People's Spring
65K subscribers
63.8K photos
1.11K videos
3 files
2.79K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရေးဆေးခန်းများ၊ စစ်ဘေးရှောင်စခန်းများ၊ စျေးများပါမကျန် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်
ဆောင်ဖို့ အခက်အခဲများစွာရှိကြောင်း KNPP မှ မော်သဲမြာက ထိုင်းလွှတ်တော်ဆွေးနွေးပွဲမှာ ပြောပါတယ်။ ဒါပေမဲ့ ကရင်နီပြည်မှာ လုပ်နိုင်သမျှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးနေကြောင်း မော်သဲမြာက ဆက်ပြောပါတယ်။

“ဒီတော်လှန်ရေးမှာ လူငယ်တွေ ဦးဆောင်ပြီး ဒီတကြိမ် ကျွန်မတို့ပြည်သူတွေ အနိုင်ရလိမ့်မ​ယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ မောင်းနှင်နေပါတယ်။ ကျွန်မတို့ အရင်လို ရှုံးနိမ့်မှာမဟုတ်ပါဘူး” လို့ မော်သဲမြာက ပြောပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ထိုင်းလွှတ်တော်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ချက်နိုင်ငံသား မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မစ္စတာအီဂေါဘလာဇီဗစ်ကလည်း နွေဦးတော်လှန်ရေးကြီးရဲ့ မယိမ်းမယိုင်သော စိတ်ဓာတ်၊ ဆုံးဖြတ်ချက်သန္နိဋ္ဌာန်နဲ့ တီထွင်ဖန်တီးနိုင်မှုတို့ကြောင့် မြန်မာပြည်သူပြည်သားများရဲ့ အောင်ပွဲကြီးရနိုင်မှုကို ယုံကြည်နေတယ်လို့ ပြောပါတယ်။
👍637🤣4👏2
ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့မတ်လ ၂၂-၂၃ နှစ်ရက်တာဆွေးနွေးပွဲပြုလုပ်ခဲ့
စဥ်။ဓါတ်ပုံ-BMC ၊ APHR
👍75🥱3👏1🤣1
စလင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

▪️သတ်ဖြတ်ခံရသည့် ပြည်သူလေးဦး၏ရုပ်အလောင်းတွေ့

မတ် ၂၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်စက်စွာသတ်ဖြတ်ခံရသည့် ပြည်သူလေးဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း စလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မတ်လ ၂၄ ရက်)နံနက် ၁၁နာရီခန့်က စလင်းမြို့နယ်၊ ငါးသန်ခေါင်းအုပ်စု၊ ဂွေးကုန်းရွာ၊ ရွှေစံရာဘုရားကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဟု ဆို သည်။

"၁၀ နာရီ ၅၀လောက်မှာတိုက်ခိုက်ခံရတာပါ။(၇၆) =နှစ်အရွယ် ဦးဇင်းကြီးတစ်ပါးပျံလွန်တော်မူပါတယ်။တိုက်ပွဲလည်း မရှိပါဘူး"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် မတ်လ ၇ ရက်မှ ၁၆ရက်အထိ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း - တညောင်လမ်းပိုင်းကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုဖြစ်စဉ်အတွင်း ကျပင်းကျေးရွာအုပ်စု ကျပင်းမြောက်ရွာမှ အရပ်သားလေးဦးကို ရက်စက်စွာသတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း အသိပေးသည်။

"အသက်၄၀ အရွယ်တဦးနဲ့ ၅၀ခန့် နှစ်ဦး ၆၀ ကျော်တစ်ဦးပါ။အမည်တွေကတော့ မိသားစုတွေ လုံခြုံရေးအတွက် မပြောသင့်ဘူးလို့ ယူဆပါတယ်။တစ်ဦးက လေဖြန်းထားသူလို့ သိရပါတယ်မိသားစုကခေါ်ပေမယ့် မလိုက်ဘဲငြင်းဆိုပြီး ရွာထဲမှာ ကျန်ရစ်ခဲ့တာလို့ သိရတယ်"ဟု စလင်း ပအဖ တာဝန်ရှိသူက စစ်ကောင်စီသတ်ဖြတ်ခံရသူများ၏ ဖြစ်စဥ်ကို ရှင်းပြသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းထိုးစဥ် စလင်းဒေသခံပြည်သူ ငါးဦးမှာလည်း စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသည်။ မီးရှို့ခံရသော နေအိမ်များနှင့် စစ်ရှောင်ပြည်သူများအတွက် မြို့နယ်ပကဖ က အကူအညီတောင်းခံထားသည်။

