မတ်လ တတိယပတ်အတွင်းက စစ်ကောင်စီစစ်ကြောင်းထိုးသတ်ဖြတ်နေ၍ ထွက်ပြေးလာရသော ရေစကြိုရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-Info Committee Yesagyo
😢57👍5❤3🔥2
မိုးဗြဲမြို့ပြာကျစေရန် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေ
မတ် ၂၁၊ ၂၀၂၅။ ရဲခေါင်/People's Spring
ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား ပြာကျစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ယနေ့(မတ်လ ၂၁ရက်) ထုတ်ပြန်သည်။
မဟာမိတ်တပ်ပေါင်းစု၏ ထိန်းချုပ်ထားသော မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းသုံးကြောင်းအပြင် နည်းလမ်းမျိုးစုံဖြင့် တိုက်စစ်ဖွင့်ထိုးစစ်ဆင်လာသည်မှာ ၄လခန့်ကြာမြင့်လာပြီဟု ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက အသိပေးသည်။
ယခု မတ်လအတွင်း စစ်ရေးပိုပြီးပြင်းထန်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲကြီး၊ငယ်များ နေ့စဥ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိနာနေသောကြောင့် ဖယ်ခုံနှင့် လွိုင်ကော်မြို့မှ လက်နက်ကြီးအကူ ၊ လေကြောင်းအကူအပြင် တိုက်ခိုက်ရေးဒရုန်းနှင့် ကာမီကာဇေ(အသေခံ)ဒရုန်းတို့ဖြင့်ပါ တိုက်ခိုက်လာသည်ဟု ဆိုသည်။
ယနေ့အချိန်ထိ မိုးဗြဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်နေဆဲဖြစ်ကြောင်းလည်း ရှမ်းတောင်စစ်ဒေသခွဲဗျူဟာမှူး ကိုနေကောင်းက ပြောသည်။
" ၄၂၂ တပ်ထဲမှာလည်း ရှိတယ်။လက်ရှိ မိုးဗြဲမြို့ပြင်နေရာအချို့မှာပဲ။သူတို့ဘက်ကတော့ တစ်ရက် မဟုတ်တစ်ရက်တော့ ထိုးစစ်ဆင်ဦးမှာပဲ။မိုးဗြဲကိုသူတို့က ပြန်ရချင်တယ်။ပြန်ပြီးတော့မှ ထိန်းချုပ်ချင်တဲ့ အနေအခါမျိုးမှာတော့ သူတို့တပ်ရင်းစခန်းမပြုတ်မချင်း သူတို့လုပ်ဦးမှာပဲ။ မိုးဗြဲကိုပြန်ရဖို့သူတို့က နည်းလမ်းမျိုးစုံနဲ့ ထိုးစစ်ဆင်လာဦးမှာပဲ"ဟု ၎င်းက လူထုနွေဦးသို့ ရှင်းပြသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ပြာကျစေရန် အဓိကရည် ရွယ်ချက်ထားပြီး မီးလောင်ဗုံးများ အသုံးပြု၍ ခမရ(၄၂၂)တပ်ရင်းမှ နေ့စဥ် ပစ်ခတ်လာသောကြောင့် မိုးဗြဲမြို့ပေါ်ရပ်ကွက် နေအိမ် (၃၀)ထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးထားရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လူသားမဆန်သည့်လုပ်ရပ်များ လုပ်ဆောင်ပြီး အများပြည်သူလူထုနေအိမ်များကိုလည်း စစ်ကောင်စီက ဖျက်ဆီးနေကြောင်းလည်း အသိပေးသည်။
"လက်နက်ကြီးနဲ့ ဒရုန်းတော့နေ့တိုင်း ကြဲနေတယ်။အခုက လက်နက်ကြီးကျတဲ့အိမ်ဆိုရင် မီးလောင်တော့တာပဲ"ဟု မိုးဗြဲစစ်မြေပြင်ရှိရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ် ချိတ်ဆက်ထားသည့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ မိုးဗြဲမြို့ကို ၂၀၂၃က '၁၁၁၁ စစ်ဆင်ရေး'ဖြင့် ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
