(မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အဝင် တာဆုံမှာ အထိုင်ချထားးတဲ့ စစ်ကောင်စီတပ် ဂိတ်နဲ့ စခန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - ၃၈၀၂၊ တပ်ခွဲ ၂)
❤57👍30👏9🔥1
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ်
မတ် ၂၁၊ ၂၀၂၅။ မိထက်/People's Spring
ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်း သတင်းရရှိသည်။
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက မတ်လ ၁၅ရက်ကစ၍ ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအခြေစိုက် အမှတ်(၃၄၄)အမြောက်တပ် (အမတ-၃၄၄)နှင့် သာပေါင်းမြို့နယ်ရှိ အမှတ်(၃၀၈)ခြေမြန်တပ်ရင်း (ခမရ-၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်း ဖြစ်သည်။
စစ်ကောင်စီက မတ်လ ၁၇ရက်မှစ၍ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။
"စစ်ဘေးရှောင်တွေက တစ်နိုင်တစ်ပိုင်သယ်ပြီး ထွက်လာကြရတာ။ ဟင်္သာတ၊ အထောင်၊ ယုန်သလင်း၊ ကွင်းကောက်မြို့အဝင်ဂိတ်တွေမှာ စစ်သားတွေနဲ့ရဲတွေက အသေအလဲစစ်ပြီး ပြန်လွှတ်နေတာ။ တချို့ဆို လမ်းဘေးတွေမှာထိုင်နေရတယ်။ ရခိုင်မှတ်ပုံတင်တွေကိုပိုစစ်တယ်"ဟု လေးမျက်နှာမြို့ခံတစ်ဦးက ပြောသည်။
တိုက်ပွဲမှာ ရေကြည်မြို့နယ်အတွင်းရှိ ကျားကိုက်၊ စက်စက်ယို၊ ကက္ကူကြီးကျေးရွာ၊ လေးမျက်နှာမြို့နယ်တွင် ဝက်ကုန်းရွာ၊ ချင်းလယ်ရွာပတ်ဝန်းကျင်၌ ဖြစ်နေသည်။ အဆိုပါ နေရာများသည် ရေကြည်မြို့၊ မြောက်စမ်းရွာအခြေစိုက် အမတ(၃၄၄)နှင့်လည်း မိုင်အနည်းငယ်သာ ကွာဝေးသည်။
မတ်လ ၁၈ ရက်ညက ဝက်ကုန်းကျေးရွာအနီးသို့ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
" လေးမျက်နှာ ငဝန်မြစ်ကူးတံတားကို စစ်တပ်ဘက်က ပိတ်ထားတယ်။ နောက်ပြီး ဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်။ ဒီရက်ထဲမှာ ဖုန်းဆက်သွယ်ရေးတော်တော်ခက်လာတယ်"ဟု ဟင်္သာတမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်သည့်ဒေသများသို့ ဟင်္သာတ - တလုတ်ထော်လမ်းပိုင်းအသုံးပြု၍ အမိုးအုပ်ထားသည့်စစ်ကောင်စီကားများဖြင့် သွားလာနေပြီး လမ်းသွားလမ်းလာများ ခြိမ်းခြောက်မှုများရှိနေသည်ဟု သတင်းရရှိသည်။
လက်ရှိဒေသတွင်း စစ်ရေးအခြေအနေအရ ဒေသခံပြည်သူများ သတိထားသွားလာကြရန် ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက လူမှုကွန်ရက်မှတစ်ဆင့် သတိပေးနေကြသည်။

❤34👍20🤬9😁7👏2😡2🤣1
မန္တလေး PDF က တိုင်ကြား၊ လမ်းညွှန်၊ အကြံပြုပေးရန်ဖိတ်ခေါ်
မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) ရဲဘော် တဦးဦးဖြစ်စေ၊ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာန များဖြစ်စေ စစ်သည်တော်ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများချိုးဖောက်ပါက တိုင်
ကြားနိုင်ကြောင်း MDY PDFက ယနေ့ မတ်လ ၂၁ရက်တွင် ထုတ်ပြန် ဖိတ်ခေါ်ခဲ့သည်။
ပြည်သူလူထုအနေဖြင့် ပြည်သူများက ပေါက်ဖွားလာကြသည့် PDF များ ကို လိုအပ်သကဲ့သို့ ပဲ့ပြင်ထိန်းကျောင်းရန် အထူးအရေးကြီးသည်ဟု ဖော်
ပြသည်။
