စစ်ခေါင်းဆောင်ဇနီးကို ဂါရဝပြုခဲ့တဲ့ အဖြူရောင်အနုပညာရှင်များ
မေစိုးဟန် ၊ဆဏ်း/People's Spring
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရပေမယ့် စစ်ကောင်စီကတော့ ဖျော်ဖြေပွဲတွေကို ပုံမှန်ကာလအတိုင်းပြုလုပ်နေပါတယ်။
ဇူလိုင် ၁ရက်မှာ အမျိုးသမီးရေးရာအဖွဲ့ကပြုလုပ်တဲ့ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော်မှာ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီးရေးရာပွဲဖြစ်တာကြောင့် အဲဒီအဖွဲ့မှာ နာယကရာထူးယူထားတဲ့စစ်ခေါင်းဆောင်ရဲ့ ဇနီးတတ်ရောက်ခဲ့ပါတယ်။
ဖျော်ဖြေပွဲမှာတော့ စစ်ကောင်စီပြုလုပ်တဲ့ပွဲတွေတိုင်းမှာ တတ်တတ်ကြွကြွပါဝင်ကြတဲ့ စိုးသူ ၊ ကျော်ကျော် ၊စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ ၊ စိုးမြတ်ကလျာ ၊ မေသဉ္ဇာဦး ၊မေသန်းနု ၊ ဆုမြတ်နိုးဦး၊အေးမြတ်သူ၊ နန်းခင်ဇေယျာ၊အောင်ခိုင် ၊ ဝါဝါအောင် ၊မမဆောင်း တို့ကိုတွေ့ရသလို ဟာသလူရွှင်တော်တွေဘက်မှာလည်း ဒိန်းဒေါင် ၊ ငှက်ပျောကြော် ၊ရဲလေးမ ၊ ကြာစိ ၊ မျောက်ရှုံး ၊ ဇင်မျိုးတို့ကိုတွေ့ရပါတယ်။ ဂီတဘက်ကတော့ မြန်မာပြည်သိန်းတန် ၊ L ဆိုင်းဇီ ၊ ဟန်ထူးဈာန်တို့ကိုတွေ့ရပါတယ်။
ကချင်ဒေသမှာ တိုက်ပွဲတွေ အမြဲဖြစ်နေပေမယ့် ကချင်လူမျိုး အဆိုတော် Lဆိုင်းဇီကတော့ စစ်ကောင်စီရဲ့ပွဲတွေမှာ အမြဲပါဝင်လေ့ရှိတာကြောင့် ဝေဖန်ခံနေရပါတယ်။
စစ်ကောင်စီရဲ့ပွဲမှာ ဖိုက်စတားအဖွဲ့ကလူရွှင်တော်တွေပါဝင်လာတာကြောင့် တော်လှန်အနုပညာရှင်အဖြစ်ရပ်တည်နေတဲ့ အောင်သော်က "ကျွန်တော်5star မဟုတ်ဖူးနော် မှားနေမှာဆိုးလို့"လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးတင်ထားပါတယ်။
ဝတ်စားဆင်ယင်မှုပြပွဲအတွက် ဒီနှစ်မှာ ဒီဇိုင်နာမျိုးမင်းစိုး၊ ကျော်ကျော်လတ်တို့ကတာဝန်ယူပေးထားပြီး ဂျွန်လွင်ရဲ့ အေဂျင်စီက မော်ဒယ်တွေကပါဝင်အားဖြည့်ခဲ့ပါတယ်။
ဒီပွဲမှာ စစ်ခေါင်းဆောင်ဇနီးနဲ့ ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်နေတဲ့ အနုပညာရှင်တွေကိုလည်း ဝေဖန်ခဲ့ကြပါတယ်။
"ရဲလေးမမုန့်ဟင်းခါးအား ကြူကြူလှမှ ကိုယ်တိုင်မှာယူနေပုံ"လို့ စစ်ခေါင်းဆောင်ဇနီးနဲ့လက်ဆွဲနှုတ်ဆက်နေတဲ့ ရဲလေးမပုံနဲ့အတူ ရဲညီထက်က တင်ထားပါတယ်။
အဲဒီ့အပြင် တစ်ခေတ်တစ်ခါက သီးလေးသီးအနေနဲ့ အာဏာရှင်ကိုတော်လှန်ခဲ့တဲ့ ကြယ်သီးက ဒီပွဲမှာပါဝင်ခဲ့တာကိုလည်း "ကြယ်သီးကကြိုးမခိုင်ချက်" လို့ သရော်ထားပါတယ်။
အာဏာသိမ်းပြီးတဲ့ကာလမှာ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ အနုပညာရှင်တွေကို Boycott ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက အမြဲတိုက်တွန်းခဲ့ပါတယ်။
အဲဒီလိုပြုလုပ်ပေမယ့်လည်း တချို့အနုပညာရှင်တွေကတော့ နိုင်ငံရေးနဲ့ အနုပညာမဆိုင်ဘူးဆိုပြီး သူတို့ကိုယ်သူတို့ အဖြူရောင်အနုပညာရှင်တွေလို့နာမည်တပ်ကာ စစ်ကောင်စီပွဲတွေမှာ တတ်တတ်ကြွကြွပါဝင်နေခဲ့တာပါ။

