(နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ ၏ ခလရ (၁၂၃) တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် KIA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ဇန်နဝါရီ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍40🔥13❤7🥰3👏1
ပြည်ပသွားရောက်လုပ်ကိုင်ခွင့်ပြုမည့် လူအရေအတွက်နှင့် အလုပ်ခေါ်စာ စစ်ကောင်စီက ကန့်သတ်
မတ်-၂၃၊၂၀၂၅။ရဲခေါင်/People’s Spring
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ပြုမည့် လူအရေအတွက်နှင့် အလုပ်ခေါ်စာ(Demand Latter)ကို စစ်ကောင်စီက စတင်ကန့်သတ်လိုက်သည်။
မတ်လ ၂၂ ရက်ကစ၍ ထိုင်းနိုင်ငံနှင့် ယနေ့ (မတ်လ ၂၃ ရက်)တွင် ဂျပန်နိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုနှင့်ပတ်သက်ပြီး အေဂျင်စီများလိုက်နာဆောင်ရွက်ရမည့်အချက်များကို စစ်ကောင်စီက ကန့်သတ်ကြေညာခဲ့သည်။
အဆိုပါကြေညာချက်များအရ ထိုင်းနိုင်ငံသို့သွား ရောက်အလုပ်လုပ်ကိုင်မည့် အလုပ်ခေါ်စာတစ်စောင်လျှင် အလုပ်သမား ၅၀ဦးနှုန်းဖြင့် အေဂျင်စီများက တစ်လလျှင် တစ်ကြိမ်နှုန်းသာ တင်ပြရမည်ဖြစ်သည်။
ထို့အတူ ဂျပန်နိုင်ငံသို့ အလုပ်သမားစေလွှတ်မှုကိုလည်း အလုပ်ခေါ်စာတစ်စောင်လျှင် ၁၅ ဦးဖြင့် တစ်လ လျှင်တစ်ကြိမ်သာ ခွင့်ပြုပေးမည်ဟု ဖော်ပြထားသည်။
"တစ်လကို အေဂျင်စီတခုကနေ ၁၅ ယောက်။၁ ကြိမ်ပဲတင်လို့ရမယ်ဆိုတော့။Demand အသစ်တွေကိုလဲ မေ လ ၂ ရက်နေ့မှ စလက်ခံမယ်တဲ့။တစ်ယောက်မှ မထွက်နဲ့လို့ ပြတ်ပြတ်သားသား ကြေ ငြာလိုက်ပြီးတဲ့ဟာကို"ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ထို့အပြင် ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနှင့် အခြားနိုင်ငံများသို့ အလုပ်သမားစေလွှတ်မှုဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ဆက်လက်ကြေညာမည်ဟု စစ်ကောင်စီက ဆိုသည်။
"သွားဖို့ ၁ လပိုင်း ၁၅ က စာချုပ်ချုပ်ထားတာ။ သွားဖို့ ချုပ်ထားတာက ၁၇၅ ယောက် ၅၀ပဲ ပို့လို့ရမယ်ပြောနေကြလို့ အလှည့်က ဘယ်တော့မှန်းမသိ။ စိတ်ဓာတ်တွေလဲ ကျနေပီ"ဟု ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်စီစဥ်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြည်ပသို့သွားရောက်လုပ်ကိုင်မည့်သူများအတွက် လုပ်ဆောင်ရမည့် သတ်မှတ်ချက်များတွင် အလုပ်ခေါ်စာများ တင်ပြခြင်း၊ အလုပ်ခေါ်စာများကို စိစစ်ခြင်း၊ အလုပ်ခေါ်စာ မှန်ကန်ကြောင်း အတည်ပြုပြီးဆောင်ရွက်ခွင့်ပြုခြင်း၊ စာချုပ်ချုပ်ဆိုရန် တင်ပြခြင်း၊ စာချုပ်ချုပ်ဆိုခွင့်ကို စိစစ်ခြင်းနှင့် စာချုပ်ချုပ်ခွင့်ပြုခြင်း တို့ပါရှိသည်။
ထို့အပြင် အလုပ်သမားသက်သေခံကတ်(OWIC)ပြုလုပ်ခွင့် တင်ပြခြင်း၊ OWIC ခွင့်ပြုခြင်း၊ အလုပ်သမားစေလွှတ်ခွင့်ပြုရန် တင်ပြခြင်း၊ အလုပ်သမားဝန်ကြီးဌာနက စိစစ်ခွင့်ပြုခြင်း၊ ပြည်ပထွက်ခွာမည့် ခွင့်ပြု အလုပ်သမားများစာရင်းကို လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဂိတ်ပေါက်များသို့ ပေးပို့ခြင်း၊ ပြည်ပစေလွှတ်မှု ပြီးစီးခြင်းဆိုင်ရာ သတင်းပို့ခြင်းနှင့် အလုပ်သမားပြန်လည် ဝင်ရောက်ခြင်းစသည့် အချက်များကို စစ်ကောင်စီက သတ်မှတ်ထားသည်။
ထို့အပြင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ PJ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာမည့် အလုပ်သမားများအားလုံးလည်း မတ်လ ၁၇ ရက်ကစတင်၍ စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိတော့ပေ။
PJ အမျိုးအစား အလုပ်အကိုင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနထံ ၅ရက် ကြိုတင် ခွင့်ပြုချက် လျှောက်ထားပြီးမှ ပြည်ပထွက်ခွာနိုင်မည့်ညွှန်ကြားချက်မှာ မတ်လဒုတိယပတ်တွင် ထွက်ရှိခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက အလုပ်သမားဝန်ကြီးအသစ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးချစ်ဆွေကို ပြောင်းလဲခန့်အပ်ပြီးနောက် ပြည်ပအလုပ်သမားသက်သေခံကတ် (oversea workers Identity card ) OWICပြုလုပ်ခွင့် ပိတ်ပင်မှု၊ဗီဇာ စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုအပါအဝင်၊ပြည်ပရောက်မြန်မာလုပ်သားများ ဖမ်းဆီးခံရမှုများလာနေသည်။
စစ်ကောင်စီသည် အသက် ၁၈ နှစ် ၃၅ နှစ်ကြားအမျိုးသားများကို ပြည်ပထွက်ခွာမှု ပိတ်ပင်ခြင်း နှင့် ပြည်ပရောက်မြန်မာလုပ်သားများ၏ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြန်လည်လွှဲပြောင်းရန် စသည့် ဖိနှိပ်မှုများပါ လုပ်ထားသည်။

