People's Spring
64.7K subscribers
64.1K photos
1.12K videos
3 files
2.8K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
60👍23🔥1
အာဏာရှင်တွေဟာ ဘဝတူအာဏာရှင်တွေအား
လုံးကိုအဓွန့်ရှည်တည်တံ့စေချင်တဲ့ စေတနာကို ပိုင်ဆိုင်ထားကြတာပါ။

လစ်ဗျားက ကဒါဖီဘာဖြစ်သွားလဲဆိုတာကိုသူတို့အားလုံး မြင်တွေ့ထားခဲ့ပြီး တစ်နိုင်ငံဒီမိုကရေစီရသွားခဲ့ရင် ကျန်တဲ့နိုင်ငံတွေလည်း တစ်ခုပြီးတစ်ခုပြိုလဲသွားမယ်ဆိုတာ သူတို့သိနေကြတယ်လို့ ဒေါက်တာဟောလ်က ဆိုပါတယ်။

“အဲဒီတော့အသက်ရှင်ရပ်တည်ဖို့အတွက်က (သူတို့အချင်းချင်းအပြန်အလှန်) လေ့လာ၊ ပူးပေါင်းဆောင်ရွက်ပြီးနည်းလမ်းတွေကို ဝေမျှကြရမယ်လို့သိထားကြတယ်”လို့ ဒေါက်တာဟောလ်က ပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း (ဒီမိုကရေစီအင်အားစုထက်)နှာတစ်ဖျားသာနေရမှာ မို့လို့ပဲ” လို့သူကမှတ်ချက်ချပါတယ်။

၂၀၀၂ ခုနှစ်က ဘယ်လာရုစ်အာဏာရှင် “အဂ္ဂမဟာသရေစည်သူ အလက်ဇန်းဒါး လူကာရှန်ကို” ကလမ်းပေါ်မှာဆန္ဒပြပွဲတွေကိုနှိပ်ကွပ်ဖို့ လူငယ့်သမဂ္ဂကိုဖွဲ့ခဲ့သလို ရုရှက “ကြွက်မင်း ဗလာဒီမာ ပူတင်”ကလည်း “မျိုးချစ်လူငယ်များအဖွဲ့”ကိုဖွဲ့စည်းခဲ့ပါတယ်။

၂၀၂၀ခုနှစ်မှာရွေးကောက်ပွဲမသမာတာကြောင့်ဘယ်လာရုစ် ပြည်သူတွေဆန္ဒပြပြီး ရုပ်မြင်သံကြား ဝန်ထမ်းတွေ အလုပ်ကနှုတ်ထွက်ကြတဲ့အခါ ပူတင်ကသူ့ဝန်ထမ်းတွေစေလွှတ်ပေးပြီး ရုပ်သံရပ်မသွားအောင် လည်ပတ်စေပါသတဲ့။

တရုတ်ကလည်း ဘယ်လာရုစ်ကို မျက်နှာဖတ်နိုင်တဲ့ Facial Recognition Technology ကိုပေးခဲ့ပြီး Huawei က သုတေသနစင်တာတစ်ခုတည်ဆောက်ပေးခဲ့ပါတယ်။ အာဏာရှင်တွေရဲ့ ရဲဘော်ရဲဘက်စိတ်တွေကတော့ အလန်းဇယားတွေပါပဲ။

https://www.ludunwayoo.com/opinion-mm/2025/03/21/115320/
👍704💩2🖕2
စာမေးပွဲပြီးတဲ့ညမှာပဲ စစ်ကိုင်းတိုင်းအတွင်းကပထမဆုံးမြို့သိမ်းတိုက်ပွဲ စဖို့ တော်လှန်ရေးတပ်တွေပြင်ဆင်ခဲ့ပါတယ်။အဲဒီအချိန် တိုက်ပွဲအတွင်းလိုက်ပါဖို့ ဆေးတပ်သား(ဆရာဝန်)တွေလိုအပ် နေပါတယ်။

