People's Spring
64.9K subscribers
63.9K photos
1.11K videos
3 files
2.79K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🤬49👍42👎1🖕1
ကွတ်ခိုင်မြို့ လေပြင်းတိုက်ခတ်

မတ်-၂၃၊၂၀၂၅။ကဖေး/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၌ ယနေ့(မတ်လ၂၃ရက်) ညနေက လေပြင်းတိုက်ခတ်ခဲ့ပြီး
သစ်ပင်များပြိုလဲကာ နေအိမ်နှင့် ကားအချို့ ပျက်စီးမှုဖြစ်ခဲ့သည်။

"ညနေ ၃နာရီခန့်မှာ တမြိုလုံး လေတိုက်တာ။ ပျက်စီးတာက ထင်ရှုးတောဘက်။ သစ်ပင်တွေလဲတာ။ အိမ်တွေလည်း ပျက်တာရှိတယ်။ ကားပိမိတာတွေရော"ဟု ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့အဝင် တိုးဂိတ်အနီးရှိ ထင်းရှုးတောမှ ထင်းရှူးပင်များ ပြိုလဲခဲ့ခြင်းဖြစ်သည်။ လေပြင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့တွင် ယမန်နေ့ညနေကစ၍ မိုးအနည်းငယ် ရွာသွန်းခဲ့ပြီး တန့်ယန့်းမြို့၌ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်နှင့် ဓာတ်တိုင်အချို့ပြိုလဲမှု၇ှိခဲ့သည်။

မတ်လမှစတင်၍ မေလအထိ မြန်မာနိုင်ငံဒေသအများစု၌ လေပြင်းအန္တရာယ်ရှိနေပြီး မိုးကြိုးပစ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်စေသည့် မိုးတိမ်တောင်အန္တရာယ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိ‌‌ပေးထားသည်။
👍38😢10🤪3
(ကွတ်ခိုင်မြို့တွင် မတ်လ ၂၃ရက်ည‌နေက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)
😢48👍8😁3👎1🥰1
"ဒီ​နေ့ဘာဖြစ်ခဲ့လဲ"

ဒီနေ့(မတ်လ ၂၃ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

■ တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​ပြီး​နောက်​နေ့မှာမန္တလေးမှာစစ်မှုထမ်းမဲနှိုက်ဖို့ စပီကာနဲ့​လိုက်​အော်


မန္တလေးမြို့မှာ တက္ကသိုလ်ဝင်စား​မေးပွဲ​ဖြေပြီး​နောက်​နေ့မှာပဲ စစ်မှုထမ်းဖို့သတ်မှတ်အသက်အ
ရွယ််အကြုံးဝင်တဲ့ လူငယ်အမျိုးသားတွေ လာ
မယ့်စစ်မှုထမ်းအပတ်စဉ် (၁၂)အတွက် ရပ်ကွက်ရုံး​တွေမှာ မဲနှိုက်ဖို့ အုပ်ကြီးနဲ့ စစ်​ကောင်စီလက်
နက်ကိုင်​တွေက အသံချဲ့စက်နဲ့ လိုက်လံ​အော်​နေပါတယ် ။ တက္ကသိုလ်ဝင်စား​မေးပွဲပြီး ​နောက်​နေ့မှာပဲ ရပ်ကွက်​တွေထဲ အသံချဲ့စက်နဲ့လိုက်​အော်တာဟာ
စာ​မေးပွဲ​ဖြေထားတဲ့ လူ​ငယ်​တွေကိုပါ ​ခေါ်ချင်လို့ဖြစ်မယ်လို့ပြည်သူ​တွေက​ပြောပါတယ် ။ လူငယ်​တွေရှိတဲ့ မိဘ​တွေက ​ဘာလုပ်ရမှန်းမသိ​သောကများ​နေကြပါတယ်။

■ဖားကန့်နဲ့ ဝိုင်းမော်မှာတိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နဲ့ ဖားကန့်မြို့
နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက မတ်လ ၂၂ရက်မှာ ဖော်ပြပါတယ်။မတ်လ ၂၂ရက်က ဖားကန့်မြို့
နယ်၊ ကျောက်ဖျာကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့သလိုမတ်လ ၂၁ရက်မှာလည်း ဝိုင်းမော် လမြန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ထိခိုက်ကျဆုံး အခြေအနေ ကို​တော့မသိရသေးပါဘူး။