👍39🤬12👎9❤3🖕3🤮2
ကျိုက်ထိုတွင် ဘုန်းကြီးကျောင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ သံဃာတစ်ပါးပျံလွန်တော်မူ
မတ်-၂၃၊၂၀၂၅။ဟန်နွေ/People’s Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာ တစ်ပါး ပျံလွန်တော်မူကာ နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊လက်ပယ်ရွာရှိ စစ်ကောင်စီတပ်က KNU တပ်မဟာ(၁) သထုံခရိုင် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအား မတ်လ ၂၁ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ဘုန်းကြီးကျောင်းအမိုးပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ၍ နှစ်ပါး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
စစ်ကောင်စီသည် ရှမ်းမြောက်၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းကိုလည်း မတ်လ ၁၆ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာ ၂ပါး ၊ ကိုရင် ၅ပါး အပါအဝင် ပြည်သူ ၁၀ဦး သေဆုံးခဲ့ရပြီး သံဃာ ၁ပါး၊ ကိုရင် ၁၃ပါး အမျိုးသမီးနှင့်ကလေးငယ်များ အပါအဝင် ၂၀ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းများတွင်လည်း စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေ၍ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။
အာဏာသိမ်းစစ်ကောင်စီသည် ယခုအခါတွင် လေကြောင်းဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးများဖြင့်သော်လည်းကောင်း သာသနာနယ်မြေများသို့ ကြိမ်ဖန်များစွာ တိုက်ခိုက်လာပြီး လွန်စွာစက်ဆုပ်ဖွယ်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်းလည်း KNUက ထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီသည် အရပ်သားနေထိုင်ရာ နေရာများ၊ ကလေးငယ်များစာသင်ကြားရာ စာသင်ကျောင်းများ၊ ကျန်းမာရေး အဆောက်အဦးများကိုလည်း ပစ်မှတ်ထားသည့် လေကြောင်း လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုများ နိုင်ငံတဝန်းလုပ်ဆောင်လျပ်ရှိရာ အရပ်သားပြည်သူ သေဆုံးထိခိုက်မှု မကြာခဏ ရှိခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် KNU တပ်မဟာ(၆) ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် စာမေးပွဲဖြေဆိုသည့် ကျောင်းသူ ကျောင်းသားများ ရာဘာတောထဲ၌ စာမေးပွဲဖြေဆိုခဲ့ရကြောင်း KNUက အသိပေးထားသည်။
စစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထား မီးရှိုဖျက်ဆီးမှုများ တိုက်ခိုက်မှုများသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်အာဏာရှင် အဆက်ဆက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မတ်လ ၂၂ရက်တွင် ပြောသည်။
" သူတို့ စစ်တပ်တွေရွာတွေထဲ ဝင်လာပြီဆို ဘာကို အဓိကထားလဲ ကျနော်တို့ သတိထားမိတာ အဓိက ကျောင်းတွေရှိလား အဲဒီကျောင်းရှိရင် ကျောင်းကို ပထမဆုံးဖျက်ဆီးတယ် မီးရှို့ပစ်လိုက်တယ်"ဟု ပဒိုစောတောနီးက ပြောသည်။
၎င်းကိုယ်တိုင် KNU တပ်မဟာ(၂)နယ်မြေ၌ရှိစဉ် ၁၉၉၀ ကျော်ကာလကျောင်းဆရာဘ၀တွင် ကြုံခဲ့ရသည်မှာ စာသင်နေချိန် စစ်ကြောင်းဝင်လာ၍ ကျောင်းကိုရပ်ပြီး တောထဲသို့ ရွှေ့ကာ မိုးရာသီ၌ပင် ယာယီဝါးတဲများဖြင့် စာသင်ကြားမှုပြုလုပ်ခဲ့ရဟု ပဒိုစောတောနီးက ပြောပြသည်။
“အဲဒါတွေက ကျနော်တို့ ကော်သူးလေ ဂွင်တပြင်လုံးမှာ အကုန်လုံး ဖြစ်နေကြတယ်။ အခုလိုမျိုးဆို ပိုဆိုးတာပေါ့ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတာ”ဟု ပဒိုစောတောနီးက စစ်ကောင်စီနှင့် အာဏာရှင် အဆက်ဆက်က စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ ၁၉ရက် ကြေညာချက်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူများစွာ စွန့်ခွာထွက်ပြေးနေရပြီး စာသင်ကျောင်း၊ ဆေးရုံ ကဲ့သို့ အရေးကြီး အဆောက်အဦးများဖျက်ဆီးခံနေရကြောင်း၊ ထို့ပြင် ဘာသာရေးဆိုင်ရာ နေရာများနှင့် အရပ်သား ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေမှုများသည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း၏ ဆိုးရွားလျက်ရှိသည့် အခြေအနေကို ဖော်ပြလျက်ရှိကြောင်း အသိပေးပြီး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု ဆက်လက်မြင့်တက်လျက်ရှိသည်ဟု ထုတ်ပြန်သည်။
ထို့ကြောင့် မြန်မာပြည်သူများကို စောင့်ရှောက်ရန်အတွက် ခိုင်မာအားကောင်းပြီး စည်းလုံးညီညွတ်သည့် နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်ချက်များ အရေးတကြီးလိုအပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။

