MNDAA နှင့် စစ်ကောင်စီ ဆွေးနွေးပဲသဘောတူညီချက်မရ၍ လားရှိုးမြို့လေကြောင်းအန္တရာယ်သတိပေး
မတ်-၂၄၊၂၀၂၅။အိမ်သွင်/People's Spring
တရုတ်အစိုးရ၏အစီအစဉ်ဖြင့်တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
(MNDAA) နှင့် စစ်ကောင်စီဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားပြီးနောက် လားရှိုးမြို့၌လေကြောင်းအန္တရာယ်သတိပေးချက်ကို MNDAA ၏ လားရှိုးမြို့ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူတဦးက သတိပေးသည်။
"ဆွေးနွေးပွဲက မအောင်မြင်ဘူးလို့တော့ကြားရတာပဲ။အဲ့ဒါကြောင့်မလို့ ပြည်သူတွေအနေနဲ့ အဓိက ကတော့ လေကြောင်းအန္တရာယ်ကို ဂရုစိုက်ကြပါ။ လေကြောင်းတိုက်ခိုက်မှု မဖြစ်တာကြာပြီပဲဆိုပြီး ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ အထူးဂရုစိုက်ပါ။ စကစ သောက်ရူးတွေရဲ့ စိတ်က မမှန်ကြလို့ပါ"ဟု ၎င်းက လူမှုကွန်ရက်မှတစ်ဆင့်မတ်လ ၂၄ရက်ည၌သတိပေးသည်။
MNDAAနှင့်စစ်ကောင်စီသည်ကူမင်းမြို့တွင် မတ်
လ ၂၂ ရက်နေ့မှစ၍ တွေ့ဆုံကြပြီး နယ်မြေအုပ်
ချုပ်ရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းမရသည့်အ
ခြေအနေဖြစ်နေကြောင်း သတင်းရရှိသည်။MNDAA ကို လားရှိုးမြို့မှဆုတ်သွားပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့သည့်အတွက်ကြောင့် သဘောတူညီချက်မရရှိခဲ့ဘဲ ဆွေးနွေးပွဲမအောင်
မြင်ခဲ့ခြင်းဟု ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေး သတင်းရင်းမြစ်ကပြောသည်။
"ဆွေးနွေးပွဲကအဆင်မပြေဘူး။ဒါဆိုလေကြောင်းက စိုးရိမ်ရတယ်။ တော်တော်လေးသတိထားနေရမှာဟုတ်တယ်။ဆွေးနွေးပွဲရလဒ်ကလည်း စစ်ကောင်စီ လားရှိုးကိုပြန်ဝင်မလာရေးပဲအရေးကြီးတာ"ဟုလားရှိုးမြို့ဒေသခံတစ်ဦးကပြောသည်။
မတ်လ ၂၀ ရက်ညတွင် ဒေသခံအချို့က
MNDAAအနေဖြင့် လားရှိုးမှပြန်လည် မဆုတ်ခွာရန်နှင့် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ပေးရန် ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။
မြန်မာအရေးအပေါ် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုသည့် ဓာတ်ပုံ၊ စာသားများအား မြို့ နေရာအချို့၌လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။
လားရှိုးမြို့တွင် MNDAA အုပ်ချုပ်ရေး ယန္တရားများ ဆက်လက်လည်ပတ်နေပြီး လာမည့် သင်္ကြန်ပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပမည်ဖြစ်ကြောင်း MNDAAဘက်က သတင်းထုတ်ပြန်ထားသည်။
MNDAAအပြင် စစ်ကောင်စီသည်တရုတ်အစိုး
ရ၏ဖိအားပေးမှုဖြင့် တအာင်းအမျိုးသားလွတ်
မြောက်ရေးတပ်မတော်(TNLA)နှင့်လည်း ဆွေးနွေးခဲ့သည်။ TNLAနှင့် စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်က ကူမင်းမြို့၌ ဆွေးနွေးမှုအဆင်မပြေခဲ့ကြောင်း TNLAက ဖေဖော်ဝါရီလ ၁၉ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ထို့နောက် နာရီပိုင်းအကြာတွင် စစ်ကောင်စီက နောင်ချိုမြို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့သည်။ဒေသခံ
သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။
လက်ရှိကာလသည် မြောက်ပိုင်းညီနောင်သုံးသုံးဖွဲ့အတွက် အစမ်းသပ်ခံကာလဖြစ်ပြီး စည်းလုံးညီ
ညွတ်မှုနှင့် နားလည်မှုပိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟုမတ်လ ၁၁ ရက်နေ့က ကျင်းပသည့် MNDAA ၏ (၃၆) နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ TNLAနှင့် အာရက္ခတပ်တော် (AA) က သဝဏ်လွှာပေးပို့ခဲ့သည်။ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကိုညီနောင်မဟာမိတ်ပီသစွာဖြင့် စု
စည်းကျော်ဖြတ်သွားရန် အမြဲအသင့်ရှိသည်ဟု TNLA နှင့်AAက အသိပေးထားသည်။

👍104❤3🔥2
မတရားစစ်ဆင်နွှဲနေခြင်းကြောင့် စစ်ကောင်စီတပ် မလွှဲမသေကျရှုံးမည်ဟု ဗန်းမော်တိုက်ပွဲ အလင်းဝင် စစ်ကောင်စီတပ်သားများ ပြော
◾️စစ်ကောင်စီတပ်တွင်း နှစ်ဖွဲ့ကွဲနေပြီး အချင်းချင်းအာဏာသိမ်းမှု၊ တပ်တွင်းပုန်ကန်မှုများရှိလာနိုင်ဟု သုံးသပ်
ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ကောင်စီက မတရားသည့်စစ်ဆင်နွှဲနေခြင်းဖြစ်၍ မလွှဲမသွေ ကျရှုံးမည်မှာ သေချာသောကြောင့် စစ်ကောင်စီတပ်ခေါင်းဆောင်နှင့် တပ်သားများအနေဖြင့် အရှုံးကို လက်ခံပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လွှဲပေးရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် ဗန်းမော်ဝန်တင်တပ်ရင်းမှ လုပ်သက်ရင့် စစ်ကောင်စီတပ်ကြပ်များက ပြောသည်။
ဗန်းမော်တိုက်ပွဲအတွင်း အမှတ်(၃) ဝန်တင်တပ်ရင်း ဗန်းမော်တပ်ဆွယ်မှ အလင်းဝင်လာသည့် လုပ်သက်ရင့် တပ်ကြပ်အဆင့်ရှိသူများဖြစ်သည့် တပ်ကြပ် အောင်အောင်၊ တပ်ကြပ် ဇော်မင်းနိုင် နှင့် တပ်ကြပ်သန်းဇော်တို့၏ ဖြေကြားချက် ရုပ်သံကို ကချင်သတင်းရင်းမြစ်က ပြသခဲ့ရာ ယင်းရုပ်သံတွင် KIAထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"မင်းအောင်လှိုင်နဲ့ လက်ရှိ တပ်သား အရာရှိ အားလုံးကို ပြောချင်ပါတယ်။ ပြောချင်ပါတယ်ဆိုတာ မတရားသောစစ်ကို ဆင်နွှဲနေတဲ့အတွက်ကြောင့် တပ်မတော်က ကျဆုံးမယ်ဆိုတာကို ပြောချင်ပါတယ်"ဟု တပ်ကြပ်အောင်အောင်က ပြောသည်။
KIA အပါအဝင် တော်လှန်ရေးတပ်များက အနိုင်ရနေသည်ကိုလက်ခံပြီး ဆက်ပြီး တိုက်ခိုက်ခြင်းမပြုရန် ၎င်းက တိုက်တွန်းသည်။ လက်ရှိတွင် တပ်မတော်(စစ်ကောင်စီတပ်)က အများဆုံးကျရှုံးနေသည်ကို မြင်တွေ့ကြရမည်ဟုလည်း ၎င်းက ပြောသည်။
"ဒါကို ဆက်မတိုက်တော့ဘဲနဲ့ ပြည်သူ့အာဏာကို လွှဲပေးဖို့ တိုက်တွန်းချင်ပါတယ်။” ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။
