People's Spring
64.8K subscribers
63.9K photos
1.11K videos
3 files
2.79K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍443🔥2
ဖားကန့်လမ်းပိုင်း၌ KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ

အိမ်သွင်/People's Spring

ကချင်ပြည်နယ်၊ ဖားကန့် - မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီး၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မတ်လ ၂၂ရက်) ညနေပိုင်းကစ၍ တိုက်ပွဲဖြစ်နေပြီး ညပိုင်းအထိ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့သို့ မရောက်မီ (၆)မိုင်ခန့်အကွာ ဖားကန့် - မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီးတွင် ညနေ ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

" လုံးခင်း လယ်ပြင်ဂိတ်က စစ်ကောင်စီတပ်ကို KIAတိုက်တာ။ စစ်ရေးအခြေအနေ တင်းမာနေတယ်။ "ဟု KIA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့စစ်အဖွဲ့များက အဆိုပါလမ်းပိုင်းရှိ လဝါးရွာနှင့် ဒွန်ဘုန်းခကျေးရွာတို့တွင် တပ်စွဲလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ရှမ်းနီနဲ့ပြည်သူ့စစ်တွေကို ရဟတ်ယာဉ်နဲ့လာပို့တာ။ညနေ ၆နာရီအထိ လေကြောင်းပျံသန်းမှုတွေရှိတယ်။ KIA ကလည်း စစ်ရေးပြင်ထားပြီ"ဟု အဆိုပါဒေသခံက ပြောသည်။

တချိန်တည်းတွင်း ဖားကန့်မြို့နယ်အတွင်း စစ်ရေးတင်းမာလာနိုင်သည့်သတင်းများကြောင့် ယနေ့ညပိုင်းတွင် ကျောက်တူးဖော်ရေးလုပ်ငန်းများ ရပ်တန့်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဝိုင်းမော်မြို့တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။
👍642🔥1🥰1👏1🤣1
(KIA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ-The New Youk Times)
39👏4👍2🔥2🖕1
တန့်ယန်းမြို့၌ လေပြင်းကျ၊ ထိခိုက်ပျက်စီးမှုရှိ

ကဖေး/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် ယနေ့(မတ်လ ၂၂ရက်) ညနေက မိုးအနည်းငယ်ရွာခဲ့ပြီး တန့်ယန်းမြို့၌ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်နှင့် ဓာတ်တိုင်အချို့ ကျိုးကျမှုဖြစ်ခဲ့သည်။

ညနေ ၅နာရီခန့်က မိုးသက်လေပြင်းကျခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ သစ်ပင်နှင့် ဓာတ်တိုင်အချို့ကျိုးကျခဲ့ပြီး အခြားထိခိုက်မှုမရှိကြောင်း တန့်ယန်းမီးသတ်ဌာနက ထုတ်ပြန်ထားသည်။


မတ်လမှစတင်၍ မေလအထိ နိုင်ငံဒေသအများစု၌ လေပြင်းအန္တရာယ်ရှိနေပြီး မိုးကြိုးပစ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်စေသည့် မိုးတိမ်တောင်အန္တရာယ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌‌ပေးထားသည်။

ယမန်နေ့ကလည်း မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှမြို့နယ်တချို့ မိုးအနည်းငယ်ရွာခဲ့သည်။
👍35😢3🔥1
👍29😢9👎1🔥1🥰1
(တန့်ယန်းမြို့၌ လေပြင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအားတွေ့ရစဉ်။ ဓာတ်ပုံ - တန့်ယန်းမီးသတ်)
👍24🔥2😢1
နှမ်းခါးရွာ​ဆေးခန်းကို စစ်​ကောင်စီဗုံးကြဲ ဆရာဝန်မိသားစုအပါအဝင် ၁၂ ဦး​သေ၊ ၆ဦးဒဏ်ရာရ

မတ်-၂၂၊၂၀၂၅။ဟန်​နွေ၊ကဖေး/People's Spring

ဂန့်ဂေါမြို့နယ် ​မြောက်ပိုင်းရှိ နှမ်းခါးရွာဆေးပေးခန်းကိုစစ်ကောင်စီက မတ်လ ၂၂ ရက်မနက်ပိုင်းတွင်လေကြောင်းမှ ဗုံးကြဲသဖြင့်ဆရာဝန်မိသား
စု အပါအဝင် ၁၂ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိသည်ဟု ​ဒေသခံအချို့က​ပြောသည်။

“ခုနောက်ပိုင်း ဆေးရုံဆေးခန်းနဲ့ပတ်သက်တာတွေပါ လိုက်ကြဲနေတော့တာ။ ဆရာဝန်မိသားစု ပါတယ်လို့ သတင်းရတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