😡44👍16🤬8😭4❤1🔥1
တပေါင်းလပြည့်ကျော်ရက်တွေမှာတော့ အညာဟာ နွေစစ်စစ်နဲ့ စတင်တိုးပါပြီ။ အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းထိုးသတ်ဖြတ်မှုတွေနဲ့အတူ ပြည်သူတွေဟာ ပူလောင်အိုက်စက်တဲ့ နွေရာသီကို ငါးကြိမ်မြောက် ဖြတ်သန်းရတော့မှာပါ။ ဒီနှစ်နွေရာသီမှာလည်း အညာကလူထုဟာ ကျောဗလာနဲ့ ရင်ဆိုင်ကြဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မီးရှို့ခံထားရလို့မည်းညစ်နေတဲ့အိမ်တိုင်ဆွေးဆွေးတွေ၊ ခြောက်သယောင်းနေတဲ့မီးကျွမ်းထားတဲ့သစ်ပင်အိုတွေ၊ လေတိုက်တိုင်း တအိအိလှုပ်နေတဲ့ လက်ကျန်သွပ်ချပ်လေးတွေကြားမှာထန်းလက်တဲအိုလေးတွေဟာငုတ်တုပ်ထိုင်နေကြတယ်။ ဝေ့ဝဲတိုက်ခိုက်လာတဲ့လေဟာ လေပူကြီးပါ။ အဲဒီပူကြွပ်ကြွပ်တဲအိမ်လေးတွေထဲမှာ စစ်ဘေးသင့်ပြည်သူတွေ နေထိုင်ကြပါတယ်။
“အိမ်တွေပြန်နေလို့မရတဲ့သူတွေသူတွေမနည်းဘူး။ စစ်ရှောင်စခန်းတွေမှာ နေရတယ်။ ဘုန်းကြီးကျောင်းတွေနေရတယ်။ လူကြီးတွေဆို ပိုဆိုးတာပေါ့ဗျာ။ အခုလို ရာသီနဲ့ကတော့။”လို့ ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အမျိုးသားတဦးက ပြောတယ်။
အညာမှာ စစ်ရှောင်ပြည်သူက အမျိုးမျိုးကွဲပါတယ်။ စစ်ကောင်စီစစ်ကြောင်းထိုးတုန်းယာယီစစ်ရှောင်ရသူတွေရှိတယ်။ ဘုန်းကြီးကျောင်းတွေဘုရားတွေနဲ့ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ နေကြတယ်။ ယာယီစစ်ရှောင်ပေါ့။
နောက်တမျိုးကတော့ အမြဲတမ်းစစ်ရှောင်ပါ။ စစ်ကြောင်းက နေအိမ်တွေ မီးရှို့သွားတယ်။ ပြန်နေလို့လည်းမရတော့ သင့်ရာနေရမှာတဲထိုးနေကြတယ်။ တချို့ကတော့ မီးလောင်ပြင်မှာပြန်နေပြီး တဲထိုးနေတယ်။ တချို့ကတော့ ရွာပြင်မနီးမဝေးပေါ့။ ဘယ်စစ်ရှောင်ဖြစ်ဖြစ် ဆိုးရွားတဲ့ အညာနွရောသီကို ရင်ဆိုင်ကြရပါတယ်။
https://www.ludunwayoo.com/feature-mm/2025/03/22/115345/

LuduNwayOo
“အညာစစ်ရှောင်တွေ သည်နွေကို ဘယ်လိုရင်ဆိုင်ရပါ့ “
အညာမှာ စစ်ရှောင်ပြည်သူက အမျိုးမျိုးကွဲပါတယ်။ စစ်ကောင်စီစစ်ကြောင်းထိုးတုန်းယာယီစစ်ရှောင်ရသူတွေရှိတယ်။ ဘုန်းကြီးကျောင်းတွေဘုရားတွေနဲ့ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ နေကြတယ်။ ယာယီစစ်ရှောင်ပေါ့။
👍46😢31🥰6
တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး PDF ဇိုလဲန်းထံ အလင်းဝင်
မတ်-၂၃။ ၂၀၁၅။ဟန်နွေ/People’s Spring
ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်နှင့် အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) - ဇိုလဲန်းက အသိပေးသည်။
စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်မင်းစိုးသည် မတ်လ ၁၉ရက်က အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်း၏ မိခင်တပ်မှာ ဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ ဖြစ်ပြီး တီးတိန်မြို့သို့ တွဲဖက်ရောက်ရှိနေခြင်းဖြစ်သည်ဟု ဆိုသည်။
အလင်းဝင်လာသည့် တပ်သားနှင့်အတူ လက်နက် ၁လက်၊ ကျည်ဆံများပါလာကြောင်း အသိပေးထားပြီး အလင်းဝင်လာသူကိုလည်း ဆုငွေများ ပြန်လည်ပေးအပ်ခဲ့မှုကိုလည်း ဖော်ပြထားသည်။
ခလရ(၂၆၉)တပ်ရင်းမှ တပ်သားမင်းမင်းသည်လည်း မတ်လ ၃ရက်တွင် PDF ဇိုလဲန်းထံ ကျည်၊ ခဲယမ်းများယူဆောင်ကာ အလင်းဝင် ရောက်ခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်သားသည် ၄၀ မမ ဗုံးသီးအလုံး ၃၀ခန့် ၊ လက်ပစ်ဗုံးနှင့် ကျည်များ ယူဆောင်လာရာ PDF ဇိုလဲန်းကလည်း ဆုငွေများ ပြန်ပေးအပ်ခဲ့သည်။
"မိမိအသက်ကို နှမြောရင် အချိန်မရွေး ပြည်သူ့ကာကွယ်ရေးတပ်မှာ အလင်းဝင်လာနိုင်ပါတယ်။ တီးတိန်မြို့သိမ်း စစ်ဆင်ရေး မစတင်ခင်အချိန်ရပါသေးတယ်"ဟု ZFU/PDF ဇိုလဲန်း အတွင်းရေးမှူး ကိုရောဘတ်က စစ်ကောင်စီ လက်ကျန် တပ်သားများနှင့်ပတ်သက်ပြီး မတ်လဆန်းတွင် တိုက်တွန်းထားသည်။
PDF ဇိုလဲန်းသည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး တီးတိန်မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်မည်ဟု အသိပေးထားသည်။
လက်ရှိတွင် ချင်းညီနောင် နှင့်မဟာမိတ်များသည် ဖလမ်းမြို့သိမ်း တိုက်ပွဲဆင်နွှဲလျက်ရှိပြီး မကြာမီ အပြီးသတ်သိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ချင်းညီနောင်တာဝန်ရှိသူအချို့က ပြောထားသည်။
ဖလမ်းမြို့ကို သိမ်းနိုင်ပါက ချင်းပြည်မြောက်ပိုင်းရှိ တီးတိန်၊ ဟားခါး၊ ထန်တလန်မြို့များ ဆက်လက်သိမ်းပိုက်နိုင်ရေး ပိုမိုလွယ်ကူသွားမည်ဟုလည်း ဖလမ်းတိုက်ပွဲ၌ အဓိကပါဝင်ဆင်နွှဲနေသည့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက မတ်လ ၂၂ရက် ရန်ပုံငွေ ရှာဖွေမှုအစီအစဉ်တွင် အသိပေး ပြောကြားထားသည်။

