မတော်ရာမှာ အပူလောင်သွားတဲ့ deliveryသမားကို ဒေါ်လာ သန်း ၅၀ လျော်ရတော့မယ့် Starbucks | People's Spring
https://youtu.be/EA3nsdFKYGQ
https://youtu.be/EA3nsdFKYGQ
YouTube
မတော်ရာမှာ အပူလောင်သွားတဲ့ deliveryသမားကို ဒေါ်လာ သန်း ၅၀ လျော်ရတော့မယ့် Starbucks | People's Spring
မတော်ရာမှာ အပူလောင်သွားတဲ့ deliveryသမားကို ဒေါ်လာ သန်း ၅၀ လျော်ရတော့မယ့် Starbucks
ဆိုင်ဝန်ထမ်းရဲ့ ပေါ့ဆမှုကြောင့် မတော်ရာမှာ ပြင်းပြင်းထန်ထန် အပူလောင်သွားခဲ့တဲ့ deliveryသမားကို Starbucks ကော်ဖီဆိုင် လုပ်ငန်းက နစ်နာကြေး ဒေါ်လာ သန်း ၅၀ ပေးဖို့ တရားရုံးတစ်ခုက…

👍45❤4🖕1
ထရမ့် အရမ်း အားထားတဲ့ သွင်းကုန် အခွန်စည်းကြပ်မှုတွေ ဆိုတာ … | People's Spring
https://youtu.be/p3WKmxo9ENI

ထရမ့် အရမ်း အားထားတဲ့ သွင်းကုန် အခွန်စည်းကြပ်မှုတွေ ဆိုတာ …
ဒီကာလ နိုင်ငံတကာရေးရာတွေ ပြောကြဆိုကြတဲ့အခါ မပါမဖြစ်ပါလာပြီး ခြိမ်းသံခြောက်သံလိုတောင်ဖြစ် လာတဲ့ ဝေါဟာရတစ်ခုရှိပါတယ်။ အဲဒါကတော့ tariff ဆိုတဲ့ စကားရပ်ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ရာထူးကို ဒေါ်နယ်လ်ထရမ့်…

👍48🖕1
ဖူဂျီမီးတောင်ပေါက်ကွဲခဲ့ရင်တုံ့ပြန်ရမယ့်အစီအမံ
တွေအတွက် ဂျပန်ပညာရှင်တွေကြိုတင်လေ့လာ
မတ်-၂၂၊၂၀၂၅။ People's Spring
နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ ဖူဂျီမီးတောင်ကြီးသာအကြီးအကျယ်ပေါက်ကွဲခဲ့မယ်ဆိုရင်ဘယ်လိုစီမံတုံ့ပြန်ရမလဲဆိုတာကို ဂျပန်အစိုးရက ခန့်အပ်တဲ့ အဖွဲ့တစ်ခုက သုတေသနပြု ဆန်းစစ် လေ့လာနေကြပါတယ်။
ကျူရှူးကျွန်းပေါ်မှာ တည်ရှိပြီးဂျပန်နိုင်ငံရဲ့အထိမ်းအမှတ် သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ဖူဂျီမီးတောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်၊ ၁၇၀၇ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးပါတယ်။
မီးတောင်ပညာရှင်တွေ၊ ကပ်ဘေးဆိုင်ရာ တုံ့ပြန်စီမံရေး ကျွမ်းကျင်သူတွေ ပါဝင်တဲ့အဖွဲ့ဟာ မျက်
မှောက်ကာလမှာ ဖူဂျီမီးတောင် ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ချော်ပြာတွေ အလုံးအရင်း မှုတ်ထုတ်လာမယ်ဆိုရင် ဘယ်လို အခြေအနေတွေ ရင်ဆိုင်လာရမလဲ ဆိုတာကို ဆန်းစစ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်လို့ ဖူဂျီမီးတောင်သာ ပြင်းပြင်းထန်ထန် ပေါက်ကွဲမယ်ဆိုရင် တိုကျိုမြို့တော်ရဲ့ ကျယ်ပြန့်တဲ့ဧရိယာတော်တော်များများ၊ကာနာဂါဝါဒေသတွေကိုချော်ပြာတွေဖုံးလွှမ်းသွားနိုင်ခြေရှိပါတယ်။
အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင် တိုကျိုရဲ့လူနေထူ
ထပ်တဲ့ နေရာတွေနဲ့ တခြား မီးတောင်ပတ်ဝန်း
ကျင် ဒေသတွေမှာ နေထိုင်သူတွေ တစ်စုတဝေးတည်း ခပ်မြန်မြန် ထွက်ပြေးနိုင်ဖို့ ဆိုတာက လက်
တွေ့ မကျတော့ကြောင်း ပညာရှင် အဖွဲ့ကကောက်
ချက် ချထားပါတယ်။
တုံ့ပြန်ရေးအစီအစဉ်အနေနဲ့ကတော့ လူနေဧရိယာတွေထဲ ကျဆင်းလာမယ့် ချော်ပြာတွေရဲ့ထုထည် ပမာဏကို မူတည်ပြီး သတိပေးချက် အဆင့်ကို ၄ ခု ခွဲခြား သတ်မှတ်ထားပါတယ်။
အဆင့် ၁ ကတော့ ထုအားဖြင့် ၃ စင်တီမီတာအောက်သာ ရှိတဲ့ ချော်ပြာတွေ ကျဆင်းတဲ့ နေရာတွေဖြစ်ပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ မလိုဘူးလို့ ဆိုပါတယ်။ ဒေသခံတွေ အနေနဲ့ လုံခြုံတဲ့ အမိုးအကာတွေအောက်မှာ ယာယီ ခိုလှုံနေရုံနဲ့ လုံလောက်ပါတယ်။
အဆင့် ၂ ကတော့ ၃ စင်တီမီတာကနေ ၃၀ စင်တီမီတာထိ ချော်ပြာတွေ အများအပြား ကျဆင်းပေမယ့် လျှပ်စစ်မီး၊ သောက်သုံးရေစတဲ့ အခြေခံ လို
အပ်ချက်တွေ အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်တဲ့ ဒေသမျိုးတွေကို သတ်မှတ်ပါတယ်။ အဆင့် ၁ နဲ့ ၂ အတွင်း အကျုံးဝင်တဲ့ နေရာတွေမှာ ရှိနေသူတွေဟာ ချက်ချင်း ရွှေ့ပြောင်းစရာ မလိုဘူးလို့ သုတေသန အဖွဲ့က ဆိုပါတယ်။
အဆင့် ၃ ကတော့ ၃ စင်တီမီတာနဲ့ ၃၀ စင်တီမီတာကြား ထုထည်ရှိတဲ့ ချော်ပြာတွေ ကျဆင်းပြီး အ
ရေးပေါ် အခြေခံ အဆောက်အအုံတွေ ပြန်ပြင်ဆင်ဖို့ ခက်ခဲမယ့် နေရာမျိုးတွေ ဖြစ်ပါတယ်။
အဆင့် ၄ သတ်မှတ်ချက်ကတော့ချော်ပြာတွေ ၃၀ စင်တီမီတာထုထည်ထက် ပိုပြီး ထူထူထပ်ထပ် ကျဆင်းတဲ့ နေရာတွေ အကျုံးဝင်ပြီး အသက်အန္တ
ရာယ် ခြိမ်းခြောက်မှုကြီးကြီးမားမားရှိတာကြောင့်
ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းမှုတွေ လိုအပ်တဲ့ ဇုန်တွေ ဖြစ်ပါလိမ့်မယ်။
မီးတောင်ပေါက်ကွဲမှုဖြစ်လာပြီး ရုတ်တရက်မရွှေ့
ပြောင်းနိုင်တဲ့ အခြေအနေမှာလည်း ဒေသခံတွေဟာ နှစ်ပတ်စာလောက် ဖူလုံမယ့် ရိက္ခာခြောက်တွေကြိုတင် စုဆောင်းထားသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ နောက်ပြီး အစိုးရ အနေနဲ့ မီးတောင်ချော်ပြာတွေ ကျဆင်းမှု ဖြစ်နိင်ခြေ ခန့်မှန်းချက်တွေ အပါအဝင်သတင်းအချက်
