People's Spring
64.9K subscribers
63.8K photos
1.11K videos
3 files
2.79K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
လေကြောင်းတိုက်ခိုက်မှုများရှိသော်လည်း ကော့ကရိတ်မြို့နယ်တွင် စာမေးပွဲဖြေဆိုပြီးစီးဟု KNU ထုတ်ပြန်

ဟန်နွေ/People's Spring

ကရင်အမျိူးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသော်လည်း ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုပြီးစီးပြီဖြစ်ကြောင်း KNUဗဟိုက ယနေ့ထုတ်ပြန်သည်။

KNU ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်မြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ထိန်းချုပ်ထားသော အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ လူအင်အား၊ လက်နက်အင်အားများစွာဖြည့်တင်း၍ မြေပြင်မှလက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ ဝေဟင်မှအဆင့်မြင့် ဒရုန်းများနှင့် လေယာဥ်များဖြင့် သော်လည်းကောင်း နေရာအနံ့ နေစဥ်နှင့်အမျှ ပစ်ခတ်လျှက်ရှိနေကြောင်း အသိပေးသည်။

ထိုသို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေထိုင်ကြရသကဲ့သို့ ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းကိုလည်း ကလေးလူငယ်များ၏ အနာဂါတ်ဘဝ နှင့် ပညာရေးအတွက် စစ်ဘေးစစ်ဒဏ်များအကြား ခက်ခဲစွာ သင်ယူလေ့လာခဲ့ရပြီး ကော်သူးလေ အစိုးရစစ် စာမေးပွဲကိုလည်း သစ်ပင် ဝါးပင်များအကြား ဖြေဆိုခဲ့ရာ မတ်လ ၁၄ရက်တွင် အောင်မြင်စွာ ဖြေဆို ပြီးစီး ခဲ့ကြောင်း ထုတ်ပြန်သည်။

KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်များအရ မတ်လ ၁၉ရက်တွင် ကော့ကရိတ်မြို့နယ် တဘလုခို့ခီးရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးကာ နေအိမ် အဆောက်အဦး ပျက်စီးမှုများ ရှိခဲ့သည်။

မတ်လ ၅ရက်ကလည်း ကော့ကရိတ်မြို့နယ်အစွန်းရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့၍ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

ထို့ပြင် မတ်လ ၄ရက်ကလည်း ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခဲ့၍ အသက် ၁၅နှစ်အရွယ် လူငယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်း ပျက်စီးခဲ့သည်ဟု KNU ဒူးပလာယာခရိုင်က အသိပေးထားသည်။

ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ခွန်နဝါရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ပြည်သူ ၆ဦးဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ပန်းအောင်ရွာ ဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့၍ ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာ ၂ပါး ၊ ကိုရင် ၁ပါး၊ ကလေးငယ် ၁ဦး အပါအဝင် ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်က ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူနေထိုင်သည့် နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ကော့ကရိတ်နှင့် ဝင်းရေး အပါအဝင် KNU အုပ်ချုပ်နယ်မြေများရှိ ကလေးငယ်များသည် စာမေးပွဲကို ရာဘာတောအပါအဝင် သစ်ရိပ်ဝါးရိပ်အောက်၌ စာမေးပွဲ ဖြေဆိုခဲ့ကြရသည်။

စစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထား မီးရှိုဖျက်ဆီးမှုများ တိုက်ခိုက်မှုများသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်အာဏာရှင် အဆက်ဆက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မတ်လ ၂၂ရက်တွင် ပြောသည်။

" သူတို့ စစ်တပ်တွေရွာတွေထဲ ဝင်လာပြီဆို ဘာကို အဓိကထားလဲ ကျနော်တို့ သတိထားမိတာ အဓိက ကျောင်းတွေရှိလား အဲဒီကျောင်းရှိရင် ကျောင်းကို ပထမဆုံးဖျက်ဆီးတယ် မီးရှို့ပစ်လိုက်တယ်"ဟု ပဒိုစောတောနီးက ပြောသည်။

