People's Spring
64.7K subscribers
64K photos
1.12K videos
3 files
2.8K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မတ်လ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဘော်လခဲမြို့တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီ အခြေစိုက်စခန်းများ၊ တပ်ရင်းများကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေပါတယ်။ မတ်လ ၁၉ ရက်မှာ ကရင်နီပူးပေါင်းတပ်က ဘောလခဲမြို့ရှိ စစ်ကောင်စီအခြေစိုက်ရာ နေရာအချို့ကို ထိုးစစ်ဆင်ခဲ့​နေရာ ဒီနေ့အထိ တိုက်ပွဲများပြင်းထန်နေပါတယ်။ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ဒီနေ့ညပိုင်း ဘော်လခဲတိုက်ပွဲနဲ့ပတ်သက်လို့ အသိပေးထားပြီး သတင်းဓါတ်ပုံ ​လေးပုံကိုလည်း မျှ​ဝေထားပါတယ်။ စစ်​ကောင်စီတပ်မှ လက်နက်မျိုးစုံ ၁၈ လက်၊ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိထားမှု၊ စစ်သုံ့ပန်း ၇ ဦးကိုဖမ်းဆီးထားမှုနဲ့ ​ခြေလျင်တပ် ဒုတပ်ရင်းမှူးအဆင့်ဖြစ်​တဲ့ ဗိုလ်မှူး ၁ ဦးရဲ့ လက်​မောင်း​ပေါ်မှ အပွင့်အခတ် ဓါတ်ပုံတို့ ပါဝင်တာတွေ့ရပါတယ်။

◾️မိုးဗြဲမြို့ပြာကျစေဖို့ စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေ

ရှမ်း-ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့ကို ပြာကျစေဖို့ ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။ မဟာမိတ်တပ်ပေါင်းစုရဲ့ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းသုံးကြောင်းအပြင် နည်းလမ်းမျိုးစုံနဲ့ တိုက်စစ်ဖွင့်ထိုးစစ်ဆင်လာသည်မှာ ၄လခန့်ကြာမြင့်လာပြီလို့ ဆိုပါတယ်။ အခုမတ်လအတွင်း စစ်ရေးပိုပြီးပြင်းထန်ကာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ တိုက်ပွဲကြီး၊ငယ်များ နေ့စဥ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိနာနေသောကြောင့် ဖယ်ခုံနဲ့ လွိုင်ကော်မြို့မှ လက်နက်ကြီးအကူ၊ လေကြောင်းအကူအပြင် တိုက်ခိုက်ရေးဒရုန်းနဲ့ ကာမီကာဇေ(အသေခံ)ဒရုန်းတို့ဖြင့်ပါ တိုက်ခိုက်လာတယ်လို့ အမှတ်(၁)ဗျူဟာက အသိပေးပါတယ်။ ဒီနေ့အချိန်ထိ မိုးဗြဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်နေဆဲဖြစ်တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲဗျူဟာမှူး ကိုနေကောင်းက ပြောပါတယ်။

◾️CDFဟားခါး တော်လှန်ရေး (၄)နှစ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ပွဲပေါင်း ၃၀၀ကျော် ဆင်နွှဲတိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)အနေနဲ့ တော်လှန်ရေး (၄)နှစ်တာအတွင်း စစ်ကောင်စီတပ်ကို တိုက်ပွဲပေါင်း ၃၂၆ ကြိမ် ဆင်နွှဲတိုက်ခိုက်ခဲ့တယ်လို့ CDF ဟားခါးက ထုတ်ပြန်ပါတယ်။ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှူန်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်အတွက် ရည်ရွယ်ပြီး CDF ဟားခါးကို ၂၀၂၁ မတ်လ ၂၁ရက်မှာ စတင်ဖွဲ့စည်းခဲ့ရာ ဒီနေ့ (၄)နှစ်ပြည့်ပြီဖြစ်ပြီး လေးနှစ်တာအတွင်း ဆောင်ရွက်ချက်များကို အသိပေးဖော်ပြပါတယ်။ CDF ဟားခါးဟာ တိုင်းပြည်နဲ့ လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် ပြည်သူလူထု၊ အခြားတော်လှန်ရေးအင်အားစုများနဲ့လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ဒါကြောင့် ပြည်သူများအားလုံး တော်လှန်ရေးမှာ ဆက်လက်ပူးပေါင်း ပါဝင်ကြဖို့ CDF ဟားခါးက နှိုးဆော်ထားပါတယ်။

