People's Spring
65K subscribers
63.8K photos
1.11K videos
3 files
2.79K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ဓာတ်ပုံ - အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်၍ နေအိမ်မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်)
😡59🤬20👍54👎3🤣1
ပေါင်းတည်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ဒေသခံနှစ်ဦးသေဆုံး၊ ၁၁ဦးဒဏ်ရာရ

မတ် ၂၄၊ ၂၀၂၅။ မိထက်/People's Spring

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ရိုးမအစပ်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးရိုးမအစပ်မှ ကျေးရွာတစ်ရွာကို ယမန်နေ့(မတ်လ ၂၃ရက်)ညက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံသတင်းရင်းမြစ်ကပြောသည်။

"တိုက်ပွဲမရှိဘဲ စစ်ကြောင်းဝင်လာတာ။ စစ်ကြောင်းဝင်နေချိန် လေကြောင်းကပါ ပစ်တာ။ သေဆုံးတာက အမျိုးသားနှစ်ယောက်ပါ။ ဒဏ်ရာရတာက အမျိုးသမီးတွေပါတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီအင်အား ၂၀၀ခန့်သည် နတ္တလင်းမြို့နယ် တောင်ညိုနှင့် လယ်မအင်းရွာ၌ ရှိနေပြီး ရိုးမအတွင်း စစ်ကြောင်းထိုးရန် ကြိုးစားနေကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ပဲခူးတိုင်းအတွင်း ပေါက်ခေါင်းမြို့နယ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးသေဆုံးခဲ့သည်။

ပဲခူးတိုင်းအတွင်း မင်းလှ၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့တို့၌ တိုက်ပွဲများဖြစ်နေပြီး ယနေ့(မတ်လ ၂၄ရက်) နံနက် အ‌စောပိုင်းကလည်း ပြည်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးသေဆုံးကြောင်း မြို့ခံအချို့ကပြောသည်။
😡51👍15🤬7😭32🔥1🤣1
😡65🤬7👍63👎2😭1
ဒီးမော့ဆို PDF၏ အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်

မတ် ၂၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်(DMO Local PDF)၏ ပထမဆုံးအကြိမ် အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်က အသိပေးထုတ်ပြန်သည်။

အမျိုး သားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို PDF၏ အရာရှိသင်တန်း အပတ်စဥ်(၁)နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့(မတ်လ ၂၃ ရက်)က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သင်တန်းဆင်းပွဲတွင် အရာရှိနှင့်တပ်သား ၂၆၀ကျော်တက်ရောက်ပြီး သင်တန်းအား (၄၅) ရက်ကြာ ပြုလုပ်ခဲ့ကြောင်း ဒီးမော့ဆို PDFက အသိပေးသည်။

"အရာရှိသင်တန်းက ပထမဆုံးအကြိမ်ပါ"ဟု ဒီးမော့ဆို PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တပ်ခွဲမှူး၊တပ်စုမှူးနှင့် တပ်စိတ်မှူး စသည့် အရာရှိရဲဘော် ၆၀ ကျော်အား သင်တန်းဆင်းခဲ့ခြင်းဟုလည်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒေသခံတာဝန်ရှိသူများ၊ CDM ဆရာဝန်များ၊ အလှူရှင်များ၊ တော်လှန် ရေးမှတပ်ဖွဲ့အသီးသီးနှင့် အလယ်ပိုင်းတိုင်းစစ်ဒေသမှ စစ်ဖက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ် စားလှယ်များမှတက်ရောက်ခဲ့ကြောင်း ဖော်ပြသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က သင်တန်းဆင်းပွဲကို သဝဏ်လွှာ ပေးပို့ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တည်ထောင်ဖွဲ့စည်းခဲ့သည့် ဒီးမော့ဆို PDFနှင့် ၎င်း၏ တပ်ခွဲများတွင် အင်အား ၂,၀၀၀ နှင့် ၃,၀၀၀ ကြားရှိနိုင်ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်များက ခန့်မှန်းထားသည်။
👍7222😁6
71👍14😁2
78👍16🔥2😁2
(ယမန်နေ့က သင်တန်းဆင်းခဲ့သည့် ဒီးမော့ဆို PDF၏ အရာရှိနှင့်တပ်သားများကို တွေ့ရစဥ်။ဓာတ်ပုံ - DMO Local PDF)
99👍15😁3
ဝိုင်းမော်မြို့နယ်တွင် KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

