■Short Story
"အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါ"
◼️ရဲသူအောင်
(၁)
အနိုင်ဆိုတာက သူ့ကိုယ်သူ ပြောတဲ့နာမည်။ နာမည်အရင်းက ထွန်းအောင်နိုင်။ အသက်က (၂၁)နှစ်။ အသားအရည်က ဖြူဖြူသန့်သန့်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ ပြောရရင် သူ့ရုပ်ရည်က ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်။
ဒါပေမယ့် အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။
(၂)
ကျနော်တို့ဆေးရုံကို အနိုင် စရောက်တဲ့နေ့တုန်းက စကားလည်း မေးမရဘူး။ သူ့နာမည်ကို မေးတာတောင် လူနာလိုက်ပို့တဲ့ ရဲဘော်တွေက ဖြေပေးကြတယ်။ စခန်းကုန်းကို သိမ်းပိုက်အောင်မြင်ပြီးခါမှ မြေမြှုပ်မိုင်း နင်းမိခဲ့သတဲ့။ မြင်လိုက်ရတဲ့ ရဲဘော်တွေက ပြောကြတယ်။
"သူ့တကိုယ်လုံး လေပေါ်ကို ဝုန်းခနဲ လွင့်တက်သွားတာ။ ကျနော်တို့က ပွဲချင်းပြီး သေပြီလို့တောင် ထင်တာပဲ"
သေကံမရောက်ပေမယ့် အနိုင်ဟာ ခြေထောက်နှစ်ဘက်လုံးကို ဆုံးရှုံးလိုက်ရတယ်။ ခွဲစိတ်ခန်းထဲမှာ ခြေထောက်ပြတ်တွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ဆေးကြောသန့်ရှင်းတာကိုတောင် အနိုင်ဟာ အသံထွက်ပြီး ညည်းညူတာမျိုး မရှိဘူး။ မေးရိုးကြီးထင်းနေအောင် အံကြိတ်ပြိး တင်းခံထားခဲ့တယ်။
ခွဲစိတ်ခန်းကအထွက်မှာ အနိုင့်ကို သွေးပေါင်ချိန်ပေးရင်း "ဒဏ်ရာတွေက နာနေသေးလား" လို့ မေးတော့ သူက ခေါင်းညိတ်ပြတယ်။ ခွဲခန်းထဲမှာ မျက်ရည် မကျခဲ့တဲ့ အနိုင်ဟာ အဲဒီနေ့တနေ့လုံး စောင်ထူထူကြီးကို ခေါင်းမြီးခြုံပြီး ကလေးငယ်တယောက်လို ကြူကြူပါအောင် ငိုပါတယ်။
"စခန်းကုန်းကို သိမ်းပြီးချိန်မှကွာ"
အဲဒီစကားက ဆေးရုံကို စရောက်တဲ့အချိန်ကစလို့ ပြောခဲ့တဲ့ တခွန်းတည်းသော စကားပါပဲ။
(၃)
ဆေးရုံတက်ပြီးချိန်ထဲက အနိုင်ဟာ ထမင်းကောင်းကောင်း မစားဘူး။ ဘယ်သူ့ကိုမှလည်း စကားမပြောဘူး။ အချိန်ရှိသရွေ့ ခေါင်းမြီးခြုံပြီး နေတယ်။ အစားမဝင်တော့ လူကလည်း ပိန်ကျသွားတယ်။
"ထမင်းတော့ ဝင်အောင်စားရမယ်နော် ကိုယ့်ဆရာ။ ခွဲခန်းဝင်ရဦးမှာဆိုတော့ အားရှိဖို့ လိုတယ်"
အနိုင်က ထုံးစံအတိုင်း ခေါင်းညိတ်ပြပြီး အဖြေပြန်ပေးတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေထိုး ၊ ပုလင်းကြီးတွေချိတ်ပြီး အနိုင့်ရဲ့ ခြေထောက်တွေကို ဖြတ်ဖို့ ပြင်ဆင်ကြရတယ်။ ခွဲခန်းမဝင်ခင် မနက်မှာ အနိုင်ဟာ ကျနော့်ကို ထူးထူးခြားခြား စကားတွေပြောလာတယ်။
"ဆရာ ညာဘက်ခြေထောက်ကိုတော့ တအားကြီး တိုအောင် မဖြတ်ပါနဲ့နော်။ ကျနော့်ကို ကတိပေးပါ ဆရာ"
တဖွဖွတောင်းပန်နေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော်ကိုယ်တိုင် မျက်ရည်စို့လုလု။ ပြီးတော့ "အနိုင်ပြောတဲ့အတိုင်း ဖြစ်စေရမယ်"ဆိုပြီး ကတိပေးရတယ်။
(၄)
ခွဲခန်းကအထွက်မှာ အရင်ထက် ပိုပြီးတိုသွားတဲ့ ငုံးတိတိခြေထောက်တွေကို ကြည့်ပြီး အနိုင်ဟာ အရင်ကလို နှုတ်ဆိတ်သွားပြန်ပါတယ်။ ပိုပြီး စိတ်ထိခိုက် သွားပုံပါပဲ။ သူ့အဖော် ရဲဘော်တွေကလည်း အချိန်ပြည့်နီးပါး သူ့ဘေးမှာ အဖော်လုပ်ပြီး အားပေးကြတယ်။
ကျနော်တို့မှာ ခြေထောက်တွေ ရှိနေသေးတဲ့အတွက် အနိုင့်အပေါ် ကိုယ်ချင်းစာစိတ် အပြည့်အဝရှိတယ်ဆိုပြီး ပြောမထွက်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ဆေးရုံမိသားစုဟာ ပီဒီအက်ဖ်ရဲဘော်လေး အနိုင်ကို တတ်အားသမျှ အားပေး ဖေးမခဲ့ကြပါတယ်။
ဒါပေမယ့်လည်း အနိုင်တယောက်ကတော့ အချိန်ရှိသရွေ့ တိုးတိတ် နှုတ်ဆိတ်မြဲ။ အစားကိုလည်း ဟုတ်တိပတ်တိမစား။ လူနာခုတင်တိုင်ကို ကျောမှီပြီး ပြတင်းပေါက်ကနေ ဟင်းလင်းပြင်မြင်ကွင်းကို ငေးငေးရီရီ ကြည့်တဲ့အခါ ကြည့်၊ စောင်ခေါင်းမြီးခြုံပြီး တနေကုန် အိပ်တဲ့အခါ အိပ်။ ခွဲစိတ်ခန်းဝင်ပြီး ခြေထောက်နှစ်ဘက်ကို ဖြတ်တောက်အပြီးမှာ အနိုင်ဟာ ချက်ချင်းဆိုသလို ပိန်ချုံးကျသွားပြန်တယ်။
ကြာတော့လည်း အနိုင်ဟာ သူကိုယ်တိုင် လက်မခံချင်တဲ့ အမှန်တရားတခုကို လက်ခံလိုက်ပုံပါပဲ။ သူငယ်ချင်းတွေနဲ့ တလုံးစ နှစ်လုံးစ စကားတွေ စပြောသလို ကျနော်တို့ ဆေးရုံဝန်ထမ်းတွေ ရောင်းလှည့်ချိန်မှာလည်း အရင်လို ခေါင်းညိတ်ခေါင်းခါ ပြန်ဖြေတာမျိုးမလုပ်ဘဲ စကားနဲ့ ပြန်ပြောပါတယ်။ ဒါပေမယ့် အနိုင့်ရဲ့မျက်နှာမှာ အရယ်အပြုံးတော့ မတွေ့မမြင်ရသေးပါဘူး။
(၅)
ဆေးရုံမှာ အနေကြာလာတော့ အနိုင်ဟာ သူ့ကို ဂရုစိုက်စောင့်ရှောက်ကြတဲ့ ဆေးရုံဝန်ထမ်းတွေနဲ့ ပိုရင်းနှီးလာပြီး စကားတွေဘာတွေ ပြောလာပါပြီ။
"ဆရာရေ ထူးဆန်းတယ်နော်။ ညအိပ်ပြီဆိုတာနဲ့ ကျနော့် ညာဘက်ခြေမက နာနာနေတယ်။ ရှိလည်း မရှိတော့ဘဲနဲ့"
"အဲဒါက ဒီလိုရှိတယ်။ ခြေထောက်ကို ဖြတ်လိုက်ပေမယ့် ခြေထောက် ခံစားလှုပ်ရှားနိုင်ဖို့ ထောက်ပံ့ပေးတဲ့ အာရုံကြောက ရှိနေသေးတယ်လေ။ အဲဒါကြောင့် မရှိတော့တဲ့ ခြေမတို့၊ ခြေချောင်းတို့က နာသလို ခံစားရတာမျိုးလည်း ဖြစ်တတ်တယ်"
"အော် အဲဒီလိုကိုး။ ကျနော်ပြောပြတာကို ဒီကောင်တွေက ရယ်ရယ်နေကြတာ"
သူငယ်ချင်းတွေကို လက်ညိုးထိုးပြီး မကျေမချမ်းပြောနေတဲ့ အနိုင့်ပုံစံက ပီဘိ ကလေးတယောက်လို။ အို တကယ်တော့ အနိုင်ဟာ ကလေးသာသာ အရွယ် ပါပဲလေ။ တက္ကသိုလ်စာသင်ခန်းထဲ ဘော့ပင်ကိုင်နေရမယ့်အချိန်မှာ သေနတ်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ ရဲရင့်ခဲ့သူ လူငယ်လေးတဦး။

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,129 likes · 3,541 talking about this. News & media website
😢51👍26❤3🔥1
မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ တိုင်းရင်းသားနယ်မြေထဲ စခန်းသိမ်းတိုက်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့ဖူးသတဲ့။ တိုက်ပွဲတိုင်းလည်း ရှေ့တန်းကနေ ပါဝင်ရမှ ကျေနပ်အားရမိသတဲ့။
"ဒီမှာကြည့် ဆရာ"
အနိုင်က မန်ယူဂျာစီရဲ့ ညာဘက်လက်မောင်းကို ပင့်တင်ပြီး ပြတယ်။ လက်မောင်းအိုးအထက်မှာ စည်းနှောင်ထားတာက အညိုရင့်ရောင် ကျစ်ကြိုးကလေး။
"ဒါ အမေ့ထဘီစလေးကို ကြိုးလိုကျစ်ပြီး အဆောင်လက်ဖွဲ့လို လက်မောင်းမှာ ပတ်ထားတာ ဆရာ။ ကျနော့်ခေါင်းဘေးကနေ ကျည်ဆံတွေ တရွှီရွှီနဲ့ ပျံဝဲနေတာ ခဏခဏပဲ။ ဘုရားစူးရစေ ကျနော် မညာဘူး။ လက်နက်ကြီးကျတိုင်းလည်း ကျနော် တခါမှ မထိခဲ့ဖူးဘူး"
