People's Spring
64.6K subscribers
64.2K photos
1.12K videos
3 files
2.8K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကမ္ဘာ့လတ်တလောအခင်းအကျင်းဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလလို အနေအထားကို ရောက်နေပြီလို့ နှစ်စပိုင်းက ရေးခဲ့ပြောခဲ့ပါတယ်။ အခုတော့ အဲဒီအနေအထားကို အတော်ကြီး ကျုံ့ဝင်လာရုံမက ကမ္ဘာ့စီးပွါးရေးဆုတ်ယုတ်မှုဆီကို ဦးတည်နေပြီလို့ ပညာရှင်တွေက ပြောလာကြပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ကျဆုံးသွားပြီး လိုကယ်လိုက်ဇေးရှင်းမှာတောင်မှ ရှေးရှေးကလို ‘ငါ့နိုင်ငံ ငါ့လူမျိုး ငါ့အကျိုးစီးပွါး’ဆိုတာကို ပိုပြီး ကြွေးကြော်လာချိန်ပေါ့။

ဒါကလည်း ကမ္ဘာ့ပုလိပ်ကြီး-ကယ်တင်ရှင်ကြီးလို နေခဲ့တဲ့ အမေရိကဟာ ရာဇဝတ်သားသမ္မတရဲ့ လက်အောက်မှာ အခြေခံလူ့ရပိုင်ခွင့်တွေကိုပါ စတေးပြီး ကိုယ်ကျိုးစီးပွါးအတွက် ရှေ့တန်းတင်လွန်းရာက ကမ္ဘာ့နိုင်ငံတွေရဲ့ ဆန့်ကျင်ပြစ်တင်ဖယ်ခွါမှုတွေကိုပါ ကြုံလာနေပါတယ်။ ကျူးကျော်စစ်ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်လေးစားခံရမှု မရှိတော့တဲ့ ရုရှအနေအထားကလည်း အနာဂတ်မှာပါ သိပ်လူစွာမလုပ်နိုင်တော့မှာလည်း သေချာနေပါတယ်။ ဒီတော့ တရုတ်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအနေအထားကို ပိုပြီးတည်ငြိမ်အောင် ထိန်းထားနိုင်သလို ဖြစ်နေပြန်ပါရော။အာဆီယံအနေနဲ့လည်း အနီးကပ် ဖိအားပေးနေတဲ့ တရုတ်ရဲ့ မီးစင်ကို ကြည့်ပြီး ကဖို့ကိုပဲ ရွေးချယ်ခွင့် ပိုရနေတာပေါ့။

ဒီလိုနဲ့ မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ အာဏာသိမ်းသက်ရောက်မှုကို ခံရတဲ့ မြန်မာ့လူထုဟာ တရုတ်ရဲ့ တိုက်ရိုက်သက်ရောက်မှုရော၊ အာဆီယံဆီက တဆင့်ခံ သက်ရောက်မှုကိုရော၊ အမေရိကရဲ့ လက်ရှောင်ဗျူဟာသက်ရောက်မှုကိုရော၊ ရုရှရဲ့ ဖျာခင်းဗျူဟာသက်ရောက်မှုတွေကိုပါ စုပြုံခံစားနေကြရပါတယ်။ အနီးဆုံးဓားဖြစ်တဲ့ တရုတ်ရဲ့ ပြည်တွင်းနိုင်ငံရေးအပေါ် စွက်ဖက်မှုကို စကစရော နွေဦးတော်လှန်ရေးဘက်တော်သားတွေရော သာမန်လူထုကပါ ခံစားရတာက အလွန်အကျွံပဲ ဆိုပါတော့။ အဲဒီမှာ တရုတ်ဟာ မြန်မာနိုင်ငံကို ပုံသွင်းနေတာလို့ ပတ်ဝန်းကျင်က မြင်စရာပေါ့။ တရုတ်ရဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က ပြည်တွင်းစစ်ကို လီဗာတင်လိုက် ဘရိတ်နင်းလိုက် လုပ်နေမှုဟာလည်း နွေဦးဘက်တော်သားတွေကိုသာမက စကစကိုပါ အနေခက် အရှည်ခက်စေတာလည်း သေချာနေပါတယ်။


https://www.ludunwayoo.com/opinion-mm/2025/03/15/114665/
👍69😁4🕊1
CDFဟားခါး၏ တော်လှန်ရေး (၄)နှစ်အတွင်း စစ်ကောင်စီတပ်အား တိုက်ပွဲပေါင်း ၃၀၀ကျော် ဆင်နွှဲတိုက်ခိုက်