■ဧရာဝတီမှာ တိုက်ပွဲဆက်ပြင်းထန်

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်ဧရိယာ တွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ရော စက်တပ်လေထီးနဲ့ပါ တိုက်ခိုက်နေပါတယ်။အာရက္ခတပ်တော်(AA)နဲ့ပူးပေါင်းတပ်တွေက မတ်လ ၁၅ရက်ကစပြီး ရေကြည်မြို့၊ မြောက်စမ်းရွာအ
ခြေစိုက် အမြောက်တပ်အမတ(၃၄၄)နဲ့သာပေါင်း
မြို့နယ်ကခမရ(၃၀၈)ကို ဦးတည်ပြီး စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်ခဲ့တဲ့နောက်တိုက်ပွဲ တွေဆက်
တိုက်ပြင်းထန်လာတာဖြစ်ပါတယ်။

■အင်းတော်-ကသာလမ်းပိုင်းတိုက်ပွဲသေဆုံးဒဏ်ရာရသူတွေထဲ ပဲခူးနဲ့ဧရာဝတီက စစ်သင်တန်းဆင်းတွေပါဝင်

မတ်လ ၁၅ရက်နေ့က ဖြစ်ခဲ့တဲ့ အင်းတော်-ကသာလမ်းပိုင်းကတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေ
ဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အလုပ်မရှိလို့ ငွေကြေးယူစစ်မှုထမ်းလိုက်သွားတဲ့ ပဲခူး
တိုင်းနဲ့ဧရာဝတီတိုင်းက အမျိုးသားအချို့ ပါဝင်သွားပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၃ ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရကာ ၃၁ ဦး အရှင်ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

■ကနီမြို့ပေါ်ကို စက်တပ်လေထီး ၆စီး၊ဒရုန်းကျွမ်းကျင်သူ ၂၀ဦး စစ်ကောင်စီပို့

ကနီမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို စက်တပ်လေထီး ၆စီးနဲ့ ဒရုန်းကျွမ်းကျင်သူ ၂၀ဦး လေ
ကြောင်းက နေလာရောက်ပို့ဆောင်သွားပါတယ်။မတ်လ ၁၉ရက်က ရဟတ်ယာဉ်နဲ့ ပို့ဆောင်သွားခြင်းဖြစ်ပြီး လေကြောင်းအန္တရာယ်ကို ပိုပြီးသတိရှိဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

■ကဗျာဆရာစောဝေရဲ့ သမီး နိုင်ကျဉ်းဟောင်း
မရွှန်းစိမ့်စိမ့်ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာစောဝေရဲ့ သမီး အသက် ၃၄နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူဟောင်း မရွှန်းစိမ့်စိမ့်ဟာ ကျန်းမာရေးအ
ခြေအနေကြောင့် ဆေးကုသမှုခံယူနေရာကနေ ယနေ့ မတ်လ ၂၃ရက်နံနက်မှာ ကွယ်လွန်သွားပါတယ်။မရွှန်းစိမ့်စိမ့်ကို၂၀၂၁ မေလမှာစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် သုံးနှစ်ခန့် ကျပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

■ဇွဲကပင်တောင် တောမီးလောင်

ကရင်ပြည်နယ် ဘားအံမြို့က နာမည်ကျော် ဇွဲကပင်တောင်ဟာ ယနေ့ မတ်လ ၂၃ရက်ညနေကစပြီး တောမီးလောင်ကျွမ်းနေပါတယ်။ ညအထိ ဆက်လောင်နေပြီး ယခင်နှစ်တွေက တောမီးထက် ပိုလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

■ကွတ်ခိုင်မြို့ လေပြင်းတိုက်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ယနေ့ မတ်လ၂၃ရက် ညနေက လေပြင်းတိုက်ခတ်ခဲ့ပြီး
သစ်ပင် တွေပြိုလဲလို့ နေအိမ်နဲ့ကားအချို့ပျက်စီးခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတန့်ယန့်းမြို့မှာလည်း မနေ့က လေပြင်းတိုက်ခတ်လို့ သစ်ပင်နဲ့ ဓာတ်တိုင်တွေ လဲကျပျက်စီးခဲ့ပါတယ်။