“စာမေးပွဲပြီးလို့ စိတ်တွေပေါ့ပါး နေတဲ့အချိန်အဲဒီညမှာပဲဆရာက ရှေ့သွားရမယ်။မင်းလိုက်မလားလို့မေးတယ်။သူကဇွတ်ခေါ်တာတော့မဟုတ်ပါဘူး”လို့ ကိုကျော်ကိုကပြောပါတယ်။

တိုက်ပွဲအတွင်းလိုက်ပါဖို့ ကိုကျော်ကို ရွေးချယ်လိုက်ပါတယ်။ကံကောင်းတယ်လို့ဆိုရမှာပါ။မြို့ကိုမသိမ်းနိုင်ခဲ့ပေမယ့် ရဲဘော်တွေထိခိုက်မှုနည်းပါးခဲ့ပြီး အကျဆုံးမရှိခဲ့တာပါ။ဒါပေမယ့် ၂ ရက်လို့ တွေးထားတဲ့ခရီးဟာ ၇ရက်အထိကြာမြင့်ခဲ့ပါတယ်။

အဲဒီနောက် တလလောက်အကြာမှာပဲ စစ်ကိုင်း
တိုင်းအတွင်းကမြို့နယ်တခုကစခန်းသိမ်းတိုက်ပွဲ
စခဲ့ပါတယ်။


https://www.ludunwayoo.com/feature-mm/2025/03/19/115118/
62👍26🥰2👎1🤮1💩1
စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေ

ဟန်နွေ/People’s Spring

စစ်ကောင်စီက စာသင်ကျောင်းများအပါအဝင် အရပ်သားနေထိုင်ရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျောင်းသားများမှာ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုခဲ့ကြရကြောင်း KNU ဗဟိုနှင့် သတင်းရင်းမြစ်အချို့က ပြောသည်။

KNU ဗဟို၏ ယနေ့(မတ်လ ၂၂ရက်)နံနက် ထုတ်ပြန်ချက်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် အကြောက်တရားများကြားမှ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ်စာမေးပွဲအား ဖြေဆိုပြီးစီးကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ရာဘာတောအတွင်း စာသင်ခုံများချ၍ စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများ၏ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။

ကရင်အမျိူးသားအစည်းအရုံးအုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများရှိနေသော်လည်း တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ်စာမေးပွဲကို တာဝန်ရှိခေါင်းဆောင်များနှင့် ကျောင်းဆရာ၊ဆရာမများ၏ ပူးပေါင်းဆောင်ရွှက်မှုဖြင့် မတ်လ ၁၄ရက်က အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ဟု KNUက အသိပေးသည်။

အဆိုပါ ကော်သူးလေအစိုးရစစ် စာမေးပွဲအား Karen Education Culture Department (KECD) Grade - 6၊9၊12 စသည့် အတန်းပညာရေးကျောင်းသား ကျောင်းသူများမှ နှစ်စဉ်နှစ်တိုင်းဖြေဆိုရခြင်း ဖြစ်သည်ဟု ထုတ်ပြန်သည်။

"အခုလောလောဆယ်ကတော့ ဒါကတော့ အဲဒီ တပ်မဟာ(၆)တခုတည်းမဟုတ်ပါဘူး အခြား ခရိုင်တွေမှာလည်း ကျောင်းတွေ တခြားဆေးရုံဆေးခန်းတွေ အားလုံးသတိထားရ(လေကြောင်းရန် သတိထားရ)တာပေါ့”ဟု KNU သတင်းရင်းမြစ်က နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းရန်အား ဂရုပြုနေထိုင်ရမှု အခြေအနေကို ပြောသည်။