■ CDFဟားခါး ရဲဘော် ၅၂ဦးကျဆုံး၊ တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်မည်ဖြစ်၍ ပြည်သူများ ဆက်လက်ပူးပေါင်းပါဝင်ရန် တိုက်တွန်း

မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha) အနေဖြင့် တော်လှန်ရေး (၄)နှစ်တာအတွင်း စစ်ကောင်စီတပ်အား တိုက်ပွဲပေါင်း ၃၂၆ ကြိမ် ဆင်နွှဲတိုက်ခိုက်ခဲ့ကြောင်း CDF ဟားခါးက ထုတ်ပြန်သည်။

အာဏာရှင်စနစ်အမြစ်ပြတ်ချေမှူန်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်အတွက် ရည်ရွယ်ပြီး CDF ဟားခါးကို ၂၀၂၁ မတ်လ ၂၁ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယနေ့(၂၀၂၅၊ မတ်လ ၂၁ရက်)တွင် (၄)နှစ်ပြည့်ပြီဖြစ်ပြီး လေးနှစ်တာအတွင်း ဆောင်ရွက်ချက်များကို အသိပေးဖော်ပြသည်။

CDF ဟားခါးအနေဖြင့် တိုင်းပြည်နှင့် လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးသည့် တိုင်အောင် ပြည်သူလူထု၊ အခြားတော်လှန်ရေးအင်အားစုများနှင့်လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်သူများအားလုံး တော်လှန်ရေးတွင်ဆက်လက်ပူးပေါင်း ပါဝင်ကြရန် CDF ဟားခါးက နှိုးဆော်ထားသည်။

ဟားခါးဒေသ လက်ရှိ စစ်ရေးအခြေအနေနှင့် ဒေသတွင်း စစ်ရေးရှေ့အလားအလာများအား မေးမြန်းရန် CDF ဟားခါးထံ ဆက်သွယ်ထားဆဲဖြစ်သည်။

CDF ဟားခါးသည် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် CDF များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီတွင် ပါဝင်ကာ စစ်ကောင်စီကို တိုက်ခိုက်နေသည့်တပ်ဖွဲ့ဖြစ်သည်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခု ၂၀၂၅တွင် ချင်းပြည်အတွင်း၌ စစ်ကောင်စီ ကင်းစင်အောင် ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်း ပြောထားသည်။ အလားတူ CNFကလည်း စစ်ရေး၊ နိုင်ငံရေး ၊သံတမန်ရေးများ ယခုနှစ်အတွင်း အရှိန်မြှင့် ဆောင်ရွက်မည်ဟု အသိပေးထားသည်။

CDF ဟားခါး၏ နှစ်ပတ်လည်ထုတ်ပြန်ချက်တွင်ပါဝင်ခဲ့သည့် စစ်ဆင်ရေးများကိုလည်း ဖော်ပြခဲ့ရာ ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း (၁၉) ကြိမ်ရှိခဲ့ရာ (၁၇) ကြိမ် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ထို့ပြင် ဟားခါးမြို့တွင်းစစ်ဆင်ရေးအဖြစ် အကြိမ် (၁၅၀) ဆင်နွှဲနိုင်ခဲ့ပြီး အခြားသောမြို့နယ်များတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ပစ်ခတ်မှုတွင် (၈)ကြိမ်၊စခန်းနှင့်မြို့သိမ်း စစ်ဆင်ရေးများတွင် (၁၂) ကြိမ်ပါဝင်ခဲ့ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ပွဲများတွင် CDF ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးကာ ၁၈၃ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

လေးနှစ်တာအတွင်း ဟားခါးမြို့နယ်မှ စစ်ကောင်စီလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၂၃ဦး သေဆုံးခဲ့ရကြောင်းလည်း ဖော်ပြသည်။

ထို့ပြင် ဒေသခံများ၏နေအိမ် ၂၆၀လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီက မတရားဖမ်းဆီးနှိပ်စက်ခြင်းခံရသည့် ပြည်သူ ထောင်ကျော်ရှိခဲ့သည်ဟု ဆိုသည်။