မိုးဗြဲမြို့၏ နှစ်မိုင်ကျော်အကွာ မြောက်ဘက်ခြမ်းရှိ အမှတ်(၄၄၂)ခြေမြန်တပ်ရင်း (ခမရ -၄၄၂)ကိုခြေကုပ်ယူကာ ၂၀၂၄ ဒီဇင်ဘာကစ၍ စစ်ကောင်စီသည် လူအင်အားနှင့်ဒရုန်းများ၊ လက်နက်အင်အားသာလွန်စွာအသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
အဆိုပါ ထိုးစစ်ကို ရှမ်းတောင်စစ်ဒေသခွဲ အမှတ် (၁)ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် အခြားတပ်ပေါင်းစုများမှ ခုခံနေပြီး စစ်ရေး၊ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီများပံ့ပိုးပေးရန် တိုက်တွန်းထားသည်။

🤬60👍21❤2👎2😭2
ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း "မြောက်ခြမ်းကျေးရွာများသပိတ်" က ရဲဘော်အောင်ဇေကျဆုံးခြင်း ၂နှစ် နှင့် ၅လပြည့်အဖြစ် ကျဆုံးရဲဘော် ဂူဗိမာန်ရှေ့မှာ ဦးညွှတ်အလေးနီပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည် ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း "We Stand With Ukraine" စာသားပါ အလံကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

❤48👍12🤮1
ဘော်လခဲမြို့တိုက်ပွဲပြင်းထန်းနေ
■KNDF ဒုစစ်ဦးစီးချုပ်က စစ်သုံ့ပန်းများ၊လက်
နက်ခဲယမ်းများရရှိသောသတင်းဓါတ်ပုံများကိုထုတ်ဖော်ပြသ
မတ်-၂၁၊၂၀၂၅။ရဲခေါင်/People's Spring
ကရင်နီပြည်နယ်၊ဘောလခဲမြို့ရှိ စစ်ကောင်စီ အခြေ စိုက်စခန်းများ၊တပ်ရင်းများကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေသည်။
မတ်လ ၁၉ ရက်တွင် ကရင်နီပူးပေါင်းတပ်က ဘောလခဲ မြို့ရှိစစ်ကောင်စီအခြေစိုက်ရာနေရာအချို့ကိုထိုး စစ် ဆင်ခဲ့နေရာ မတ်လ ၂၁ ရက်အထိ တိုက်ပွဲ များပြင်းထန်နေသည်။
"မင်းတို့တောင်းတလွန်းတော့လည်း တင်ပေးရတာပေါ့ ဘောလခဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ၅၁၅ တို့ လ ၁ တို့ ဘာတွေဖြစ်နေလဲဆိုတာ မင်းတို့ရဲ့ ဗျူဟာမှူးကို မေးကြည့်ပေါ့ ။ကိုယ့်ဟာကိုယ် Aာ Tာ ဖြေတာတော့ SAC လော်ဘီလောက်တော်တာမရှိ ။ဗကမျိုးမင်းသူရဲ့ အမျိုးအဆွေများလည်း သိပြီလား မသိသေးဘူးလားတော့ မပြောတတ် မသိသေးရင်လည်း ဘုန်းကြီးပင့်လိုက်အုံးလို့ပဲ လှမ်းပြောပါရစေ"ဟု ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် မတ်လ ၂၁ ရက်ညပိုင်းတွင် ဘော်လခဲတိုက်ပွဲ နှင့် ပတ်သက်၍ရေးသားဖော်ပြသည်။
KNDF ဒုစစ်ဦးစီးချုပ်က သတင်းဓါတ်ပုံ လေးပုံကိုလည်း မျှဝေထားရာ စစ်ကောင်စီတပ်မှ လက်နက်မျိုးစုံ ၁၈ လက်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိထားမှု ၊ စစ်သုံ့ပန်း ၇ ဦးကိုဖမ်းဆီးထားမှု နှင့် ခြေလျင်တပ် ဒုတပ်ရင်းမှူးအဆင့်ဖြစ်သော ဗိုလ်မှူး ၁ ဦး ၏ လက်မောင်းပေါ်မှ အပွင့်အခတ် ဓါတ်ပုံတို့ ပါဝင်သည်ကိုတွေ့ရသည်။
ကရင်နီပြည်နယ်၏ အလယ်ဗဟိုချက်တွင်ရှိသော ဘောလခဲ မြို့ကို ကရင်နီတပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်နေရာ ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်အချို့ကျဆုံးထိခိုက်မှုလည်းရှိသည်။
