■ကဗျာ
“ချိတ်”
◼️မောင်မိုးအေး
နေညိုရင် ငါးမျှားမယ်
ချိတ်မှာ
ဘဝနဲ့ မျှော်လင့်ချက်
တွဲလဲကြီး
ဝေးဝေးကိုပစ်ကွာ
ကြီးကြီးကိုဆွဲ
ဘဝနဲ့ရင်းပြီးမျှားတာပဲ
ကြီးကြီးရသင့်တယ်မလား
ပန်းပွင့်တာတွေလှလား
နေဝင်ချိန်လှလား
မီးသင့်ဒဏ်ရာကို
တက်တူးနဲ့ ဖုံးလိုက်တယ်
လှသလား
ဒီလိုပဲ တူရာစုကြ
ဒဏ်ရာနဲ့လူ
လေးငါးခြောက်ယောက်
ခုနှစ်ယောက်
ဆက်မရေတွက်တော့ဘူး
တွဲလဲတွေရော့
တေ့လွဲတွေရော့
အများကြီးပဲ ဟရောင်
အများကြီးပဲ
ရင်ဘတ်တွေဖွင့်ပြီး
ရေဆင်းကူးကြတယ်
ခေတ်နဲ့ငြိပြီး မြုပ်သွားတယ်
အသက်ရှုချိန်ကိုမရဘူး
ကူးကြခတ်ကြရ
အသက်တောင်
ဝဝမရှုနိုင်ခင်
အော်ဟစ်ဆဲကြတာပဲ
မောလား ဟရောင်
အကုန်လုံးဟာ
မျက်နှာသေတွေနဲ့
နေလုံးကြီးက နီနေပြီ
ငါးမျှားချိတ်တွေ တွဲလဲ
ပိုက်မပစ်တတ်
ကွန်မပစ်တတ်
ငါတို့ဘာတွေမိခဲ့ကြသလဲ
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'မောင်မိုးအေး' ရေးဖွဲ့ခဲ့တဲ့ "ချိတ်" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,129 likes · 3,541 talking about this. News & media website
👍58🤣3
ဧရာဝတီတွင်ရေကြည်၊ငါးသိုင်းချောင်း၊လေးမျက်
နှာထိစပ်ဒေသများအထိ့တိုက်ပွဲပြင်းထန်လာ
မတ်-၂၃၊၂၀၂၅။မိထက်/People's Spring
ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေး
မျက်နှာမြို့နယ်ထိစပ်ဒေသများတွင်မတ်လ၂၃
ရက်နံနက်ပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော စက်တပ်လေထီးဖြင့်ပါ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
အဆိုပါဒေသတဝိုက်မှ ချင်းလယ်၊ တုံးတော၊ ဝတ်ကုန်း၊ ကညင်တိုင်းရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
"တိုက်ပွဲတွေတော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ ရေကြည်၊ ငါးသိုင်းချောင်း ဘက်ကိုလည် ဖြတ်ပြီး ဟက်စကီးတွေတောက်လျှောက်တတ်နေတယ်။ စက်တပ်လေထီးတွေလည်း ပျံတက်တယ်။ တိုက်ပွဲသံတွေ ကြားနေရတယ်" ဟု လေးမျက်နှာမြို့ခံတစ်ဦးကပြောသည်။
အာရက္ခတပ်တော်(AA) နှင့် PDF ပူးပေါင်းတပ်များကမတ်လ ၁၅ရက်မှစ၍ရေကြည်မြို့၊ မြောက်
စမ်းရွာအခြေစိုက် အမြောက်တပ်အမတ(၃၄၄)
နှင့် သာပေါင်းမြို့နယ် ရှိခမရ(၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်က ဝတ်ကုန်းရွာကိုလေကြောင်းမှတိုက်ခိုက်ခဲ့ပြီးနောက်လေ
ကြောင်းအသုံးပြုမှုပိုများလာသည်ဟု ဒေသခံများကပြောသည်။
"ကျတော်လည်းရွာကိုထားခဲ့ပြီ။ နေလို့မရတော့ဘူး။ တိုက်ပွဲမှာက AAက ဖိတိုက်နေတာ။ မြေပြင်မှာစစ်တပ်အထိနာလေ လေကြောင်းကနေ ပစ်လေပဲ။ မနေသင့်တော့ဘူး"ဟု ဒေသခံတဦးက
People's Spring သို့ပြောသည်။
ဒေသကိုစွန့်ခွာခဲ့သောစစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ခန့်ရှိနေပြီး အကူအညီများပေးကြရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းထားသည်။
တိုက်ပွဲနေရာများသည် ပုသိမ်-မုံရွာလမ်းနှင့်လည်း နီးသည်။ ပုသိမ်-မုံရွာလမ်းသည် ဧရာဝတီ၊ ပဲခူး၊
မကွေး နှင့် စစ်ကိုင်းတိုင်းအထိ ဖောက်လုပ်ထားပြီး AA အပါအဝင်တော်လှန်ရေးတပ်များကလမ်း
ပိုင်းကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည်။တိုက်ပွဲကြောင့် ဒေသခံများ၏ လုံခြုံရေးအန္တရာယ်များ စိုးရိမ်ရသည့်အတွက်အသွားအလာများ သတိ