"ဖုန်းတွေလိုင်းဖြတ်ပြီး ကင်းထောက်ပြီးမှ ကြဲတာဗျ။ လေကြောင်းကနေ။မနက် ၈နာရီ ၄၀မိနစ်မှာ။ သေဆုံးတာမှာ မိန်းကလေးတွေ၊ ကလေးတွေပါတယ်။ ဆယ်ဦးလို့ကြားတယ်ဗျ။ အရပ်သားကို ပစ်တာ သေချာ မှတ်တမ်းယူထားပေးကြပါဗျာ" ဟု ဂန့် ဂေါဒေသခံတဦးကပြောသည်။

သေဆုံး ထိခိုက်မှုများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များမရရှိသေးပေ။ ဖုန်းလိုင်းများပြတ်တောက်နေ၍ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်
ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်၍မရသေးပါ။

စစ်ကောင်စီကဂန့်ဂေါမြို့တောင်ဖက်ရှိ ရှောင်ပင်ရွာကို မတ်လ ၁၈ ရက်​နေ့မှစ၍ စစ်တပ် နှင့် ပျူ‌ စောထီးပူးပေါင်း၍စစ်ကြောင်းထိုးနေသည်။ထို​နောက် ​​လေးရက်အကြာတွင် နှမ်းခါးရွာကို ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ယောဒေသခံတစ်ဦးကပြောသည်။

ဂန့်ဂေါမြို့ပေါ်မှထွက်လာသော အင်အား ၁၀၀ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ရှောင်ပင်ရွာတွင် အထိုင်ချကာ ဘန်ကာများတူးနေကြောင်း လည်းဒေသခံအချို့ကပြောသည်။

တော်လှန်ရေးတပ်များဘက်က ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မည်ဟု ကြားသည်ရသည့်အပေါ် စစ်ကောင်စီက လေကြောင်း တိုက်
ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဟုယူဆကြောင်း ထီးလင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပြသည်။

"စစ်ကောင်စီဘက်က တော်တော်လေး အရှိန်မြှင့်လာတာတွေ့ရတယ်။ မြေပြင်ရောလေကြောင်းကပါ ပြင်ဆင်လာတာ။ အရပ်သားပြည်သူတွေရဲ့လုံခြုံရေးကို တော်တော်လေးဂရုစိုက်ဖို့လိုတယ်။ စစ်ရေးအခြေနေကတော့ရှေ့ဆက်ဘာဖြစ်မလဲကျွန်တော်တို့မပြောနိုင်ဘူး။ လေကြောင်းက ခဏခဏ လာနေတယ်" ဟု PDFတဦးကပြော
သည်။

စစ်ကောင်စီသည်မတ်လ ၂၀ ရက်​နေ့ မနက်အစောပိုင်းကလည်း ထီးလင်းမြို့နယ် အလယ်ဘန်းရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာကျောင်းသူ ၂ ဦးအ
ပါအဝင် ပြည်သူ ၄ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထီးလင်း ပြည်သူကာကွယ်
ရေးတပ်ဖွဲ့က အသိပေးထားသည်။ နေအိမ် ၄၀ ကျော်လည်း ပျက်စီးခဲ့သည်။

ထို့အပြင် ယမန်နေ့ မတ်လ ၂၁ရက်ကလည်း ယောဒေသနှင့်ဆက်စပ်နေသော ပုလဲမြို့နယ်အတွင်းသို့ စက်‌တပ်လေထီးဖြင့်လေကြောင်းမှာတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိမရှိမသိရသေးပေ။
🤬58👍12😢3🤓3😡1
ဗုံးကြဲခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။         ။ဓါတ်ပုံ-Zofa Journal
🤬57😭8👍4😢32😡2👎1
စစ်ကိုင်းနဲ့ တနင်္သာရီမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည် ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ဖို့ "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်

ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူရပ်တည်ကြောင်း "We Stand With Ukraine" စာသားပါ အလံတံဆိပ်ကိုင်ဆောင်လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့အာဏာကို တည်ဆောက်ခြင်းဖြင့် စစ်အာဏာရှင်စနစ်နဲ့အတူ အာဏာရှင်ဆန်သမျှကို ဖီဆန် အုံကြွတော်လှန်တဲ့အနေနဲ့ အဲဒီ့လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ DDMSC က ဆိုပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုမှာ အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ DDMSC၊ လက်ပံတောင်းသပိတ်
👍4113🥰4🤮1🤣1
42👍12🥰2🤮1🖕1
ကျောက်ဖြူတိုက်ပွဲ ဓညဝတီရေတပ်စခန်းအနီး​ရောက်လာ