"ကျနော်တို့ဘက်ကလည်း လူထုရဲ့ ဒီထိန်းကျောင်းမှု၊ လမ်းညွှန်မှုကို တန်ဖိုးထားကာ လေးစား၊ လိုက်
နာကြဖို့ လိုအပ်ပါတယ်။ ကျနော်တို့ MDY-PDF အနေနဲ့ ဆွဲကိုင်ထားတဲ့ မူကလည်း “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဖြစ်ပါတယ်။ကျနော်တို့ MDY-PDF တပ်ဖွဲ့ဝင်တဦးဦးကဖြစ်စေ၊ တပ်ရင်း/တပ်ဖွဲ့/ဌာန တခုခုကဖြစ်စေ PDF စစ်သည်တော်တို့ လိုက်နာကျင့်ကြံရမယ့် “ကျင့်ဝတ်စည်းကမ်း” တွေ၊ တပ်ဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်း
ကမ်းတွေကို ကျူးလွန်ချိုးဖောက်နေတာ မြင်ခဲ့၊ ကြုံခဲ့၊ ကြားခဲ့ရင် လူထုအနေနဲ့ ကျနော်တို့ထံကို တိုင်တန်းကြဖို့ အလေးအနက် ဖိတ်ခေါ်၊ ပန်ကြားလိုပါတယ်” ဟု MDY PDFက ဖိတ်ခေါ်သည်။
တိုင်တန်းမှုများ ရှိလာပါက တပ်ဖွဲ့၏ စစ်ရေးရုံး၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့မှ လိုအပ်သလို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဟု အသိပေးသည်။
"တွေ့ရှိချက်ပေါ် မူတည်ပြီး လိုအပ်တဲ့ အရေးယူမှုတွေကို ဆက်လက်ဆောင်ရွက်ကြမှာလည်း ဖြစ်ပါတယ်။ ဒါက လက်ရှိလည်းပဲ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ သတင်းပို့တိုင်ကြားကြတဲ့ မိဘပြည်သူများအနေနဲ့လည်း ဒီလိုစုံစမ်းစစ်
ဆေးရာမှာ လိုအပ်တဲ့ သက်သေသက္ကာယတွေ၊ အထောက်အထား အချက်အလက်တွေကို တတ်
နိုင်သမျှ ကူညီပေးကြဖို့နဲ့ စုံစမ်းမေးမြန်းရာမှာ လိုအပ်လာရင် ပူးပေါင်းပါဝင်ပေးကြဖို့လည်း တပါတည်း မေတ္တာရပ်ခံအပ်ပါတယ်” ဟု MDY PDFက ထုတ်ပြန်သည်။
ရာနှုန်းပြည့် ပြီးပြည့်စုံအောင် ကောင်းမွန်နေသည့် အခြေအနေမျိုး မဖြစ်နိုင်မှန်သိသော်လည်း MDY-PDF ကို အကောင်းဆုံးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းတည်ဆောက်နေကြောင်း အသိပေးသည်။
"လက်နက်ကိုင်တပ်ဖွဲ့တခုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ CoC နှစ်ရပ် (Code of Conduct and Chain of Command) ကောင်းမွန်မှန်ကန်ရေးက ကျနော်တို့ အဖြစ်ချင်ဆုံး၊ အလိုလားဆုံး ဆန္ဒဖြစ်ပါတယ်။ ဒီအတွက် ပြည်သူအပေါင်းကလည်း ဝိုင်းဝန်း ပံ့ပိုးကူညီပေးကြပါခင်ဗျား” ဟု ဖော်ပြထားသည်။
MDY-PDF နှင့် ပတ်သတ်ပြီး တိုင်ကြားလိုလိုပါက Signal ၊ Telegram ၊ Email များ အသုံးပြု တိုင်ကြားနိုင်သကဲ့သို့ ယင်းတို့ကို အသုံးပြုရန် အခက်အခဲရှိသူများအနေဖြင့် တပ်ဖွဲ့၏ တရားဝင် Facebook စာမျက်နှာက တဆင့် ဆက်သွယ်နိုင်ဟုလည်း အသိပေးသည်။
ထိုအပြင်- စစ်ဂနယ် Signal: +44 741 286 1688တယ်လီဂရမ် Telegram: @office_mdypdf၊ အီးမေးလ် Email: office@mdypdf.org တို့ကို တိုင်ကြားနိုင်ကြောင်းလည်း ဖော်ပြသည်။
PDFများသည် စစ်အာဏာရှင်စနစ်၏ တွန်းပို့မှုကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို မလွဲမရှောင်သာ ရွေးချယ်ခဲ့ကြရကြောင်း၊ ဖက်ဆစ် အာဏာရူးကို ထိုသို့ မတွန်းလှန်ပါက တိုင်း
ပြည်နှင့် လူထု အတွက် ပိုမိုဆိုးရွားနစ်နာမည်ကို သိ၍ ယခု လမ်းစဉ်ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