မတ်လ ၁၇ရက်တွင် စလင်းမြို့နယ်သို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဆိပ်ဖြူမြို့နယ်မှ ချောက်နှင့် မကွေးမြို့သို့ ဆုတ်ခွာသွားကြောင်းသိရသည်။

ယနေ့ နံနက်ပိုင်းတွင် မြိုင်နှင့် မန္တလေးတိုင်း၊ တောင်သာမြို့တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။
🤬547👍4😡3🤣1
(စလင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပျက်စီးနေသည်ကို မတ်လ ၂၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - စလင်း ပအဖ)
😢46🤬275🤣2😡2👍1👎1
ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီဂိတ်အား တိုက်ခိုက်

မတ် - ၂၄ ၊ ၂၀၂၅။ ကျော်ဇော/People's Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ဂိတ်ချ၍ ပြည်သူများအားဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်တွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို မတ်လ ၂၂ ရက် နေ့လယ် ၃ နာရီခန့်တွင် ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"၂၀၊၃၀လောက် ယာယီတပ်စွဲပြီး ၁ ရက် ၂ရက်လောက်နေပြီး ပြန်သွားလေ့ရှိပါတယ်ဗျ"ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေရာမှ စစ်ကောင်စီတပ်အခြေအနေကို ဒူရကစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်းက အသိပေးသည်။

အလားတူ မတ်လ ၁၈ ရက်ကလည်း ထား ဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စျေးထွက်ဝယ်ချိန် ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ သေနတ်သုံးလက် ရရှိခဲ့သည်။

ထို့အပြင် မတ်လ ၇ ရက် တစ်ရက်တည်းတွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး ဟာလီကွေ့ရှိ စစ်တပ်စစ်ရေးဂိတ်နှင့် ရေဖြူမြို့အဝင် တံတားထိပ်စစ်ဆေးရေးဂိတ်တို့ကို ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ငါးဦးသေဆုံးခဲ့သေးသည်။
👏50👍18🤣3🔥1
(ဒူရကစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - ဒူရကစစ်ကြောင်း)
👏50👍187🤣3🔥1
ပေါက်မြို့နယ် ရေနယ်နံ‌မှော်အနီးရွာကို စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်

ပြည်သူ ၄ဦးခန့်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်

မတ် - ၂၄ ၊ ၂၀၂၅။ မေ/People's Spring

စစ်ကိုင်းတိုင်း၊ပေါက်မြို့နယ်၊‌ ရေနယ်နံ‌မှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ၂၄ရက် ဒီနေ့ နေ့လည် ၁၂နာရီ၄၅မိနစ်မှာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က နယ်သတ် ကျေးရွာကို စစ်ကောင်စီတပ်က Jet Fighter နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပစ်ခတ်တာတွေပါပြုလုပ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နေအိမ်တစ်လုံးမီး လောင်ဆုံးရှုံးခဲ့ပြီး ရွှေရင်အေး ရောင်းတဲ့ဈေးသည်ရဲ့ဆိုင်ကယ်လည်း မီးလောင်တဲ့အထဲ ပါသွားတယ်လို့သိရပါတယ်။

ဒါ့အပြင် ဗုံးအစထိမှန်ဒဏ်ရာရသူ ၄ဦးထပ်မနည်းရှိခဲ့ပြီး အဲဒီအထဲက အသက်၃၅နှစ်အရွယ်အမျိုးသားဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