ခုလို အနိုင်တယောက် စိတ်လိုလက်ရ စကားတွေပြောတာ ပထမဆုံးအကြိမ်လိုပါ။ သူပြောပြချင်နေတာတွေကို ကျနော် စိတ်ရှည်လက်ရှည် နားထောင်တယ်။
"အမေ့ အထက်ဆင်စလေးက အဲဒီလောက်ထိကို စွမ်းတာ။ ဒါပေမယ့် မြေမြှုပ်မိုင်းမထိအောင်တော့ မကယ်နိုင်ခဲ့ဘူးဗျာ"
တိုးသက်တိမ်ဝင်သွားတဲ့ စကားသံနဲ့အတူ အနိုင့်မျက်ဝန်းတွေမှာ မျက်ရည်စတို့ ဝေ့ဝဲလာခဲ့တယ်။
"စိတ်ဓာတ်တော့ မကျနဲ့ကွာ။ ဆေးရုံဆင်းပြီးတာနဲ့ လေ့ကျင့်ခန်းတွေ စလုပ်ဖို့ ပြင်ဆင်ရမယ်။ ခြေတုတပ်ရမယ်။ လမ်းပြန်လျှောက်နိုင်ဖို့ လေ့ကျင့်ကြိုးစားရမယ်"
အနိုင်က ကျနော့်ကို တွေတွေကြီး မော့ကြည့်နေတယ်။ ပြီးတော့ မေးတယ်။
"ဆရာက ကျနော် လမ်းပြန်လျှောက်နိုင်မယ်လို့ ထင်တာပေါ့"
"ထင်တာမဟုတ်ဘူး။ ဆရာက တကယ် ယုံကြည်တာ"
ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ အနိုင်က ယဲ့ယဲ့ပြုံးတယ်။ အပြုံးယဲ့ယဲ့ဆိုပေမယ့် ဆေးရုံကို စရောက်ကတည်းက သူ့မျက်နှာပေါ်မှာ ထင်ဟပ်လာတဲ့ ပထမဆုံးအပြုံးဆိုလည်း ဟုတ်တယ်။
(၆)
အမေတခု သားတခုဘဝနဲ့ နေထိုင်ခဲ့ကြတဲ့ အနိုင်ဟာ အမေဖြစ်သူကို သူ မိုင်းထိခဲ့တဲ့အကြောင်း ပေးမသိခဲ့ပါဘူး။
"သိသွားလို့ရော ဘာထူးမှာလဲ။ ရင်ကျိုးရုံပဲ ရှိတော့မှာပေါ့။ ကျနော်ကတော့ အမေ့ကို ပေးသိမှာမဟုတ်ဘူး"
ကာယကံရှင်ရဲ့ဆန္ဒကြောင့် ကျနော်က ဇွတ်တိုက်တွန်းပြီး အကြောင်းကြားတာမျိုး မလုပ်ခိုင်းပါဘူး။ ပြီးတော့ ခုလိုအခြေအနေမှာ လူနာရဲ့ စိတ်အခြေအနေကလည်း တည်ငြိမ်မှု အပြည့်အဝ ရှိမနေသေးဘူး။ ဒီတော့ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ဖေးမကူညီပြီး ခြေတုတပ်တဲ့ ကုသမှုအဆင့်ထိ ရောက် သွားအောင် ဝိုင်းဝန်းသွားကြဖို့ပဲ ရှိပါတယ်။
ပြောရရင် အနိုင်ဆိုတဲ့ လူငယ်လေးတယောက်ဟာ မျှော်လင့်မထားဘဲ ကြုံလိုက်ရတဲ့ အခြေအနေဆိုးကြီးတခုအပေါ် သူ့ကိုယ်ပိုင်သိစိတ်နဲ့ အဆုံးစွန်ထိ ပြိုလဲမသွားအောင် ကြိုးစားရုန်းကန်နေရတုန်းပါပဲ။
တခြားသူတွေနဲ့ စကားတွေ ပြောနေရုံနဲ့၊ ဆေးရုံဝန်ထမ်းတွေ မေးသမျှကို ပြန်ဖြေရုံနဲ့တော့ သူ့စိတ်အခြေအနေက တည်ငြိမ်နေပြီလို့ မဆိုနိုင်သေးပါဘူး။ အထူးသဖြင့် သူ့ဘဝရှေ့ရေးတွေအကြောင်း သူကိုယ်တိုင် ပြောပြတဲ့အချိန်မှာ သူ စိတ်ဓာတ်ကျနေဆဲဆိုတာကို သတိထားမိစေတဲ့ စကားလုံးတွေ ကြားနေရပါသေးတယ်။
"ခြေထောက်တွေ မရှိမှတော့ ဘာလုပ်စားလို့ ရတော့မှာလဲ"
"ကျနော့်ဘဝက သွားပြီလေ"
"ဘဝရှေ့ရေး ဆိုတာကြီးကိုလည်း တွေးမနေချင်တော့ပါဘူးဗျာ"
ခြေထောက်နှစ်ဘက် ဆုံးရှုံးရတယ်ဆိုပေမယ့် ဘဝဆုံးသွားတာ မဟုတ်တဲ့အကြောင်း၊ ခြေတုတပ်ပြီးတဲ့အခါ ရဲဘော်တွေကို လက်မှုပညာဖြစ်စေ၊ နည်းပညာပိုင်းဖြစ်စေ သင်တန်းပေးသွားဖို့ရှိကြောင်း ကျနော်က အနိုင့်ကို ပြောပြရတယ်။ ထုံးစံအတိုင်း အနိုင်က ယဲ့ယဲ့ပြုံးပါတယ်။
(၇)
အနိုင့်ကို ဆေးရုံကဆင်းပေးပြီး သူ့လိုမျိုး ခြေပြတ်ရဲဘော်တွေ ထားရှိတဲ့အဆောင်ဆီ ရွှေ့ပြောင်းပေးရတယ်။ အနာတွေ ဆေးထည့်ဖို့အတွက် သုံးရက်မှာ တကြိမ်လာရောက်ဖို့ ဆေးရုံကို ခေါ်ရတယ်။
အနိုင်ရဲ့ စိတ်အခြေအနေက swing နေပုံပါပဲ။ ဘယ်လိုပဲ စိတ်ခွန်အားဖြစ်အောင် အားပေးစကားတွေ ပြောနေပေမယ့်လည်း သူ့မျက်နှာမှာ စိတ်ဓာတ်ကျတဲ့ အရိပ်အရောင်တွေက ရှိနေဆဲ။
"ဆေးရုံဆင်းသွားပြီဆိုပေမယ့် ဆေးရုံကို မကြာမကြာ လာလည်နော်။ ကိုအိုက်ကျော်ကို လိုက်ပို့ခိုင်း"
ကိုအိုက်ကျော်ဆိုတာက လူနာတွေကို ဝှီးချဲနဲ့ လိုက်ပါစောင့်ရှောက်ရတဲ့ အဆောင်ဝန်ထမ်း။ "ဟုတ်ကဲ့ ဆရာ" လို့ ပြန်ဖြေပေမယ့် အနာဆေးထည့်ချိန်ကလွဲရင် အနိုင်က ဆေးရုံကိုလာလေ့မရှိဘူး။
တခုသောမနက်မှာတော့ အနိုင်တယောက် ဆေးရုံကို ရောက်ချလာပါတယ်။ မျက်နှာမှာလည်း ပီသတဲ့ အပြုံးတခုနဲ့။
"ဘာဖြစ်လို့လဲ အနိုင်" ဆိုပြီး ကျနော်က စိတ်ပူတကြီးမေးတော့ "ဘာမှ မဖြစ်ဘူး ဆရာ" လို့ သူ ပြန်ဖြေတယ်။ "ဆရာ့ကို ပြစရာရှိလို့" တဲ့။
သူ့အင်္ကျီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး Facebook ပေါ်က ဓာတ်ပုံဆောင်းပါးတခုကို ပြတယ်။ ပီဒီအက်ဖ်ရဲဘော်တွေ ရဲစခန်းတခုရှေ့မှာ ကျကျနန ပို့စ်ပေးပြီး ရိုက်ထားတဲ့ ဓာတ်ပုံတပုံ။ မြို့သိမ်းတိုက်ပွဲတခုရဲ့ သမိုင်းဝင်ဓာတ်ပုံတပုံကို ကျနော်ကိုယ်တိုင်လည်း တွေ့မြင်ပြီးဖြစ်ပါတယ်။

👍44❤8🔥2
"အဲဒါ ကျနော်တို့မြို့လေ ဆရာ"
"ဟုတ်လား မိုက်ပြီလေ။ ပျော်စရာကြီးပေါ့"
အနိုင် ဘယ်လောက်ထိ ပျော်နေမလဲဆိုတာ မေးကြည့်နေစရာတောင် မလိုပါဘူး။ အပြုံးတွေပြည့်နေတဲ့ သူ့မျက်နှာကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။
"ဒီလိုဆိုတော့လည်း ဘဝက နေပျော်စရာကြီးပါလားဗျာ"
အားတက်သရောပြောနေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော် ကျေကျေနပ်နပ်ကြီး ပြုံးမိတယ်။ အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ ဒါပေမယ့် ယုံကြည်ချက်တော့အပြည့်အဝရှိနေတဲ့ပုံပါပဲ။ ။
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ရဲသူအောင်' ရေးဖွဲ့ခဲ့တဲ့ "အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါ" ဝတ္ထုတိုကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
"ဟုတ်လား မိုက်ပြီလေ။ ပျော်စရာကြီးပေါ့"
အနိုင် ဘယ်လောက်ထိ ပျော်နေမလဲဆိုတာ မေးကြည့်နေစရာတောင် မလိုပါဘူး။ အပြုံးတွေပြည့်နေတဲ့ သူ့မျက်နှာကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။
"ဒီလိုဆိုတော့လည်း ဘဝက နေပျော်စရာကြီးပါလားဗျာ"
အားတက်သရောပြောနေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော် ကျေကျေနပ်နပ်ကြီး ပြုံးမိတယ်။ အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ ဒါပေမယ့် ယုံကြည်ချက်တော့အပြည့်အဝရှိနေတဲ့ပုံပါပဲ။ ။
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ရဲသူအောင်' ရေးဖွဲ့ခဲ့တဲ့ "အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါ" ဝတ္ထုတိုကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,129 likes · 3,541 talking about this. News & media website