“လောကီလူသားတွေပီပီ လူဆိုတာ အခြေအနေအရပ်ရပ်က ဖန်တီးစေ့ဆော်လာရင် ဖောက်လွဲဖောက်ပြန် ဖြစ်လေ့ရှိပါတယ်။ ရာထူး၊ အာဏာ၊ ငွေကြေး၊ လုပ်ပိုင်ခွင့် အစရှိတာတွေက တော်
လှန်ရေးသမားတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖျက်ဆီးလေ့ရှိပါတယ်။ အထူးသဖြင့် လက်နက်ကတဆင့် ရရှိလာတဲ့ ရာထူး၊ အာဏာက လူကို ပိုပြီး ဖောက်ပြန်စေတတ်ပါတယ်။ တော်
လှန်ရေးရဲ့ အတက်အကျ လောကဓံကို ကျနော်တို့ PDF တွေအပါအဝင် တော်လှန်ရေးသမားများနဲ့ တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြဖို့ လိုအပ်လှပါတယ်” ဟုလည်း MDY PDFက ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်
ရေးဝန်ကြီးဌာန (MOD) ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ အစိတ်
အပိုင်း တခုဖြစ်သော MDY PDF အနေဖြင့် ၁၀၂၇စစ်ဆင်ရေးပထမပိုင်း၊ဒုတိယပိုင်း(ရှမ်း-မန်း
စစ်ဆင်ရေး)များ၌ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီ စစ်ရေးလှုပ်ရှား ဖော်ဆောင်နိုင်ခဲ့ပြီးယင်းစစ်ဆင်ရေးများမှတဆင့် မန္တလေးဒေသထဲ၌ စိုးမိုးထိန်းချုပ်နယ်မြေအချို့ကိုလည်း ရယူထားနိုင်ကြောင်း အသိပေးသည်။
“ဒါပေမယ့် ဒါက ကျနော်တို့ ကျေနပ်တင်းတိမ်ရ
မယ့် အခြေအနေ မဟုတ်ပါဘူး။ ပြည်သူ့နွေဦးတော်လှန်ရေးကြီးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဘုံရန်
သူ အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်
စု တည်ဆောက်ရေးတို့အထိမဆုတ်မနှစ်ဆက်
လက်ချီတက်ကြဖို့ပဲ ဖြစ်ပါတယ်။” ဟု MDY PDFက ထုတ်ပြန်သည်။

👍79❤21👏3🤮2👌2
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန် ကလည်း "အဓိကကတော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေရဲ့ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်လိုက်နာမှု ပိုမိုအားကောင်းလာဖို့ ရည်ရွယ်ပါတယ်။ နောက်တခုကတော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကြောင့်ပေါ့နော် ပြည်သူတွေထိခိုက်နစ်နာတာမျိုးတွေ မရှိရလေအောင် ရည်ရွယ်ပြီးတော့ တိုင်ကြားနိုင်တဲ့လမ်းကြောင်းကို ကြေညာခဲ့တာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် အားမနာတမ်း ကျွန်တော်တို့ကို တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားတဲ့ပြည်သူတွေရဲ့လုံခြုံရေးအတွက်လည်း အပြည့်အဝ အာမခံပါတယ်ဗျ"ဟု ပြောကြားသည်။
မန္တလေး PDF သည် မဟာမိတ်များနှင့် ပူးပေါင်း၍ စဥ့်ကူးမြို့နယ် ၊ နောင်ချို မြို့နယ် ၊မိုးကုတ်မြို့နယ် ၊မိုးမိတ် မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထို့အပြင် မတ္တရာမြို့နယ် ရှေ့ပိုင်းရှိ စစ်တပ်စခန်းပေါင်း ၄၀ ခန့်ကိုသိမ်းပိုက်ထိန်းချုပ်၍ မတ္တရာမြို့နယ်အရှေ့ပိုင်းကိုထိန်းချုပ်ထားသည်။
ယခုအခါမတ္တရာမြို့နယ် ၊သပိတ်ကျင်းမြို့နယ်၊နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်တိုက်ခိုက်နေသည်။

👍68❤22🤮1
■ဆောင်းပါး
"အညာစစ်ရှောင်တွေ သည်နွေကို
ဘယ်လိုရင်ဆိုင်ရပါ့ "
ဟာနာဆန်/People's Spring
