People's Spring
65.1K subscribers
63.7K photos
1.11K videos
3 files
2.79K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍7511🔥2🥰1
မတရားစစ်ဆင်နွှဲနေခြင်းကြောင့် စစ်ကောင်စီတပ် မလွှဲမသေကျရှုံးမည်ဟု ဗန်းမော်တိုက်ပွဲ အလင်းဝင် စစ်ကောင်စီတပ်သားများ ပြော

◾️စစ်ကောင်စီတပ်တွင်း နှစ်ဖွဲ့ကွဲနေပြီး အချင်းချင်းအာဏာသိမ်းမှု၊ တပ်တွင်းပုန်ကန်မှုများရှိလာနိုင်ဟု သုံးသပ်

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက မတရားသည့်စစ်ဆင်နွှဲနေခြင်းဖြစ်၍ မလွှဲမသွေ ကျရှုံးမည်မှာ သေချာသောကြောင့် စစ်ကောင်စီတပ်ခေါင်းဆောင်နှင့် တပ်သားများအနေဖြင့် အရှုံးကို လက်ခံပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လွှဲပေးရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် ဗန်းမော်ဝန်တင်တပ်ရင်းမှ လုပ်သက်ရင့် စစ်ကောင်စီတပ်ကြပ်များက ပြောသည်။

ဗန်းမော်တိုက်ပွဲအတွင်း အမှတ်(၃) ဝန်တင်တပ်ရင်း ဗန်းမော်တပ်ဆွယ်မှ အလင်းဝင်လာသည့် လုပ်သက်ရင့် တပ်ကြပ်အဆင့်ရှိသူများဖြစ်သည့် တပ်ကြပ် အောင်အောင်၊ တပ်ကြပ် ဇော်မင်းနိုင် နှင့် တပ်ကြပ်သန်းဇော်တို့၏ ဖြေကြားချက် ရုပ်သံကို ကချင်သတင်းရင်းမြစ်က ပြသခဲ့ရာ ယင်းရုပ်သံတွင် KIAထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"မင်းအောင်လှိုင်နဲ့ လက်ရှိ တပ်သား အရာရှိ အားလုံးကို ပြောချင်ပါတယ်။ ပြောချင်ပါတယ်ဆိုတာ မတရားသောစစ်ကို ဆင်နွှဲနေတဲ့အတွက်ကြောင့် တပ်မတော်က ကျဆုံးမယ်ဆိုတာကို ပြောချင်ပါတယ်"ဟု တပ်ကြပ်အောင်အောင်က ပြောသည်။

KIA အပါအဝင် တော်လှန်ရေးတပ်များက အနိုင်ရနေသည်ကိုလက်ခံပြီး ဆက်ပြီး တိုက်ခိုက်ခြင်းမပြုရန် ၎င်းက တိုက်တွန်းသည်။ လက်ရှိတွင် တပ်မတော်(စစ်ကောင်စီတပ်)က အများဆုံးကျရှုံးနေသည်ကို မြင်တွေ့ကြရမည်ဟုလည်း ၎င်းက ပြောသည်။

"ဒါကို ဆက်မတိုက်တော့ဘဲနဲ့ ပြည်သူ့အာဏာကို လွှဲပေးဖို့ တိုက်တွန်းချင်ပါတယ်။” ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။

တပ်ကြပ် သန်းဇော်ကလည်း “KIA နဲ့တခြားတော်လှန်ရေးအဖွဲ့တွေအားလုံး အနိုင်ရမယ်လို့တောင် ရဲရဲကြီး ပြောရဲပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သားများ အနေဖြင့် အမြန်ဆုံးတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ပြီး ပြည်သူလူထုနှင့် ပူးပေါင်းရန်လည်း အလင်းဝင် တပ်ကြပ် များက တိုက်တွန်းသည်။