◾️ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးပကဖ ပြော

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက ပြောပါတယ်။ တပ်မ(၈၈)လက်အောက်ခံ ညောင်ဦးမြို့အခြေစိုက် အမှတ်(၄၁၅)ခြေမြန်တပ်ရင်း(ခမရ-၄၁၅)ဟာ စစ်ကြောင်း နှစ်ကြောင်းနဲ့ ငါ့သရောက်မြို့အနီးဝင်ရောက်လာရာ ငါ့သရောက် အရှေ့ဘက်ခြမ်းဒေသကို ဝင်လာတဲ့ စစ်ကြောင်းကို မတ်လ ၁၄ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့တာလို့ ညောင်ဦးပကဖ တာဝန်ရှိသူက ရှင်းပြပါတယ်။ စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများပြားခဲ့ပြီး ဖရဲသီးသတင်းပေးချက်အရ သေဆုံးသူ ၇၀ကျော်ရှိတယ်လို့ ညောင်ဦးပကဖက ဆိုပါတယ်။

◾️ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ်
👍42👏2🔥1
ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေတယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်များက မတ်လ ၁၅ရက်ကစ၍ ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအခြေစိုက် အမှတ်(၃၄၄)အမြောက်တပ်(အမတ-၃၄၄)နဲ့ သာပေါင်းမြို့နယ်ရှိ အမှတ်(၃၀၈)ခြေမြန်တပ်ရင်း(ခမရ-၃၀၈)ကို ဦးတည်ကာ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်းမှာ တိုက်ပွဲများပြင်းထန်လာတာလို့ သိရပါတယ်။ စစ်ကောင်စီက မတ်လ ၁၇ရက်ကစလို့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမှာ ရေကြည်မြို့နယ်အတွင်းရှိ ကျားကိုက်၊ စက်စက်ယို၊ ကက္ကူကြီးကျေးရွာ၊ လေးမျက်နှာမြို့နယ်မှာ ဝက်ကုန်းရွာ၊ ချင်းလယ်ရွာပတ်ဝန်းကျင်မှာ ဖြစ်နေပါတယ်။

◾️အင်းတော်စစ်ကူသွားရင်း စစ်​ကြောင်းပျက်သွား​တဲ့ စစ်တပ်ဆီက လက်နက်မျိုးစုံ ၅၄လက်ရ

စစ်ကိုင်းတိုင်း၊ အင်း​တော်မြို့သိမ်းတိုက်ပွဲသို့ စစ်ကူသွား​တဲ့ စစ်တပ်စစ်​ကြောင်းကို မတ်လ ၁၅ ရက်က အင်းတော်-ကသာလမ်း တနေရာမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်​ကြောင်းပျက်သွားပြီးလက်နက်(၅၄)လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ ကသာမြို့ ခမရ-၃၀၉ မှ ထွက်လာပြီး အင်းတော်ဆီ စစ်ကူလာတဲ့ အဲဒီစစ်‌ကြောင်းကို KIA၊ KPDF၊ ကသာခရိုင် တပ်ရင်း(၁)၊ မိုးတားတိုက်နယ်ပကဖနဲ့ ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကြောင်းကို ဗိုလ်မှူးလင်းထက်ဆိုသူ ဦးစီးတဲ့ ခမရ(၁၀၆)၊ခမရ(၃၀၉) ၊ ခလရ(၆) ပူးပေါင်းအင်အား ၁၅၀ခန့်ပါစစ်​ကြောင်းမှာ ၃၃ဦးသေဆုံးပြီး၊ ၁၀ ဦးဒဏ်ရာရကာ ၃၁ဦးဖမ်းမိခဲ့​​​တယ်လို့ ​ဖော်ပြထားပါတယ်။

◾️တိုက်ပွဲအချိန်မ​ရွေးဖြစ်နိုင်လို့ လွိုင်ကော်-ဆီဆိုင်လမ်းကို ပိတ်လိုက်​​ကြောင်း KNDF​ကြေညာ

တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တာကြောင့် လွိုင်ကော်-ဆီဆိုင်လမ်းကို ပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာ အမှတ်(၂)က​ မနေ့က ရက်စွဲနဲ့ ကြေညာပါတယ်။ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ်ရှားမှု ရှိနေတာကြောင့် စစ်ရေးအခြေအနေအရ အချိန်မရွေးတိုက်ပွဲ ထိတွေ့မှုရှိနိုင်တယ်လို့ အသိပေးထားပါတယ်။ အဲဒါကြောင့် မတ်လ ၂၀ ရက်ကစလို့ ရက်အကန့်အသတ်မရှိ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ခရီးသွားလာခြင်းကို ခေတ္တယာယီရပ်ဆိုင်းထားပြီး လူထုလုံခြုံရေးအတွက် သတိပြုလိုက်နာဖို့ တိုက်တွန်းထားပါတယ်။ လမ်းပိုင်းပြန်လည်အသုံးပြုနိုင်မယ့်အချိန်နဲ့ နေ့ရက်ကို ပြန်လည်အသိပေးမှာဖြစ်ပြီး သတိပေးကြေညာချက်ကို လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမယ့် ကိစ္စများကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။

◾️ထိုင်းမှာ ကလေးတွေ အပါအဝင် တရားမဝင်မြန်မာရွှေ့ပြောင်း ၁၇ဦး အဖမ်းခံရ

ကလေးတွေ အပါအဝင် တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၁၇ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ကန်ချနာဘူရီ ပြည်နယ်ထဲက ဆန်ခလာဘူရီမှာ မနေ့ ညသန်းခေါင်ကျော်မှာ မသင်္ကာစရာ ပစ်ကပ်ကား တစ်စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးခဲ့ပါတယ်။ သောင်ဖာဖွမ် ခရိုင်ဖက်ကို ဦးတည်မောင်းနှင်နေတဲ့ကားရဲ့ယာဉ်မောင်းက ကားကို ရပ်မပေးဘဲ မောင်းပြေးခဲ့တာကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေက နောက်ကနေ အပူတပြင်း လိုက်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ ဆွန်ခလာဘူရီရဲ့ ငွန်လူ ခရိုင်ခွဲ၊ ကျေးရွာ အမှတ် ၃ နားမှာရှိတဲ့ စမ်းချောင်းတစ်ခုနား တောစပ်မှာ ရပ်ထားတဲ့ ကားကို ထိုင်းရဲတွေက ရှာတွေ့ခဲ့ပါတယ်။ ယာဉ်မောင်းက ကားကို စွန့်ခွာပြီး ခြေလျင်ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ကားထဲမှာတော့ ကြပ်ကြပ်တည်းတည်းစီးနင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁၄ဦးကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေး ၆ ဦး ပါဝင်ပြီး အငယ်ဆုံးဟာ ၁ နှစ်အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။

◾️မြန်မာအ​ရေး တရုတ်ကြားဝင်မစွက်​ဖို့ လားရှိုးမြို့မှာ ​​ပြောက်ကျားသပိတ်လုပ်

မြန်မာအရေးဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ပြောက်ကျားသပိတ်လှုပ်ရှားမှု လားရှိုးမြို့ပြည်သူတချို့က ပြုလုပ်ခဲ့ပါတယ်။ မနေ့ညပိုင်း ၉နာရီလောက်မှာ လားရှိုးပြည်သူလူထုက တရုတ်အစိုးရဆန့်ကျင်ရေး ပြောက်ကျားလှုပ်ရှားမှု လုပ်ခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။ လားရှိုးမြို့ကို MNDAA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ၂၀၂၄ သြဂုတ်လဆန်းမှာ စစ်​ကောင်စီရဲ့ နမခ အပါအဝင် တပ်ရင်းဌာနချုပ်​တွေ၊ စခန်း​တွေကို အပြီးသတ်ထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က MNDAA ကို စစ်မတိုက်ဘဲ စစ်​ကောင်စီနဲ့​ဆွေး​နွေးဖို့ ဖြတ်​ငါးဖြတ်လုပ်ပြီးဖိအား​ပေးခဲ့ပါတယ်။

◾️ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နဲ့ စခန်းကို စီးနင်းတိုက်ခိုက်
👍404🔥1
ပဲခူးတိုင်း၊ မင်းလှမြို့နယ် စစ်ကွင်းမြို့ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းဘေးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်နဲ့ စခန်းကို မနေ့ မနက် အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကွင်းတာဆုံမှာ ဂိတ်စခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ မနက် ၁ နာရီခွဲခန့်မှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ ရဲဘော်တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာ "မြောက်ခြမ်းကျေးရွာများသပိတ်"က ရဲဘော်အောင်ဇေကျဆုံးခြင်း ၂နှစ် နှင့် ၅လပြည့်အဖြစ် ကျဆုံးရဲဘော် ဂူဗိမာန်ရှေ့မှာ ဦးညွှတ်အလေးနီပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း "We Stand With Ukraine" စာသားပါ အလံကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
👍53🥰3🔥1
60👍23🔥1
အာဏာရှင်တွေဟာ ဘဝတူအာဏာရှင်တွေအား
လုံးကိုအဓွန့်ရှည်တည်တံ့စေချင်တဲ့ စေတနာကို ပိုင်ဆိုင်ထားကြတာပါ။