မတ် ၂၄၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့(မတ်လ ၂၄ရက်)အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“ သူတို့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတယ်။ ဒီလောက်ပဲ သိရသေးတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က ဝင်ရောက်လာ၍ မတ်လ ၂၁ရက်က စတင်တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲဆက်ရှိနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

KIAပူးပေါင်းတပ်သည် ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် အချို့နှင့် ဗျူဟာစခန်းများအပါအဝင် တပ်စခန်းများစွာ သိမ်းပိုက်ထားရာ စစ်ကောင်စီတပ်အချို့သာ ကျန်တော့သည်။

KIAပူးပေါင်းနှင့် စစ်ကောင်စီတပ်တို့သည် မတ်လ ၂၂ရက်ကလည်း ဖားကန်မြို့နယ်တွင် တိုက်ပွဲရှိခဲ့သည်ဟု KIAက အသိပေးထားသည်။ စစ်ရေးအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIAပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို အရှိန်မြှင့် ဖော်ဆောင်နေစဉ် စစ်ကောင်စီကလည်း ဖားကန့်၊ တနိုင်း၊ ဝိုင်းမော်၊ ပူတာအို၊ မြစ်ကြီးနား မြို့နယ်များ၌ စစ်ရေးလှုပ်ရှားခြင်း၊ အင်အားဖြည့်တင်းခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

“ဗန်းမော် ထူးခြားစစ်ရေး မသိရသေး”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KIAပူးပေါင်းတပ်သည် ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ်၊ ခြေလျင်တပ်အချို့နှင့် လေယာဉ်ကွင်းကို သိမ်းပိုက်ထားပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အပြီးသတ်သိမ်းနိုင်ရေး တိုက်ခိုက်နေခြင်းဖြစ်သည်။အဆိုပါ စကခ(၂၁)၏ ကာကင်း စခန်းများအနက် စခန်းအများစုကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။
👍91🔥1🥰1👏1🤣1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍6921🥰5🔥1👏1🤣1
စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှုရပ်တန့်​ရေး ထိုင်းအပါအဝင် နိုင်ငံတကာက အ​ရေးယူ​ပေးရန် ​တော်လှန်​ရေးအင်အားစုများ​တိုက်တွန်း

မတ် ၂၄၊ ၂၀၂၅။ အီယိုရီ/People’s Spring

မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်
ခိုက်နေမှုများ ရပ်တန့်ရေး အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေး
ယူလုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်ပါတယ်။

ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ပြီးခဲ့တဲ့ မတ်လ ၂၂-၂၃ နှစ်ရက်တာ ဆွေးနွေးပွဲကျင်းပခဲ့ရာ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ တော်
လှန်ရေးအင်အားများက စစ်အုပ်စုရဲ့ အဓိကအသက်သွေးကြော စီးပွားရေးအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)
ကနေ ရရှိနေတဲ့ ဝင်ငွေတွေနဲ့ ဝင်ငွေရလမ်းတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့ကြတာပါ။

“ကျွန်မတို့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအသိုင်း
အဝိုင်းက မိတ်ဆွေတွေကို အဓိက တောင်းဆိုစရာတစ်ခုရှိပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံး
ကြဲမှုတွေ ရပ်တန့်ဖို့လုပ်ဆောင်နိုင်သမျှ လုပ်
ဆောင်ဖို့ပါပဲ”လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ မော်သဲမြာက ပြောပါတယ်။