“ကျနော်တို့ တပ်ထဲမှာရှိတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ အရင်ကတည်းကလည်း ကျနော်တို့နဲ့ လိုက်မယ့် သူရှိကြတယ်။ ဒါပေမဲ့ အခွင့်မကြုံလို့ မလိုက်ဖြစ်တာရှိတယ်။ သူတို့ကိုလည်း အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကျနော်တို့က သတင်းစကား ပါးလိုပါတယ်။”ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။

စစ်ကောင်စီတပ်တွင်း၌ မင်းအောင်လှိုင်ထောက်ခံသူ၊ ဒုချုပ်စိုးဝင်းကို ထောက်ခံသူဟူ၍နှစ်ဖွဲ့ကွဲနေပြီး ဒုချုပ်စိုးဝင်းကို ထောက်ခံသူများကြောင်း တပ်ကြပ်တစ်ဦးက ပြောသည်။

ဒုချုပ်စိုးဝင်းကို ကာချုပ်တင်လိုသူများပြီး တပ်တွင်းအုံကြွမှုများလည်းဖြစ်လာနိုင်ကြောင်း စစ်ကောင်စီတပ်ကြပ်များက သုံးသပ်သည်။

မင်းအောင်လှိုင်နေရာဖယ် မပေးပါကတချိန်ချိန်၌ ဒုချုပ်စိုးဝင်းကို ထောက်ခံသူများဘက်က အာဏာသိမ်းမှု ဖြစ်လာနိုင်ပြီး ဖြစ်လည်းဖြစ်သင့်ဟု ၎င်းတပ်ကြပ်များ ကိုယ်တိုင်က ဒုချုပ်စိုးဝင်းကို အားပေးပြောဆိုသည်ကို တွေ့ရသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဝါဒဖြန့်ထားမှု အခြေအနေကိုလည်း ၎င်းတို့က ရှင်းပြသည်။ စစ်ကောင်စီအနေဖြင့် KIA၊ PDF ၊AA တပ်ဖွဲ့များ ထံ အဖမ်းခံပါက နှိပ်စက်သတ်ဖြတ်ခံရမည်ဟု ဝါဒဖြန့်နေကြပြီး လက်တွေ့တွင် စစ်ကောင်စီ ပြောဆိုမှုနှင့်ကွဲလွဲနေပြီး ကောင်းမွန်စွာ ထားရှိကြောင်း ပြောပြသည်။

စစ်သုံ့ပန်းများကို နှိပ်စက်ခြင်းမရှိဘဲ နွေးထွေးစွာ ကြိုဆိုကြောင်း၊ စစ်သုံ့ပန်းကဲ့သို့ မထားဘဲ လွတ်လပ်စွာ ခိုလှုံခွင့်ပေးသည်ဟု ထင်မြင်ယူဆကြောင်း တပ်ကြပ် ၂ဦးက ပြောသည်။

KIA အနေဖြင့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်ကစတင်ခဲ့ရာ တိုက်ပွဲ ၄လကျော်ကြာအတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာအများအပြားသိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုလည်း စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးထားနိုင်ခဲ့သည်။ လက်ရှိတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ အပါအဝင် ဗန်းမော်လက်ကျန် တပ်စခန်းများ အပြီးသတ် သိမ်းနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။
👍1078🤔2😁1
(ဓာတ်ပုံ - ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် ဗန်းမော်ဝန်တင်တပ်ရင်းမှ လုပ်သက်ရင့် စစ်ကောင်စီတပ်ကြပ်များ)
👍1267🥰5😁4
စစ်ကောင်စီဟာ မဲနှိုက်မယ့် ကျောင်းတွေ၊ ဓမ္မာရုံတွေ၊ ရပ်ကွက်ရုံးတွေရှိမယ့်လမ်းတွေကို ပတ်ပတ်လည်ပိတ်ဆို့လိုက်ပြီး လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေ အများအပြားနဲ့ လုံခြုံရေးယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အဲရပ်ကွက်နေတဲ့သူမဟုတ်ရင် ဘယ်သူ့မှ လမ်းထဲတောင် ပေးမဝင်ဘူး။ အကုန်ပြန်လွှတ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်က မဲနှိုက်ပြည်သူတွေရဲ့အခြေအနေကို မသိရသေးပေမဲ့ အခြားမြို့နယ်တွေမှာ မဲနှိုက်စဥ်ကတော့ မိဘတွေ တော်တော်စိတ်ဒုက္ခရောက်ခဲ့ကြတယ်လို့ မိခင်အချို့က ရင်ဖွင့်ကြပါတယ်။ လုံခြုံရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအခြေအနေအရပါ ကာယကံရှင်ဖြစ်တဲ့သားတွေဟာ ကိုယ်တိုင်လာနှိုက်တာမျိုး နည်းပါးခဲ့ကြတယ်။