👍59😢13🔥2
စဉ့်ကိုင်ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ
မတ်-၂၂၊၂၀၂၅။ မေ/People's Spring
စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က စဉ့်ကိုင်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ၂၂ရက် မနက် ၄နာရီခန့်မှာ စစ်ကောင်စီက စဉ့်ကိုင်ကျေးရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်ရာ (၁၂)နှစ်အရွယ်ကလေးတစ်ဦး၊ အသက်(၄၆) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာ တွေရခဲ့တာလို့ သိရပါတယ်။
"အကုန်အိပ် နေချိန်တွေပဲကြဲသွားတော့ အထိခိုက်ရှိသွားတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စဉ့်ကိုင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီး မတ်လ ၁၆ရက်နဲ့ မတ်လ၂၀ရက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
မတ်လ၁၆ရက်က လေကြောင်းတိုက်ခိုက်ရာမှာ လသားကလေးငယ် အပါအဝင် လေးဦး သေဆုံးခဲ့ပြီး မတ်လ၂၀ရက်က လေကြောင်းတိုက်ခိုက်ရာမှာ ဘုရားစေတီတွေ ပျက်စီးခဲ့ပါတယ်။

🤬59👍12😭7🔥2😡2❤1
(မတ် ၂၀ရက် က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စဥ့်ကိုင်ရွာလယ်မှ ရှင်ပင်ဆိပ်သကြားထုဘုရားဝန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
😡33🔥7👍4🤬3😢3👎2🥰2
■ကဗျာ
"စစ်ကြီးက ကဗျာဆန်တယ် "
◼️လူရောင်လွင်
သေဆုံးသူရဲ့ သွေးနဲ့ စီးတဲ့
မြစ်ရေကို ဆယ်ယူပြီး
ငါတို့အဖ လယ်ယာလုပ်ရတယ်
‘ပြန်မလာတော့ဘူးလို့ မပြောရဘူး’ လို့ ပြောနေတုန်း
ပြန်မလာသူဟာ ရပ်တန့်သွားတယ်
စစ်ကြီးက ကဗျာဆန်တယ်
ငါ့သူငယ်ချင်းဟာ
သူ့ရဲ့ ကွေးကောက်နေတဲ့ ကျောရိုးကို ထုတ်ပြပြီး
‘ငါဘာမှ မလုပ်ရသေးဘူး’ လို့ ပြောတယ် …
အိမ်မက်ထဲမှာ
တန်းစီနေတဲ့ စစ်ခမောက်တွေကို မြင်နေရပြီး
လန့်နိုးတော့ စစ်ခမောက်ဟာ အပေါက်ဖြစ်နေပြီ
‘လန့်နိုးခွင့်တောင်မရှိတော့ဘူး’ လို့
ပြန်မလာသူကပြောတာကို
ငါဟာ ခရုခွံလေးထဲကနေကြားရတယ်
တကယ့် တကယ် ကျတော့
လက်တဖက်က သေနတ်ကိုင်ထားရင်
နောက်လက်တဖက်က
မိမိ အသက်ကို ကိုင်ထားရတယ်
မင်းအိမ်နောက်ဖေး မြေကွက်လပ်လေးမှာ
ငါစောင့်နေမယ်
ပြန်မလာသူဟာ သံလိုက်အိမ်မြောင်ကို
လည်မှာ ဆွဲထားတယ်
ပြန်မလာသူဟာ
စစ်ပြီးစ ကမ်းခြေမှာ တင်ကျန်နေတဲ့
ဖိနပ်တွေကို လိုက်ကောက်နေတယ်
ငါတို့အားလုံးရဲ့ ဖိနပ်တွေမှာ သွေးတွေနဲ့
ကမ်းခြေဟာ လှိုင်းဖြူဖြူတွေနောက်ကို
လွန့်လူးပြီး ပါသွားတယ်။
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'လူရောင်လွင်' ရေးဖွဲ့ခဲ့တဲ့ "စစ်ကြီးက ကဗျာဆန်တယ်" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍47🤣7🫡3
စစ်ကောင်စီကထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်နိုင်ရန် အပူတပြင်ကြိုးပမ်းနေ
ကျော်ဇော/People's Spring
စစ်ကောင်စီကထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း
ပြန်စနိုင်ရန် နယ်မြေရှင်းလင်းရေးအပါ အဝင် စီမံ
ကိန်းဧရာအနီးဝန်းကျင်ကျေးရွာများကို အင်အားရာချီဖြင့်စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိကြောင်းထာဝယ်ခရိုင်အခြေ စိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။
စီမံကိန်းဧရိယာအနီးတည်ရှိသည့် နဘုလည်၊ ပရဒတ်ရွာ၊ မယင်းကြီးရွာ၊ ဘဝါရွာနှင့် ဇာဒီရွာများသို့ အင်အားရာချီ ဖြင့်ကုန်ကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်နေသည့်အပြင် ရေကြောင်းမှလည်း ဆိပ်ကမ်းအနီး စစ်သင်္ဘောများအဆင်သင့်ပြင်
ဆင်ထားသည်ကို တွေ့ရှိရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
"ကံပေါက်-မောရ၀တီ ရေတပ်ဖက်ကနေလည်း
ဇာဒီလမ်းအတိုင်း ရေနက်ဆိပ်ကမ်းဖက်ကိုဦးတည်ပြီး တစ်ကြောင်းဆင်းနေတာရှိတယ်။ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းတွေခွဲပြီး ထိုးနေတယ်လို့ယူဆရတယ်ဗျ"ဟု ထားဝယ်ခရိုင်အခြေစိုက် တော် လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီသည်ရေနက်ဆိပ်ကမ်းနှင့်ဆက်စပ်
သည့် ကျေးရွာများကို ပိတ်ဆို့၍ စစ်ကြောင်းများထိုးနေခြင်းဖြစ်ပြီး ပင်လယ်ပြင် ၌ ရေတပ်စစ်
သင်္ဘောများ အရန်သင့်ချထားသည့်အပြင် ထား
ဝယ်မြို့နှင့် သက်ရက်ချောင်းမြို့ကြားတွင်စစ်တပ်
လေထီး (Paramotor)များ လေ့ကျင့်ပျံသန်းမှုကိုပါလုပ်နေကြောင်း၎င်းကဆက်ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယခုမတ်လဆန်းက ရုရှားနိုင်ငံသို့ သွား
ရောက်ခဲ့သည့်ခရီးစဥ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ဆောင်ရန် နှစ်နိုင်ငံနား
လည်မှုစာချွန်လွှာရေးထိုးခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ စီမံကိန်းအမြန်ဆုံးပြစနိုင်ရန် အပူတပြင်း ကြိုးပမ်းလာနေခြင်း ဖြစ်သည်။
"စစ်ကောင်စီက ရေနက်ဆိပ်ကမ်းကို မဖြစ်မနေ
အမြန်ဆုံးအစပျိုးဖို့ ပြင်ဆင်နေတယ်။ အဲကြောင့်လည်း ရေနက်ဆိပ်ကမ်းဧရိယာတလျှောက် အင်အားသုံးပြီး စစ်ကြောင်းထိုးလာတာသိသာလာတယ်။ ပင်လယ်ပြင်မှာလည်းစစ်သင်္ဘောတွေ အဆင်သင့်စောင့်နေတယ်။လေကြောင်းပါ ပါလာနိုင်ချေရှိတယ်။နောက်တစ်ခုကလေကြောင်းအပြင် Paramotor တွေလည်း ပါလာလိမ့်မယ်ထင်တယ်ဗျ"ဟုတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့်စစ်ရေးအခြေအနေများအရ ဗုံးခို ကျင်းများတူးထားခြင်း၊ စစ်ကောင်စီလှုပ် ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၊ စစ်ရေးသတင်းများအားနားစွင့်ခြင်းအပါအဝင် လိုအပ်လာနိုင်ခြေများအား ကြို တင်တွက်ဆ၍ ပြင်ဆင်မှုများလုပ်ထားကြရန် ၎င်းတော်လှန်ရေးသတင်းရင်း မြစ်က တိုက်တွန်းသည်။
"အနည်းဆုံးကတော့ ကိုယ်နေတဲ့အနီးဆုံးနေရာမှာ ဗုံးခိုကျင်းတွေတူးထားရမှာပါ။ မတူးလို့ မရဘူးဗျ။ နောက်တစ်ခုက ကိုယ့်အနီးနားပတ်၀န်းကျင်မှာရောက်လာတဲ့ရန်သူသ တင်းတွေသိအောင် လုပ်ထားရမှာပါ။ အရေးပေါ်ရှောင်တိမ်းတာတွေလုပ်ရပြီဆိုရင် ရန်သူသတင်းမသိဘဲ ဘယ်လိုမှ ဖောက်ထွက်လို့ရနိုင်မှာမဟုတ်ဘူး။ လေကြောင်းသတင်းချယ်လ်နယ်လ်တွေကို စောင့်ကြည့်နေပါ။ တိုက်ပွဲသတင်းတွေ နားထောင်ပါ။ အခြေနေက ထပ်ဆိုးလာဖို့ပဲရှိပါတယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြဖို့လိုတယ်ဗျ"ဟု၎င်းက မှတ်ချက်ပေးသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်း၏ရုရှားခရီးစဥ်အတွင်း ထားဝယ်ရေးနက်ဆိပ်ကမ်းစီမံကိန်းလုပ်ပိုင်ခွင့်အား ရုရှားအာ