CDF ဟားခါး ဆင်နွှဲခဲ့သည့် တိုက်ပွဲများအနက် ၂၀၂၄ အောက်တိုဘာ ၂၈ရက်တွင် ဟားခါး-ထန်တလန်လမ်းရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရာ ဗိုလ်မှူး အပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့ပြီး ၁၅ ဦးသေဆုံးခဲ့သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၉လက်နှင့် ခဲယမ်းကျည်များသိမ်းရခဲ့သည်။

၂၀၂၄ ဩဂုတ်ကလည်း ဟားခါး - ထန်တလန်လမ်းရှိ စစ်ကောင်စီ စခန်း တစ်ခုကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး လက်နက် မျိုးစုံ ၁၁လက်နှင့် ခဲယမ်းကျည်များစွာ သိမ်းရခဲ့ကြောင်း CDF ဟားခါးက အသိပေးထာသည်။

ထို့ပြင် ဟားခါးအခြေစိုက် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ၊ ရဲများလည်း CDF ဟားခါးထံ အလင်းဝင်ရောက်ခြင်း၊ CDM ပြုလုပ်ပူးပေါင်းခြင်းများလည်းရှိခဲ့သည်။
👍7615😢2🔥1🥰1
(CDF ဟားခါး၏ စစ်သင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - CDF-Hakha)
👍6719🫡5🔥1
︎မေးမြန်းခန်း

"မြန်မာပြည်မှာ မ​ကောင်းမှု ဒုစရိုက်ဟူသမျှကို
စစ်​ကောင်စီကထိန်းချုပ်ထားတဲ့​နေရာ​တွေမှာသူတို့ စစ်​ကောင်စီဗိုလ်ချုပ်ကြီး​တွေက ထိန်းချုပ်လုပ်ကိုင်​နေကြတာပဲဖြစ်ပါတယ်"

-AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့မေးမြန်းခန်း

စစ်​ကောင်စီက ရန်ကုန်မြို့မှာကျပ်ဘီလီယံ ၁၀၀ခန့်တန်ဖိုးရှိတဲ့ မူးယစ်​ဆေးဝါး​​တွေနဲ့အတူမူးယစ်​မှောင်ခိုဂိုဏ်းကိုဖမ်းမိတယ်လို့ မတ်လ ၁၈ ရက်ကထုတ်ပြန်ပါတယ်။ မူးယစ်​မှောင်ခိုဂိုဏ်းဟာ အာရက္ခတပ်​တော်(AA)ရဲ့ စီးပွား​ရေးတာဝန်ခံ က စီမံ​နေတာလို့ စွပ်စွဲထားပါတယ်။ စစ်အုပ်စုဟာ AA အ​ပေါ် မူးယစ်​ဆေးဝါးနဲ့ပတ်သက်ပြီးမကြာခဏစွပ်စွဲ​လေ့ရှိပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ဒီစွပ်စွဲချက်အ​ပေါ် မူးယစ်​ဆေးဝါးကိစ္စဟာ AA နဲ့ လုံးဝမပါတ်သက်ပဲ၊ စစ်အုပ်စုဟာ စစ်​ရှုံး​နေချိန်မှာ ရှက်ရမ်းရမ်းထုတ်ပြန်တဲ့ နိုင်ငံ​ရေးတိုက်ခိုက်မှုဖြစ်​ကြောင်းမတ် ၁၉ရက်မှာတုံ့ပြန်ထုတ်ပြန်ခဲ့ပါတယ်။ စစ်​ကောင်စီရဲ့ စွပ်စွဲချက် နဲ့ လက်ရှိ စစ်​ရေးအ​ခြေအ​နေ​တွေအ​ပေါ် အာရက္ခတပ်​တော် (AA) ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခကို လူထု​နွေဦးကဆက်သွယ်​မေးမြန်းထားပါတယ် ။


https://youtu.be/InlkdZFgFxI?si=S5V1cgUzTDUC66OH
👍73💯12😁32
■ Photo News

မြန်မာအ​ရေး တရုတ်ကြားဝင်မစွက်​ရန်
လားရှိုးမြို့မှာ ​​ပြောက်ကျားသပိတ်လုပ်

မတ်-၂၁၊၂၀၂၅။People’s Spring

မြန်မာအရေးဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ပြောက်ကျားသပိတ်လှုပ်ရှားမှု လားရှိုးမြို့ပြည်သူတချို့က ပြုလုပ်ခဲ့
ပါတယ်။