အဲဒီအခါ မိခင်တွေဟာ ရန်တုန်ပန်းတုန်နဲ့ပဲ မဲလိပ်ကို ဘုရားစာရွတ်ရင်း ချွေးသီးချွေးပေါက်တွေကျပြီး မဲနှိုက်ခဲ့ကြတယ်။ မဲပေါက်သွားသူမိခင်တွေဟာ သေတွင်းထဲကိုယ်တိုင်ပို့လိုက်ရသလို ခံစားမှုမျိုးနဲ့ ငိုကြွေးခဲ့ကြတယ်လို့ မန္တလေးမြို့က စစ်မှုထမ်းမဲနှိုက်အတွေ့အကြုံရှိတဲ့ မိခင်တွေက ပြောပြတယ်။

“မအေတယောက်ဆို သူ့သားအတွက်နှိုက်ပေးတာ မဲပေါက်လို့ဆိုပြီး မူးပါလဲတာ။”လို့ မန္တလေး ချမ်းမြသာစည်မြို့နယ်မှာနေတဲ့ မိခင်တဦးက ပြောပြတယ်။ မဟာအောင်မြေက မိခင်တွေလည်း ထို့နည်းတူခံစားနေရမှာပဲလို့ အဆိုပါမိခင်က ပြောပါတယ်။


https://www.ludunwayoo.com/feature-mm/2025/03/24/115655/
👍60😡22🤬13🤣6😢4
ရွှေပြည်သာမြို့နယ်ရှိ မိုးကာချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူ ရှစ်ဦး စစ်မှုထမ်းစာရင်းထည့်သွင်းမည်ဟု ခြိမ်းခြောက်ခံရ

မတ်-၂၅၊၂၀၂၅။ရဲခေါင်/People's Spring

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် မိုးကာချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူ လုပ်သားရှစ်ဦး ဖမ်းဆီးခံရပြီး စစ်မှုထမ်းစာရင်းထည့်သွင်းမည်ဟု ခြိမ်းခြောက်ခံရကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)က ပြောသည်။

အခင်းဖြစ်ပွားသည့် စက်ရုံသည် ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန် ၊ အမှတ်(၂၃)၊ ဗိုလ်တိုက်ချွန်းလမ်းနှင့် စက်မှုဒေသလမ်းထောင့်၊ ခြံအမှတ် (၁၂၅-B) ရှိ မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံဖြစ်သည်။

မိုးကာစက်ရုံမှ ချိုးဖောက်မှုတိုင်ကြားသည့်အလုပ်သမားများကို မတ်လ ၂၄ရက် ည ၁၀နာရီခွဲခန့်တွင် ဝါးတရာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လှော်ကားစခန်းမှ ရဲများနှင့်မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များလာရောက်ဖမ်းဆီးခဲ့ခြင်းဟု ဆိုသည်။

ဖမ်းဆီးခံရသည့် အလုပ်သမားများအား ခိုးမှုတွင်ပါဝင်သည်ဟူသောစွပ်စွဲချက်ဖြင့် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ခဲ့ခြင်းဟု သိရသည်။

"အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို သက်ဆိုင်ရာမြို့နယ်ရုံးမှာ တိုင်ကြားဖြေရှင်းနေတဲ့အချိန် အလုပ်သမားပြဿနာကို သက်ဆိုင်တဲ့ဥပဒေနဲ့ မဖြေရှင်းဘဲလုပ်ငန်းရှင်မှ မလျော်ဩဇာသုံးခဲ့တာ"ဟု STUM တာဝန်ရှိသူက ဖြစ်စဥ်နှင့်ဆက်စပ်၍ ပြောသည်။

