People's Spring
65K subscribers
63.7K photos
1.11K videos
3 files
2.79K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် တရားမဝင်တရုတ်နိုင်ငံသားအချို့ ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - SSPP)
👏39👍19😁8🔥2💩2🤣2
လူငယ်တွေ အာဏာရှင်အတွက်အသက်ပေးမလား၊ တိုက်ထုတ်မလား ရွေးချယ်ရမယ့်အချိန် ရောက်ပြီလို့ မန္တလေး PDF သတိပေး

မတ်-၂၄၊၂၀၂၅။မင်းညိုဟန်​နွေ/People's Spring

လူငယ်တွေအနေနဲ့ အာဏာရှင်အတွက် အသက်ပေးမလား၊ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရင်း တိုက်ပွဲဝင်မှာလားဆိုတဲ့ တခုခုကို ရွေးချယ်ရမယ့်အချိန် ကို ရောက်ရှိလာပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (မန္တလေး PDF)က သတိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ လူငယ်‌တွေကို အတင်းအကြပ်စစ်မှုထမ်းစေပြီး အသေခံတပ်သားတွေ မွေးထုတ်နေတာ အခုဆို စစ်မှုထမ်းအပတ်စဉ်(၁၂)ကို ရောက်လာပြီဖြစ်ကြောင်း၊ စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ကြောင်း မန္တလေး PDFက ဒီကနေ့ မတ်လ(၂၄)ရက်မှာ သတိပေးပါတယ်။

မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာလို့ မန္တလေး PDFက ဆိုပါတယ်။

နောက်ပြီး စစ်မှုထမ်းအပတ်စဉ်ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့တင် ပြီးသွားမှာမဟုတ်ပဲ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ ဒီကိစ္စက ကျေးလက်နေ လူငယ်လူရွယ်တွေတင်မက မြို့နေ လူငယ် ကျား၊မ မရွေးကြုံတွေ့လာရနိုင်တဲ့ ဘေးဒုက္ခပဲဖြစ်ကြောင်း မန္တလေး PDFက ထပ်မံသတိပေးပါတယ်။

"လူငယ်တွေအဖို့ စစ်အာဏာရှင် လက်အောက်မှာ အသက်ကိုစတေးပြီး စစ်မှုထမ်းမလား (သို့) တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး ဒီစစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်မလားဆိုတာ ရွေးချယ်ကြဖို့ လို့လာပြီဖြစ်ပါတယ်။"လို့ မန္တလေး PDFက ထပ်မံသတိပေးပါတယ်။

အာဏာရှင် အသက်ဆက်နိုင်ရေး နဲ့ လူတစ်စုရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့အတွက် အသက်ပေးတိုက်ပွဲဝင်မှာလား ၊ ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရင်း တိုက်ပွဲဝင်မှာလားဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိလာပြီလို့ မန္တလေး PDFက ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား၊မ မရွေးကို လှိုက်လှဲစွာ ဖိတ်ခေါ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မြို့နယ်လုံးကျွတ် စစ်မှုထမ်းမဲနှိုက်တာတွေပြုလုပ်နေပြီး လူငယ်အများအပြား ရွေးချယ်ခံထားရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် သူတို့ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ စစ်မှုထမ်းဖို့ လူငယ်အများအပြားကို ဖမ်းဆီးနေပြီး တစ်နှစ်အတွင်း လူငယ်ထောင်ချီ ဖမ်းဆီးခဲ့ရာမှာ အခုဆိုရင် စစ်မှုထမ်းအပတ်စဥ် (၁၂)ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းခံရသူတွေလည်း စစ်တပ်ကနေထွက်ပြေးပြီးတော့ တော်လှန်ရေးအဖွဲ့တွေထံ သွားရောက်ခိုလှုံသူ များပြားလာနေပါတယ်။
မန္တ​လေး PDF ရဲ့ထုတ်ပြန်ချက်မှာ"ကိုယ်ရွေးချယ်
တဲဲ့ လမ်းကိုအဆုံးထိကိုယ်ပဲဆက်လျှောက်ရမှာဖြစ်သလိုရွေးချယ်မှုမမှားယွင်းဖို့လည်းလိုပါတယ်။ဒါ့ကြောင့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျနော်တို့ဆီ ပူးပါင်းပါဝင်အားဖြည့်လှည့်ပါ” လို့ ဖိတ်ခေါ်ထားပါတယ်။

