People's Spring
64.6K subscribers
64.2K photos
1.12K videos
3 files
2.8K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့ ရှေ့တန်းတနေရာရှိ ဒဏ်ရာရရဲဘော်များထံ သွားရောက်တွေ့ဆုံအားပေးနေသည်ကို ၂၀၂၄နှစ်ကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Mahn Winn Khaing Thann - Prime Minister of NUG)
👍757👏4🤣3
ကော့ကရိတ်၌ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၂ဦးသေဆုံး

မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူ ၂ဦးသေဆုံးခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က ယနေ့ (မတ်လ ၂၁ရက်) ထုတ်ပြန်သည်။

မတ်လ ၁၉ရက် နေ့လည်ပိုင်းက စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ကော့ကရိတ်မြို့နယ် တဘလုခို့ခီးရွာသို့တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် (၃၆)နှစ်နှင့် (၃၀)အရွယ် အမျိုးသား ၂ဦး သေဆုံးကာ နေအိမ်နှင့် အဆောက်အဦးအချို့ ပျက်စီးမှု ရှိခဲ့ဟု အသိပေးသည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံဆေးခန်းများနှင့် စာသင်ကျောင်းများ၊ ပြည်သူနေထိုင်ရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်ကြောင်း KNU ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီသည် KNUတပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်ကိုလည်း မတ်လ ၁၅ရက်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ဟု KNUဗဟိုက ထုတ်ပြန်ထားသည်။ မတ်လ ၁၆ရက်တွင်လည်း ကျိုက်ထို ပျဉ်းကတိုးကုန်းဒေသ ဆင်တွင်းရွာအနီးကိုလည်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ချောင်း၀ကျေးရွာကိုလည်း စစ်ကောင်စီက မတ်လ ၁၇ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မြဝတီမြို့နှင့် ကော့ကရိတ် − မြဝတီ အာရှလမ်းပိုင်းအားထိန်းချုပ်ရန် အင်အားသုံးစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ဝန်းကျင်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDFနှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက ထိုးစစ်ဖြင့် စတင်တိုက်ခိုက်နေကြောင်း အဆိုပါဒေသရှိ PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။

သို့သော် ယခုမတ်လပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး လက်ရှိတွင် KNLA)၊PDFနှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက ထိုးစစ်ဖြင့် စတင်တိုက်ခိုက်နေသည်ဟု PDFစစ်ကြောင်းမှူး တစ်ဦးက ပြောသည်။
🤬50👍17😭3😡3🔥1🤣1
(ကော့ကရိတ်မြို့နယ် တဘလုခို့ခီးရွာ မတ်လ ၁၉ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Dooplaya District)
🤬61👍3🔥2🤣1😡1
ဖားကန့်တွင် နွံကန်ပေါက်ပြီး နုန်းမြေများကျေးရွာအတွင်းစီးဝင်၍ ဒေသခံများ ပိတ်မိနေ

ကဖေး/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်‌မှော်ကျေးရွာတွင် ယနေ့(မတ်လ ၂၁ရက်)နံနက်က မြေစာပုံနွံကန် ပေါက်ပြီး နုန်းမြေများကျေးရွာအတွင်းစီးဝင်နေ၍ ဒေသခံများ ပိတ်မိနေကြောင်းသတင်းရရှိသည်။

ကျေးရွာအထက်ဘက်ရှိ နွံကန်သည် နံနက် ၈နာရီခန့်တွင် စတင်ပေါက်ကျခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

နုန်းမြေများသည် ကျေးရွာလမ်းအတိုင်း စီးဝင်နေခြင်းဟု ဆိုသည်။

" လူတွေ ပိတ်မိနေတယ်။ ထွက်လာလို့မရ သေးဘူး။ ကယ်ဆယ်ရေးတွေ အရေးပေါ်လာကြပါ"ဟု ဒေသခံတစ်ဦးက အကူအညီတောင်းသည်။

လက်ရှိ နံနက် ၁၀နာရီခွဲအထိ နုန်းမြေများ ကျေးရွာအတွင်း စီးဝင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ သို့သော် လူထိခိုက်မှုသတင်း မရသေးပေ။

