သပိတ်ကျင်းက ရေညာဦးရွာကို တော်လှန်ရေးတပ်တွေ ထပ်မံလက်လွတ်ရ
မတ်-၂၂၊၂၀၂၅။ဒီးဒီ၊သတိုး/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ် ပြန်သိမ်းပိုက်ထားတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာ လက်လွတ်ပေးခဲ့ရတယ်လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ရှိတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁၇ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
"ဒီတိုက်ပွဲဖြစ်တာက ၁၇ရက်နေ့မှာ မနက် ၆နာရီကစပြီးတော့ ည ၇နာရီခွဲလောက်အထိ တိုက်ပွဲတွေဖြစ်တာ။ အခုသူတို့ပြောနေတဲ့ ရေကန်ပွိုင့်တွေဘာတွေ အဲဒါကက ရေညာဦးကျေးရွာက တကသ ၁၃ နဲ့ကပ်နေတာ။ ခြံစည်းရိုးချင်းကပ်နေတာ။ သူတို့တပ်ဧရိယာက အကျယ်ကြီးဆိုတော့ ခြံစည်းရိုးကပ်နေတာ"လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဲဒီ ရေညာဦးကျေးရွာမှာ တတက-၁၃ကျောင်းကို ရေပေးဝေနေတဲ့ ရေကန်ရှိတာကြောင့် စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ ပြောပါတယ်။
"အဲဒီ့အထဲမှာ ရေညာဦးရွာထဲမှာ ဘုရားကုန်းဆိုတာ အဲဒီ့ကနေ ရေတွေက တပ်ထဲကိုသွားတဲ့ ရေ
ပေးတဲ့နေရာတွေရှိတယ်။အဲဒီ့နေရာကိုအရင်တုန်းက TNLA နဲ့ မဟာမိတ်နဲ့ PLA နဲ့သိမ်းပြီး ထိုင်ထားတာ။ အဲဒီ့နေရာတွေပြန်လိုချင်တော့ အဲဒီလိုထိုးတာပေါ့။ ထိုးနေတာကကြာပြီ"လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်သည် ရေညာဦးကျေးရွာကို ပြန်လည်သိမ်းပိုက်ဖို့ ၂၀၂၄ နိုဝင်ဘာ ၁၅ရက်ကတည်းက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။
"တန်ပြန်ထိုးစစ်ပေါ့။ ထိုးစစ်စလာတော့ အဲဒီ့ကတည်းကနဂိုကတည်းက ဒရုန်းတွေကလည်းပိုအဆင့်မြှင့်လာတယ်။သူတို့ရဲ့ Jumper တွေ အဆင့်မြှင့်လာတယ်။ လေကြောင်းတွေကလည်း အမြဲတမ်း ကူတယ်။ လက်နက်ကြီး၊ လက်နက်ငယ်အစုံပေါ့ ။ လူအင်အားကလည်း သူတို့ဖြည့်တာတွေရှိတာပေါ့။အဲဒီ့အခါကျတော့ အဲဒါတွေနဲ့ စနစ်တကျထိုးစစ်ကြီးပြန်ထိုးတာ။ထိုးတဲ့အခါကျတော့ ဒီဘက်က အင်အားစုတွေကလည်း အဓိကက စစ်ဦးစီးလေ။ တအမ်းက ငြိမ်းချမ်းရေးယူမယ်ဘာညာတွေ ကိစ္စတွေနဲ့ သူလည်းသူ့ဟာသူစစ်ပမ်းတာတွေရှိမှာပေါ့"လို့ သူက ဆက်ပြောပါတယ်။
မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးတဲ့ သပိတ်ကျင်းမြို့ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
တကယ်တော့ သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားတွေ ကင်းစင်ခဲ့တာ မဟုတ်ပါဘူး။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က အင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်က တတက−၁၃မှာ သွားရောက်စုဝေးသလို ၊စစ်တပ်ကစစ်ကူပို့တဲ့စစ်သားတွေနဲ့ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီကနေ စုဝေးစစ်ကြောင်းထိုးပြီး ကျေးရွာအချို့ကို ပြန်သိမ်းယူနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ တွင်းငယ်ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ရက်နေ့မှာ ကျေးရွာကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။
တွင်းငယ်ကျေးရွာက ရဲကင်းစခန်းကို မန္တလေးတိုင်း တာဝန်ခံရုံးကွပ်ကဲပြီး အမှတ် (၅၀၉)တပ်
ရင်း ၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့က၂၀၂၄ ဇူလိုင်၂၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ အမှတ်(၁)စစ်ဒေသရုံးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တွင်းငယ်ကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ၂၀၂၄ ဩဂုတ် ၁၇ရက်မှာ သိမ်းပိုက်ခဲ့တာလို့ အသိပေးထားပါတယ်။ အဲဒီနောက် ကျေးရွာမှာရှိတဲ့ အမှတ် (၁၃)
တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားခဲ့ပါတယ်။
ဒါပေမယ့် သုံးလကျော်အကြာမှာ စစ်တပ်ကပြန်ထိုးစစ်ဆင်လို့ တွင်းငယ်ရွာကနေ တော်လှန်ရေးတပ်တွေပြန်ဆုတ်ခဲ့ရပါတယ် ။ကျေးရွာကနေ အပြီးဆုတ်ခွာပေးရတာမျိုး မဟုတ်ဘဲ ကျေးရွာအပြင်ကနေ စစ်ကောင်စီတပ်တွေကို ဝန်းရံပိတ်ဆို့ထားဆဲလို့ PLA က ပြောထားပါတယ်။
ဒါ့အပြင် မိုးကုတ်နဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေက ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတွေကလည်း တွင်းငယ်ရွာက တတက−၁၃တပ်ရှိရာကို ပြေးလာပြီး စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။
လက်တလောမှာတော့ (၇)မိုင်ကျေးရွာမှာ တိုက်ပွဲတွေ ပိုဖြစ်နေပြီး (၇)မိုင်ကို အဓိကဦးဆောင်တိုက်
ခိုက်နေတာက မန္တလေး PDF၊ မိုးကုတ်ဗျူဟာနဲ့ TNLAတို့ဖြစ်ပါတယ်။ အခုဆုတ်ပေးလိုက်ရတဲ့ ရေညာဦးကျေးရွာကိုလည်း အဲဒီတပ်ရင်းတွေက ထိန်းထားတာ ဖြစ်ပါတယ်။

👍67😢21❤3🤣3🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မတ်လ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ်ကို ကူညီပံ့ပိုးနေတဲ့ အခြေအနေများအားလုံးရပ်ဆိုင်းဖို့ ILO ဆုံးဖြတ်
မြန်မာစစ်တပ်ကို ကူညီပံ့ပိုးနေတဲ့ အခြေအနေများအားလုံးကို ရပ်ဆိုင်းဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က ဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ မတ်လ ၁၀ ရက် မှ ၂၀ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ILO ရဲ့ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ ဆွေးနွေးမှုမှာ စစ်ကောင်စီကို ကူညီပံ့ပိုးနေမှုများကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီအပေါ် အရေးယူမယ့် ဆုံးဖြတ်ချက်များကို လာမယ့် ဇွန်လ ၂၅ ရက်မှာ ကျင်းပမယ့် ILO ညီလာခံမှာ မဲခွဲဆုံးဖြတ် အတည်ပြုမှာဖြစ်ပါတယ်။
◾️စဉ့်ကိုင်ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ
စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က စဉ့်ကိုင်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက စဉ့်ကိုင်ကျေးရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်ရာ (၁၂)နှစ်အရွယ်ကလေးတစ်ဦး၊ အသက်(၄၆) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ (၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ စဉ့်ကိုင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၁၆ရက်နဲ့ မတ်လ၂၀ရက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
◾️မိုးကောင်း-ဖားကန့်လမ်း KIAနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေ
မိုးကောင်း-ဖားကန့်လမ်း လုံဘရာရွာအနီးမှာ KIAနဲ့ စစ်ကောင်စီ ဒီနေ့ ညနေမှစ၍ တိုက်ပွဲဖြစ်နေပြီး ညပိုင်းအထိ စစ်ရေးတင်းမာနေပါတယ်။ ဖားကန့်သို့ မရောက်မီ ၆မိုင်ခန့်အကွာရှိ မိုးကောင်း-ဖားကန့်လမ်း လုံဘရာရွာအနီးမှာ ညနေ ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွါးနေတာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ တိုက်ပွဲဖြစ်နေချိန် ယင်းလမ်းပိုင်းမှ လဝါးရွာနဲ့ ဒွန်ဘုန်းခရွာမှာ စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)နဲ့ ပြည်သူ့စစ်အဖွဲ့များက တပ်စွဲလိုက်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
◾️စစ်တွေနဲ့ ကျောက်ဖြူရှိ စစ်စခန်းတွေကို AA ဆက်လက်ထိုးစစ်ဆင်နေ
အာရက္ခတပ်တော်(AA)က စစ်တွေနဲ့ ကျောက်
ဖြူမြို့ရှိ စစ်တပ်စခန်းများ၊ တပ်ရင်းများကိုဆက်
လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း မြို့အနီးဝန်းကျင်နေရာများကိုပါ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြု၍ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေစဉ် စစ်တွေမြို့နဲ့ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံရွာနှနဲ့ ပေါက်တောမြို့နယ် သဲခုံရွာတို့ကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲခဲ့ပါတယ်။ လူထိခိုက်မှုမရှိပေမယ့် အဆောက်အအုံအချို့ပျက်စီးခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်မှာလည်း ဓညဝတီရေတပ်စခန်းဆက်စပ်တဲ့ ကျေးရွာများမှာ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
◾️ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်ပွဲများရထားဟု CNO/CNDF ပြော
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့ မဟာမိတ်များက ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်နေသလို ချင်းညီနောင် မဟာမိတ်များဘက်ကလည်း အောင်မြင်မှုများရှေ့တိုးရရှိထားတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်ရဲ့ ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်မှာ ဖလမ်းတိုက်ပွဲ အခြေအနေကို အသိပေးပြောကြားခဲ့တာပါ။ စစ်ကောင်စီက ဝေဟင်မှ တောက်လျှောက် အပြင်းအထန် တိုက်ခိုက်နေပမယ့် ဆုတ်ခွာခြင်းမရှိဘဲ စစ်ကောင်စီတပ်ကုန်းများကို သိမ်းယူထားနိုင်တယ်လို့ CNO/CNDF တာဝန်ရှိသူက ပြောပါတယ်။ စစ်ရေးအခြေအနေအရ သိမ်းယူထားတဲ့စခန်းတွေကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အခြေအနေ တစ်ရက်ပြီး တစ်ရက် ပိုကောင်းလာပြီး ရဲဘော်များ ရှေ့ဆက်တိုးနိုင်တယ်လို့ သိရပါတယ်။
◾️ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေးဆောင်ရွက်နေဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

👍47🔥2
စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးခရိုင်များပါဝင်တဲ့ ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီနေ့ ပြောပါတယ်။ ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။ ကဘော်ညီနောင် Project ကို ဒီနေ့ စတင်ကာ ဧပြီ ၂၀ရက်အထိ သတ်မှတ်ထားပြီး ရန်ပုံငွေကျပ်သိန်းတစ်သောင်း ရရှိရေး ရှာဖွေဖို့ ရည်ရွယ်ထားကြောင်း အသိပေးထားပါတယ်။ အဲဒီ ရန်ပုံငွေရှာဖွေမှုဟာ အဖွဲ့ ၁၄ဖွဲ့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်သူများတတ်နိုင်သရွေ့ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
◾️ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်နိုင်ဖို့ စစ်ကောင်စီ အပူတပြင်း ကြိုးပမ်းနေ
စစ်ကောင်စီက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြန်စနိုင်ဖို့ နယ်မြေရှင်းလင်းရေးအပါအဝင် စီမံကိန်း ဧရိယာအနီးဝန်းကျင်ကျေးရွာများကို အင်အားရာချီဖြင့်စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ထားဝယ်ခရိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ပြောပါတယ်။ စီမံကိန်းဧရိယာအနီးတည်ရှိတဲ့ နဘုလည်၊ ပရဒတ်ရွာ၊ မယင်းကြီးရွာ၊ ဘဝါရွာနဲ့ ဇာဒီရွာများသို့ အင်အားရာချီ ဖြင့်ကုန်ကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အပြင် ရေကြောင်းမှလည်း ဆိပ်ကမ်းအနီး စစ်သင်္ဘောများအဆင်သင့်ပြင်ဆင်ထားတာ တွေ့ရှိရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီဟာ ရေနက်ဆိပ်ကမ်းနဲ့ဆက်စပ်တဲ့ ကျေးရွာများကို ပိတ်ဆို့ကာ စစ်ကြောင်းများထိုးနေခြင်းဖြစ်ပြီး ပင်လယ်ပြင်မှာ ရေတပ်စစ်သင်္ဘောများ အရန်သင့်ချထားတဲ့အပြင် ထားဝယ်မြို့နဲ့ သက်ရက်ချောင်းမြို့ကြားမှာ စက်တပ်လေထီး(Paramotor)များ လေ့ကျင့်ပျံသန်းမှုကိုပါ လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