တပေါင်းလပြည့်ကျော်ရက်တွေမှာတော့ အညာဟာ နွေစစ်စစ်နဲ့ စတင်တိုးပါပြီ။ အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စစ်
ကြောင်းထိုးသတ်ဖြတ်မှုတွေနဲ့အတူ ပြည်သူတွေဟာ ပူလောင်အိုက်စက်တဲ့ နွေရာသီကို ငါးကြိမ်မြောက် ဖြတ်သန်းရတော့မှာပါ။ ဒီနှစ်နွေရာသီမှာလည်း အညာကလူထုဟာ ကျောဗလာနဲ့ ရင်ဆိုင်ကြဖို့ အဆင်သင့်ဖြစ်နေပါပြီ။
မီးရှို့ခံထားရလို့မည်းညစ်နေတဲ့အိမ်တိုင်ဆွေးဆွေးတွေ၊ ခြောက်သယောင်းနေတဲ့မီးကျွမ်းထားတဲ့သစ်
ပင်အိုတွေ၊ လေတိုက်တိုင်း တအိအိလှုပ်နေတဲ့ လက်ကျန်သွပ်ချပ်လေးတွေကြားမှာထန်းလက်တဲ
အိုလေးတွေဟာငုတ်တုပ်ထိုင်နေကြတယ်။ ဝေ့ဝဲ
တိုက်ခိုက်လာတဲ့လေဟာ လေပူကြီးပါ။ အဲဒီပူကြွပ်ကြွပ်တဲအိမ်လေးတွေထဲမှာ စစ်ဘေးသင့်ပြည်သူတွေ နေထိုင်ကြပါတယ်။
"အိမ်တွေပြန်နေလို့မရတဲ့သူတွေသူတွေမနည်းဘူး။ စစ်ရှောင်စခန်းတွေမှာ နေရတယ်။ ဘုန်းကြီး
ကျောင်းတွေနေရတယ်။ လူကြီးတွေဆို ပိုဆိုးတာပေါ့ဗျာ။ အခုလို ရာသီနဲ့ကတော့။"လို့ ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အမျိုးသားတဦးက ပြောတယ်။
အညာမှာ စစ်ရှောင်ပြည်သူက အမျိုးမျိုးကွဲပါတယ်။ စစ်ကောင်စီစစ်ကြောင်းထိုးတုန်းယာယီစစ်ရှောင်ရသူတွေရှိတယ်။ ဘုန်းကြီးကျောင်းတွေဘု
ရားတွေနဲ့ ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ နေကြတယ်။ ယာယီစစ်ရှောင်ပေါ့။
နောက်တမျိုးကတော့ အမြဲတမ်းစစ်ရှောင်ပါ။ စစ်ကြောင်းက နေအိမ်တွေ မီးရှို့သွားတယ်။ ပြန်နေလို့လည်းမရတော့ သင့်ရာနေရမှာတဲထိုးနေကြတယ်။ တချို့ကတော့ မီးလောင်ပြင်မှာပြန်နေပြီး တဲထိုးနေတယ်။ တချို့ကတော့ ရွာပြင်မနီးမဝေးပေါ့။ ဘယ်စစ်ရှောင်ဖြစ်ဖြစ် ဆိုးရွားတဲ့ အညာနွရောသီကို ရင်ဆိုင်ကြရပါတယ်။
"နေအိမ်တွေမီးရှို့ခံရတာလည်း ဆောက်ထားတဲ့နေရာတွေကလည်း ပြင်တွေဆိုတော့လေ ပူတာလောင်တာရယ် ထန်းပလက်တဲ သေးသေးလေးတွေ ထိုးပြီးနေရတယ်။"လို့ စစ်ရှောင်ကူညီသူ အမျိုးသားက ပြောတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကနေ၂၀၂၅ ဇန်နဝါရီလအထိ့ နိုင်ငံတစ်ဝန်းစစ်ကောင်စီရဲ့လက်နက်ကိုင်အဖွဲ့တွေမီးရှို့ဖျက်ဆီးခဲ့တဲ့နေအိမ်ပေါင်း တစ်သိန်းတစ်သောင်းကျော်ရှိပါတယ်။ဒီအထဲမှာ စစ်ကိုင်းတိုင်းတစ်ခုတည်းနေအိမ်ပေါင်း ခုနှစ်သောင်းလောက်မီးရှို့ဖျက်ဆီးခံထားရတာပါ။
ဒီနှစ်မှာလည်းနွေဦးအစမှာတင်အညာနွေကကျိုက်
ကျိုက်ဆူပွက်နေတဲ့ ရေနွေးအိုးကြီးတအိုးထဲ နေနေရသလို ခံစားနေရပါပြီ။ ဒီနှစ်နွေမှာလည်း မနှစ်ကလို လူကြီးနဲ့ ကလေးသူငယ်တွေအပူဒဏ်
ကြောင့် ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်တယ်လို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။
"မနှစ်ကဆို လူကြီးတွေ သွေးတိုးတာတွေဖြစ်တယ်။ ရာသီဥတုက တအားပူပြင်းတော့။ တချို့လူကြီးတွေဆို အမောဒဏ်မခံနိုင်ဘူး။အမောဖောက်တာတို့၊ ကလေးငယ်တွေဆို နှာခေါင်းသွေးယိုတာတို့ ဖြစ်တယ်။"လို့ကိုစိုးမိုးအောင်က ပြောတယ်။
မနှစ် ၂၀၂၄ ခုနှစ် နွရောသီမှာ ဒီပဲယင်းမြို့နယ်အတွင်း heatstoke (အပူရှပ်) နဲ့ လူကြီး ၃ ယောက်ထက်မနည်း ဆုံးပါးခဲ့တယ်လို့ ကိုစိုးမိုးအောင်က ပြောပြပါတယ်။
