စာမေးပွဲပြီးတဲ့ညမှာပဲ စစ်ကိုင်းတိုင်းအတွင်းကပထမဆုံးမြို့သိမ်းတိုက်ပွဲ စဖို့ တော်လှန်ရေးတပ်တွေပြင်ဆင်ခဲ့ပါတယ်။အဲဒီအချိန် တိုက်ပွဲအတွင်းလိုက်ပါဖို့ ဆေးတပ်သား(ဆရာဝန်)တွေလိုအပ် နေပါတယ်။
“စာမေးပွဲပြီးလို့ စိတ်တွေပေါ့ပါး နေတဲ့အချိန်အဲဒီညမှာပဲဆရာက ရှေ့သွားရမယ်။မင်းလိုက်မလားလို့မေးတယ်။သူကဇွတ်ခေါ်တာတော့မဟုတ်ပါဘူး”လို့ ကိုကျော်ကိုကပြောပါတယ်။
တိုက်ပွဲအတွင်းလိုက်ပါဖို့ ကိုကျော်ကို ရွေးချယ်လိုက်ပါတယ်။ကံကောင်းတယ်လို့ဆိုရမှာပါ။မြို့ကိုမသိမ်းနိုင်ခဲ့ပေမယ့် ရဲဘော်တွေထိခိုက်မှုနည်းပါးခဲ့ပြီး အကျဆုံးမရှိခဲ့တာပါ။ဒါပေမယ့် ၂ ရက်လို့ တွေးထားတဲ့ခရီးဟာ ၇ရက်အထိကြာမြင့်ခဲ့ပါတယ်။
အဲဒီနောက် တလလောက်အကြာမှာပဲ စစ်ကိုင်း
တိုင်းအတွင်းကမြို့နယ်တခုကစခန်းသိမ်းတိုက်ပွဲ
စခဲ့ပါတယ်။
https://www.ludunwayoo.com/feature-mm/2025/03/19/115118/

LuduNwayOo
စစ်အာဏာရှင်ကို ခွဲခန်းဓါးနဲ့တော်လှန်နေတဲ့ဆရာဝန်
မိခင်ဖြစ်သူရဲ့ ဒုက္ခအိုးဖြစ် နေပေမယ့် ပြည်သူတွေ အားကိုးရတဲ့ ဆရာဝန်တယောက်ဖြစ်အောင် တော့ သူကြိုးစား နေတယ်လို့ဆိုပါတယ်။သူ့ရဲ့လူငယ်ဘဝ ဆေး ကျောင်းသားဘဝကို ၄နှစ်တာ တောထဲမှာ ကုန်ဆုံးခဲ့ရပေမယ့် တော်လှန်ရေးနဲ့ပတ်သက်ပြီး ယုံကြည်ချက်တွေကတော့ခိုင်မာနေဆဲပါ။
❤62👍26🥰2👎1🤮1💩1
စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေ
ဟန်နွေ/People’s Spring
စစ်ကောင်စီက စာသင်ကျောင်းများအပါအဝင် အရပ်သားနေထိုင်ရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျောင်းသားများမှာ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုခဲ့ကြရကြောင်း KNU ဗဟိုနှင့် သတင်းရင်းမြစ်အချို့က ပြောသည်။
KNU ဗဟို၏ ယနေ့(မတ်လ ၂၂ရက်)နံနက် ထုတ်ပြန်ချက်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် အကြောက်တရားများကြားမှ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ်စာမေးပွဲအား ဖြေဆိုပြီးစီးကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ရာဘာတောအတွင်း စာသင်ခုံများချ၍ စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများ၏ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။
ကရင်အမျိူးသားအစည်းအရုံးအုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများရှိနေသော်လည်း တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ်စာမေးပွဲကို တာဝန်ရှိခေါင်းဆောင်များနှင့် ကျောင်းဆရာ၊ဆရာမများ၏ ပူးပေါင်းဆောင်ရွှက်မှုဖြင့် မတ်လ ၁၄ရက်က အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ဟု KNUက အသိပေးသည်။
အဆိုပါ ကော်သူးလေအစိုးရစစ် စာမေးပွဲအား Karen Education Culture Department (KECD) Grade - 6၊9၊12 စသည့် အတန်းပညာရေးကျောင်းသား ကျောင်းသူများမှ နှစ်စဉ်နှစ်တိုင်းဖြေဆိုရခြင်း ဖြစ်သည်ဟု ထုတ်ပြန်သည်။
"အခုလောလောဆယ်ကတော့ ဒါကတော့ အဲဒီ တပ်မဟာ(၆)တခုတည်းမဟုတ်ပါဘူး အခြား ခရိုင်တွေမှာလည်း ကျောင်းတွေ တခြားဆေးရုံဆေးခန်းတွေ အားလုံးသတိထားရ(လေကြောင်းရန် သတိထားရ)တာပေါ့”ဟု KNU သတင်းရင်းမြစ်က နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းရန်အား ဂရုပြုနေထိုင်ရမှု အခြေအနေကို ပြောသည်။
စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများအတွင်းရှိ အရပ်သားနေထိုင်ရာနေရာများကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားပြည်သူသေဆုံးထိခိုက်မှုများ ရှိပြီး ကျောင်းသား၊ကျောင်းသူ၊ ကလေးငယ်များလည်း ထိခိုက်သေဆုံးခဲ့ရမှုများ ရှိခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၂ဦးထက်မနည်းသေဆုံးကာ ၃၆၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများတွင် ကလေးငယ် ၂၂ဦး ပါဝင်သည်။ ထို့ပြင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁၂ ကျောင်း၊ နေအိမ် ၂၀၀ ကျော်၊ ဘာသာရေး အဆောက်အဦး ၂၇လုံး၊ ကျန်းမာရေးအဆောက်အဦး ၁၅လုံး ထိခိုက်ပျက်စီးခဲ့ရဟု အသိပေးထားသည်။

😢71👍18❤4🔥4🤬2🤣2
(စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုနေစဉ်။ ဓာတ်ပုံ - KNU)
👍49❤16😢9🤣5🔥4🤬2
စစ်တပ်ကို ကူညီပံ့ပိုးနေသည့်အခြေအနေများအားလုံးရပ်ဆိုင်းရန် ILO ဆုံးဖြတ်
■စစ်ကောင်စီကို အရေးယူမည့်ဆုံးဖြတ်ချက်ကိုဇွန်လ နောက်ဆုံးပါတ်၌မဲခွဲဆုံးဖြတ်မည်
မတ်-၂၂၊၂၀၂၅။ရဲခေါင်/People's Spring
မြန်မာစစ်တပ်ကို ကူညီပံ့ပိုးနေသည့် အခြေအနေများအားလုံးကိုရပ်ဆိုင်ရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ဆုံးဖြတ်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က လူထုနွေဦးသို့ပြောသည်။
မတ်လ ၁၀ ရက် မှ ၂၀ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သော ILO ၏
(၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်း
အဝေး၌ မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ဆွေးနွေးမှုတွင် စစ်ကောင်စီကိုကူညီပံ့ပိုးနေမှုများကိုရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဟု ဆိုသည်။
စစ်ကောင်စီအပေါ် အရေးယူမည့်ဆုံးဖြတ်ချက်များကို ဇွန်လ ၂၅ ရက်တွင် ကျင်းပမည့် ILO ၏ ညီလာခံ၌ မဲခွဲဆုံးဖြတ်အတည်ပြုမည်ဖြစ်သည်။
"စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်အစိုးရချင်းအကူ
အညီပေးတာပဲ ဖြစ်ဖြစ် ဒါတွေဟာ စစ်တပ်ကိုသွားပြီး အကူ အညီပံ့ပိုးနေတဲ့ အခြေအနေမျိုးမှာရှိတယ်ဆိုရင် ဒါတွေအားလုံးကိုရပ်ဆိုင်ဖို့ပြော
ထားပါတယ်"ဟု ဒေါ်ခိုင်ဇာအောင်က ILO ၏ ဆုံးဖြတ်ချက်ကို ရှင်းပြသည်။
ပြည်ပစီးပွားရေးနှင့် အကူအညီများရပ်ဆိုင်ခံရပါက နိုင်ငံခြားငွေ စစ်အသုံးစရိတ်ရှာဖွေရသည့် စစ်ကောင်စီကိုအကြပ်အတည်း ဖြစ်လာစေမည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ILO ၏ အဆိုပြုဆုံးဖြတ်မှုတွင် စစ်မှု
ထမ်းဥပဒေအရသော်လည်ကောင်း၊စစ်ကောင်စီ
၏ ဖမ်းဆီးခံရမည့် အခြေအနေမှ လွတ်မြောက်ရန်သော်လည်း ကောင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာလာသူများကို မြန်မာနိုင်ငံသို့ပြန်မပို့ရေး ဆိုသည့်အချက်လည်း ပါဝင်သည်။
ILO ၏ ဆုံးဖြတ်ချက်သည် ၎င်း၏အဖွဲ့ဝင် နိုင်ငံအစိုးရအားလုံးနှင့်သက်ဆိုင်ပြီး အဖွဲ့ဝင်နိုင်ငံများ
၏ မဲပေးခွင့်ရှိသော ကိုယ်စားလှယ်များမှ ညီလာ
ခံ၌ အတည်ပြုရမည် ဖြစ်သည်။
"ဆုံးဖြတ်ချက်တွေကို ဘယ်လိုအခြေအနေမျိုးကနေကန့်ကွက်လာနိုင်လဲဆိုရင်တော့ ILOမှာက ဗီတိုအာဏာမရှိပါဘူး။UN (ကုလသမဂ္ဂ)မှာလိုမျိုး တရုတ်က ဗီ တိုအာဏာနဲ့ပယ်ချတာ။ရုရှားက ဗီတိုအာဏာနဲ့ပယ်ချတာမျိုးတွေ မရှိပါဘူး"ဟု CTUM ဗဟိုအလုပ်မှုဆောင်က ပြောသည်။
ILO ၏ စစ်ကောင်စီအပေါ် အရေးယူမည့် အတည်
ပြုချက်မတိုင်ခင်အထိ စစ်ကောင်စီ၏ ချိုးဖောက်၊ကျူး လွန်မှုများကို ဆက်လက်တင်ပြရန်လိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM နှင့် အမျိုး သားညီညွတ်ရေးအစိုးရ NUG အလုပ်သမား ရေးဝန်ကြီးဌာနထံပေးပို့ရန်လည်း တိုက်တွန်းထား သည်။
အဓမ္မစစ်မှုထမ်းခိုင်းခြင်းအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ ILO က ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစ၍အရေးယူရန် ကြိုးပမ်းခဲ့သည်။
လွန်ခဲ့သော ၂၄ နှစ်က နအဖ စစ်အစိုးရလက်
ထက်က မြန်မာနိုင်ငံကို ILO က ပုဒ်မ ၃၃ ဖြင့် အရေးယူခဲ့ပြီး အကြမ်းဖက်စစ်တပ်အဖြစ် သတ် မှတ်ကာ စီးပွားရေးအလုံးစုံပိတ်ဆို့ခဲ့ဖူးသည်။

❤69👍39🤣4🥰1👏1🤮1
"စစ်ကောင်စီကို ILOရဲ့ ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ ၃၃ အရ အရေးယူမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲလို့ ပြောရရင် အဆင့်သတ်မှတ်ချက်သုံးခုနဲ့ အရေးယူလာနိုင်တယ်။ ပထမအဆင့်မှာက မည်သည့်ပူးပေါင်းဆောင်ရွက်မှုမှ မလုပ်ဘူး။ နည်းပညာပိုင်းအရရော၊ ဘဏ္ဍာရေးပိုင်းအရရော၊ ဘာမှထောက်ပံ့မှုမလုပ်ဘူးဆိုတဲ့ ILO အဆင့် Sanction(ဒဏ်ခတ်အရေးယူ)ဖြစ်တယ်။ နောက်တစ်ချက်က နိုင်ငံအဆင့် ILO အဖွဲ့ဝင်တွေက အရေးယူမယ့် အဆင့်မျိုးတစ်ခုရှိပါတယ်။ အဲဒီက အကယ်၍ ILO ကနေပြီး အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ILO