ဏာပိုင်များအားလုပ်ပိုင်ခွင့်ပေး၍ ရုရှားအကူအညီဖြင့် ပြည်တွင်း၌နျူကလီးယားစက်ရုံတည်
ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရေး အလဲအလှယ်လုပ်ခဲ့ခြင်းဟု နိုင်ငံတကာသတင်းများက သုံးသပ်ကြသည်။

👍51🤬27❤7😁2😢2🖕2😡2🌚1
ARSAနှင့် RSO ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူး
လွန်ခဲ့ဟု Fortify Rights ထုတ်ပြန်
အီယိုရီ/People’s Spring
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိိုင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်
စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူး
လွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
“ကျွန်ုပ် အချိန်မရွေး အသတ်ခံရနိုင်တယ်’ - ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအပေါ် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားပြင်းထန်သောချိုးဖောက်မှုများ ခေါင်းစဥ်ဖြင့် မတ်လ ၁၈ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအစီရင်ခံစာထုတ်ပြန်သည့်ရက်တွင် တိုက်
ဆိုင်စွာ အာရ်ကန် ရိုဟင်ဂျာ ကယ်တင််ရေး တပ်မ
တော် -Arakan Rohingya Salvation Army (ARSA)၏ ခေါင်းဆောင်ဖြစ်သူ အာတာအူလာကို အား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
“ဘင်္ဂလားဒေ့ရှ်နိိုင်ငံရဲ့ ရိိုဟင်ဂျာဒုက္ခသည်စခန်း
တွေမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက ကျုးလွန််ခဲ့တဲ့ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ညှဥ်းပန်းနှိပ်စက်မှု နဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်
ထုတ်ထားတဲ့ Fortify Rights ရဲ့ အစီရင်ခံစာအသစ်ထုတ်ပြန်ခဲ့တဲ့နေ့မှာပဲ ARSA ရဲ့ ခေါင်း
ဆောင်နဲ့ အကြီးပိုင်းတချို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု Fortify Rights က ဆိုသည်။
Fortify Rights ၏ အစီရင်ခံစာအသစ်တွင် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းစသည့် နှစ်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိသော လူသေစေသည့် အကြမ်း
ဖက်မှုများကို အသေးစိတ်ဖော်ပြထားကြောင်း
သိရသည်။
“ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းအကြမ်း
ဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ARSA နဲ့ RSO အဖွဲ့ဝင်တွေအပါအဝင် တာဝန်ရှိသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်” ဟု Fortify Rights ဒါရိုက်တာ John Quinley က ပြောသည်။
ARSA နှင့် RSO လက်နက်ကိုင်များသည် မြန်မာ
နိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွင် ပါ
ဝင်ဆက်နွှယ်နေပြီး မြန်မာစစ်တပ်ဘက်မှနေ၍ ရခိုင်ပြည်နယ်တွင်အာရက္ခတပ်တော်(AA)ကိုတိုက်ခိုက်နေကြောင်းလည်း Fortify Rights က ထုတ်ပြန်သည်။
အထက်ပါလက်နက်ကိုင်နှစ်ဖွဲ့သည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လက်နက်ကိုင်လှုပ်ရှားမှုများကို အားဖြည့်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များကို ဖမ်းဆီးကာ မြန်မာနိုင်ငံတွင် စစ်တိုက်ရန် အတင်းအကျပ်ခိုင်းစေခဲ့ကြောင်းနှင့် ယင်းလုပ်ရပ်များသည် စစ်ဥပဒေများကို ပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ကာ စစ်ရာဇဝတ်မှုများအဖြစ် စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights က အစီရင်ခံတိုက်တွန်းသည်။
ထို့အပြင် Fortify Rights ၏ အစီရင်ခံစာတွင်
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်းမှ
ရိုဟင်ဂျာအမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကျူးလွန်သည့် လက်နက်
ကိုင်အဖွဲ့များ၏ အချို့သော လုပ်ရပ်တို့သည် ဘင်္ဂလားဒေ့ရှ်ရှိ ရာဇဝတ်မှုများနှင့်မြန်မာနိုင်ငံတွင် ဖြစ်
ပွားလျက်ရှိသောလက်နက်ကိုင်ပဋိပက္ခအကြား
ထင်ရှားသည့်ပတ်သက်ဆက်နွှယ်မှုရှိရာစစ်ရာ
ဇဝတ်မှုမြောက်သည်ဟု ယုံကြည်ရလောက်သည့် ကျိုးကြောင်းဆီလျော်သောအထောက်အထားများ ရှိနေကြောင်း ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်
လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)စသည်တို့ ပါဝင်သော နိုင်ငံတကာတရားမျှတမှုဆိုင်ရာ ယန္တရားများအနေဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ပါဝင်လှုပ်ရှားနေသော ရိုဟင်ဂျာလက်
နက်ကိုင်အဖွဲ့များကို စုံစမ်းစစ်ဆေးပြီး စစ်ရာဇ
ဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရန် Fortify Rights က အကြံပြုသည်။
Fortify Rights ၏ အစီရင်ခံစာအရ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း လက်
နက်ကိုင်အဖွဲ့များက ကျူးလွန်သည့် သတ်ဖြတ်မှုများမှာ ၂၀၂၁ ခုနှစ်တွင် ၂၂ဦး၊ ၂၀၂၂ ခုနှစ်တွင် ၄၂ဦး၊ ၂၀၂၃ ခုနှစ်တွင် အနည်းဆုံး ၉၀ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၆၅ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

👍67🤮4❤2🤣2🥰1👏1
ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေးဆောင်ရွက်နေဟု NUG ကာကွယ်ရေးဝန်ကြီးပြော
ဟန်နွေ/People’s Spring
စစ်ကိုင်းတိုင်း ကလေးနှင့် တမူးခရိုင်များပါဝင်သည့် ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့(မတ်လ ၂၂ရက်) ပြောကြားသည်။
ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ (မတ်လ ၂၂ရက်) ညပိုင်းတွင် ကျင်းပခဲ့ရာ ဝန်ကြီး ဦးရည်မွန်တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကဘော်ညီနောင် Project ကို မတ်လ ၂၂ရက်က စတင်ကာ ဧပြီ ၂၀ရက်အထိ သတ်မှတ်ထားပြီး ရန်ပုံငွေကျပ်သိန်း တစ်သောင်း ရရှိရေး ရှာဖွေရန် ရည်ရွယ်ထားကြောင်း အသိပေးထားသည်။