၎င်းကိုယ်တိုင် KNU တပ်မဟာ(၂)နယ်မြေ၌ရှိစဉ် ၁၉၉၀ ကျော်ကာလကျောင်းဆရာဘ၀တွင် ကြုံခဲ့ရသည်မှာ စာသင်နေချိန် စစ်ကြောင်းဝင်လာ၍ ကျောင်းကိုရပ်ပြီး တောထဲသို့ ရွှေ့ကာ မိုးရာသီ၌ပင် ယာယီဝါးတဲများဖြင့် စာသင်ကြားမှုပြုလုပ်ခဲ့ရဟု ပဒိုစောတောနီးက ပြောပြသည်။

“အဲဒါတွေက ကျနော်တို့ ကော်သူးလေ ဂွင်တပြင်လုံးမှာ အကုန်လုံး ဖြစ်နေကြတယ်။ အခုလိုမျိုးဆို ပိုဆိုးတာပေါ့ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတာ”ဟု ပဒိုစောတောနီးက စစ်ကောင်စီနှင့် အာဏာရှင် အဆက်ဆက်က စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောသည်။
👍697🤮2🥰1😁1
(KNUထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ဘေးစစ်ဒဏ်နှင့် လေကြောင်းရန်ကြောင့် သစ်ပင် ဝါးပင်အောက်တွက် စာမေးပွဲဖြေဆို နေရသော ကျောင်းသူ ၊ကျောင်းသားများ။ဓာတ်ပုံ - KNU)
👍65😢11🤣3🤮2
အုတ်တွင်းမြို့နယ်၌ စစ်ကောင်စီ ဒရုန်းဖြင့်တိုက်ခိုက်၍ ပြည်သူ တစ်ဦးသေဆုံး၊ ခုနစ်ဦးထက်မနည်း ဒဏ်ရာရ

မတ် ၂၄၊ ၂၀၂၅။ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊တောင်ငူခရိုင် ၊အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၂)က ယနေ့ (မတ်လ ၂၃ရက်) သတင်းထုတ်ပြန်သည်။

မတ်လ ၂၂ရက်နှင့် ၂၃ ရက်တွင် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖော်ဆောင်ခြင်းမရှိ၊ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်း မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်လာခြင်းဖြစ်ဟု ဖော်ပြသည်။ တိုက်ခိုက်ခံရသည့် ကျေးရွာ၏ အမည်ကို ဖော်ပြမထားဘဲ တိုက်ခိုက်ခံရ၍ နေအိမ် မီးလောင်မှု၊ ပြည်သူ ထိခိုက်မှု ရုပ်သံကို ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်ခံရ၍ အရပ်သား တစ်ဦး သေဆုံးပြီး ပြည်သူ ၇ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း၊နေအိမ် ၇လုံး ပျက်စီးခဲ့ကြောင်း အသိပေးသည်။

တပ်ရင်း(၃၅၀၂)က ထုတ်ပြန်သည့်ရုပ်သံတွင် ထိခိုက်သူများအား ကယ်ဆယ်ရေးလုပ်ဆောင်နေမှုကို တွေ့ရသည်။

ထို့ပြင် သေဆုံးသူ အမျိုးသားတစ်ဦးအနီးတွင် မိခင်အပါအဝင်မိသားစုဝင်များ ငိုယိုနေသည်ကိုလည်း တွေ့ရသည်။

"စခတွေချတဲ့ ဒရုန်းနဲ့ ကျနော်တို့ ပြည်သူတစ်ယောက် ပေးဆပ်လိုက်ရတယ်"ဟု အမျိုးသားတစ်ဦး၏ ပြောဆိုသံကိုလည်း ကြားရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သဘောထား မှတ်ချက်မေးမြန်းရန် တပ်ရင်း(၃၅၀၂)သို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