တပ်ကြပ် သန်းဇော်ကလည်း “KIA နဲ့တခြားတော်လှန်ရေးအဖွဲ့တွေအားလုံး အနိုင်ရမယ်လို့တောင် ရဲရဲကြီး ပြောရဲပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများ အနေဖြင့် အမြန်ဆုံးတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ပြီး ပြည်သူလူထုနှင့် ပူးပေါင်းရန်လည်း အလင်းဝင် တပ်ကြပ် များက တိုက်တွန်းသည်။
“ကျနော်တို့ တပ်ထဲမှာရှိတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ အရင်ကတည်းကလည်း ကျနော်တို့နဲ့ လိုက်မယ့် သူရှိကြတယ်။ ဒါပေမဲ့ အခွင့်မကြုံလို့ မလိုက်ဖြစ်တာရှိတယ်။ သူတို့ကိုလည်း အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကျနော်တို့က သတင်းစကား ပါးလိုပါတယ်။”ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။
စစ်ကောင်စီတပ်တွင်း၌ မင်းအောင်လှိုင်ထောက်ခံသူ၊ ဒုချုပ်စိုးဝင်းကို ထောက်ခံသူဟူ၍နှစ်ဖွဲ့ကွဲနေပြီး ဒုချုပ်စိုးဝင်းကို ထောက်ခံသူများကြောင်း တပ်ကြပ်တစ်ဦးက ပြောသည်။
ဒုချုပ်စိုးဝင်းကို ကာချုပ်တင်လိုသူများပြီး တပ်တွင်းအုံကြွမှုများလည်းဖြစ်လာနိုင်ကြောင်း စစ်ကောင်စီတပ်ကြပ်များက သုံးသပ်သည်။
မင်းအောင်လှိုင်နေရာဖယ် မပေးပါကတချိန်ချိန်၌ ဒုချုပ်စိုးဝင်းကို ထောက်ခံသူများဘက်က အာဏာသိမ်းမှု ဖြစ်လာနိုင်ပြီး ဖြစ်လည်းဖြစ်သင့်ဟု ၎င်းတပ်ကြပ်များ ကိုယ်တိုင်က ဒုချုပ်စိုးဝင်းကို အားပေးပြောဆိုသည်ကို တွေ့ရသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဝါဒဖြန့်ထားမှု အခြေအနေကိုလည်း ၎င်းတို့က ရှင်းပြသည်။ စစ်ကောင်စီအနေဖြင့် KIA၊ PDF ၊AA တပ်ဖွဲ့များ ထံ အဖမ်းခံပါက နှိပ်စက်သတ်ဖြတ်ခံရမည်ဟု ဝါဒဖြန့်နေကြပြီး လက်တွေ့တွင် စစ်ကောင်စီ ပြောဆိုမှုနှင့်ကွဲလွဲနေပြီး ကောင်းမွန်စွာ ထားရှိကြောင်း ပြောပြသည်။
စစ်သုံ့ပန်းများကို နှိပ်စက်ခြင်းမရှိဘဲ နွေးထွေးစွာ ကြိုဆိုကြောင်း၊ စစ်သုံ့ပန်းကဲ့သို့ မထားဘဲ လွတ်လပ်စွာ ခိုလှုံခွင့်ပေးသည်ဟု ထင်မြင်ယူဆကြောင်း တပ်ကြပ် ၂ဦးက ပြောသည်။
KIA အနေဖြင့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်ကစတင်ခဲ့ရာ တိုက်ပွဲ ၄လကျော်ကြာအတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာအများအပြားသိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုလည်း စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးထားနိုင်ခဲ့သည်။ လက်ရှိတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ အပါအဝင် ဗန်းမော်လက်ကျန် တပ်စခန်းများ အပြီးသတ် သိမ်းနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။

👍107❤8🤔2😁1
စစ်ကောင်စီဟာ မဲနှိုက်မယ့် ကျောင်းတွေ၊ ဓမ္မာရုံတွေ၊ ရပ်ကွက်ရုံးတွေရှိမယ့်လမ်းတွေကို ပတ်ပတ်လည်ပိတ်ဆို့လိုက်ပြီး လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေ အများအပြားနဲ့ လုံခြုံရေးယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အဲရပ်ကွက်နေတဲ့သူမဟုတ်ရင် ဘယ်သူ့မှ လမ်းထဲတောင် ပေးမဝင်ဘူး။ အကုန်ပြန်လွှတ်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