◾️စစ်ကောင်စီ လက်အောက်ကျန်နေတဲ့ ဒေသများရှိ ပြည်သူများထံ တော်လှန်ရေးတပ်များလာမည်ဟု KNU ပြော
စစ်ကောင်စီ လက်အောက်မှာ ကျန်နေတဲ့ ဒေသများရှိ ပြည်သူများထံ မရောက်ရောက်အောင် လာမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။ လက်ရှိကာလဟာ စစ်အာဏာရှင်အနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အဘက်ဘက် ယိုယွင်းနေတဲ့ အချိန်ဖြစ်ပြီး လူထုလှုပ်ရှားမှုများကိုလည်း စစ်ကောင်စီက နှိမ်နင်းနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။ တော်လှန်ရေးအဖွဲ့များအနေနဲ့ နိုင်ငံရေး၊ စစ်ရေးမှာ အကြပ်အတည်းများ ရှိနေပေမယ့် အဲဒီကပဲ တော်လှန်ရေးဖြစ်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးမှာ အခက်အခဲများရှိနေပေမယ့် ရှေ့ဆက်သွားမှာဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လက်ကျန်နယ်မြေများရှိ ပြည်သူများရှိရာသို့ မရောက်ရောက်အောင် လာမှာဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
◾️ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းတလျှောက်ဂိတ်များ တနေ့လျှင်သိန်းထောင်ချီငွေရှာနေ
ဧရာဝတီနဲ့ ရန်ကုန်တိုင်းကို အဓိက ဆက်သွယ်တဲ့ ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ဟင်္သာတလမ်းတလျှောက်မှ စစ်ကောင်စီဂိတ်များဟာ တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိ
ကဂိတ်ဖြစ်တဲ့ ပန်တိုင်ဂိတ်တစ်ခုတည်းမှာပင် တနေ့ သိန်း ၂၀၀ ရအောင်ကောက်ယူဖို့ နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်း စုံစမ်းသိရပါတယ်။ အာဏာသိမ်းပြီးနောက် ဖွင့်လှစ်လိုက်တဲ့ စစ်ကောင်စီဂိတ်များက ခရီးသည်တင်ကားများ၊ အိမ်စီးကားများ၊ ကုန်တင်ကားများထံမှ တောင်းယူတဲ့ ငွေကြေးဟာ နေ့စဉ်သိန်းထောင်ချီရရှိနေကြောင်း ပန်တိုင်ဂိတ်ရဲ့ ဌာနဆိုင်ရာဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။ အဲဒီဝန်ထမ်းဟာ ပန်တိုင်ဂိတ်မှာ ခိုက်ရန်ဖြစ်ပွားပြီး မကြာသေးမီက အလုပ်ထွက်ခဲ့ရသူလို့ ဆိုပါတယ်။ ပန်တိုင်ဂိတ်ဟာ ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းမှာ အကြီးဆုံးစစ်ဆေးရေးဂိတ်ဖြစ်ပါတယ်။
◾️သပိတ်ကျင်းက ရေညာဦးရွာကို တော်လှန်ရေးတပ်တွေ ထပ်မံလက်လွတ်ရ
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ် ပြန်သိမ်းပိုက်ထားတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာ လက်လွတ်ပေးခဲ့ရတယ်လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ရှိတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁၇ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ရေညာဦးကျေးရွာမှာ တတက-၁၃ကျောင်းကို ရေပေးဝေနေတဲ့ ရေကန်ရှိတာကြောင့် စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ ပြောပါတယ်။
◾️စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေ

👍41🔥3❤2
စစ်ကောင်စီက စာသင်ကျောင်းများအပါအဝင် အရပ်သားနေထိုင်ရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျောင်းသားများမှာ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုခဲ့ကြရတယ်လို့ KNU ဗဟိုနဲ့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြောက်တရားများကြားမှ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ်စာမေးပွဲအား ဖြေဆိုပြီးစီးကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ရာဘာတောအတွင်း စာသင်ခုံများချကာ စာမေးပွဲဖြေဆိုခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြခဲ့ပါတယ်။
◾️မြန်မာအပါအဝင် မသွားသင့်တဲ့ နိုင်ငံတွေ စာရင်းကို ဩစတြေးလျ ထုတ်ပြန်