မနေ့က(မတ်လ ၂၀ရက်) ည၉နာရီလောက်မှာ လားရှိုးပြည်သူလူထုက တရုတ်အစိုးရဆန့်ကျင်ရေး ပြောက်ကျားလှုပ်ရှားမှု လုပ်ခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

"တစ်နိုင်ငံလုံးမှာရှိတဲ့ သွေးချင်းညီအစ်ကိုတွေအားလုံး အားမလျော့ပါသေးနဲ။ ကျတော်တို့ လားရှိူးသူ၊သားတွေလည်း တစ်သားတည်းရှိပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကဏ္ဍမှာ စစ်ကောင်စီကို အားပေးထောက်ပံ့နေတဲ့ သူတွေအားလုံးကိုလည်းကျတော်တို့တတ်နိုင်တဲ့ အင်အား
နဲ့ တော်လှန်ရှုတ်ချသွားမှာပါ"လို့ ပြောပါတယ်။

လားရှိုးမြို့ကို MNDAA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ၂၀၂၄ သြဂုတ်လ ဆန်းမှာ စစ်​ကောင်စီရဲ့ နမခ အပါအဝင် တပ်ရင်းဌာနချုပ်​တွေ ၊စခန်း​တွေကို အပြီးသတ်ထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့ပါတယ် ။ ဒါ​ပေမယ့်တရုတ်က MNDAA ကို စစ်မတိုက်ပဲ စစ်​ကောင်စီနဲ့​ဆွေး​နွေးဖို့ ဖြတ်​လေးဖြတ်လုပ်ပြီးဖိအား​ပေးခဲ့ပါတယ် ။ တရုတ်ကြားဝင်မှုနဲ့ တရုတ်နိုင်ငံမှာလုပ်တဲ့ ​ဆွေး​နွေးပွဲမှာ MNDAA အ​နေနဲ့ လားရှိုးမြို့ကို စစ်​ကောင်စီထံလွှဲ​ပေးဖို့ ဖိအား​ပေး​နေတယ်လို့ သတင်း​တွေကျယ်ပြန့်စွာထွက်​ပေါ်​နေပါတယ် ။ဒါ​ပေမယ့် လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး ​​ဆောင်ရွက်​နေသူ​တွေက​တော့
လားရှိုးမြို့ကို ​တော်လှန်​ရေးအဖွဲ့​တွေရဲ့အသက်​သွေး​ချွေးများစွာရင်းပြီးတိုက်ယူထားရတာမို့
MNDAA ဟာ စစ်​ကောင်စီကို လွှဲ​ပေးမှာမဟုတ်လို့​​ပြောကြားထားပါတယ် ။

တရုတ်ဖိအား​ပေးမှု​အောက်မှာ MNDAA အ​နေနဲ့ ၂၀၂၄ သြဂုတ်လ ​နောက်ပိုင်း စစ်​ကောင်စီတပ်ကိုလည်းတိုက်ခိုက်တာမတွေ့ရ​တော့ပါဘူး ။