👍60❤6🔥2
(တီးတိန်မြို့ ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦး PDF ဇိုလဲန်းထံ အလင်းဝင်လာစဉ်။ ဓာတ်ပုံ - PDF ဇိုလဲန်း)
👍42❤6🔥2👏1
ရန်ကုန်မြို့လယ်ရှိ တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ
မတ်လ-၂၃။၂၀၁၅။ သတိုး၊ရဲခေါင်/People's Spring
ရန်ကုန်မြို့လယ်ရှိ တိတ်ရှိန်ရွှေဆိုင် ယနေ့(မတ်လ ၂၃ ရက်) နံနက် ၈ နာရီခန့်က ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။
ပန်းဘဲတန်းမြို့နယ်၊ဗန္ဓုလလမ်း၊ ၂၉လမ်းနှင့်လမ်း ၃၀ကြားရှိ တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရသည်မှာ မှန်ကန်ကြောင်းလည်း အဆိုပါ ဆိုင် ဝန်ထမ်းအချို့က အတည်ပြုသည်။
"ဖြစ်စဥ်က မှန်ပါတယ်။လောလောဆယ် ရုံးကိစ္စတွေလုပ်နေလို့ပါ"ဟု တိတ်ရှိန်ရွှေဆိုင်ဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
သို့သော် ဓားပြတိုက်ခံရသည့် ဖြစ်စဥ် အသေးစိတ်ကိုမှု ဖြေကြားခြင်းမရှိပေ။
"ဆိုင်ဖွင့်ဖွင့်ချင်းပဲ တိုက်ခံရတာ။ အမျိုးသား လေးယောက် ပါတယ်ပြောတယ်။အခုတော့ စကစ ရဲတွေ ဖြစ်စဥ်နေရာအနီးတစ်ဝိုက်မှာရှိနေတယ်"ဟု တိတ်ရှိန်ရွှေဆိုင်အနီးရှိသူတစ်ဦးက ၎င်းကြားသိရသည့် ဖြစ်စဥ်ကို ရှင်းပြသည်။
ရန်ကုန်၊မန္တလေးကဲ့သို့ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ကြီးများရှိ ရွှေဆိုင်နှင့်ရွှေဆိုင်များမကြာ ခဏ ဓားပြတိုက် လုယက်ခံရမှုဖြစ်နေသည်။
ထို့အပြင် ရန်ကုန်မြို့ရှိ တိုက်ခန်းများနှင့် ရပ်ကွက်စျေးဆိုင်အထိပါ အနုကြမ်းစီးခံရမှုဖြစ်ပြီး လူသတ်ခံရသည့် ဖြစ်စဥ်အချို့ပါ ခပ်စိပ်စိပ်ဖြစ်ပွားလာသည်။
Data For myanmarနှင့် People's Spring၏ အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း ရွှေဆိုင်ဓားပြတိုက်ခံရသည့်ဖြစ်စဥ် ၆၁ခု ထက်မနည်းရှိသည်။
ရွှေဆိုင် ဓားပြတိုက်၊ လုယက်မှုများအနက် ဖြစ်စဥ်များ၏ ၂၀ ရာခိုင်နှုန်းခန့်သာ စစ်ကောင်စီက ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါဖြစ်စဉ်များသည် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း ကချင်နှင့် ရှမ်းပြည်နယ်တို့လည်း ဖြစ်စဉ်အချို့ရှိသည်။

👍47🤬9🤔5❤4
အင်းတော်-ကသာကြားတိုက်ပွဲ သေဆုံးဒဏ်ရာ
ရသူများတွင် ပဲခူး နှင့် ဧရာဝတီတိုင်းမှ သင်တန်း
ဆင်းစစ်သားများပါဝင်
ကဖေး/People's Spring
အင်းတော်-ကသာလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်
စီတပ်မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများအနက် အလုပ်မရှိ၍ငွေကြေးယူစစ်မှုထမ်းလိုက်သွားသည့် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှအမျိုးသားအချို့ ပါ
ဝင်နေသည်။
အင်းတော်မြို့သို့စစ်ကူသွားသည့် အင်အား၁၅၀ ခန့်ပါ စစ်ကြောင်းကို ကသာမြို့၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်၌ မတ်လ ၁၅ ရက်နေ့တွင် KIA နှင့်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကဖြတ်တောက်ပိတ်ဆို့ တိုက်
ခိုက်ခဲ့ကြသည်။
ထိုစစ်ကြောင်းမှာပျက်သွားပြီး ၃၃ ဦးသေဆုံးကာ ဆယ်ဦးဒဏ်ရာရပြီး ၃၁ ဦး အရှင်ဖမ်းမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
အဆိုပါစစ်ကြောင်းတွင် စစ်မှုထမ်းဥပဒေဖြင့်စစ်
သားစုဆောင်းခံရသည့် သင်တန်းဆင်းအများအပြားပါဝင်နေပြီး ပဲခူးတိုင်း ဒိုက်ဦးမြို့၊ ဧရာဝတီတိုင်း၊မြန်အောင်မြို့မှ စစ်သင်တန်းဆင်း အမျိုးသားအချို့ပါဝင်ကြောင်း ဒေသခံများထံမှစုံစမ်းသိရသည်။
"ကျနော်တို့မြို့ကနေပါသွားတာ ၂ယောက်။ ၂
ယောက်လုံးသေတယ်ကြားတယ်။သူတို့က တစ်ယောက် သိန်း ၅၀ယူပြီး လိုက်သွားတာ။ အခုတော့ အလောင်းပြန်မရဘဲနာရေးလုပ်ဖို့ပြင်နေကြတယ်"
ဟု မြို့ခံတဦးကပြောသည်။
တိုက်ပွဲအတွင်း ဒဏ်ရာရပြီး ပြန်ဆုတ်ခွာသွားသည့်ကောင်စီစစ်ကြောင်းတွင် ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊သပြေကုန်းရွာမှ အသက်၂၅နှစ်အရွယ်အမျိုးသားတစ်ဦးပါဝင်သည်။ အောင်သူဟု ခေါ်သည့်အဆိုပါအမျိုးသားသည် အလုပ်
လက်မဲ့တစ်ဦးဖြစ်ပြီး အရက်အလွန်အကျွံသောက်သူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
၎င်းကဒေသခံများထံမှ တစ်အိမ်လျှင် တစ်သိန်းကျပ်စီစု၍ ကျပ်သိန်း ၅၀ ယူကာ စစ်သင်တန်းတက်ခဲ့သူဖြစ်သည်။ ၂၀၂၄ နိုဝင်ဘာလတွင်
ကွင်းကောက်မြို့၊ အမှတ်(၅)လေ့ကျင့်ရေးတပ်၌ စစ်သင်တန်းတက်ပြီး ၂၀၂၅ မတ်လဆန်းတွင် ထောက်ကြံ့အခြေစိုက်စစ်ကောင်စီတပ်ရင်းသို့ ပို့ဆောင်ခံရပြီး ထိုမှတစ်ဆင့် ကသာမြို့ရှိ ခမရ(၃၀၉)သို့ ထပ်မံပို့ဆောင်ခံရသူဖြစ်သည်။