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများအတွင်းရှိ အရပ်သားနေထိုင်ရာနေရာများကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားပြည်သူသေဆုံးထိခိုက်မှုများ ရှိပြီး ကျောင်းသား၊ကျောင်းသူ၊ ကလေးငယ်များလည်း ထိခိုက်သေဆုံးခဲ့ရမှုများ ရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၂ဦးထက်မနည်းသေဆုံးကာ ၃၆၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများတွင် ကလေးငယ် ၂၂ဦး ပါဝင်သည်။ ထို့ပြင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁၂ ကျောင်း၊ နေအိမ် ၂၀၀ ကျော်၊ ဘာသာရေး အဆောက်အဦး ၂၇လုံး၊ ကျန်းမာရေးအဆောက်အဦး ၁၅လုံး ထိခိုက်ပျက်စီးခဲ့ရဟု အသိပေးထားသည်။
😢71👍184🔥4🤬2🤣2
👍69😢278🤣4🤬2👎1🔥1🥰1
(စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုနေစဉ်။ ဓာတ်ပုံ - KNU)
👍4916😢9🤣5🔥4🤬2
စစ်တပ်ကို ကူညီပံ့ပိုး​နေသည့်အ​ခြေအ​​နေများအားလုံးရပ်ဆိုင်းရန် ILO ဆုံးဖြတ်

■စစ်​ကောင်စီကို အ​ရေးယူမည့်ဆုံးဖြတ်ချက်ကိုဇွန်လ နောက်ဆုံးပါတ်၌မဲခွဲဆုံးဖြတ်မည်

မတ်-၂၂၊၂၀၂၅။ရဲခေါင်/People's Spring

မြန်မာစစ်တပ်ကို ကူညီပံ့ပိုးနေသည့် အခြေအနေများအားလုံးကိုရပ်ဆိုင်ရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ဆုံးဖြတ်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က လူထုနွေဦးသို့ပြောသည်။

မတ်လ ၁၀ ရက် မှ ၂၀ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သော ILO ၏
(၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်း
အဝေး၌ မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ဆွေးနွေးမှုတွင် စစ်ကောင်စီကိုကူညီပံ့ပိုး​နေမှုများကိုရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီအပေါ် အရေးယူမည့်ဆုံးဖြတ်ချက်များကို ဇွန်လ ၂၅ ရက်တွင် ကျင်းပမည့် ILO ၏ ညီလာခံ၌ မဲခွဲဆုံးဖြတ်အတည်ပြုမည်ဖြစ်သည်။

"စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်အစိုးရချင်းအကူ
အညီပေးတာပဲ ဖြစ်ဖြစ် ဒါတွေဟာ စစ်တပ်ကိုသွားပြီး အကူ အညီပံ့ပိုးနေတဲ့ အခြေအနေမျိုးမှာရှိတယ်ဆိုရင် ဒါတွေအားလုံးကိုရပ်ဆိုင်ဖို့ပြော
ထားပါတယ်"ဟု ဒေါ်ခိုင်ဇာအောင်က ILO ၏ ဆုံးဖြတ်ချက်ကို ရှင်းပြသည်။

ပြည်ပစီးပွားရေးနှင့် အကူအညီများရပ်ဆိုင်ခံရပါက နိုင်ငံခြားငွေ စစ်အသုံးစရိတ်ရှာဖွေရသည့် စစ်ကောင်စီကိုအကြပ်အတည်း ဖြစ်လာစေမည်ဟု ၎င်းက ဆက်​ပြောသည်။

ထို့အပြင် ILO ၏ အဆိုပြုဆုံးဖြတ်မှုတွင် စစ်မှု
ထမ်းဥပဒေအရသော်လည်ကောင်း၊စစ်ကောင်စီ
၏ ဖမ်းဆီးခံရမည့် အခြေအနေမှ လွတ်မြောက်ရန်သော်လည်း ကောင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်ခွာလာသူများကို မြန်မာနိုင်ငံသို့ပြန်မပို့ရေး ဆိုသည့်အချက်လည်း ပါဝင်သည်။

ILO ၏ ဆုံးဖြတ်ချက်သည် ၎င်း၏အဖွဲ့ဝင် နိုင်ငံအစိုးရအားလုံးနှင့်သက်ဆိုင်ပြီး အဖွဲ့ဝင်နိုင်ငံများ
၏ မဲပေးခွင့်ရှိ​သော ကိုယ်စားလှယ်များမှ ညီလာ
ခံ၌ အတည်ပြုရမည် ဖြစ်သည်။

