(နှမ်းခါးရွာအား မတ်လ ၂၂ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Yaw Media)
😡30❤11🤬8👍2😢2
ပြည်တက္ကသိုလ်အနီး ပစ်ခတ်မှု စစ်တပ်အရာရှိ သေဆုံးဟုဆို
▪️ပစ်ခတ်မှုပြီးနောက် လူငယ် ၁၀ဦးထက်မနည်း စစ်တပ် ဖမ်းဆီး
အိမ်သွင်/People's Spring
ပဲခူးတိုင်း၊ ပြည်မြို့ပေါ်တွင် ယမန်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်၏ အရာရှိတစ်ဦး ထိခိုက်သေဆုံးမှုရှိကာ ပစ်ခတ်မှုဖြစ်သည့်နေရာအနီးရှိ လူငယ် ၁၀ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်မြို့တက္ကသိုလ်အနီး အုန်းတောလမ်းတွင် ယနေ့(မတ်လ ၂၄ရက်) နံနက်အစောပိုင်း ၁နာရီခန့်က ပစ်ခတ်မှုဖြစ်ခဲ့ခြင်း ဖြစ်သည်။
" သေနတ်သံတွေ ဆက်တိုက်ကြားတယ်။ စစ်ကားတွေ အများကြီးလာတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်ကောင်စီဘက်က အရာရှိသေတယ် ကြားတယ်။ ဒါပေမယ့် အတည်ပြုဖို့ခက်တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။
အုန်းတောလမ်းအတွင်းရှိ အဆောင်တစ်ခုတွင် PDFများရောက်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် လာရောက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခြင်းဟု မြို့ခံများက ပြောသည်။
ယင်းဖြစ်စဉ်ကို တိတိကျကျ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ စစ်ကောင်စီကဖမ်းဆီးသွားသူများတွင် အမျိုးသမီးအချို့လည်းပါဝင်သည်ဟု သတင်းရရှိသည်။
ပြည်ခရိုင်အတွင်း ပန်းတောင်းမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်မြို့တွင်လည်း စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများပြုလုပ်နေသည်။
အုန်းတောလမ်းပစ်ခတ်မှုဖြစ်စဥ်အပြီး ပြည်မြို့အခြေစိုက်၉၅၉ တပ်အတွင်း၌ စစ်ကောင်စီက အစည်းအဝေး လုပ်နေကြောင်း ဒေသအခြေစိုက်တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
" လမ်းတွေပေါ် လုံခြုံရေးတိုးမြှင့်တာ၊ ဖုန်းနဲ့ မှတ်ပုံတင်တွေ စစ်ဆေးတာနဲ့ ရပ်ကွက်အလိုက် ဧည့်စာရင်းတွေကို ဆက်တိုက်စစ်ဆေးသွားမှာ ဖြစ်တာကြောင့် မြို့နေလူထု အထူးသတိပြုဖို့ PUGN က တိုက်တွန်းလိုပါတယ်"ဟု ဒေသတွင်းအခြေစိုက် Pyay Underground News(PUGN)က သတိပေးထားသည်။

👏45👍36🔥4
နမခအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု BWMပြော
မတ်-၂၄၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)က ယနေ့(မတ်လ ၂၄ ရက်) အသိပေးသည်။
အဆိုပါ တိုက်ခိုက်မှုကို မတ်လ ၂၃ ရက် ည ၉ နာရီခွဲကျော်တွင် (နမခ) အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နှင့် MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ပစ်မှတ်ထားပြီး ရှော့တိုက်ဒုံး သုံးလုံးဖြင့် တိုက်ခိုက်ရာ နှစ်လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။
"အညာဒေသက ပြည်သူတွေကိုရော တော်လှန်ရေးအင်အားစုတွေကိုရော အဓိ ဒုက္ခပေးနေတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကို BWMနဲ့ မဟာမိတ်အဖွဲ့တွေက ဒါနဲ့ဆို ၂ ကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်"ဟု BWM တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
နမခ တိုက်ခိုက်ခဲ့သော BWM Mission 32 ၌ စစ်ကောင်စီ၏ ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေကြောင်း ဖော်ပြသည်။ထို့အပြင် နမခ၏ ထိခိုက်မှုအခြေအနေကို လူထုနွေဦး အနေဖြင့်လည်း စုံစမ်းနေဆဲဖြစ်သည်။
"ပြန်ဆုတ်လာတဲ့အချိန်အထိတော့ ဘာမှတုန့်ပြန်တာမတွေ့ခဲ့ရသေးပါဘူး။ အဲ့နောက်ပိုင်းတော့မသိတော့ဘူး၊ ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်"ဟု BWM မှတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီ၏ လက်ရုံးတပ်ဖွဲ့များ စစ်ရေးကွပ်ကဲမှုပေးနေသော အရေးပါသည့်စစ်ဌာနချုပ်ဖြစ်သည်။
ထို့အပြင် ပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်များနှင့် စက်တပ်လေထီးများဖြင့် ဗုံးကြဲသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။
ထို့ကြောင့် BWMဦးဆောင်ဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့သည် အညာဒေသနွေဦးတော်လှန်ရေးအင်အားစုများ၏ အဓိက ရန်သူဌာနချုပ်ဖြစ်သော နမခကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ်သတ်မှတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။
လက်ရှိ နမခတိုင်းမှူးသည် ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဖြစ်ကာ ၂၀၂၄ ဒီဇင်ဘာလ ၁၈ ရက်တွင် အမှတ် (၁၃)တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း) ကျောင်းအုပ်ကြီးအဖြစ်မှ ပြောင်းရွှေ့လာသူဖြစ် သည်။
စစ်ကောင်စီ၏ လေတပ်အပါအဝင် အကြီးစားစစ်ရေးအချက်အချာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် BWM အဖွဲ့သည် ယခု ၂၀၂၅ ဇန်နဝါရီ ၂၀ရက်ကလည်း မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် (၂၁)ကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