အဖွဲ့ဝင်များသည် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်ပြီး သုံးသပ်ပါဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့မယ်ဆိုရင် ILO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့အစိုးရတွေကော ILOရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အလုပ်ရှင်တွေရော ကုမ္ပဏီတွေရောကနေပြီး ILO ရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး အကောင်အထည်ဖော်ရမယ့်ကိစ္စ ဖြစ်သွားရပါလိမ့်မယ်။ ဒါက ဒုတိယအဆင့် Sanctionပေါ့နော်။ နိုင်ငံတကာကနေ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်လိုက်တယ်ဆိုတဲ့ Sanctionမျိုးက ထပ်ပြီးဖြစ်မှာ ဖြစ်ပါတယ်"
▪︎ဒေါ်ခိုင်ဇာအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-CTUM)ဗဟိုအလုပ်မှုဆောင်)
https://www.ludunwayoo.com/interviews-mm/2024/11/14/104165/

“ဒါပထမအဆင့် ပိတ်ဆို့မှုဖြစ်သွားပြီ”
ILO၏ မြန်မာနိုင်ငံအပေါ် အရေးယူလာနိုင်မည့်အခြေအနေများနှင့် ဆက်စပ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
👍79❤11👏1🤮1
မြန်မာအပါအဝင် မသွားသင့်တဲ့
နိုင်ငံတွေ စာရင်းကို ဩစတြေးလျ ထုတ်ပြန်
မတ်-၂၂၊၂၀၂၅။ People's Spring
နိုင်ငံသားတွေ အနေနဲ့ သွားရောက် လည်ပတ်တာမျိုး လုံးဝ မလုပ်ဘဲ ရှောင်ကြဉ်သင့်တယ်ဆိုတဲ့ နိုင်ငံတွေစာရင်းကို ဩစတြေးလျ အစိုးရက ထုတ်ပြန်ခဲ့ရာမှာ မြန်မာလည်း ပါဝင်လာခဲ့ပါတယ်။
အဲဒီစာရင်းထဲမှာပါတဲ့ နိုင်ငံတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှု ပြဿနာတွေ၊ ပြည်
တွင်း မငြိမ်သက်မှုတွေနဲ့ တရားလက်မဲ့ ဖမ်းဆီးမှုတွေ ထူထပ်နေတာကြောင့် ဘေးမကင်းတဲ့ ဇုန်နယ်မြေတွေဖြစ်နေတယ်လို့ဩစတြေးလျက ဆိုပါတယ်။
စာရင်းအပြည့်အစုံကတော့ ရုရှား၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ ဟေတီ၊ အီရန်၊ မြန်မာ၊ တရုတ်၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်း နဲ့ လစ်ဗျားတို့ ဖြစ်ကြပါတယ်။ အဲဒီ နိုင်ငံတွေဟာ မငြိမ်သက်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေသလို နိုင်ငံခြား ခရီး
သွား ဧည့်သည်တွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းကဏ္ဍတွေမှာလည်း ရှုပ်ထွေးတဲ့၊ မူမှန်မဟုတ်တဲ့ သက်
ရောက်မှုတွေ ဖြစ်ပေါ်နေစေတယ်လို့ ဆိုပါတယ်။
အခုလိုသတိပေးကြေညာချက်မျိုး ထုတ်ပြန်တယ် ဆိုတာဟာ လုံခြုံရေး စိုးရိမ်ရတယ်ဆိုတဲ့ အကြံပြု ထောက်ပြမှုမျိုးအပြင် သက်ဆိုင်ရာ ဒေသ၊ နိုင်ငံကို လုံးဝ မသွားသင့်ကြောင်း ထိထိရောက်ရောက် ထောက်ပြမှုလို့လည်း သတ်မှတ်နိုင်ပါတယ်။
နိုင်ငံတကာကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရပ်ဝန်းမှာတော့ နိုင်ငံကြီးတွေဆီက အဲဒီလိုသတိပေး ကြေ
ညာချက်မျိုး ထုတ်ပြန်ခံရတဲ့ နိုင်ငံတွေဟာကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး၊ ဒါမှမဟုတ် ပြန်လည် နာလန်ထူရေး အားထုတ်မှုတွေမှာ အ
ကြီးအကျယ် ထိခိုက်နစ်နာရလေ့ ရှိပါတယ်။
မြန်မာနဲ့ ပတ်သက်ပြီးဩစတြေးလျကအဓိက သတိပေးထားတာကတော့ ၂၀၂၁ ခုနှစ်၊ စစ်အာ
ဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပြည်တွင်း ပဋိပက္ခတွေပဲ ဖြစ်ပါတယ်။ ပြီးတော့အာဏာသိမ်း
ပြီးချိန်ကစလို့ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား ကဏ္ဍဟာ သိသိသာသာ ကျဆင်းလာနေတယ်လို့လည်း ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ် ရောက်
လာတဲ့ထိ အခြေအနေတွေက ထိလွယ်ရှလွယ်နဲ့ ခန့်မှန်းရ ခက်နေဆဲလို့လည်း ဆိုပါတယ်။
ဩစတြေးလျရဲ့ သတိပေးချက်ဟာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ စည်းလွတ်ဘောင်လွတ် ဖမ်းဆီးမှုတွေနဲ့လည်း ဆက်စပ်နေဖွယ် ရှိပါတယ်။ အရပ်သား အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချ အာဏာ
သိမ်းခဲ့တဲ့နောက်စစ်ကောင်စီဟာအရပ်သားအစိုး
ရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွား
ရေး အကြံပေးဖြစ်သူ ဩစတြေးလျ နိုင်ငံသား ရှောင်တာနဲလ်ကို ဖမ်းဆီးပြီး ရက်ပေါင်း ၆၅၀ ကြာ အကျဉ်းချထားခဲ့ဖူးပါတယ်။