"အိမ်တွေကို သပ်သပ်လာကြဲတဲ့ပုံပါပဲ။ပထမတလုံးပ မှားချတာ။ရွာမြောက်ဘက်ကျပြီး ထန်းပင် တွေတောင် ပျက်ထွက်ကုန်တယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဖြစ်ပြီး PDFတပ်စွဲ နေထိုင်တဲ့နေရာလည်း မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ၂၃ရက် ညပိုင်းကလည်း စက်တပ်လေထီးနဲ့ လောင်းရှည်ရွာနဲ့ ဂွေးခုံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ သေးတယ်လို့ သိရပါတယ်။
🤬58👍8😡4🤣32🖕1
😡39👎8🔥2😭2🤬1🤣1
(စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬51😡6👍4😢4😁32👎1
နမခ တိုက်ခိုက်မှု စစ်ကောင်စီတပ် ထိခိုက်မှုများဟု BWM ပြော

မတ် - ၂၄ ၊ ၂၀၂၅။ သတိုး/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါအဝင် ကိုးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၆ဦးခန့်ရှိကြောင်း ယင်းစစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့သည့် Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောသည်။

"ချက်ကောင်းထိ သွားလို့ပါ။ ဘာပဲဖြစ်ဖြစ် ခုလိုထိထိရောက်ရောက်ဖြစ်သွားတဲ့အတွက် ရှေ့ဆက်မစ်ရှင်တွေလုပ်ဖို့ အားတက်မိပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကို မတ်လ ၂၃ ရက် ည ၉ နာရီခွဲခန့်တွင် နမခအတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နှင့် MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ပစ်မှတ်ထား၍ ၁၀၇ မမ‌ရှော့တိုက်ဒုံးသုံးလုံးဖြင့် တိုက်ခိုက်ရာ နှစ်လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း BWM ကအသိပေးထားသည်။

ပစ်ခတ်မှုကြောင့် နမခ၏ အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ကာ အရာရှိတစ်ဦးနှင့် တပ်ကြပ်ကြီးစာရေးများအပါအဝင် အခြားအဆင့် ၆ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများအနက် နှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ရဟတ်ယာဉ်ရပ်နားသည့် ဂိုဒေါင်မီးလောင်ခဲ့ကာ လုံခြုံရေးယူနေသည့် တပ်နယ်အသီးသီးမှ အရာရှိ၊စစ်သည်အရံစစ်ကြောင်း (၁)မှ အရာရှိတစ်ဦးနှင့် အခြားအဆင့် ၆ဦးသေဆုံးပြီး စစ်သည် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်ဟု BWMက အသိပေးထားသည်။

"တစ်ခုထူးခြားတာက ဒီတစ်ခေါက် ကျနော်တို့ရဲဘော်တွေပစ်တာကို သူတို့ဘက်က ပြန်ကိုမပစ်ခဲ့ဘူး၊ ပြန်ပစ်မယ့်လူတွေရှိတဲ့နေရာတည့်တည့်ကိုပဲ ကျသွားလို့လား၊ အခြားအကြောင်းကြောင့်လားတော့စဥ်းစားစရာပါပဲ"ဟု BWMမှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ ထိခိုက်မှုများအပြင် အမှတ်(၈၁)ဆက်သွယ်ရေးအလုပ်ရုံအတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းများလည်း မီးလောင်ခဲ့ပြီး ပုံမှန်အားဖြင့် နမခမှနေ့စဉ် M-17 စစ်ရဟတ်ယာဉ် နှစ်စီးအတက်အဆင်းပြုလုပ်လေ့ရှိသော်လည်း ယနေ့တွင် တစ်စီးသာအတက်အဆင်းပြုလုပ်နေသောကြောင့် ရဟတ်ယာဉ်တစ်စီးလည်းထိခိုက်မှုရှိနိုင်ကြောင်း BWMက ဆိုသည်။