ယခု ရန်ပုံငွေရှာဖွေမှုသည် အဖွဲ့ ၁၄ဖွဲ့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်သူများတက်နိုင်သရွေ့ ပါဝင်ကြရန် တိုက်တွန်းထားသည်။
ချင်းတွင်းမြစ်နှင့် အိန္ဒိယနယ်စပ်အကြား ချိုင့်ဝှမ်းလွင်ပြင်ဒေသ ဖြစ်သော ကဘော်ဒေသသည် အမှတ်(၁) စစ်ဒေသ၏ အရေးကြီးသည့်ဒေသဖြစ်ပြီး ယင်းဒေသ၌ ကလေးနှင့် တမူးမြို့များ ပါဝင်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် စစ်ရေးအရ သမိုင်းတလျှောက် အရေးပါခဲ့သည့် ယင်းကဘော်ဒေသကို လွတ်မြောက်နယ်မြေ ဖြစ်ရေး ဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း ၎င်းက ဆိုသည်။
ကဘော်ချိုင့်ဝှမ်းသည် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းတွင် တည်ရှိသည့် ကုန်းမြင့်ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၏ နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသည်။
" ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသအနေနဲ့လည်း ဒီဒေသ ဒီနယ်မြေ လွတ်မြောက်ရေးကို အထူးဦးစားပေးအနေနဲ့ စဉ်းစားဆောင်ရွက်နေတာလည်းရှိတယ်လို့ ပြောရပါမယ်"ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
တော်လှန်ရေးအစပိုင်းကတည်းက ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သော ကချင် KIA၊ ချင်း CNF/CNA၊ ကရင်နီ KNPP/KA၊ ABSDF တို့ ပါဝင်သော ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၏ သဘောတူဆုံးဖြတ်ချက်အရ အမှတ်(၁) စစ်ဒေသကို ၂၀၂၂ နှစ်လယ်ပိုင်း၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ဟု ရှင်းပြသည်။
ကလေးခရိုင်နှင့် တမူးခရိုင် နှစ်ခုလုံးတွင် နယ်မြေစိုးမိုးထိန်းချုပ်မှုကို PDF တပ်မတော်က အဓိက ရယူထားကြောင်း၊ စစ်ကောင်စီ လုံး၀ ကင်းစစ်ခြင်းမရှိသေးသော်လည်း တနယ်လုံးကို PDFများ ထိန်းချုပ်ထားကြောင်း ရှင်းပြသည်။ကလေးနှင့်တမူးမြို့တို့တွင်သာ စစ်ကောင်စီ အကျွင်းအကျန်များ ရှိနေသည်ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီအနေဖြင့် တမြို့နှင့်တမြို့ ကူးသန်းသွားလာနိုင်ခြင်းမရှိတော့ဘဲ လေကြောင်းကသာ ထောက်ပို့သာ ဆောင်ရွက်နေရသည့် အနေအထားဟု ရှင်းပြသည်။
" နယ်မြေစိုးမိုးထိန်းချုပ်မှုလို့လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်လောက်က ကျနော်တို့ ပြောကြမယ်ဆိုရင် ဟုတ်မှ ဟုတ်ပါ့မလားလို့ မေးခွန်းတွေရှိခဲ့ပါတယ်။ ဒီကနေ့တော့ နယ်မြေစိုးမိုးထိန်းချုပ်မှုဆိုတာ အင်မတန်သေချာတဲ့ ကိစ္စ ဖြစ်နေပြီ။ စစ်ရေးအရ အပြီးသတ် ရှင်းလင်းမှု မလုပ်နိုင်သေးသည့်တိုင်အောင် အုပ်ချုပ်ရေးအရတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို အပြီးသတ် ဖျက်သိမ်းပြီးဖြစ်တဲ့ဒေသ၊ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နေတဲ့ ဒေသ ဒီလိုလည်း ကဘော်ဒေသနဲ့ပတ်သက်ရင် ပြောလို့ရပါတယ်"ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
ဆက်လုပ်ရမည်မှာ စစ်ကောင်စီ လုံး၀ကင်းစင်သည့် ဒေသတစ်ခုဖြစ်အောင်လုပ်ဆောင်ရန်သာ ရှိတော့သည်ဟု ဆိုသည်။
" အဲဒီ ကိစ္စအတွက်လည်း ကဘော်ဒေသက ရဲဘော်တွေအထူးဝါယမ စိုက်ပြီးတော့ ကြိုးစားဆောင်ရွက်နေတယ်လို့ အသိပေးလိုပါတယ်"ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
လက်ရှိတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ယခု ၂၀၂၅အတွင်း သိသာထင်ရှားလာတဲ့အချက်မှာ ယခင် စစ်ရေးလှုပ်ရှားနိုင်စွမ်းအားနည်းနေခဲ့သည့် ဒေသများ၌ပင် စစ်ရေးလှုပ်ရှားနိုင်လာပြီဖြစ်ကြောင် ၎င်းက ဆိုသည်။
ယင်းသည်ပင်လျင် ကာကွယ်ရေးဝန်ကြီးဌာန၏ ပထမအဆင့် မျှော်မှန်းစီစဉ်ဆောင်ရွက်ချက် ဖြစ်ကြောင်း ပြော၍ ရသည်ဟု ဝန်ကြီးက ပြောသည်။ ပထမအဆင့်တွင် တနိုင်ငံလုံး စစ်ရေးလှုပ်ရှားနိုင်စွမ်းရှိရေးမှာ ယင်းအဆင့်သည် ကွက်ပြည့်ပြီဖြစ်ကာ တနိုင်ငံလုံး အတိုင်းအတာနှင့်လှုပ်ရှားနိုင်စွမ်းရှိပြီဟု ပြောနိုင်စွမ်းရောက်ခဲ့ပြီဟု ပြောပြသည်။
" နောက်တဆင့်အနေနဲ့ ကျနော်တို့ ကြိုးပမ်းနေတာကတော့ ဒေသအလိုက် စစ်ကောင်စီ ကင်းစင် ကင်းရှင်းပြီးတော့ လွတ်မြောက်တဲ့နယ်မြေတွေ လွတ်မြောက်တဲ့မြို့ရွာတွေ ဖြစ်ဖို့အတွက် လက်ရှိ ကြိုးပမ်းနေတယ်။ ကလေးကဘော်ဒေသက ရဲဘော်တွေဆိုရင် ဒီရည်မှန်းချက်အတိုင်း ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျနော့်အနေနဲ့ အသိပေးလိုပါတယ်"ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
PDFတပ်မတော်၏ တော်လှန်ရေး လေးနှစ်အတွင်း မည်သည့် ရလဒ်များ ဖော်ထုတ်နိုင်ပြီဆိုသည်ကို ပြန်ကြည့်ရန် စဉ်းစားသုံးသပ်ရန်လိုကြောင်း ၎င်းက ဆိုသည်။

❤57👍32🥰3🤮1💩1
“ကျနော်တို့ တော်လှန်ရေး ဘယ်ရောက်နေပြီလဲပြန်ကြည့်တဲ့အခါ ဒီကနေ့အထိဆိုရင် အရေးကြီးတဲ့ ရလဒ် သုံးခု လက်ဝယ်ရရှိခဲ့ပြီလို့ ဒီလိုသုံးသပ်ပါတယ်။ ပထမ ရလဒ်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တခုကို ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ခိုင်ခိုင်မာမာ ထူထောင်ရပ်တည်နိုင်လာတဲ့အချက်ပါ။ အရင်လို ကျနော်တို့ ပြည်သူတွေဟာ ခြေမဲ့ လက်မဲ့မဟုတ်တော့ဘူး"ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
ဒုတိယ ရလဒ်မှာ တော်လှန်ရေးအဖွဲ့များ၏ စိုးမိုးထိန်းချုပ်နယ်မြေနှင့် လွတ်မြောက်နယ်မြေများ တနိုင်ငံလုံးအတိုင်းအတာဖြင့် အနှံ့အပြား ပေါ်ပေါက်လာသည့် အချက်ဖြစ်သည်ဟု ပြောသည်။
“ဒါဆိုရင် တတိယ ရလဒ်က ဘာဖြစ်မလဲ။ တတိယရလဒ်က တော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နိုင်လာတဲ့ကိစ္စ။ ဒီအချက်ကလည်း အင်မတန်အရေးကြီးပါတယ်” ဟု ဝန်ကြီး ကပြောသည်။
စစ်ရေးနှင့် အုပ်ချုပ်ရေးသည် ဒွန်တွဲနေရမည့်ကိစ္စဖြစ်သည်ဟုလည်း ၎င်းက ပြောကြားပြီး စစ်ရေးအရ ထိန်းချုပ်နိုင်ပါက ယင်းနယ်မြေများ၌ အာဏာလေဟာနယ်၊ အုပ်ချုပ်ရေး လေဟာနယ် မဖြစ်ရန် အရေးကြီးကြောင်း ရှင်းပြသည်။