အလက်တွေ ထိထိရောက်ရောက် ဖြန့်ဝေပေးမယ့် စနစ်တစ်ခုထူထောင်ထားသင့်ကြောင်းလည်း အ
ကြံပြုခဲ့ပါတယ်။
ဗဟိုအစိုးရအပြင် ဒေသဆိုင်ရာ အစိုးရတွေကပါ လိုအပ်လာရင်အရေးပေါ် ရွှေ့ပြောင်းမှု လမ်း
ကြောင်းတွေကို ကြိုတင် စီစဉ် ရွေးချယ်ထားသင့်ကြောင်းလည်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
ဂျပန်ဟာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ရင် အားကောင်းတဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့် မီးတောင်ချော်ပြာတွေ အလုံးအရင်း ကျဆင်းလို့ လူအများအပြား ရွှေ့ပြောင်းရတဲ့ အ
ခြေအနေမျိုး မကြုံဖူးတာ နှစ်ပေါင်း ၁၀၀ လောက် ရှိနေပြီ ဖြစ်တဲ့အတွက် အဲဒီကိစ္စမျိုးအတွက် ထိထိရောက်ရောက် ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်လာနေပြီလို့ တိုကျို တက္ကသိုလ် ပါမောက္ခ အမ်မရီတက်စ် ဖူဂျီး တိုရှီဆူဂါက ပြောကြားသွားပါတယ်။
ဂျပန်မှာအမြင့်ဆုံးဖြစ်ပြီး ၃၇၇၆ မီတာ(၁၂၃၈၈ ပေ). အမြင့်ရှိတဲ့ မီးတောင်ကြီး ၁၇၀၇ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ချိန်မှာ ၁၆ ရက်ကြာမြင့်ခဲ့ပြီး မျက်မှောက်ခေတ် တိုကျိုမြို့လယ်ခေါင် ဖြစ်လာမယ့် နေရာမှာ ၄ စင်တီမီတာလောက် ထုရှိတဲ့ ချော်ပြာတွေ ဖုံးလွှမ်းခဲ့ဖူးတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
ကိုးကား-Japan Today

👍85❤2🔥2
စစ်ကောင်စီ လက်အောက်ကျန်နေသည့် ဒေသများရှိပြည်သူများထံ တော်လှန်ရေးတပ်များလာမည်ဟု KNU ပြော
"ကျနော်တို့ ပြည်သူတွေရှိတဲ့နေရာကို မရောက် ရောက်အောင်လာမယ်။ ကျနော်တို့ အုပ်ချုပ်ရေးစနစ်အသစ်တွေ ပြန်အစားထိုးမယ်"- ပဒိုစောတောနီး
ဟန်နွေ/People’s Spring
စစ်ကောင်စီ လက်အောက်၌ကျန်နေသည့် ဒေသများရှိပြည်သူများထံ မရောက်ရောက်အောင် လာမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။
လက်ရှိ နိုင်ငံရေး၊စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီးသတင်းစကား ပြောကြားပေးရန် မေးမြန်းချက်အပေါ် ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။
"လက်ရှိ စစ်ကောင်စီရဲ့ လက်အောက်မှာ ကျန်နေသေးတဲ့သူတွေအားလုံး သတင်းပေးချင်တာ က ကျနော်တို့က လာကိုလာမယ်။ မရောက်အရောက်လာမယ်။ ကျနော်တို့ ပြည်သူတွေရှိတဲ့နေရာကို မရောက်ရောက်အောင်လာမယ်။ ကျနော်တို့ အုပ်ချုပ်ရေးစနစ်အသစ်တွေပြန် အစားထိုးမယ်။ လူထုဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း တော်လှန်ရေးလုပ်ဆောင်ပြီးတဲ့တချိန်တည်းမှာ အဲဒါကို ထပ်ချပ်မကွာ ကျနော်တို့ ဆက်လက်လုပ်သွားမယ်ဆိုတဲ့ သတင်းကောင်းပေးချင်ပါတယ်"ဟု ပဒိုစောတောနီးက ပြောသည်။
လက်ရှိကာလသည် စစ်အာဏာရှင်အနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အဘက်ဘက် ယိုယွင်းနေသည့် အချိန်ဖြစ်ပြီး လူထုလှုပ်ရှားမှုများကိုလည်း စစ်ကောင်စီ အနေဖြင့် နှိမ်နင်းနိုင်ခြင်းမရှိဟု ပြောသည်။
တော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း နိုင်ငံရေး စစ်ရေး၌အကြပ်အတည်းများ ရှိနေသော်လည်း ယင်းသည်ပင်လျင် တော်လှန်ရေးပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
" ဒီအကြမ်းအတည်းတွေမရှိဘူးဆိုရင် ဒါတော်လှန်ရေးလည်းမဟုတ်တော့ဘူး။ ဘာလို့လည်းဆို ခက်ခဲကြမ်းတမ်းတဲ့အခြေအနေကနေ မဟုတ်မမှန်တဲ့ဟာကို တော်လှန်ပစ်တာလေ။ အဲဒါကြောင့် ကျနော်တို့ ရှိတဲ့ခွန်အားနဲ့ပဲ ကျနော်တို့ ရပ်တည်တယ်"ဟု ပဒိုစောတောနီးက ပြောသည်။
တစ်ဖက်တွင် စစ်ကောင်စီ နယ်မြေများကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကလည်း တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် သိမ်းပိုက်နယ်မြေများကို အုပ်ချုပ်ရေးလုပ်နိုင်မည်မဟုတ်ဟု ဝါဒဖြန်မှုများ ရှိနေကြောင်း ပဒိုစောတောနီးက ပြောပြသည်။
တော်လှန်ရေးလုပ်ဆောင်မှုသည် စစ်တိုက်တာ တခုတည်းမဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူထုဝန်ဆောင်မှု လုပ်ငန်းများကို အမြဲကြိုးစားဆောင်ရွက်နေပြီး ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိကြောင်း ပြောပြသည်။
"ကျနော်တို့ နေရာတွေ ထိန်းသိမ်းနိုင်ပြီဆိုရင် သေသေသပ်သပ်နဲ့ကို ကျနော်တို့အုပ်ချုပ်နိုင် တယ်"ဟု ပဒိုစောတောနီးက ပြောသည်။
ဆက်လက်၍ အုပ်ချုပ်ရေးစနစ်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်သာရှိပြီး နယ်မြေနှင့် လူထုကို ပိုင်နိုင်စွာအုပ်ချုပ်နိုင်သည် ကို သက်သေပြနိုင်ကြောင်း ပြောသည်။
လက်ရှိ အခြေအနေများအရ စစ်အာစာရှင်စနစ် မုချ ကျဆုံးရန်မှာ သေချာကြောင်း၊ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်များ လက်ရှိ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်တိုက်ယူ၍ရမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