ပူးပေါင်းပါဝင်လိုသူများအနေနဲ့တယ်လီဂရမ် Telegram: @mdypdfrecruit
စစ်ဂနယ် Signal: MDYPDFRECRUIT.08 တို့မှတဆင့်ဆက်သွယ်နိုင်တယ်လို့အသိပေးထားပါတယ်။

MDY PDFဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ၊ ဒုတိယပိုင်း​တွေမှာ တိုင်းရင်းသား တော်လှန်ရေးတပ်များနဲ့လက်တွဲပြီး စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ပြီး​တော့ စဥ့်ကူး ၊​နောင်ချို ၊မိုးကုတ် ၊မိုးမိတ် စတဲ့မြို့သိမ်းတိုက်ပွဲ​တွေကို ​အောင်မြင်
စွာဆင်နွှဲခဲ့ပါတယ် ။ စစ်စခန်း ၄၀ ခန့်သိမ်းပိုက်ပြီး​တော့မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကိုလည်း ထိန်းချုပ်ထားပါတယ်။
👍95🥰5🤣4🤮1
(ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)
94👍27🥰4🔥2🤣2🖕2
ရန်ကုန်အရှေ့ပိုင်းခရိုင်က မြို့နယ်များ မီးပျက်ချိန်ထပ်တိုးမည်

မတ်-၂၄ ၊၂၀၂၅။ရောင်နီ/People's Spring

ရန်ကုန်မြို့ အ‌ရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များ လေးနာရီ မီးပေး၊ ၈နာရီ မီးပျက်စနစ်ဖြင့် အလှည့်ကျမီးပေးမည်ဟု သက်ဆိုင်ရာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက အသိပေးထားသည်။

"A၊B၊C သုံးအုပ်စု ပြန်ဖြစ်သွားပါသဖြင့် ၄နာရီလာ ၈နာရီပျက်ဖြစ်မည်ဖြစ်ကြောင်း
အသိပေးအပ်ပါသည်"ဟု မတ် ၂၄ရက်တွင် ရန်ကင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးက အသိပေးထားသည်။

လေးနာရီ မီးပေး၊ ရှစ်နာရီ မီးပျက် စနစ်ဖြစ်သောကြောင့် ယင်းခရိုင်အတွင်းရှိ မြို့နယ်များသည် တစ်ရက်လျှင်ပျှမ်းမျှ ၈နာရီသာ မီးရရှိမည်ဖြစ်သည်။

ရန်ကုန်မြို့ရှိ ခရိုင်လေးခုအနက် အနောက်ပိုင်းခရိုင်တစ်ခုသာ ၄နာရီမီးပေး၊ ၄ နာရီမီးပျက်စနစ်ဖြင့် တစ်ရက်လျှင် ၁၂နာရီ လျှပ်စစ်မီးရရှိနေပြီး ကျန်ခရိုင် သုံးခုကို အထက်ပါ စနစ်ဖြင့်သာ မီးပေးတော့မည်ဖြစ်သည်။

" ရှစ်နာရီပျက် လေးနာရီ လာဆိုလဲ မှန်မှန်ကန်ကန်ပေးလေ မီးမခိုး နဲ့လေ အခု 1နာရီ လာရမှာလဲ မလာ မီးပေးတဲ့ ဟာတွေ ဘာလုပ်နေလဲ" ဟု ရန်ကင်း‌မြို့တွင် နေထိုင်သူတစ်ဦးက လျှပ်စစ်ရုံးကို မေးခွန်းထုတ်ထားသည်။

မီးအလှည့်ကျပေးသည့်စနစ် ရုတ်တရက်ပြောင်းလဲရခြင်းဖြစ်သောကြောင့် မတ်လ၂၄ ရက်တွင် အချို့နေရာများ၌ ၁၂ နာရီ အထိမီးပျက်နိုင်ကြောင်း လျှပ်စစ်ဌာနမှ ဝန်ထမ်းတစ်ဦးက ရေးသားထားသည်။