သို့သော် စစ်ကောင်စီတပ်မှ ထိခိုက်မှုနှင့်ပတ်သက်၍ လူထုနွေဦး အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အဆိုပါစစ်ဆင်ရေးကို BWM၏ဦးဆောင််မှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့ပူး‌ပေါင်း၍ စစ်ကောင်စီ၏ ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့အဖွဲ့အနေနဲ့ နိုင်ငံတဝှမ်းက တော်လှန်ရေးညီအစ်ကိုမောင်နှမများနှင့်ဟန်ချက်ညီညီဆက်လက်တိုက်ပွဲဝင်သွားမည်ဆိုတာကို ပြောချင်ပါတယ်" ဟု BWM မှ တာဝန်ရှိသူကပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီ၏ လက်ရုံးတပ်ဖွဲ့များ စစ်ရေးကွပ်ကဲမှုပေးနေသော အရေးပါသည့်စစ်ဌာနချုပ်ဖြစ်သည်။

ထို့အပြင် ပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်များနှင့် စက်တပ်လေထီးများဖြင့် ဗုံးကြဲသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။

လက်ရှိ နမခတိုင်းမှူးသည် ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဖြစ်ကာ ၂၀၂၄ ဒီဇင်ဘာလ ၁၈ ရက်တွင် အမှတ် (၁၃)တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း)ကျောင်းအုပ်ကြီးအဖြစ်မှ ပြောင်းရွှေ့လာသူဖြစ် သည်။
53👍30👏10🤣3
👍6515👏8🤣3
(ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ပစ်ခတ်တိုက်ခိုက်​နေသည်ကို ၂၀၂၄ ဒီဇင်ဘာ ၆ရက်က တွေ့ရစဥ်။ဓာတ်ပုံ - BWM)
54👍16🤣4👏2
■​ဆောင်းပါး

"မိခင်​တွေ ​သောကပြိုင်ကြရတဲ့​နေ့ "

Scorio/People's Spring

စကျင်ကျောက်သားဖြူဖြူနဲ့ထုထားတဲ့ ဗုဒ္ဓဆင်း
တုတော်ရှေ့မှာ စတစ်ကော်လာအဖြူနဲ့ ပုဆိုးကို ကျကျနနဝတ်ထားတဲ့လူတစုက ထိုင်နေတယ်။ သူတို့ရှေ့မှာတော့ ငါးဆယ်အထက် လူကြီးပိုင်းတွေ မျက်နှာမသာမယာနဲ့ထိုင်နေကြတယ်။

ဒီကနေ့ ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာလုပ်တဲ့ မန္တလေး၊ မဟာအောင်မြေမြို့နယ်က ရပ်ကွက်တခုရဲ့ဓမ္မာရုံထဲမှာပြုလုပ်တဲ့ စစ်မှုထမ်း မဲနှိုက်ရွေးချယ်ပွဲ မြင်ကွင်းတခုပဲ ဖြစ်ပါတယ်။

၂၀၂၃ မတ်လက စခဲ့တဲ့ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းခေါ်ယူမှုဟာ အခုဆို အပတ်စဥ် (၁၂)ကို ရောက်နေခဲ့ပါပြီ။ စစ်​ကောင်စီဟာ နိုင်ငံတစ်ဝန်းပြည်သူ​တွေနဲ့ ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ ကာလရှည်ခုခံတွန်းလှန်မှု​ကြောင့်​သေဆုံးဒဏ်ရာရသူ ၊
ထွက်​ပြေးသူ ၊အလင်းဝင်သူ ၊CDMဝင်သူ​တွေများပြီး စစ်ထဲဝင်လိုနည်းပါးလာသလို စစ်ပွဲ​တွေဆက်တိုက်ရှုံးလာချိန်မှာ စစ်ဗိုလ်ချုပ်​တွေရဲ့သားသမီးမှအပ အရွယ်​ရောက်သူတိုင်းစစ်မှုထမ်းရမယ်ဆိုပြီး စစ်မှုမထမ်းမ​နေရဥပ​ဒေကိုပြဌာန်ခဲ့တာဖြစ်ပါတယ် ။