👍71❤8👏7🔥1
(စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံကို BWMအဖွဲ့ တိုက်ခိုက်ခဲ့သည့် ပုံဟောင်း ဖြစ်သည်။ဓာတ်ပုံ - BWM)
👍54❤6🔥1👏1
မြို့သာစက်မှုဇုန်၊အင်းဝဘဏ်မှာတပ်စွဲထားတဲ့ စစ်သားတွေကို တော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်
ရှိန်း/People's Spring
မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊မြို့သာစက်မှုဇုန်ထဲက အင်းဝဘဏ်မှာ တပ်စွဲပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဆက်ကြေးတောင်း၊ပေါ်တာဆွဲနေတဲ့စစ်သားတွေကို ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ရာ စစ်
သား ၄ ဦးသေဆုံးပြီး ၁ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီပျောက်ကြားတပ်ဖွဲ့-မြင်းခြံ မှတာ
ဝန်ရှိသူကပြောပါတယ်။
မတ်လ၂၁ရက် နေ့၊မနက်၉နာရီ၄၅မိနစ်အချိန်မှာ အင်းဝဘဏ်မှာတပ်စွဲထားတဲ့စစ်သား၄၀လောက်ထဲက ၁၅ယောက်ဟာ လမ်းပေါ်တက် ဆက်ကြေးတောင်းနေတဲ့အချိန် အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။
ပစ်ခတ်မှုအတွင်းစစ်သား၄ဦးသေဆုံးပြီး ၁ဦး အပြင်းအထန်ဒဏ်ရာရကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိပြန်ဆုတ်ခွာနိုင်လာတယ်လို့ အဖွဲ့တာဝန်ခံကဆက်ပြောပါတယ်။
"အပြတ်သိမ်းမယ်ဆိုတော့လည်း အဲ့လိုကလုပ်လို့မရဘူးလေ။စစ်ကူကနီးနေတာဆိုတော့။ဝင်ပစ်မယ်။ရသလောက်ပစ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ပစ်ခဲ့တာပါဗျ"လို့ နဂါးနီ ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဒီစစ်ဆင်ရေးကို နဂါးနီ ပျောက်ကြားတပ်ဖွဲ့-မြင်းခြံ၊ငါန်းဇွန်မြို့နယ်တပ်ရင်း(၆)တပ်ခွဲ(၃)၊ငါန်းဇွန်မြို့နယ်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