ဓာတ်ပုံ - ပေးပို့
👏70👍2012😁4
👍7216🔥1👏1
ထိုင်းမှာမောင်းပြေးတဲ့ ကားပေါ်ကနေ ကလေးတွေ အပါအဝင် တရားမဝင်မြန်မာရွှေ့ပြောင်း ၁၇ ဦး အဖမ်းခံရ
-People's Spring
ကလေးတွေ အပါအဝင် တရားမဝင် ဝင်ရောက်
လာသူ မြန်မာ ၁၇ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကန်ချနာဘူရီ ပြည်နယ်ထဲက ဆန်ခလာဘူရီမှာ မတ်လ ၂၀ ရက်နေ့ သန်းခေါင်ကျော်၊ မတ်လ ၂၁ ရက်နေ့ မနက်အစောပိုင်းတုန်းက မသင်္ကာစရာ
ပစ်ကပ်ကား တစ်စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးခဲ့ပါတယ်။ သောင်ဖာဖွမ် ခရိုင်ဖက်ကို ဦးတည်မောင်းနှင်နေတဲ့ကားရဲ့ယာဉ်မောင်းက ကားကို ရပ်မပေးဘဲ မောင်းပြေးခဲ့တာကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေက နောက်ကနေ အပူတပြင်း လိုက်သွားခဲ့ပါတယ်။
သိပ်မကြာခင်မှာတော့ ဆွန်ခလာဘူရီရဲ့ ငွန်လူ ခရိုင်ခွဲ၊ ကျေးရွာ အမှတ် ၃ နားမှာရှိတဲ့ စမ်းချောင်းတစ်ခုနား တောစပ်မှာ ရပ်ထားတဲ့ ကားကို ထိုင်းရဲတွေက ရှာတွေ့ခဲ့ပါတယ်။ ယာဉ်မောင်းက ကားကို စွန့်ခွာပြီး ခြေလျင်ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
ကားထဲမှာတော့ ကြပ်ကြပ်တည်းတည်းစီးနင်း
လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁၄ ဦးကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေး ၆ ဦး ပါဝင်ပြီး အငယ်ဆုံးဟာ ၁ နှစ်အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။
သူတို့အားလုံးကို ဆွန်ခလာဘူရီ ရဲစခန်းဆီ ခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာမှာ ထိုင်းကို တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း ဝန်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေက ထိုင်းမှာ အလုပ်လာလုပ်ခွင့်ရဖို့ မြန်မာပွဲစား တစ်ဦးကို တစ်ယောက် ဘတ် ၁၀၀၀၀ စီ ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ အခုဖြစ်စဉ်ကို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးနေပြီးထွက်ပြေးသွားတဲ့ ယာဉ်
မောင်းကိုလည်း ရှာဖွေနေပါတယ်။
ကိုးကား: Khaosod
😢52👍11👎2🤬2😭2🔥1
😢60👍6🤬2👎1🔥1
ကျားဖြန့်လုပ်ငန်း ထူထောင်ထားတဲ့ ဂျပန်ယာကူဇာ တစ်ဦးကို ဘန်ကောက်မှာ ထိုင်းရဲဖမ်းဆီး
-People's Spring
အွန်လိုင်းနဲ့ ဖုန်းခေါ်ဆိုမှုတွေကနေ ငွေကြေး လိမ်လည်တဲ့ ကျားဖြန့် လုပ်ငန်းတွေ ဦးဆောင် ဖွင့်လှစ်နေကြောင်း စွပ်စွဲချက်နဲ့ ဂျပန် ယာကူဇာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် တစ်ဦးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းရဲတွေက ယာမာဂူချီလို့သာ နာမည်ဖော်ပြထားတဲ့ ယာကူဇာ ဂိုဏ်းခေါင်းဆောင်ဟာ အိမ်နီးချင်း နိုင်ငံတွေမှာ ကျားဖြန့် လုပ်ငန်းတွေကို ထူထောင်ခဲ့ပြီးတဲ့နောက် လတ်တလော ဘန်ကောက်မှာ တိမ်းရှောင်နေတုန်း သတင်းအရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ယာမာဂူချီဟာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ နယ်နှင်ခံရပြီး မိခင်နိုင်ငံဆီ လွှဲပြောင်းပေးခံရနိုင်ခြေ ရှိနေပါတယ်။ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က ယာမာဂူချီကို ဘန်ကောက်မြို့ရဲ့ ဆာသွန်ခရိုင်မှာ ဖမ်းမိခဲ့ကြောင်း မတ်လ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။ အဲဒီကိစ္စ သတင်းစာ ရှင်းလင်းမှုကို ဂျပန်သံရုံးရဲ့ ကိုယ်စားလှယ်လည်း တက်ရောက်ခဲ့ပါတယ်။
ဂျပန်သံရုံးက ယာမာဂူချီရဲ့ ဗီဇာကို ရုပ်သိမ်းဖို့ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဌာနကို မတ်လ ၁၃ ရက်နေ့မှာ အကြောင်းကြားခဲ့ပြီး ရက်ပိုင်းအကြာမှာ သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ သက်ချိုင် ပစ်တာနီလာဘုထ်က ပြောပါတယ်။
ယာမာဂူချီဟာ ဘန်ကောက်မှာ တစ်လကို ဘတ် ၁၈၀၀၀၀ ပေးရတဲ့ အိမ်တစ်လုံး ငှားရမ်းနေထိုင်နေခဲ့တာလို့ သိရပါတယ်။ သူဟာ ဂျပန်မှာ ကိုယ်ထိလက်ရောက် ရန်ပြု တိုက်ခိုက်မှု၊ လိမ်လည်မှု၊ ခိုးမှု၊ အုပ်စုဖွဲ့ ဒုစရိုက်ဂိုဏ်း ထူထောင်မှုတွေအတွက်လည်း အလိုရှိနေတဲ့ တရားခံပြေး တစ်ဦးပါ။
သက်ချိုင်က ယာမာဂူချီဟာ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်မှာ ကျားဖြန့် လုပ်ငန်းတွေ ထူထောင်ထားပြီး အဲဒီ နိုင်ငံတွေဆီ မကြာခဏ ခရီးသွားလေ့ ရှိတယ်လို့ ဆိုပါတယ်။ သတင်းအရ ယာမာဂူချီကို ဝင်ရောက် ဖမ်းဆီးချိန်မှာ သူ့ရဲ့ ဒုစရိုက် လုပ်ငန်းတွေက ရရှိတဲ့ ငွေကြေးတွေကို ခဝါချပေးနေတယ်လို့ ယုံကြည်ရသူ တခြား ဂျပန်နိုင်ငံသား ၄ ဦးကိုပါ ထိုင်းရဲတွေက ရှာတွေ့ခဲ့ပါတယ်။ နောက်ပြီး ဘတ် သန်း ၃၀ လောက် တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေးယူနစ်တွေကိုပါ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ ယာမာဂူချီကို လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးရင် ဧပြီလဆန်းလောက်မှာ ဂျပန်ကို ပြန်ပို့သွားမယ်လို့လည်း သက်ချိုင်က အတည်ပြုခဲ့ပါတယ်။
သီးခြားဖြစ်စဉ် အနေနဲ့ ထိုင်းရဲတွေဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ ထူထောင်ပြီး ဂျပန်အာဏာပိုင်တွေက ခိုးမှုနဲ့ အလိုရှိနေသူ မီယာရှီတာ မာရှီရိုဆိုတဲံ အမျိုးသားကိုလည်း ဖမ်းဆီးထားပြီး မကြာခင် ဂျပန်ကို ပြန်ပို့သွားမယ်လို့ သိရပါတယ်။
ကိုးကား: Nation
👍69😁71👏1💩1
👍63👏3🔥1💩1
ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့ဟု ညောင်ဦးပကဖ ပြော

မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

တပ်မ(၈၈)လက်အောက်ခံ ညောင်ဦးမြို့အခြေစိုက် အမှတ်(၄၁၅)ခြေမြန်တပ်ရင်း (ခမရ-၄၁၅)သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ငါ့သရောက်မြို့အနီးဝင်ရောက်လာရာ ငါးသရောက် အရှေ့ဘက်ခြမ်းဒေသသို့ ဝင်လာသည့် စစ်ကြောင်းကို မတ်လ ၁၄ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ ပုဂံ၊ညောင်ဦးဒေသတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့သည်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

“ငါ့သရောက်နယ်မြေထဲကို ဝင်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာပေါ့။ စစ်ကြောင်းက နှစ်ကြောင်းဗျ။ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၈၀ ခန့်မှန်းခြေလောက်ပါတာပေါ့။ အဲဒီ စစ်ကြောင်း နှစ်ကြောင်းထဲက တကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ"ဟု ညောင်ဦးပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများပြားခဲ့ပြီး ဖရဲသီးသတင်းပေးချက်အရ သေဆုံးသူ ၇၀ကျော်ရှိသည်ဟု ညောင်ဦးပကဖက ပြောသည်။ စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

တိုက်ခိုက်ခံရသည့်စစ်ကြောင်းတွင် ညောင်ဦးမြို့နယ်မှ ခေါ်ယူစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များနှင့် ပျူစောထီးများ အများအပြားပါဝင်သည်ဟု ညောင်ဦး ပကဖက ပြောသည်။

" ပုဂံဘက်က ပြည်သူ့စစ်တွေတော်တော်များများပါတယ်။ ကျသွားတာလည်း အဲဒီကောင်တွေ ကျတာများတယ်။ ကျတဲ့ထဲ အသိတွေလည်း ပါတယ်”ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့တွင် လေယာဉ်လာသော်လည်း လေကြောင်းတိုက်ခိုက်ခြင်းမရှိဟု ပြောသည်။ထို့ပြင် အခြားစစ်ကြောင်းတစ်ခုကလည်း တိုက်ပွဲဖြစ်ရာသို့လာရောက်၍ ကျည်အခက်အခဲကြောင့် ဆုတ်ခွာခဲ့ရဟု ဆိုသည်။