တော်လှန်ရေး၌ အခက်အခဲများရှိနေသော်လည်း ရှေ့ဆက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် လက်ကျန်နယ်မြေများရှိ ပြည်သူများရှိရာသို့ မရောက်ရောက်အောင် လာမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောကြားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များကလည်း ယခု ၂၀၂၅တွင် တော်လှန်ရေးအတွက်သိသာသည့် အပြောင်းအလဲကို ဖော်ဆောင်ရန်ရှိကြောင်း အသိပေးထားပြီး စစ်အာဏာသိမ်းမှု အဆုံးသတ် စေနိုင်ရေးအတွက် အထွေထွေထိုးစစ်ကြီးတရပ်ပြုလုပ်သွားရန်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က မကြာသေးမီက အသိပေးထားသည်။

👍100❤17🤣4🔥2
ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းတလျှောက်
ဂိတ်များ တနေ့လျှင်သိန်းထောင်ချီငွေရှာနေ
မိထက်/People's Spring
ဧရာဝတီနှင့်ရန်ကုန်တိုင်းကို အဓိက ဆက်သွယ်သည့် ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ဟင်္သာတလမ်းတလျှောက်မှ စစ်ကောင်စီဂိတ်များသည် တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိ
ကဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တစ်ခုတည်းတွင်
တနေ့ သိန်း ၂၀၀ ရအောင်ကောက်ယူရန်နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်းစုံစမ်းသိရသည်။
အာဏာသိမ်းပြီးနောက်ဖွင့်လှစ်လိုက်သည့်စစ်ကောင်စီဂိတ်များက ခရီးသည်တင်ကားများ၊
အိမ်စီးကားများ၊ ကုန်တင်ကားများထံမှ တောင်းယူသော ငွေကြေးသည်နေ့စဉ်သိန်းထောင်ချီရရှိနေကြောင်းပန်တိုင်ဂိတ်မှ ခိုက်ရန်ဖြစ်ပွားပြီး မကြာသေးမီက အလုပ်ထွက်ခဲ့ရသည့် ဌာနဆိုင်ရာဝန်
ထမ်းတစ်ဦးကပြောသည်။
"ကားအစီးရေ သောင်းချီဖြတ်နေတဲ့လမ်း။ တစ်စီးကို ၁၀၀၀ ကနေ ၅၀၀၀တောင်းတယ်။ ဒါကပုံမှန်။ မှတ်ပုံတင်တို့၊ ထောက်ခံစာတို့မပါရင်သောင်းချီငွေညှစ်တာ။ပန်တိုင်ဂိတ်က တနေ့ကိုသိန်း ၂၀၀
အပ်ရတယ်" ဟုအဆိုပါဝန်ထမ်းဟောင်းကပြော
သည်။
ပန်တိုင်ဂိတ်သည် ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းတွင် အကြီးဆုံးစစ်ဆေးရေးဂိတ်ဖြစ်သည်။ ခရီးသွားများအားစစ်ဆေးရာတွင် ပျုစောထီးများကို အဓိကအသုံးပြုပြီးရဲ နှင့် စစ်တပ်က စောင့်ကြည့်ရေးတာဝန်ယူသည်။
အိမ်စီးကားနှင့်ခရီးသွားကားများမှယာဉ်မောင်းများကလက်သိပ်ထိုးပေးသောငွေကိုရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကယူသည်။ ကျန်ဌာနဆိုင်ရာကိုထမ်းများကပြေစာဖြင့် ငွေကောက်
ခံသည်။ ဥပဒေမဲ့ငွေတောင်းမှာကတိုင်ကြားရန် ဗီနိုင်းဖြင့် စာကပ်ထားသော်လည်း စစ်ကောင်စီဝန်ထမ်းများမှာ အတိုင်အဖောက်ညီစွာဖြင့် ကားများထံမှ ငွေတောင်းယူနေကြောင်း ခရီးသွားအချို့ နှင့် အထက်ပါဝန်ထမ်းဟောင်းကပြောသည်။
"လုံးဝ မသထာဘူး။ ဒါပေမယ့် မပေးတဲ့ကားဆိုမှတ်ထားပြီး အရမ်းရစ်တာ။ကိုယ့်ကိုယ်ကိုယ် သတောင်းစားဖြစ်လို့ဖြစ်မှန်းမသိတဲ့ကောင်တွေ"
ဟု ရန်ကုန်-ပုသိမ်ခရီးသွားတစ်ဦးကပြောသည်။
ပန်တိုင်ဂိတ် နှင့် ရန်ကုန် -ပုသိမ် -ဟင်္သာတလမ်းခွဲဖြစ်သော ဗိုလ်မြတ်ထွန်းတံတားအထိစစ်ဆေးရေးဂိတ် ငါးခုရှိသည်။ ထိုအပြင် အဆိုပါတံတားမှ
ပုသိမ်မြို့အထိ ပန်းတနော်၊ ကျောင်းကုန်းစသည့်မြို့များကိုဖြတ်ပြီး စစ်ဆေးရေးဂိတ် ငါးခုရှိသည်။ တံတားမှ ဟင်္သာတမြို့အထိ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်မြို့တို့ကိုဖြတ်၍ စစ်ဆေးရေးဂိတ် ငါးခုရှိသည်။
မကြာသေးမီက ဗိုလ်မြတ်ထွန်းတံတားစစ်ဆေးရေးဂိတ်တွင်ပုသိမ်တို့သွားမည့်ကားတစ်စီးက ရဲတစ်ဦးအား ငွေ၂၀၀ ကျပ်ပေးရာ ၎င်းအားအရှက်ခွဲသည်ဆိုပြီး ရဲတပ်ဖွဲ့ဝင်က ယာဉ်မောင်းကိုခြိမ်းခြောက်ပြီးကားဖိအားပေးစစ်ဆေးခဲ့သည်။
အဆိုပါဂိတ်များသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖွင့်လိုက်ခြင်းဖြစ်သည်။ ခရီးသွားကားများ၊ အိမ်စီးကားများအား စစ်ဆေးပြီး သံ
သယရှိသူများကိုဖမ်းဆီးခဲ့သည်။ ၂၀၂၃ခုနှစ်တွင် ဂိတ်အချို့ကိုပြန်ရုပ်သိမ်းခဲ့သော်လည်း ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဧရာဝတီတိုင်းအတွင်းတိုက်ပွဲများဖြစ်ပြီးနောက်ဂိတ်များကိုပြန်ဖွင့်၍ စစ်ဆေးမှုများတင်းကျပ်နေခြင်းဖြစ်သည်။
လုံခြုံရေးအကြောင်းပြ၍စစ်ဆေးပြီး ကားသမားများခရီးသွားများထံမှငွေကြေးခြိမ်းခြောက်တောင်းယူနေကြခြင်းဖြစ်သည်ဟု ခရီးသွားများကပြောသည်။
၂၀၂၃ခုနှစ်တွင် ဟင်္သာတမြို့မှစစ်ဆေးရေးအဖွဲ့
မိုင်ခွဲတိုက်ခိုက်ခံခဲ့ရသည်မှလွဲ၍ ရန်ကုန်-ဧရာဝတီအဝေးပြေးကားလမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်များတိုက်ခိုက်ခံရခြင်းမရှိခဲ့ဖူးပေ။