ကရင်နီပြည်နယ်ဟာ အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို အကြီးအကျယ်ခံစားနေရတဲ့ ပြည်နယ်ဖြစ်သလို ကရင်နီပြည်ရဲ့ သုံးပုံနှစ်ပုံရှိ ပြည်သူတွေဟာ နေ
ရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့(BMC)ကလည်း ထိုင်းလွှတ်တော်ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးခဲ့ပြီး စစ်အုပ်စုဟာ ရေနံ နဲ့ သဘာ
ဝဓာတ်ငွေ့ကနေ ရရှိနေတဲ့ ငွေကြေးများကို သုံးကာ လေကြောင်းတိုက်တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်းနဲ့ ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း မတ်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်အုပ်စု ရာဇဝတ်မှုများပြုလုပ်နိုင်ဖို့ လွှဲပြောင်းပေးနေတဲ့ ရေနံ၊ ဓါတ်ငွေ့ ဝင်ငွေ အားလုံးကို ရပ်တန့်ပြီး အက်စခရိုး(Escrow)အကောင့်မှာ သိမ်းဆည်းလုပ်ဆောင်ဖို့၊ MOGE နဲ့ နိုင်ငံပိုင် ဘဏ်များကို အရေးယူ ပိတ်ဆို့ထားမှုများကို ရှောင်ရှားနိုင်ဖို့ ထိုင်းအစိုးရနဲ့ ကုမ္ပဏီများမှ ကူညီနေမှုများကို ရပ်တန့်ဖို့၊ တရားမဝင် အကြမ်းဖက် မြန်မာ စစ်အုပ်စုကို တရားဝင်မှု ရရှိဖို့ လုပ်ဆောင် ထောက်ပံ့နေတဲ့ ထိုင်းအစိုးရရဲ့ သံတမန်ရေးနဲ့ စီးပွားရေး ထောက်ပံ့မှု လုပ်ဆောင်
ချက်များအားလုံးကို ရပ်တန့်ဖို့ အချက်တွေကို BMC က တောင်းဆိုခဲ့ပါတယ်။

နောက်ပြီး PTT ရဲ့ စစ်ရာဇဝတ်မှုများမှာ ပါဝင်ပတ်သက်နေမှုများကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ဖို့၊ တရားဥပဒေ စိုးမိုးမှုမရှိသော လုပ်ရပ်များ(အထူးသဖြင့် အွန်လိုင်း ငွေကြေးလိမ်လည်လှည့်ဖြားမှုများ)နဲ့ နေရပ်ပြန်ပို့ခံနေရတဲ့ မြန်မာလူထုကို ကာကွယ်ပေးဖို့ ဥပဒေနဲ့ လုပ်ထုံးလုပ်
နည်းများ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေတွေကို ထိုင်းအစိုးရနဲ့ PTT တို့ လုပ်ဆောင်ရမယ့် အ
ကြံပြုချက်များကိုလည်း BMC ကတိုက်တွန်းလှုံ့
ဆော်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း ပြည်သူ ၁၄၀ကျော် သေဆုံးကာ ၃၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျန်းမာရေးအဆောက်အဦး ၁၅လုံး အပါအဝင် နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာများအပါအဝင် အဆောက်အဦး စုစုပေါင်း ၂၇၀ကျော် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ရက်အထိ မှတ်
တမ်းတင်ထားတဲ့ အချက်အလက်များအရစစ်အုပ်
စုဟာ အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀)မှု ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း
(၃၇၂)ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စစ်အာဏာသိမ်းမှုလေးနှစ်တာကာလအ
တွင်းစစ်ကောင်စီဟာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၁,၆‌၀၀)ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း (၃၆၅)ခုထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာ
ရေးဝန်ထမ်းပေါင်း (၁၃၇)ဦး သေဆုံးခဲ့ရကြောင်း NUG ကမတ်လ၁၉ရက်မှာထုတ်ပြန်ထားပါတယ်။

မတ်လ ၂၂ရက်မှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်က ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် CDM ဆရာဝန် ဒေါက်တာမြစိုးအောင်၊ ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေနဲ့ သားဖြစ်သူ ၅နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၁ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က စာသင်ကျောင်းများ၊ ကျန်းမာ
39👍29🤣5🥰1
ရေးဆေးခန်းများ၊ စစ်ဘေးရှောင်စခန်းများ၊ စျေးများပါမကျန် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်
ဆောင်ဖို့ အခက်အခဲများစွာရှိကြောင်း KNPP မှ မော်သဲမြာက ထိုင်းလွှတ်တော်ဆွေးနွေးပွဲမှာ ပြောပါတယ်။ ဒါပေမဲ့ ကရင်နီပြည်မှာ လုပ်နိုင်သမျှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးနေကြောင်း မော်သဲမြာက ဆက်ပြောပါတယ်။