နမ်‌မှော်ကျေးရွာသည် ဆိုင်းတောင်ရွာမှ တာမခန်ကျေးရွာသို့ သွားသည့်လမ်းပိုင်း၌ရှိသော တောင်ခြေရွာဖြစ်သည်။

ဖားကန့်မြို့နယ် စဘော့ကျေးရွာတွင် ဇန်နဝါရီ ၁၃ရက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုဖြစ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အတွင်း ကလေးငယ် လေးဦးနှင့် အမျိုးသမီး ၁၄ဦးအပါအဝင် ရုပ်အလောင်း ၃၂လောင်းတွေ့ရှိခဲ့သည်။

သုံးရက်ကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ပြီး ရှာ‌ဖွေရေးရပ်ဆိုင်းခဲ့သည်။ကျေးရွာအတွင်းရှိ အိမ်ခြေ ၅၇ကျလုံးလည်း ပျက်စီးခဲ့သည်။ နောက်ရက်အနည်းငယ်အကြာတွင် အဆိုပါ မြေစာပုံထပ်ပြိုပြီး သုံးဦး သေဆုံးခဲ့သေးသည်။
🤬44👍19😭9😢3🔥1
(ဖားကန့်မြို့နယ် နမ့်‌မှော်ကျေးရွာတွင် မတ်လ ၂၁ရက်နံနက်က မြေစာပုံနွံကန် ပေါက်ပြီး နုန်းမြေများကျေးရွာအတွင်းစီးဝင်လာစဉ်။ ဓာတ်ပုံ - CJ)
🤬60👍8😢5🔥2
မြောင်မြို့ပေါ်ရှိ တပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ အင်အားဖြည့်တင်း

မတ်-၂၁၊၂၀၂၅။ရဲခေါင်/People's Spring

စစ်ကိုင်းတိုင်း၊မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသောစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အားဖြည့်တင်းနေကြောင်း ​ဒေသခံစစ်ရေးတာဝန်ရှိသူများက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၁၉ရက်က မြောင်မြို့ရှိ စစ်ကောင်စီ၏စခန်း၌ မင်္ဂလာပွဲကျင်းပသည့်နေရာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါစခန်း​နေရာအနီးတွင် နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် ချောင်းဦး၊မြင်းမူနှင့် မြင်းခြံမြို့တို့မှ တပ်သားများအား မြောင်မြို့သို့ မတ်လ ၂၀ရက်တွင် စစ်ကောင်စီက အင်အားဖြည့်တင်လိုက်သည်ဟု ဒေသခံစစ်ရေးတာဝန်ရှိသူများက ပြောသည်။

"ချောင်းဦး နတ်ရေကန်ကနဲ့ မြင်းမူ ဂွေးပင်တောကဟာတွေပူးပေါင်းပြီး မြောင်လမ်းခွဲအထိုင်က ဟာတွေနဲ့ ပေါင်းပြီး ကားလမ်းတစ်လျှောက် ကြော့မင်ရွာ၊ရွာသစ်ရွာ၊ ခြေယာတော်ရွာတွေကို ညအချိန် ဝင်မွှေလာရင်း မြောင်မြို့ထဲ ရောက်လာတယ်။ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းက ဆီမီးခုံဘက်ကလည်း သင်္ဘောနဲ့ မြစ်အကြောင်းလိုက် မောင်းနှင်ပြီး အင်အား၃၀ကျော် မြစ်ကမ်းနဘေး မရိုးကုန်းရွာကနေ မနေ့ကမနက်က မြောင်မြို့ထဲ ပူးပေါင်းသွားတယ်"ဟု မြောင်ပြည်သူ့တပ်မတော်မှ ကိုတိုက်ဂါးက ပြောသည်။

စစ်ကောင်စီသည် မြို့တွင်းစခန်းတိုက်ခိုက်ခံရပြီးနောက် မြောင်မြို့နယ်ကို စက်တပ်လေထီးဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ကာ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ပြည်သူလေးဦးသေဆုံးပြီး နေအိမ်အချို့မီးလောင်ကာ တိရစ္ဆာန်အချို့လည်း သေဆုံးခဲ့ရသည်။

