People's Spring
68.5K subscribers
38.9K photos
675 videos
2 files
704 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(မံဆောင်းမြစ်ကူးတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Chin Paipa)
︎ကဗျာ

“ရန်ကုန်ဟာဒီလိုပဲနေထိုင်ခဲ့ရတယ်”

◼️အောင်လွန်း

ဘိုးဘေးတွေရဲ့မာနကအကြမ်းဆန်တယ်
ဓနရှင်ရဲ့မာယာဟာပျော့ပျောင်းတယ်
စုပ်ချက်ပြင်းတဲ့ပန်းချီကားတစ်ချပ်ဟာ
ရူပဗေဒသဘောတရားလိုခန့်ညားပါရဲ့
လွတ်မြောက်မှုအတွက်တိုက်ခိုက်ခြင်းက
တော်ဝင်ဆန်တဲ့အတွေးကစတင်ခဲ့တယ်
ငါတို့တိုက်ရမယ်
ယဉ်ယဉ်ကျေးကျေး
ပြင်းပြင်းထန်ထန်တိုက်ရမယ်

ဒါဇာတ်ရှုပ်ပဲ
အိုးကောင်းလိုချင်တော့
ဆန်ရင်းနာနာဖွတ်ရမယ်
ပျာယာခတ်နေတဲ့
ဓနရှင်တွေကိုကြည့်ပြီးရယ်ရတယ်
ဟောင်တတ်ကိုက်တတ်တဲ့
ခွေးတွေကိုကြည့်ပြီးရယ်ရတယ်
သည်းခံစိတ်နည်းတဲ့
လူတွေကိုကြည့်ပြီးရယ်ရတယ်
အလိုရမက်ကြီးတဲ့
သာကူးတွေကိုကြည့်ပြီးရယ်ရတယ်
ပန်းပွင့်တွေရဲ့ခြုံလွှာကိုစွဲဖယ်ရင်း
ရန်ကုန်ဟာလျှို့ဝှက်စွာပြုံးပြ
လျှို့ဝှက်စွာနေထိုင်ခဲ့ရတယ်

ရန်အပေါင်းမကုန်သေးတဲ့ရန်ကုန်ဟာ
ဟိုနေရာတစ်ကွက်ဒီနေရာတစ်ကွက်
ပြဇာတ်ဆန်ဆန်ကောက်ရိုးမီးနဲ့လင်းရတယ်
အံကြိတ်ထားတဲ့ဖွဲမီးနဲ့နွေးရတယ်
ပတ္တမြားချင်းထွေခင်းလို့မထူးသလို
မွဲပြီးသားခွေးပြာပုံတိုးလို့မဆန်းခဲ့
လက်ဝါးချင်းရိုက်ဇာတ်တိုက်ထားသလို
ဥပေက္ခာကိုပန်းလိုသီရင်း
အဲဒီလိုရှင်သန်နေကြရတယ်

ရန်ကုန်ကသစ်ပင်တွေက
အသက်ကြီးပုတွေများတယ်
မီးတိုင်နဲ့ဖုန်းကြိုးအောက်မှာရှင်ရတဲ့ဘဝ
ဘုန်းတော်ကြီးတွေခေါင်းပေါ်ကဆံပင်လို
၂၂၇ သွယ်သောသိက္ခာပုဒ်ကိုကိုင်ပြီး
ကတုံးကြီးနဲ့ခန့်ညားလို့

ငါတို့ကရော
ငါတို့လည်းအသက်ကြီးပုတွေပါပဲ
မွေးကတည်းကအာဏာရှင်လက်အောက်မှာ
မကြာခဏကတုံးတုံးခံရတဲ့ဘဝ
လမ်ဘေးပလက်ဖောင်းပေါ်လျောက်ရင်
ခါးကုန်းရတာရိုးရာတစ်ခုဖြစ်ရဲ့
ဇာတ်ရှိန်တက်ရင်မီးပျက်တာထုံးစံလို
ဒီလိုနဲ့ရန်ကုန်ဟာအရပ်ပုလာခဲ့

လာချေပြီ
ကယ်တင်ရှင်တွေလာချေပြီ
အရပ်ရှစ်မျက်နှာက
စွန့်စားခန်းတစ်ရပ်ဖွင့်လို့
အနာကရင်းနေတော့
အမြန်ပျောက်ကင်းအောင်
အနာဖေးကိုခွာချ
မတတ်နိုင်ဘူး
အနာရှိသလောက်စပ်ကြမှာပဲ။

("The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ​
'​​​​အောင်လွန်း ' ရဲ့ "ရန်ကုန်ဟာဒီလိုပဲနေထိုင်ခဲ့ရတယ်”
ကဗျာကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​
ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc
မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
ရန်ကုန်မြို့တွင် မတရားစစ်မှုထမ်းဥပဒေဆန့်ကျင်ရန် လှုံ့ဆော်ဆန္ဒပြ

သုည/People's Spring

ရန်ကုန်မြို့ နေရာအများအပြားတွင် တော်လှန်လူငယ်များက ဦးဆောင်၍ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် ယနေ့ (ဇွန်လ ၈) လှုံ့ဆော်ဆန္ဒပြခဲ့ကြသည်။