ထို့နောက် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ဖမ်းဆီးခြင်းခံရသည့် အလုပ်သမား(၈)ဦးကို စက်ရုံတွင်းပြသနာများအား ပြင်ပအဖွဲ့အစည်းကို မတိုင်ကြားရန်နှင့် မလိုက်နာပါက ယခုအပတ်စဉ်၌ စစ်မှုထမ်းခေါ်မည့်စာရင်းတွင် ယခုအလုပ်သမား (၈) ဦးအား ထည့်သွင်းရန် ဝါးတရာ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ခဲ့​သည်ဟု ဆိုသည်။

"အလုပ်သမား ၈ ဦးကတော့ စက်ရုံမဆင်းဘဲ ကိုယ့်ဇာတိကိုယ်ပြန်ကြပြီလို့သိရတယ်"ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။

အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ EC စာချုပ် ချုပ်ဆိုပေးရန် ဖူလုံရေးငွေထည့်၀င်ကြေးများကောက်ခံရန်၊ အလုပ်ပိတ်ရက်များတွင် အလုပ်လုပ်ရသည်ကို အချိန်ပိုကြေး(OT)ပေးရန် အလုပ်သမားများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံတွင် အချိန်ပိုကြေး(OT)နှင့် ပိတ်ရက်အလုပ်မဆင်းပါက အ ကြောင်းမဲ့ ရာထူးလျှော့ချခြင်းနှင့် တရုတ်စကားပြန်တစ်ဦးထဲမှ မန်နေဂျာ၊စကားပြန်၊ငွေစာရင်းနှင့်အုပ်ချုပ်သူ အဖြစ်ဆောင် ရွက်နေခြင်းသည် အလုပ်သမားဥပဒေကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေခြင်းဟု အသိပေးထားသည်။
🤬66👍17😡75
(မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬59🖕9👍7😡43👎1🤔1😢1
ဒီတိုက်ပွဲ​တွေမှာ တူညီတာက စစ်​ကောင်စီတပ်ဟာစစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ စု​ဆောင်းထားတဲ့ သင်တန်းဆင်းစစ်သားသစ်​တွေကိုခေါ်လာပြီး​ရှေ့ကတိုက်ခိုင်း​ပေမယ့် တိုက်ပွဲမှာ ကျသွားရင်​အ​လောင်းတောင် မ​ကောက်​တော့ပဲ ပစ်ထားတာ၊စစ်သား​တွေဟာ တိုက်ရည်လိုက်ရည် ညံ့ဖျင်းတာ​စတာ​တွေဖြစ်တယ်လို့PDF အချို့က​ပြောပါတယ် ။ ဒါ​ကြောင့် စစ်မှုထမ်းနဲ့ စစ်တပ်ထဲပါသွားပြီး​ရှေ့တန်းပါသွားရင် တိုက်ပွဲမှာ ​သေဖို့များတဲ့အတွက် လူငယ်​တွေ ၊မိဘ​တွေ ကိုယ့်သားသမီး​တွေကို စစ်သားသစ်အစုမခံရ​အောင်လုပ်ကြဖို့ PDFအချို့က​ပြောပါတယ်။

မြင်းခြံခရိုင်၊ ​​​ညောင်ဦး ခရိုင်က PDF ​တွေ ၊​တော်လှန်​ရေးရဲ​ဘော်​တွေက​တော့ လက်နက် ခဲယမ်း ၊ကျည်ကာ စတဲ့ စစ်သုံးပစ္စည်း​တွေ မပြည့်စုံ​သေး​ပေမယ့် စစ်​ကောင်စီတပ်ကို အမြစ်ပြတ်​အောင်တိုက်ခိုက်ချင်တဲ့ စိတ်ဓါတ်​ကြောင့် အခက်အခဲ​တွေ​ကို​ကျော်လွှားပြီးအခုလိုတိုက်ခိုက်နိုင်တာလို့ PDF ​တွေက​ပြောပါတယ် ။