ဧရာဝတီတိုင်းတွင် ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြ၊ မအူပင်မြို့အပါအဝင် ၂၆မြို့နယ်ရှိပြီး ရေလမ်းရော ကုန်လမ်းမှပါ ရန်ကုန်တိုင်းနှင့်ဆက်သွယ်ထားသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း သာပေါင်း၊ ရေ
ကြည်၊ လေးမျက်နှာမြို့နယ်ဆက်စပ်ဧရိယာများတွင် အာရက္ခတပ်တော်(AA) နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေပြီး တိုက်ပွဲများဖြစ်နေသည်။

🤬66👍25❤3🤣2😡2
■Short Story
"အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါ"
◼️ရဲသူအောင်
(၁)
အနိုင်ဆိုတာက သူ့ကိုယ်သူ ပြောတဲ့နာမည်။ နာမည်အရင်းက ထွန်းအောင်နိုင်။ အသက်က (၂၁)နှစ်။ အသားအရည်က ဖြူဖြူသန့်သန့်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ ပြောရရင် သူ့ရုပ်ရည်က ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်။
ဒါပေမယ့် အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။
(၂)
ကျနော်တို့ဆေးရုံကို အနိုင် စရောက်တဲ့နေ့တုန်းက စကားလည်း မေးမရဘူး။ သူ့နာမည်ကို မေးတာတောင် လူနာလိုက်ပို့တဲ့ ရဲဘော်တွေက ဖြေပေးကြတယ်။ စခန်းကုန်းကို သိမ်းပိုက်အောင်မြင်ပြီးခါမှ မြေမြှုပ်မိုင်း နင်းမိခဲ့သတဲ့။ မြင်လိုက်ရတဲ့ ရဲဘော်တွေက ပြောကြတယ်။
"သူ့တကိုယ်လုံး လေပေါ်ကို ဝုန်းခနဲ လွင့်တက်သွားတာ။ ကျနော်တို့က ပွဲချင်းပြီး သေပြီလို့တောင် ထင်တာပဲ"
သေကံမရောက်ပေမယ့် အနိုင်ဟာ ခြေထောက်နှစ်ဘက်လုံးကို ဆုံးရှုံးလိုက်ရတယ်။ ခွဲစိတ်ခန်းထဲမှာ ခြေထောက်ပြတ်တွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ဆေးကြောသန့်ရှင်းတာကိုတောင် အနိုင်ဟာ အသံထွက်ပြီး ညည်းညူတာမျိုး မရှိဘူး။ မေးရိုးကြီးထင်းနေအောင် အံကြိတ်ပြိး တင်းခံထားခဲ့တယ်။
ခွဲစိတ်ခန်းကအထွက်မှာ အနိုင့်ကို သွေးပေါင်ချိန်ပေးရင်း "ဒဏ်ရာတွေက နာနေသေးလား" လို့ မေးတော့ သူက ခေါင်းညိတ်ပြတယ်။ ခွဲခန်းထဲမှာ မျက်ရည် မကျခဲ့တဲ့ အနိုင်ဟာ အဲဒီနေ့တနေ့လုံး စောင်ထူထူကြီးကို ခေါင်းမြီးခြုံပြီး ကလေးငယ်တယောက်လို ကြူကြူပါအောင် ငိုပါတယ်။
"စခန်းကုန်းကို သိမ်းပြီးချိန်မှကွာ"
အဲဒီစကားက ဆေးရုံကို စရောက်တဲ့အချိန်ကစလို့ ပြောခဲ့တဲ့ တခွန်းတည်းသော စကားပါပဲ။
(၃)
ဆေးရုံတက်ပြီးချိန်ထဲက အနိုင်ဟာ ထမင်းကောင်းကောင်း မစားဘူး။ ဘယ်သူ့ကိုမှလည်း စကားမပြောဘူး။ အချိန်ရှိသရွေ့ ခေါင်းမြီးခြုံပြီး နေတယ်။ အစားမဝင်တော့ လူကလည်း ပိန်ကျသွားတယ်။
"ထမင်းတော့ ဝင်အောင်စားရမယ်နော် ကိုယ့်ဆရာ။ ခွဲခန်းဝင်ရဦးမှာဆိုတော့ အားရှိဖို့ လိုတယ်"
အနိုင်က ထုံးစံအတိုင်း ခေါင်းညိတ်ပြပြီး အဖြေပြန်ပေးတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေထိုး ၊ ပုလင်းကြီးတွေချိတ်ပြီး အနိုင့်ရဲ့ ခြေထောက်တွေကို ဖြတ်ဖို့ ပြင်ဆင်ကြရတယ်။ ခွဲခန်းမဝင်ခင် မနက်မှာ အနိုင်ဟာ ကျနော့်ကို ထူးထူးခြားခြား စကားတွေပြောလာတယ်။
"ဆရာ ညာဘက်ခြေထောက်ကိုတော့ တအားကြီး တိုအောင် မဖြတ်ပါနဲ့နော်။ ကျနော့်ကို ကတိပေးပါ ဆရာ"
တဖွဖွတောင်းပန်နေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော်ကိုယ်တိုင် မျက်ရည်စို့လုလု။ ပြီးတော့ "အနိုင်ပြောတဲ့အတိုင်း ဖြစ်စေရမယ်"ဆိုပြီး ကတိပေးရတယ်။
(၄)
ခွဲခန်းကအထွက်မှာ အရင်ထက် ပိုပြီးတိုသွားတဲ့ ငုံးတိတိခြေထောက်တွေကို ကြည့်ပြီး အနိုင်ဟာ အရင်ကလို နှုတ်ဆိတ်သွားပြန်ပါတယ်။ ပိုပြီး စိတ်ထိခိုက် သွားပုံပါပဲ။ သူ့အဖော် ရဲဘော်တွေကလည်း အချိန်ပြည့်နီးပါး သူ့ဘေးမှာ အဖော်လုပ်ပြီး အားပေးကြတယ်။
ကျနော်တို့မှာ ခြေထောက်တွေ ရှိနေသေးတဲ့အတွက် အနိုင့်အပေါ် ကိုယ်ချင်းစာစိတ် အပြည့်အဝရှိတယ်ဆိုပြီး ပြောမထွက်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ဆေးရုံမိသားစုဟာ ပီဒီအက်ဖ်ရဲဘော်လေး အနိုင်ကို တတ်အားသမျှ အားပေး ဖေးမခဲ့ကြပါတယ်။
ဒါပေမယ့်လည်း အနိုင်တယောက်ကတော့ အချိန်ရှိသရွေ့ တိုးတိတ် နှုတ်ဆိတ်မြဲ။ အစားကိုလည်း ဟုတ်တိပတ်တိမစား။ လူနာခုတင်တိုင်ကို ကျောမှီပြီး ပြတင်းပေါက်ကနေ ဟင်းလင်းပြင်မြင်ကွင်းကို ငေးငေးရီရီ ကြည့်တဲ့အခါ ကြည့်၊ စောင်ခေါင်းမြီးခြုံပြီး တနေကုန် အိပ်တဲ့အခါ အိပ်။ ခွဲစိတ်ခန်းဝင်ပြီး ခြေထောက်နှစ်ဘက်ကို ဖြတ်တောက်အပြီးမှာ အနိုင်ဟာ ချက်ချင်းဆိုသလို ပိန်ချုံးကျသွားပြန်တယ်။
ကြာတော့လည်း အနိုင်ဟာ သူကိုယ်တိုင် လက်မခံချင်တဲ့ အမှန်တရားတခုကို လက်ခံလိုက်ပုံပါပဲ။ သူငယ်ချင်းတွေနဲ့ တလုံးစ နှစ်လုံးစ စကားတွေ စပြောသလို ကျနော်တို့ ဆေးရုံဝန်ထမ်းတွေ ရောင်းလှည့်ချိန်မှာလည်း အရင်လို ခေါင်းညိတ်ခေါင်းခါ ပြန်ဖြေတာမျိုးမလုပ်ဘဲ စကားနဲ့ ပြန်ပြောပါတယ်။ ဒါပေမယ့် အနိုင့်ရဲ့မျက်နှာမှာ အရယ်အပြုံးတော့ မတွေ့မမြင်ရသေးပါဘူး။
(၅)
ဆေးရုံမှာ အနေကြာလာတော့ အနိုင်ဟာ သူ့ကို ဂရုစိုက်စောင့်ရှောက်ကြတဲ့ ဆေးရုံဝန်ထမ်းတွေနဲ့ ပိုရင်းနှီးလာပြီး စကားတွေဘာတွေ ပြောလာပါပြီ။