တပ်ရင်း(၃၅၀၂)နှင့် ပူးပေါင်းတပ်များသည် မတ်လ ဒုတိယပတ်အတွင်းက ရန်ကုန် - မန္တလေးလမ်းဟောင်းအနီး အုတ်တွင်းမြို့နယ် ကျောက်တိုင်ရွာ၌ တပ်စွဲထားသည့် စ်စကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ကျောက်တိုင်ရွာကို အင်အားဖြည့်တင်းထားသည်ဟု တပ်ရင်း(၃၅၀၂) ပြန်ကြားရေးတာဝန်ခံက မတ်လ ၁၉ရက်တွင် ပြောထားသည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေနိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ရောနှောနေထိုင်ခြင်းမပြုရန်၊ စစ်ကောင်စီ၏ လူသစ်စုဆောင်းမှု ခံရပါက ထွက်ပြေးနိုင်ရေး ကြိုးစားရန် တပ်ရင်း(၃၅၀၂) ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းထားသည်။
😡46👍13🤬115🤣1
(ဓာတ်ပုံ - အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်၍ နေအိမ်မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်)
😡59🤬20👍54👎3🤣1
ပေါင်းတည်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ဒေသခံနှစ်ဦးသေဆုံး၊ ၁၁ဦးဒဏ်ရာရ

မတ် ၂၄၊ ၂၀၂၅။ မိထက်/People's Spring

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ရိုးမအစပ်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးရိုးမအစပ်မှ ကျေးရွာတစ်ရွာကို ယမန်နေ့(မတ်လ ၂၃ရက်)ညက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံသတင်းရင်းမြစ်ကပြောသည်။

"တိုက်ပွဲမရှိဘဲ စစ်ကြောင်းဝင်လာတာ။ စစ်ကြောင်းဝင်နေချိန် လေကြောင်းကပါ ပစ်တာ။ သေဆုံးတာက အမျိုးသားနှစ်ယောက်ပါ။ ဒဏ်ရာရတာက အမျိုးသမီးတွေပါတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီအင်အား ၂၀၀ခန့်သည် နတ္တလင်းမြို့နယ် တောင်ညိုနှင့် လယ်မအင်းရွာ၌ ရှိနေပြီး ရိုးမအတွင်း စစ်ကြောင်းထိုးရန် ကြိုးစားနေကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ပဲခူးတိုင်းအတွင်း ပေါက်ခေါင်းမြို့နယ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးသေဆုံးခဲ့သည်။

ပဲခူးတိုင်းအတွင်း မင်းလှ၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့တို့၌ တိုက်ပွဲများဖြစ်နေပြီး ယနေ့(မတ်လ ၂၄ရက်) နံနက် အ‌စောပိုင်းကလည်း ပြည်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးသေဆုံးကြောင်း မြို့ခံအချို့ကပြောသည်။
😡51👍15🤬7😭32🔥1🤣1
😡65🤬7👍63👎2😭1
ဒီးမော့ဆို PDF၏ အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်

မတ် ၂၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်(DMO Local PDF)၏ ပထမဆုံးအကြိမ် အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်က အသိပေးထုတ်ပြန်သည်။

အမျိုး သားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို PDF၏ အရာရှိသင်တန်း အပတ်စဥ်(၁)နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့(မတ်လ ၂၃ ရက်)က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သင်တန်းဆင်းပွဲတွင် အရာရှိနှင့်တပ်သား ၂၆၀ကျော်တက်ရောက်ပြီး သင်တန်းအား (၄၅) ရက်ကြာ ပြုလုပ်ခဲ့ကြောင်း ဒီးမော့ဆို PDFက အသိပေးသည်။