အခုလို စစ်တပ် စစ်​ကြောင်း​တွေ ပြုတ်​အောင်၊စစ်​ကြောင်း​တွေပျက်​အောင် အခုလိုတိုက်ခိုက်နိုင်တာဟာ ​တပ်ဖွဲ့​တွေ ဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နဲ့ သတ္တိ​ကောင်း​ကောင်း၊ ဗျူဟာ​မြောက်တိုက်ခိုက်နိုင်တာ​​တွေကြောင့်ဖြစ်တယ်လို့ PDF ​တွေက ​ပြောကြပါတယ်။


https://youtu.be/Ba49Ee8O-uc?si=jWXQHVXKw2xtcRkH
👍94👏76🤣2🖕2
နွားထိုးကြီးမြို့နယ် ရွှေမုဋ္ဌောရွာဘုန်ကြီးကျောင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်

မတ်လ-၂၅၊ ၂၀၂၅။ အာရုဏ်ဦး/People's Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ရွှေမုဋ္ဌောကျေးရွာရှိ လေးမျက်နှာဘုရားအနီး ဘုန်းကြီး ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေ သအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၂၄ ရက် ညနေ ၄ နာရီခန့်က တံတားဦးလေတပ်မှလာသော YAK-130 အ မျိုးအစား ဂျက်ဖိုက်တာတစ်စီးသည် လေးမျက်နှာဘုရားတောင်ဘက်ရှိ ဘုန်းကြီးကျောင်းကို ပေါင် ၂၀၀ ဗုံးသီးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။

"အဲဘုန်းကြီးကျောင်းမှာ လူမရှိတဲ့အချိန်ဖြစ်နေတော့ ပြည်သူအထိအခိုက် တစ်စုံတစ်ရာတော့ ဖြစ်မသွားဘူး"ဟု မြေပြင်သို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆောက်လုပ်ဆဲ ဘုန်းတော်ကြီးကျောင်း အမိုးများပြိုကျပျက်စီးသွားသည့်အပြင် ကျောင်းဆောင်အတွင်းနှင့် အပြင်နံရံများ ဗုံးစထိမှန် ပေါက်ပြဲပျက်စီးနေသည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

"ဘုန်းကြီးက ခရီးထွက်နေလို့ လွတ်သွားတာ။ သိရသလောက် အဲဒီတောကျောင်းမှာ သံဃာသုံးပါး သီတင်းသုံးနေထိုင်တယ်ဗျ"ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။

အလားတူ မတ်လ ၂၂ ရက် ညပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာအား စစ်ကောင်စီတပ်မှ စက်တပ်လေထီးဖြင့် တစ်ကြိမ်၊ ဂျက်ဖိုက်တာနှင့် တစ်ကြိမ်၊ Mi-35ဖြင့်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

တိုက်ခိုက်မှုကြောင့် လက်ဝဲမြင်းနီကျေးရွာမှ ဒေသခံပြည်နှစ်ဦး ထိခိုက်ဒဏ်ရာများရခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပြာကျခဲ့သည်။

နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ဆက်တိုက်ရင်ဆိုင်လာနေရသော စစ်ကောင်စီသည် အ ရပ်သားများ၊ ဆေးရုံဆေးခန်းများ၊ သာသနိက အဆောက်အအုံများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်လျှက်ရှိသည်။
🤬47👍224😭3👎2😡2🔥1
🤬613👍3👎2😡2
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးသွားသော ဘုန်းကြီးကျောင်းကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ/ပေးပို့)
🤬36👎9👍6😡3
စစ်ကောင်စီနှင့် ဆွေးနွေးခြင်းမရှိဟု KIA ပြော