ထားကြရန်ရေကြည်ပကဖအပါအဝင်ကာကွယ်
ရေးတပ်များက သတိပေးထားသည်။

👍98❤6👏5😁2🤬2🥰1
တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာ
မတ်-၂၃၊၂၀၂၅။ရဲခေါင်/People's Spring
တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားတစ်ဦး ယနေ့(မတ်လ ၂၃ ရက်) အလင်းဝင်လာကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ခမရ (၅၀၈)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်ရင်းရောက်ရှိနေစဥ် MA1 လက်နက်တစ်လက်နှင့်အတူ အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။
"မိုးဗြဲတိုက်ပွဲအတွင်းကျနော်တို့ MBPDFမှာတော့ နှစ်ယောက်ရှိတယ်။ KNDFနဲ့ အခြားတပ်ရင်းတွေမှာများတယ်။ တိုက်ပွဲကြားကဝင်လာတဲ့သူရှိသလို တပ်အပြောင်းအရွေ့လုပ်တဲ့ချိန် ထွက်ပြေးလာသူတွေလည်းရှိတယ်"ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အလင်းဝင်တပ်သားသည် စစ်မှုထမ်းဥပဒေအရ တပ်သားသစ်ဆောင်းခံရသူဖြစ်ပြီး စစ်ကောင်စီ၏ မတရားစေခိုင်းမှု မခံနိုင်သောကြောင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားနေကြောင်းလည်း ၎င်းက MB PDF ထံထွက်ဆိုသည်။
အဆိုပါတပ်သားအား ဆုကြေးငွေများပေးအပ်ပြီး ဘေးကင်းလုံခြုံသည့် ထိန်သိမ်းရေးဌာနသို့ လွှဲပြောင်းရန်စီစဥ်လျက်ရှိပြီး စစ်ကောင်စီတပ်သားများအနေဖြင့် အလင်းဝင်ရောက်လိုပါက အစဥ်အမြဲကြိုဆိုလျက်ရှိကြောင်းလည်း MBPDFက အသိပေးသည်။
တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တွင် စစ်ရေးလို အပ်ချက်များစွာရှိနေသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သ၍ ထောက်ပို့ကူညီပေးရန်လည်း တိုက်တွန်းထားသည်။
ထို့အပြင် မြေပြင်ထိုးစစ်တိုင်းတွင် သေဆုံးမှုများနေသည့် စစ်ကောင်စီသည် မိုးဗြဲမြို့ကိုနေ့စဥ်နှင့်အမျှ မီးလောင်ဗုံး အသုံးပြု၍ ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်နေသည်။
"ဒီနေ့(မတ်လ ၂၃ ရက်)လည်း အိမ်ကြီး၊အိမ်ကောင်း နှစ်လုံးမီးလောင်းသွားတယ်။ဒရုန်းနဲ့ လာကြဲသွားတာ"ဟု မိုးဗြဲမြို့စစ်မြေပြင်ရှိ ရဲဘော်တစ်ဦးက ပြောသည်။
ရှမ်း-ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား ပြာကျအောင် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁)ဗျူဟာက ထုတ်ပြန်ထားသည်။
မဟာမိတ်တပ်ပေါင်းစု၏ စိုးမိုးထိန်းချုပ်ထားသော မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်း ချုပ်နိုင်ရန် စစ်ကြောင်းသုံးကြောင်းနှင့်အတူ နည်းလမ်းမျိုးစုံဖြင့် တိုက်စစ်ဖွင့်ထိုးစစ်ဆင်လာသည်မှာ ၄ လ ကြာရှိလာသည်။
ယခု မတ်လအတွင်း စစ်ရေးပိုပြီးပြင်းထန်ကာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲကြီးငယ်များ နေ့စဥ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိနာသူများသောကြောင့် ဖယ်ခုံနှင့် လွိုင်ကော်မှ လက်နက်ကြီးအကူ ၊ လေကြောင်းအကူ၊ အပြင်တိုက်ခိုက်ရေးဒရုန်းနှင့် ကာမီကာဇေ(အသေခံ)ဒရုန်းတို့ဖြင့်ပါ တိုက်ခိုက်နေသည်။

👍78❤6🔥1🥰1
ကာကွယ်ရေးဝန်ကြီး မြေပြင်၌ ရှိနေခြင်း တစ်ခုတည်းဖြင့်အထက်ကို ယုံကြည်ပြီးရှေ့ဆက်နေ
ကြောင်းPDF ကလေးခရိုင် တပ်ရင်း(၄) တပ်မှူးပြော