မီးပျက်မည့်အကြောင်းကို ကြိုတင်ကြေညာခြင်းမရှိပဲ ပျက်မည့်နေ့မှ အသိပေးသည့် အပေါ် လျှပ်စစ်ဌာနကို ပြည်သူများက ဝေဖန်ထားသည်။

"နပတက လူကြီးလာတာတို့ စာမေးပွဲရှိတာတို့ဆို Generator တွေရဲ့ Sensor က သိတယ်ဗျ ဘာပြဿနာမှမရှိ ဘာအကြောင်းပြချက်မှ မရှိတော့ဘူး။ လူကြီးပြန်သွားတာတို့ စာမေးပွံပြီးသွားတာတို့ဆိုရင်လဲ သိတာပဲ အလိုလိုထပျက်တာ အကြောင်းပြချက်မျိုးစုံကို ပေးတော့တာ။
ဒီ Generator တွေကိုက လူလိုသိလွန်းနေတာ မခက်ဘူးလားဗျာ "ဟု ပြည်သူတစ်ဦးက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲရက်တွင်လည်း လျှပ်စစ်မီးကို ယခင်ကာလများကဲ့သို့ အချိန်ပြည့်ပေးထားခြင်းမရှိကြောင်း ပြည်သူများက ပြောသည်။

"သန်လျင်က ဘုရားကုန်း‌ကျေးရွာ တို့ နတ်စင်တရာ‌ တို့ အဲဒီ့ဘက်တလျှောက်ဆို ည ကိုးနာရီကနေ မနက် ၅ နာရီပဲ မီးပေးတယ်"ဟု သန်လျင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ခရိုင်လေးခုကို ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလဆန်းကလည်း လေးနာရီမီးပေး၊ ရှစ်နာရီမီးပျက်စနစ်ဖြင့် မီးပေးခဲ့ပြီးနောက် အနောက်ပိုင်း နှင့် အရှေ့ပိုင်း ခရိုင်တို့ကို လေးနာရီမီးပေး လေးနာရီမီးပျက် သည့်စနစ်သို့ ပြန်လည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တာမွေ၊ သာကေတ၊ ဒဂုံမြို့သစ် မြောက်ပိုင်း ၊ ဒဂုံမြို့သစ်တောင်ပိုင်း ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြောက်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ရန်ကင်နှင့် ဒေါပုံ စသည်မြို့နယ်များ ပါဝင်သည်။

ရန်ကုန်မြို့၌သာမကပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးပေးသည့် အချိန်နည်းပါးနေခြင်းဖြစ်ပြီး အချို့မြို့များ၌ တစ်ရက်လျှင် နာရီအနည်းငယ်သာ မီးရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ၎င်း၏မိသားစုဝင်များကို ဆိုလာလုပ်ငန်းလုပ်ကိုင်ခွင့် ပေးထားသောကြောင် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ပြည်သူအချို့က သုံးသပ်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာကစတင်၍ မီတာခကို ယခင်ထက် နှစ်ဆနီးပါးတိုးမြှင့်ကောက်ခံလျက်ရှိသောကြောင့် လျှပ်စစ်မီးမလာ‌သော်လည်း မီတာခကို ယခင်ထက် နှစ်ဆမက ပေးဆောင်နေရသည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်မှုသည် နိုင်ငံတစ်ဝန်း ဆိုးရွားစွာရင်ဆိုင်နေရကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ၂၀၂၃နှစ်ဆန်းပိုင်းက ထွက်ခွာသွားခဲ့သည်။

ထိုမတိုင်မီက တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ် လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ခန့်သာ ထုတ်လုပ်နိုင်တော့သည်။

အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ဇန်နဝါရီက မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ထားခဲ့သည်။

သဘာဝဓါတ်ငွေ့အရည် (LNG)ဖြင့် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။

နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည်။
👍25🔥22🤬19😁2😢21🤣1
(ရန်ကုန်မြို့ လျှပ်စစ်မီးပျက်နေသည်ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😢34👍21🤬16👎2🔥2🤣2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မတ်လ ၂၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စလင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်စက်စွာသတ်ဖြတ်ခံရတဲ့ ပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေ့ရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ စလင်းမြို့နယ် ဂွေးကုန်းရွာ၊ ရွှေစံရာဘုရားကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၇၆နှစ်အရွယ် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့တာလို့ ပအဖတာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် မတ်လ ၇ ရက်မှ ၁၆ရက်အထိ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်စဥ် ကျပင်းမြောက်ရွာမှ အရပ်သားလေးဦးကို ရက်စက်စွာသတ်ဖြတ်ထားတဲ့ ရုပ်အလောင်းများကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