မတ်လ-၂၅၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးသည့် သတင်းမှန်ကန်မှုမရှိဟု KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIOနှင့် စစ်ကောင်စီတို့ မတ်လ ၂၃ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း လူမှုကွန်ရက်၌ ရေးသားဖော်ပြမှုများနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မှန်ကန်မှုမရှိ တွေ့ဆုံခြင်းလည်း မရှိ”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့(မတ်လ ၂၅ရက်) နံနက်တွင် ပြောသည်။

KIAသည် လက်ရှိတွင် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်နေသကဲ့သို့ စစ်ကောင်စီဘက်ကလည်း မြစ်ကြီးနား ၊ ဝိုင်းမော်၊ တနိုင်း၊ ဖားကန့်နှင့် ပူတာအို ဒေသများ၌ စစ်ရေးလှုပ်ရှားခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းနှင့် စစ်သားစုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။

KIO/KIAက ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်စခန်းကြီးငယ်၂၅၀ကျော်နှင့် မြို့များအား တိုက်ခိုက်သိမ်းပိုက်ထားပြီး ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အရေးပါသည့် အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ် ၊ ခြေလျင်တပ်အချို့နှင့် စစ်ကောင်စီတပ်စွဲရာနေရာများစွာကို သိမ်းပိုက်ထားသည်။ ထို့ပြင် ဗန်းမော်မြို့ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းနေပြီး ကာကင်းအများစု သိမ်းရထားသည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။

ဗန်းမော်မြို့စစ်ရေး အခြေအနေမေးမြန်းရာ လတ်တလော ထူးထူးခြားခြားမရှိဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ယခုရက်ပိုင်းအတွင်း KIAနှင့် စစ်ကောင်စီအကြား ဆွေးနွေးပွဲ မရှိသေးဟုသိရပြီး ဧပြီလဆန်းတွင်မူ နှစ်ဖက်တွေ့ဆုံနိုင်ရေး ပြင်ဆင်နေသည်ဟု ကြားသိရကြောင်း ပြောသည်။

"ပြည်သူ့ အာဏာမတရားသိမ်းယူထားတဲ့ စကစက နယ်စပ်ဒေသမှာရှိတဲ့ EAO တွေအားလုံးကို တရုတ်အစိုးရကို ဖိအားပေးခိုင်းနေတယ်လို့ မြင်ပါတယ်။ တရုတ်ရဲ့ ဖိအားက MNDAAနဲ့ TNLA အပေါ်တော့ အများကြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ KIO ဘက်ကတော့ အပေးအယူ မမျှ မခြင်း တရုတ်အစိုးရကို လျှော့ပေးမယ့် အနေအထား မတွေ့ရပါဘူး။ တရုတ်ဖိအားထက် နယ်မြေစိုးမိုးရေးကို KIAက ဆက်လက်ဆောင်ရွက်သွားလိမ့်မယ်လို့ သုံးသပ်ရပါတယ်"ဟု ဦးဇော်ဆန်က ပြောသည်။

တရုတ်အစိုးရသည် KIAကို စစ်ကောင်စီနှင့်အပစ်ရပ်စဲရန် ဖိအားပေးမှုများ ရှိနေသကဲ့သို့ ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA) နှင့် စစ်ကောင်စီအကြား ဆွေနွေးပွဲများ ဖြစ်ပေါ်လာရန်လည်းစီစဉ်ပေးခဲ့သည်။

၂၀၂၅ဇန်နဝါရီတွင် စစ်ကောင်စီနှင့်MNDAAတို့အကြား အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့သည်။

ထို့ပြင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီလလယ်၌ တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် တွေ့ဆုံခဲ့သည်။ သို့သော် မည်သည့် သဘောတူညီချက်မှ မရဘဲ စစ်ကောင်စီက TNLA ထိန်းချုပ်မြို့ရွာများကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီနှင့်တွေ့ဆုံစဉ် TNLA ဘက်က အချက် ၃ချက်ကို အဓိကထားဆွေးနွေးခဲ့ရာ နှစ်ဖက်တပ်များ ရောက်သည့်နေရာ၌ရပ်ထားပြီး အပစ်ရပ်စဲရန်၊ လေကြောင်း၊ ဒရုန်း လက်နက်ကြီး တိုက်ခိုက်မှုများ မလုပ်ရန်၊ နှစ်ဖက်ထိန်းချုပ်နယ်မြေရှိ ပြည်သူများစားဝတ်နေရေးနှင့်ဆေးဝါးများ သယ်ဆောင်နိုင်ရေး ဖြတ်သန်းသွားလာခွင့်ပြုရန် အချက်များဖြစ်သည်ဟု TNLA ဘက်က အသိပေးထားသည်။