ဒါကြောင့် ဒီနှစ်မှာတော့ စစ်ရှောင်တွေ လေဝင်လေထွက်ကောင်းကောင်းနဲ့ ချောင်ချောင်ချိချိ နေနိုင်အောင် တန်ဖိုးနည်းလုံးချင်းအိမ်ကလေးတွေ ကြိုးစားပြီး တက်သုတ်ရိုက် တည်ဆောက်ပေးနေတယ်လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
"တရက်ကို နှစ်အိမ်နှူန်းလောက်ပြီးအောင်ဆောက်နေတယ်။ မိသားစုတွေ ခွဲထုတ်နိုင်ဖို့လေ။ အစုအဖွဲ့နဲ့နေတာထက်စာရင် ကိုယ့်နေရာနဲ့ကို နေရတာက သက်သာမယ်။ ရာသီဥတုပူပြင်းတော့ လူတွေအများကြီးနဲ့ နေတာထက်စာရင်။"လို့ ကိုစိုးမိုးအောင်က ဆိုပါတယ်။
ရာသီဥတုပူရတဲ့အထဲ အညာမှာ သစ်ပင်တွေနည်းသွားခဲ့တာလည်း အပူဒဏ်ကို ပိုဆိုးစေခဲ့တယ်လို့ ဒေသခံတွေက ပြောပြတယ်။
"မီးရှို့ခံရတာ သစ်ပင်တွေပါ ပါတာဆိုတော့ အပူကပိုပြီးတော့များတယ်။ အပင်မရှိတော့ လေတွေကလည်း ပူတာပေါ့နော်။ မနှစ်ကတော့ တော်တော်လေးကြုံလိုက်ရတယ်။ တော်တော်လေးကို ဆိုးပါတယ်။"လို့ ကိုစိုးမိုးအောင်က ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာ
ရေးဝန်ကြီးဌာနကနေ ပြည်သူတွေ အပူဒဏ် ခံနိုင်အောင် အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ဖို့ အခုလိုပဲ လမ်းညွှန်ထားပါတယ်။
ယခုအချိန်အခါဟာ ရာသီဥတု ပူပြင်းတာကြောင့် ချွေးထွက်များပြီး ခန္ဓာကိုယ်အတွင်းက ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးတာမျိုး၊ အပူဒဏ်ကြောင့်သတိလစ်တာ (Heat Stoke) ဖြစ်နိုင်တယ်။ အချိန်မီ ကုသမှု မခံယူဘူးဆိုရင် အသက်ဆုံးရှုံးနိုင်တယ်လို့ သတိပေးပါတယ်။
ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ရောဂါသည်တွေကို နေ့လယ်ပိုင်းမှာ အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာ နားနေဖို့၊ နေပူထဲထွက်ရင် ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းဖို့၊ အရိပ်ရတဲ့နေရာတွေမှာ မကြာ
ခဏ အနားယူဖို့ လမ်းညွှန်ထားပါတယ်။

👍45🔥2❤1
အလင်းပြန်တဲ့ အဖြူရောင် (သို့) အရောင်ဖျော့တဲ့ ပွပွချောင်ချောင် ချည်ထည်တွေကို ဝတ်ဆင်ဖို့နဲ့ နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာမျိုး၊ မနက် (၁၀) နာရီကနေ ညေနေ (၅) နာရီအတွင်း အမိုးအကာမရှိတဲ့ နေရာတွေမှာ ရေချိုးအဝတ်လျှော်တာတွေ ရှောင်ကြဉ်ဖို့ သတိပေးပါတယ်။
ပူပြင်းတဲ့ နေရောင်အောက်မှာ အလုပ်လုပ်တာ၊ ကိုယ်လက်လှုပ်ရှားတာတွေကို ရှောင်ကြဉ်ဖို့၊ အရက်သောက်ရင် အပူဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရတတ်လို့ ရှောင်ကြဉ်ဖို့နဲ့ ရေနဲ့ ဓာတ်ဆားရည်ကို လုံလောက်စွာ သောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေထပ်မံသတိပေးထားပါတယ်။
နောက်ထပ်ရင်ဆိုင်ကြရမှာကတော့ ရေပြဿနာပါ။ စစ်ရှောင်တွေဟာ ကျရာသင့်ရာမှာ နေကြရတော့ တောထဲက သဘာဝ မိုးရေကန်တွေကိုသာ အားကိုးရပါတယ်။ အခုလို နွပေါက်လို့ ရေကန်တွေ ခမ်းခြောက်လာတော့ ရေအခက်အခဲ တွေ့လာကြပြီလို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
မြင်းမူမြို့နယ်ထဲက ပြည်သူတွေဆယ်ချီ သတ်