စစ်သင်တန်းအမှတ်စဥ် တစ်ခုကို သင်တန်းသားငါး​ထောင် ​ခေါ်ယူဖို့လုပ်တာ​ကြောင့်အခုဆိုရင် အဓမ္မစစ်သားသစ်စု​ဆောင်းခံရသူ ငါး​သောင်းဝန်းကျင်ရှိ​နေနိုင်ပါပြီ။ သုံးလတာစစ်သင်တန်း​ပေးပြီး ​ရှေ့တန်းပို့စစ်တိုက်ခိုင်းတာ​ကြောင့် သင်တန်းဆင်းစစ်သားသစ်​တွေဟာ ရခိုင်၊ကရင်မ ၊စစ်ကိုင်း ၊မ​​ကွေး ၊ကရင်နီ ၊ကချင် စတဲ့နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ ​သေဆုံးဒဏ်ရာရတာ ၊ထွက်​ပြေးတာ ၊အလင်းဝင်တာမနည်း​တော့ပါဘူး။
​တော်လှန်​ရေးအဖွဲ့​တွေက ခုခံစစ်က​​နေ ထိုးစစ်အသွင်​​​ပြောင်းလာကြပြီး စစ်ရှိန်မြင့်လာတာ​
ကြောင့်စစ်အုပ်စုအတွက် စစ်သားသစ်​ခေါ်ယူမှုကလည်း ​ခေါ်မ​လောက်ဖြစ်​နေပါတယ် ။

ဒါ​ကြောင့် လစဥ်စစ်သားသစ်​ခေါ်တာတနှစ်ပြည့်​
ပေမယ့် ​ခေါ်မ​လောက်ဖြစ်​နေတာမို့စစ်​ကောင်စီဟာ အရင်လို သူ့ရပ်ကွက်နဲ့သူ အဆင်ပြေသလို ခေါ်ယူရာကနေ မဟာအောင်မြေမြို့နယ်ကို ပထမဆုံးအနေနဲ့ မြို့နယ်လုံးကျွတ် တပြိုင်နက် စစ်မှုထမ်းမဲနှိုက်စေခဲ့တာဖြစ်ပါတယ်။

"တရပ်ကွက်လုံးကို ပြောင်းဆန်သွားတာပဲ။"လို့ မဲနှိုက်ရတဲ့ရပ်ကွက်မှာနေထိုင်တဲ့ အိမ်ထောင်ရှင် အမျိုးသမီး မမြ(အမည်လွှဲ)က ပြောပါတယ်။ မမြတို့လင်မယားက နယ်ကနေတက်လာပြီး အလုပ်လုပ်ရင်း မဟာအောင်မြေမြို့နယ်ထဲက ရပ်ကွက်တခုမှာ အိမ်ငှားနေပါတယ်။ မမြရဲ့ယောကျာ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ သူ့နယ်မှ စစ်မှုထမ်းဆင့်ခေါ်ခံရပါတယ်။

မြို့ပေါ်ရောက်နေလို့ လွတ်ပြီလို့တွေးချိန် သူတို့နေတဲ့ရပ်ကွက်မှာပါ စစ်မှုထမ်းမဲနှိုက်ရမယ်လို့ သူ့အမျိုးသားက ပြည်ပထွက်ပြေးသွားခဲ့ပြီလို့ သူကပြောတယ်။ ဒါပေမယ့် အခုရပ်ကွက်မှာတော့ ဧည့်စာရင်းနဲ့နေတဲ့သူတွေကို မပါသေးဘူးလို့ သူကဆိုတယ်။

မန္တလေးမြို့ပေါ် ၇ မြို့နယ်အနက် လူဦးရေထူထပ်တဲ့ မဟာအောင်မြေမြို့နယ်ကို စစ်ကောင်စီက မြို့နယ်လုံးကျွတ် တပြိုင်တည်း စစ်မှုထမ်းမဲနှိုက်စေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ထွေအုပ်က ၂၀၂၃ပြုစုထားတဲ့ အချက်အလက်တွေအရ မဟာအောင်မြေမြို့နယ်ဟာ အရှေ့မှအနောက်သို့ ၅.၄မိုင်ရှိပြီး တောင်ကနေ မြောက်သို့ ၁.၆ မိုင် ရှည်လျားပါတယ်။ လူဦးရေ ၁၉၆၀၀၀ ကျော်နေထိုင်တယ်လို့ဆိုပါတယ်။ ဆန္ဒမဲပေးနိုင်တဲ့အသက် ၁၈ နှစ်ပြည့်ပြီးသူ
၁၄၀,၀၀၀ ကျော် ရှိပါတယ်။