“အဓိက အားသာသွားတာက သူတို့ ခေါင်းဆောင် စစ်ကြောင်းမှူးက အရင်ကျသွားတဲ့အတွက် ကျနော်တို့က သာသွားတာ”ဟု ပကဖ တာဝန်ရှိသူက ပြောသည်။ စစ်ကြောင်းမှူးမှာ ခမရ(၄၁၅)တပ်ရင်းမှ ဗိုလ်ကြီးလှဝင်းနိုင် ဆိုသူဖြစ်သည်ဟု ပြောသည်။

ငါ့သရောက်ဒေသ တိုက်ပွဲသတင်းကို ညောင်ဦးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားရာ တိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်၊ BGF(Burmese Guerrilla Force)၊ တောင်သာ ပကဖ၊ Scorpion People Defense Force၊ ညောင်ဦးခရိုင်တပ်ရင်း(၅)၊ မြင်းခြံခရိုင် တပ်ရင်း(၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ဟု အသိပေးသည်။

တိုက်ပွဲအတွင်း ပုဂံပြည်ဘီလူးတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု အသိပေးသည်။ ထို့အပြင် BGF မှ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်က တပ်အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးခြင်းဆက်လက်ပြုလုပ်နိုင်ခြေရှိသည်ဟုလည်း ညောင်ဦးပကဖက ပြောသည်။

ပြည်သူ့စစ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီအတွက် အသက်အသေမခံဘဲ လက်နက်ချရန် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းရန်၊ အခွင့်အရေးရပါက အလံဖြူထောင်ရန် ညောင်ဦး ပကဖတာဝန်ရှိသူက တိုက်တွန်းသည်။
👍8223👏12😁2🔥1
👏7326👍13🔥1😁1
ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နဲ့ စခန်းကို စီးနင်းတိုက်ခိုက်

မတ် ၂၁၊ ၂၀၂၅။ ကျော်ဇော/People's Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည်လမ်းဘေးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်နဲ့ စခန်းကို မတ်လ ၂၀ရက် မနေ့ မနက် အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကွင်းတာဆုံမှာ ဂိတ်စခန်းချကာ ပြည်သူများကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင်စီတပ်သားများကို မနေ့ မနက် ၁ နာရီခွဲခန့်မှာ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ ရဲဘော်များက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု နှစ်နာရီနီးပါးကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။ တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

"စကစတွေ အိပ်မောကျနေတဲ့ မနက် ၁ နာရီခွဲလောက်မှာ ဝင်တိုက်တာပါ။ အပြန်အလှန်ပစ်တာ၂ နာရီလောက်ကြာတယ်။ စကစ ဘက်က ၂ နာရီလောက်ကြာတော့ ပြန်မပစ်ဘဲ မနည်းကြာကြာရပ်သွားပြီးမှ စက်လတ်နဲ့ဆက်တိုက်ပစ်ပြီး စစ်ကွင်းဘက်ကို အလောင်းတွေသယ်ထွက်ပြေးတာ”လို့ တပ်ခွဲ ၂ တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားများ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားတာကြောင့် စခန်းအတွင်းမှ ကာဘိုင်သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည် ၂၀ တောင့်၊ စစ်အသုံး အ ဆောင်တချို့နဲ့ ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ဘန်ကာမှာ ပြန်လည်လုံခြုံရေးယူနေတဲ့ စစစ်ကောင်စီတပ်သားများကို မတ်လ ၂၁ရက် ဒီနေ့ မနက်ပိုင်းမှာ အဝေးထိန်းဗုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးနေရာမှာ သေဆုံးပြီး လေးဦး ဒဏ်ရာရရှိသွားတယ်လို့ တပ်ခွဲ ၂က ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုအခြေအနေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါဘူး။
👍7211👏5🔥1
(မင်းလှမြို့နယ်၊ စစ်ကွင်းမြို့အဝင် တာဆုံမှာ အထိုင်ချထားးတဲ့ စစ်ကောင်စီတပ် ဂိတ်နဲ့ စခန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - ၃၈၀၂၊ တပ်ခွဲ ၂)
57👍30👏9🔥1