"အရာရှိသင်တန်းက ပထမဆုံးအကြိမ်ပါ"ဟု ဒီးမော့ဆို PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တပ်ခွဲမှူး၊တပ်စုမှူးနှင့် တပ်စိတ်မှူး စသည့် အရာရှိရဲဘော် ၆၀ ကျော်အား သင်တန်းဆင်းခဲ့ခြင်းဟုလည်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒေသခံတာဝန်ရှိသူများ၊ CDM ဆရာဝန်များ၊ အလှူရှင်များ၊ တော်လှန် ရေးမှတပ်ဖွဲ့အသီးသီးနှင့် အလယ်ပိုင်းတိုင်းစစ်ဒေသမှ စစ်ဖက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ် စားလှယ်များမှတက်ရောက်ခဲ့ကြောင်း ဖော်ပြသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က သင်တန်းဆင်းပွဲကို သဝဏ်လွှာ ပေးပို့ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တည်ထောင်ဖွဲ့စည်းခဲ့သည့် ဒီးမော့ဆို PDFနှင့် ၎င်း၏ တပ်ခွဲများတွင် အင်အား ၂,၀၀၀ နှင့် ၃,၀၀၀ ကြားရှိနိုင်ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်များက ခန့်မှန်းထားသည်။
👍7222😁6
71👍14😁2
78👍16🔥2😁2
(ယမန်နေ့က သင်တန်းဆင်းခဲ့သည့် ဒီးမော့ဆို PDF၏ အရာရှိနှင့်တပ်သားများကို တွေ့ရစဥ်။ဓာတ်ပုံ - DMO Local PDF)
99👍15😁3
ဝိုင်းမော်မြို့နယ်တွင် KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

မတ် ၂၄၊ ၂၀၂၅။ ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့(မတ်လ ၂၄ရက်)အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“ သူတို့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတယ်။ ဒီလောက်ပဲ သိရသေးတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က ဝင်ရောက်လာ၍ မတ်လ ၂၁ရက်က စတင်တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲဆက်ရှိနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

KIAပူးပေါင်းတပ်သည် ပြီးခဲ့သည့် တစ်နှစ်ကျော်အတွင်း ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် အချို့နှင့် ဗျူဟာစခန်းများအပါအဝင် တပ်စခန်းများစွာ သိမ်းပိုက်ထားရာ စစ်ကောင်စီတပ်အချို့သာ ကျန်တော့သည်။

KIAပူးပေါင်းနှင့် စစ်ကောင်စီတပ်တို့သည် မတ်လ ၂၂ရက်ကလည်း ဖားကန်မြို့နယ်တွင် တိုက်ပွဲရှိခဲ့သည်ဟု KIAက အသိပေးထားသည်။ စစ်ရေးအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIAပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို အရှိန်မြှင့် ဖော်ဆောင်နေစဉ် စစ်ကောင်စီကလည်း ဖားကန့်၊ တနိုင်း၊ ဝိုင်းမော်၊ ပူတာအို၊ မြစ်ကြီးနား မြို့နယ်များ၌ စစ်ရေးလှုပ်ရှားခြင်း၊ အင်အားဖြည့်တင်းခြင်းနှင့် လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

“ဗန်းမော် ထူးခြားစစ်ရေး မသိရသေး”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

KIAပူးပေါင်းတပ်သည် ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်၊ တင့်ကားတပ်၊ သံချပ်ကာတပ်၊ ခြေလျင်တပ်အချို့နှင့် လေယာဉ်ကွင်းကို သိမ်းပိုက်ထားပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို အပြီးသတ်သိမ်းနိုင်ရေး တိုက်ခိုက်နေခြင်းဖြစ်သည်။အဆိုပါ စကခ(၂၁)၏ ကာကင်း စခန်းများအနက် စခန်းအများစုကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။
👍91🔥1🥰1👏1🤣1
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍6921🥰5🔥1👏1🤣1
စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှုရပ်တန့်​ရေး ထိုင်းအပါအဝင် နိုင်ငံတကာက အ​ရေးယူ​ပေးရန် ​တော်လှန်​ရေးအင်အားစုများ​တိုက်တွန်း