"ဆရာရေ ထူးဆန်းတယ်နော်။ ညအိပ်ပြီဆိုတာနဲ့ ကျနော့် ညာဘက်ခြေမက နာနာနေတယ်။ ရှိလည်း မရှိတော့ဘဲနဲ့"
"အဲဒါက ဒီလိုရှိတယ်။ ခြေထောက်ကို ဖြတ်လိုက်ပေမယ့် ခြေထောက် ခံစားလှုပ်ရှားနိုင်ဖို့ ထောက်ပံ့ပေးတဲ့ အာရုံကြောက ရှိနေသေးတယ်လေ။ အဲဒါကြောင့် မရှိတော့တဲ့ ခြေမတို့၊ ခြေချောင်းတို့က နာသလို ခံစားရတာမျိုးလည်း ဖြစ်တတ်တယ်"
"အော် အဲဒီလိုကိုး။ ကျနော်ပြောပြတာကို ဒီကောင်တွေက ရယ်ရယ်နေကြတာ"
သူငယ်ချင်းတွေကို လက်ညိုးထိုးပြီး မကျေမချမ်းပြောနေတဲ့ အနိုင့်ပုံစံက ပီဘိ ကလေးတယောက်လို။ အို တကယ်တော့ အနိုင်ဟာ ကလေးသာသာ အရွယ် ပါပဲလေ။ တက္ကသိုလ်စာသင်ခန်းထဲ ဘော့ပင်ကိုင်နေရမယ့်အချိန်မှာ သေနတ်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ ရဲရင့်ခဲ့သူ လူငယ်လေးတဦး။

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,129 likes · 3,541 talking about this. News & media website
😢51👍26❤3🔥1
မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ တိုင်းရင်းသားနယ်မြေထဲ စခန်းသိမ်းတိုက်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့ဖူးသတဲ့။ တိုက်ပွဲတိုင်းလည်း ရှေ့တန်းကနေ ပါဝင်ရမှ ကျေနပ်အားရမိသတဲ့။
"ဒီမှာကြည့် ဆရာ"
အနိုင်က မန်ယူဂျာစီရဲ့ ညာဘက်လက်မောင်းကို ပင့်တင်ပြီး ပြတယ်။ လက်မောင်းအိုးအထက်မှာ စည်းနှောင်ထားတာက အညိုရင့်ရောင် ကျစ်ကြိုးကလေး။
"ဒါ အမေ့ထဘီစလေးကို ကြိုးလိုကျစ်ပြီး အဆောင်လက်ဖွဲ့လို လက်မောင်းမှာ ပတ်ထားတာ ဆရာ။ ကျနော့်ခေါင်းဘေးကနေ ကျည်ဆံတွေ တရွှီရွှီနဲ့ ပျံဝဲနေတာ ခဏခဏပဲ။ ဘုရားစူးရစေ ကျနော် မညာဘူး။ လက်နက်ကြီးကျတိုင်းလည်း ကျနော် တခါမှ မထိခဲ့ဖူးဘူး"
ခုလို အနိုင်တယောက် စိတ်လိုလက်ရ စကားတွေပြောတာ ပထမဆုံးအကြိမ်လိုပါ။ သူပြောပြချင်နေတာတွေကို ကျနော် စိတ်ရှည်လက်ရှည် နားထောင်တယ်။
"အမေ့ အထက်ဆင်စလေးက အဲဒီလောက်ထိကို စွမ်းတာ။ ဒါပေမယ့် မြေမြှုပ်မိုင်းမထိအောင်တော့ မကယ်နိုင်ခဲ့ဘူးဗျာ"
တိုးသက်တိမ်ဝင်သွားတဲ့ စကားသံနဲ့အတူ အနိုင့်မျက်ဝန်းတွေမှာ မျက်ရည်စတို့ ဝေ့ဝဲလာခဲ့တယ်။
"စိတ်ဓာတ်တော့ မကျနဲ့ကွာ။ ဆေးရုံဆင်းပြီးတာနဲ့ လေ့ကျင့်ခန်းတွေ စလုပ်ဖို့ ပြင်ဆင်ရမယ်။ ခြေတုတပ်ရမယ်။ လမ်းပြန်လျှောက်နိုင်ဖို့ လေ့ကျင့်ကြိုးစားရမယ်"
အနိုင်က ကျနော့်ကို တွေတွေကြီး မော့ကြည့်နေတယ်။ ပြီးတော့ မေးတယ်။
"ဆရာက ကျနော် လမ်းပြန်လျှောက်နိုင်မယ်လို့ ထင်တာပေါ့"
"ထင်တာမဟုတ်ဘူး။ ဆရာက တကယ် ယုံကြည်တာ"
ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ အနိုင်က ယဲ့ယဲ့ပြုံးတယ်။ အပြုံးယဲ့ယဲ့ဆိုပေမယ့် ဆေးရုံကို စရောက်ကတည်းက သူ့မျက်နှာပေါ်မှာ ထင်ဟပ်လာတဲ့ ပထမဆုံးအပြုံးဆိုလည်း ဟုတ်တယ်။
(၆)
အမေတခု သားတခုဘဝနဲ့ နေထိုင်ခဲ့ကြတဲ့ အနိုင်ဟာ အမေဖြစ်သူကို သူ မိုင်းထိခဲ့တဲ့အကြောင်း ပေးမသိခဲ့ပါဘူး။
"သိသွားလို့ရော ဘာထူးမှာလဲ။ ရင်ကျိုးရုံပဲ ရှိတော့မှာပေါ့။ ကျနော်ကတော့ အမေ့ကို ပေးသိမှာမဟုတ်ဘူး"
ကာယကံရှင်ရဲ့ဆန္ဒကြောင့် ကျနော်က ဇွတ်တိုက်တွန်းပြီး အကြောင်းကြားတာမျိုး မလုပ်ခိုင်းပါဘူး။ ပြီးတော့ ခုလိုအခြေအနေမှာ လူနာရဲ့ စိတ်အခြေအနေကလည်း တည်ငြိမ်မှု အပြည့်အဝ ရှိမနေသေးဘူး။ ဒီတော့ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ဖေးမကူညီပြီး ခြေတုတပ်တဲ့ ကုသမှုအဆင့်ထိ ရောက် သွားအောင် ဝိုင်းဝန်းသွားကြဖို့ပဲ ရှိပါတယ်။
ပြောရရင် အနိုင်ဆိုတဲ့ လူငယ်လေးတယောက်ဟာ မျှော်လင့်မထားဘဲ ကြုံလိုက်ရတဲ့ အခြေအနေဆိုးကြီးတခုအပေါ် သူ့ကိုယ်ပိုင်သိစိတ်နဲ့ အဆုံးစွန်ထိ ပြိုလဲမသွားအောင် ကြိုးစားရုန်းကန်နေရတုန်းပါပဲ။
တခြားသူတွေနဲ့ စကားတွေ ပြောနေရုံနဲ့၊ ဆေးရုံဝန်ထမ်းတွေ မေးသမျှကို ပြန်ဖြေရုံနဲ့တော့ သူ့စိတ်အခြေအနေက တည်ငြိမ်နေပြီလို့ မဆိုနိုင်သေးပါဘူး။ အထူးသဖြင့် သူ့ဘဝရှေ့ရေးတွေအကြောင်း သူကိုယ်တိုင် ပြောပြတဲ့အချိန်မှာ သူ စိတ်ဓာတ်ကျနေဆဲဆိုတာကို သတိထားမိစေတဲ့ စကားလုံးတွေ ကြားနေရပါသေးတယ်။
"ခြေထောက်တွေ မရှိမှတော့ ဘာလုပ်စားလို့ ရတော့မှာလဲ"
"ကျနော့်ဘဝက သွားပြီလေ"
"ဘဝရှေ့ရေး ဆိုတာကြီးကိုလည်း တွေးမနေချင်တော့ပါဘူးဗျာ"
ခြေထောက်နှစ်ဘက် ဆုံးရှုံးရတယ်ဆိုပေမယ့် ဘဝဆုံးသွားတာ မဟုတ်တဲ့အကြောင်း၊ ခြေတုတပ်ပြီးတဲ့အခါ ရဲဘော်တွေကို လက်မှုပညာဖြစ်စေ၊ နည်းပညာပိုင်းဖြစ်စေ သင်တန်းပေးသွားဖို့ရှိကြောင်း ကျနော်က အနိုင့်ကို ပြောပြရတယ်။ ထုံးစံအတိုင်း အနိုင်က ယဲ့ယဲ့ပြုံးပါတယ်။
(၇)
အနိုင့်ကို ဆေးရုံကဆင်းပေးပြီး သူ့လိုမျိုး ခြေပြတ်ရဲဘော်တွေ ထားရှိတဲ့အဆောင်ဆီ ရွှေ့ပြောင်းပေးရတယ်။ အနာတွေ ဆေးထည့်ဖို့အတွက် သုံးရက်မှာ တကြိမ်လာရောက်ဖို့ ဆေးရုံကို ခေါ်ရတယ်။