မတ်-၂၃၊၂၀၂၅။ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်
ကြီးဌာနဝန်ကြီးဦးရည်မွန်ကိုယ်တိုင်ပြည်သူ့ကာ
ကွယ်ရေးတပ်မတော်(PDF)ရဲဘော်များ နှင့်အတူ မြေပြင်၌ ရှိနေခြင်း တစ်ခုတည်းဖြင့် အထက်ကို ယုံကြည်ပြီး တော်လှန်ရေးကို ရှေ့ဆက်နေခြင်းဖြစ်ကြောင်း PDF ကလေးခရိုင် အမှတ်(၄) တပ်ရင်းမှတပ်မှူးကိုမုန်ပီးက ပြောသည်။
စစ်ကိုင်းတိုင်း ကလေးနှင့်တမူးခရိုင်ရှိတော်လှန်
ရေးတပ်ဖွဲ့များအတွက်ရန်ပုံငွေရှာဖွေမည့်ကဘော်
ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကိုမတ်လ ၂၂
ရက်ညက ပြုလုပ်ခဲ့သည်။ အခမ်းအနားမှူး ဒေါက်တာဖြိုးသီဟက အွန်လိုင်းတွင် NUGကို အပြုသဘော ဝေဖန်မှုများ ပြုလုပ်နေသည့် PDF တပ်မှူး တစ်ဦးဖြစ်သည့် ကိုမုန်ပီးကို တော်လှန်
ရေး၌ဝေဖန်ရေး လိုအပ်သကဲ့သို့ အပြစ်ရှာခြင်း သို့မဟုတ် ပြည်သူစိတ်ဓာတ်ကျအောင် လုပ်ခြင်း
များ ရှိနေသည့် အပေါ် သုံးသပ်ပြောကြားပေးရန် မေးမြန်းချက်အား ကိုမုန်ပီးက ပြန်လည်ဖြေကြားရာ၌ NUG ယန္တရားအောက်ရှိ PDF ကဏ္ဍအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။
NUG ကို ဝေဖန်မှုများ ပြုလုပ်သကဲ့သို့ အပြုသ
ဘော ရေးသားချက်များအပေါ် NUGကို ဖားသည်ဟု ပြောဆိုမှုများ ကြုံရကြောင်း ကိုမုန်ပီးကပြောပြသည်။
“ကျနော်မဆဲခဲ့တာ မဟုတ်ပါဘူး။ဖာနေတာလည်း မဟုတ်ပါဘူး။ အဓိကတော့ ကျနော်တို့ ကိုယ်၌က ထဲထဲဝင်ဝင် အလုပ်လုပ်နေရတော့ ကျနော်တို့ ဘာလုပ်နေရတယ်ဆိုတာ ကျနော်တို့သိတယ်။ ကျနော်တို့ဘာလုပ်နေတယ် ကျနော်တို့ ဘယ်လောက်ရွေ့နေတယ်ဆိုတာကျနော်တို့ သိတယ်။တကယ်က
တော့ အခု ကျနော်တို့ ပြောနေတဲ့ ကဏ္ဍတွေဆိုတာ ကျနော်တို့သာရန်ပုံငွေလုံလောက်တယ်ဆိုရင် လျှို့
ဝှက်သင့်တဲ့ကိစ္စတွေပါ။ ဒါပေမဲ့ တော်လှန်ရေးဟာ လူထုအားနဲ့ သွားနေရတဲ့ကဏ္ဍမှာအားလုံးမြင်သာ
တာပေါ့။” ဟု ကိုမုန်ပီးက ပြောသည်။
NUG အစိုးရယန္တရားပဲဖြစ်ဖြစ်တော်လှန်ရေးဦး
ဆောင်သူများ၊ တပ်ဖွဲ့အချင်းချင်းများဖြစ်ဖြစ် လိုအပ်သည်များကိုအများပြည်သူရှေ့မှောက်၌ ပြောဆိုခြင်းထက် အတွင်းပိုင်း၌သာ တော်လှန်ရေးရဲဘော်ချင်းအဓိထား ပြောဆိုဖြစ်ကြကြောင်း ၎င်းကဆက်ပြောသည်။
“ကျနော် ကျန်တဲ့ ကဏ္ဍတွေမပြောတက်ဘူး။ ကျနော်မသိ ၊ နားလည်မလည်လို့ ။ ဒါပေမဲ့ PDF
ကဏ္ဍအနေနဲ့ ပြောရမယ်ဆိုရင် ပြည်သူ့ကာကွယ်
ရေးတပ်မတော် ဟာ ကျနော်တို့ရဲ့ ဝန်ကြီး ၊ ကျနော်တို့ရဲ့ စစ်ဦးစီးချုပ်ကိုယ်တိုင် ကျနော်တို့နဲ့အတူ မြေပြင်မှာ ရှိနေတယ် ။ဒီတခု နဲ့တင် ကျနော်တို့က တော်တော်လေး ယုံကြည်အားကိုးလို့ ရပြီပေါ့။ဒါနဲ့
ပဲ ကျနော်တို့ PDFက ကိုယ့်ရဲ့အထက်ကိုယုံကြည်
ပြီး ရှေ့ဆက်နေတာဖြစ်တယ်” ဟုကိုမုန်ပီးက ပြောသည်။
လက်ရှိစစ်ရေးတွင် တောင်တန်းဒေသများကိုတော်
လှန်ရေးအင်အားစုများက ခြုံငုံထိန်းချုပ်နိုင်ခဲ့ပြီဟု ၎င်းကသုံးသပ်ပြောသည်။
“တောင်တန်းဒေသတွေကိုဒီပြည်နယ်တွေကို အမှီ
ပြုပြီးသူတို့ရဲ့ထောက်ပံ့မှုသူတို့ရဲ့ကူညီမှုကို အား
ယူပြီး တော့ ကျနော်တို့ ရှေ့တလှမ်းကို တဆင့်တက်လှမ်းနေကြတာဖြစ်တယ်။ အရင်တုန်းက
တော့ ပြောက်ကျားတို့လူအင်အားဆယ်ဂဏန်း၊ ရာဂဏန်းနဲ့ တိုက်ပွဲဝင်တယ်။ ရှေ့ဆက်မှာတော့ ထောင်သောင်း နဲ့ ချီတဲ့ တိုက်ပွဲဝင်မှုတွေ ပြုလုပ် နိုင်ဖို့၊ ပြုလုပ်လည်းပြုလုပ်နေနိုင်တယ် ပိုမိုအား