မဟာအောင်မြေမြို့နယ်က မဲနှိုက်ပြည်သူတွေရဲ့အခြေအနေကို မသိရသေးပေမဲ့ အခြားမြို့နယ်တွေမှာ မဲနှိုက်စဥ်ကတော့ မိဘတွေ တော်တော်စိတ်ဒုက္ခရောက်ခဲ့ကြတယ်လို့ မိခင်အချို့က ရင်ဖွင့်ကြပါတယ်။ လုံခြုံရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအခြေအနေအရပါ ကာယကံရှင်ဖြစ်တဲ့သားတွေဟာ ကိုယ်တိုင်လာနှိုက်တာမျိုး နည်းပါးခဲ့ကြတယ်။
အဲဒီအခါ မိခင်တွေဟာ ရန်တုန်ပန်းတုန်နဲ့ပဲ မဲလိပ်ကို ဘုရားစာရွတ်ရင်း ချွေးသီးချွေးပေါက်တွေကျပြီး မဲနှိုက်ခဲ့ကြတယ်။ မဲပေါက်သွားသူမိခင်တွေဟာ သေတွင်းထဲကိုယ်တိုင်ပို့လိုက်ရသလို ခံစားမှုမျိုးနဲ့ ငိုကြွေးခဲ့ကြတယ်လို့ မန္တလေးမြို့က စစ်မှုထမ်းမဲနှိုက်အတွေ့အကြုံရှိတဲ့ မိခင်တွေက ပြောပြတယ်။
“မအေတယောက်ဆို သူ့သားအတွက်နှိုက်ပေးတာ မဲပေါက်လို့ဆိုပြီး မူးပါလဲတာ။”လို့ မန္တလေး ချမ်းမြသာစည်မြို့နယ်မှာနေတဲ့ မိခင်တဦးက ပြောပြတယ်။ မဟာအောင်မြေက မိခင်တွေလည်း ထို့နည်းတူခံစားနေရမှာပဲလို့ အဆိုပါမိခင်က ပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2025/03/24/115655/

LuduNwayOo
“မိခင်တွေ သောကပြိုင်ကြရတဲ့နေ့ “
စကျင်ကျောက်သားဖြူဖြူနဲ့ထုထားတဲ့ ဗုဒ္ဓဆင်းတုတော်ရှေ့မှာ စတစ်ကော်လာအဖြူနဲ့ ပုဆိုးကို ကျကျနနဝတ်ထားတဲ့လူတစုက ထိုင်နေတယ်။ သူတို့ရှေ့မှာတော့ ငါးဆယ်အထက် လူကြီးပိုင်းတွေ မျက်နှာမသာမယာနဲ့ထိုင်နေကြတယ်။
👍60😡22🤬13🤣6😢4
ရွှေပြည်သာမြို့နယ်ရှိ မိုးကာချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူ ရှစ်ဦး စစ်မှုထမ်းစာရင်းထည့်သွင်းမည်ဟု ခြိမ်းခြောက်ခံရ
မတ်-၂၅၊၂၀၂၅။ရဲခေါင်/People's Spring
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် မိုးကာချုပ်စက်ရုံ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတိုင်ကြားသူ လုပ်သားရှစ်ဦး ဖမ်းဆီးခံရပြီး စစ်မှုထမ်းစာရင်းထည့်သွင်းမည်ဟု ခြိမ်းခြောက်ခံရကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)က ပြောသည်။
အခင်းဖြစ်ပွားသည့် စက်ရုံသည် ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန် ၊ အမှတ်(၂၃)၊ ဗိုလ်တိုက်ချွန်းလမ်းနှင့် စက်မှုဒေသလမ်းထောင့်၊ ခြံအမှတ် (၁၂၅-B) ရှိ မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံဖြစ်သည်။
မိုးကာစက်ရုံမှ ချိုးဖောက်မှုတိုင်ကြားသည့်အလုပ်သမားများကို မတ်လ ၂၄ရက် ည ၁၀နာရီခွဲခန့်တွင် ဝါးတရာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် လှော်ကားစခန်းမှ ရဲများနှင့်မြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များလာရောက်ဖမ်းဆီးခဲ့ခြင်းဟု ဆိုသည်။
