိုက်ခိုက်ခဲ့သည့် မံစီမြို့သိမ်းတိုက်ပွဲ၌ ပြည်မြို့ခံ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်းသေဆုံးခဲ့ဖူးသည်။
အုန်းတောလမ်းပစ်ခတ်မှုဖြစ်စဥ်ပြီးနောက် ပြည်မြို့တွင်းနှင့် အဝင်၊အထွက်များအား စစ်ကောင်စီက တင်းကြပ်ထားသည်။

👍80👏16❤5🔥2🥰2
ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာ
မတ်-၂၅၊ ၂၀၂၅။ ရဲခေါင်/People's Spring
ပြည်တွင်းရွှေစျေးကွက် တစ်ကျပ်သား ကျပ်သိန်း ၇၀နား ကပ်လာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ စုံစမ်းသိရသည်။
ယနေ့(မတ်လ ၂၅ ရက်) နံနက်က ပြင်ပရွှေ အရောင်းအဝယ်၌ ၁၆ ပဲရည် အဖွင့်စျေးတန်းမှာ အဝယ် ကျပ် ၆၉သိန်း နှစ်သောင်းနှင့် အရောင်း ကျပ်၆၈သိန်း ငါးသောင်းရှိနေသည်ဟု ဆိုသည်။
မတ်လ ဒုတိယပတ်ကစ၍ ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စ ဒေါ်လာ ၃,၀၀၀ ကျော်ကာ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေစျေးမှာလည်း ကျပ် ၆၅ သိန်းဝန်းကျင်မှ လက်ရှိစျေးတန်းသို့ မြင့်တက်လာခဲ့သည်။
"ရွှေဈေးတန်းက သက်ြန်မတိုင်ခင်မှာဘဲ အမြင့်ဆုံးဈေးတန်းတခုလို ဖြစ်နေပြီ။WG(ကမ္ဘာ့ရွှေစျေး) က တစ်နှစ်တာဝန်းကျင်ရဲ့ အမြင့်ဆုံးအနေအထား ရှိနေဆဲပဲ။ပြည်တွင်းရွှေစျေးကလည်း ၇၀ကျော်ဖို့ အားယူ နေတယ်ပြောရမယ်။ဒါပေမယ့် အခုတက်နေတာက ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ သိပ်မဆိုင်ဘဲ ကမ္ဘာရွှေစျေးကြောင့် ပဲပြောရမယ်ဆိုရင် အဝယ်၊အရောင်း မမှားဖို့လိုနေတယ်"ဟု ပြည်တွင်းရွှေအရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက ပြောသည်။
ပြည်တွင်း ရွှေစျေးစံချိန်တင်မြင့်တက်မှုသည် ၂၀၂၄ သြဂုတ်က ဖြစ်ပြီး ၁၆ ပဲရည် တစ်ကျပ်သား ကျပ်သိန်း ခုနစ်ဆယ်နှင့် နှစ်သောင်းရှိခဲ့ကြောင်း ၎င်းက ပြောသည်။
ယနေ့ (မတ်လ ၂၅ ရက်) ညနေပိုင်း ကမ္ဘာ့ရွှေစျေးသည် တစ်အောင်စ ၃,၀၂၁ ဒေါ်လာရှိကာ တစ်လ အတွင်း တစ်အောင်စ ၆၃ ဒေါ်လာ တိုးလာခဲ့ခြင်း ဖြစ်သည်။
"လက်ရှိအနေအထားအရ ကမ္ဘာ့ရွှေစျေးတန်းဟာ ဒေါ်လာ ၃၀၀၀စျေးတန်းနဲ့ ဒေါ်လာ ၃၀၅၅ စျေးတန်းကြားမှာ ရှိနေဦးမယ်"ဟု ကမ္ဘာ့ရွှေစျေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောသည်။
ကမ္ဘာ့ရွှေစျေး အတက်၊အကျသည် နိုင်ငံတကာအခင်းအကျင်းများပေါ်တွင်မူတည်ပြီး ယခုစံချိန်တင်စျေးတန်းပေါ်လာခြင်းသည် အမေရိကန်-ရုရှား အရေးနှင့် အမေရိကန်၊တရုတ် နှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား အခွန်စည်းကြပ်မှု အားပြိုင်မှုကြောင့်ဟု နိုင်ငံတကာစီးပွားရေးသတင်း များတွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်း၏ ၁၆ ပဲရည်တစ်ကျပ်သား သီးခြားသတ်မှတ်စျေးသည်လည်း နှစ်ပတ်အတွင်း ၅,၄၈၀ ,၀၀၀ကျပ်မှ ယနေ့ ၅,၆၁၀, ၀၀၀ကျပ် တက်လာခဲ့သည်။
သို့သော် အဆိုပါစျေးဖြင့် ရွှေဆိုင်များ ရောင်းဝယ်ရန်သတ်မှတ်ထားသော်လည်း ဆိုင်အများစုမှာ အရောင်း အဝယ်မပြုလုပ်ပေ။