ဖြတ်ခံခဲ့ရတဲ့ လက်ထုတ္တောရွာမှာဆိုရင် ရွာထဲက ရေတွင်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးသွားခဲ့လို့ ရေအခက်အခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် စစ်ရှောင်တွေအတွက် အဝီစိတွင်းတွေ တက်နိုင်သလောက် လိုက်တူးပေးနေတယ်လို့ ကန့်ဘလူမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ S&C အဖွဲ့ကလည်း အရင်နှစ်နွတွေမှာ ရွှေဘိုခရိုင်ထဲမှာ စစ်ရှောင်တွေအတွက် အဝီ
စိတွင်းတွေ နိုင်သလောက်လိုက်တူးပေးခဲ့တယ်။
"မနှစ်ကတည်းက ရေမရှိတဲ့နေရာတွေကို ရေလိုက်တူးပေးတယ်။ ဒီနှစ်လုပ်နိုင်မလုပ်နိုင်က အလှူရှင်တွေပေါ်မူတည်တယ်။ ခုအချိန်ဆို အဝီစိတွင်းတတွင်း သိန်းနှစ်ရာအထက်ပေါက်တယ်။"လို့ ကိုစိုးမိုးအောင်က ပြောပြပါတယ်။
ယင်းမာပင်မြို့နယ်ထဲမှာလည်း လျှပ်စစ်မီးပုံမှန်မရတဲ့အတွက် စစ်ရှောင်ပြည်သူတွေ သောက်သုံးရေအခက်အခဲ ရှိလာနိုင်တယ်လို့ ချင်းတွင်းမြစ်အ
နောက်ဘက်ကမ်း ကျေးရွာများ သပိတ်ကော်မတီက ကိုအောင်ခန့်ဇော်က ပြောပါတယ်။အာဏာ
သိမ်းကာလ ငါးနှစ်ထဲရောက်လာတော့ နွရောသီမှာ စစ်ရှောင်တွေအတွက် ဘာတွေလိုအပ်မယ်၊ ဘာတွေပြင်ဆင်ရမယ်ဆိုတာကို သိပေမဲ့ များပြားလှတဲ့ စစ်ရှောင်အရေးတွေကြောင့် တော်တော်ရုန်းကန်နေရတယ်လို့လည်း စစ်ရှောင်ကူညီသူတွေက ပြောပြပါတယ်။
"နွေအတွက် နေအိမ်တွေတို့ ရေရှိရေးတို့ ဒီအချိန်လောက်ကတည်းက စပြင်ဆင်မှအဆင်ပြေမှာ။ စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ဓာတ်ဆားကအစ ကြိုတင်ဝယ်ယူစုဆောင်းနိုင်ဖို့လိုမယ်။ မနှစ်ကလည်းတခါကြုံပြီးပြီ။ ဓာတ်ဆားဆေးတွေ အဆ
မတန်တက်သွားတာ။"လို့ S&C အဖွဲ့တည်ထောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒါကြောင့် တက်နိုင်တဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေအနေနဲ့ ကူညီပေးကြဖို့ စစ်ရှောင်ကူညီသူတွေက တိုက်တွန်းပါတယ်။
"နွေရောက်ရင် ဘာတွေကြိုပြင်ဆင်ရမယ်ဆိုတာ သိပေမယ့် နှစ်ကလည်း ကြာလာပြီဆိုတော့ မနည်းလည်ပတ်နေရတယ်။"လို့ ကိုစိုးမိုးအောင်က ပြောတယ်။
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အတွင်း မြန်မာ
နိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၃ သန်းခွဲကျော်ရှိတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု
ဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကဖေဖော်ဝါရီ တတိယပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြေပြင်မှာ အဲဒီစာရင်းထက်များတယ်လို့လည်း စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။
ဒါ့အပြင် နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ရှိတဲ့ လူဦး
ရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး သန်းပေါင်းများစွာသော ပြည်သူများဟာ ဘေးကင်းလုံခြုံသော မှီခိုရာနေရာ သို့
မဟုတ် သန့်ရှင်းတဲ့သောက်သုံးရေမရရှိဘဲ နေထိုင်
နေရတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုထဲမှာပဲ အညာကလူထုဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်
နက်ကြီးနဲ့ထုတာတွေ၊ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေ ရင်ဆိုင်နေရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေ
သမှာဆိုရင် ဖေဖော်ဝါရီနောက်ဆုံးပတ်ကနေ မတ်လ တတိယပတ်အထိ ၃ ပတ်ကျော်ကာလအတွင်း ပြည်သူ ၂၀ နီးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။ နေအိမ်အလုံးပေါင်းရာချီ မီးရှို့ဖျက်ဆီးခံထားရတယ်။ ဒေသခံ ၂ သောင်းကျော် နေပူကျဲ
ကျဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်
အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လေ
ကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၂ ဦးသေဆုံးပြီး ၃၆၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ အညာက မြိုင်၊ ရေစကြို၊ မုံရွာ၊ ချောင်းဦး၊ စတဲ့ ဒေသက ပြည်သူတွေလည်း ပါဝင်ပါတယ်။
အခု မတ်လ တတိယပတ်အထိ အညာကစစ်ကိုင်း၊ မန္တလေး၊ မကွေးက ဒေသတွေမှာလည်းစစ်ကောင်
စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာပါတယ်။အာဏာသိမ်းခေါင်းဆောင်က ပြီးခဲ့တဲ့လပိုင်းက စစ်ဘေးရှောင်တွေကို ကူညီမယ်လို့ပြောပါတယ်။သူပြောပြီး မကြာခင်မှာပဲ ဘုန်းကြီးကျောင်း
၊ဘုရားကျောင်း၊ဈေးတွေကိုပါ ပစ်မှတ်ထားပြီး ဗုံးကြဲသတ်ဖြတ်မှုတွေပိုလုပ်လာပါတယ် ။
စဥ့်ကူး လက်ပံလှရွာမှာ ၊နောင်ချို မှာ ၊ ဗန်းမော်မှာ ရဟန်းသံဃာတွေ ၊ ကလေးငယ်တွေအပါအဝင်ပြည်သူတွေပါ လူအစုလိုက်အပြုံလိုက် ဗုံးကြဲအသတ်ခံခဲ့ရပါတယ် ။

😢37👍13🔥1
ဆိုးရွားတဲ့အခြေအနေတွေကြားမှာပဲ စစ်ရှောင်ပြည်သူတွေအတွက် ကိုစိုးမိုးအောင်တို့ ရုန်း
ကန်နေကြရပါတယ်။
"ဒီကရှေ့ နွေပြီးရင် မိုးပါ တန်းလာမှာဖြစ်တဲ့အတွက် နေဖို့ထိုင်ဖို့ရာ ခုကတည်းက စီစဉ်နေရတယ်ဗျ။ ဒီကရှေ့ ရာသီဥတုက ဆက်တိုက်ဆိုးတော့မှာလေ။ နွေကလည်းပူဦးမယ်။ မိုးကလည်း လာဦးမယ်ဆိုတော့။"လို့ ကိုစိုးမိုးအောင်က ရင်မောစွာနဲ့ ပြောလိုက်ပါတယ်။ ။

😢44👍9🔥2
မတ်လ တတိယပတ်အတွင်းက စစ်ကောင်စီစစ်ကြောင်းထိုးသတ်ဖြတ်နေ၍ ထွက်ပြေးလာရသော ရေစကြိုရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-Info Committee Yesagyo
😢57👍5❤3🔥2
မိုးဗြဲမြို့ပြာကျစေရန် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေ
မတ် ၂၁၊ ၂၀၂၅။ ရဲခေါင်/People's Spring
ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား ပြာကျစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ယနေ့(မတ်လ ၂၁ရက်) ထုတ်ပြန်သည်။
မဟာမိတ်တပ်ပေါင်းစု၏ ထိန်းချုပ်ထားသော မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းသုံးကြောင်းအပြင် နည်းလမ်းမျိုးစုံဖြင့် တိုက်စစ်ဖွင့်ထိုးစစ်ဆင်လာသည်မှာ ၄လခန့်ကြာမြင့်လာပြီဟု ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက အသိပေးသည်။
ယခု မတ်လအတွင်း စစ်ရေးပိုပြီးပြင်းထန်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲကြီး၊ငယ်များ နေ့စဥ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိနာနေသောကြောင့် ဖယ်ခုံနှင့် လွိုင်ကော်မြို့မှ လက်နက်ကြီးအကူ ၊ လေကြောင်းအကူအပြင် တိုက်ခိုက်ရေးဒရုန်းနှင့် ကာမီကာဇေ(အသေခံ)ဒရုန်းတို့ဖြင့်ပါ တိုက်ခိုက်လာသည်ဟု ဆိုသည်။