ကောင်း အောင်ဆိုတာ ကျနော်တို့ ပြုလုပ်နိုင်ဖို့ အားစိုက်နေကြတာဖြစ်တယ်”ဟုလည်း ကို
မုန်ပီးကပြောသည်။
ကာကွယ်ရေးဝန်ကြီးက ထိုးစစ်ကြီးတရပ်ကို အင်အားထောင်သောင်းချီဖြင့် ပြုလုပ်ကာ စစ်အာဏာရှင်အဆုံးသတ်နိုင်ရေး လုပ်ဆောင်ရန် ရှိကြောင်း မတ်လ ဒုတိယပတ်တွင်တပ်မှူး သင်တန်းတစ်ခုမိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိတော်လှန်စစ်ရေးအခြေအနေများကိုသေ
ချာစွာ စူးစမ်းလေ့လာကြည့်ပါကအရမ်းမြင်သာကြောင်း၊ တော်လှန်ရေးသည်ဝှက်ထား၍မရဘဲ အလွန်ပွင့်လင်းမြင်သာကြောင်းကိုမုန်ပီးကဆို
သည်။
“တကယ်ကတော့ ဒီထက်လျှို့ဝှက်သင့်တာတွေအများကြီးပေါ့။ ကျနော်အနေနဲ့ကတော့ NUG ယန္တရားကြီးတခုလုံးမဟုတ်ရင်တောင်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် NUG ယန္တရားတော့ ကျနော်အားလုံးနားမလည်လို့ ပြောတာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFဟာ အရှိန်နဲ့သွားနေတယ်။ရှေမှာပိုပြီးတော့ အားကောင်းမောင်းသန်နဲ့သွားနိုင်ဖို့ အားစိုက်နေတယ်ရုန်းနေတယ်။မနားမနေ အားစိုက်နေတယ်ဆိုတာတော့ သေချာတယ်။ ဒါကိုတော့ ကျနော်တို့ လုံး၀ အာမခံတယ်” ဟုကို
မုန်ပီးက ပြောကြားသည်။
သို့ရာတွင်၂၀၂၅ ပြီးရင်ဘာဖြစ်မည်ဆိုသည့် မျှော်
လင့်ချက်ကြီးကြီးမားမား မပြောလိုကြောင်း ၎င်းက ဆိုသည်။
“ဒါပေမဲ့ သေချာတာကတော့တဆင့်ပြီးတဆင့်တရွေ့ပြီးတရွေ့ရွေ့သွားမယ်ဆိုတာလုံး၀သေချာတယ်”ဟု ကိုမုန်ပီးက ပြောသည်။
အားနည်းချက်များ အားမရခြင်းများရှိသော်လည်း ယခုထက်ပိုအားကောင်းအောင်ကြိုးစားရမည်ဖြစ်
ကြောင်း၎င်း၏ ခံယူချက်ကိုပြောသည်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF နဲ့ကျန်တဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေဟာကျနော်တို့ရဲ့စစ်အရှိန်ကတော့ဘယ်လိုမှ ရပ်တန့်သွားစရာမရှိဘူး။တရွေ့ပြီးတရွေ့ ရွေ့နေတယ်လို့ ယုံကြည်ပါတယ်” ဟု ကိုမုန်ပီးက ပြောပြသည်။

👍67🔥8🥰3👏2🖕2
ယခုပြုလုပ်နေသည့် ကဘော်ညီနောင် ကမ်ပိန်းသည် ကလေး၊ တမူးခရိုင်အတွင်းရှိ PDFအဖွဲ့ ၁၄ဖွဲ့အတွက် ရန်ပုံငွေ ရှာဖွေခြင်းဖြစ်ကြောင်း
ရှင်းပြသည်။
ချင်းတွင်းမြစ်နှင့် အိန္ဒိယနယ်စပ်အကြားချိုင့်ဝှမ်းလွင်ပြင်ဒေသဖြစ်သောကဘော်ဒေသသည်အမှတ်
(၁) စစ်ဒေသ၏ အရေးကြီးသည့်ဒေသဖြစ်ပြီး ယင်းဒေသ၌ ကလေးနှင့် တမူးမြို့များ ပါဝင်ကြောင်းဝန်ကြီး ဦးရည်မွန်ကလည်းပြောသည်။ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးအရ သမိုင်းတလျှောက် အရေးပါခဲ့သည့် ယင်းကဘော်ဒေသကို လွတ်မြောက်နယ်မြေ ဖြစ်ရေး ဦး
စားပေးဆောင်ရွက်ရန်ရှိကြောင်း ၎င်းက ဆိုသည်။
ကဘော်ချိုင့်ဝှမ်းသည် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းတွင်တည်ရှိသည့်ကုန်းမြင့်ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်
နယ်၏ နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသည်။
"ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသအ
နေနဲ့လည်း ဒီဒေသ ဒီနယ်မြေ လွတ်မြောက်ရေးကို အထူးဦးစားပေးအနေနဲ့ စဉ်းစားဆောင်ရွက်နေတာလည်းရှိတယ်လို့ ပြောရပါမယ်"ဟု ဦးရည်မွန်ကဆို
သည်။
တော်လှန်ရေးအစောပိုင်းကတည်းကကာကွယ်ရေး