“ဒီတော်လှန်ရေးမှာ လူငယ်တွေ ဦးဆောင်ပြီး ဒီတကြိမ် ကျွန်မတို့ပြည်သူတွေ အနိုင်ရလိမ့်မ​ယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ မောင်းနှင်နေပါတယ်။ ကျွန်မတို့ အရင်လို ရှုံးနိမ့်မှာမဟုတ်ပါဘူး” လို့ မော်သဲမြာက ပြောပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ထိုင်းလွှတ်တော်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ချက်နိုင်ငံသား မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မစ္စတာအီဂေါဘလာဇီဗစ်ကလည်း နွေဦးတော်လှန်ရေးကြီးရဲ့ မယိမ်းမယိုင်သော စိတ်ဓာတ်၊ ဆုံးဖြတ်ချက်သန္နိဋ္ဌာန်နဲ့ တီထွင်ဖန်တီးနိုင်မှုတို့ကြောင့် မြန်မာပြည်သူပြည်သားများရဲ့ အောင်ပွဲကြီးရနိုင်မှုကို ယုံကြည်နေတယ်လို့ ပြောပါတယ်။
👍637🤣4👏2
ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့မတ်လ ၂၂-၂၃ နှစ်ရက်တာဆွေးနွေးပွဲပြုလုပ်ခဲ့
စဥ်။ဓါတ်ပုံ-BMC ၊ APHR
👍75🥱3👏1🤣1
စလင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

▪️သတ်ဖြတ်ခံရသည့် ပြည်သူလေးဦး၏ရုပ်အလောင်းတွေ့

မတ် ၂၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်စက်စွာသတ်ဖြတ်ခံရသည့် ပြည်သူလေးဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း စလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မတ်လ ၂၄ ရက်)နံနက် ၁၁နာရီခန့်က စလင်းမြို့နယ်၊ ငါးသန်ခေါင်းအုပ်စု၊ ဂွေးကုန်းရွာ၊ ရွှေစံရာဘုရားကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဟု ဆို သည်။

"၁၀ နာရီ ၅၀လောက်မှာတိုက်ခိုက်ခံရတာပါ။(၇၆) =နှစ်အရွယ် ဦးဇင်းကြီးတစ်ပါးပျံလွန်တော်မူပါတယ်။တိုက်ပွဲလည်း မရှိပါဘူး"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် မတ်လ ၇ ရက်မှ ၁၆ရက်အထိ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း - တညောင်လမ်းပိုင်းကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုဖြစ်စဉ်အတွင်း ကျပင်းကျေးရွာအုပ်စု ကျပင်းမြောက်ရွာမှ အရပ်သားလေးဦးကို ရက်စက်စွာသတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း အသိပေးသည်။

"အသက်၄၀ အရွယ်တဦးနဲ့ ၅၀ခန့် နှစ်ဦး ၆၀ ကျော်တစ်ဦးပါ။အမည်တွေကတော့ မိသားစုတွေ လုံခြုံရေးအတွက် မပြောသင့်ဘူးလို့ ယူဆပါတယ်။တစ်ဦးက လေဖြန်းထားသူလို့ သိရပါတယ်မိသားစုကခေါ်ပေမယ့် မလိုက်ဘဲငြင်းဆိုပြီး ရွာထဲမှာ ကျန်ရစ်ခဲ့တာလို့ သိရတယ်"ဟု စလင်း ပအဖ တာဝန်ရှိသူက စစ်ကောင်စီသတ်ဖြတ်ခံရသူများ၏ ဖြစ်စဥ်ကို ရှင်းပြသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းထိုးစဥ် စလင်းဒေသခံပြည်သူ ငါးဦးမှာလည်း စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသည်။ မီးရှို့ခံရသော နေအိမ်များနှင့် စစ်ရှောင်ပြည်သူများအတွက် မြို့နယ်ပကဖ က အကူအညီတောင်းခံထားသည်။