◾️ပေါက်မြို့နယ် ရေနယ်နံ‌မှော်အနီးရွာကို စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ် ရေနယ်နံ‌မှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ နေ့ခင်းပိုင်က မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က Jet Fighterနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပစ်ခတ်တာတွေပါ ပြုလုပ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ နေအိမ်တစ်လုံးမီး လောင်ဆုံးရှုံးခဲ့ပြီး ရွှေရင်အေး ရောင်းတဲ့ဈေးသည်ရဲ့ဆိုင်ကယ်လည်း မီးလောင်တဲ့အထဲ ပါသွားတယ်လို့သိရပါတယ်။ ဒါ့အပြင် ဗုံးအစထိမှန်ဒဏ်ရာရသူ ၄ဦးထပ်မနည်းရှိခဲ့ပြီး အဲဒီအထဲက အသက်၃၅နှစ်အရွယ်အမျိုးသားဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

◾️အုတ်တွင်းမြို့နယ် စစ်ကောင်စီ ဒရုန်းတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံး၊ ခုနစ်ဦးထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးတို့နဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၂)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နဲ့ ၂၃ ရက်တို့မှာ တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖော်ဆောင်ခြင်းမရှိ၊ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်း မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်လာတာလို့ ဖော်ပြပါတယ်။ တိုက်ခိုက်ခံရတဲ့ ကျေးရွာရဲ့ အမည်ကို ဖော်ပြမထားပေမယ့် တိုက်ခိုက်ခံရမှုကြောင့် နေအိမ် မီးလောင်မှု၊ ပြည်သူ ထိခိုက်မှု ရုပ်သံကိုတော့ ဖော်ပြအသိပေးပါတယ်။ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ပြည်သူ ၇ဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ နေအိမ် ၇လုံးလည်း ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။

◾️တောင်သာနယ် ကျေးရွာနှစ်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ရဲဘော်တစ်ဦးကျဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ် မြေဖြူကုန်းနဲ့ တမံကြီးကျေးရွာတွေကို မနေ့ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ရဲဘော်တစ်ဦးကျဆုံးပြီး နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်သာမြို့နယ်ထဲက မြေဖြူကုန်းရွာနဲ့ တမံကြီးကျေးရွာကို မနေ့ည သန်းခေါင်ကျော်မှာ စစ်တပ်က Y12လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ကျေးရွာတွေပေါ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေဖြူကုန်းရွာတိုက်ခိုက်ခံရမှုမှာ နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။ တမံကြီးရွာတိုက်ခိုက်ခံရမှုမှာ အသက်၂၀ကျော် အရွယ် တော်လှန်ရေးရဲဘော်တဦးကျဆုံးခဲ့ပြီး နေအိမ်ထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

◾️ဝိုင်းမော်မြို့နယ်မှာ KIAပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား ဒီနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ဆီ စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် မတ်လ ၂၁ရက်က စတင်တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲဆက်ရှိနေတာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

◾️ပြည်တက္ကသိုလ်အနီး ပစ်ခတ်မှုဖြစ်ပွား
27👍16🔥1🤣1
ဒီနေ့ မနက်အစောပိုင်းမှာ ပြည်မြို့ပေါ် မှာ ပစ်ခတ်မှုဖြစ်ပြီး အခင်းဖြစ်တဲ့ နေရာအနီးတဝိုက်က လူငယ် ၁၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ပြည် တက္ကသိုလ်အနီး ရှိ အုန်းတောလမ်းထဲမှာ လူအများအိပ်မောကျချိန် ဒီနေ့ မနက်အစောပိုင်း ၁နာရီဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ပစ်ခတ်သံတွေကို ကြားရပြီး စစ်ကားတွေလည်အုန်းတောလမ်းထဲ ရောက်ချလာတယ်လို့ ပြည်မြို့ခံက အသိပေးပါတယ်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိသေဆုံးတယ်လို့ကြား သိရပေမယ့် အတည်ပြုဖို့ခက်ခဲနေတယ်လို့ ပြည်မြို့ခံက ပြောပါတယ်။ အုန်းတောလမ်းထဲရှိ အဆောင်တစ်ခုမှာ PDF တွေ ရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က ရောက်လာချိန်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ မြို့ခံအချို့ဆီကသိရပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ် က ဖမ်းဆီးသွားသူတွေထဲ အမျိုးသမီးအချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

