CDMဆရာဝန် မိသားစုနှင့်ပြည်သူများ သေဆုံးခဲ့ရသည့် နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှု NUG ကျန်းမာရေးဝန်ကြီးဌာန ရှုတ်ချ
▪️တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်
ဟန်နွေ/People’s Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်းပစ်မှတ်ထား လေကြောင်း တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ရက်တွင် ထုတ်ပြန်သည်။
မတ်လ ၂၂ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှမ်းခါးရွာ ဆေးခန်း လေကြောင်းတိုက်ခိုက်ခဲ့၍ CDM ဆရာဝန် ဒေါက်တာမြစိုးအောင်၊ ဇနီး ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူ ၅နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၁ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။ ဆရာဝန်၏ ဇနီးသည် လေးလသားအရွယ် ကိုယ်ဝန်လွယ်ထားရသူဖြစ်သည်ဟု ဖော်ပြသည်။
ဒေါက်တာမြစိုးအောင်သည် ဆေးခန်းလာလူနာများအား ဆေးကုသမှု ဆောင်ရွက်နေစဉ် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ ထိုသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ ဆရာဝန်မိသားစု ၊ လူနာ၊ လူနာစောင့်နှင့် ပြည်သူ ၈ဦး စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ရာ
သေဆုံးသူများတွင် ကလေးငယ် (၅) ဦးပါဝင်ခဲ့ဟု အသိပေးသည်။
ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများအား CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုကြောင်းနှင့် သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ဖော်ပြသည်။
ထို့အပြင် လေကြောင်းတိုက်ခိုက်ခံရ၍ ဆေးခန်းလည်း မီးလောင်ပျက်စီးခဲ့ပြီး အနီးအနားရှိ နေအိမ်များလည်း ပြိုကျပျက်စီးခဲ့ဟု ထုတ်ပြန်သည်။
ယခု လေကြောင်းတိုက်ခိုက်ခံရသည့် ဒေါက်တာ မြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့မှာ ၂၀၂၁ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်နှင့် အထက်တန်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDMပြုလုပ်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများအတွင်း လိုက်လံဆေးကုသမှုပေးနေသူ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးသည်။
တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ဆရာဝန်မိသားစု ကွယ်လွန်ခဲ့ရမှုနှင့်ပတ်သက်၍လူမှုကွန်ရက်၌ ရေးသားထားရာ "သူတို့ မိသားစုစားဖို့ ကြော်လာတဲ့ ကြက်ကြော်ထုပ်ကြီးကို လမ်းမှာ ကျနော်တို့နဲ့ တွေ့တာနဲ့ ရဲဘော်တွေ အတွက် ယူသွားတော့ဆိုတဲ့ဆရာ၊ ကျနော်တို့ရဲဘော် ရဲဘက်တွေရဲ့ အသက်ကို အများကြီး ကယ်တင်ပေးခဲ့တဲ့ ဆရာတို့ မိသားစု၊ မင်းတို့ ဘာမှ အားမငယ်ရဘူးကွဆိုပြီး အမြဲ ခွန်အားပေးတဲ့ ဆရာတို့ မိသားစု အာဏာရှင်ရဲ့ ရက်စက်မှုကို ခံခဲ့ရပြီ။ ငြိမ်းချမ်းစွာ အနားယူပါတော့ဆရာ”ဟု ရေးသားထားသည်။ ထို့ပြင် တော်လှန်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟုလည်း အဆိုပါ ရဲဘော်က အသိပေးသည်။
သေဆုံးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ဟု ဖော်ပြသည်။