မတ်လ ၁၉ ရက်ညပိုင်းကစ၍ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် စက်တပ်လေထီးသည် မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာကို ကနဦး ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

မတ်လ ၂၀ ရက် နံနက်ပိုင်းတွင်လည်း မြောင်မြို့နယ်ကို စစ်ကောင်စီက စက်တပ်လေထီးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်။

"မြို့တွင်း စခန်းသိမ်းမယ်ထင်နေကြတယ်"ဟု စစ်ကောင်စီ၏ တပ်အင်အားဖြည့်တင်းနေမှုအပေါ် CDSOM မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)တာဝန်ခံ ကိုနွေဦးက ပြောသည်။

လက်ရှိတွင် မြောင်မြို့နယ်၌ ကျောက်ရစ်ရွာ စခန်း၊မြို့မရဲစခန်းနှင့် မြို့တွင်းအထိုင်စခန်းတို့တွင် စစ်ကောင်စီတပ်က အင်အား ၃၀၀ကျော်ဖြင့် ခံစစ်ပြင်ထားသည်။

မြောင်မြို့နယ်သည် မန္တလေး၊စစ်ကိုင်းနှင့် မကွေးတိုင်းတို့ဖြင့် ချိတ်ဆက်နိုင်သည့် ဒေသဖြစ်ပြီး ရေစကြို၊ချောင်းဦး၊မြင်းမူ ၊ငါးဇွန်နှင့် မြင်းခြံမြို့နယ်တို့နှင့်လည်း ထိစပ်နေသည်။
👍538👎1🤣1
(မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)တမှ တပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်။ဓာတ်ပုံ-CDSOM)
👍727🔥4
ကမ္ဘာ့လတ်တလောအခင်းအကျင်းဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလလို အနေအထားကို ရောက်နေပြီလို့ နှစ်စပိုင်းက ရေးခဲ့ပြောခဲ့ပါတယ်။ အခုတော့ အဲဒီအနေအထားကို အတော်ကြီး ကျုံ့ဝင်လာရုံမက ကမ္ဘာ့စီးပွါးရေးဆုတ်ယုတ်မှုဆီကို ဦးတည်နေပြီလို့ ပညာရှင်တွေက ပြောလာကြပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ကျဆုံးသွားပြီး လိုကယ်လိုက်ဇေးရှင်းမှာတောင်မှ ရှေးရှေးကလို ‘ငါ့နိုင်ငံ ငါ့လူမျိုး ငါ့အကျိုးစီးပွါး’ဆိုတာကို ပိုပြီး ကြွေးကြော်လာချိန်ပေါ့။

ဒါကလည်း ကမ္ဘာ့ပုလိပ်ကြီး-ကယ်တင်ရှင်ကြီးလို နေခဲ့တဲ့ အမေရိကဟာ ရာဇဝတ်သားသမ္မတရဲ့ လက်အောက်မှာ အခြေခံလူ့ရပိုင်ခွင့်တွေကိုပါ စတေးပြီး ကိုယ်ကျိုးစီးပွါးအတွက် ရှေ့တန်းတင်လွန်းရာက ကမ္ဘာ့နိုင်ငံတွေရဲ့ ဆန့်ကျင်ပြစ်တင်ဖယ်ခွါမှုတွေကိုပါ ကြုံလာနေပါတယ်။ ကျူးကျော်စစ်ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်လေးစားခံရမှု မရှိတော့တဲ့ ရုရှအနေအထားကလည်း အနာဂတ်မှာပါ သိပ်လူစွာမလုပ်နိုင်တော့မှာလည်း သေချာနေပါတယ်။ ဒီတော့ တရုတ်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအနေအထားကို ပိုပြီးတည်ငြိမ်အောင် ထိန်းထားနိုင်သလို ဖြစ်နေပြန်ပါရော။အာဆီယံအနေနဲ့လည်း အနီးကပ် ဖိအားပေးနေတဲ့ တရုတ်ရဲ့ မီးစင်ကို ကြည့်ပြီး ကဖို့ကိုပဲ ရွေးချယ်ခွင့် ပိုရနေတာပေါ့။