ဖမ်းဆီးခံရသည့် အလုပ်သမားများအား ခိုးမှုတွင်ပါဝင်သည်ဟူသောစွပ်စွဲချက်ဖြင့် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ခဲ့ခြင်းဟု သိရသည်။
"အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို သက်ဆိုင်ရာမြို့နယ်ရုံးမှာ တိုင်ကြားဖြေရှင်းနေတဲ့အချိန် အလုပ်သမားပြဿနာကို သက်ဆိုင်တဲ့ဥပဒေနဲ့ မဖြေရှင်းဘဲလုပ်ငန်းရှင်မှ မလျော်ဩဇာသုံးခဲ့တာ"ဟု STUM တာဝန်ရှိသူက ဖြစ်စဥ်နှင့်ဆက်စပ်၍ ပြောသည်။
ထို့နောက် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ဖမ်းဆီးခြင်းခံရသည့် အလုပ်သမား(၈)ဦးကို စက်ရုံတွင်းပြသနာများအား ပြင်ပအဖွဲ့အစည်းကို မတိုင်ကြားရန်နှင့် မလိုက်နာပါက ယခုအပတ်စဉ်၌ စစ်မှုထမ်းခေါ်မည့်စာရင်းတွင် ယခုအလုပ်သမား (၈) ဦးအား ထည့်သွင်းရန် ဝါးတရာ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
"အလုပ်သမား ၈ ဦးကတော့ စက်ရုံမဆင်းဘဲ ကိုယ့်ဇာတိကိုယ်ပြန်ကြပြီလို့သိရတယ်"ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။
အလုပ်သမားများအား အလုပ်ခန့်ထားမှုဆိုင်ရာ EC စာချုပ် ချုပ်ဆိုပေးရန် ဖူလုံရေးငွေထည့်၀င်ကြေးများကောက်ခံရန်၊ အလုပ်ပိတ်ရက်များတွင် အလုပ်လုပ်ရသည်ကို အချိန်ပိုကြေး(OT)ပေးရန် အလုပ်သမားများက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာရှိုင်းလုံ မိုးကာချုပ်စက်ရုံတွင် အချိန်ပိုကြေး(OT)နှင့် ပိတ်ရက်အလုပ်မဆင်းပါက အ ကြောင်းမဲ့ ရာထူးလျှော့ချခြင်းနှင့် တရုတ်စကားပြန်တစ်ဦးထဲမှ မန်နေဂျာ၊စကားပြန်၊ငွေစာရင်းနှင့်အုပ်ချုပ်သူ အဖြစ်ဆောင် ရွက်နေခြင်းသည် အလုပ်သမားဥပဒေကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေခြင်းဟု အသိပေးထားသည်။

🤬66👍17😡7❤5
ဒီတိုက်ပွဲတွေမှာ တူညီတာက စစ်ကောင်စီတပ်ဟာစစ်မှုမထမ်းမနေရဥပဒေနဲ့ စုဆောင်းထားတဲ့ သင်တန်းဆင်းစစ်သားသစ်တွေကိုခေါ်လာပြီးရှေ့ကတိုက်ခိုင်းပေမယ့် တိုက်ပွဲမှာ ကျသွားရင်အလောင်းတောင် မကောက်တော့ပဲ ပစ်ထားတာ၊စစ်သားတွေဟာ တိုက်ရည်လိုက်ရည် ညံ့ဖျင်းတာစတာတွေဖြစ်တယ်လို့PDF အချို့ကပြောပါတယ် ။ ဒါကြောင့် စစ်မှုထမ်းနဲ့ စစ်တပ်ထဲပါသွားပြီးရှေ့တန်းပါသွားရင် တိုက်ပွဲမှာ သေဖို့များတဲ့အတွက် လူငယ်တွေ ၊မိဘတွေ ကိုယ့်သားသမီးတွေကို စစ်သားသစ်အစုမခံရအောင်လုပ်ကြဖို့ PDFအချို့ကပြောပါတယ်။
မြင်းခြံခရိုင်၊ ညောင်ဦး ခရိုင်က PDF တွေ ၊တော်လှန်ရေးရဲဘော်တွေကတော့ လက်နက် ခဲယမ်း ၊ကျည်ကာ စတဲ့ စစ်သုံးပစ္စည်းတွေ မပြည့်စုံသေးပေမယ့် စစ်ကောင်စီတပ်ကို အမြစ်ပြတ်အောင်တိုက်ခိုက်ချင်တဲ့ စိတ်ဓါတ်ကြောင့် အခက်အခဲတွေကိုကျော်လွှားပြီးအခုလိုတိုက်ခိုက်နိုင်တာလို့ PDF တွေကပြောပါတယ် ။