စစ်ကောင်စီသည် နိုင်ငံတဝန်း တိုက်ပွဲများ၌ အထိနာနေသည့် အခြေအနေတွင် မကွေး၊ စစ်ကိုင်း အပါအဝင် နိုင်ငံတဝန်း ပြည်သူလူထု နေထိုင်ရာ နေရာများ၊ စာသင်ကျောင်း၊ ကျန်းမာရေးနှင့် ဘာသာရေး ဆိုင်ရာ အဆောက် အဦးများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထုသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း ပြည်သူ ၁၄၀ကျော် သေဆုံးကာ ၃၆၀ကျော် ဒဏ်ရာရခဲ့သည်။ ထို့ပြင် ကျန်းမာရေးအဆောက်အဦး ၁၅လုံး အပါအဝင် နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာများအပါအဝင် အဆောက်အဦး စုစုပေါင်း ၂၇၀ကျော် ပျက်စီးခဲ့ရသည်။
မတ်လအတွင်း၌လည်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်းမြောက်ဒေသ အပါအဝင်နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာ၍ အစုလိုက် အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရမှု ဖြစ်စဉ်များစွာ ရှိနေပြီး ကလေးငယ်၊ အမျိုးသမီး၊ သံဃာတော်နှင့် ကိုရင်များစွာ သေဆုံးထိခိုက်ကာ ပြည်သူသေဆုံးထိခိုက်မှုများမြှင့်တက်လျက်ရှိသည်။

👍55😢21🤬5🤮2🔥1
(နှမ်းခါးရွာအား မတ်လ ၂၂ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Yaw Media)
😡30❤11🤬8👍2😢2
ပြည်တက္ကသိုလ်အနီး ပစ်ခတ်မှု စစ်တပ်အရာရှိ သေဆုံးဟုဆို
▪️ပစ်ခတ်မှုပြီးနောက် လူငယ် ၁၀ဦးထက်မနည်း စစ်တပ် ဖမ်းဆီး
အိမ်သွင်/People's Spring
ပဲခူးတိုင်း၊ ပြည်မြို့ပေါ်တွင် ယမန်နေ့ညပိုင်းက ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်၏ အရာရှိတစ်ဦး ထိခိုက်သေဆုံးမှုရှိကာ ပစ်ခတ်မှုဖြစ်သည့်နေရာအနီးရှိ လူငယ် ၁၀ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်မြို့တက္ကသိုလ်အနီး အုန်းတောလမ်းတွင် ယနေ့(မတ်လ ၂၄ရက်) နံနက်အစောပိုင်း ၁နာရီခန့်က ပစ်ခတ်မှုဖြစ်ခဲ့ခြင်း ဖြစ်သည်။
" သေနတ်သံတွေ ဆက်တိုက်ကြားတယ်။ စစ်ကားတွေ အများကြီးလာတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်ကောင်စီဘက်က အရာရှိသေတယ် ကြားတယ်။ ဒါပေမယ့် အတည်ပြုဖို့ခက်တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။
အုန်းတောလမ်းအတွင်းရှိ အဆောင်တစ်ခုတွင် PDFများရောက်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် လာရောက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခြင်းဟု မြို့ခံများက ပြောသည်။
ယင်းဖြစ်စဉ်ကို တိတိကျကျ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ စစ်ကောင်စီကဖမ်းဆီးသွားသူများတွင် အမျိုးသမီးအချို့လည်းပါဝင်သည်ဟု သတင်းရရှိသည်။
ပြည်ခရိုင်အတွင်း ပန်းတောင်းမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်မြို့တွင်လည်း စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများပြုလုပ်နေသည်။
အုန်းတောလမ်းပစ်ခတ်မှုဖြစ်စဥ်အပြီး ပြည်မြို့အခြေစိုက်၉၅၉ တပ်အတွင်း၌ စစ်ကောင်စီက အစည်းအဝေး လုပ်နေကြောင်း ဒေသအခြေစိုက်တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