"ကသာကို သွားကာနီး အိမ်ကိုဖုန်းဆက်တယ်။ ဟတ်စကီးနဲ့ သူသွားရမယ်ဆိုပြီး။ ဟိုရောက်ပြီးနောက်တခါပြန်ဆက်လာတော့ ဒဏ်ရာရနေပြီတဲ့။ ကျတော်တို့က သူ့အတွက် တစ်သိန်းစီပေးလိုက်ကတည်းက ကူးတို့ခဆိုပြီး အပြီးထည့်လိုက်တော့တာ" ဟု သပြေကုန်းရွာမှ အမျိုးသားတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည်စစ်မှုထမ်းဥပဒေဖြင့်ခေါ်ဆောင်သွားသူများကို သုံးလခန့် စစ်သင်တန်းပေးပြီး ရှေ့တန်းပို့ စစ်တိုက်ခိုင်းနေခြင်းဖြစ်သည်။ ထိုကြောင့် စစ်မှုထမ်းဖြင့် စုဆောင်းခံရသောစစ်သားသစ်များ မှာ ဒေသအနှံတိုက်ပွဲများတွင် သေးဆုံး ဒဏ်ရာရသူများနေသည်။
"ဧရာဝတီတိုင်းထဲကတိုက်ပွဲတွေမှာလည်း စစ်သင်
တန်းဆင်တွေကိုသုံးတာ။ အခုစစ်ကိုင်းတိုင်းထဲအထိဧရာဝတီကနေပို့နေရတယ်ဆိုတော့ စစ်ကောင်စီဘက်မှာ လူအင်အားလုံးဝရှိမနေတော့ဘူး။ အခုလိုချိန်မှာ တပြိုင်နက်ထိုးစစ်တွေလုပ်လိုက်ရင် စစ်ကောင်စီပြုတ်ကျမှာ" ဟု စစ်ကိုင်း
တိုင်း ပုလဲမြို့မှ PDF တစ်ဦးကပြောသည်။
မန္တလေးတိုင်းတွင် မတ်လ ဒုတိယပါတ်၌ စစ်တပ်စစ်ကြောင်း ပျက်အောင်တိုက်ခိုက်ခံရသောတိုက်ပွဲများတွင်လည်း သင်တန်းဆင်းစစ်သားသစ်များစွာပါဝင်ခဲ့သည်။ထိုတိုက်ပွဲများတွင် သေဆုံး၊ဒဏ်ရာရသူ ၊ စစ်သုံ့ပန်းအဖြစ်အဖမ်းခံရသူများတွင် သင်တန်းဆင်းစစ်သားသစ်များစွာပါဝင်နေကြောင်း တိုက်ခိုက်ခဲ့သော PDF စစ်ကြောင်းများမှ တာဝန်ရှိသူများကပြောသည်။
နွားထိုးကြီးမြို့နယ်တွင်မတ်လ ၉ ရက်နေ့က တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းတွေနဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ၊ရဲ များပူးပေါင်းလာသောအင်အား ၂၀၀ ခန့်ပါစစ်ကြောင်းကို မြင်းခြံ ခရိုင်တပ်ရင်း ၄ ၊ ၁၀ (နွားထိုးကြီး PDF ) ၊ နွားထိုးကြီးပကဖ တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄၀ ကျော်သေဆုံး ၊ ၁၅ ဦးဒဏ်ရာရပြီး စစ်သုံ့ပန်း ၁၄ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း နွားထိုးကြီး PDF မှတာဝန်ရှိသူကပြောသည်။စစ်သုံ့ပန်းထဲတွင် စစ်သားသစ် ၃ ဦးပါပြီး ၊သေဆုံး ဒဏ်ရာရသူများတွင်လည်း သင်တန်းဆင်းစစ်သားသစ်များပါဝင်ကြောင်း ၎င်းကဆက်ပြောသေည်။
ညောင်ဦးမြို့နယ်ငါးသရောက်ဒေသသို့ဝင်ရောက်
လာသည့် စစ်တပ်စစ်ကြောင်းကိုမတ်လ ၁၄ ရက်ကဒေသခံကာကွယ်ရေးတပ်များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် စစ်ကြောင်းမှူး အပါအဝင် သေ
ဆုံးထိခိုက်သူများပြားခဲ့ပြီးစစ်ကြောင်းပျက်သွား
ကြောင်းညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) တာဝန်ခံက ပြောသည်။သေဆုံးသူများထဲတွင် သင်တန်းဆင်းပြည်သူ့စစ်များပြား
သည်ဟု ၎င်းက ပြောသည်။
“ပုဂံဘက်က ပြည်သူ့စစ်တွေတော်တော်များများပါတယ်။ ကျသွားတာလည်း အဲဒီကောင်တွေ ကျတာများတယ်” ဟု၎င်းကဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှလက်နက်ခဲယမ်းသိမ်းရခြင်း
ရှိမရှိအခြေအနေအသေးစိပ်ကိုမူပကဖတာဝန်ခံက ပြောဆိုခြင်းမရှိပေ။
အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းယူခဲ့သည့် ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီက ဧရာဝတီတိုင်းမှ စစ်သင်တန်းစစ်များကို ပို့ခဲ့ရာ အများအပြားသေဆုံး၊ဒဏ်ရာရခဲ့ဖူးသည်။

👍77❤4🤣2
၂၀၂၄ ဒီဇင်ဘာလ၂၇ရက်က စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦး
ဆောင်သည့် ကြည်းရေလေ ထိပ်ပိုင်းခေါင်းဆောင်များသည် ပုသိမ်မြို့သို့လာရောက်ပြီး စစ်မှုထမ်းသင်တန်းဆင်းများနှင့်တွေ့ဆုံခဲ့ပြီး တိုက်ပွဲများအတွင်း လက်နက်မချရန် ၊မကြောက်လန့်ရန် ပြောသွားခဲ့ဖူးသည်။ သို့သော် စစ်မှုထမ်းစစ်သင်တန်းဆင်းများသည် တိုက်ပွဲအတွင်း သေဆုံးမှုများနေသလို ထွက်ပြေးမှုများရှိနေသည်။
အောင်သူသည် ယခုအခါ ကသာမြို့ ခမရ(၃၀၉)
၌ရှိနေပြီး မိသားစုဝင်များက လိုက်လံတွေ့ဆုံရန်ကြိုးစားနေသည်။ သို့သော် စစ်ကောင်စီက ကသာမြို့အထိ လိုက်ခွင့်မပေး၍ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကိုမသိဖြစ်နေကြောင်းစုံစမ်းသိရသည်။

👍48🤣6👏1
ကနီမြို့ကို စစ်ကောင်စီက စက်တပ်လေထီး ၆စီးနှင့် ဒရုန်းကျွမ်းကျင်သူ ၂၀ ပို့ဆောင်
◾️လေကြောင်းအန္တရာယ်နှင့် ဗုံးခိုကျင်းများတူးထားကြရန် သတိပေး
မတ်-၂၃၊၂၀၂၅။ကဖေး/People's Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်သို့ စက်တပ်လေထီး ၆စီးနှင့် ဒရုန်းကျွမ်းကျင်သူ ၂၀ဦးအား စစ်ကောင်စီက လေကြောင်းမှပို့ဆောင်သွားပြီး ယနေ့ (မတ်လ ၂၃ရက်)နံနက်ပိုင်းတွင် ဒရုံးဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။