မတ် ၂၄၊ ၂၀၂၅။ အီယိုရီ/People’s Spring

မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်
ခိုက်နေမှုများ ရပ်တန့်ရေး အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေး
ယူလုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်ပါတယ်။

ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ပြီးခဲ့တဲ့ မတ်လ ၂၂-၂၃ နှစ်ရက်တာ ဆွေးနွေးပွဲကျင်းပခဲ့ရာ တက်ရောက်ဆွေးနွေးခဲ့ကြတဲ့ တော်
လှန်ရေးအင်အားများက စစ်အုပ်စုရဲ့ အဓိကအသက်သွေးကြော စီးပွားရေးအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)
ကနေ ရရှိနေတဲ့ ဝင်ငွေတွေနဲ့ ဝင်ငွေရလမ်းတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့ကြတာပါ။

“ကျွန်မတို့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအသိုင်း
အဝိုင်းက မိတ်ဆွေတွေကို အဓိက တောင်းဆိုစရာတစ်ခုရှိပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံး
ကြဲမှုတွေ ရပ်တန့်ဖို့လုပ်ဆောင်နိုင်သမျှ လုပ်
ဆောင်ဖို့ပါပဲ”လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ မော်သဲမြာက ပြောပါတယ်။

ကရင်နီပြည်နယ်ဟာ အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို အကြီးအကျယ်ခံစားနေရတဲ့ ပြည်နယ်ဖြစ်သလို ကရင်နီပြည်ရဲ့ သုံးပုံနှစ်ပုံရှိ ပြည်သူတွေဟာ နေ
ရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့(BMC)ကလည်း ထိုင်းလွှတ်တော်ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးခဲ့ပြီး စစ်အုပ်စုဟာ ရေနံ နဲ့ သဘာ
ဝဓာတ်ငွေ့ကနေ ရရှိနေတဲ့ ငွေကြေးများကို သုံးကာ လေကြောင်းတိုက်တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်းနဲ့ ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြောင်း မတ်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်အုပ်စု ရာဇဝတ်မှုများပြုလုပ်နိုင်ဖို့ လွှဲပြောင်းပေးနေတဲ့ ရေနံ၊ ဓါတ်ငွေ့ ဝင်ငွေ အားလုံးကို ရပ်တန့်ပြီး အက်စခရိုး(Escrow)အကောင့်မှာ သိမ်းဆည်းလုပ်ဆောင်ဖို့၊ MOGE နဲ့ နိုင်ငံပိုင် ဘဏ်များကို အရေးယူ ပိတ်ဆို့ထားမှုများကို ရှောင်ရှားနိုင်ဖို့ ထိုင်းအစိုးရနဲ့ ကုမ္ပဏီများမှ ကူညီနေမှုများကို ရပ်တန့်ဖို့၊ တရားမဝင် အကြမ်းဖက် မြန်မာ စစ်အုပ်စုကို တရားဝင်မှု ရရှိဖို့ လုပ်ဆောင် ထောက်ပံ့နေတဲ့ ထိုင်းအစိုးရရဲ့ သံတမန်ရေးနဲ့ စီးပွားရေး ထောက်ပံ့မှု လုပ်ဆောင်
ချက်များအားလုံးကို ရပ်တန့်ဖို့ အချက်တွေကို BMC က တောင်းဆိုခဲ့ပါတယ်။