■စစ်တွေမြို့ကို AA ဝင်မလာနိုင်ရန် စစ်တပ်ကလေ​ကြောင်း၊လက်နက်ကြီးသုံးအဓိကသုံးခုခံ

မတ်-၂၀၊၂၀၂၅။ကဖေး/People's Spring

အာရက္ခတပ်​တော် (AA) ကစစ်တွေနှင့်ကျောက်
ဖြူမြို့ရှိ စစ်တပ်စခန်းများ၊ တပ်ရင်းများကိုဆက်
လက်ထိုးစစ်ဆင်​တိုက်လိုက်လျက်ရှိရာတိုက်ပွဲပြင်းထန်နေပြီး စစ်​ကောင်စီတပ်ကလည်းမြို့အနီးဝန်းကျင်နေရာများကိုပါလေကြောင်း၊ လက်နက်
ကြီး နှင့် ဒရုန်းအသုံးပြု၍တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ AAက စစ်တွေ နှင့် ကျောက်ဖြူမြို့ရှိစစ်တပ်စခန်းများ၊တပ်
ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်​နေရာ မတ်လ ၂၂ရက်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေ
သည်။

"စစ်တွေမှာဆိုAA မြို့အနားကပ်မလာနိုင်အောင် စစ်ကောင်စီက မြို့ပတ်ချာလည်ကို ပစ်ခတ်နေတဲ့အနေအထားပါ။ AAကလည်း လက်နက်ကြီးတွေ အားသုံးပြီး ပြန်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်။ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းမထိုးနိုင်တော့ဘူး။ AAတက်မလာအောင်ကာပစ်နေရတဲ့အနေအထားပါ" ဟုစစ်ရေးသတင်းရင်း
မြစ်ကပြောသည်။

တိုက်ပွဲပြင်းထန်နေစဉ် စစ်တွေမြို့နှင့်ဆက်စပ်နေသော ပုဏ္ဏားကျွန်းမြို့နယ် ၊ ကျော်ဇံရွာနှင့် ပေါက်တောမြို့နယ် သဲခုံရွာတို့ကို စစ်ကောင်စီကမတ်လ ၂၂ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ‌ဗုံးကြဲခဲ့သည်။ လူထိခိုက်မှုမရှိသော်လည်း အဆောက်
အအုံအချို့ပျက်စီးခဲ့သည်။

"စစ်တပ်ဘက်ကလေးဘက်လေးတန်က‌နေအပိတ်
ခံထားရတယ်လို့ ယူဆပြီး ရမ်းပစ်တာ။ AAက ပင်လယ်ဘက်ကပဲ တက်လာမလား၊ ကုန်းပေါ်ကနေပဲ ဝင်လာမလားလို့ သူတို့ စိုးရိမ်နေကြတာ" ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်တွေ နှင့် ပုဏ္ဏားကျွန်းမြို့ကြား ဝါဘိုကျေးရွာ၌ အပြန်အလှန်ပစ်ခတ်ပြီးတိုက်ပွဲဖြစ်ပွားနေပြီး၊စစ်
တပ်က​လေ​ကြောင်းနှင့် လက်နက်ကြီး အသုံးပြုတိုက်ခိုက်​နေ​သည်ဟု AA ‌ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက People's Spring သတင်းဌာနအား မတ်၂၀ ရက်​နေ့တွင် ပြောကြားထားသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း ဓညဝတီရေတပ်စခန်းဆက်စပ်​သော ​ကျေးရွာများတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​ကြောင်း AA ​ပြော​​ရေးဆိုခွင့်ရှိသူက ဆက်​လက်ပြောသည်။

​ကျောက်ဖြူမြို့နယ်မှ ​ဒေသခံ တစ်ဦးကလည်း
ဓညဝတီရေတပ်စခန်းနှင့် ရဲတပ်ရင်း(၃၂)ကို ဦး
တည်သည့် AA၏ထိုးစစ်သည် ဆက်လက်ပြင်း
ထန်နေပြီး စစ်တွေတိုက်ပွဲကဲ့သို့ပင် စစ်ကောင်စီက ဒရုန်းနှင့် လက်နက်ကြီးများဖြင့်ခုခံတိုက်ခိုက်နေ
သည်ဟု ကပြောသည်။

ကျောက်ဖြူမြို့တွင်တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီ နှင့်မြန်မာအကောင်အထည်ဖော်
နေသည့် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိပြီး ယင်းနေရာများတွင် တရုတ်လုံခြုံ
ရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားကြောင်း ​ဒေသခံအချို့ကကပြောသည်။တိုက်ပွဲပြင်းထန်‌နေစဉ်ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှထပ်မံရောက်ရှိလာသည်။