PDF ကလေးခရိုင် အမှတ်(၄) တပ်ရင်း တပ်မှူးတစ်ဦးဖြစ်သည့် ကိုမုန်ပီးက ဒေသရဲဘော်များ ကိုယ်စား စကားပြောကြားခဲ့ရာ PDFနှင့် ပကဖ၊ ပလဖ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသား တော်လှန်ရေးတပ်များ အတူတကွ တိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်တော်လှန်ရေးသည် အရှိန်အဟုန်တဖြည်းဖြည်း မြင့်သထက်မြင့်လာသည်ဟု ပြောသည်။
ယခင်က လက်နက်ဆယ်ဂဏန်းဖြင့် ပြောက်ကျား တိုက်ပွဲများ ဝင်ခဲ့ကြရသော်လည်း ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း လူအင်အား ရာဂဏန်းအချို့ အသုံးပြုပြီး ရန်သူ့စခန်းအချို့ကို သိမ်းနိုင်ခဲ့ဟု ကိုမုန်ပီးက ပြောသည်။
“ဒါ ပြည်နယ်ဒေသတွေမှာ ဖြစ်ရိုးဖြစ်စဉ်တခုသာဖြစ်ပေမယ့် ၂၀၂၁မှ စပြီး ပြန်တော်လှန်ရတဲ့ ပြည်မဒေသ မြေပြန့်ဒေသ လွင်ပြင်ဒေသတွေအတွက်ဆိုရင်တော့ အဆင့်ဆင့်ပြောင်းလဲတိုးတက်မှုပဲဖြစ်တယ်။ ပြီးခဲ့တဲ့ တနှစ်တာကာလလောက်က စပြီး အထူးသဖြင့် စစ်ကိုင်းတိုင်း အမှတ်(၁) စစ်ဒေသနဲ့ ရှမ်းမြောက်ကို အခြေပြုတဲ့ မန္တလေးတိုင်းအတွင်းမှာဆိုရင် လူအင်အား ထောင်နဲ့ချီ လက်နက်အင်အား ထောင်နဲ့ချီ ပါဝင်တဲ့ မြို့သိမ်းတိုက်ပွဲကြီးတွေကို စစ်နယ်ဝန်းတွေကို သိမ်းပိုက်နိုင်တဲ့ တိုက်ပွဲကြီးတွေကို ကျနော်တို့ စတင်ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါတွေက ကျနော်တို့ တော်လှန်ရေးရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုဖြစ်တယ်”ဟု ကိုမုန်ပီးက ပြောသည်။
၂၀၂၅တွင်လည်း မြေပြန်လွင်ပြင်ဒေသ၌လည်း ရန်သူကို ပြောက်ကျားတိုက်ခိုက်နိုင်ရုံသာမက စစ်ကြောင်းလိုက် ဖြုတ်နိုင်သည့် ဖြစ်စဉ်များ မကြာခဏ မြင်တွေ့ရသည်မှာ အားလုံးအသိပင်ဖြစ်ပြီး မြန်မာပြည်တောင်ဘက်ခြမ်း၌လည်း စစ်တောင်းမြစ်ကို ကျော်လွန်ပြီး ရန်သူ့ စခန်း ၅ခု ၆ခုကို တပြိုင်တည်း စီးနင်း တိုက်ခိုက်နိုင်သည့် အနေအထား မြင်တွေ့ရပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ တချိန်တည်း၌ ရခိုင်ရိုးမကိုကျော်ပြီး မကွေးတိုင်းထဲ၌ ထင်မှတ်မထားသည့် တိုက်ခိုက်မှုများ ဖော်ဆောင်နိုင်ပြီဖြစ်ကြောင်း ပြောသည်။

❤74👍29👏3💩2🤮1
သပိတ်ကျင်းက ရေညာဦးရွာကို တော်လှန်ရေးတပ်တွေ ထပ်မံလက်လွတ်ရ
မတ်-၂၂၊၂၀၂၅။ဒီးဒီ၊သတိုး/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ် ပြန်သိမ်းပိုက်ထားတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာ လက်လွတ်ပေးခဲ့ရတယ်လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ရှိတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁၇ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
"ဒီတိုက်ပွဲဖြစ်တာက ၁၇ရက်နေ့မှာ မနက် ၆နာရီကစပြီးတော့ ည ၇နာရီခွဲလောက်အထိ တိုက်ပွဲတွေဖြစ်တာ။ အခုသူတို့ပြောနေတဲ့ ရေကန်ပွိုင့်တွေဘာတွေ အဲဒါကက ရေညာဦးကျေးရွာက တကသ ၁၃ နဲ့ကပ်နေတာ။ ခြံစည်းရိုးချင်းကပ်နေတာ။ သူတို့တပ်ဧရိယာက အကျယ်ကြီးဆိုတော့ ခြံစည်းရိုးကပ်နေတာ"လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဲဒီ ရေညာဦးကျေးရွာမှာ တတက-၁၃ကျောင်းကို ရေပေးဝေနေတဲ့ ရေကန်ရှိတာကြောင့် စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ ပြောပါတယ်။
"အဲဒီ့အထဲမှာ ရေညာဦးရွာထဲမှာ ဘုရားကုန်းဆိုတာ အဲဒီ့ကနေ ရေတွေက တပ်ထဲကိုသွားတဲ့ ရေ
ပေးတဲ့နေရာတွေရှိတယ်။အဲဒီ့နေရာကိုအရင်တုန်းက TNLA နဲ့ မဟာမိတ်နဲ့ PLA နဲ့သိမ်းပြီး ထိုင်ထားတာ။ အဲဒီ့နေရာတွေပြန်လိုချင်တော့ အဲဒီလိုထိုးတာပေါ့။ ထိုးနေတာကကြာပြီ"လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်သည် ရေညာဦးကျေးရွာကို ပြန်လည်သိမ်းပိုက်ဖို့ ၂၀၂၄ နိုဝင်ဘာ ၁၅ရက်ကတည်းက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။
"တန်ပြန်ထိုးစစ်ပေါ့။ ထိုးစစ်စလာတော့ အဲဒီ့ကတည်းကနဂိုကတည်းက ဒရုန်းတွေကလည်းပိုအဆင့်မြှင့်လာတယ်။သူတို့ရဲ့ Jumper တွေ အဆင့်မြှင့်လာတယ်။ လေကြောင်းတွေကလည်း အမြဲတမ်း ကူတယ်။ လက်နက်ကြီး၊ လက်နက်ငယ်အစုံပေါ့ ။ လူအင်အားကလည်း သူတို့ဖြည့်တာတွေရှိတာပေါ့။အဲဒီ့အခါကျတော့ အဲဒါတွေနဲ့ စနစ်တကျထိုးစစ်ကြီးပြန်ထိုးတာ။ထိုးတဲ့အခါကျတော့ ဒီဘက်က အင်အားစုတွေကလည်း အဓိကက စစ်ဦးစီးလေ။ တအမ်းက ငြိမ်းချမ်းရေးယူမယ်ဘာညာတွေ ကိစ္စတွေနဲ့ သူလည်းသူ့ဟာသူစစ်ပမ်းတာတွေရှိမှာပေါ့"လို့ သူက ဆက်ပြောပါတယ်။
မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးတဲ့ သပိတ်ကျင်းမြို့ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
တကယ်တော့ သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားတွေ ကင်းစင်ခဲ့တာ မဟုတ်ပါဘူး။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က အင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်က တတက−၁၃မှာ သွားရောက်စုဝေးသလို ၊စစ်တပ်ကစစ်ကူပို့တဲ့စစ်သားတွေနဲ့ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီကနေ စုဝေးစစ်ကြောင်းထိုးပြီး ကျေးရွာအချို့ကို ပြန်သိမ်းယူနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ တွင်းငယ်ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ရက်နေ့မှာ ကျေးရွာကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။
တွင်းငယ်ကျေးရွာက ရဲကင်းစခန်းကို မန္တလေးတိုင်း တာဝန်ခံရုံးကွပ်ကဲပြီး အမှတ် (၅၀၉)တပ်
ရင်း ၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့က၂၀၂၄ ဇူလိုင်၂၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ အမှတ်(၁)စစ်ဒေသရုံးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တွင်းငယ်ကျေးရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ၂၀၂၄ ဩဂုတ် ၁၇ရက်မှာ သိမ်းပိုက်ခဲ့တာလို့ အသိပေးထားပါတယ်။ အဲဒီနောက် ကျေးရွာမှာရှိတဲ့ အမှတ် (၁၃)
တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားခဲ့ပါတယ်။
ဒါပေမယ့် သုံးလကျော်အကြာမှာ စစ်တပ်ကပြန်ထိုးစစ်ဆင်လို့ တွင်းငယ်ရွာကနေ တော်လှန်ရေးတပ်တွေပြန်ဆုတ်ခဲ့ရပါတယ် ။ကျေးရွာကနေ အပြီးဆုတ်ခွာပေးရတာမျိုး မဟုတ်ဘဲ ကျေးရွာအပြင်ကနေ စစ်ကောင်စီတပ်တွေကို ဝန်းရံပိတ်ဆို့ထားဆဲလို့ PLA က ပြောထားပါတယ်။