ဆောင်းပြောင်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ ဦးခန့်သေဆုံး
▪︎PNO/PNA ပြည်သူ့စစ်မှ ဗိုလ်ကြီးခွန်မောင်မွေးလည်းသေဆုံး
ရဲခေါင်/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးပြီး လက်နက်ငယ်အချို့ရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောကြားသည်။
ကရင်နီ နှင့် ရှမ်းတောင် တော်လှန်ရေးအင်အားစု များ ထိန်းချုပ်ထားသည့် ဆောင်းပြောင်းရွာကို စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ်တို့က အင်အား ၃၀၀ ခန့်ဖြင့် စစ် ကြောင်းထိုးလာသဖြင့်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
"ဇွန်လ ၂၉ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်တယ်။တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ လက်နက်ငယ်အချို့သိမ်းဆည်းရရှိထားတယ်။စစ်ကောင်စီဘက်က ၂၀ ဦနီးပါးကျဆုံးတာရှိတယ်"ဟု အထက်ပါတာဝန်ရှိသူ ကပြောသည်။
ဆောင်းပြောင်းရွာတိုက်ပွဲ၌ စစ်ကောင်စီက နှစ်ရက် ဆက်တိုက် လေယာဥ်ပစ်ကူပေးခဲ့ပြီး ဒဏ်ရာရရှိသည့်ပြည်သူအချို့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
"ဆောင်းပြောင်းတိုက်ပွဲမှာ PNO ပြည်သူ့စစ်က ဗိုလ်ကြီးအဆင့်ရှိတဲ့ ခွန်မောင်မွေး အပါအဝင် သေတဲ့သူတွေ ပါတယ်။စကစ က PNO တွေကို ကာဗာယူပြီး စစ်ထိုးလာတာ။အဲဒါကို ပအိုဝ်း လူငယ်တွေ နာလည်းသင့်တယ်။စကစ ရဲ့ အသုံး
တော်ခံ မဖြစ်ဖို့ စဥ်စားကြပါ"ဟု ရှမ်းတောင်အခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
PNO မှ ခွန်မောင်မွေး သေဆုံးသည့်အကြောင်း PNO/PNA နှင့် ဆက်စပ်သူအချို့က တင်ထားသည်ကိုလည်းတွေ့ရသည်။
ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ နှစ် မတ်လ ၁၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်က တကျော့ပြန် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
ဆောင်းပြောင်းရွာသည် ပင်လောင်းမြို့တောင်ဘက်၊ ဖယ်ခုံမြို့အကြားမှာရှိပြီး ဖယ်ခုံမြို့နှင့် ၅မိုင်ခန့်သာကွာဝေးသည်။လက်ရှိ ဆောင်းပြောင်းရွာတိုက်ပွဲမှာ နှစ်ဖက်စစ်ဆိုင်ထားဆဲ ဖြစ်သည်။
ရှမ်းတောင်နှင့် ကရင်နီပြည်ကို တန်ပြန်ထိုးစစ်ဆင်ရန် စစ်ကောင်စီက မေလတတိယပတ်ကစ၍ ဆီဆိုင်မြို့ကတဆင့် စစ်ကြောင်းများထိုးလာရာ ပြည်သူ့စစ်အပါအဝင်စစ်သား အင်အား ၁,၅၀၀ ခန့်ပါရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းသည်။

Media is too big
VIEW IN TELEGRAM
မန္တလေး PDF က မတ္တရာလေကြောင်းရန်ကာကွယ်ရေးတပ်မှစစ်သုံ့ပန်းနဲ့စစ်သားမိသားစုတွေကို ဘာပြောသလဲ
လားရှိုးမြို့ပတ်ချာလည်၌ တိုက်ပွဲပြင်းထန်နေ
▪️ စစ်ကောင်စီတပ်စခန်းတစ်ခု MNDAA သိမ်းပိုက်ထားဟုဆို