အနိုင်ရဲ့ စိတ်အခြေအနေက swing နေပုံပါပဲ။ ဘယ်လိုပဲ စိတ်ခွန်အားဖြစ်အောင် အားပေးစကားတွေ ပြောနေပေမယ့်လည်း သူ့မျက်နှာမှာ စိတ်ဓာတ်ကျတဲ့ အရိပ်အရောင်တွေက ရှိနေဆဲ။
"ဆေးရုံဆင်းသွားပြီဆိုပေမယ့် ဆေးရုံကို မကြာမကြာ လာလည်နော်။ ကိုအိုက်ကျော်ကို လိုက်ပို့ခိုင်း"
ကိုအိုက်ကျော်ဆိုတာက လူနာတွေကို ဝှီးချဲနဲ့ လိုက်ပါစောင့်ရှောက်ရတဲ့ အဆောင်ဝန်ထမ်း။ "ဟုတ်ကဲ့ ဆရာ" လို့ ပြန်ဖြေပေမယ့် အနာဆေးထည့်ချိန်ကလွဲရင် အနိုင်က ဆေးရုံကိုလာလေ့မရှိဘူး။
တခုသောမနက်မှာတော့ အနိုင်တယောက် ဆေးရုံကို ရောက်ချလာပါတယ်။ မျက်နှာမှာလည်း ပီသတဲ့ အပြုံးတခုနဲ့။
"ဘာဖြစ်လို့လဲ အနိုင်" ဆိုပြီး ကျနော်က စိတ်ပူတကြီးမေးတော့ "ဘာမှ မဖြစ်ဘူး ဆရာ" လို့ သူ ပြန်ဖြေတယ်။ "ဆရာ့ကို ပြစရာရှိလို့" တဲ့။
သူ့အင်္ကျီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး Facebook ပေါ်က ဓာတ်ပုံဆောင်းပါးတခုကို ပြတယ်။ ပီဒီအက်ဖ်ရဲဘော်တွေ ရဲစခန်းတခုရှေ့မှာ ကျကျနန ပို့စ်ပေးပြီး ရိုက်ထားတဲ့ ဓာတ်ပုံတပုံ။ မြို့သိမ်းတိုက်ပွဲတခုရဲ့ သမိုင်းဝင်ဓာတ်ပုံတပုံကို ကျနော်ကိုယ်တိုင်လည်း တွေ့မြင်ပြီးဖြစ်ပါတယ်။

👍44❤8🔥2
"အဲဒါ ကျနော်တို့မြို့လေ ဆရာ"
"ဟုတ်လား မိုက်ပြီလေ။ ပျော်စရာကြီးပေါ့"
အနိုင် ဘယ်လောက်ထိ ပျော်နေမလဲဆိုတာ မေးကြည့်နေစရာတောင် မလိုပါဘူး။ အပြုံးတွေပြည့်နေတဲ့ သူ့မျက်နှာကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။
"ဒီလိုဆိုတော့လည်း ဘဝက နေပျော်စရာကြီးပါလားဗျာ"
အားတက်သရောပြောနေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော် ကျေကျေနပ်နပ်ကြီး ပြုံးမိတယ်။ အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ ဒါပေမယ့် ယုံကြည်ချက်တော့အပြည့်အဝရှိနေတဲ့ပုံပါပဲ။ ။
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ရဲသူအောင်' ရေးဖွဲ့ခဲ့တဲ့ "အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါ" ဝတ္ထုတိုကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
"ဟုတ်လား မိုက်ပြီလေ။ ပျော်စရာကြီးပေါ့"
အနိုင် ဘယ်လောက်ထိ ပျော်နေမလဲဆိုတာ မေးကြည့်နေစရာတောင် မလိုပါဘူး။ အပြုံးတွေပြည့်နေတဲ့ သူ့မျက်နှာကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။
"ဒီလိုဆိုတော့လည်း ဘဝက နေပျော်စရာကြီးပါလားဗျာ"
အားတက်သရောပြောနေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော် ကျေကျေနပ်နပ်ကြီး ပြုံးမိတယ်။ အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ ဒါပေမယ့် ယုံကြည်ချက်တော့အပြည့်အဝရှိနေတဲ့ပုံပါပဲ။ ။
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ရဲသူအောင်' ရေးဖွဲ့ခဲ့တဲ့ "အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါ" ဝတ္ထုတိုကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,129 likes · 3,541 talking about this. News & media website
👍59😢13🔥2
စဉ့်ကိုင်ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ
မတ်-၂၂၊၂၀၂၅။ မေ/People's Spring
စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က စဉ့်ကိုင်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မတ်လ၂၂ရက် မနက် ၄နာရီခန့်မှာ စစ်ကောင်စီက စဉ့်ကိုင်ကျေးရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်ရာ (၁၂)နှစ်အရွယ်ကလေးတစ်ဦး၊ အသက်(၄၆) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာ တွေရခဲ့တာလို့ သိရပါတယ်။
"အကုန်အိပ် နေချိန်တွေပဲကြဲသွားတော့ အထိခိုက်ရှိသွားတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စဉ့်ကိုင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီး မတ်လ ၁၆ရက်နဲ့ မတ်လ၂၀ရက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
မတ်လ၁၆ရက်က လေကြောင်းတိုက်ခိုက်ရာမှာ လသားကလေးငယ် အပါအဝင် လေးဦး သေဆုံးခဲ့ပြီး မတ်လ၂၀ရက်က လေကြောင်းတိုက်ခိုက်ရာမှာ ဘုရားစေတီတွေ ပျက်စီးခဲ့ပါတယ်။

🤬59👍12😭7🔥2😡2❤1
(မတ် ၂၀ရက် က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စဥ့်ကိုင်ရွာလယ်မှ ရှင်ပင်ဆိပ်သကြားထုဘုရားဝန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
😡33🔥7👍4🤬3😢3👎2🥰2
■ကဗျာ
"စစ်ကြီးက ကဗျာဆန်တယ် "
◼️လူရောင်လွင်
သေဆုံးသူရဲ့ သွေးနဲ့ စီးတဲ့
မြစ်ရေကို ဆယ်ယူပြီး
ငါတို့အဖ လယ်ယာလုပ်ရတယ်
‘ပြန်မလာတော့ဘူးလို့ မပြောရဘူး’ လို့ ပြောနေတုန်း
ပြန်မလာသူဟာ ရပ်တန့်သွားတယ်
စစ်ကြီးက ကဗျာဆန်တယ်
ငါ့သူငယ်ချင်းဟာ
သူ့ရဲ့ ကွေးကောက်နေတဲ့ ကျောရိုးကို ထုတ်ပြပြီး
‘ငါဘာမှ မလုပ်ရသေးဘူး’ လို့ ပြောတယ် …
အိမ်မက်ထဲမှာ
တန်းစီနေတဲ့ စစ်ခမောက်တွေကို မြင်နေရပြီး