စက်တပ်လေထီး ၆စီးနှင့် ဒရုန်းကျွမ်းကျင်သူ ၂၀ဦးအား မတ်လ ၁၉ရက်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သွားခြင်းဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
" သူတို့ရောက်လာတဲ့ညနေမှာပဲ ရပ်ကွက်(၃)ကို မီးရှို့တယ်။ အခုရက်ပိုင်း လေကြောင်းကနေ တောက်လျှောက်ပတ်ပြီး ကင်းထောက်တယ်။ ဗုံးခိုကျင်းတွေ အသစ်တူးသူကတူး၊ ကျင်းဟောင်းတွေ ပြန်ပြင်သူကပြင်တဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့လုပ်နေရတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိသည့်ဒေသများကို လေကြောင်းအကူအညီဖြင့် အင်အားဖြည့်တင်းမှုများပြုလုပ်လာပြီး ကနီမြို့ပေါ်ကိုလည်း အပြည့်အဝပြန်လည်ထိန်းချုပ်ရေးကြိုးပမ်းလာသည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးချို့၌သာ စစ်ကောင်စီက တပ်စွဲထားနိုင်ပြီ ဘေးပတ်ဝန်းကျင်ကျေးရွာများအား တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
ယနေ့ နံနက်ပိုင်းတွင် ကနီမြို့နယ် နတ်ကြီးရွာ ကူးတို့ဆိပ်ကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ သို့သော် ထိခိုက်မှုအခြေနေကိုမသိရသေးပေ။
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာဖြစ်သည့် နတ်ကြီးကျေးရွာကို မတ်လဆန်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၇ရက်ကစ၍ ကနီမြို့နယ်အတွင်း ပစ်မှတ်ထားထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။ ဖေဖော်ဝါရီ ၁၇ရက်တွင် မုဌောရွာအနီး ချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဆိပ်ကမ်းအနီးရှိ ကားနှင့်မော်တော်အချို့လည်း မီးလောင်ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီ ၁၁ရက်နှင့် ဖေဖော်ဝါရီ ၇ရက်ကလည်း ကနီမြို့နယ်အတွင်း စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။
ကနီမြို့နယ်သည် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မဝေးသောကြောင့် လေကြောင်းအန္တရာယ်နှင့် စက်တပ်လေထီးအသုံးပြုတိုက်ခိုက်နိုင်သည့် ဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးထားသည်။
ဒေသခံများ ဘေးကင်းလုံခြုံစေရေးအတွက် လိုအပ်သော အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လေကြောင်း(လေယာဉ်)သတင်း၊စက်တပ်လေထီး(para motor)သတင်းများကို အထူးအလေးထား သတိပြုကြရန်၊ ထူးခြားပါက မိမိ၏မိသားစုအပါဝင် လက်လှမ်းမှီသည့် ဘေးကင်းလုံခြုံရာ၌ခိုလှုံနိုင်ရေးဆောင်ရွက်ကြရန်၊ နေထိုင်ရာ နေအိမ်များတွင် ဗုံးခိုကျင်းများမဖြစ်မနေတူးကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

🤬54👍21🤣2😡2❤1👎1😁1😢1🤮1
■ Short Story
"အိမ်မရှိ ခွေးမွေး"
◼️တာပလု
"အိမ်မရှိ ခွေးမွေး"တဲ့။ ခွေးပိုင်ရှင်က ဘယ်လိုစိတ်ကူးနဲ့ ပြောတာလဲတော့ မသိပါဘူး။ တကယ်လည်း ခွေးပိုင်ရှင်က ဒီနိုင်ငံမှာ လှည့်လည်သွားလာနေသူတွေ၊ တဘက်နိုင်ငံကနေ ထွက်ပြေးလာခဲ့ရသူတွေလို့ ပြောလို့ရတယ်။ ခွေးပိုင်ရှင်က မြန်မာနိုင်ငံသား၊ ခွေးတွေကတော့ ထိုင်းခွေးတွေပါ။
ခွေးပိုင်ရှင်နဲ့ ခွေးနှစ်ကောင်ဇာတ်လမ်းက မဲဆောက်က စခဲ့ကြတယ်။ လမ်းဘေးခွေးတကောင်ကို ကောက်ယူမွေးစားရာကနေ အစပြုခဲ့ကြတယ်လို့ ပြောတယ်။ ပိုင်ရှင်မဲ့ လမ်းဘေးခွေးတွေက ပိုင်ရှင်သခင်မရှိတာက သူတို့မှာ မြေမရှိလို့ဘဲဆိုတာ ပြောလို့ရသလား။ မြန်မာနိုင်ငံသားတွေရဲ့ အယူအဆကတော့ ခွေးတကောင်ကို စမွေးပြီဆိုတာနဲ့ ဒီခွေးဟာ ဒီသခင်နဲ့ အခုလိုလာဆုံတာ သူ့မှာ မြေရှိလို့ပဲဆိုပြီး ပြောတတ်ကြတယ်။ အခုတော့ မဲဆောက်က ထိုင်းခွေးတကောင်ကို မြန်မာနိုင်ငံသား မိသားစုက ကောက်ယူမွေးစားလိုက်တာဟာ ခွေးအဖို့တော့ မြေရှိသွားပြီလို့ ပြောလို့ရမလားပဲ။
အနက်ရောင် ခွေးမလေးတကောင်ကို ဇူဇူးလို့ နာမည်ပေးလိုက်တယ်။ သူ့ကိုစတွေ့တော့ တပိုက်စာရယ်ပါ။ ရင်ခွင်ထဲထည့်ပြီး ပိုက်လိုက်ရင် တကောင်လုံးပျောက်သွားရော။ အကောင်လေး သေးသေးလေးနဲ့ ချစ်မွေးပါတယ်ပြောရမယ်။
မဲဆောက်နေ့ရက်တွေကို ဖြတ်သန်းနေရင်းနဲ့ ဇူဇူးမှာ ကိုယ်လေးလက်ဝန်ရှိလာတယ်။ မျိုးဆက်တဆက်ကို မွေးဖွားသန့်စင်ပေးမယ့်တာဝန်ကို သူလုပ်တော့မှာပါ။ သူမွေးဖွားပေးလိုက်တဲ့ မျိုးဆက်က တဘက်နိုင်ငံကူးပြီး မတရားမှုကို တော်လှန်တိုက်ပွဲဝင်ကြတဲ့သူတွေနဲ့အတူ သွားရောက် တာဝန်ထမ်းဆောင်မှာဆိုတဲ့ အတွေးမျိုး ရှိချင်လည်း ရှိလောက်ပါတယ်။