နိုင်ငံသားတွေအနေနဲ့ သွားရောက်လည်ပတ်တာမျိုး လုံးဝ မလုပ်ဘဲ ရှောင်ကြဉ်သင့်တယ်ဆိုတဲ့ နိုင်ငံတွေစာရင်းကို ဩစတြေးလျအစိုးရက ထုတ်ပြန်ခဲ့ရာမှာ မြန်မာလည်း ပါဝင်လာခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာပါတဲ့ နိုင်ငံတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှု ပြဿနာတွေ၊ ပြည်တွင်း မငြိမ်သက်မှုတွေနဲ့ တရားလက်မဲ့ ဖမ်းဆီးမှုတွေ ထူထပ်နေတာကြောင့် ဘေးမကင်းတဲ့ ဇုန်နယ်မြေတွေ ဖြစ်နေတယ်လို့ဩစတြေးလျက ဆိုပါတယ်။ စာရင်းအပြည့်အစုံကတော့ ရုရှား၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ ဟေတီ၊ အီရန်၊ မြန်မာ၊ တရုတ်၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်း နဲ့ လစ်ဗျားတို့ ဖြစ်ကြပါတယ်။ အဲဒီ နိုင်ငံတွေဟာ မငြိမ်သက်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေသလို နိုင်ငံခြား ခရီးသွားဧည့်သည်တွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းကဏ္ဍတွေမှာလည်း ရှုပ်ထွေးတဲ့၊ မူမှန်မဟုတ်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်နေစေတယ်လို့ ဆိုပါတယ်။

👍44🔥2
ဖားကန့်လမ်းပိုင်း၌ KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေ
အိမ်သွင်/People's Spring
ကချင်ပြည်နယ်၊ ဖားကန့် - မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီး၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မတ်လ ၂၂ရက်) ညနေပိုင်းကစ၍ တိုက်ပွဲဖြစ်နေပြီး ညပိုင်းအထိ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့သို့ မရောက်မီ (၆)မိုင်ခန့်အကွာ ဖားကန့် - မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီးတွင် ညနေ ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
" လုံးခင်း လယ်ပြင်ဂိတ်က စစ်ကောင်စီတပ်ကို KIAတိုက်တာ။ စစ်ရေးအခြေအနေ တင်းမာနေတယ်။ "ဟု KIA သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့စစ်အဖွဲ့များက အဆိုပါလမ်းပိုင်းရှိ လဝါးရွာနှင့် ဒွန်ဘုန်းခကျေးရွာတို့တွင် တပ်စွဲလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ရှမ်းနီနဲ့ပြည်သူ့စစ်တွေကို ရဟတ်ယာဉ်နဲ့လာပို့တာ။ညနေ ၆နာရီအထိ လေကြောင်းပျံသန်းမှုတွေရှိတယ်။ KIA ကလည်း စစ်ရေးပြင်ထားပြီ"ဟု အဆိုပါဒေသခံက ပြောသည်။
တချိန်တည်းတွင်း ဖားကန့်မြို့နယ်အတွင်း စစ်ရေးတင်းမာလာနိုင်သည့်သတင်းများကြောင့် ယနေ့ညပိုင်းတွင် ကျောက်တူးဖော်ရေးလုပ်ငန်းများ ရပ်တန့်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဝိုင်းမော်မြို့တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။

👍64❤2🔥1🥰1👏1🤣1
တန့်ယန်းမြို့၌ လေပြင်းကျ၊ ထိခိုက်ပျက်စီးမှုရှိ
ကဖေး/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် ယနေ့(မတ်လ ၂၂ရက်) ညနေက မိုးအနည်းငယ်ရွာခဲ့ပြီး တန့်ယန်းမြို့၌ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်နှင့် ဓာတ်တိုင်အချို့ ကျိုးကျမှုဖြစ်ခဲ့သည်။
ညနေ ၅နာရီခန့်က မိုးသက်လေပြင်းကျခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ သစ်ပင်နှင့် ဓာတ်တိုင်အချို့ကျိုးကျခဲ့ပြီး အခြားထိခိုက်မှုမရှိကြောင်း တန့်ယန်းမီးသတ်ဌာနက ထုတ်ပြန်ထားသည်။
မတ်လမှစတင်၍ မေလအထိ နိုင်ငံဒေသအများစု၌ လေပြင်းအန္တရာယ်ရှိနေပြီး မိုးကြိုးပစ်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်စေသည့် မိုးတိမ်တောင်အန္တရာယ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။
ယမန်နေ့ကလည်း မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှမြို့နယ်တချို့ မိုးအနည်းငယ်ရွာခဲ့သည်။

👍35😢3🔥1