လစ်ဗျားက ကဒါဖီဘာဖြစ်သွားလဲဆိုတာကိုသူတို့အားလုံး မြင်တွေ့ထားခဲ့ပြီး တစ်နိုင်ငံဒီမိုကရေစီရသွားခဲ့ရင် ကျန်တဲ့နိုင်ငံတွေလည်း တစ်ခုပြီးတစ်ခုပြိုလဲသွားမယ်ဆိုတာ သူတို့သိနေကြတယ်လို့ ဒေါက်တာဟောလ်က ဆိုပါတယ်။

“အဲဒီတော့အသက်ရှင်ရပ်တည်ဖို့အတွက်က (သူတို့အချင်းချင်းအပြန်အလှန်) လေ့လာ၊ ပူးပေါင်းဆောင်ရွက်ပြီးနည်းလမ်းတွေကို ဝေမျှကြရမယ်လို့သိထားကြတယ်”လို့ ဒေါက်တာဟောလ်က ပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း (ဒီမိုကရေစီအင်အားစုထက်)နှာတစ်ဖျားသာနေရမှာ မို့လို့ပဲ” လို့သူကမှတ်ချက်ချပါတယ်။

၂၀၀၂ ခုနှစ်က ဘယ်လာရုစ်အာဏာရှင် “အဂ္ဂမဟာသရေစည်သူ အလက်ဇန်းဒါး လူကာရှန်ကို” ကလမ်းပေါ်မှာဆန္ဒပြပွဲတွေကိုနှိပ်ကွပ်ဖို့ လူငယ့်သမဂ္ဂကိုဖွဲ့ခဲ့သလို ရုရှက “ကြွက်မင်း ဗလာဒီမာ ပူတင်”ကလည်း “မျိုးချစ်လူငယ်များအဖွဲ့”ကိုဖွဲ့စည်းခဲ့ပါတယ်။

၂၀၂၀ခုနှစ်မှာရွေးကောက်ပွဲမသမာတာကြောင့်ဘယ်လာရုစ် ပြည်သူတွေဆန္ဒပြပြီး ရုပ်မြင်သံကြား ဝန်ထမ်းတွေ အလုပ်ကနှုတ်ထွက်ကြတဲ့အခါ ပူတင်ကသူ့ဝန်ထမ်းတွေစေလွှတ်ပေးပြီး ရုပ်သံရပ်မသွားအောင် လည်ပတ်စေပါသတဲ့။

တရုတ်ကလည်း ဘယ်လာရုစ်ကို မျက်နှာဖတ်နိုင်တဲ့ Facial Recognition Technology ကိုပေးခဲ့ပြီး Huawei က သုတေသနစင်တာတစ်ခုတည်ဆောက်ပေးခဲ့ပါတယ်။ အာဏာရှင်တွေရဲ့ ရဲဘော်ရဲဘက်စိတ်တွေကတော့ အလန်းဇယားတွေပါပဲ။

https://www.ludunwayoo.com/opinion-mm/2025/03/21/115320/
👍704💩2🖕2
စာမေးပွဲပြီးတဲ့ညမှာပဲ စစ်ကိုင်းတိုင်းအတွင်းကပထမဆုံးမြို့သိမ်းတိုက်ပွဲ စဖို့ တော်လှန်ရေးတပ်တွေပြင်ဆင်ခဲ့ပါတယ်။အဲဒီအချိန် တိုက်ပွဲအတွင်းလိုက်ပါဖို့ ဆေးတပ်သား(ဆရာဝန်)တွေလိုအပ် နေပါတယ်။

“စာမေးပွဲပြီးလို့ စိတ်တွေပေါ့ပါး နေတဲ့အချိန်အဲဒီညမှာပဲဆရာက ရှေ့သွားရမယ်။မင်းလိုက်မလားလို့မေးတယ်။သူကဇွတ်ခေါ်တာတော့မဟုတ်ပါဘူး”လို့ ကိုကျော်ကိုကပြောပါတယ်။