👏57👍16❤5🔥1🥰1
တောင်သာနယ် ကျေးရွာနှစ်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ရဲဘော်တစ်ဦးကျဆုံး
မတ် ၂၄၊ ၂၀၂၅။ မေ/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မြေဖြူကုန်းနဲ့ တမံကြီးကျေးရွာတွေကို မနေ့(မတ်လ ၂၃ရက်) ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ရဲဘော်တစ်ဦးကျဆုံးပြီး နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်သာမြို့နယ်ထဲက မြေဖြူကုန်းရွာနဲ့ တမံကြီးကျေးရွာကို မနေ့ည သန်းခေါင်ကျော်မှာ စစ်တပ်က Y12လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကျေးရွာတွေပေါ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေဖြူကုန်းရွာတိုက်ခိုက်ခံရမှုမှာ နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။
တမံကြီးရွာတိုက်ခိုက်ခံရမှုမှာ အသက်၂၀ကျော် အရွယ် တော်လှန်ရေးရဲဘော်တဦးကျဆုံးခဲ့ပြီး နေအိမ်ထိခိုက်မှုမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
" ရွာ၂ရွာကို ဆိုင်ကယ်နဲ့၁၀မိနစ် လောက်ပဲသွားရတာ။ အဲဒီနှစ်ရွာကိုတခါထဲတိုက်သွားတာ။ မနေ့ညက ဘာတိုက်ပွဲမှမရှိပါဘူး"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ၂၂ရက် ည ၁၂နာရီကျော်မှာလည်း တောင်သာမြို့နယ်နဲ့ကပ်လျက်က နွားထိုးကြီးမြို့နယ် လက်ဝဲ+မြင်းနီကျေးရွာကို ဂျက်ဖိုက်တာ၊ Mi-35 ရဟတ်ယာဉ်၊ စက်တပ်လေထီးတို့နဲ့လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂ဦးဒဏ်ရာရပြီး နေအိမ် ၁၀လုံးကျော် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

🤬47😢18👍11❤7😡2😁1
လေကြောင်းတိုက်ခိုက်မှုများရှိသော်လည်း ကော့ကရိတ်မြို့နယ်တွင် စာမေးပွဲဖြေဆိုပြီးစီးဟု KNU ထုတ်ပြန်
ဟန်နွေ/People's Spring
ကရင်အမျိူးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသော်လည်း ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုပြီးစီးပြီဖြစ်ကြောင်း KNUဗဟိုက ယနေ့ထုတ်ပြန်သည်။
KNU ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်မြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ထိန်းချုပ်ထားသော အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ လူအင်အား၊ လက်နက်အင်အားများစွာဖြည့်တင်း၍ မြေပြင်မှလက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ ဝေဟင်မှအဆင့်မြင့် ဒရုန်းများနှင့် လေယာဥ်များဖြင့် သော်လည်းကောင်း နေရာအနံ့ နေစဥ်နှင့်အမျှ ပစ်ခတ်လျှက်ရှိနေကြောင်း အသိပေးသည်။
ထိုသို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေထိုင်ကြရသကဲ့သို့ ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းကိုလည်း ကလေးလူငယ်များ၏ အနာဂါတ်ဘဝ နှင့် ပညာရေးအတွက် စစ်ဘေးစစ်ဒဏ်များအကြား ခက်ခဲစွာ သင်ယူလေ့လာခဲ့ရပြီး ကော်သူးလေ အစိုးရစစ် စာမေးပွဲကိုလည်း သစ်ပင် ဝါးပင်များအကြား ဖြေဆိုခဲ့ရာ မတ်လ ၁၄ရက်တွင် အောင်မြင်စွာ ဖြေဆို ပြီးစီး ခဲ့ကြောင်း ထုတ်ပြန်သည်။
KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်များအရ မတ်လ ၁၉ရက်တွင် ကော့ကရိတ်မြို့နယ် တဘလုခို့ခီးရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးကာ နေအိမ် အဆောက်အဦး ပျက်စီးမှုများ ရှိခဲ့သည်။
မတ်လ ၅ရက်ကလည်း ကော့ကရိတ်မြို့နယ်အစွန်းရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့၍ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။
ထို့ပြင် မတ်လ ၄ရက်ကလည်း ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခဲ့၍ အသက် ၁၅နှစ်အရွယ် လူငယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်း ပျက်စီးခဲ့သည်ဟု KNU ဒူးပလာယာခရိုင်က အသိပေးထားသည်။
ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ခွန်နဝါရွာကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ပြည်သူ ၆ဦးဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ပန်းအောင်ရွာ ဘုန်းကြီးကျောင်းကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့၍ ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာ ၂ပါး ၊ ကိုရင် ၁ပါး၊ ကလေးငယ် ၁ဦး အပါအဝင် ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။
စစ်ကောင်စီတပ်က ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူနေထိုင်သည့် နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် ကော့ကရိတ်နှင့် ဝင်းရေး အပါအဝင် KNU အုပ်ချုပ်နယ်မြေများရှိ ကလေးငယ်များသည် စာမေးပွဲကို ရာဘာတောအပါအဝင် သစ်ရိပ်ဝါးရိပ်အောက်၌ စာမေးပွဲ ဖြေဆိုခဲ့ကြရသည်။
စစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထား မီးရှိုဖျက်ဆီးမှုများ တိုက်ခိုက်မှုများသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်အာဏာရှင် အဆက်ဆက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မတ်လ ၂၂ရက်တွင် ပြောသည်။
" သူတို့ စစ်တပ်တွေရွာတွေထဲ ဝင်လာပြီဆို ဘာကို အဓိကထားလဲ ကျနော်တို့ သတိထားမိတာ အဓိက ကျောင်းတွေရှိလား အဲဒီကျောင်းရှိရင် ကျောင်းကို ပထမဆုံးဖျက်ဆီးတယ် မီးရှို့ပစ်လိုက်တယ်"ဟု ပဒိုစောတောနီးက ပြောသည်။
၎င်းကိုယ်တိုင် KNU တပ်မဟာ(၂)နယ်မြေ၌ရှိစဉ် ၁၉၉၀ ကျော်ကာလကျောင်းဆရာဘ၀တွင် ကြုံခဲ့ရသည်မှာ စာသင်နေချိန် စစ်ကြောင်းဝင်လာ၍ ကျောင်းကိုရပ်ပြီး တောထဲသို့ ရွှေ့ကာ မိုးရာသီ၌ပင် ယာယီဝါးတဲများဖြင့် စာသင်ကြားမှုပြုလုပ်ခဲ့ရဟု ပဒိုစောတောနီးက ပြောပြသည်။
“အဲဒါတွေက ကျနော်တို့ ကော်သူးလေ ဂွင်တပြင်လုံးမှာ အကုန်လုံး ဖြစ်နေကြတယ်။ အခုလိုမျိုးဆို ပိုဆိုးတာပေါ့ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတာ”ဟု ပဒိုစောတောနီးက စစ်ကောင်စီနှင့် အာဏာရှင် အဆက်ဆက်က စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောသည်။