"KNDF နဲ့ KA က ရဲဘော်လေးဦး ကျထားတယ်။ထိခိိုက်တဲ့သူလည်းရှိတယ်"ဟု ကရင်နီရဲဘော်တစ်ဦးက ပြောသည်။
ဘောလခဲ မြို့ရှိစစ်ကောင်စီစခန်းများ၊တပ်ရင်းများကို တိုက်ခိုက် နေမှုကို KNDF နှင့် ဘောလခဲ အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ထံ People's
Spring က ဆက်သွယ်မေး မြန်းနေဆဲ ဖြစ်သည်။
"ခမရ( ၅၁၅) က စကခ( ၂) လက်အောက်ခံ လ (၁ )ဆိုတာက ပဲခူတိုင်းအခြေစိုက် တပ်မ( ၆၆) လက်အောက်ခံ ခလရ (၁ )ပါ။ဘောလခဲ မှာ မြို့စောင့်တပ်တွေအပြင် အင်အား ၅၀၀ လောက်ထပ်ဖြည့်ထားတာရှိတယ်"ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
စစ်ဘက်သတင်းအချက်များအရ ဘောလခဲမြို့တွင် အခြေချစစ်ဗျူဟာ၊ ခမရ (၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇)တို့ရှိသည့်အပြင် ရှမ်း ပြည်နယ်အခြေ စိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်းအချို့ကိုပါ အင်းအားထပ်ဖြည့်ထားသည်။
လက်ရှိ ကရင်နီပြည်တွင် မိုးဗြဲ မြို့အပါအဝင် ကရင်နီပြည်တပ်မတော်(KA) သိမ်းပိုက်ထားသည့် ထိုင်း-ကရင်နီ နယ်စပ်ဒေသတို့တွင် တိုက်ပွဲများပြင်းထန်နေသည်။

👍63👏7❤5🤣4
ဘောလခဲမြို့တိုက်ပွဲမှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ နှင့် စစ်သုံ့ပန်းများ။
ဓါတ်ပုံ-KNDF
ဓါတ်ပုံ-KNDF
👍92❤12👏11🤣3
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(မတ်လ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ဘော်လခဲမြို့တိုက်ပွဲ ပြင်းထန်နေ
ကရင်နီပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီ အခြေစိုက်စခန်းများ၊ တပ်ရင်းများကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေပါတယ်။ မတ်လ ၁၉ ရက်မှာ ကရင်နီပူးပေါင်းတပ်က ဘောလခဲမြို့ရှိ စစ်ကောင်စီအခြေစိုက်ရာ နေရာအချို့ကို ထိုးစစ်ဆင်ခဲ့နေရာ ဒီနေ့အထိ တိုက်ပွဲများပြင်းထန်နေပါတယ်။ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက ဒီနေ့ညပိုင်း ဘော်လခဲတိုက်ပွဲနဲ့ပတ်သက်လို့ အသိပေးထားပြီး သတင်းဓါတ်ပုံ လေးပုံကိုလည်း မျှဝေထားပါတယ်။ စစ်ကောင်စီတပ်မှ လက်နက်မျိုးစုံ ၁၈ လက်၊ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိထားမှု၊ စစ်သုံ့ပန်း ၇ ဦးကိုဖမ်းဆီးထားမှုနဲ့ ခြေလျင်တပ် ဒုတပ်ရင်းမှူးအဆင့်ဖြစ်တဲ့ ဗိုလ်မှူး ၁ ဦးရဲ့ လက်မောင်းပေါ်မှ အပွင့်အခတ် ဓါတ်ပုံတို့ ပါဝင်တာတွေ့ရပါတယ်။
◾️မိုးဗြဲမြို့ပြာကျစေဖို့ စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေ
ရှမ်း-ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့ကို ပြာကျစေဖို့ ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။ မဟာမိတ်တပ်ပေါင်းစုရဲ့ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းသုံးကြောင်းအပြင် နည်းလမ်းမျိုးစုံနဲ့ တိုက်စစ်ဖွင့်ထိုးစစ်ဆင်လာသည်မှာ ၄လခန့်ကြာမြင့်လာပြီလို့ ဆိုပါတယ်။ အခုမတ်လအတွင်း စစ်ရေးပိုပြီးပြင်းထန်ကာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ တိုက်ပွဲကြီး၊ငယ်များ နေ့စဥ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိနာနေသောကြောင့် ဖယ်ခုံနဲ့ လွိုင်ကော်မြို့မှ လက်နက်ကြီးအကူ၊ လေကြောင်းအကူအပြင် တိုက်ခိုက်ရေးဒရုန်းနဲ့ ကာမီကာဇေ(အသေခံ)ဒရုန်းတို့ဖြင့်ပါ တိုက်ခိုက်လာတယ်လို့ အမှတ်(၁)ဗျူဟာက အသိပေးပါတယ်။ ဒီနေ့အချိန်ထိ မိုးဗြဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်နေဆဲဖြစ်တယ်လို့ ရှမ်းတောင်စစ်ဒေသခွဲဗျူဟာမှူး ကိုနေကောင်းက ပြောပါတယ်။
◾️CDFဟားခါး တော်လှန်ရေး (၄)နှစ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ပွဲပေါင်း ၃၀၀ကျော် ဆင်နွှဲတိုက်ခိုက်
ချင်းပြည်နယ် ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)အနေနဲ့ တော်လှန်ရေး (၄)နှစ်တာအတွင်း စစ်ကောင်စီတပ်ကို တိုက်ပွဲပေါင်း ၃၂၆ ကြိမ် ဆင်နွှဲတိုက်ခိုက်ခဲ့တယ်လို့ CDF ဟားခါးက ထုတ်ပြန်ပါတယ်။ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှူန်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်အတွက် ရည်ရွယ်ပြီး CDF ဟားခါးကို ၂၀၂၁ မတ်လ ၂၁ရက်မှာ စတင်ဖွဲ့စည်းခဲ့ရာ ဒီနေ့ (၄)နှစ်ပြည့်ပြီဖြစ်ပြီး လေးနှစ်တာအတွင်း ဆောင်ရွက်ချက်များကို အသိပေးဖော်ပြပါတယ်။ CDF ဟားခါးဟာ တိုင်းပြည်နဲ့ လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် ပြည်သူလူထု၊ အခြားတော်လှန်ရေးအင်အားစုများနဲ့လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။ ဒါကြောင့် ပြည်သူများအားလုံး တော်လှန်ရေးမှာ ဆက်လက်ပူးပေါင်း ပါဝင်ကြဖို့ CDF ဟားခါးက နှိုးဆော်ထားပါတယ်။
◾️ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးပကဖ ပြော
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက ပြောပါတယ်။ တပ်မ(၈၈)လက်အောက်ခံ ညောင်ဦးမြို့အခြေစိုက် အမှတ်(၄၁၅)ခြေမြန်တပ်ရင်း(ခမရ-၄၁၅)ဟာ စစ်ကြောင်း နှစ်ကြောင်းနဲ့ ငါ့သရောက်မြို့အနီးဝင်ရောက်လာရာ ငါ့သရောက် အရှေ့ဘက်ခြမ်းဒေသကို ဝင်လာတဲ့ စစ်ကြောင်းကို မတ်လ ၁၄ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့တာလို့ ညောင်ဦးပကဖ တာဝန်ရှိသူက ရှင်းပြပါတယ်။ စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများပြားခဲ့ပြီး ဖရဲသီးသတင်းပေးချက်အရ သေဆုံးသူ ၇၀ကျော်ရှိတယ်လို့ ညောင်ဦးပကဖက ဆိုပါတယ်။
◾️ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ်

👍42👏2🔥1
ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေတယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်များက မတ်လ ၁၅ရက်ကစ၍ ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအခြေစိုက် အမှတ်(၃၄၄)အမြောက်တပ်(အမတ-၃၄၄)နဲ့ သာပေါင်းမြို့နယ်ရှိ အမှတ်(၃၀၈)ခြေမြန်တပ်ရင်း(ခမရ-၃၀၈)ကို ဦးတည်ကာ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်းမှာ တိုက်ပွဲများပြင်းထန်လာတာလို့ သိရပါတယ်။ စစ်ကောင်စီက မတ်လ ၁၇ရက်ကစလို့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲမှာ ရေကြည်မြို့နယ်အတွင်းရှိ ကျားကိုက်၊ စက်စက်ယို၊ ကက္ကူကြီးကျေးရွာ၊ လေးမျက်နှာမြို့နယ်မှာ ဝက်ကုန်းရွာ၊ ချင်းလယ်ရွာပတ်ဝန်းကျင်မှာ ဖြစ်နေပါတယ်။
◾️အင်းတော်စစ်ကူသွားရင်း စစ်ကြောင်းပျက်သွားတဲ့ စစ်တပ်ဆီက လက်နက်မျိုးစုံ ၅၄လက်ရ
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲသို့ စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းကို မတ်လ ၁၅ ရက်က အင်းတော်-ကသာလမ်း တနေရာမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကြောင်းပျက်သွားပြီးလက်နက်(၅၄)လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ ကသာမြို့ ခမရ-၃၀၉ မှ ထွက်လာပြီး အင်းတော်ဆီ စစ်ကူလာတဲ့ အဲဒီစစ်ကြောင်းကို KIA၊ KPDF၊ ကသာခရိုင် တပ်ရင်း(၁)၊ မိုးတားတိုက်နယ်ပကဖနဲ့ ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကြောင်းကို ဗိုလ်မှူးလင်းထက်ဆိုသူ ဦးစီးတဲ့ ခမရ(၁၀၆)၊ခမရ(၃၀၉) ၊ ခလရ(၆) ပူးပေါင်းအင်အား ၁၅၀ခန့်ပါစစ်ကြောင်းမှာ ၃၃ဦးသေဆုံးပြီး၊ ၁၀ ဦးဒဏ်ရာရကာ ၃၁ဦးဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
◾️တိုက်ပွဲအချိန်မရွေးဖြစ်နိုင်လို့ လွိုင်ကော်-ဆီဆိုင်လမ်းကို ပိတ်လိုက်ကြောင်း KNDFကြေညာ
တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တာကြောင့် လွိုင်ကော်-ဆီဆိုင်လမ်းကို ပိတ်လိုက်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာ အမှတ်(၂)က မနေ့က ရက်စွဲနဲ့ ကြေညာပါတယ်။ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ်ရှားမှု ရှိနေတာကြောင့် စစ်ရေးအခြေအနေအရ အချိန်မရွေးတိုက်ပွဲ ထိတွေ့မှုရှိနိုင်တယ်လို့ အသိပေးထားပါတယ်။ အဲဒါကြောင့် မတ်လ ၂၀ ရက်ကစလို့ ရက်အကန့်အသတ်မရှိ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ခရီးသွားလာခြင်းကို ခေတ္တယာယီရပ်ဆိုင်းထားပြီး လူထုလုံခြုံရေးအတွက် သတိပြုလိုက်နာဖို့ တိုက်တွန်းထားပါတယ်။ လမ်းပိုင်းပြန်လည်အသုံးပြုနိုင်မယ့်အချိန်နဲ့ နေ့ရက်ကို ပြန်လည်အသိပေးမှာဖြစ်ပြီး သတိပေးကြေညာချက်ကို လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမယ့် ကိစ္စများကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဖော်ပြပါတယ်။
◾️ထိုင်းမှာ ကလေးတွေ အပါအဝင် တရားမဝင်မြန်မာရွှေ့ပြောင်း ၁၇ဦး အဖမ်းခံရ