အခုလို စစ်တပ် စစ်ကြောင်းတွေ ပြုတ်အောင်၊စစ်ကြောင်းတွေပျက်အောင် အခုလိုတိုက်ခိုက်နိုင်တာဟာ တပ်ဖွဲ့တွေ ဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နဲ့ သတ္တိကောင်းကောင်း၊ ဗျူဟာမြောက်တိုက်ခိုက်နိုင်တာတွေကြောင့်ဖြစ်တယ်လို့ PDF တွေက ပြောကြပါတယ်။
https://youtu.be/Ba49Ee8O-uc?si=jWXQHVXKw2xtcRkH

YouTube
တိုက်စွမ်းရည် ထက်မြတ်လာတဲ့အညာPDF တွေ | People's Spring
တိုက်စွမ်းရည် ထက်မြတ်လာတဲ့အညာPDF တွေ
နေ့သစ်/People's Spring
အညာဒေသမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက စစ်ကြောင်းပြုတ်အောင် ၊ စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်တယ်အထိ့ တိုက်စွမ်းရည် ထက်မြတ်လာတဲ့အကြောင်း ဒီတစ်ပါတ် ပြောပြပါမယ်…

👍94👏7❤6🤣2🖕2
နွားထိုးကြီးမြို့နယ် ရွှေမုဋ္ဌောရွာဘုန်ကြီးကျောင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်
မတ်လ-၂၅၊ ၂၀၂၅။ အာရုဏ်ဦး/People's Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ရွှေမုဋ္ဌောကျေးရွာရှိ လေးမျက်နှာဘုရားအနီး ဘုန်းကြီး ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေ သအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
မတ်လ ၂၄ ရက် ညနေ ၄ နာရီခန့်က တံတားဦးလေတပ်မှလာသော YAK-130 အ မျိုးအစား ဂျက်ဖိုက်တာတစ်စီးသည် လေးမျက်နှာဘုရားတောင်ဘက်ရှိ ဘုန်းကြီးကျောင်းကို ပေါင် ၂၀၀ ဗုံးသီးနှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။
"အဲဘုန်းကြီးကျောင်းမှာ လူမရှိတဲ့အချိန်ဖြစ်နေတော့ ပြည်သူအထိအခိုက် တစ်စုံတစ်ရာတော့ ဖြစ်မသွားဘူး"ဟု မြေပြင်သို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆောက်လုပ်ဆဲ ဘုန်းတော်ကြီးကျောင်း အမိုးများပြိုကျပျက်စီးသွားသည့်အပြင် ကျောင်းဆောင်အတွင်းနှင့် အပြင်နံရံများ ဗုံးစထိမှန် ပေါက်ပြဲပျက်စီးနေသည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။
"ဘုန်းကြီးက ခရီးထွက်နေလို့ လွတ်သွားတာ။ သိရသလောက် အဲဒီတောကျောင်းမှာ သံဃာသုံးပါး သီတင်းသုံးနေထိုင်တယ်ဗျ"ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။
အလားတူ မတ်လ ၂၂ ရက် ညပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီကျေးရွာအား စစ်ကောင်စီတပ်မှ စက်တပ်လေထီးဖြင့် တစ်ကြိမ်၊ ဂျက်ဖိုက်တာနှင့် တစ်ကြိမ်၊ Mi-35ဖြင့်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။
တိုက်ခိုက်မှုကြောင့် လက်ဝဲမြင်းနီကျေးရွာမှ ဒေသခံပြည်နှစ်ဦး ထိခိုက်ဒဏ်ရာများရခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပြာကျခဲ့သည်။
နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ဆက်တိုက်ရင်ဆိုင်လာနေရသော စစ်ကောင်စီသည် အ ရပ်သားများ၊ ဆေးရုံဆေးခန်းများ၊ သာသနိက အဆောက်အအုံများကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်လျှက်ရှိသည်။

🤬47👍22❤4😭3👎2😡2🔥1