👍69❤7🤮2🥰1😁1
CDM ဆရာဝန်မိသားစုအပါအဝင် အရပ်သား တစ်ဒါဇင်နီးပါးသေဆုံးခဲ့ရတဲ့ ဆေးခန်းဗုံးကြဲခံရမှု | People's Spring
https://youtu.be/Q_i6JDtfVrg
https://youtu.be/Q_i6JDtfVrg
YouTube
CDM ဆရာဝန်မိသားစုအပါအဝင် အရပ်သား တစ်ဒါဇင်နီးပါးသေဆုံးခဲ့ရတဲ့ ဆေးခန်းဗုံးကြဲခံရမှု | People's Spring
CDM ဆရာဝန်မိသားစုအပါအဝင် အရပ်သား တစ်ဒါဇင်နီးပါးသေဆုံးခဲ့ရတဲ့ ဆေးခန်းဗုံးကြဲခံရမှု
People’s Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာဆေးခန်းကို ပစ်မှတ်ထားပြီးဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)…

🤬52👍5🤣3😡3😢2
စစ်ကောင်စီခေါင်းဆောင် BIMSTEC ထိပ်သီးအစည်းအဝေး တက်မယ်လို့ ထိုင်းမီဒီယာဖော်ပြ | People's Spring
https://youtu.be/InCX3LkJJyE

စစ်ကောင်စီခေါင်းဆောင် BIMSTEC ထိပ်သီးအစည်းအဝေး တက်မယ်လို့ ထိုင်းမီဒီယာဖော်ပြ
People's Spring
အာဏာသိမ်း မြန်မာ စစ်ကောင်စီ ခေါင်းဆောင်ဟာ ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC)ရဲ့ ထိပ်သီး အစည်းအဝေးကို…