"ဆုံးဖြတ်ချက်တွေကို ဘယ်လိုအခြေအနေမျိုးကနေကန့်ကွက်လာနိုင်လဲဆိုရင်တော့ ILOမှာက ဗီတိုအာဏာမရှိပါဘူး။UN (ကုလသမဂ္ဂ)မှာလိုမျိုး တရုတ်က ဗီ တိုအာဏာနဲ့ပယ်ချတာ။ရုရှားက ဗီတိုအာဏာနဲ့ပယ်ချတာမျိုးတွေ မရှိပါဘူး"ဟု CTUM ဗဟိုအလုပ်မှုဆောင်က ပြောသည်။

ILO ၏ စစ်ကောင်စီအပေါ် အရေးယူမည့် အတည်
ပြုချက်မတိုင်ခင်အထိ စစ်ကောင်စီ၏ ချိုးဖောက်၊ကျူး လွန်မှုများကို ဆက်လက်တင်ပြရန်လိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM နှင့် အမျိုး သားညီညွတ်ရေးအစိုးရ NUG အလုပ်သမား ရေးဝန်ကြီးဌာနထံပေးပို့ရန်လည်း တိုက်တွန်းထား သည်။

အဓမ္မစစ်မှုထမ်းခိုင်းခြင်းအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ ILO က ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစ၍အရေးယူရန် ကြိုးပမ်းခဲ့သည်။

လွန်ခဲ့သော ၂၄ နှစ်က နအဖ စစ်အစိုးရလက်
ထက်က မြန်မာနိုင်ငံကို ILO က ပုဒ်မ ၃၃ ဖြင့် အရေးယူခဲ့ပြီး အကြမ်းဖက်စစ်တပ်အဖြစ် သတ် မှတ်ကာ စီးပွားရေးအလုံးစုံပိတ်ဆို့ခဲ့ဖူးသည်။
69👍39🤣4🥰1👏1🤮1
ILO ၏ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးပြုလုပ်စဥ်။ဓါတ်ပုံ-ILO
👍7416👏2🤮1🤣1
"စစ်ကောင်စီကို ILOရဲ့ ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ ၃၃ အရ အရေးယူမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲလို့ ပြောရရင် အဆင့်သတ်မှတ်ချက်သုံးခုနဲ့ အရေးယူလာနိုင်တယ်။ ပထမအဆင့်မှာက မည်သည့်ပူးပေါင်းဆောင်ရွက်မှုမှ မလုပ်ဘူး။ နည်းပညာပိုင်းအရရော၊ ဘဏ္ဍာရေးပိုင်းအရရော၊ ဘာမှထောက်ပံ့မှုမလုပ်ဘူးဆိုတဲ့ ILO အဆင့် Sanction(ဒဏ်ခတ်အ​ရေးယူ)ဖြစ်တယ်။ နောက်တစ်ချက်က နိုင်ငံအဆင့် ILO အဖွဲ့ဝင်တွေက အရေးယူမယ့် အဆင့်မျိုးတစ်ခုရှိပါတယ်။ အဲဒီက အကယ်၍ ILO ကနေပြီး အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ILO အဖွဲ့ဝင်များသည် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်ပြီး သုံးသပ်ပါဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့မယ်ဆိုရင် ILO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့အစိုးရတွေကော ILOရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အလုပ်ရှင်တွေရော ကုမ္ပဏီတွေရောကနေပြီး ILO ရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာပြီး အကောင်အထည်ဖော်ရမယ့်ကိစ္စ ဖြစ်သွားရပါလိမ့်မယ်။ ဒါက ဒုတိယအဆင့် Sanctionပေါ့နော်။ နိုင်ငံတကာကနေ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်လိုက်တယ်ဆိုတဲ့ Sanctionမျိုးက ထပ်ပြီးဖြစ်မှာ ဖြစ်ပါတယ်"

︎ဒေါ်ခိုင်ဇာအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-CTUM)ဗဟိုအလုပ်မှုဆောင်)



https://www.ludunwayoo.com/interviews-mm/2024/11/14/104165/
👍7911👏1🤮1