" လမ်းတွေပေါ် လုံခြုံရေးတိုးမြှင့်တာ၊ ဖုန်းနဲ့ မှတ်ပုံတင်တွေ စစ်ဆေးတာနဲ့ ရပ်ကွက်အလိုက် ဧည့်စာရင်းတွေကို ဆက်တိုက်စစ်ဆေးသွားမှာ ဖြစ်တာကြောင့် မြို့နေလူထု အထူးသတိပြုဖို့ PUGN က တိုက်တွန်းလိုပါတယ်"ဟု ဒေသတွင်းအခြေစိုက် Pyay Underground News(PUGN)က သတိပေးထားသည်။

👏45👍36🔥4
နမခအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု BWMပြော
မတ်-၂၄၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)က ယနေ့(မတ်လ ၂၄ ရက်) အသိပေးသည်။
အဆိုပါ တိုက်ခိုက်မှုကို မတ်လ ၂၃ ရက် ည ၉ နာရီခွဲကျော်တွင် (နမခ) အတွင်းရှိ တိုင်းစစ်ဌာနချုပ်ရုံး နှင့် MI 17 စစ်ရဟတ်ယာဥ် ရပ်နားကွင်းတို့ကို ပစ်မှတ်ထားပြီး ရှော့တိုက်ဒုံး သုံးလုံးဖြင့် တိုက်ခိုက်ရာ နှစ်လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။
"အညာဒေသက ပြည်သူတွေကိုရော တော်လှန်ရေးအင်အားစုတွေကိုရော အဓိ ဒုက္ခပေးနေတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကို BWMနဲ့ မဟာမိတ်အဖွဲ့တွေက ဒါနဲ့ဆို ၂ ကြိမ်မြောက်တိုက်ခိုက်ခြင်းဖြစ်ပါတယ်"ဟု BWM တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
နမခ တိုက်ခိုက်ခဲ့သော BWM Mission 32 ၌ စစ်ကောင်စီ၏ ထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေကြောင်း ဖော်ပြသည်။ထို့အပြင် နမခ၏ ထိခိုက်မှုအခြေအနေကို လူထုနွေဦး အနေဖြင့်လည်း စုံစမ်းနေဆဲဖြစ်သည်။
"ပြန်ဆုတ်လာတဲ့အချိန်အထိတော့ ဘာမှတုန့်ပြန်တာမတွေ့ခဲ့ရသေးပါဘူး။ အဲ့နောက်ပိုင်းတော့မသိတော့ဘူး၊ ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်"ဟု BWM မှတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ရှိ စစ်ကောင်စီ၏ လက်ရုံးတပ်ဖွဲ့များ စစ်ရေးကွပ်ကဲမှုပေးနေသော အရေးပါသည့်စစ်ဌာနချုပ်ဖြစ်သည်။
ထို့အပြင် ပြည်သူများကို စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေယာဉ်များနှင့် စက်တပ်လေထီးများဖြင့် ဗုံးကြဲသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်နေသော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။
ထို့ကြောင့် BWMဦးဆောင်ဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့သည် အညာဒေသနွေဦးတော်လှန်ရေးအင်အားစုများ၏ အဓိက ရန်သူဌာနချုပ်ဖြစ်သော နမခကို ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင် BWM Mission 32 အဖြစ်သတ်မှတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။
လက်ရှိ နမခတိုင်းမှူးသည် ဗိုလ်မှူးချုပ်မျိုးမင်းထွေး ဖြစ်ကာ ၂၀၂၄ ဒီဇင်ဘာလ ၁၈ ရက်တွင် အမှတ် (၁၃)တန်းမြင့်သင်တန်းကျောင်း (သပိတ်ကျင်း) ကျောင်းအုပ်ကြီးအဖြစ်မှ ပြောင်းရွှေ့လာသူဖြစ် သည်။
စစ်ကောင်စီ၏ လေတပ်အပါအဝင် အကြီးစားစစ်ရေးအချက်အချာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် BWM အဖွဲ့သည် ယခု ၂၀၂၅ ဇန်နဝါရီ ၂၀ရက်ကလည်း မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံအမှတ် (၂၁)ကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

👍71❤8👏7🔥1