■ကျိုက်ထိုနယ်မှာစစ်ကောင်စီလက်နက်ကြီးကြောင့် သံဃာ တစ်ပါး ပျံလွတ်တော်မူ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ခရွဲရွာဘုန်းကြီး
ကျောင်းကို စစ်ကောင်စီ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သံဃာ တစ်ပါး ပျံလွန်တော်မူကာ နှစ်ပါး ထိ
ခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအ
စည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၂၁ရက်မှာပဲခူးတိုင်း၊ ဝေါမြို့နယ်၊လက်ပယ်ရွာရှိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အခုလို သံဃာတော်တွေ ထိခိုက်တာ၊ ပျံလွန်တော်မူတာတွေဖြစ်ခဲ့ရတာလို့ အသိပေးထားပါတယ်။စစ်ကောင်စီဟာလေ
ကြောင်း၊ လက်နက်ကြီးတွေသုံးပြီး သာသနာ့နယ်
မြေများကို ကြိမ်ဖန်များစွာ တိုက်ခိုက်လာတာဟာ လွန်စွာစက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်တယ်လို့လည်း KNUက ထုတ်ပြန်ခဲ့ပါတယ်။


■တီးတိန်မှာ စစ်ကောင်စီ ဒုတပ်ကြပ်တဦး
PDF ဇိုလဲန်းဆီကို ထပ်မံအလင်းဝင်
👍462🔥2
ချင်းပြည်နယ်၊တီးတိန်မြိုအခြေစိုက်ခလရ(၂၆၉)
တပ်ရင်းမှ ဒုတပ်ကြပ် မင်းစိုးဟာ မတ်လ ၁၉ရက်မှာ လက်နက်နဲ့အတူ အလင်းဝင်လာလို့ ဆုငွေပေးအပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်
(PDF) - Zolandက ထုတ်ပြန်ဖော်ပြထားပါတယ်။ မတ်လ ၃ရက်ကလည်း ခလရ(၂၆၉)တပ်ရင်းက တပ်သားမင်းမင်း ကျည်ခဲယမ်းတွေယူလာပြီး PDF ဇိုလဲန်းထံအလင်းဝင်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။စစ်ကောင်စီ လက်ကျန် တပ်သားတွေအနေနဲ့ PDF ဇိုလဲန်းပါဝင်တဲ့ ချင်းညီနောင်က တီးတိန်မြို့သိမ်း စစ်ဆင်ရေးမစခင်မှာ အလင်းဝင်လာနိုင်တယ်လို့လည်း ZFU/PDF ဇိုလဲန်း အတွင်းရေးမှူး ကိုရောဘတ်က မတ်လ ဆန်းမှာ သတိပေး တိုက်တွန်းထားပါတယ်။

■ကာကွယ်ရေးဝန်ကြီးမြေပြင်မှာရှိနေတာဟာ တော်လှန်ရေး ရှေ့ဆက်ဖို့ အင်အားဖြစ်တယ်လို့PDF တပ်မှူးပြော

အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်
ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကိုယ်
တိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ
ဘော်တွေနဲ့အတူမြေပြင်မှာရှိနေခြင်းတစ်ခုတည်းနဲ့ အထက်ကို ယုံကြည်ပြီးတော်လှန်ရေးကို ရှေ့ဆက်
နေခြင်းဖြစ်ကြောင်း PDF ကလေးခရိုင် အမှတ်(၄) တပ်ရင်းမှတပ်မှူးကိုမုန်ပီးကပြောပါတယ်။စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးခရိုင်အတွင်းက တော်လှန်ရေးတပ်ဖွဲ့များအတွက်ရန်ပုံငွေရှာဖွေတဲ့ ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကိုမတ်လ ၂၂ရက်က ပြုလုပ်ခဲ့ရာမှာ ကိုမုန်ပီးက အခုလို ပြောဆိုခဲ့တာပါ။NUG အစိုးရယန္တရားမှာရှိတဲ့ PDF အခန်းကဏ္ဍကို ကိုမုန်ပီးက ရှင်းပြရာမှာ PDF အနေနဲ့ တော်လှန်ရေးမှာ အရှိန်နဲ့သွားနေပြီး ရှေ့မှာ အားကောင်းမောင်းသန်နဲ့ စစ်အာဏာရှင်ကို တော်လှန်ဖို့ အားစိုက်နေတယ်ဆိုတာ အာမခံတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် PDFနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ စစ်ရေးအရှိန်ဟာလည်း လျော့ကျသွားစရာ မရှိဘူးလို့လည်း ကိုမုန်ပီးက ပြောပါတယ်။