စစ်တွေမြို့တွင်လည်း အိန္ဒိယအစိုးရက ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။

AAသည် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်မှလွဲ၍ ကျန်မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ လက်ရှိတွင် မာန်အောင်မြို့ကို စစ်ရေးမဖော်ဆောင်သေးဘဲ ကျောက်ဖြူနှင့်စစ်တွေမြို့ကိုသာ ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်တွေနှင့်ကျောက်ဖြူမြို့မှ စစ်ကောင်စီစခန်များ
ကိုAAမတိုက်ခိုက်မီ လက်နက်ချကြရန် AAကဖမ်း
ဆီးထားသည့် အနောက်ပိုင်းအတိုင်းစစ်ဌာနချုပ်
(နပခ)တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း
က၂၀၂၄ ဒီဇင်ဘာလတွင်တိုက်တွန်းခဲ့သည်။
👍94👏114🥰2😁2
👍78👏101😁1
ဖားကန့်နှင့် ဝိုင်းမော်၌ တိုက်ပွဲဖြစ်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၂၂ရက်တွင် ဖော်ပြသည်။

ဖားကန့်မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးတွင် မတ်လ ၂၂ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဝိုင်းမော် လမြန်ကျေးရွာအနီးတွင်လည်း မတ်လ ၂၁ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေနှင့် အသေးစိတ် အခြေအနေများ ဖော်ပြထားခြင်းမရှိပေ။

မတ်လ ၂၂ရက် ညနေပိုင်းကစ၍ ဖားကန့် - မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီး၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့သို့ မရောက်မီ (၆)မိုင်ခန့်အကွာ ဖားကန့် - မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီးတွင် ညနေ ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

" လုံးခင်း လယ်ပြင်ဂိတ်က စစ်ကောင်စီတပ်ကို KIAတိုက်တာ။ စစ်ရေးအခြေအနေ တင်းမာနေတယ်။ "ဟု KIA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့စစ်အဖွဲ့များက အဆိုပါလမ်းပိုင်းရှိ လဝါးရွာနှင့် ဒွန်ဘုန်းခကျေးရွာတို့တွင် တပ်စွဲလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသသို့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊စစ်ကောင်စီသည် မတ်လ ၁၇ရက်မှစ၍ ဝိုင်းမော်ဒေသ၌ စစ်ရေးလှုပ်ရှားမှုနှင့် စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် တနိုင်းမြို့နယ်၊ ဟူးခေါင်းဒေသ၌ ကျော်သူရ ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က တနိုင်းမြို့ပေါ်နှင့် အနီးအနားကျေးရွာများ၌ စစ်ရေးလှုပ်ရှားခြင်း၊ ပြည်သူများကို တင်းကြပ်စွာ စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင် ငွေညှစ်နေကြောင်းလည်း KIAက အသိပေးသည်။

ပြည်သူ့စစ်က လတ်တလော စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ရာတွင် လူသစ်စုဆောင်းခြင်း၊ အသက်ကြီးသူများကို စစ်တပ်စခန်းများ၌ သန့်ရှင်းရေးလုပ်ဆောင်ခိုင်းပြီး လူငယ်များအား ပြည်သူ့စစ်အတွင်း အတင်းဝင်ရောက်ခိုင်းခြင်း လုပ်ဆောင်နေခြင်းဖြစ်ဟု ဖော်ပြသည်။

KIAပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး အပြီးသတ်အောင်မြင်မှု ရရှိရန် ကြိုးပမ်းနေချိန် စစ်ကောင်စီက ဖားကန့်၊ တနိုင်း၊ မြစ်ကြီးနား၊ ပူတာအို ဒေသများ၌ စစ်ရေးလှုပ်ရှားခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ ပြည်သူနေထိုင်ရာ နေရာများသို့ ဝင်ရောက်နေထိုင်ခြင်း၊ လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း KIAက အသိပေးထားသည်။

KIA အနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ တိုက်ပွဲ ၄လကျော်ကြာပြီဖြစ်ပြီး လက်ရှိတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပြီးသတ် သိမ်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ စကခ(၂၁)၏ ကားကင်းများကို KIAပူးပေါင်းတပ်က သိမ်းပိုက်ထားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲ နှင့် ကချင်ဒေသစစ်ရေး အခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့(မတ်လ ၂၃ရက်)တွင် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
👍785🔥2👏2🥰1