မိထက်၊ဟန်နွေ/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီး လေးနေရာထက်မနည်း ယမန်နေ့(ဇူလိုင်လ ၂ရက်)ညနက်ပိုင်းမှစ၍ ယနေ့နံနက် ၈နာရီခန့်အထိ တိုက်ပွဲဖြစ်နေသည်။
လားရှိုးမြို့မှ သိန္နီမြို့သို့အထွက်လမ်း (၁၂)မိုင်၊ မန်ဆန်ရေကျရွာ၊ နမ့်ပေါင်ရွာ၊ နမ္မရွာအပါအဝင် သီပေါမြို့ဘက်သို့အထွက်လမ်းမှ ကျေးရွာအချို့နှင့် မြို့ဘေးပတ်ဝန်းကျင်နေရာများ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု ဒေသခံများကပြောသည်။
" MNDAAနဲ့ ချနေပြီ တစ်ညလုံး အသံစုံပဲ။ အခုထိကို ချနေတာ။ စစ်တပ်က မစ်ဇိုင်းပါ ပစ်နေပြီ" ဟု မြို့ခံတစ်ဦးက နံနက် ၇နာရီ ၅၀မိနစ်တွင် ပြောသည်။
စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့တွင် ယနေ့ ဇူလိုင် ၃ရက် မနက် အစောပိုင်းကတည်းက ကိုးကန့်တပ်မတော်(MNDAA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်စတင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း အသိပေးထားသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေအသေးစိတ် ဖော်ပြထားခြင်းမရှိဘဲ ယနေ့ နံနက် ၄နာရီခွဲတွင် တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။ လားရှိုးတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ (ဇူလိုင် ၃ရက်) နံနက် ၇နာရီ ၅၅မိနစ်တွင် သိမ်းပိုက်နိုင်ပြီဟုလည်း စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။
လားရှိုးအနီးဝန်းကျင် ပစ်ခတ်မှုဖြစ်ပွားနေခြင်းကို မြို့ခံ တစ်ဦးက အတည်ပြုသည်။
" အသံတွေတော့ ကြားနေရတယ်။ နမ့်ပေါင်ဘက် ပစ်တာပြောတယ်။ နောင်မွန်ဘက်မှာ ဖြစ်တယ်လည်း ပြောတယ်။ ကျနော်တို့က မြို့ထဲမှာပဲ ။ ဖြစ်တာက မြို့နဲ့ မဝေးဘူး။ မြို့ပတ်ချာလည်မှာ ပစ်တာ ကြားရတယ်။ အတိအကျ ဘယ်နားဘာဖြစ်တယ်တော့ မသိရဘူးဖြစ်နေတယ်။ မနေ့ညက ၁၀နာရီကျော်လောက်ကတည်းက စကြားရတာ”ဟု လားရှိုးဒေသခံက ပြောသည်။
လားရှိုးမြို့နယ် တိုက်ပွဲနှင့်ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ယမန်နေ့ညက စစ်ကောင်စီ ၏ လက်နက်ကြီးများ ပစ်ခတ်သံကြားပြီးနောက် လားရှိုးမြို့ပတ်ချာလည်တွင် ရှိနေသည့်စစ်ကောင်စီစခန်းများကို ကိုးကန့်တပ်မတော်(MNDAA)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဟုသတင်းရရှိသည်။
လားရှိုးမြို့အနီးတွင် ဇွန်လ ၂၉ရက်က မိနစ် အနည်းငယ်တိုက်ပွဲဖြစ်ပွားပြီးနောက် ငြိမ်သက် နေရာမှ ယခုအခါတိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
တိုက်ပွဲသတင်းအခြေအနေကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့ အပါအဝင် နယ်မြေချင်းထိစပ်နေ သော မန္တလေးတိုင်းမှ မြို့နယ်ချို့ကို ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မဟာမိတ်များ၊ MDY PDFနှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေပြီး စစ်ကောင်စီစခန်းများကိုဆက်တိုက်သိမ်းယူနေသည်။