ယင်းလူငယ်များက "ငါတို့ဘာလုပ်ကြမလဲ" စာသားပါ ပိုစတာများနှင့် "မတရားစစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ" စာသားပါဘန်နာများ၊ လက်ကမ်းစာစောင်များကို ရန်ကုန်မြို့နေရာအများအပြားတွင် လိုက်လံကပ်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ(SPTSC)၊ မျိုးဆက်လူငယ်သပိတ်ကော်မတီ(NGYSC)နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ(MTGSC)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

ဓာတ်ပုံ - SPTSC
စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန်

▪️လက်ရှိမြန်မာပြည်သူများ ရင်ဆိုင်နေရသည့်အခြေအနေကို ကျော်လွှားရန်လည်း လိုအပ်သောတွေ့ဆုံမှုအချို့ လုပ်ဆောင်နေဟုဆို

ထားအိ/People’s Spring

အကြမ်းဖက် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့(ဇွန်လ ၈ရက်)ထုတ်ပြန်သည်။

ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ် ပိတ်ဆို့ရန်ကြိုးစားသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို NUG က အပြင်းအထန်ရှုတ်ချလိုက်ပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ် နိုင်ရေး လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ယခုထက် ပိုမို ထောက်ခံ အားပေး ပံ့ပိုး ဆောင်ရွက်ကြရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းသည်။

“လက်ရှိ အကြမ်းဖက်စစ်အုပ်စုလုပ်နေတဲ့ လုပ်ရပ်တွေက ပြည်သူလူထုရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့် Freedom of expression နဲ့ သတင်းသိပိုင်ခွင့် Rights to information ကို ပြင်းပြင်းထန်ထန်ချိုးဖောက်ဖို့ လုပ်နေတာပါ။ နောက်တစ်ခုကတော့ သူတို့ကိုယ်တိုင်တီထွင်တဲ့ ပလက်ဖောင်းတွေကို သုံးဖို့ နောက်ပိုင်းမှာ ကြိုးစားလာတာတွေ ရှိနိုင်တယ်။ အဲဒါတွေကလည်း တော်တော်လေး အရေးကြီးပါတယ်”ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ဆက်လက်ပြီး “သူတို့(စစ်ကောင်စီ)က အာဏာတည်မြဲရေးအတွက် အခြေခံလူ့အခွင့်အရေးအားလုံးကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်နေတဲ့ အနေအထားလို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

NUG သည် ၎င်းတို့ စိုးမိုးထိန်းချုပ်နယ်မြေများတွင် Federal Net အင်တာနက်သုံးစွဲခွင့်ရရှိအောင် လုပ်ဆောင်နေပြီး လက်ရှိမြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အခြေအနေကို ကျော်လွှားရန်လည်း လိုအပ်သည့် တွေ့ဆုံမှုအချို့ လုပ်ဆောင်နေကြောင်း အထက်ပါNUG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လက်ရှိလည်း NUG ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ Federal Net ဆိုပြီး လွတ်လပ်တဲ့ သုံးစွဲခွင့်တွေ ရရှိအောင် ဆောင်ရွက်နေတာ ရှိပါတယ်။ နောက်တစ်ခုက လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးမှုအချို့ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက တစုံတရာ ထုတ်ပြန်လို့ရတဲ့ အချိန်ကျရင်တော့ ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခု ဇွန်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီသည် ပြည်သူလူထု အများဆုံးအသုံးပြုသည့် ဖေ့ဘုတ်နှင့် မက်ဆန်ဂျာ အသုံးပြုမှုခက်ခဲစေရန် VPN ပိတ်ဆို့မှုကို တိုးမြှင့်လုပ်ဆောင်နေ​ကြောင်း သိရသည်။

အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားလုယူရန် ကြိုးစားခဲ့ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာပြီး တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် (၁၃) ခုတွင် အင်တာနက် ဖြတ်တောက်ခံရမှုများနှင့် ရင်ဆိုင်နေရကာ မြို့နယ်ပေါင်း (၈၀) ကျော်မှာလည်း အင်တာနက် ပိတ်ဆို့ခံရမှုများနှင့် ဆက်လက် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု ကြုံတွေ့နေရသော အထွေထွေ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ် ရာဇဝတ်မှု ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ ခြင်းနှင့် ဖြတ်တောက်ခြင်းများကို လက်နက်သဖွယ် အသုံးပြုလာနေကြောင်း NUGက ဆိုသည်။