ကိုးကား- Travel and Tour World

👍78❤5🔥2😢1
ဖလမ်းမြို့သိမ်းတိုက်ပွဲ လေကြောင်းအပြင်းအထန်ခုခံနေသော်လည်း အောင်ပွဲများရထားဟု CNO/CNDF ပြော
▪️ချင်းမြောက်ပိုင်းရှိ စစ်ကောင်စီတပ်ရင်းhttps://www.ludunwayoo.com/opinion-mm/2025/03/16/114912/စခန်းကို မကြာမီ ပထမဆုံးသိမ်းယူနိုင်မည်ဟု မျှော်လင့်ကြောင်း အသိပေး
မတ်-၂၂၊၂၀၁၅။ဟန်နွေ/People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့် မဟာမိတ်များက ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်နေသလို ချင်းညီနောင် မဟာမိတ် များဘက်ကလည်း အောင်မြင်မှုများရှေ့တိုးရရှိထားဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။
ယနေ့(မတ်လ ၂၂ရက်)ကျင်းပသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်၏ ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်တွင် ဖလမ်းတိုက်ပွဲ အခြေအနေကို အသိပေးပြောကြားလာခြင်းဖြစ်သည်။
စစ်ကောင်စီက ဝေဟင်မှ တောက်လျှောက် အပြင်းအထန် တိုက်ခိုက်လျက်ရှိနေသော်လည်း ဆုတ်ခွာခြင်းမရှိဘဲ စစ်ကောင်စီတပ်ကုန်းများကို သိမ်းယူထားနိုင်ကြောင်း CNO/CNDF တာဝန်ရှိသူက ပြောသည်။
" စစ်ရေးအခြေအနေအရ ဘယ်ပွိုင့်တွေ သိမ်းထားတယ်၊ ဘယ်မှာ ကျနော်တို့နေတယ်ဆိုတဲ့ဟာကျ လတ်တလောမှာပြောပြလို့ အဆင်မပြေသေးတဲ့အနေအထားမှာရှိတယ်"ဟု ဆလိုင်းဝီလီယံချင်းက ပြောသည်။
ထို့အပြင် အခြေအနေ တစ်ရက်ပြီး၊ တစ်ရက် ပိုကောင်းလာပြီး ရဲဘော်များ ရှေ့ဆက်တိုးနိုင်သည်ဟု ဆိုသည်။
" ကျနော်တို့ ရရင်ရသလောက် နောက်မဆုတ်ဘဲနဲ့ မကြာခင် ချင်းပြည်နဲ့ ချင်းလူမျိုးလွတ်မြောက်ဖို့ အတွက်ကို အကောင်းဆုံးရကို ရရမယ်လို့ မျှော်လင့်ပါတယ်။ သတင်းကောင်းလည်း အမြန်ဆုံးရနိုင်ဖို့ မြေပြင်က တပ်မှူးတွေအပါအဝင် တာဝန်ရှိတဲ့သူတွေ အဘက်ဘက်က ကူညီထောက်ပံ့နေတဲ့ ပြည်သူတွေနဲ့အတူ ကျနော်တို့ လက်ရှိမှာ တိုက်ပွဲဝင်နေပါတယ်”ဟု ၎င်းက ပြောသည်။
မဟာမိတ်အင်အားစုများမှာ တိုက်ပွဲအတွင်းထိခိုက်ကျဆုံးမှုများ ရှိသော်လည်း လက်ရှိ အခြေအနေတွင် ပိုကောင်းမွန်သည့် အနိုင်ရရှိမှုများလည်းရှိဟု အသိပေးသည်။
ဖလမ်းမြို့သည် ချင်းမြောက်၌ စစ်ကောင်စီတပ်ရင်းစခန်းကို ပထမဆုံးတိုက်ခိုက်သည့် တိုက်ပွဲဖြစ်၍ စိန်ခေါ်မှုများစွာရှိနေသည်ဟု CNO/CNDF တာဝန်ရှိသူက ပြောသည်။
" ချင်းပြည်နယ်ရဲ့မြောက်ပိုင်းမှာ တပ်ရင်းအဆင့်ရှိတဲ့စခန်း ပထမဆုံး သိမ်းနိုင်ဖို့ ကြိုးစားဆောင်ရွက်တဲ့နေရာမှာ အားလုံးပါဝင်ပေးကြပါ။ ဒီဟာအောင်မြင်သွားရင် တီးတိန်မြို့သိမ်းပွဲလည်း လွယ်ကူသွားမယ်။ ဟားခါး ထန်တလန်လည်း လွယ်ကူသွားမှာ ဖြစ်တယ်ဆိုတော့ အဲဒါကို စကစလည်းသိတဲ့အတွက်ကြောင့် တောက်လျှောက်ကို ဖိအားပေးပြီးမှ လေကြောင်းနဲ့ ထိုးနေတာလည်းဖြစ်တယ်။နိုင်ဖို့လည်း နီးကပ်နေပါပြီ”ဟု ဆလိုင်းဝီလီယံချင်းက ပြောသည်။
တော်လှန်ရေးတွင် ကိုယ်တက်နိုင်သည့်ဘက်က ပါဝင်ပါက သေချာပေါက်အောင်မြင်မည်ဖြစ်ပြီး ဖလမ်းမြို့သိမ်းပွဲ မကြာခင်အောင်မြင်မှုရရှိကာ အောင်ပွဲကိုအသိပေး ကြေညာနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း CNO/CNDFတာဝန်ရှိသူက ပြောကြားသည်။
ချင်းညီနောင်နှင့် မဟာမိတ်များသည် ၂၀၂၄ နိုဝင်ဘာဒုတိယပတ်တွင် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို တပြိုင်တည်း ဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
မင်းတပ် မြို့ကျပြီးနောက် ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်များလည်း ညတွင်းချင်းဆုတ်ခွာသွား၍ ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်မြို့ကို ချင်းညီနောင်က သိမ်းပိုက်ခဲ့သည်။
ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းအပြင်းအထန်တိုက်ခိုက်ခုခံနေပြီး လေကြောင်းမှ စစ်အင်အားများထပ်မံဖြည့်တင်းလျက်ရှိသည်။ ထိုသို့ စစ်ကူစစ်အင်အားများကိုလည်း ချင်းညီနောင်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးများခဲ့ပြီး စစ်သုံ့ပမ်းများစွာလည်း ဖမ်းဆီးရရှိထားသည်။