Voice of Mandalay ကရရှိထားတဲ့ သတင်းပေးပို့ချက်တွေအရတော့ မဟာအောင်မြေမြို့နယ်မှာ စစ်မှုထမ်းမဲနှိုက်ရမယ့်ရပ်ကွက်တွေက ပွတ်တန်း၊ မဟာနွယ်စဉ်၊ သံလျက်မော်အရှေ့၊ မဟာအောင်မြေအနောက်၊ ချမ်းမြသာစည်မြောက်၊ မဟာမြိုင်၊ ဟေမမာလာမြောက်၊ ရဲမွန်တောင်၊ စင်္ကြာနွယ်စဉ်နဲ့ ဒေးဝန်းအရှေ့ရပ်ကွက်တွေလည်း ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောင်မြေသာစံမြို့နယ်က သီရိမာလာ အရှေ့ရပ်ကွက်မှာလည်း စစ်မှုထမ်းမဲနှိုက်မယ်လို့ သိရပါတယ်။

"ကြားထားတာက ရပ်ကွက်အလိုက် ၁ ရပ်ကွက် ၃ယောက် လို့ကြားထားတာ။ ပြီးတော့ အပတ်စဥ် ၁၀ပတ်စဥ်အတွက် တစ်ခါတည်း အကုန်မဲ နိုက်မှာလို့လဲ ကြားထားတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ မဲနှိုက်မယ့် ကျောင်းတွေ၊ ဓမ္မာရုံတွေ၊ ရပ်ကွက်ရုံးတွေရှိမယ့်လမ်းတွေကို ပတ်
ပတ်လည်ပိတ်ဆို့လိုက်ပြီး လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေ အများအပြားနဲ့ လုံခြုံရေးယူထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"အဲရပ်ကွက်နေတဲ့သူမဟုတ်ရင် ဘယ်သူ့မှ လမ်းထဲတောင် ပေးမဝင်ဘူး။ အကုန်ပြန်လွှတ်တယ်။"
လို့ ဒေသခံတဦးက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်က မဲနှိုက်ပြည်သူတွေရဲ့အခြေအနေကို မသိရသေးပေမဲ့ အခြားမြို့နယ်တွေမှာ မဲနှိုက်စဥ်ကတော့ မိဘတွေ တော်တော်စိတ်ဒုက္ခရောက်ခဲ့ကြတယ်လို့ မိခင်အချို့က ရင်
ဖွင့်ကြပါတယ်။ လုံခြုံရေးအရရော၊ စိတ်ပိုင်းဆိုင်
ရာအခြေအနေအရပါ ကာယကံရှင်ဖြစ်တဲ့သားတွေဟာ ကိုယ်တိုင်လာနှိုက်တာမျိုး နည်းပါးခဲ့ကြတယ်။

အဲဒီအခါ မိခင်တွေဟာ ရန်တုန်ပန်းတုန်နဲ့ပဲ မဲလိပ်ကို ဘုရားစာရွတ်ရင်း ချွေးသီးချွေးပေါက်တွေကျပြီး မဲနှိုက်ခဲ့ကြတယ်။ မဲပေါက်သွားသူမိခင်တွေဟာ သေတွင်းထဲကိုယ်တိုင်ပို့လိုက်ရသလို ခံစားမှုမျိုးနဲ့ ငိုကြွေးခဲ့ကြတယ်လို့ မန္တလေးမြို့က စစ်မှု
ထမ်းမဲနှိုက်အတွေ့အကြုံရှိတဲ့ မိခင်တွေက ပြောပြတယ်။
👍43🖕17😢8🤣1
"မအေတယောက်ဆို သူ့သားအတွက်နှိုက်ပေးတာ မဲပေါက်လို့ဆိုပြီး မူးပါလဲတာ။"လို့ မန္တလေး ချမ်းမြသာစည်မြို့နယ်မှာနေတဲ့ မိခင်တဦးက ပြောပြတယ်။ မဟာအောင်မြေက မိခင်တွေလည်း ထို့နည်းတူခံစားနေရမှာပဲလို့ အဆိုပါမိခင်က ပြောပါတယ်။