ဒီလိုနဲ့ မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ အာဏာသိမ်းသက်ရောက်မှုကို ခံရတဲ့ မြန်မာ့လူထုဟာ တရုတ်ရဲ့ တိုက်ရိုက်သက်ရောက်မှုရော၊ အာဆီယံဆီက တဆင့်ခံ သက်ရောက်မှုကိုရော၊ အမေရိကရဲ့ လက်ရှောင်ဗျူဟာသက်ရောက်မှုကိုရော၊ ရုရှရဲ့ ဖျာခင်းဗျူဟာသက်ရောက်မှုတွေကိုပါ စုပြုံခံစားနေကြရပါတယ်။ အနီးဆုံးဓားဖြစ်တဲ့ တရုတ်ရဲ့ ပြည်တွင်းနိုင်ငံရေးအပေါ် စွက်ဖက်မှုကို စကစရော နွေဦးတော်လှန်ရေးဘက်တော်သားတွေရော သာမန်လူထုကပါ ခံစားရတာက အလွန်အကျွံပဲ ဆိုပါတော့။ အဲဒီမှာ တရုတ်ဟာ မြန်မာနိုင်ငံကို ပုံသွင်းနေတာလို့ ပတ်ဝန်းကျင်က မြင်စရာပေါ့။ တရုတ်ရဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က ပြည်တွင်းစစ်ကို လီဗာတင်လိုက် ဘရိတ်နင်းလိုက် လုပ်နေမှုဟာလည်း နွေဦးဘက်တော်သားတွေကိုသာမက စကစကိုပါ အနေခက် အရှည်ခက်စေတာလည်း သေချာနေပါတယ်။


https://www.ludunwayoo.com/opinion-mm/2025/03/15/114665/
👍69😁4🕊1
CDFဟားခါး၏ တော်လှန်ရေး (၄)နှစ်အတွင်း စစ်ကောင်စီတပ်အား တိုက်ပွဲပေါင်း ၃၀၀ကျော် ဆင်နွှဲတိုက်ခိုက်

■ CDFဟားခါး ရဲဘော် ၅၂ဦးကျဆုံး၊ တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်မည်ဖြစ်၍ ပြည်သူများ ဆက်လက်ပူးပေါင်းပါဝင်ရန် တိုက်တွန်း

မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha) အနေဖြင့် တော်လှန်ရေး (၄)နှစ်တာအတွင်း စစ်ကောင်စီတပ်အား တိုက်ပွဲပေါင်း ၃၂၆ ကြိမ် ဆင်နွှဲတိုက်ခိုက်ခဲ့ကြောင်း CDF ဟားခါးက ထုတ်ပြန်သည်။

အာဏာရှင်စနစ်အမြစ်ပြတ်ချေမှူန်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်အတွက် ရည်ရွယ်ပြီး CDF ဟားခါးကို ၂၀၂၁ မတ်လ ၂၁ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယနေ့(၂၀၂၅၊ မတ်လ ၂၁ရက်)တွင် (၄)နှစ်ပြည့်ပြီဖြစ်ပြီး လေးနှစ်တာအတွင်း ဆောင်ရွက်ချက်များကို အသိပေးဖော်ပြသည်။

CDF ဟားခါးအနေဖြင့် တိုင်းပြည်နှင့် လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးသည့် တိုင်အောင် ပြည်သူလူထု၊ အခြားတော်လှန်ရေးအင်အားစုများနှင့်လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်သူများအားလုံး တော်လှန်ရေးတွင်ဆက်လက်ပူးပေါင်း ပါဝင်ကြရန် CDF ဟားခါးက နှိုးဆော်ထားသည်။

ဟားခါးဒေသ လက်ရှိ စစ်ရေးအခြေအနေနှင့် ဒေသတွင်း စစ်ရေးရှေ့အလားအလာများအား မေးမြန်းရန် CDF ဟားခါးထံ ဆက်သွယ်ထားဆဲဖြစ်သည်။