CNO/CNDF ပါဝင်သည့် ချင်းညီနောင်သည် မတ်လ ဒုတိယပတ်တွင် ဖလမ်းမြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်ကုန်းအပြီးသတ် သိမ်းပိုက်နိုင်ရေး စစ်ရှိန်မြှင့်လျက်ရှိရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ ဖမ်းဆီးရရှိထားကြောင်းလည်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက အတည်ပြုထားသည်။
တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာသာမက ဖလမ်းမြို့နယ်ရှိ ကျေးရွာအချို့ကိုပါ လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်မှုအချို့လည်းရှိခဲ့သည်။

👍91❤15👏9🤣3
အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ်
မတ်-၂၂၊၂၀၂၅။ People's Spring
ကုလသမဂ္ဂ (UN) အတွင်းရေးမှူးချုပ်က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီယန် ဘိရှော့ဟာ အကျိုးစီးပွားရေးရာ အရှုပ်
အထွေး အခြေအနေတွေအတွက် စွပ်စွဲ ခံနေရပြီး အဲဒီ ပြဿနာက မြန်မာ့ လူ့အခွင့်အရေး မစ်ရှင်တွေအတွက်သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ် မေး
ခွန်းထုတ်စရာတွေ ဖြစ်လာနိုင်ပါတယ်။
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဘိရှော့ရဲ့အရှုပ်အထွေးတွေဟာသူ့ရဲ့အကြံ
ပေးလုပ်ငန်းဖြစ်တဲ့ Julie Bishop & Partners
ကို အကြောင်းပြုပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဩစတြေးလျ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Energy Transition Minerals (ETM)က ဂရင်းလန်မှာ
ရှိနေတဲ့ လုပ်ငန်းရပ်နားထားရတဲ့ ယူရေနီယမ် တူးဖော်ရေး ပရောဂျက် တစ်ခုနဲ့ ပတ်သက်လို့ ဘိရှော့ရဲ့ ကုမ္ပဏီကို အကြံပေးအဖြစ်ငှားရမ်းခန့်အပ်ခဲ့ပါတယ်။ အဲဒီအတွက် ဘိရှော့ရဲ့ ကုမ္ပဏီက ETMကို မဟာဗျူဟာအကြံပြုချက်တွေ၊ ဆက်နွှယ် ပတ်
သက်သူတွေအတွက် ကိုယ်စားဆွေးနွေးပေးတာတွေ၊ အစိုးရနဲ့ ဆက်ဆံရေး ကဏ္ဍတွေမှာ အကူ
အညီ ပေးခဲ့ပါတယ်။
ETM ကဘိရှော့ရဲ့ကုမ္ပဏီနဲ့လက်တွဲအလုပ်လုပ်နေတယ် ဆိုတာကို ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပြီး အဲဒီ လုပ်ငန်းတွေထဲမှာ ဘိရှော့ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်နေတယ် ဆိုတာကိုတော့ မတ်လ ၈ ရက်နေ့မှာ The Saturday Paper သတင်းစာက ထုတ်ဖော် ရေးသားခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ မြန်မာ့အရေး သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Justice for Myanmar (JFM) ဘိရှော့နဲ့ ETM ဆက်စပ်မှုကို ရှုတ်ချခဲ့ပြီး အကျိုးစီးပွားဆိုင်ရာ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန် ထောက်ပြခဲ့ပါတယ်။ အဓိက စိုးရိမ်ရတဲ့ အချက်က ETMဟာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ အိမ်နီးချင်း စူပါပါဝါ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီ တစ်ခုနဲ့ စီးပွားရေး မိတ်ဖက် ဖြစ်နေခြင်းပါ။
ETMရဲ့ မိတ်ဖက် Shenghe Resourcesဟာ တရုတ် အစိုးရရဲ့ အလွှာအသီးသီးနဲ့ ပေါင်းကူးဆက်နွှယ်မှုတွေ ထဲထဲဝင်ဝင် ရှိနေပြီး ယူရေနီယမ် ပရောဂျက် တော်တော်များများကို ချုပ်ကိုင်ထားတယ်လို့ The Saturday Paperက ဖော်ပြခဲ့ပါတယ်။ ၂၀၁၉ တုန်းက ETMဟာ Shengheနဲ့ တရုတ် အစိုးရပိုင် တရုတ်အမျိုးသား နျူက
လီးယား ကော်ပိုရေးရှင်း (CNNC)နဲ့ပါ အတူပူးပေါင်းပြီး တရုတ်မှာ မြေရှားသတ္တု (REM) တူးဖော်ရေး အစီအမံတွေအတွက် ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ အမေရိကန် ကာ
ကွယ်ရေး ဝန်ကြီးဌာနက CNNCဟာ ကွန်မြူနစ် တရုတ်စစ်တပ် ကုမ္ပဏီ တစ်ခုလို့ စွပ်စွဲခဲ့ဖူးပါတယ်။
ဒီတော့တရုတ်နဲ့ နက်နက်ရှိုင်းရှိုင်းအဆက်အသွယ်
ရှိနေတဲ့ ကုမ္ပဏီ တစ်ခုနဲ့ ဘိရှော့က စီးပွားရေးဆိုင်
ရာ ဆက်နွှယ်မှုတွေ ဖြစ်လာတဲ့အခါ ကျင့်ဝတ်ပိုင်းအရမေးခွန်းထုတ်စရာတွေပေါ်လာပါတယ်။တ
ရုတ်ဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို နိုင်ငံရေး၊ စီးပွားရေးအရပံ့ပိုးကျားကန်ပေးထားပြီးလက်နက်
တွေလည်း ထောက်ပံ့ပေးနေပါတယ်။
UN ရဲ့ကျင့်ဝတ်ရေးရာရုံးက အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှုတွေ ကင်းရှင်းဖို့ဆိုရာမှာသွယ်ဝိုက်ပိုင်