တဖက်တွင် စစ်ကောင်စီသည် ၎င်းတို့နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် အပစ်ရပ်အဖွဲ့များ၊ လူထုထောက်ခံမှုမရှိဘဲ စစ်ကောင်စီ အလိုကျ ဆောင်ရွက်နေသည့် နိုင်ငံရေးပါတီကိုယ်စားလှယ်များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟန်ပြပြုလုပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ အကျိုးရှိမည့် လမ်းကြောင်းများ ပေါ်လာဟု ဝါဒဖြန့်မှုများရှိနေသည်။

ထို့ပြင် နိုင်ငံတဝန်း ပြည်သူနေထိုင်ရာနေရာများ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အဦးများအား ပစ်မှတ်ထားပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်နေသည့် စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် အကြမ်းဖက်သောနည်းဖြင့် ဆောင်ရွက်မှ ရေရှည်တည်တန့်မည်ဟု စစ်ကောင်စီ ကိုယ်စားလှယ်များက ဆွေးနွေးပြောဆိုမှုများ ရှိနေသည်။

စစ်ကောင်စီသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟု အမည်တပ်ပြီး နေပြည်တော်၌ မတ်လ ၂၄ရက်မှ ၂၆ရက်အထိ ဆွေးနွေးပွဲ ကျင်းပလျက်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြထားသည်ကိုတွေ့ရသည်။

ယင်းဆွေးနွေးပွဲသို့စစ်တပ်အငြိမ်းစား အရာရှိများဖြင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ၊ ဦးစိုင်းအိုက်ပေါင်း ဦးကိုကိုကြီး၊ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာအေးမောင်၊ ဒေါ်ညိုညိုသင်း ကဲ့သို့ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ၌ ပူးပေါင်းပါဝင်သည့် နိုင်ငံရေးပါတီများ၊ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် အပစ်ရပ် အဖွဲ့အချို့ ကိုယ်စားလှယ်များ တက်ရောက်နေသည်ကိုတွေ့ရသည်။
👍945👏3🥰1
(လိုင်ဇာမြို့တနေရာ၌ တွေ့ရသော KIAအမှတ်တံဆိပ်။ ဓာတ်ပုံ - Getty Images)
👍6915
ဝ​ဒေသတွင် ဝက်ဝံကိုက်၍ကလေးတစ်ဦးသေဆုံး

မိထက်/People's Spring

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
(UWSA)ထိန်းချုပ်‌ ဒေသမိုင်းပေါက်မြို့တွင် လှောင်အိမ်ဖြင့် မွေးထားသော ဝက်ဝံကိုက်၍ ကလေးငယ်တစ်ဦး သေဆုံးသွားသည်။

"ဝက်ဝံက ‌သံလှောင်အိမ်နဲ့ မွေးတာ။ ကလေးက အစာသွားကျွေးတာကို သံတိုင်ကြားကနေ လှမ်းဆွဲကိုက်တာ။ လက်နှစ်ဖက်စလုံးအရင်းကနေ ပြတ်ပြီး သွေးလွန်သေဆုံးတာ" ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်သည် မတ်လ ၂၂ရက်က ဖြစ်ခဲ့ပြီး သေဆုံးသည့် ကလေးငယ်မှာ အသက် ၇ နှစ်အ
ရွယ်ဖြစ်သည်။ကလေးငယ်အား ဆေးရုံသို့ ပို့
ဆောင်၍ ကုသခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်
သည်။