ဒါ့အပြင် မိုးကုတ်နဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေက ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတွေကလည်း တွင်းငယ်ရွာက တတက−၁၃တပ်ရှိရာကို ပြေးလာပြီး စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။
လက်တလောမှာတော့ (၇)မိုင်ကျေးရွာမှာ တိုက်ပွဲတွေ ပိုဖြစ်နေပြီး (၇)မိုင်ကို အဓိကဦးဆောင်တိုက်
ခိုက်နေတာက မန္တလေး PDF၊ မိုးကုတ်ဗျူဟာနဲ့ TNLAတို့ဖြစ်ပါတယ်။ အခုဆုတ်ပေးလိုက်ရတဲ့ ရေညာဦးကျေးရွာကိုလည်း အဲဒီတပ်ရင်းတွေက ထိန်းထားတာ ဖြစ်ပါတယ်။

👍67😢21❤3🤣3🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မတ်လ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ်ကို ကူညီပံ့ပိုးနေတဲ့ အခြေအနေများအားလုံးရပ်ဆိုင်းဖို့ ILO ဆုံးဖြတ်
မြန်မာစစ်တပ်ကို ကူညီပံ့ပိုးနေတဲ့ အခြေအနေများအားလုံးကို ရပ်ဆိုင်းဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က ဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ မတ်လ ၁၀ ရက် မှ ၂၀ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ILO ရဲ့ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ ဆွေးနွေးမှုမှာ စစ်ကောင်စီကို ကူညီပံ့ပိုးနေမှုများကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီအပေါ် အရေးယူမယ့် ဆုံးဖြတ်ချက်များကို လာမယ့် ဇွန်လ ၂၅ ရက်မှာ ကျင်းပမယ့် ILO ညီလာခံမှာ မဲခွဲဆုံးဖြတ် အတည်ပြုမှာဖြစ်ပါတယ်။
◾️စဉ့်ကိုင်ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ
စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က စဉ့်ကိုင်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက စဉ့်ကိုင်ကျေးရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်ရာ (၁၂)နှစ်အရွယ်ကလေးတစ်ဦး၊ အသက်(၄၆) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ (၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ စဉ့်ကိုင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၁၆ရက်နဲ့ မတ်လ၂၀ရက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
◾️မိုးကောင်း-ဖားကန့်လမ်း KIAနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေ
မိုးကောင်း-ဖားကန့်လမ်း လုံဘရာရွာအနီးမှာ KIAနဲ့ စစ်ကောင်စီ ဒီနေ့ ညနေမှစ၍ တိုက်ပွဲဖြစ်နေပြီး ညပိုင်းအထိ စစ်ရေးတင်းမာနေပါတယ်။ ဖားကန့်သို့ မရောက်မီ ၆မိုင်ခန့်အကွာရှိ မိုးကောင်း-ဖားကန့်လမ်း လုံဘရာရွာအနီးမှာ ညနေ ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွါးနေတာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ တိုက်ပွဲဖြစ်နေချိန် ယင်းလမ်းပိုင်းမှ လဝါးရွာနဲ့ ဒွန်ဘုန်းခရွာမှာ စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)နဲ့ ပြည်သူ့စစ်အဖွဲ့များက တပ်စွဲလိုက်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
◾️စစ်တွေနဲ့ ကျောက်ဖြူရှိ စစ်စခန်းတွေကို AA ဆက်လက်ထိုးစစ်ဆင်နေ
အာရက္ခတပ်တော်(AA)က စစ်တွေနဲ့ ကျောက်
ဖြူမြို့ရှိ စစ်တပ်စခန်းများ၊ တပ်ရင်းများကိုဆက်
လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း မြို့အနီးဝန်းကျင်နေရာများကိုပါ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြု၍ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေစဉ် စစ်တွေမြို့နဲ့ဆက်စပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျော်ဇံရွာနှနဲ့ ပေါက်တောမြို့နယ် သဲခုံရွာတို့ကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲခဲ့ပါတယ်။ လူထိခိုက်မှုမရှိပေမယ့် အဆောက်အအုံအချို့ပျက်စီးခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်မှာလည်း ဓညဝတီရေတပ်စခန်းဆက်စပ်တဲ့ ကျေးရွာများမှာ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
◾️ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်ပွဲများရထားဟု CNO/CNDF ပြော
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့ မဟာမိတ်များက ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်နေသလို ချင်းညီနောင် မဟာမိတ်များဘက်ကလည်း အောင်မြင်မှုများရှေ့တိုးရရှိထားတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်ရဲ့ ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်မှာ ဖလမ်းတိုက်ပွဲ အခြေအနေကို အသိပေးပြောကြားခဲ့တာပါ။ စစ်ကောင်စီက ဝေဟင်မှ တောက်လျှောက် အပြင်းအထန် တိုက်ခိုက်နေပမယ့် ဆုတ်ခွာခြင်းမရှိဘဲ စစ်ကောင်စီတပ်ကုန်းများကို သိမ်းယူထားနိုင်တယ်လို့ CNO/CNDF တာဝန်ရှိသူက ပြောပါတယ်။ စစ်ရေးအခြေအနေအရ သိမ်းယူထားတဲ့စခန်းတွေကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အခြေအနေ တစ်ရက်ပြီး တစ်ရက် ပိုကောင်းလာပြီး ရဲဘော်များ ရှေ့ဆက်တိုးနိုင်တယ်လို့ သိရပါတယ်။
◾️ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေးဆောင်ရွက်နေဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

👍47🔥2
စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးခရိုင်များပါဝင်တဲ့ ကဘော်ဒေသလွတ်မြောက်ရေး အထူးဦးစားပေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီနေ့ ပြောပါတယ်။ ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။ ကဘော်ညီနောင် Project ကို ဒီနေ့ စတင်ကာ ဧပြီ ၂၀ရက်အထိ သတ်မှတ်ထားပြီး ရန်ပုံငွေကျပ်သိန်းတစ်သောင်း ရရှိရေး ရှာဖွေဖို့ ရည်ရွယ်ထားကြောင်း အသိပေးထားပါတယ်။ အဲဒီ ရန်ပုံငွေရှာဖွေမှုဟာ အဖွဲ့ ၁၄ဖွဲ့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်သူများတတ်နိုင်သရွေ့ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
◾️ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်နိုင်ဖို့ စစ်ကောင်စီ အပူတပြင်း ကြိုးပမ်းနေ