ဆိုင်မှု၊ ငွေကြေးကိစ္စ အချိတ်အဆက် စတာတွေ အားလုံးပါ လွတ်လွတ်ကင်းကင်း ဖြစ်နေဖို့ လိုကြောင်း ညွှန်ကြားထားပါတယ်။ နောက်ပြီး UNရဲ့ အရာရှိတွေဟာ အစိုးရတွေ၊ ပြင်ပအဖွဲ့အစည်းတွေနဲ့ သဘောတရားရေးရာ လွှမ်းမိုးခံရမှုတွေ၊ ညွှန်ကြားမှုတွေအောက်က ကင်းလွတ်နေဖို့ လိုတယ်လို့လည်း ဖော်ပြထားပါတယ်။
လက်ရှိ အခြေအနေမှာတော့ဘိရှော့ဟာ UNမှာ သူတာဝန်ယူထားတဲ့ ရာထူးနဲ့ ပုဂ္ဂလိကပိုင် စီးပွားရေး အလုပ်မှာ ဆက်နွှယ် ရှုပ်ထွေးမှုတွေ ဖြစ်လာခဲ့ပါတယ်။ ETMဟာ မြန်မာနိုင်ငံမှာ၊ တစ်နည်းအား
ဖြင့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စီးပွားရေး လုပ်
ငန်းတွေမှာ တိုက်ရိုက် ပတ်သက်တာမျိုးတော့ မရှိသေးပါဘူး။
Asia Timesရဲ့ ဆောင်းပါးထဲမှာတော့ UNအနေနဲ့ ပွင့်လင်းမြင်သာတဲ့ ကျင့်ဝတ်ရေးရာ စုံစမ်းမှု တစ်ခုကို လုပ်ဆောင်ပြီး အခြေအနေကို ရှင်းလင်းသင့်ကြောင်းဖော်ပြထားပြီး ဘိရှော့ကိုယ်တိုင်မြန်မာ
နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကနေ နုတ်ထွက်ခြင်းကတော့ အကောင်းဆုံး ဖြေရှင်းမှု ဖြစ်လိမ့်မယ်လို့ ရေးသားထားပါတယ်။
လောလောဆယ်မှာတော့ ဘိရှော့ရဲ့ ကုမ္ပဏီဖက်က ဖြေရှင်းထားရာမှာ သူတို့ရဲ့အခန်းကဏ္ဍဟာ အကြံ
ပေး သက်သက်သာဖြစ်ပြီး မဟာဗျူဟာ ဆန်းစစ်မှုတွေနဲ့အကြံဉာဏ်တွေဆွေးနွေးတင်ပြဖို့သာ ဖြစ်
ကြောင်း၊ တစ်နည်းအားဖြင့် အမှုဆောင် အခန်းကဏ္ဍတွေမှာ မပါဝင်သလိုဥပဒေရေးရာနဲ့ ဘဏ္ဍာ
ရေး အကြံပေးမှုတွေလည်းမရှိကြောင်း၊ ဒါကြောင့်
အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ယုတ္တိမရှိကြောင်း တုံ့ပြန်ထားပါတယ်။
လက်ရှိမှာ ဩစတြေးလျ အမျိုးသား တက္ကသိုလ်ရဲ့ အဓိပတိ တာဝန်ကိုလည်း ယူထားတဲ့ ဘိရှော့ ကိုယ်တိုင်ကတော့ အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ
မပေးသေးဘူးလို့ သိရပါတယ်။
ကိုးကား- Asia Times

👍72😁3❤1
မတော်ရာမှာ အပူလောင်သွားတဲ့ deliveryသမားကို ဒေါ်လာ သန်း ၅၀ လျော်ရတော့မယ့် Starbucks | People's Spring
https://youtu.be/EA3nsdFKYGQ
https://youtu.be/EA3nsdFKYGQ
YouTube
မတော်ရာမှာ အပူလောင်သွားတဲ့ deliveryသမားကို ဒေါ်လာ သန်း ၅၀ လျော်ရတော့မယ့် Starbucks | People's Spring
မတော်ရာမှာ အပူလောင်သွားတဲ့ deliveryသမားကို ဒေါ်လာ သန်း ၅၀ လျော်ရတော့မယ့် Starbucks
ဆိုင်ဝန်ထမ်းရဲ့ ပေါ့ဆမှုကြောင့် မတော်ရာမှာ ပြင်းပြင်းထန်ထန် အပူလောင်သွားခဲ့တဲ့ deliveryသမားကို Starbucks ကော်ဖီဆိုင် လုပ်ငန်းက နစ်နာကြေး ဒေါ်လာ သန်း ၅၀ ပေးဖို့ တရားရုံးတစ်ခုက…

👍45❤4🖕1
ထရမ့် အရမ်း အားထားတဲ့ သွင်းကုန် အခွန်စည်းကြပ်မှုတွေ ဆိုတာ … | People's Spring
https://youtu.be/p3WKmxo9ENI

ထရမ့် အရမ်း အားထားတဲ့ သွင်းကုန် အခွန်စည်းကြပ်မှုတွေ ဆိုတာ …
ဒီကာလ နိုင်ငံတကာရေးရာတွေ ပြောကြဆိုကြတဲ့အခါ မပါမဖြစ်ပါလာပြီး ခြိမ်းသံခြောက်သံလိုတောင်ဖြစ် လာတဲ့ ဝေါဟာရတစ်ခုရှိပါတယ်။ အဲဒါကတော့ tariff ဆိုတဲ့ စကားရပ်ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ရာထူးကို ဒေါ်နယ်လ်ထရမ့်…

👍48🖕1
ဖူဂျီမီးတောင်ပေါက်ကွဲခဲ့ရင်တုံ့ပြန်ရမယ့်အစီအမံ
တွေအတွက် ဂျပန်ပညာရှင်တွေကြိုတင်လေ့လာ
မတ်-၂၂၊၂၀၂၅။ People's Spring
နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ ဖူဂျီမီးတောင်ကြီးသာအကြီးအကျယ်ပေါက်ကွဲခဲ့မယ်ဆိုရင်ဘယ်လိုစီမံတုံ့ပြန်ရမလဲဆိုတာကို ဂျပန်အစိုးရက ခန့်အပ်တဲ့ အဖွဲ့တစ်ခုက သုတေသနပြု ဆန်းစစ် လေ့လာနေကြပါတယ်။
ကျူရှူးကျွန်းပေါ်မှာ တည်ရှိပြီးဂျပန်နိုင်ငံရဲ့အထိမ်းအမှတ် သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ဖူဂျီမီးတောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်၊ ၁၇၀၇ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးပါတယ်။
မီးတောင်ပညာရှင်တွေ၊ ကပ်ဘေးဆိုင်ရာ တုံ့ပြန်စီမံရေး ကျွမ်းကျင်သူတွေ ပါဝင်တဲ့အဖွဲ့ဟာ မျက်