"ဒီဘက်မှာ အဲ့လိုတောကောင်တွေကို ဈေးကြီးပေးဝယ်မွေးကြတယ်။ UWSA ကလည် အရေးတယူမလုပ်ဘူး။ဝက်ဝံကလူသားစားပြီးရင်မလွယ်ဘူး" ဟု ဒေသခံတစ်ဦးကပြောသည်။

က​လေးငယ်အားကိုက်သည့် ဝက်တံကို မည်ကဲ့သို့‌ဆက်လုပ်သည်ကိုမူ မသိရသေးပေ။

ဝက်ဝံသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်း ဥ
ပဒေ ပုဒ်မ ၃၇(က)အရ လုံးဝကာကွယ်ထားတဲ့တောရိုင်းတိရစ္ဆာန် (Completely protected species)အဖြစ် သတ်မှတ်ထားသည်။

"သူ့ဘာသာသူ သဘာဝအတိုင်း တောထဲနေရမယ့် ဝက်ဝံကိုသံလှောင်အိမ်ထဲထည့်မွေးတဲ့အထိ ဦး
နှောက်သိမ်ဖျင်းတာကို ဥပဒေနဲ့ အရေးယူပေးပါ"ဟု မိုင်းပေါက်ဒေသခံတစ်ဦးကပြောသည်။
👍44😢18🤬11🔥1
လှောင်အိမ်အတွင်းမှ ဝက်ဝံ နှင့် လက်နှစ်ဖက်လုံးပြတ်​အောင်ကိုက်ခံရပြီး လဲကျ​နေ​သောက​လေးငယ်တို့ကိုတွေ့ရစဥ်။ဓါတ်ပုံ-CJ
😢69👎4🔥2👍1
ရေး - ထားဝယ်လမ်းပိုင်း၌ စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်

◾️RPGအပါအဝင် သေနတ်ငါးလက်ရဟု ဒူရကစစ်ကြောင်းပြော

မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People's Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး - ထားဝယ်လမ်းပိုင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ RPG အပါအဝင် သေနတ်ငါးလက်သိမ်းရခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(မတ်လ ၂၄ ရက်)နံနက် ၉နာရီခန့်က ရေဖြူနယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာကြား ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်း၌ လမ်းကင်းထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

"တိုက်ခိုက်ချိန် ၂နာရီလောက် ကြာပါတယ်ခင်ဗျ။ စကစ အင်အားက ၁၅၀၊၂၀၀ ဝန်ကျင်လောက်ရှိပါတယ်"ဟု စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်မှုအခြေအနေကို ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက လူ ထုနွေဦးသို့ ပြောသည်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရှိသွားရာ လက်နက်ကြီးပစ်ကူအများအပြားပေးသည့်အပြင် စက်တပ်လေထီ (Paramotor)တစ်စီးဖြင့် လေကြောင်းမှ ပစ်ကူပေးခဲ့ကြောင်း ဒူရကစစ်ကြောင်းက အသိ ပေးသည်။

စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုနှင့် စပ်လျဥ်း၍ လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသော်လည်း ဒူရကစစ်ကြောင်းမှ ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လမ်းဘေးလဲကျနေသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ထံမှ RPG 7 တစ်လက်၊ MA4 တစ်လက်၊ MA3 တစ်လက်၊ MA1 နှစ်လက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ကစဥ့်ကလျားဖြင့် ရေဖြူမြို့ဘက်သို့ ပြန် လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်နေရာမှာ မြို့ဧရိယာနှင့် မလှမ်းမကမ်းတွင် တည်ရှိကြောင်း ဒုရကစစ်ကြောင်းတာ ဝန်ရှိသူက ရှင်းပြသည်။

အလားတူ မတ်လ ၂၂ ရက်ကလည်း ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်တွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ထို့အပြင် မတ်လ ၁၈ ရက်က ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စျေးထွက်ချိန် ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားသုံးဦးသေဆုံးကာ သေနတ်သုံးလက် ရရှိခဲ့သည်။
👍71👏115😁2🥰1