တနေ့ ကိုယ်ဝန်လစေ့လာတော့ မျိုးဆက်တခုကို မွေးဖွားခြင်းအလုပ် လုပ်နေရပါပြီ။ ဇူဇူးကို တခုခုကူညီဖို့အတွက်လည်း စောင့်ကြည့်ပေးကြတယ်။အကောင်နဲ့ ခွန်အားနဲ့ မမျှလို့နေမယ်။ မွေးဖွားခြင်းအလုပ်ကို တဝက်တပျက်နဲ့ ရပ်နေတယ်။ သူ့မှာ မွေးဖွားခြင်းအလုပ်ကို ဆက်ပြီး မလုပ်နိုင်တော့ပါဘူး။အကူအညီမပါဘဲ ကလေးဆက်မွေးဖို့ မဖြစ်နိုင်တော့မှန်းသိတော့ ဇူဇူးကို ဆေးခန်းပို့ဖို့ လုပ်ရပါတော့တယ်။
ဇူဇူးမီးဖွားတဲ့အချိန်က အကောင်ကသေးလို့ မမွေးနိုင်ဘူး။ ဆေးခန်းပို့တော့ ညသန်းခေါင်ကြီး အရေးပေါ်ပို့ရတာပါ။ နှစ်ကောင်ပဲမွေးပေးနိုင်တယ်။ ဆေးခန်းရောက်တော့ ဗိုက်ထဲမှာ လေးကောင်ကျန်တယ်။ အဲဒီလေးကောင်ထဲက တကောင်ကတော့ အဖိတ်အစင်ဖြစ်သွားလို့ သုံးကောင်ပဲ ရလိုက်ပါတယ်။
ဆရာဝန်အကူအညီနဲ့ ဗိုက်ထဲကျန်နေသေးတာတွေ အပြင်ကို ရောက်လာတယ်။ မိခင် ဇူဇူးရော ကလေးတွေအကုန်လုံးရော ကျန်းမာရေးကောင်းကြပါတယ်။
မကြာခင်မှာပဲ ကလေးတွေ အရွယ်ရောက်လာတယ်။ သူမွေးဖွားပေးလိုက်တဲ့ ၄ ကောင်က တော်လှန်ရေးသမားဆီကို ရောက်သွားကြတယ်။ အရွယ်ရောက် လာသူတွေ တဘက်နိုင်ငံကိုကူးပြီး တော်လှန်ရေးအလုပ် သွားလုပ်ကြတာပါ။ သူဟာ ထိုင်းခွေးတကောင်ဖြစ်လင့်ကစား မြန်မာနိုင်ငံက တော်လှန်ရေးမှာ ပါဝင်ကြဖို့ မျိုးဆက်တခုကို မွေးဖွား စောင့်ရှောက်ပေးလိုက်တဲ့အတွက် တော်လှန်မိခင်စာရင်း ဝင်သွားပါတယ်။
ဒါဟာ ပိုင်ရှင်မဲ့ဘဝကနေ ကောက်ယူမွေးစားတဲ့ မြန်မာနိုင်ငံသားကို ပြန်ပြီး ကျေးဇူးတုန့်ပြန်တာမျိုးလည်း ဖြစ်မှာပါ။ နောက်ဆုံးမှာတော့ ဇူဇူးဘေးမှာ ရွှေညိုရောင်သန်းတဲ့ အမွှေးအရောင်ကို ပိုင်ဆိုင်ထားတဲ့ သားဖြစ်သူ ဘရောင်နီတကောင်သာ ကျန်ပါတော့တယ်။ ဇူဇူးတို့ ဘရောင်နီတို့ သားအမိလည်း တနေ့ကျရင် မဲဆောက်ကနေ နှုတ်ဆက် ထွက်ခွာသွားကြမယ်လို့ ကြိုတွေးရင်လည်း တွေးကြမှာပါ။ တကယ်လည်း တရက်မှာတော့ မဲဆောက်မြေကို ကျောခိုင်းလာခဲ့ကြပါတော့တယ်။
"ခွေးလို့ပြောရမှာတောင် ခပ်ခက်ခက်ပဲ ကားမူးပြီးအန်လို့ သန့်ရှင်းရေး လုပ်ပေးရသေးတာ"
မဲဆောက်ကို ကျောခိုင်းလာတဲ့နေ့က သူတို့တွေအဖို့ ခရီးဝေးကို ကား စပြီး စီးဖူးကြတာပါ။ ခရီးဝေးသွားနေကျ အတွေအကြုံမရှိလို့ ကားမူးပြီး အန်တဲ့အကြောင်းကို ပိုင်ရှင်ဖြစ်သူက ပြောပြပါတယ်။
ဇူဇူးနဲ့ ဘရောင်နီက အိမ်ကို ဧည့်သည်တယောက်လာတာနဲ့ ဖက်လဲတကင်း နှုတ်ဆက်တတ်ပါတယ်။ မျက်နှာစိမ်းဧည့်သည် ဖြစ်ပါစေ တရင်းတနှီးကို နှုတ် ဆက် ဧည့်ခံတတ်ပါတယ်။ စိမ်းစိမ်းကျက်ကျက် အခုလိုပဲ တပြေးညီ နှုတ်ဆက် ဧည့်ခံတတ်တာပါ။ ဘယ်သူ့ကိုတော့ဖြင့် ပိုပိုသာသာလေး ဧည့်ခံလိုက်တာ၊ ဘယ်သူ့ကိုတော့ဖြင့် တော်ရုံလေးသာ ဧည့်ခံလိုက်တာမျိုး မရှိပါဘူး။
ဇူဇူးက အိပ်ရင် ကြက်အိပ်ကြက်နိုး အိပ်တတ်တယ်။ အသံတခုခု ကြားလိုက်တာနဲ့ ခေါင်းထောင်ပြီး ထကြည့်တယ်။ အခင်းအကျင်းရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး သူကိုယ်တိုင် ခြံစည်းရိုးနားအထိ ထသွားပြီး ကြည့်တာမျိုးလည်း လုပ်တတ်သေးတယ်။
သားအမိတွေဖြစ်ပေမယ့် ဘရောင်နီကတော့ သူ့သခင်ကို လူသားတယောက်လို ပတ်ချွဲနပ်ချွဲ လုပ်တတ်တယ်။ အိပ်ရင်တောင်မှ ခေါင်းအုံးနဲ့ အိပ်တတ်တာမျိုးပါ။ ခေါင်းအုံးနဲ့ အိပ်တတ်တာ သားအမိနှစ်ကောင်လုံးလို့ ပြောလို့ရတယ်။ အလေ့အကျင့်ရှိလာတဲ့အရာကို သူတို့ ကောင်းကောင်းလုပ်နိုင်ကြတယ်။

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,129 likes · 3,541 talking about this. News & media website
👍42🔥1
ဘရောင်နီက ရေချိုးတဲ့အခါ ငြိမ်ပြီးနေတယ်။ ရေချိုးပြီးလို့ သူ့ခန္ဓာကိုယ် ခြောက်သွားအောင် ဒရိုင်ယာ (Dryer) နဲ့ မှုတ်ပေးတဲ့အခါ ဇိမ်ကျကျ နေတတ်တယ်။ နယ်မြေသစ်ကို ရောက်လာချိန်မှာတော့ နေသားကျအောင် အချိန်မပေးလိုက်ရဘူး ထင်ပါတယ်။ အထိုက်အလျောက်ကျယ်တဲ့ ခြံနဲ့ဝင်းနဲ့ နေရာကို ရောက်လာကြတာဖြစ်လို့ပါ။
သူတို့တွေမှာ အသံနဲ့ပတ်သက်ပြီး ထရော်မာရှိပုံရတယ်။ အသံကျယ်ကျယ်တခုခု ကြားလိုက်ရပြီဆို အိမ်ထဲကနေ အိမ်ပြင်ကို မထွက်တော့ဘူး။ အသံတွေကမရပ်ဘဲ ဆက်တိုက် ထွက်ပေါ်လာတာမျိုးဆို အခန်းထောင့်တခုမှာ သွားကပ်နေကြတယ်။
လွိုင်ကထုန်ပွဲတော်က ဗြောက်ဖောက်သံတွေအပြင် မီးရှူးမီးပန်းဖောက်သံတွေက မရပ်မနား ဖောက်ကြတာပါ။ တနေရာက ဖောက်လို့မပြီးခင်မှာဘဲ နောက်ထပ်တနေရာမှာ ဖောက်ခွဲသံအသစ်တခု ပေါ်လာပါတယ်။ ဒီလိုနဲ့ ဖောက်ခွဲသံ အသစ်အသစ်တွေနဲ့ အုံးအုံးကျက်ကျက်အသံတွေ ထွက်ပေါ်လာပါတယ်။သူ့အရပ်နဲ့သူ့ဇာတ်၊ ပွဲတော်တခုရဲ့ သင်္ကေတခုလည်း ဖြစ်မှာပါ။ ဖောက်ခွဲသံ၊ ပေါက်ကွဲသံတွေဆိုတာ မြန်မာနိုင်ငံက လာတဲ့သူအဖို့တော့ ပျော်ရွှင်စရာ အမှတ်အသားတခု မဟုတ်ဘူး ဆိုတာပါပဲ။