မှောက်ကာလမှာ ဖူဂျီမီးတောင် ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ချော်ပြာတွေ အလုံးအရင်း မှုတ်ထုတ်လာမယ်ဆိုရင် ဘယ်လို အခြေအနေတွေ ရင်ဆိုင်လာရမလဲ ဆိုတာကို ဆန်းစစ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်လို့ ဖူဂျီမီးတောင်သာ ပြင်းပြင်းထန်ထန် ပေါက်ကွဲမယ်ဆိုရင် တိုကျိုမြို့တော်ရဲ့ ကျယ်ပြန့်တဲ့ဧရိယာတော်တော်များများ၊ကာနာဂါဝါဒေသတွေကိုချော်ပြာတွေဖုံးလွှမ်းသွားနိုင်ခြေရှိပါတယ်။
အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင် တိုကျိုရဲ့လူနေထူ
ထပ်တဲ့ နေရာတွေနဲ့ တခြား မီးတောင်ပတ်ဝန်း
ကျင် ဒေသတွေမှာ နေထိုင်သူတွေ တစ်စုတဝေးတည်း ခပ်မြန်မြန် ထွက်ပြေးနိုင်ဖို့ ဆိုတာက လက်
တွေ့ မကျတော့ကြောင်း ပညာရှင် အဖွဲ့ကကောက်
ချက် ချထားပါတယ်။
တုံ့ပြန်ရေးအစီအစဉ်အနေနဲ့ကတော့ လူနေဧရိယာတွေထဲ ကျဆင်းလာမယ့် ချော်ပြာတွေရဲ့ထုထည် ပမာဏကို မူတည်ပြီး သတိပေးချက် အဆင့်ကို ၄ ခု ခွဲခြား သတ်မှတ်ထားပါတယ်။
အဆင့် ၁ ကတော့ ထုအားဖြင့် ၃ စင်တီမီတာအောက်သာ ရှိတဲ့ ချော်ပြာတွေ ကျဆင်းတဲ့ နေရာတွေဖြစ်ပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ မလိုဘူးလို့ ဆိုပါတယ်။ ဒေသခံတွေ အနေနဲ့ လုံခြုံတဲ့ အမိုးအကာတွေအောက်မှာ ယာယီ ခိုလှုံနေရုံနဲ့ လုံလောက်ပါတယ်။
အဆင့် ၂ ကတော့ ၃ စင်တီမီတာကနေ ၃၀ စင်တီမီတာထိ ချော်ပြာတွေ အများအပြား ကျဆင်းပေမယ့် လျှပ်စစ်မီး၊ သောက်သုံးရေစတဲ့ အခြေခံ လို
အပ်ချက်တွေ အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်တဲ့ ဒေသမျိုးတွေကို သတ်မှတ်ပါတယ်။ အဆင့် ၁ နဲ့ ၂ အတွင်း အကျုံးဝင်တဲ့ နေရာတွေမှာ ရှိနေသူတွေဟာ ချက်ချင်း ရွှေ့ပြောင်းစရာ မလိုဘူးလို့ သုတေသန အဖွဲ့က ဆိုပါတယ်။
အဆင့် ၃ ကတော့ ၃ စင်တီမီတာနဲ့ ၃၀ စင်တီမီတာကြား ထုထည်ရှိတဲ့ ချော်ပြာတွေ ကျဆင်းပြီး အ
ရေးပေါ် အခြေခံ အဆောက်အအုံတွေ ပြန်ပြင်ဆင်ဖို့ ခက်ခဲမယ့် နေရာမျိုးတွေ ဖြစ်ပါတယ်။
အဆင့် ၄ သတ်မှတ်ချက်ကတော့ချော်ပြာတွေ ၃၀ စင်တီမီတာထုထည်ထက် ပိုပြီး ထူထူထပ်ထပ် ကျဆင်းတဲ့ နေရာတွေ အကျုံးဝင်ပြီး အသက်အန္တ
ရာယ် ခြိမ်းခြောက်မှုကြီးကြီးမားမားရှိတာကြောင့်
ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းမှုတွေ လိုအပ်တဲ့ ဇုန်တွေ ဖြစ်ပါလိမ့်မယ်။
မီးတောင်ပေါက်ကွဲမှုဖြစ်လာပြီး ရုတ်တရက်မရွှေ့
ပြောင်းနိုင်တဲ့ အခြေအနေမှာလည်း ဒေသခံတွေဟာ နှစ်ပတ်စာလောက် ဖူလုံမယ့် ရိက္ခာခြောက်တွေကြိုတင် စုဆောင်းထားသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ နောက်ပြီး အစိုးရ အနေနဲ့ မီးတောင်ချော်ပြာတွေ ကျဆင်းမှု ဖြစ်နိင်ခြေ ခန့်မှန်းချက်တွေ အပါအဝင်သတင်းအချက်
အလက်တွေ ထိထိရောက်ရောက် ဖြန့်ဝေပေးမယ့် စနစ်တစ်ခုထူထောင်ထားသင့်ကြောင်းလည်း အ
ကြံပြုခဲ့ပါတယ်။
ဗဟိုအစိုးရအပြင် ဒေသဆိုင်ရာ အစိုးရတွေကပါ လိုအပ်လာရင်အရေးပေါ် ရွှေ့ပြောင်းမှု လမ်း
ကြောင်းတွေကို ကြိုတင် စီစဉ် ရွေးချယ်ထားသင့်ကြောင်းလည်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
ဂျပန်ဟာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ရင် အားကောင်းတဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့် မီးတောင်ချော်ပြာတွေ အလုံးအရင်း ကျဆင်းလို့ လူအများအပြား ရွှေ့ပြောင်းရတဲ့ အ
ခြေအနေမျိုး မကြုံဖူးတာ နှစ်ပေါင်း ၁၀၀ လောက် ရှိနေပြီ ဖြစ်တဲ့အတွက် အဲဒီကိစ္စမျိုးအတွက် ထိထိရောက်ရောက် ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်လာနေပြီလို့ တိုကျို တက္ကသိုလ် ပါမောက္ခ အမ်မရီတက်စ် ဖူဂျီး တိုရှီဆူဂါက ပြောကြားသွားပါတယ်။
ဂျပန်မှာအမြင့်ဆုံးဖြစ်ပြီး ၃၇၇၆ မီတာ(၁၂၃၈၈ ပေ). အမြင့်ရှိတဲ့ မီးတောင်ကြီး ၁၇၀၇ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ချိန်မှာ ၁၆ ရက်ကြာမြင့်ခဲ့ပြီး မျက်မှောက်ခေတ် တိုကျိုမြို့လယ်ခေါင် ဖြစ်လာမယ့် နေရာမှာ ၄ စင်တီမီတာလောက် ထုရှိတဲ့ ချော်ပြာတွေ ဖုံးလွှမ်းခဲ့ဖူးတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
ကိုးကား-Japan Today

👍85❤2🔥2