မဟာအောင်မြေပြီးရင် ကျန်တဲ့ မြို့နယ်တွေမှာလည်း အခုလို မြို့နယ်လုံးကျွတ် စစ်မှုထမ်းမဲနှိုက်ရမယ့်အခြေအနေရှိတယ်လို့လည်း မြိုခံတချို့က ယူဆတယ်။

မဟာအောင်မြေမြို့နယ်က မမြကတော့ သူ့အမျိုးသား လွတ်မြောက်သွားလို့ ဝမ်းသာခဲ့ပေမဲ့
မဲနှိုက်ရတဲ့သူတွေအတွက် စိတ်မကောင်းဘူးလို့ပြောတယ်။ မဟာအောင်မြေက ဓမ္မာရုံတွေထဲမှာတော့ မိခင်တွေ သောကချင်းပြိုင်နေကြတုန်းပါ။
ဒါ​ပေမယ့် စစ်​ကောင်စီက နိုင်ငံတဝန်းတိုက်ပွဲ​တွေမှာ ​ရှေ့တန်းကို ပို့ပြီး စစ်ဗိုလ်ချုပ်​​တွေအတွက် အ​သေခံ တိုက်ခိုင်းဖို့ စစ်သားသစ်​တွေထပ်လို​နေတာမို့ အခုလိုမဲနှိုက်တာဟာ ​နောက်ဆုံးအကြိမ်မဟုတ်ပါဘူး။ ​ရှေ့ဆက် လုပ်ရသ​လောက်လုပ်​နေကြဦးမှာဖြစ်ပါတယ် ။

စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်
ထင်ထင် ကြေငြာမောင်းခတ်လာပြီလို့ မန္တလေး
PDFကမတ်၂၄ရက်မှာသတိပေးပါတယ်။

"မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ်
မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေး ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ပါတယ်။"လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အခုလိုလုပ်ရပ်တွေ ဆက်တိုက်လုပ်နေမှာဖြစ်လို့ ကျေးလက်ကော မြို့ပြက လူ
ငယ်တွေ ကျား/မ မရွေး ကြုံတွေ့လာရနိုင်တဲ့ ဘေးဒုက္ခဖြစ်ကြောင်း၊ ဒါကြောင့် လူငယ်တွေအနေနဲ့ စစ်အာဏာရှင် လက်အောက်မှာ အသက်ကိုစတေးပြီး စစ်မှုထမ်းမလား (သို့) တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲပြီး ဒီစစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်မလားဆိုတာ ရွေးချယ်ကြဖို့ လိုအပ်လာပြီဖြစ်ကြောင်း မန္တလေး PDFက ထပ်မံ သတိပေးပါတယ်။

"နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင်တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း ကိုယ်ဘာအတွက် ဘယ်သူ့အတွက် လက်နက်ကိုင်မလဲဆိုတာစဉ်းစာဆုံးဖြတ်
ဖို့လိုပါတယ်။ အာဏာရှင် အသက်ဆက်နိုင်ရေး နဲ့ လူတစ်စုရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့အတွက် အသက်ပေးတိုက်ပွဲဝင်မှာလား ၊ ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခပေးနေတဲ့ အာဏာရှင်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ရင်း တိုက်ပွဲဝင်မှာလားဆိုတဲ့ လမ်းဆုံလမ်းခွကိုရောက်ရှိလာပြီဖြစ်ပါတယ်။"
လို့ မန္တလေး PDFက ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေနဲ့ စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ ၊ ကျွန်တော်တို့နဲ့အတူ စစ်အာဏာ
ရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/မ မရွေးကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်လျက်ရှိတယ်လို့ MDY PDFက အသိပေးပါတယ်။ ။
🤬52👍17💩2🤣1🖕1
မန္တ​လေးမြို့မှာ စစ်​အုပ်စုအတွက် စစ်သားသစ်ရရန် သားသမီးများကိုယ်စားမဲ နှိုက်​နေကြရတဲ့ မိခင်နဲ့မိသားစုဝင်​တွေ
👎31👍13😢9🤬7🥰4🔥1🤣1