■ရန်ကုန်မြိုလယ် တိတ်ရှိန်ရွှေဆိုင်ဓားပြတိုက်ခံရ

ရန်ကုန်မြို့လယ် ၊ပန်းဘဲတန်းမြို့နယ်၊ဗန္ဓုလလမ်း၊ ၂၉လမ်းနှင့်လမ်း ၃၀ကြားရှိ တိတ်ရှိန်ရွှေဆိုင်
တိတ်ရှိန်ရွှေဆိုင် ဒီက​နေ့နံနက် ၈ နာရီခန့်မှာ ဓားပြတိုက်ခံရပါတယ် ။ဆိုင်ဖွင့်ဖွင့်ချင်းမှာပဲ အမျိုး
သား လေးယောက် ပါတဲ့အဖွဲ့က ဓါးပြတိုက်သွားတာလို့ရွှေဆိုင်အနီးရှိပြည်သူတစ်ဦးက ​ပြောပါတယ်။ရန်ကုန်၊မန္တလေးလို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီး​တွေကရွှေဆိုင်​တွေ၊ဘဏ်​တွေမှာ
မကြာ ခဏ ဓားပြတိုက် လုယက်ခံ​နေရပြီး ကျူးလွန်သူ​တွေထဲမှာစစ်​ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်​တွေ နဲ့ ပျူ​​စောထီး​တွေ၊ပြည်သူ့စစ်​တွေ ပါ ပါ​တဲ့အမှု​တွေရှိပါတယ်။

■ပြည်ပသွားရောက်လုပ်ကိုင်ခွင့်ပြုမည့် လူအရေအတွက်ကိုစစ်ကောင်စီက ကန့်သတ်

ပြည်ပနိုင်ငံ​တွေသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ပြုမယ်ဘလူအရေအတွက်နဲ့ အလုပ်ခေါ်စာ(Demand Latter)ကို စစ်ကောင်စီက စတင်ကန့်သတ်လိုက်ပါတယ်။မတ်လ ၂၂ ရက်ကစ၍ ထိုင်းနိုင်ငံနဲ့ မတ်လ ၂၃ ရက်​နေ့မှာ ဂျပန်နိုင်ငံ​တွေဆီကိုအလုပ်သမားစေလွှတ်မှုနဲ့ပတ်သက်ပြီး အေဂျင်စီ​တွေလိုက်နာဆောင်ရွက်ရမယ့်အချက်များကို စစ်ကောင်စီကကြေညာခဲ့တာပါ။ထိုင်းနိုင်ငံကိုသွား ရောက်အလုပ်လုပ်ကိုင်မယ့် အလုပ်ခေါ်စာတစ်စောင်ကိုအလုပ်သမား ၅၀ဦးနှုန်းနဲ့ အေဂျင်စီ​တွေက တစ်လမှာ တစ်ကြိမ်နှုန်းပဲတင်ပြရမယ်လို့ဆိုပါတယ်။အလားတူဂျပန်နိုင်ငံကို အလုပ်သမားစေလွှတ်မှုကိုလည်း အလုပ်ခေါ်စာတစ်စောင်မှာ ၁၅ ဦးနှုန်းနဲ့တစ်လမှာတစ်ကြိမ်သာ ခွင့်ပြုပေးမယ်လို့ဆိုပါတယ် ။

■နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်
ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်
ကြောင်းက "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ ယင်းမာပင်မြို့နယ် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက "ILO Implement Article 33 On Myanmar Now 2025"စာသားကိုင်ကာ အ
ကြမ်းဖက်စစ်တပ်ကို ILO ပုဒ်မ၃၃ အရအရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃) အရ အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း "We Stand With Ukraine" စာသားပါ အလံကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
👍583🔥1
👍50🔥2😢1
👍639🔥2