နောက်ပြီး PTT ရဲ့ စစ်ရာဇဝတ်မှုများမှာ ပါဝင်ပတ်သက်နေမှုများကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ဖို့၊ တရားဥပဒေ စိုးမိုးမှုမရှိသော လုပ်ရပ်များ(အထူးသဖြင့် အွန်လိုင်း ငွေကြေးလိမ်လည်လှည့်ဖြားမှုများ)နဲ့ နေရပ်ပြန်ပို့ခံနေရတဲ့ မြန်မာလူထုကို ကာကွယ်ပေးဖို့ ဥပဒေနဲ့ လုပ်ထုံးလုပ်
နည်းများ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေတွေကို ထိုင်းအစိုးရနဲ့ PTT တို့ လုပ်ဆောင်ရမယ့် အ
ကြံပြုချက်များကိုလည်း BMC ကတိုက်တွန်းလှုံ့
ဆော်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း ပြည်သူ ၁၄၀ကျော် သေဆုံးကာ ၃၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျန်းမာရေးအဆောက်အဦး ၁၅လုံး အပါအဝင် နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာများအပါအဝင် အဆောက်အဦး စုစုပေါင်း ၂၇၀ကျော် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ရက်အထိ မှတ်
တမ်းတင်ထားတဲ့ အချက်အလက်များအရစစ်အုပ်
စုဟာ အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀)မှု ပြုလုပ်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း
(၃၇၂)ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စစ်အာဏာသိမ်းမှုလေးနှစ်တာကာလအ
တွင်းစစ်ကောင်စီဟာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၁,၆‌၀၀)ကျော် ကျူးလွန်ခဲ့ပြီး ဆေးရုံဆေးခန်းစုစုပေါင်း (၃၆၅)ခုထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာ
ရေးဝန်ထမ်းပေါင်း (၁၃၇)ဦး သေဆုံးခဲ့ရကြောင်း NUG ကမတ်လ၁၉ရက်မှာထုတ်ပြန်ထားပါတယ်။

မတ်လ ၂၂ရက်မှာလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို စစ်တပ်က ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် CDM ဆရာဝန် ဒေါက်တာမြစိုးအောင်၊ ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေနဲ့ သားဖြစ်သူ ၅နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၁ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်က စာသင်ကျောင်းများ၊ ကျန်းမာ
39👍29🤣5🥰1
ရေးဆေးခန်းများ၊ စစ်ဘေးရှောင်စခန်းများ၊ စျေးများပါမကျန် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်
ဆောင်ဖို့ အခက်အခဲများစွာရှိကြောင်း KNPP မှ မော်သဲမြာက ထိုင်းလွှတ်တော်ဆွေးနွေးပွဲမှာ ပြောပါတယ်။ ဒါပေမဲ့ ကရင်နီပြည်မှာ လုပ်နိုင်သမျှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးနေကြောင်း မော်သဲမြာက ဆက်ပြောပါတယ်။

“ဒီတော်လှန်ရေးမှာ လူငယ်တွေ ဦးဆောင်ပြီး ဒီတကြိမ် ကျွန်မတို့ပြည်သူတွေ အနိုင်ရလိမ့်မ​ယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ မောင်းနှင်နေပါတယ်။ ကျွန်မတို့ အရင်လို ရှုံးနိမ့်မှာမဟုတ်ပါဘူး” လို့ မော်သဲမြာက ပြောပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ထိုင်းလွှတ်တော်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ချက်နိုင်ငံသား မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မစ္စတာအီဂေါဘလာဇီဗစ်ကလည်း နွေဦးတော်လှန်ရေးကြီးရဲ့ မယိမ်းမယိုင်သော စိတ်ဓာတ်၊ ဆုံးဖြတ်ချက်သန္နိဋ္ဌာန်နဲ့ တီထွင်ဖန်တီးနိုင်မှုတို့ကြောင့် မြန်မာပြည်သူပြည်သားများရဲ့ အောင်ပွဲကြီးရနိုင်မှုကို ယုံကြည်နေတယ်လို့ ပြောပါတယ်။
👍637🤣4👏2
ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့မတ်လ ၂၂-၂၃ နှစ်ရက်တာဆွေးနွေးပွဲပြုလုပ်ခဲ့
စဥ်။ဓါတ်ပုံ-BMC ၊ APHR
👍75🥱3👏1🤣1