◾️မာနယ်ပလောကို စစ်ကောင်စီဗုံးကြဲပြီးနောက် နယ်စပ်တလျောက် ထိုင်းလေတပ်ကင်းလှည့်

ထိုင်းနယ်စပ်အနီးက မာနယ်ပလောဒေသကို စစ်ကောင်စီလေတပ်က မနေ့ညနေပိုင်းမှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ထိုင်းလေတပ်က နယ်စပ်တလျောက် လေကြောင်း ကင်းလှည့်ခဲ့တယ်လို့နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ ညနေ ၃ နာရီခွဲလောက်မှာ ထိုင်းနယ်စပ် သောင်ရင်းမြစ်အနီးရှိ KNU ဗဟိုဌာနချုပ် နေရာဟောင်း မာနယ်ပလောကို စစ်ကောင်စီလေတပ်က ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သွားတာဖြစ်ပြီး လူသူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ထိုင်းသတင်းရင်းမြစ်ကတော့ စစ်ကောင်စီလေတပ်က ရုရှားထုတ် YAK-130 ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာလို့ အသိပေးပါတယ်။ မာနယ်ပလောမှာ တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲခဲဲ့တာလို့ သိရပါတယ်။ ဌာနချုပ်နေရာဟောင်းဖြစ်တဲ့ မာနယ်ပလောကို KNU က နှစ်ပေါင်း ၃၀ ခန့်အကြာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။

◾️လူငယ်တွေ အာဏာရှင်အတွက်အသက်ပေးမလား၊ တိုက်ထုတ်မလား ရွေးချယ်ရမယ့်အချိန် ရောက်ပြီလို့ မန္တလေး PDF သတိပေး

လူငယ်တွေအနေနဲ့ အာဏာရှင်အတွက် အသက်ပေးမလား၊ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရင်း တိုက်ပွဲဝင်မှာလားဆိုတဲ့ တခုခုကို ရွေးချယ်ရမယ့်အချိန်ကို ရောက်ရှိလာပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (မန္တလေး PDF)က သတိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ လူငယ်‌တွေကို အတင်းအကြပ်စစ်မှုထမ်းစေပြီး အသေခံတပ်သားတွေ မွေးထုတ်နေတာ အခုဆို စစ်မှုထမ်းအပတ်စဉ်(၁၂)ကို ရောက်လာပြီဖြစ်ကြောင်း၊ စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ကြောင်း မန္တလေး PDFက ဒီနေ့ သတိပေးပါတယ်။ မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာလို့ မန္တလေး PDFက ဆိုပါတယ်။

◾️နမခ တိုက်ခိုက်မှု စစ်ကောင်စီတပ် ထိခိုက်မှုများဟု BWM ပြော

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါအဝင် ၉ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၆ဦးခန့်ရှိတယ်လို့ စစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့တဲ့ Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောပါတယ်။ တိုက်ခိုက်မှုကို မနေ့ ညပိုင်းက နမခအတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံးနဲ့ MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ပစ်မှတ်ထားကာ ၁၀၇ မမရှော့တိုက်ဒုံးသုံးလုံးဖြင့် တိုက်ခိုက်ရာ နှစ်လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ BWM ကအသိပေးပါတယ်။