ဝန်ကြီးဌာန နှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်
ရေးအဖွဲ့များဖြစ်သော ကချင် KIA၊ ချင်း CNF/CNA၊ ကရင်နီ KNPP/KA၊ ABSDF တို့ ပါဝင်သော ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၏ သဘောတူဆုံးဖြတ်ချက်အရ အမှတ်(၁) စစ်ဒေသကို ၂၀၂၂ နှစ်လယ်ပိုင်း၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ဟု ရှင်းပြသည်။
ကလေးခရိုင်နှင့် တမူးခရိုင် နှစ်ခုလုံးတွင်နယ်မြေစိုးမိုးထိန်းချုပ်မှုကို PDF တပ်မတော်က အဓိက ရယူထားကြောင်း၊ စစ်ကောင်စီ လုံး၀ ကင်းစစ်ခြင်းမရှိသေးသော်လည်း တနယ်လုံးကို PDFများ ထိန်းချုပ်ထားသည်ဟု ကာကွယ်ရေးဝန်ကြီးက ရှင်းပြသည်။
PDF ကလေးခရိုင် အမှတ်(၄) တပ်ရင်းတပ်မှူးကိုမုန်ပီး၏ ရှင်းပြချက်တွင်လည်း PDFနှင့် ပကဖ၊ ပလဖ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်း
သား တော်လှန်ရေးတပ်များ အတူတကွ တိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်တော်လှန်ရေးသည် အရှိန်အဟုန်တဖြည်းဖြည်း မြင့်သထက်မြင့်လာသည်ဟု အသိပေးသည်။
ယခင်ကလက်နက်ဆယ်ဂဏန်းဖြင့် ပြောက်ကျား တိုက်ပွဲများ ဝင်ခဲ့ကြရသော်လည်း ပြီးခဲ့သည့်နှစ်နှစ်တာအတွင်းလူအင်အားရာဂဏန်းအချို့ အသုံး
ပြုပြီး ရန်သူ့စခန်းအချို့ကို သိမ်းနိုင်ခဲ့ဟု ကိုမုန်ပီးက ပြောသည်။
"ဒါပြည်နယ်ဒေသတွေမှာ ဖြစ်ရိုးဖြစ်စဉ်တခုသာဖြစ်ပေမယ့် ၂၀၂၁မှ စပြီးပြန်တော်လှန်ရတဲ့ ပြည်မဒေသ မြေပြန့်ဒေသ လွင်ပြင်ဒေသတွေအတွက်ဆိုရင်တော့ အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုပဲဖြစ်တယ်။ ပြီးခဲ့တဲ့ တနှစ်တာကာလလောက်က စပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း အမှတ်(၁) စစ်ဒေသနဲ့ ရှမ်းမြောက်ကို အခြေပြုတဲ့ မန္တလေးတိုင်းအတွင်းမှာဆိုရင်လူအင်အားထောင်နဲ့ချီ ၊လက်နက်အင်
အား ထောင်နဲ့ချီ ပါဝင်တဲ့ မြို့သိမ်းတိုက်ပွဲကြီးတွေကို စစ်နယ်ဝန်းတွေကို သိမ်းပိုက်နိုင်တဲ့ တိုက်ပွဲကြီးတွေကို ကျနော်တို့ စတင်ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါတွေက ကျနော်တို့ တော်လှန်ရေးရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုဖြစ်တယ်”ဟု ကိုမုန်ပီးက ပြောသည်။
၂၀၂၅တွင်လည်း မြေပြန်လွင်ပြင်ဒေသ၌လည်း ရန်သူကိုပြောက်ကျားတိုက်ခိုက်နိုင်ရုံသာမက စစ်ကြောင်းလိုက် ဖြုတ်နိုင်သည့်ဖြစ်စဉ်များ မ
ကြာခဏ မြင်တွေ့ရသည်မှာ အားလုံးအသိပင်ဖြစ်ပြီး မြန်မာပြည်တောင်ဘက်ခြမ်း၌လည်း စစ်တောင်းမြစ်ကို ကျော်လွန်ပြီးရန်သူ့ စခန်း ၅ ခု၊၆ခုကို တပြိုင်တည်း စီးနင်း တိုက်ခိုက်နိုင်သည့် အနေ
အထား မြင်တွေ့ရပြီဖြစ်ကြောင်း၎င်းကပြောသ
ည်။ တချိန်တည်း၌ ရခိုင်ရိုးမကိုကျော်ပြီး မကွေး
တိုင်းထဲ၌ ထင်မှတ်မထားသည့် တိုက်ခိုက်မှုများ ဖော်ဆောင်နိုင်နေပြီဖြစ်ကြောင်းလည်း တမူးခရိုင်အမှတ်(၄) တပ်ရင်းမှတပ်မှူးကပြောသည်။

👍75❤9🥰2🖕2🔥1
■Breaking News
ဇွဲကပင်တောင် တောမီးလောင်နေ
မတ်-၂၃၊၂၀၂၅။စောတာရာ/People's Spring
ကရင်ပြည်နယ် ၊ဘားအံမြို့မှ နာမည်ကျော် ဇွဲကပင်တောင်တွင် ယနေ့ မတ်လ ၂၃ရက်ညနေမှစ၍ တောမီးလောင်ကျွမ်းပြီး ညအထိ ဆက်လောင်နေသည်။
ဇွဲကပင်တောင်မှ ဝိဇ္ဇာညီနောင် နှင့် နွားလဘို့လျှိုထဲမှ ညနေ ၃နာရီခန့်တွင် စတင်းလောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