လန့်နိုးတော့ စစ်ခမောက်ဟာ အပေါက်ဖြစ်နေပြီ
‘လန့်နိုးခွင့်တောင်မရှိတော့ဘူး’ လို့
ပြန်မလာသူကပြောတာကို
ငါဟာ ခရုခွံလေးထဲကနေကြားရတယ်
တကယ့် တကယ် ကျတော့
လက်တဖက်က သေနတ်ကိုင်ထားရင်
နောက်လက်တဖက်က
မိမိ အသက်ကို ကိုင်ထားရတယ်
မင်းအိမ်နောက်ဖေး မြေကွက်လပ်လေးမှာ
ငါစောင့်နေမယ်
ပြန်မလာသူဟာ သံလိုက်အိမ်မြောင်ကို
လည်မှာ ဆွဲထားတယ်
ပြန်မလာသူဟာ
စစ်ပြီးစ ကမ်းခြေမှာ တင်ကျန်နေတဲ့
ဖိနပ်တွေကို လိုက်ကောက်နေတယ်
ငါတို့အားလုံးရဲ့ ဖိနပ်တွေမှာ သွေးတွေနဲ့
ကမ်းခြေဟာ လှိုင်းဖြူဖြူတွေနောက်ကို
လွန့်လူးပြီး ပါသွားတယ်။
(The Call - ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'လူရောင်လွင်' ရေးဖွဲ့ခဲ့တဲ့ "စစ်ကြီးက ကဗျာဆန်တယ်" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

👍47🤣7🫡3
စစ်ကောင်စီကထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း စတင်နိုင်ရန် အပူတပြင်ကြိုးပမ်းနေ
ကျော်ဇော/People's Spring
စစ်ကောင်စီကထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း
ပြန်စနိုင်ရန် နယ်မြေရှင်းလင်းရေးအပါ အဝင် စီမံ
ကိန်းဧရာအနီးဝန်းကျင်ကျေးရွာများကို အင်အားရာချီဖြင့်စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိကြောင်းထာဝယ်ခရိုင်အခြေ စိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။
စီမံကိန်းဧရိယာအနီးတည်ရှိသည့် နဘုလည်၊ ပရဒတ်ရွာ၊ မယင်းကြီးရွာ၊ ဘဝါရွာနှင့် ဇာဒီရွာများသို့ အင်အားရာချီ ဖြင့်ကုန်ကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်နေသည့်အပြင် ရေကြောင်းမှလည်း ဆိပ်ကမ်းအနီး စစ်သင်္ဘောများအဆင်သင့်ပြင်
ဆင်ထားသည်ကို တွေ့ရှိရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
"ကံပေါက်-မောရ၀တီ ရေတပ်ဖက်ကနေလည်း
ဇာဒီလမ်းအတိုင်း ရေနက်ဆိပ်ကမ်းဖက်ကိုဦးတည်ပြီး တစ်ကြောင်းဆင်းနေတာရှိတယ်။ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းတွေခွဲပြီး ထိုးနေတယ်လို့ယူဆရတယ်ဗျ"ဟု ထားဝယ်ခရိုင်အခြေစိုက် တော် လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီသည်ရေနက်ဆိပ်ကမ်းနှင့်ဆက်စပ်
သည့် ကျေးရွာများကို ပိတ်ဆို့၍ စစ်ကြောင်းများထိုးနေခြင်းဖြစ်ပြီး ပင်လယ်ပြင် ၌ ရေတပ်စစ်
သင်္ဘောများ အရန်သင့်ချထားသည့်အပြင် ထား
ဝယ်မြို့နှင့် သက်ရက်ချောင်းမြို့ကြားတွင်စစ်တပ်
လေထီး (Paramotor)များ လေ့ကျင့်ပျံသန်းမှုကိုပါလုပ်နေကြောင်း၎င်းကဆက်ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယခုမတ်လဆန်းက ရုရှားနိုင်ငံသို့ သွား
ရောက်ခဲ့သည့်ခရီးစဥ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ဆောင်ရန် နှစ်နိုင်ငံနား
လည်မှုစာချွန်လွှာရေးထိုးခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ စီမံကိန်းအမြန်ဆုံးပြစနိုင်ရန် အပူတပြင်း ကြိုးပမ်းလာနေခြင်း ဖြစ်သည်။
"စစ်ကောင်စီက ရေနက်ဆိပ်ကမ်းကို မဖြစ်မနေ
အမြန်ဆုံးအစပျိုးဖို့ ပြင်ဆင်နေတယ်။ အဲကြောင့်လည်း ရေနက်ဆိပ်ကမ်းဧရိယာတလျှောက် အင်အားသုံးပြီး စစ်ကြောင်းထိုးလာတာသိသာလာတယ်။ ပင်လယ်ပြင်မှာလည်းစစ်သင်္ဘောတွေ အဆင်သင့်စောင့်နေတယ်။လေကြောင်းပါ ပါလာနိုင်ချေရှိတယ်။နောက်တစ်ခုကလေကြောင်းအပြင် Paramotor တွေလည်း ပါလာလိမ့်မယ်ထင်တယ်ဗျ"ဟုတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့်စစ်ရေးအခြေအနေများအရ ဗုံးခို ကျင်းများတူးထားခြင်း၊ စစ်ကောင်စီလှုပ် ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၊ စစ်ရေးသတင်းများအားနားစွင့်ခြင်းအပါအဝင် လိုအပ်လာနိုင်ခြေများအား ကြို တင်တွက်ဆ၍ ပြင်ဆင်မှုများလုပ်ထားကြရန် ၎င်းတော်လှန်ရေးသတင်းရင်း မြစ်က တိုက်တွန်းသည်။
"အနည်းဆုံးကတော့ ကိုယ်နေတဲ့အနီးဆုံးနေရာမှာ ဗုံးခိုကျင်းတွေတူးထားရမှာပါ။ မတူးလို့ မရဘူးဗျ။ နောက်တစ်ခုက ကိုယ့်အနီးနားပတ်၀န်းကျင်မှာရောက်လာတဲ့ရန်သူသ တင်းတွေသိအောင် လုပ်ထားရမှာပါ။ အရေးပေါ်ရှောင်တိမ်းတာတွေလုပ်ရပြီဆိုရင် ရန်သူသတင်းမသိဘဲ ဘယ်လိုမှ ဖောက်ထွက်လို့ရနိုင်မှာမဟုတ်ဘူး။ လေကြောင်းသတင်းချယ်လ်နယ်လ်တွေကို စောင့်ကြည့်နေပါ။ တိုက်ပွဲသတင်းတွေ နားထောင်ပါ။ အခြေနေက ထပ်ဆိုးလာဖို့ပဲရှိပါတယ်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြဖို့လိုတယ်ဗျ"ဟု၎င်းက မှတ်ချက်ပေးသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်း၏ရုရှားခရီးစဥ်အတွင်း ထားဝယ်ရေးနက်ဆိပ်ကမ်းစီမံကိန်းလုပ်ပိုင်ခွင့်အား ရုရှားအာ
ဏာပိုင်များအားလုပ်ပိုင်ခွင့်ပေး၍ ရုရှားအကူအညီဖြင့် ပြည်တွင်း၌နျူကလီးယားစက်ရုံတည်
ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရေး အလဲအလှယ်လုပ်ခဲ့ခြင်းဟု နိုင်ငံတကာသတင်းများက သုံးသပ်ကြသည်။