အကြမ်းဖက်အုပ်စုသည် ပြည်သူအများသုံးစွဲနေသော ကမ္ဘာသုံး လူမှု ကွန်ယက် စာမျက်နှာဖြစ်သည့် Facebook ကို ပိတ်ပင်ကာ သုံးစွဲသူ၏ တည်နေရာနှင့် ဖုန်းနံပါတ်များ၊ ဖုန်း အတွင်းရှိ ဆက်သွယ်ရန်နံပါတ်(Contact) များ၊ စာတို (SMS message) များကို ဝင်ရောက် ဖတ်ရှု သိရှိနိုင်သော၊ သုံးစွဲသူ၏ ကင်မရာကို ဝင်ရောက် အသုံးပြုနိုင်သော၊ Application ကို မသုံးစွဲသည့် အချိန်တွင်ပင် သုံးစွဲသူ၏ ဒေတာအချက်အလက်များကို သိရှိနိုင်ရန် ရည်ရွယ်ထားသော လူမှုကွန်ယက်စာမျက်နှာတခုကို တီထွင်၍ ပြည်သူလူထု၏ ပုဂ္ဂလိကဆိုင်ရာလုံခြုံမှု (Privacy)ကို အတိအလင်း ချိုးဖောက်ရန် ကြိုးစားလာသည်ကို တွေ့ရကြောင်း NUGက ဖော်ပြသည်။

(ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ကရင်နီပြည်နယ်တွင် Starlink အင်တာနက် အသုံးပြုနေသူများကို ၂၀၂၃ နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - Karenni Hope)
စစ်ကိုင်းနဲ့ တနင်္သာတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သာတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ယနေ့(ဇွန်လ ၈)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းနဲ့အတူ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ လူထုသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒထုတ်ဖော် သပိတ်မှောက်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းနဲ့ တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန်သပိတ် စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။

ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း လူထုသပိတ်တိုက်ပွဲက ဦးဆောင်ပြီး တော်လှန်ရုပ်ရှင်ပြသခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ပြုလုပ်ခဲ့ပါတယ်။

ထားဝယ်ခရိုင်၊ လောင်လုံးမြို့ပေါ်မှာလည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ် ကော်မတီနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီက မတရားပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို မလိုက်နာဘဲ ဆန့်ကျင်ကြဖို့ တိုက်တွန်းတဲ့အနေနဲ့ "စစ်မှုထမ်းဥပဒေကို ဆန့်ကျင်၊ အာဏာရှင်စနစ်ကို သုတ်သင်" ခေါင်းစဥ်နဲ့ ယင်းလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ DDMSC ၊ ဝက်လက်လူထုသပိတ်
ဝိုင်းမော်မြို့ နယ် ၊ လမြန်ရွာအနီး တိုက်ပွဲဖြစ်

ဇော်ရမ်း/People's Spring

ဝိုင်းမော်မြို့ နယ် ၊လမြန်ရွာအနီးတွင် ယနေ့(ဇွန်လ၈ရက်)
ည‌နေ ၂နာရီမှစ၍ စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွား​နေပြီး ခလရ(၅၈)မှနေ၍ စစ်ကောင်စီက ညနေပိုင်းအထိ လက်နက်ကြီး ပစ်ကူပေးနေသည်။

ဝါရှောင်ရွာအနီး ဝူယန်ရွာမှ ထွက်လာသော စစ်ကောင်စီနှင့် ပျုစောထီးစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မ
တော်(KIA)နှင့် ပူးပေါင်းတပ်က တိုက်ခိုက်ခြင်းဟု ကချင်စစ်‌ ရေးသတင်းရင်းမြစ်ကပြောသည်။

"ခြေလျင်ထွက်လာတဲ့ စစ်ကြောင်းကို ပစ်တာ။ အ လောင်းတောင်မကောက်နိုင်ဘူး ပြန်ပြေးတာ။ဝိုင်းမော်ပတ်ချာလည်မှာ စစ်တပ်ဘက်က လှုပ်တာနဲ့ ပစ်တာပဲ" ဟု ကချင်စစ်‌ ရေးသတင်းရင်းမြစ်ကပြောသည်။

မြေပြင်စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံနေရ၍ စစ်ကောင်စီက ခလရ(၅၈)မှ လက်နက်ကြီး ပစ်ကူပေးခဲ့သည်။

"ညနေ ၆နာရီလောက်အထိ ပစ်တုန်းဗျ။ အရပ်သားထိမှာပဲ စိတ်ပူရတာ။ ပူးပေါင်းတပ်တွေက အဆင်ပြေတယ်" ဟု ‌KIA နှင့် နီးစပ်သူတစ်ဦးကပြောသည်။

KIAနှင့် ပူး‌ ပေါင်းတပ်များသည် ဝိုင်းမော်မြို့ရှိ အခိုင်အမာစစ်စခန်းဖြစ်သော ခမရ(၃၂၁)အပါအဝင် ရှေ့တန်းစခန်းအများပြားကို သိမ်းယူထားသည်။ ဝိုင်းမော်မြို့တွင် စစ်ကောင်စီ၏အခိုင်အမာစခန်းအနေဖြင့် ခလရ(၅၈) ကျန်ရှိနေသေးသည်။

ဝိုင်းမော်မြို့တွင် မေလ ၂၈ရက်ညအထိ တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်း ငြိမ်သက်‌နေရာမှ ဇွန် ၈ ရကမညနေတွင် နောက်တကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။
​ရှေ့တန်းတွင် တိုက်ပွဲဝင်​နေ​သော KIA တပ်ဖွဲ့ဝင်တစ်ဦး ။
ဓါတ်ပုံ-CJ