"အခုထိလောင်နေတယ်။မီးပိုများလာတယ်။တောင်ပေါ်ကို ဖုန်းဆက်တာလည်း မရဘူးဖြစ်နေတယ်။အဝေးကလှမ်းမြင်ရတာ ကြောက်စရာပဲ"ဟု ယင်းဒေသခံက ပြောသည်။
ဒေသခံက လူမှုကွန်ရက်တွင် တင်ထားသည့် ဓာတ်
ပုံ၌ တောမီးမှာ မီးများနေသည်ကို တွေ့ရသည်။
ဇွဲကပင်တောင်သည် ၂၃၇၂ ပေအမြင့်ရှိပြီး ခရီး
သွားများအပြားလာရောက်လေ့လာလည်ပတ်သည့်နေရာဖြစ်သည်။ နှစ်စဉ်တောမီးလောင်ကျွမ်းလေ့ရှိပြီး ယခုမီးလောင်ကျွမ်းမှုသည် ဆိုးရွားနေ
သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ညနေ ၃နာရီခန့်မှစတင်လောင်ကျွမ်းခြင်းဖြစ်သော်လည်း မတ်လ ၂၃ ရက်ည ၉နာရီခန့်အထိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
တောင်ပေါ်တွင် တောင်တက်ခရီးသွားအချို့ရှိနေပြီး ၎င်းတို့၏အခြေအနေကိုမသိရသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။

👍57😢18😱3🔥1
ဇွဲကပင်တောင်မီးလောင်နေသည်ကို
မတ် ၂၃ ရက်ညကတွေ့ရစဥ်။ဓါတ်ပုံ-CJ
မတ် ၂၃ ရက်ညကတွေ့ရစဥ်။ဓါတ်ပုံ-CJ
😢83🔥12👍6🥰4
ကဗျာဆရာ စောဝေ၏ သမီး
နိုင်ကျဥ်းဟောင်း မရွှန်းစိမ့်စိမ့် ကွယ်လွန်
ကဖေး/People's Spring
နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ စောဝေ၏ သမီး အသက် ၃၄နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူဟောင်း မရွှန်းစိမ့်စိမ့်သည် ကျန်းမာ
ရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေစဉ် မတ်လ၂၃ရက်နံနက်ပိုင်းကကွယ်လွန်သွားသည်။
ကဗျာဆရာစောဝေက မိမိ၏မွေးနေ့တွင်မှ
မြင့်မြတ်ရာဘုံသို့ထွက်ခွါသွားသော သမီးငယ်လေး ရွှန်းစိမ့်စိမ့်(ခ)အွိ၊ရွှန်းစိမ့်စိမ့်သက်တံသို့ ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာတွင် ကဗျာတစ်ပုဒ်ရေးသားရင်း မရွှန်းစိမ့်စိမ့်ကွယ်လွန်ကြောင်း အသိပေးထားသည်။
ယနေ့ (မတ်လ ၂၃ ရက်နေ့)သည် ကဗျာဆရာစောဝေ၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ သမီးဖြစ်သူ မရွှန်းစိမ့်စိမ့်သည်ယနေ့တွင်ပင်ကွယ်
လွန်ခြင်းဖြစ်သည်။
၁၉၉၁ ခုနှစ် ဩဂုတ်လ ၇ရက်က မွေးဖွားခဲ့သော မရွှန်းစိမ့်စိမ့်သည် အသက် ၃၀ နှစ်အရွယ် ၂၀၂၁ မေလတွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ(၅) နယ်မြေတွင် စစ်သင်တန်း တက်ရောက်ခဲ့သည်ဟုဆိုကာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီကထောင်ချမှတ်ခဲ့ပြီး၃ နှစ်ခန့်ကျပြီးနောက် ပြန်လွတ်မြောက်လာခဲ့သည်ဟု မရွှန်းစိမ့်
စိမ့်၏ မိတ်ဆွေတစ်ဦးကပြောသည်။
၎င်းက " အစောဆုံးထောင်ကျတဲ့အထဲမှာပါခဲ့သူ ဖြစ်တယ်။သူတို့ ခံယူချက်နဲ့ ယုံကြည်ချက်က သိပ်ဖြူစင်တယ်။ စိတ်မကောင်းအလွန်ဖြစ်ရပါတယ်"
ဟု ပြောသည်။
မရွှန်းစိမ့်စိမ့်သည် အူယောင်ရောဂါခံစားနေရသူဖြစ်ပြီးပြင်ပဆေးခန်းတစ်ခုတွင် ကုသစဉ် အခြေအနေပိုဆိုးခဲ့သည်ဟုသိရသည်။ ထောင်ကျနေစဉ်ကျန်းမာရေးအခြေအနေဆိုးရွားခဲ့သည်ဟု သိရသည်။
ကဗျာဆရာစောဝေသည်ယုံကြည်ချက်ခိုင်မာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီး စစ်အစိုးရလက်ထက်မှ ယနေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူဖြစ်သည်။အာဏာရှင်ဟောင်းဦးသန်းရွှေလက်ထက်၂၀၀၈ခုနှစ်က ကဗျာဆရာ