မတ်လ ၁၇ရက်တွင် စလင်းမြို့နယ်သို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဆိပ်ဖြူမြို့နယ်မှ ချောက်နှင့် မကွေးမြို့သို့ ဆုတ်ခွာသွားကြောင်းသိရသည်။

ယနေ့ နံနက်ပိုင်းတွင် မြိုင်နှင့် မန္တလေးတိုင်း၊ တောင်သာမြို့တို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။
🤬547👍4😡3🤣1
(စလင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပျက်စီးနေသည်ကို မတ်လ ၂၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - စလင်း ပအဖ)
😢46🤬275🤣2😡2👍1👎1
ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီဂိတ်အား တိုက်ခိုက်

မတ် - ၂၄ ၊ ၂၀၂၅။ ကျော်ဇော/People's Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ဂိတ်ချ၍ ပြည်သူများအားဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်တွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို မတ်လ ၂၂ ရက် နေ့လယ် ၃ နာရီခန့်တွင် ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"၂၀၊၃၀လောက် ယာယီတပ်စွဲပြီး ၁ ရက် ၂ရက်လောက်နေပြီး ပြန်သွားလေ့ရှိပါတယ်ဗျ"ဝင်ရောက်တိုက်ခိုက်ခဲ့သည့်နေရာမှ စစ်ကောင်စီတပ်အခြေအနေကို ဒူရကစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး၍ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်းက အသိပေးသည်။

အလားတူ မတ်လ ၁၈ ရက်ကလည်း ထား ဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စျေးထွက်ဝယ်ချိန် ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ သေနတ်သုံးလက် ရရှိခဲ့သည်။

ထို့အပြင် မတ်လ ၇ ရက် တစ်ရက်တည်းတွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး ဟာလီကွေ့ရှိ စစ်တပ်စစ်ရေးဂိတ်နှင့် ရေဖြူမြို့အဝင် တံတားထိပ်စစ်ဆေးရေးဂိတ်တို့ကို ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ငါးဦးသေဆုံးခဲ့သေးသည်။
👏50👍18🤣3🔥1
(ဒူရကစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - ဒူရကစစ်ကြောင်း)
👏50👍187🤣3🔥1
ပေါက်မြို့နယ် ရေနယ်နံ‌မှော်အနီးရွာကို စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်

ပြည်သူ ၄ဦးခန့်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်

မတ် - ၂၄ ၊ ၂၀၂၅။ မေ/People's Spring

စစ်ကိုင်းတိုင်း၊ပေါက်မြို့နယ်၊‌ ရေနယ်နံ‌မှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ၂၄ရက် ဒီနေ့ နေ့လည် ၁၂နာရီ၄၅မိနစ်မှာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က နယ်သတ် ကျေးရွာကို စစ်ကောင်စီတပ်က Jet Fighter နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပစ်ခတ်တာတွေပါပြုလုပ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ နေအိမ်တစ်လုံးမီး လောင်ဆုံးရှုံးခဲ့ပြီး ရွှေရင်အေး ရောင်းတဲ့ဈေးသည်ရဲ့ဆိုင်ကယ်လည်း မီးလောင်တဲ့အထဲ ပါသွားတယ်လို့သိရပါတယ်။

ဒါ့အပြင် ဗုံးအစထိမှန်ဒဏ်ရာရသူ ၄ဦးထပ်မနည်းရှိခဲ့ပြီး အဲဒီအထဲက အသက်၃၅နှစ်အရွယ်အမျိုးသားဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

"အိမ်တွေကို သပ်သပ်လာကြဲတဲ့ပုံပါပဲ။ပထမတလုံးပ မှားချတာ။ရွာမြောက်ဘက်ကျပြီး ထန်းပင် တွေတောင် ပျက်ထွက်ကုန်တယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဖြစ်ပြီး PDFတပ်စွဲ နေထိုင်တဲ့နေရာလည်း မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ၂၃ရက် ညပိုင်းကလည်း စက်တပ်လေထီးနဲ့ လောင်းရှည်ရွာနဲ့ ဂွေးခုံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ သေးတယ်လို့ သိရပါတယ်။
🤬58👍8😡4🤣32🖕1
😡39👎8🔥2😭2🤬1🤣1