👍66👎5❤3😢1
သူ့ရဲ့ခံယူချက်ကတော့ စစ်အာဏာရှင်ကို သူတက်ထားတဲ့ပညာနဲ့ ဆက်လက်တော်လှန်မယ့်လို့ စိတ်ပိုင်းဖြတ်ထားပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနိုင်မယ်လို့ သူက ယုံကြည်ပါတယ်။
လက်ရှိကိုကျော်ကို တာဝန်ထမ်း ဆောင် နေတဲ့ ဆေးရုံမှာလည်း ဆရာဝန်နဲ့ ဆေးဝါးလိုအပ်ချက် တွေရှိနေတာမို့ CDMဆရာဝန် တွေ၊ဂျူနီယာဆရာဝန်တွေလည်း တော်လှန်ရေးဘက်ကို အားဖြည့်ပေးကြပါလို့ တောင်းဆိုထားပါတယ်။
ကိုကျော်ကိုက တော့ လေယာဉ်သံ တွေကြားမှာခွဲခန်းသုံးဓားကို ဆက်ကိုင်ထားအုံးမှာပါ။
“တခါကဆို ခွဲပြီးပြန်ချုပ်နေတုန်း လေယာဉ်လာပစ် တော့ပစ်နေတုန်းခွဲခန်းထဲမှာအမြန် ပြီးအောင်ချုပ်ရတယ်။အကုန်ပြီးမ လူနာရောသယ်ပြီး ဗုံးခိုကျင်းထဲ ဆင်း ပြေးရတာ”လို့ ဗုံးတွေကြားက အခက်အခဲတွေကို ရယ်မောရင်းသူက ပြန်ပြောပြပါတယ်။
ပြည်သူ့ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဒေါက်တာကိုကျော်ကို မှာ ယုံကြည်ချက်အပြည့်အဝရှိနေပါတယ် ။
“ဘယ်နေရာကပဲဖြစ်ဖြစ် တော်လှန်နေကြဖို့ပါပဲ။ကျွန်တော်တို့နိုင်တော့မှာပါ”လို့ ကိုကျော်ကိုကယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်။
https://www.ludunwayoo.com/feature-mm/2025/03/19/115118/

LuduNwayOo
စစ်အာဏာရှင်ကို ခွဲခန်းဓါးနဲ့တော်လှန်နေတဲ့ဆရာဝန်
မိခင်ဖြစ်သူရဲ့ ဒုက္ခအိုးဖြစ် နေပေမယ့် ပြည်သူတွေ အားကိုးရတဲ့ ဆရာဝန်တယောက်ဖြစ်အောင် တော့ သူကြိုးစား နေတယ်လို့ဆိုပါတယ်။သူ့ရဲ့လူငယ်ဘဝ ဆေး ကျောင်းသားဘဝကို ၄နှစ်တာ တောထဲမှာ ကုန်ဆုံးခဲ့ရပေမယ့် တော်လှန်ရေးနဲ့ပတ်သက်ပြီး ယုံကြည်ချက်တွေကတော့ခိုင်မာနေဆဲပါ။
❤65👍22🤣2🥰1🤮1🫡1