စောဝေသည် ၎င်းရေးသားသည့် ကဗျာတစ်ပုဒ်၌“အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု ရေးခဲ့၍ ဖမ်းဆီထောင်ချခံခဲ့ရသည်။
ပြန်လည်လွှတ်မြောက်ပြီးနောက်ပိုင်းလည်း စစ်အာဏာရှင်တော်လှန်ရေးဆက်လုပ်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ်မှုများကြားမှ မိမိ၏ အမြင်ကို ရဲရင့်စွာ ဖော်ထုတ် ရေးသာ နေသူဖြစ်သောကြောင့် ၂၀၀၉ ခုနှစ်တွင် အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Human Rights Watch က ကဗျာဆရာ စောဝေကို Hellman/Mammett Award ဆု ချီးမြှင့်ခဲ့သည်။
လက်ရှိတွင် ပြည်ပ၌ နေထိုင်ကာစစ်အာဏာရှင်
တော်လှန်ရေးဆက်လုပ်နေသည်။
သမီးဖြစ်သူ ကွယ်လွန်ပြီးနောက် ကဗျာဆရာစောဝေက အောက်ပါအတိုင်း ကဗျာတစ်ပုဒ် ရေးသားထားသည်။
■အရေးမပါတဲ့နေ့များ
မွေးနေ့တဲ့ မပျော်ထာ
ကမ္ဘာကြီးပေါ်လူသတ်နေကြ
မရပ်ဘူး။
လူ့အခွင့်ရေးနေ့တဲ့
ခလေးသူငယ်တွေကို
ချောဆွဲစစ်ထဲသွင်းနေတာ
မရပ်ဘူး။
ကမ္ဘာ့ကဗျာနေ့တဲ့
ပြည်တွင်းကကဗျာဆရာတွေ
ဖမ်းဆီးသတ်ဖြတ်ခံနေရတာ
မရပ်ဘူး။
အမျိုးသမီးများနေ့တဲ့
ဖမ်းဆီးနှိပ်စက် မဒိန်းကျင့်
သတ်ဖြတ်နေကြတာ
မရပ်ဘူး။
တောင်သူလယ်သမားနေ့တဲ့
လယ်တွေ၊ယာတွေ ၊ရွာတွေ
မီးရှို့ဗုံးကြဲနေတာ
မရပ်ဘူး။
မေတ္တာအခါတော်နေ့တဲ့
ဘုန်းကြီးအချို့ကလူသတ်သမားတွေကို
အခါပေးနေတာ
မရပ်ဘူး။
လွတ်လပ်ရေးနေ့တဲ့
ချုပ်ချယ်ကန့်သတ်
ပိတ်ပင်တားဆီးနေတာတွေ
မရပ်ဘူး။
အာဇာနည်နေ့တဲ့
အာဇာနည်ကြီးရဲ့သမီးကို
ဖမ်းဆီးထောင်ချတာ
မရပ်ဘူး။
ငြိမ်းချမ်းရေးနေ့တဲ့
လူသတ်စစ်လက်နက်ပစ္စည်းတွေ
ထုတ်လုပ်နေတာ
မရပ်ဘူး။
ဒီမိုကရေစီနေ့တဲ့
အာဏာရသွားတာနဲ့
လူ့ရပိုင်ခွင့်တွေကိုပိတ်သိမ်းတဲ့
အမိန့်တွေထုတ်ပြန်တာ
မရပ်ဘူး။
အရေးမပါတဲ့နေ့လေးတနေ့မှာ
မွေးခဲ့တဲ့လူတယောက်ဟာ
နှလုံးနာနာနဲ့
အရေးပါတဲ့မျက်ရည်တွေကျနေရတာ
မရပ်ဘူး
မရပ်တော့ဘူး။ ။
စောဝေ
(မိမိမွေးနေ့တွင်မှမြင့်မြတ်ရာဘုံသို့ထွက်ခွါသွားသော သမီးငယ်လေး ရွှန်းစိမ့်စိမ့်(ခ)အွိ၊ရွှန်းစိမ့်စိမ့်သက်တံသို့)(၇.၈.၁၉၉၁- ၂၃.၃.၂၀၂၅)

😢95👍23😭4🤮1
စစ်ကောင်စီကို ILOက ပုဒ်မ (၃၃)အရ အရေးယူဖို့ စစ်ကိုင်းတိုင်းမှာ တောင်းဆိုဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက "ILO Implement Article 33 On Myanmar Now 2025" စာသားကိုင်ကာ စစ်ကောင်စီကို ILOက ပုဒ်မ၃၃ အရအရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည် ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃) အရ အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း "We Stand With Ukraine" စာသားပါ အလံကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

❤41👍22🥰3🔥2
မန္တလေးမြို့မှာ အပူတပြင်းစစ်မှုထမ်းခေါ်လာတာဟာ တက္ကသိုလ်ဝင်စာမေးပွဲဖြေထားတဲ့လူငယ်တွေကိုအဓိကပစ်မှတ်ထားတာလို့ မြို့ခံတွေပြော
မတ်-၂၃၊၂၀၂၅။ ရှိန်း/People's Spring
စစ်ကောင်စီရဲ့တက္ကသိုလ်ဝင်စာမေးပွဲတွေအပြီးနောက်နေ့မှာပဲ မန္တလေးမြို့ပေါ်မှာ စစ်တပ်က လူငယ်တွေကိုစစ်မှုထမ်းခေါ်ယူမှု တွေ အပူတပြင်းလုပ်လာတာဟာ တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသားတွေကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထားလုပ်လာတာလို့ မြို့ခံတွေကပြောပါတယ်။