CDF ဟားခါးသည် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် CDF များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီတွင် ပါဝင်ကာ စစ်ကောင်စီကို တိုက်ခိုက်နေသည့်တပ်ဖွဲ့ဖြစ်သည်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခု ၂၀၂၅တွင် ချင်းပြည်အတွင်း၌ စစ်ကောင်စီ ကင်းစင်အောင် ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်း ပြောထားသည်။ အလားတူ CNFကလည်း စစ်ရေး၊ နိုင်ငံရေး ၊သံတမန်ရေးများ ယခုနှစ်အတွင်း အရှိန်မြှင့် ဆောင်ရွက်မည်ဟု အသိပေးထားသည်။

CDF ဟားခါး၏ နှစ်ပတ်လည်ထုတ်ပြန်ချက်တွင်ပါဝင်ခဲ့သည့် စစ်ဆင်ရေးများကိုလည်း ဖော်ပြခဲ့ရာ ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း (၁၉) ကြိမ်ရှိခဲ့ရာ (၁၇) ကြိမ် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ထို့ပြင် ဟားခါးမြို့တွင်းစစ်ဆင်ရေးအဖြစ် အကြိမ် (၁၅၀) ဆင်နွှဲနိုင်ခဲ့ပြီး အခြားသောမြို့နယ်များတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ပစ်ခတ်မှုတွင် (၈)ကြိမ်၊စခန်းနှင့်မြို့သိမ်း စစ်ဆင်ရေးများတွင် (၁၂) ကြိမ်ပါဝင်ခဲ့ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ပွဲများတွင် CDF ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးကာ ၁၈၃ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

လေးနှစ်တာအတွင်း ဟားခါးမြို့နယ်မှ စစ်ကောင်စီလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၂၃ဦး သေဆုံးခဲ့ရကြောင်းလည်း ဖော်ပြသည်။

ထို့ပြင် ဒေသခံများ၏နေအိမ် ၂၆၀လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီက မတရားဖမ်းဆီးနှိပ်စက်ခြင်းခံရသည့် ပြည်သူ ထောင်ကျော်ရှိခဲ့သည်ဟု ဆိုသည်။

CDF ဟားခါး ဆင်နွှဲခဲ့သည့် တိုက်ပွဲများအနက် ၂၀၂၄ အောက်တိုဘာ ၂၈ရက်တွင် ဟားခါး-ထန်တလန်လမ်းရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရာ ဗိုလ်မှူး အပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့ပြီး ၁၅ ဦးသေဆုံးခဲ့သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၉လက်နှင့် ခဲယမ်းကျည်များသိမ်းရခဲ့သည်။

၂၀၂၄ ဩဂုတ်ကလည်း ဟားခါး - ထန်တလန်လမ်းရှိ စစ်ကောင်စီ စခန်း တစ်ခုကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး လက်နက် မျိုးစုံ ၁၁လက်နှင့် ခဲယမ်းကျည်များစွာ သိမ်းရခဲ့ကြောင်း CDF ဟားခါးက အသိပေးထာသည်။

ထို့ပြင် ဟားခါးအခြေစိုက် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ၊ ရဲများလည်း CDF ဟားခါးထံ အလင်းဝင်ရောက်ခြင်း၊ CDM ပြုလုပ်ပူးပေါင်းခြင်းများလည်းရှိခဲ့သည်။
👍7615😢2🔥1🥰1
(CDF ဟားခါး၏ စစ်သင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - CDF-Hakha)
👍6719🫡5🔥1
︎မေးမြန်းခန်း

"မြန်မာပြည်မှာ မ​ကောင်းမှု ဒုစရိုက်ဟူသမျှကို
စစ်​ကောင်စီကထိန်းချုပ်ထားတဲ့​နေရာ​တွေမှာသူတို့ စစ်​ကောင်စီဗိုလ်ချုပ်ကြီး​တွေက ထိန်းချုပ်လုပ်ကိုင်​နေကြတာပဲဖြစ်ပါတယ်"

-AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့မေးမြန်းခန်း

စစ်​ကောင်စီက ရန်ကုန်မြို့မှာကျပ်ဘီလီယံ ၁၀၀ခန့်တန်ဖိုးရှိတဲ့ မူးယစ်​ဆေးဝါး​​တွေနဲ့အတူမူးယစ်​မှောင်ခိုဂိုဏ်းကိုဖမ်းမိတယ်လို့ မတ်လ ၁၈ ရက်ကထုတ်ပြန်ပါတယ်။ မူးယစ်​မှောင်ခိုဂိုဏ်းဟာ အာရက္ခတပ်​တော်(AA)ရဲ့ စီးပွား​ရေးတာဝန်ခံ က စီမံ​နေတာလို့ စွပ်စွဲထားပါတယ်။ စစ်အုပ်စုဟာ AA အ​ပေါ် မူးယစ်​ဆေးဝါးနဲ့ပတ်သက်ပြီးမကြာခဏစွပ်စွဲ​လေ့ရှိပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ဒီစွပ်စွဲချက်အ​ပေါ် မူးယစ်​ဆေးဝါးကိစ္စဟာ AA နဲ့ လုံးဝမပါတ်သက်ပဲ၊ စစ်အုပ်စုဟာ စစ်​ရှုံး​နေချိန်မှာ ရှက်ရမ်းရမ်းထုတ်ပြန်တဲ့ နိုင်ငံ​ရေးတိုက်ခိုက်မှုဖြစ်​ကြောင်းမတ် ၁၉ရက်မှာတုံ့ပြန်ထုတ်ပြန်ခဲ့ပါတယ်။ စစ်​ကောင်စီရဲ့ စွပ်စွဲချက် နဲ့ လက်ရှိ စစ်​ရေးအ​ခြေအ​နေ​တွေအ​ပေါ် အာရက္ခတပ်​တော် (AA) ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခကို လူထု​နွေဦးကဆက်သွယ်​မေးမြန်းထားပါတယ် ။


https://youtu.be/InlkdZFgFxI?si=S5V1cgUzTDUC66OH
👍73💯12😁32
■ Photo News

မြန်မာအ​ရေး တရုတ်ကြားဝင်မစွက်​ရန်
လားရှိုးမြို့မှာ ​​ပြောက်ကျားသပိတ်လုပ်

မတ်-၂၁၊၂၀၂၅။People’s Spring

မြန်မာအရေးဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ပြောက်ကျားသပိတ်လှုပ်ရှားမှု လားရှိုးမြို့ပြည်သူတချို့က ပြုလုပ်ခဲ့
ပါတယ်။

မနေ့က(မတ်လ ၂၀ရက်) ည၉နာရီလောက်မှာ လားရှိုးပြည်သူလူထုက တရုတ်အစိုးရဆန့်ကျင်ရေး ပြောက်ကျားလှုပ်ရှားမှု လုပ်ခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

"တစ်နိုင်ငံလုံးမှာရှိတဲ့ သွေးချင်းညီအစ်ကိုတွေအားလုံး အားမလျော့ပါသေးနဲ။ ကျတော်တို့ လားရှိူးသူ၊သားတွေလည်း တစ်သားတည်းရှိပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကဏ္ဍမှာ စစ်ကောင်စီကို အားပေးထောက်ပံ့နေတဲ့ သူတွေအားလုံးကိုလည်းကျတော်တို့တတ်နိုင်တဲ့ အင်အား
နဲ့ တော်လှန်ရှုတ်ချသွားမှာပါ"လို့ ပြောပါတယ်။

လားရှိုးမြို့ကို MNDAA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ၂၀၂၄ သြဂုတ်လ ဆန်းမှာ စစ်​ကောင်စီရဲ့ နမခ အပါအဝင် တပ်ရင်းဌာနချုပ်​တွေ ၊စခန်း​တွေကို အပြီးသတ်ထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့ပါတယ် ။ ဒါ​ပေမယ့်တရုတ်က MNDAA ကို စစ်မတိုက်ပဲ စစ်​ကောင်စီနဲ့​ဆွေး​နွေးဖို့ ဖြတ်​လေးဖြတ်လုပ်ပြီးဖိအား​ပေးခဲ့ပါတယ် ။ တရုတ်ကြားဝင်မှုနဲ့ တရုတ်နိုင်ငံမှာလုပ်တဲ့ ​ဆွေး​နွေးပွဲမှာ MNDAA အ​နေနဲ့ လားရှိုးမြို့ကို စစ်​ကောင်စီထံလွှဲ​ပေးဖို့ ဖိအား​ပေး​နေတယ်လို့ သတင်း​တွေကျယ်ပြန့်စွာထွက်​ပေါ်​နေပါတယ် ။ဒါ​ပေမယ့် လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး ​​ဆောင်ရွက်​နေသူ​တွေက​တော့
လားရှိုးမြို့ကို ​တော်လှန်​ရေးအဖွဲ့​တွေရဲ့အသက်​သွေး​ချွေးများစွာရင်းပြီးတိုက်ယူထားရတာမို့
MNDAA ဟာ စစ်​ကောင်စီကို လွှဲ​ပေးမှာမဟုတ်လို့​​ပြောကြားထားပါတယ် ။