တိုက်ပွဲအတွင်းလိုက်ပါဖို့ ကိုကျော်ကို ရွေးချယ်လိုက်ပါတယ်။ကံကောင်းတယ်လို့ဆိုရမှာပါ။မြို့ကိုမသိမ်းနိုင်ခဲ့ပေမယ့် ရဲဘော်တွေထိခိုက်မှုနည်းပါးခဲ့ပြီး အကျဆုံးမရှိခဲ့တာပါ။ဒါပေမယ့် ၂ ရက်လို့ တွေးထားတဲ့ခရီးဟာ ၇ရက်အထိကြာမြင့်ခဲ့ပါတယ်။

အဲဒီနောက် တလလောက်အကြာမှာပဲ စစ်ကိုင်း
တိုင်းအတွင်းကမြို့နယ်တခုကစခန်းသိမ်းတိုက်ပွဲ
စခဲ့ပါတယ်။


https://www.ludunwayoo.com/feature-mm/2025/03/19/115118/
62👍26🥰2👎1🤮1💩1
စစ်ကောင်စီ လေကြောင်းရန်ကြောင့် KNU နယ်မြေရှိ ကျောင်းသားများ ရာဘာတောအတွင်း စာမေးပွဲဖြေ

ဟန်နွေ/People’s Spring

စစ်ကောင်စီက စာသင်ကျောင်းများအပါအဝင် အရပ်သားနေထိုင်ရာများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကျောင်းသားများမှာ ရာဘာတောအတွင်း စာမေးပွဲဖြေဆိုခဲ့ကြရကြောင်း KNU ဗဟိုနှင့် သတင်းရင်းမြစ်အချို့က ပြောသည်။

KNU ဗဟို၏ ယနေ့(မတ်လ ၂၂ရက်)နံနက် ထုတ်ပြန်ချက်တွင် လေကြောင်းတိုက်ခိုက်မှုနှင့် အကြောက်တရားများကြားမှ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ်စာမေးပွဲအား ဖြေဆိုပြီးစီးကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ရာဘာတောအတွင်း စာသင်ခုံများချ၍ စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများ၏ မှတ်တမ်းဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။

ကရင်အမျိူးသားအစည်းအရုံးအုပ်ချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများရှိနေသော်လည်း တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်တွင် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ်စာမေးပွဲကို တာဝန်ရှိခေါင်းဆောင်များနှင့် ကျောင်းဆရာ၊ဆရာမများ၏ ပူးပေါင်းဆောင်ရွှက်မှုဖြင့် မတ်လ ၁၄ရက်က အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ဟု KNUက အသိပေးသည်။

အဆိုပါ ကော်သူးလေအစိုးရစစ် စာမေးပွဲအား Karen Education Culture Department (KECD) Grade - 6၊9၊12 စသည့် အတန်းပညာရေးကျောင်းသား ကျောင်းသူများမှ နှစ်စဉ်နှစ်တိုင်းဖြေဆိုရခြင်း ဖြစ်သည်ဟု ထုတ်ပြန်သည်။

"အခုလောလောဆယ်ကတော့ ဒါကတော့ အဲဒီ တပ်မဟာ(၆)တခုတည်းမဟုတ်ပါဘူး အခြား ခရိုင်တွေမှာလည်း ကျောင်းတွေ တခြားဆေးရုံဆေးခန်းတွေ အားလုံးသတိထားရ(လေကြောင်းရန် သတိထားရ)တာပေါ့”ဟု KNU သတင်းရင်းမြစ်က နယ်မြေအတွင်း စစ်ကောင်စီ လေကြောင်းရန်အား ဂရုပြုနေထိုင်ရမှု အခြေအနေကို ပြောသည်။

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများအတွင်းရှိ အရပ်သားနေထိုင်ရာနေရာများကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားပြည်သူသေဆုံးထိခိုက်မှုများ ရှိပြီး ကျောင်းသား၊ကျောင်းသူ၊ ကလေးငယ်များလည်း ထိခိုက်သေဆုံးခဲ့ရမှုများ ရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၂ဦးထက်မနည်းသေဆုံးကာ ၃၆၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများတွင် ကလေးငယ် ၂၂ဦး ပါဝင်သည်။ ထို့ပြင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁၂ ကျောင်း၊ နေအိမ် ၂၀၀ ကျော်၊ ဘာသာရေး အဆောက်အဦး ၂၇လုံး၊ ကျန်းမာရေးအဆောက်အဦး ၁၅လုံး ထိခိုက်ပျက်စီးခဲ့ရဟု အသိပေးထားသည်။
😢71👍184🔥4🤬2🤣2
👍69😢278🤣4🤬2👎1🔥1🥰1