မတ်လ၂၂ရက် နေ့မှာ တက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွေ ပြီးဆုံးပြီးတဲ့ နောက် မန္တလေးမြို့တွင်းမှာ စစ်
မှုထမ်းအတွက်မဲနှိုက်ဖို့ကို ရပ်ကွက်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေ ၊စစ်ကောင်စီလက်နက်ကိုင်တွေဟာ ရပ်ကွက်တွေထဲမှာ အသံချဲ့စက်တွေနဲ့လိုက်လံ အော်ဟစ်နေသလို စာရွက်တွေ လိုက်ဝေခဲ့ပါတယ်။
စစ်မှုထမ်း အမှတ်စဥ် ၁၂ မှာတက်ရောက်ဖို့ အ
တွက် မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ရပ်ကွက်အားလုံးကိုမတ်လ ၂၄ ရက်နေ့မနက်၈နာရီ ၊၄၅ မိနစ်မှာတချိန်တည်း မဲနှိုက်ရမှာဖြစ်လို့မပျက်
မကွက် လာရောက်ပေးကြရမယ်လို့စစ်ကောင်စီရဲ့ အသိပေးစာတွေမှာရေးသားထားပါတယ် ။ မဲနှိုက်ရမယ့်နေရာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နဲ့
ဓမ္မာရုံးတွေကိုသတ်မှတ်ထားပါတယ် ။
ဒါ့အပြင် အောင်မြေသာစံမြို့နယ်နဲ့ချမ်းအေးသာစံမြို့နယ်ကရပ်ကွက်တချို့လည်း မတ်လ ၂၄ ရက်နေ့မဲနှိုက်မယ့်အထဲပါဝင်တယ်လို့သိရပါတယ်။
ရပ်ကွက်ရုံးကယခင်ကောက်ယူထားတဲ့ စာရင်းမှာ တက္ကသိုလ်ဝန်ထမ်းတက် နေဆဲကျောင်းသားတွေလည်း ပါဝင်ပြီး စာမေးပွဲပြီးတဲ့နေ့မှာ စတင်ခဲ့တာလို့ မဟာ အောင် မြေမြို့နယ်၊မဟာမြိုင်ရပ်ကွက်က ကျောင်းသားမိဘတဦးကပြောပါတယ်။
"ကျွန် တော့်သား၂ ယောက်စလုံးစာရင်းပါတယ်။ ၁၈ ကျော် နဲ့ ၁၆နှစ်ကျော် တွေပါ။ကျောင်းနားပြီးပြန် ဖြေတဲ့ကလေးတွေပါ။အခုမှ စာမေးပွဲပြီးတာ။ရင်တွေပူ နေတာပဲဗျာ။ဘာပြောရမှန်းမသိဘူး"လို့ ကျောင်းသားနှစ်ဦးရဲ့ဖခင်ကပြောပါတယ်။
ယခုတကြိမ်စစ်မှုထမ်းအတွက်အပူတပြင်းကောက်ယူဖို့ ကြိုးစားနေတဲ့ မြို့နယ်နဲ့ရပ်ကွက်တွေဟာ မန္တလေးမြို့တွင်းက နေရာ တွေဖြစ်ပြီး ပြောင် ပြောင်တင်းတင်း ရပ်ကွက်အတွင်းလှည့်အော်တာမျိုးကပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ယခင်ကမြို့တွင်း ပေါ်တာဆွဲတာ တွေရှိခဲ့ပေမယ့် ခိုးကြောင်ခိုးဝှက်သာပြုလုပ်ခဲ့ပြီး မြို့အစွန်ရပ်
ကွက်နဲ့ မြို့နယ်တွေကိုအဓိကထားခေါ်ယူခဲ့တာပါ။
ပြည်ကြီးတံခွန်မြို့နယ်ကလူငယ်တဦးက "ဒီတခါ တော်တော်ကြောက်ဖို့ကောင်းလာပြီ။အရင်က မြို့ထဲကငြိမ်တယ်နော်။အခုကကျွန် တော်တို့ဘက် ဘာသံမှမကြားသေးဘူး။ကလေးတွေစာမေးပွဲပြီး ပြီးချင်းကြီး တောက် လျှောက်လုပ်တာ"လို့ ဆိုပါတယ်။
ပြည်ကြီးတံခွန်မှာ မတ်လအတွင်းကပဲ စစ်သင်
တန်း အမှတ်စဉ်၁၀အတွက်ဆိုပြီး အုပ်ချုပ်ရေးမှူး တွေငွေကြေးလိမ်လည် တောင်းယူတာ တွေရှိခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း တိုက်ပွဲတွေမှာ ရှုံးပွဲတွေဆက်ပြီး သေဆုံး ဒဏ်ရာရသူ ၊ထွက်ပြေးသူ၊အလင်းဝင်သူ ၊CDM လုပ်သူများပြီး စစ်ထဲဝင်လိုသူနည်းလာချိန်မှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုမထမ်းမနေရ ဥပဒေကိုပြဌာန်ခဲ့ပါတယ်။၂၀၂၄ ခုနှစ်မတ်လကစပြီး လူငယ်တွေကို ဖိအားပေးစစ်တပ်ထဲဝင်ခိုင်ပြီး ကာလတိုစစ်သင်တန်းပေး ရှေ့တန်းတွေကိုပို့စစ်တိုက်ခိုင်းနေပါတယ် ။ သင်တန်းဆင်းစစ်သားတွေဟာ ရှေ့တန်းမှာ အရင်ကစစ်သားတွေလောက် အသိအမှတ်ပြုမခံရသလို တိုက်ပွဲတွေမှာသေဆုံးဒဏ်ရာရတာ ၊ထွက်ပြေးတာ ၊အလင်းဝင်တာတွေလည်းများနေတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ် ။

👍41🤬18❤2🥱2