ကလေးတွေ အပါအဝင် တရားမဝင် ဝင်ရောက်လာသူ မြန်မာ ၁၇ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ကန်ချနာဘူရီ ပြည်နယ်ထဲက ဆန်ခလာဘူရီမှာ မနေ့ ညသန်းခေါင်ကျော်မှာ မသင်္ကာစရာ ပစ်ကပ်ကား တစ်စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးခဲ့ပါတယ်။ သောင်ဖာဖွမ် ခရိုင်ဖက်ကို ဦးတည်မောင်းနှင်နေတဲ့ကားရဲ့ယာဉ်မောင်းက ကားကို ရပ်မပေးဘဲ မောင်းပြေးခဲ့တာကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေက နောက်ကနေ အပူတပြင်း လိုက်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ ဆွန်ခလာဘူရီရဲ့ ငွန်လူ ခရိုင်ခွဲ၊ ကျေးရွာ အမှတ် ၃ နားမှာရှိတဲ့ စမ်းချောင်းတစ်ခုနား တောစပ်မှာ ရပ်ထားတဲ့ ကားကို ထိုင်းရဲတွေက ရှာတွေ့ခဲ့ပါတယ်။ ယာဉ်မောင်းက ကားကို စွန့်ခွာပြီး ခြေလျင်ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ကားထဲမှာတော့ ကြပ်ကြပ်တည်းတည်းစီးနင်းလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁၄ဦးကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေး ၆ ဦး ပါဝင်ပြီး အငယ်ဆုံးဟာ ၁ နှစ်အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။
◾️မြန်မာအရေး တရုတ်ကြားဝင်မစွက်ဖို့ လားရှိုးမြို့မှာ ပြောက်ကျားသပိတ်လုပ်
မြန်မာအရေးဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ပြောက်ကျားသပိတ်လှုပ်ရှားမှု လားရှိုးမြို့ပြည်သူတချို့က ပြုလုပ်ခဲ့ပါတယ်။ မနေ့ညပိုင်း ၉နာရီလောက်မှာ လားရှိုးပြည်သူလူထုက တရုတ်အစိုးရဆန့်ကျင်ရေး ပြောက်ကျားလှုပ်ရှားမှု လုပ်ခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။ လားရှိုးမြို့ကို MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၂၀၂၄ သြဂုတ်လဆန်းမှာ စစ်ကောင်စီရဲ့ နမခ အပါအဝင် တပ်ရင်းဌာနချုပ်တွေ၊ စခန်းတွေကို အပြီးသတ်ထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က MNDAA ကို စစ်မတိုက်ဘဲ စစ်ကောင်စီနဲ့ဆွေးနွေးဖို့ ဖြတ်ငါးဖြတ်လုပ်ပြီးဖိအားပေးခဲ့ပါတယ်။
◾️ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နဲ့ စခန်းကို စီးနင်းတိုက်ခိုက်

👍40❤4🔥1
ပဲခူးတိုင်း၊ မင်းလှမြို့နယ် စစ်ကွင်းမြို့ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းဘေးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်နဲ့ စခန်းကို မနေ့ မနက် အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကွင်းတာဆုံမှာ ဂိတ်စခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ မနက် ၁ နာရီခွဲခန့်မှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ ရဲဘော်တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာ "မြောက်ခြမ်းကျေးရွာများသပိတ်"က ရဲဘော်အောင်ဇေကျဆုံးခြင်း ၂နှစ် နှင့် ၅လပြည့်အဖြစ် ကျဆုံးရဲဘော် ဂူဗိမာန်ရှေ့မှာ ဦးညွှတ်အလေးနီပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

👍53🥰3🔥1