ပေါက်ကွဲသံတခု ကြားရပြီဆိုရင် တော်လှန်ရေးအတွက် တယောက်ယောက်က အသက်ပေးလိုက်ရပြီလား။ ပေါက်ကွဲသံနဲ့ ဆက်စပ်ပြီးတော့ အနီးအနားက ဘယ်သူတွေက သံသယနဲ့ ဖမ်းဆီးခံရတော့မှာလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေက တခုပြီးတခု တန်းစီပြီး ပေါ်လာတာမျိုးပါ။ ပေါက်ကွဲသံဆိုတာ မဲဆောက်က ပြောင်းလာတဲ့ ခွေးတွေအဖို့ ကြောက်စိတ် ဖြစ်လာနိုင်စေသလို မြန်မာပြည်က ထွက်လာတဲ့သူတွေအဖို့လည်း သက်သောင့်သက်သာ ဖြစ်စေမှာတော့ မဟုတ်ပါဘူး။
သူတို့တွေ ဘာကြောင့် အသံတွေကို ကြောက်ရတာလဲ၊ ပေါက်ကွဲသံတွေကို ကြောက်တတ်တဲ့ ထရော်မာတခုခု ရလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ငယ်ဘဝက မဲဆောက်နေ့ရက်တွေကို ဖြတ်သန်းလာခဲ့ကြသူတွေပါ။ အဲဒီနေ့ရက်တွေမှာ မဲဆောက်တဘက်ကမ်း ထိတွေ့တိုက်ပွဲတွေကြားက ပစ်ခတ်သံတွေကို ကြားမိတာမျိုး ရှိခဲ့ဖူးကြမယ် ထင်ပါတယ်။ သောင်ရင်းမြစ်တဘက်ကမ်းက လက်နက်ကြီး ပစ်ခတ်သံတွေကို သူတို့ကြားရနိုင်ပါတယ်။ ပေါက်ကွဲပစ်ခတ်သံတွေဆိုတာ စိတ်ဒဏ်ရာတခုခုကို ဖြစ်ပေါ်စေတဲ့အရာလို့ပဲ ကောက်ချက်ချရမှာပါ။
ခွေးတွေဆိုတာ လူသားတွေနဲ့ အနီးဆုံးနေရာမှာ နေကြသူတွေပါ။ လူသားတွေရဲ့ မိတ်ဆွေအရင်းအချာတွေလို့ ပြောလို့ရနိုင်သလို ရဲဘော်ရဲဘက်တွေလို့ ပြောရင်လည်း ရနိုင်ပါတယ်။ လူသားတွေနဲ့အတူ အေးအတူပူအမျှ အရာရာကို ရင်ဆိုင်ကြသူတွေလို့ ပြောလို့ရပါတယ်။ သူတို့တွေ အနားမှာရှိနေတာက လုံခြုံမှုတခုခုကို ရစေပါတယ်။ အနားမှာ သူတို့ရှိနေတာက ကိစ္စတချို့ကို မကြောက်မရွံ့ ဆောင်ရွက်သွားလို့ ရနိုင်တာမျိုးပါ။
မကြာသေးတဲ့ရက်ပိုင်းက လူမှုကွန်ရက်ပေါ်မှာ လူကြည့်များခဲ့တဲ့ ၁ မိနစ်ရုပ်သံမှာ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ ခွေးကလေးအကြောင်း သတင်းဌာနတခုမှာ ဖော်ပြသွားပါတယ်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် ကမ်းခြေမှာတော့ ကြီးမားတဲ့ ရွာကြီးတရွာ ပေါ်ထွက်လာပါတယ်။ ပေါ်ထွက်လာတဲ့အကြောင်းရင်းက တောမီးငြိမ်းသတ်ဖို့အတွက် ရောက်လာကြတဲ့သူတွေ ယာယီတဲထိုးပြီး နေထိုင်ကြလို့ပါပဲ။ ရောက်လာကြသူတွေက မီးသတ်သမားတွေနဲ့ ကူညီသူတွေ ဖြစ်ပါတယ်။ ဒီလူတွေအတွက် ခဏတာ စိတ်ဖိစီးမှုကို လျှော့ချပေးဖို့ အန်ဘာဆိုတဲ့ ခွေးလေးတကောင် ပို့ထားပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကုစားပေးတဲ့ အန်ဘာက ကမ်းခြေမှာ လမ်းလျှောက်နေပါတယ်။ သူ့ကို ပွတ်သပ်ချင်တဲ့သူတွေကိုလည်း နှုတ်ဆက်နေပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ မီးဘေးကူညီပေးသူတွေ အနားယူချိန်မှာ ခွေးတွေကို ပွတ်သပ်ပေးရင် သွေးပေါင်ချိန်ကျပြီး ခဏတာ စိတ်သက်သာရာ ရစေတယ်လို့ ဆိုပါတယ်။
ဘရောင်နီတို့ ဇူဇူးတို့ဆီ ရောက်လာကြသူတွေက စိတ်သက်သာရတခုခု ရသွားစေမှာပါ။ သတင်းထောက်တွေ၊ စာရေးဆရာတွေ၊ တော်လှန်ရေးဆောင်ရွက် နေသူတွေက မကြာခဏဆိုသလို သူတို့ဆီ ရောက်လာတတ်ကြပါတယ်။ ရောက်လာကြသူတိုင်းကိုလည်း သူတို့သခင်ကို နှုတ်ဆက် ခရီးဦးကြိုပြုတဲ့အတိုင်းကို လွန့်လူးလွန်းထိုးပြီး အမြီးတနှံ့နှံ့နဲ့ နှုတ်ဆက်ကြလေ့ရှိပါတယ်။ သူတို့နဲ့တွေ့တဲ့ ခဏတာလေးအတွင်းမှာပဲ စိတ်ပူပင်စရာတချို့ကို မေ့ပျောက်သွားစေမှာပါ။ ။
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'တာပလု'
ရေးဖွဲ့ခဲ့တဲ့ "အိမ်မရှိ ခွေးမွေး" ဝတ္ထုတိုကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍51❤2🔥1
■ကဗျာ
“ချိတ်”
◼️မောင်မိုးအေး
နေညိုရင် ငါးမျှားမယ်
ချိတ်မှာ
ဘဝနဲ့ မျှော်လင့်ချက်
တွဲလဲကြီး
ဝေးဝေးကိုပစ်ကွာ
ကြီးကြီးကိုဆွဲ
ဘဝနဲ့ရင်းပြီးမျှားတာပဲ
ကြီးကြီးရသင့်တယ်မလား
ပန်းပွင့်တာတွေလှလား
နေဝင်ချိန်လှလား
မီးသင့်ဒဏ်ရာကို
တက်တူးနဲ့ ဖုံးလိုက်တယ်
လှသလား
ဒီလိုပဲ တူရာစုကြ
ဒဏ်ရာနဲ့လူ
လေးငါးခြောက်ယောက်
ခုနှစ်ယောက်
ဆက်မရေတွက်တော့ဘူး
တွဲလဲတွေရော့
တေ့လွဲတွေရော့
အများကြီးပဲ ဟရောင်
အများကြီးပဲ
ရင်ဘတ်တွေဖွင့်ပြီး
ရေဆင်းကူးကြတယ်
ခေတ်နဲ့ငြိပြီး မြုပ်သွားတယ်
အသက်ရှုချိန်ကိုမရဘူး
ကူးကြခတ်ကြရ
အသက်တောင်
ဝဝမရှုနိုင်ခင်
အော်ဟစ်ဆဲကြတာပဲ
မောလား ဟရောင်
အကုန်လုံးဟာ
မျက်နှာသေတွေနဲ့
နေလုံးကြီးက နီနေပြီ
ငါးမျှားချိတ်တွေ တွဲလဲ
ပိုက်မပစ်တတ်
ကွန်မပစ်တတ်
ငါတို့ဘာတွေမိခဲ့ကြသလဲ
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'မောင်မိုးအေး' ရေးဖွဲ့ခဲ့တဲ့ "ချိတ်" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍58🤣3