ယနေ့အချိန်ထိ မိုးဗြဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်နေဆဲဖြစ်ကြောင်းလည်း ရှမ်းတောင်စစ်ဒေသခွဲဗျူဟာမှူး ကိုနေကောင်းက ပြောသည်။
" ၄၂၂ တပ်ထဲမှာလည်း ရှိတယ်။လက်ရှိ မိုးဗြဲမြို့ပြင်နေရာအချို့မှာပဲ။သူတို့ဘက်ကတော့ တစ်ရက် မဟုတ်တစ်ရက်တော့ ထိုးစစ်ဆင်ဦးမှာပဲ။မိုးဗြဲကိုသူတို့က ပြန်ရချင်တယ်။ပြန်ပြီးတော့မှ ထိန်းချုပ်ချင်တဲ့ အနေအခါမျိုးမှာတော့ သူတို့တပ်ရင်းစခန်းမပြုတ်မချင်း သူတို့လုပ်ဦးမှာပဲ။ မိုးဗြဲကိုပြန်ရဖို့သူတို့က နည်းလမ်းမျိုးစုံနဲ့ ထိုးစစ်ဆင်လာဦးမှာပဲ"ဟု ၎င်းက လူထုနွေဦးသို့ ရှင်းပြသည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ပြာကျစေရန် အဓိကရည် ရွယ်ချက်ထားပြီး မီးလောင်ဗုံးများ အသုံးပြု၍ ခမရ(၄၂၂)တပ်ရင်းမှ နေ့စဥ် ပစ်ခတ်လာသောကြောင့် မိုးဗြဲမြို့ပေါ်ရပ်ကွက် နေအိမ် (၃၀)ထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးထားရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လူသားမဆန်သည့်လုပ်ရပ်များ လုပ်ဆောင်ပြီး အများပြည်သူလူထုနေအိမ်များကိုလည်း စစ်ကောင်စီက ဖျက်ဆီးနေကြောင်းလည်း အသိပေးသည်။
"လက်နက်ကြီးနဲ့ ဒရုန်းတော့နေ့တိုင်း ကြဲနေတယ်။အခုက လက်နက်ကြီးကျတဲ့အိမ်ဆိုရင် မီးလောင်တော့တာပဲ"ဟု မိုးဗြဲစစ်မြေပြင်ရှိရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ် ချိတ်ဆက်ထားသည့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ မိုးဗြဲမြို့ကို ၂၀၂၃က '၁၁၁၁ စစ်ဆင်ရေး'ဖြင့် ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
မိုးဗြဲမြို့၏ နှစ်မိုင်ကျော်အကွာ မြောက်ဘက်ခြမ်းရှိ အမှတ်(၄၄၂)ခြေမြန်တပ်ရင်း (ခမရ -၄၄၂)ကိုခြေကုပ်ယူကာ ၂၀၂၄ ဒီဇင်ဘာကစ၍ စစ်ကောင်စီသည် လူအင်အားနှင့်ဒရုန်းများ၊ လက်နက်အင်အားသာလွန်စွာအသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
အဆိုပါ ထိုးစစ်ကို ရှမ်းတောင်စစ်ဒေသခွဲ အမှတ် (၁)ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် အခြားတပ်ပေါင်းစုများမှ ခုခံနေပြီး စစ်ရေး၊ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီများပံ့ပိုးပေးရန် တိုက်တွန်းထားသည်။

🤬60👍21❤2👎2😭2
ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်း ILOက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၁)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း "မြောက်ခြမ်းကျေးရွာများသပိတ်" က ရဲဘော်အောင်ဇေကျဆုံးခြင်း ၂နှစ် နှင့် ၅လပြည့်အဖြစ် ကျဆုံးရဲဘော် ဂူဗိမာန်ရှေ့မှာ ဦးညွှတ်အလေးနီပြုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည် ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းက ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် "ILO implement Article 33 On Myanmar Now 2025" ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း "We Stand With Ukraine" စာသားပါ အလံကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

❤48👍12🤮1