စစ်ကောင်စီက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြန်စနိုင်ဖို့ နယ်မြေရှင်းလင်းရေးအပါအဝင် စီမံကိန်း ဧရိယာအနီးဝန်းကျင်ကျေးရွာများကို အင်အားရာချီဖြင့်စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ထားဝယ်ခရိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ပြောပါတယ်။ စီမံကိန်းဧရိယာအနီးတည်ရှိတဲ့ နဘုလည်၊ ပရဒတ်ရွာ၊ မယင်းကြီးရွာ၊ ဘဝါရွာနဲ့ ဇာဒီရွာများသို့ အင်အားရာချီ ဖြင့်ကုန်ကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့အပြင် ရေကြောင်းမှလည်း ဆိပ်ကမ်းအနီး စစ်သင်္ဘောများအဆင်သင့်ပြင်ဆင်ထားတာ တွေ့ရှိရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီဟာ ရေနက်ဆိပ်ကမ်းနဲ့ဆက်စပ်တဲ့ ကျေးရွာများကို ပိတ်ဆို့ကာ စစ်ကြောင်းများထိုးနေခြင်းဖြစ်ပြီး ပင်လယ်ပြင်မှာ ရေတပ်စစ်သင်္ဘောများ အရန်သင့်ချထားတဲ့အပြင် ထားဝယ်မြို့နဲ့ သက်ရက်ချောင်းမြို့ကြားမှာ စက်တပ်လေထီး(Paramotor)များ လေ့ကျင့်ပျံသန်းမှုကိုပါ လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
◾️စစ်ကောင်စီ လက်အောက်ကျန်နေတဲ့ ဒေသများရှိ ပြည်သူများထံ တော်လှန်ရေးတပ်များလာမည်ဟု KNU ပြော
စစ်ကောင်စီ လက်အောက်မှာ ကျန်နေတဲ့ ဒေသများရှိ ပြည်သူများထံ မရောက်ရောက်အောင် လာမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။ လက်ရှိကာလဟာ စစ်အာဏာရှင်အနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အဘက်ဘက် ယိုယွင်းနေတဲ့ အချိန်ဖြစ်ပြီး လူထုလှုပ်ရှားမှုများကိုလည်း စစ်ကောင်စီက နှိမ်နင်းနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။ တော်လှန်ရေးအဖွဲ့များအနေနဲ့ နိုင်ငံရေး၊ စစ်ရေးမှာ အကြပ်အတည်းများ ရှိနေပေမယ့် အဲဒီကပဲ တော်လှန်ရေးဖြစ်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးမှာ အခက်အခဲများရှိနေပေမယ့် ရှေ့ဆက်သွားမှာဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လက်ကျန်နယ်မြေများရှိ ပြည်သူများရှိရာသို့ မရောက်ရောက်အောင် လာမှာဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
◾️ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းတလျှောက်ဂိတ်များ တနေ့လျှင်သိန်းထောင်ချီငွေရှာနေ
ဧရာဝတီနဲ့ ရန်ကုန်တိုင်းကို အဓိက ဆက်သွယ်တဲ့ ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ဟင်္သာတလမ်းတလျှောက်မှ စစ်ကောင်စီဂိတ်များဟာ တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိ
ကဂိတ်ဖြစ်တဲ့ ပန်တိုင်ဂိတ်တစ်ခုတည်းမှာပင် တနေ့ သိန်း ၂၀၀ ရအောင်ကောက်ယူဖို့ နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်း စုံစမ်းသိရပါတယ်။ အာဏာသိမ်းပြီးနောက် ဖွင့်လှစ်လိုက်တဲ့ စစ်ကောင်စီဂိတ်များက ခရီးသည်တင်ကားများ၊ အိမ်စီးကားများ၊ ကုန်တင်ကားများထံမှ တောင်းယူတဲ့ ငွေကြေးဟာ နေ့စဉ်သိန်းထောင်ချီရရှိနေကြောင်း ပန်တိုင်ဂိတ်ရဲ့ ဌာနဆိုင်ရာဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။ အဲဒီဝန်ထမ်းဟာ ပန်တိုင်ဂိတ်မှာ ခိုက်ရန်ဖြစ်ပွားပြီး မကြာသေးမီက အလုပ်ထွက်ခဲ့ရသူလို့ ဆိုပါတယ်။ ပန်တိုင်ဂိတ်ဟာ ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းမှာ အကြီးဆုံးစစ်ဆေးရေးဂိတ်ဖြစ်ပါတယ်။
◾️သပိတ်ကျင်းက ရေညာဦးရွာကို တော်လှန်ရေးတပ်တွေ ထပ်မံလက်လွတ်ရ
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ် ပြန်သိမ်းပိုက်ထားတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာ လက်လွတ်ပေးခဲ့ရတယ်လို့ အဲဒီဒေသက တပ်ရင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ရှိတဲ့ တွင်းငယ်ကျေးရွာအနီးက ရေညာဦးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၁၇ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ရေညာဦးကျေးရွာမှာ တတက-၁၃ကျောင်းကို ရေပေးဝေနေတဲ့ ရေကန်ရှိတာကြောင့် စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ ပြောပါတယ်။
◾️စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေ

👍41🔥3❤2
စစ်ကောင်စီက စာသင်ကျောင်းများအပါအဝင် အရပ်သားနေထိုင်ရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျောင်းသားများမှာ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုခဲ့ကြရတယ်လို့ KNU ဗဟိုနဲ့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြောက်တရားများကြားမှ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ်စာမေးပွဲအား ဖြေဆိုပြီးစီးကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ရာဘာတောအတွင်း စာသင်ခုံများချကာ စာမေးပွဲဖြေဆိုခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြခဲ့ပါတယ်။
◾️မြန်မာအပါအဝင် မသွားသင့်တဲ့ နိုင်ငံတွေ စာရင်းကို ဩစတြေးလျ ထုတ်ပြန်
နိုင်ငံသားတွေအနေနဲ့ သွားရောက်လည်ပတ်တာမျိုး လုံးဝ မလုပ်ဘဲ ရှောင်ကြဉ်သင့်တယ်ဆိုတဲ့ နိုင်ငံတွေစာရင်းကို ဩစတြေးလျအစိုးရက ထုတ်ပြန်ခဲ့ရာမှာ မြန်မာလည်း ပါဝင်လာခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာပါတဲ့ နိုင်ငံတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှု ပြဿနာတွေ၊ ပြည်တွင်း မငြိမ်သက်မှုတွေနဲ့ တရားလက်မဲ့ ဖမ်းဆီးမှုတွေ ထူထပ်နေတာကြောင့် ဘေးမကင်းတဲ့ ဇုန်နယ်မြေတွေ ဖြစ်နေတယ်လို့ဩစတြေးလျက ဆိုပါတယ်။ စာရင်းအပြည့်အစုံကတော့ ရုရှား၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ ဟေတီ၊ အီရန်၊ မြန်မာ၊ တရုတ်၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်း နဲ့ လစ်ဗျားတို့ ဖြစ်ကြပါတယ်။ အဲဒီ နိုင်ငံတွေဟာ မငြိမ်သက်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေသလို နိုင်ငံခြား ခရီးသွားဧည့်သည်တွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းကဏ္ဍတွေမှာလည်း ရှုပ်ထွေးတဲ့၊ မူမှန်မဟုတ်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်နေစေတယ်လို့ ဆိုပါတယ်။

👍44🔥2