👍51🤬27❤7😁2😢2🖕2😡2🌚1
ARSAနှင့် RSO ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူး
လွန်ခဲ့ဟု Fortify Rights ထုတ်ပြန်
အီယိုရီ/People’s Spring
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိိုင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်
စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူး
လွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
“ကျွန်ုပ် အချိန်မရွေး အသတ်ခံရနိုင်တယ်’ - ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအပေါ် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားပြင်းထန်သောချိုးဖောက်မှုများ ခေါင်းစဥ်ဖြင့် မတ်လ ၁၈ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအစီရင်ခံစာထုတ်ပြန်သည့်ရက်တွင် တိုက်
ဆိုင်စွာ အာရ်ကန် ရိုဟင်ဂျာ ကယ်တင််ရေး တပ်မ
တော် -Arakan Rohingya Salvation Army (ARSA)၏ ခေါင်းဆောင်ဖြစ်သူ အာတာအူလာကို အား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
“ဘင်္ဂလားဒေ့ရှ်နိိုင်ငံရဲ့ ရိိုဟင်ဂျာဒုက္ခသည်စခန်း
တွေမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက ကျုးလွန််ခဲ့တဲ့ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ညှဥ်းပန်းနှိပ်စက်မှု နဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်
ထုတ်ထားတဲ့ Fortify Rights ရဲ့ အစီရင်ခံစာအသစ်ထုတ်ပြန်ခဲ့တဲ့နေ့မှာပဲ ARSA ရဲ့ ခေါင်း
ဆောင်နဲ့ အကြီးပိုင်းတချို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု Fortify Rights က ဆိုသည်။
Fortify Rights ၏ အစီရင်ခံစာအသစ်တွင် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းစသည့် နှစ်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိသော လူသေစေသည့် အကြမ်း
ဖက်မှုများကို အသေးစိတ်ဖော်ပြထားကြောင်း
သိရသည်။
“ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းအကြမ်း
ဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ARSA နဲ့ RSO အဖွဲ့ဝင်တွေအပါအဝင် တာဝန်ရှိသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်” ဟု Fortify Rights ဒါရိုက်တာ John Quinley က ပြောသည်။
ARSA နှင့် RSO လက်နက်ကိုင်များသည် မြန်မာ
နိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွင် ပါ
ဝင်ဆက်နွှယ်နေပြီး မြန်မာစစ်တပ်ဘက်မှနေ၍ ရခိုင်ပြည်နယ်တွင်အာရက္ခတပ်တော်(AA)ကိုတိုက်ခိုက်နေကြောင်းလည်း Fortify Rights က ထုတ်ပြန်သည်။
အထက်ပါလက်နက်ကိုင်နှစ်ဖွဲ့သည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လက်နက်ကိုင်လှုပ်ရှားမှုများကို အားဖြည့်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များကို ဖမ်းဆီးကာ မြန်မာနိုင်ငံတွင် စစ်တိုက်ရန် အတင်းအကျပ်ခိုင်းစေခဲ့ကြောင်းနှင့် ယင်းလုပ်ရပ်များသည် စစ်ဥပဒေများကို ပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ကာ စစ်ရာဇဝတ်မှုများအဖြစ် စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights က အစီရင်ခံတိုက်တွန်းသည်။
ထို့အပြင် Fortify Rights ၏ အစီရင်ခံစာတွင်
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်းမှ
ရိုဟင်ဂျာအမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကျူးလွန်သည့် လက်နက်
ကိုင်အဖွဲ့များ၏ အချို့သော လုပ်ရပ်တို့သည် ဘင်္ဂလားဒေ့ရှ်ရှိ ရာဇဝတ်မှုများနှင့်မြန်မာနိုင်ငံတွင် ဖြစ်
ပွားလျက်ရှိသောလက်နက်ကိုင်ပဋိပက္ခအကြား
ထင်ရှားသည့်ပတ်သက်ဆက်နွှယ်မှုရှိရာစစ်ရာ
ဇဝတ်မှုမြောက်သည်ဟု ယုံကြည်ရလောက်သည့် ကျိုးကြောင်းဆီလျော်သောအထောက်အထားများ ရှိနေကြောင်း ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်
လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)စသည်တို့ ပါဝင်သော နိုင်ငံတကာတရားမျှတမှုဆိုင်ရာ ယန္တရားများအနေဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ပါဝင်လှုပ်ရှားနေသော ရိုဟင်ဂျာလက်
နက်ကိုင်အဖွဲ့များကို စုံစမ်းစစ်ဆေးပြီး စစ်ရာဇ
ဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရန် Fortify Rights က အကြံပြုသည်။
Fortify Rights ၏ အစီရင်ခံစာအရ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း လက်
နက်ကိုင်အဖွဲ့များက ကျူးလွန်သည့် သတ်ဖြတ်မှုများမှာ ၂၀၂၁ ခုနှစ်တွင် ၂၂ဦး၊ ၂၀၂၂ ခုနှစ်တွင် ၄၂ဦး၊ ၂၀၂၃ ခုနှစ်တွင် အနည်းဆုံး ၉၀ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၆၅ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

👍67🤮4❤2🤣2🥰1👏1