◾️CDMဆရာဝန် မိသားစုနဲ့ ပြည်သူများ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှု NUG ရှုတ်ချ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ရက် မနေ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လတ် ၂၂ရက်မှာ နှမ်းခါးရွာ ဆေးခန်းကို လေကြောင်းတိုက်ခိုက်ခဲ့လို့ CDM ဆရာဝန် ဒေါက်တာမြစိုးအောင်၊ ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေနဲ့ သားဖြစ်သူ ၅နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၁ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NUG က ဖော်ပြပါတယ်။ ဆရာဝန်ဒေါက်တာမြစိုးအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေဟာ အထက်တန်းသူနာပြုဖြစ်သလို လေးလသားအရွယ် ကိုယ်ဝန်လွယ်ထားရသူဖြစ်ပါတယ်။ ဒေါက်တာမြစိုးအောင်ဟာ ဆေးခန်းလာလူနာများကို ဆေးကုသမှု ဆောင်ရွက်နေစဉ် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ အဲဒီလေကြောင်း တိုက်ခိုက်ခဲ့ကြောင့် ဆရာဝန်မိသားစု၊ လူနာ၊ လူနာစောင့်နဲ့ ပြည်သူ ၈ဦး စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲ ကလေးငယ်(၅)ဦးပါဝင်ခဲ့တယ်လို့ NUGက အသိပေးပါတယ်။
👍421🔥1🤣1
◾️စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာ အရေးယူဖို့ တိုက်တွန်း

မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေမှုများ ရပ်တန့်ရေး အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူလုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်ပါတယ်။ ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ပြီးခဲ့တဲ့ မတ်လ ၂၂-၂၃ နှစ်ရက်တာ ဆွေးနွေးပွဲကျင်းပခဲ့ရာ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ တော်လှန်ရေးအင်အားများက စစ်အုပ်စုရဲ့ အဓိကအသက်သွေးကြော စီးပွားရေးအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကနေ ရရှိနေတဲ့ ဝင်ငွေတွေနဲ့ ဝင်ငွေရလမ်းတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့ကြတာပါ။ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့(BMC)ကလည်း ထိုင်းလွှတ်တော်ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးခဲ့ပြီး စစ်အုပ်စုဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ရရှိနေတဲ့ ငွေကြေးများကို သုံးကာ လေကြောင်းတိုက်တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်းနဲ့ ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း မတ်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

◾️မိုင်းရှူးရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPPစီးနင်းပြီး တရုတ်နိုင်ငံသားအချို့ကို ဖမ်းဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင်တရုတ်နိုင်ငံသားအချို့နဲ့ ငွေလိမ်လုပ်ငန်း ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မိုင်းရှူးမြို့နယ် တောတွင်းတစ်နေရာမှာ တရားမဝင်ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်စု ရောက်ရှိနေကြောင်း သတင်းရ၍ မနေ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသား အချို့နဲ့ ဆက်စပ်ပစ္စည်းများဖြစ်တဲ့ ဖုန်းမျိုးစုံ ၊ iPad၊ ကွန်ပျူတာမျိုးစုံအများအပြား ဖမ်းရခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြပါတယ်။ ဖမ်းမိ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမယ်လို့ အသိပေးပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ စစ်ကောင်စီရဲ့ မတရားတဲ့ စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း အပါအဝင် ''ILo implement Article 33 On Myanmar Now 2025'' စာသားတွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃) အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ဖို့အတွက် "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း "We Stand With Ukraine" စာသားပါ အလံကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
👍43👎1🔥1🥰1
👍45🔥1
MNDAA နှင့် စစ်​ကောင်စီ​ ဆွေး​နွေးပဲသ​ဘောတူညီချက်မရ၍ လားရှိုးမြို့လေကြောင်းအန္တရာယ်သတိပေး

မတ်-၂၄၊၂၀၂၅။အိမ်သွင်/People's Spring

တရုတ်အစိုးရ၏အစီအစဉ်ဖြင့်တရုတ်နိုင်ငံကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
(MNDAA) နှင့် စစ်ကောင်စီဆွေးနွေးပွဲတွင် သဘောတူညီချက်မရရှိဘဲ ပြီးဆုံသွားပြီးနောက် လားရှိုးမြို့၌လေကြောင်းအန္တရာယ်သတိပေးချက်ကို MNDAA ၏ လားရှိုးမြို့ပြန်လည်ထူ​ထောင်​ရေး​ဆောင်ရွက်​နေသူတဦးက သတိပေးသည်။