စစ်ကောင်စီ လက်အောက်ကျန်နေသည့် ဒေသများရှိပြည်သူများထံ တော်လှန်ရေးတပ်များလာမည်ဟု KNU ပြော
"ကျနော်တို့ ပြည်သူတွေရှိတဲ့နေရာကို မရောက် ရောက်အောင်လာမယ်။ ကျနော်တို့ အုပ်ချုပ်ရေးစနစ်အသစ်တွေ ပြန်အစားထိုးမယ်"- ပဒိုစောတောနီး
ဟန်နွေ/People’s Spring
စစ်ကောင်စီ လက်အောက်၌ကျန်နေသည့် ဒေသများရှိပြည်သူများထံ မရောက်ရောက်အောင် လာမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။
လက်ရှိ နိုင်ငံရေး၊စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီးသတင်းစကား ပြောကြားပေးရန် မေးမြန်းချက်အပေါ် ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။
"လက်ရှိ စစ်ကောင်စီရဲ့ လက်အောက်မှာ ကျန်နေသေးတဲ့သူတွေအားလုံး သတင်းပေးချင်တာ က ကျနော်တို့က လာကိုလာမယ်။ မရောက်အရောက်လာမယ်။ ကျနော်တို့ ပြည်သူတွေရှိတဲ့နေရာကို မရောက်ရောက်အောင်လာမယ်။ ကျနော်တို့ အုပ်ချုပ်ရေးစနစ်အသစ်တွေပြန် အစားထိုးမယ်။ လူထုဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း တော်လှန်ရေးလုပ်ဆောင်ပြီးတဲ့တချိန်တည်းမှာ အဲဒါကို ထပ်ချပ်မကွာ ကျနော်တို့ ဆက်လက်လုပ်သွားမယ်ဆိုတဲ့ သတင်းကောင်းပေးချင်ပါတယ်"ဟု ပဒိုစောတောနီးက ပြောသည်။
လက်ရှိကာလသည် စစ်အာဏာရှင်အနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အဘက်ဘက် ယိုယွင်းနေသည့် အချိန်ဖြစ်ပြီး လူထုလှုပ်ရှားမှုများကိုလည်း စစ်ကောင်စီ အနေဖြင့် နှိမ်နင်းနိုင်ခြင်းမရှိဟု ပြောသည်။
တော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း နိုင်ငံရေး စစ်ရေး၌အကြပ်အတည်းများ ရှိနေသော်လည်း ယင်းသည်ပင်လျင် တော်လှန်ရေးပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
" ဒီအကြမ်းအတည်းတွေမရှိဘူးဆိုရင် ဒါတော်လှန်ရေးလည်းမဟုတ်တော့ဘူး။ ဘာလို့လည်းဆို ခက်ခဲကြမ်းတမ်းတဲ့အခြေအနေကနေ မဟုတ်မမှန်တဲ့ဟာကို တော်လှန်ပစ်တာလေ။ အဲဒါကြောင့် ကျနော်တို့ ရှိတဲ့ခွန်အားနဲ့ပဲ ကျနော်တို့ ရပ်တည်တယ်"ဟု ပဒိုစောတောနီးက ပြောသည်။
တစ်ဖက်တွင် စစ်ကောင်စီ နယ်မြေများကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကလည်း တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် သိမ်းပိုက်နယ်မြေများကို အုပ်ချုပ်ရေးလုပ်နိုင်မည်မဟုတ်ဟု ဝါဒဖြန်မှုများ ရှိနေကြောင်း ပဒိုစောတောနီးက ပြောပြသည်။
တော်လှန်ရေးလုပ်ဆောင်မှုသည် စစ်တိုက်တာ တခုတည်းမဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူထုဝန်ဆောင်မှု လုပ်ငန်းများကို အမြဲကြိုးစားဆောင်ရွက်နေပြီး ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိကြောင်း ပြောပြသည်။
"ကျနော်တို့ နေရာတွေ ထိန်းသိမ်းနိုင်ပြီဆိုရင် သေသေသပ်သပ်နဲ့ကို ကျနော်တို့အုပ်ချုပ်နိုင် တယ်"ဟု ပဒိုစောတောနီးက ပြောသည်။
ဆက်လက်၍ အုပ်ချုပ်ရေးစနစ်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်သာရှိပြီး နယ်မြေနှင့် လူထုကို ပိုင်နိုင်စွာအုပ်ချုပ်နိုင်သည် ကို သက်သေပြနိုင်ကြောင်း ပြောသည်။
လက်ရှိ အခြေအနေများအရ စစ်အာစာရှင်စနစ် မုချ ကျဆုံးရန်မှာ သေချာကြောင်း၊ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်များ လက်ရှိ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်တိုက်ယူ၍ရမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
တော်လှန်ရေး၌ အခက်အခဲများရှိနေသော်လည်း ရှေ့ဆက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် လက်ကျန်နယ်မြေများရှိ ပြည်သူများရှိရာသို့ မရောက်ရောက်အောင် လာမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောကြားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များကလည်း ယခု ၂၀၂၅တွင် တော်လှန်ရေးအတွက်သိသာသည့် အပြောင်းအလဲကို ဖော်ဆောင်ရန်ရှိကြောင်း အသိပေးထားပြီး စစ်အာဏာသိမ်းမှု အဆုံးသတ် စေနိုင်ရေးအတွက် အထွေထွေထိုးစစ်ကြီးတရပ်ပြုလုပ်သွားရန်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က မကြာသေးမီက အသိပေးထားသည်။

👍100❤17🤣4🔥2