🤬51👍8🤮8❤3👎3😁2
အုတ်တွင်းမြို့နယ်၌ စစ်ကောင်စီ ဒရုန်းဖြင့်တိုက်ခိုက်၍ ပြည်သူ တစ်ဦးသေဆုံး၊ ခုနစ်ဦးထက်မနည်း ဒဏ်ရာရ
မတ် ၂၄၊ ၂၀၂၅။ဟန်နွေ/People’s Spring
ပဲခူးတိုင်း၊တောင်ငူခရိုင် ၊အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးထိခိုက်ရှိခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၂)က ယနေ့ (မတ်လ ၂၃ရက်) သတင်းထုတ်ပြန်သည်။
မတ်လ ၂၂ရက်နှင့် ၂၃ ရက်တွင် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖော်ဆောင်ခြင်းမရှိ၊ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်း မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်လာခြင်းဖြစ်ဟု ဖော်ပြသည်။ တိုက်ခိုက်ခံရသည့် ကျေးရွာ၏ အမည်ကို ဖော်ပြမထားဘဲ တိုက်ခိုက်ခံရ၍ နေအိမ် မီးလောင်မှု၊ ပြည်သူ ထိခိုက်မှု ရုပ်သံကို ဖော်ပြထားသည်။
ထိုသို့တိုက်ခိုက်ခံရ၍ အရပ်သား တစ်ဦး သေဆုံးပြီး ပြည်သူ ၇ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း၊နေအိမ် ၇လုံး ပျက်စီးခဲ့ကြောင်း အသိပေးသည်။
တပ်ရင်း(၃၅၀၂)က ထုတ်ပြန်သည့်ရုပ်သံတွင် ထိခိုက်သူများအား ကယ်ဆယ်ရေးလုပ်ဆောင်နေမှုကို တွေ့ရသည်။
ထို့ပြင် သေဆုံးသူ အမျိုးသားတစ်ဦးအနီးတွင် မိခင်အပါအဝင်မိသားစုဝင်များ ငိုယိုနေသည်ကိုလည်း တွေ့ရသည်။
"စခတွေချတဲ့ ဒရုန်းနဲ့ ကျနော်တို့ ပြည်သူတစ်ယောက် ပေးဆပ်လိုက်ရတယ်"ဟု အမျိုးသားတစ်ဦး၏ ပြောဆိုသံကိုလည်း ကြားရသည်။
အဆိုပါ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သဘောထား မှတ်ချက်မေးမြန်းရန် တပ်ရင်း(၃၅၀၂)သို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
တပ်ရင်း(၃၅၀၂)နှင့် ပူးပေါင်းတပ်များသည် မတ်လ ဒုတိယပတ်အတွင်းက ရန်ကုန် - မန္တလေးလမ်းဟောင်းအနီး အုတ်တွင်းမြို့နယ် ကျောက်တိုင်ရွာ၌ တပ်စွဲထားသည့် စ်စကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့သည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ကျောက်တိုင်ရွာကို အင်အားဖြည့်တင်းထားသည်ဟု တပ်ရင်း(၃၅၀၂) ပြန်ကြားရေးတာဝန်ခံက မတ်လ ၁၉ရက်တွင် ပြောထားသည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေနိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ရောနှောနေထိုင်ခြင်းမပြုရန်၊ စစ်ကောင်စီ၏ လူသစ်စုဆောင်းမှု ခံရပါက ထွက်ပြေးနိုင်ရေး ကြိုးစားရန် တပ်ရင်း(၃၅၀၂) ပြန်ကြားရေးတာဝန်ခံက တိုက်တွန်းထားသည်။

😡46👍13🤬11❤5🤣1
ပေါင်းတည်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ဒေသခံနှစ်ဦးသေဆုံး၊ ၁၁ဦးဒဏ်ရာရ
မတ် ၂၄၊ ၂၀၂၅။ မိထက်/People's Spring
ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ရိုးမအစပ်နေရာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံနှစ်ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးရိုးမအစပ်မှ ကျေးရွာတစ်ရွာကို ယမန်နေ့(မတ်လ ၂၃ရက်)ညက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံသတင်းရင်းမြစ်ကပြောသည်။
"တိုက်ပွဲမရှိဘဲ စစ်ကြောင်းဝင်လာတာ။ စစ်ကြောင်းဝင်နေချိန် လေကြောင်းကပါ ပစ်တာ။ သေဆုံးတာက အမျိုးသားနှစ်ယောက်ပါ။ ဒဏ်ရာရတာက အမျိုးသမီးတွေပါတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီအင်အား ၂၀၀ခန့်သည် နတ္တလင်းမြို့နယ် တောင်ညိုနှင့် လယ်မအင်းရွာ၌ ရှိနေပြီး ရိုးမအတွင်း စစ်ကြောင်းထိုးရန် ကြိုးစားနေကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ပဲခူးတိုင်းအတွင်း ပေါက်ခေါင်းမြို့နယ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးသေဆုံးခဲ့သည်။
ပဲခူးတိုင်းအတွင်း မင်းလှ၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့တို့၌ တိုက်ပွဲများဖြစ်နေပြီး ယနေ့(မတ်လ ၂၄ရက်) နံနက် အစောပိုင်းကလည်း ပြည်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးသေဆုံးကြောင်း မြို့ခံအချို့ကပြောသည်။

😡51👍15🤬7😭3❤2🔥1🤣1