"ဆွေးနွေးပွဲက မအောင်မြင်ဘူးလို့တော့ကြားရတာပဲ။အဲ့ဒါကြောင့်မလို့ ပြည်သူတွေအနေနဲ့ အဓိက ကတော့ လေကြောင်းအန္တရာယ်ကို ဂရုစိုက်ကြပါ။ လေကြောင်းတိုက်ခိုက်မှု မဖြစ်တာကြာပြီပဲဆိုပြီး ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ အထူးဂရုစိုက်ပါ။ စကစ သောက်ရူးတွေရဲ့ စိတ်က မမှန်ကြလို့ပါ"ဟု ၎င်းက လူမှုကွန်ရက်မှတစ်ဆင့်မတ်လ ၂၄ရက်ည၌သတိပေးသည်။

MNDAAနှင့်စစ်ကောင်စီသည်ကူမင်းမြို့တွင် မတ်
လ ၂၂ ရက်နေ့မှစ၍ တွေ့ဆုံကြပြီး နယ်မြေအုပ်
ချုပ်ရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းမရသည့်အ
ခြေအနေဖြစ်နေကြောင်း သတင်းရရှိသည်။MNDAA ကို လားရှိုးမြို့မှဆုတ်သွားပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့သည့်အတွက်ကြောင့် သဘောတူညီချက်မရရှိခဲ့ဘဲ ဆွေးနွေးပွဲမအောင်
မြင်ခဲ့ခြင်းဟု ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေး သတင်းရင်းမြစ်ကပြောသည်။

"ဆွေးနွေးပွဲကအဆင်မပြေဘူး။ဒါဆိုလေကြောင်းက စိုးရိမ်ရတယ်။ တော်တော်လေးသတိထားနေရမှာဟုတ်တယ်။ဆွေးနွေးပွဲရလဒ်ကလည်း စစ်ကောင်စီ လားရှိုးကိုပြန်ဝင်မလာရေးပဲအရေးကြီးတာ"ဟုလားရှိုးမြို့ဒေသခံတစ်ဦးကပြောသည်။

မတ်လ ၂၀ ရက်ညတွင် ဒေသခံအချို့က
MNDAAအ​နေဖြင့် လားရှိုးမှပြန်လည် မဆုတ်ခွာရန်နှင့် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ပေးရန် ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

မြန်မာအရေးအပေါ် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုသည့် ဓာတ်ပုံ၊ စာသားများအား မြို့ နေရာအချို့၌လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။

လားရှိုးမြို့တွင် MNDAA အုပ်ချုပ်ရေး ယန္တရားများ ဆက်လက်လည်ပတ်နေပြီး လာမည့် သင်္ကြန်ပွဲတော်ကိုလည်း စည်စည်ကားကား ကျင်းပမည်ဖြစ်ကြောင်း MNDAAဘက်က သတင်းထုတ်ပြန်ထားသည်။

MNDAAအပြင် စစ်ကောင်စီသည်တရုတ်အစိုး
ရ၏ဖိအား​ပေးမှုဖြင့် တအာင်းအမျိုးသားလွတ်
မြောက်ရေးတပ်မတော်(TNLA)နှင့်လည်း ဆွေးနွေးခဲ့သည်။ TNLAနှင့် စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်က ကူမင်းမြို့၌‌ ‌ဆွေးနွေးမှုအဆင်မပြေခဲ့ကြောင်း TNLAက ဖေ‌ဖော်ဝါရီလ ၁၉ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ထို့နောက် နာရီပိုင်းအကြာတွင် စစ်ကောင်စီက နောင်ချိုမြို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့သည်။ဒေသခံ
သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။

လက်ရှိကာလသည် မြောက်ပိုင်းညီနောင်သုံးသုံးဖွဲ့အတွက် အစမ်းသပ်ခံကာလဖြစ်ပြီး စည်းလုံးညီ
ညွတ်မှုနှင့် နားလည်မှုပိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟုမတ်လ ၁၁ ရက်နေ့က ကျင်းပသည့် MNDAA ၏ (၃၆) နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ TNLAနှင့် အာရက္ခတ​ပ်တော် (AA) က သဝဏ်လွှာပေးပို့ခဲ့သည်။ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကိုညီနောင်မဟာမိတ်ပီသစွာဖြင့် စု
စည်းကျော်ဖြတ်သွားရန် အမြဲအသင့်ရှိသည်ဟု TNLA နှင့်AAက အသိပေးထားသည်။
👍1043🔥2