တရုတ်ဖိအား​ပေးမှု​အောက်မှာ MNDAA အ​နေနဲ့ ၂၀၂၄ သြဂုတ်လ ​နောက်ပိုင်း စစ်​ကောင်စီတပ်ကိုလည်းတိုက်ခိုက်တာမတွေ့ရ​တော့ပါဘူး ။

ဓာတ်ပုံ - ပေးပို့
👏70👍2012😁4
👍7216🔥1👏1
ထိုင်းမှာမောင်းပြေးတဲ့ ကားပေါ်ကနေ ကလေးတွေ အပါအဝင် တရားမဝင်မြန်မာရွှေ့ပြောင်း ၁၇ ဦး အဖမ်းခံရ
-People's Spring
ကလေးတွေ အပါအဝင် တရားမဝင် ဝင်ရောက်
လာသူ မြန်မာ ၁၇ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကန်ချနာဘူရီ ပြည်နယ်ထဲက ဆန်ခလာဘူရီမှာ မတ်လ ၂၀ ရက်နေ့ သန်းခေါင်ကျော်၊ မတ်လ ၂၁ ရက်နေ့ မနက်အစောပိုင်းတုန်းက မသင်္ကာစရာ
ပစ်ကပ်ကား တစ်စီးကို ထိုင်းအာဏာပိုင်တွေက တားဆီးခဲ့ပါတယ်။ သောင်ဖာဖွမ် ခရိုင်ဖက်ကို ဦးတည်မောင်းနှင်နေတဲ့ကားရဲ့ယာဉ်မောင်းက ကားကို ရပ်မပေးဘဲ မောင်းပြေးခဲ့တာကြောင့် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေက နောက်ကနေ အပူတပြင်း လိုက်သွားခဲ့ပါတယ်။
သိပ်မကြာခင်မှာတော့ ဆွန်ခလာဘူရီရဲ့ ငွန်လူ ခရိုင်ခွဲ၊ ကျေးရွာ အမှတ် ၃ နားမှာရှိတဲ့ စမ်းချောင်းတစ်ခုနား တောစပ်မှာ ရပ်ထားတဲ့ ကားကို ထိုင်းရဲတွေက ရှာတွေ့ခဲ့ပါတယ်။ ယာဉ်မောင်းက ကားကို စွန့်ခွာပြီး ခြေလျင်ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
ကားထဲမှာတော့ ကြပ်ကြပ်တည်းတည်းစီးနင်း
လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁၄ ဦးကို ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အဲဒီထဲမှာ အရွယ်မရောက်သေးတဲ့ ကလေး ၆ ဦး ပါဝင်ပြီး အငယ်ဆုံးဟာ ၁ နှစ်အရွယ်သာရှိသေးတယ်လို့ သိရပါတယ်။
သူတို့အားလုံးကို ဆွန်ခလာဘူရီ ရဲစခန်းဆီ ခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာမှာ ထိုင်းကို တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း ဝန်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေက ထိုင်းမှာ အလုပ်လာလုပ်ခွင့်ရဖို့ မြန်မာပွဲစား တစ်ဦးကို တစ်ယောက် ဘတ် ၁၀၀၀၀ စီ ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ အခုဖြစ်စဉ်ကို နောက်ဆက်တွဲ စုံစမ်းစစ်ဆေးနေပြီးထွက်ပြေးသွားတဲ့ ယာဉ်
မောင်းကိုလည်း ရှာဖွေနေပါတယ်။
ကိုးကား: Khaosod
😢52👍11👎2🤬2😭2🔥1
😢60👍6🤬2👎1🔥1